ကိုယ်ဝန်
Vol. 35 Ch. 518
ဒီနှစ်ရဲ့နှစ်သစ်ကူးက ကြွယ်ဝတဲ့နှစ်သစ်ကူးဖြစ်စေရမယ်လို့ သူ သူ့မိသားစုကို ကြွားထားပြီးသား။ ဒါပေမယ့် သူ့ရဲ့ယုံကြည်မှုက စူးချင်း သူ့ကို ပြောခဲ့တဲ့ ငွေဆယ်ချောင်းပေါ်ကို အခြေခံထားရတာလေ။ အဲ့ဒါကြောင့် သူ စိတ်လှုပ်ရှားနေမိတာပေါ့။
သူ လုပ်တာမကောင်းရင် စူးချင်းက သူ့ကို ဆုမပေးတော့မှာ သူ ကြောက်နေမိတယ်။
“အင်း”
စူးချင်းက ခေါင်းညိတ်ပြလိုက်ပြီး ပန်းပဲဖိုခေါင်းဆောင်ကို ဆုပေးရန် ငွေဆယ်လျန် ထုတ်လိုက်သည်။ စူးချင်းက ပန်းပဲဖိုခေါင်းဆောင်အား ငွေဆယ်လျန် ဆုချလိုက်သည်ကို မြင်လိုက်ရချိန်တွင် အခြားပန်းပဲဆရာများက သူတို့ကို မနာလိုအားကျဖြစ်သွားကြသည်။
ဒီငွေဆယ်လျန်ဆိုရင် နှစ်သစ်ကူးကာလအတွင်း မိသားစုကို စားကောင်းသောက်ဖွယ်တွေ ကျွေးနိုင်လိမ့်မယ်။ သားသမီးနဲ့ ဇနီးမယားအတွက် အဝတ်အစားသစ်တွေတောင် တယ်ပေးနိုင်လိမ့်မယ်။
“ဒီအတောအတွင်းမှာ လူတိုင်း အလုပ်ကို ကြိုးကြိုးစားစား လုပ်ခဲ့ကြတယ်။ အဲ့ဒါကြောင့် နှစ်သစ်မှာ လူတိုင်းအတွက် ငွေတလျန် ဆုချပေးမယ်”
စူးချင်းက လူတိုင်း၏ မနာလိုဖြစ်နေသော အကြည့်များကို မြင်သွားပြီး သူတို့အားလုံးကို အကျိုးအမြတ်တစ်ချို့ပေးကာ အလုပ်ကြိုးစားစေရန် တွန်းအားပေးလိုက်သည်။
အခု စစ်တပ်ထဲကို ဝင်လာတဲ့သူတွေ များလာတာနဲ့အမျှ လက်နက်တွေ အများကြီး လိုလာပြီ။ ဒီပန်းပဲဆရာတွေနဲ့ မလုံလောက်တော့တာကြောင့် ပန်းပဲဆရာတွေ ထပ်စုဆောင်းဖို့ ပြည်သူတွေထဲမှာ အကြောင်းကြားစာတွေ ဖြင့်ဝေရတော့မယ်၊ အဲ့အတွက်လည်း သူမရဲ့လက်အောက်ငယ်သားတွေကို အမိန့်ပေးထားပြီးပြီ။
ဒါပေမယ့် နောက်ဆိုရင် မော်တာကိုယ်ထည် ပြုလုပ်နိုင်တဲ့ ပန်းပဲဆရာတွေနဲ့ ရိုးရိုးလက်နက်တွေ ထုလုပ်တနဲ့ပန်းပဲဆရာတွေကို ခွဲထားရတော့မယ်။ အဲ့တာမှ မော်တာရဲ့နည်းပညာ ခိုးယူခံရခြင်းကနေ ကာကွယ်နိုင်လိမ့်မယ်။ အဲ့လိုမှမဟုတ်ရင် ဉာဏ်ရည်ထက်မြက်တဲ့လူတွေက နည်းလမ်းကို ခိုးယူပြီး တုပသွားနိုင်လိမ့်မယ်။ အဲ့လိုမျိုးတွေ မဖြစ်လာအောင် တားဆီးဖို့ စစ်စခန်းထဲမှာ ပန်းပဲဖိုတချို့ ဖွင့်လှစ်ရတော့မယ်။
မော်တာကို သုံးပြီး ရန်သူကို တိုက်ခိုက်တာက အရမ်းကောင်းပေမယ့် ရန်သူက ကိုယ့်ကို ပြန်ပစ်ဖို့ မော်တာတွေ သုံးလာရင်တော့ အဲ့ဒါက အရမ်းကြောက်စရာကောင်းသွားလိမ့်မယ်။
စူးချင်းက မော်တာကိုယ်ထည်ကို ချင်ထျဲ၏အိမ်ဆီသို့ ယူဆောင်လာခဲ့သည်။ ထိုမော်တာကိုယ်ထည်ကို မြင်လိုက်ရချိန်တွင် ချင်ထျဲ၏မျက်လုံးများ ချက်ချင်း တောက်ပလာပြီး သူက စတင်တိုင်းတာတေတော့သည်။ ထိုကျွမ်းကျင်လက်မှုပညာရှင်ကြီးက သူ့၏စူးစမ်းလေ့လာမှုကို မမောမပန်း လုပ်ကိုင်နိုင်ပြီး တိုးတက်မှု အနည်းငယ်ရှိလာရုံဖြင့် ကလေးများကဲ့သို့ ပျော်ရွှင်နေကာ သူ့၏စူးစမ်းလေ့လာမှုတွင် အလျင်အမြန် နှစ်မြှုပ်သွားပြီး စူးချင်းကို မေ့လျော့သွားတော့သည်။
"ဒီနှစ်သစ်အတွက် ကျွန်မ ကျင့်ရှီလျိုမြောင်ကို ပြန်သွားရမယ်။ ကျွန်မ ပြန်လာတဲ့အချိန်ရောက်ရင် လူကြီးမင်း ဒါကို ပြီးအောင်လုပ်ထားနိုင်မယ်လို့ ကျွန်မ မျှော်လင့်တယ်”
စူးချင်းက ချင်ထျဲအား နောက်ဆုံးရက် သတ်မှတ်ပေးလိုက်သည်။
နှစ်သစ်ပြီးတာနဲ့ သိပ်မကြာခင် နှစ်လပိုင်းကုန်သွား လိမ့်မယ်၊ သုံးလပိုင်းအကုန် လေးလပိုင်းလောက်ဆို နွေဦးရောက်ပြီ။ အဲ့အချိန်က မြို့တော်ကို တိုက်ခိုက်ဖို့ အကောင်းဆုံးအချိန်ပဲ။
အဲ့ဒါကြောင့် သူမ ဒီနှစ်သစ်ကူးကာလအတွင်းမှာ မော်တာတစ်ခု ပြုလုပ်နိုင်ဖို့ မျှော်လင့်နေမိတာပါ။ ဒီမော်တာပြီးရင်တောင် သူမ မော်တာကျည်ကို ဆက်သွန်းလုပ်ရဦးမယ်။ ဒါတွေအကုန်လုံးက ပိုက်ဆံကို မီးရှို့နေရသလိုပဲ၊ ဒါပေမယ့် လည်း သူမ အဲ့ဒါကို အောင်အောင်မြင်မြင် ဖန်တီးနိုင်တာနဲ့ ဘယ်သူကမှ သူမရဲ့ အောင်မြင်မှုကို လာတားနိုင်မှာ မဟုတ်တော့ဘူး။
"သခင်မလေးပေးတဲ့ တာဝန်ကို ငါ မပေါ့ဆရဲပါဘူး"
ချင်ထျဲက သူ့လက်များကို စိတ်လှုပ်ရှားစွာ ပွတ်သပ်နေရင်း ပြန်ဖြေလိုက်သည်။
ပြဿနာရဲ့အဓိကအရင်းအမြစ်က ပြေလည်သွားပြီဆိုတော့ ကျန်တာတွေ သူ့အတွက် လွယ်လွယ်လေးပါ။ သူ့လို ယန္တရားတွေ ကောင်းကောင်းတပ်ဆင်နိုင်တဲ့ လူတစ်ယောက်အတွက် ဒါက မခက်ခဲပါဘူး။
“ကောင်းပြီလေ”
စူးချင်းက ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။ ထို့နောက် စူးချင်းက ချင်ထျဲ၏အိမ်မှ ထွက်လာခဲ့ပြီး ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကာ သက်ပြင်းချလိုက်ပြန်သည်။
ဆောင်းရာသီရဲ့နေ့တာက တိုတောင်းလွန်းတယ်။ ညနေလေးနာရီထိုးလောက်ပဲ ရှိသေးတာတောင် ကောင်းကင်က မှောင်နေပြီ။ တိုက်ခိုက်နေတဲ့လေအေးတွေကလည်း ဒီကမ္ဘာကြီးကို ရေခဲတွေ နှင်းဖြူငွေ့တွေနဲ့ ဖုံးအုပ်ထားသလို ဖြစ်နေစေတယ်။ တံတွေးထွေးလိုက်ရင်တောင် လေထဲမှာတင် အေးခဲသွားနိုင်တယ်။
စူးချင်းက သူမ၏အပေါ်ဝတ်ရုံကို တင်းတင်းကြပ်ကြပ် စေ့လိုက်ပြီး နှင်းပွင့်များကို ကာကွယ်ရန် ဦးထုပ်ဆောင်းထားလိုက်သည်။ သူမက မြင်း သို့မဟုတ် ရထားလုံးကို မယူလာခဲ့သလို သက်တော်စောင့်များလည်း မခေါ်လာခဲ့ပေ။ ထို့ကြောင့် သူမ တစ်ယောက်တည်း နှင်းတောထဲ၌ အေးအေးဆေးဆေး လမ်းလျှောက်နေနိုင်ခဲ့သည်။
တကယ်တော့ သူမက သူမဘေးမှာ လူတွေ ဝိုင်းရံနေတာထက် သူမ တစ်ယောက်တည်းနေရတာကို ပိုနှစ်သက်တယ်။
စူးချင်းက မချော်စေရန် သမင်သားရေဖြင့် လုပ်ထားသော ဖိနပ်ကို ၀တ်ဆင်ထားပြီး သူမ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း နှင်းများ၏အက်ကွဲသံတစ်ချို့ ထွက်ပေါ်နေသည်။ ထိုအခိုက်အတန့်တွင် စူးချင်းက လမ်းလျောက်နေရင်း ရုတ်တရက် မအီမသာ ဖြစ်လာခဲ့သည်။ သူမ အနည်းငယ် ပြန်ချုပ်တီးလိုက်သော်လည်း အော့အန်ချင်သလို ဖြစ်နေကာ မအီမအာ ဖြစ်နေသေးသည်။ စူးချင်းက သူမ၏ရင်ဘတ်ကို ပွတ်သပ်ကာ ပြန်တွေးလိုက်သည်။
ဘာလို့ ဒီလောက် ထူးဆန်းနေရတာလဲ? ငါ အဆင်မပြေတဲ့ တစ်ခုခု စားမိလို့ ဗိုက်မကောင်း ဖြစ်နေတာလား? မဟုတ်သေးပါဘူး၊ ငါ ကျန်းမာရေူနဲ့ မညီညွှတ်တဲ့ အစားအစာလည်း မစားမိပါဘူး။
ထိုအချိန်တွင် ရှောင်ချီက စနစ်ထဲ၌ ပိုးချည်ငင်ရင်း အလုပ်ရှုပ်နေခဲ့သည်။ သူမ ပြုစုပျိုးထောင်ထားသည့် ပိုးကောင်ကလေးများက သူမ ပိုးအိမ်လိုတိုင်း ပိုးအိမ်ထုတ်ပေးနိုင်ရန် အဆင်သင့်ပြင်ဆင်စောင့်ဆိုင်ထားနေဖြင့် သူမ လိုသလောက် ပိုးအိမ်များ ထုတ်ပေးနေကြသည်။
သခင်ဖြစ်သူ၏အော့အန်သံကို ကြားလိုက်ရချိန်တွင် သူမက စူးချင်းအတွက် စိတ်ပူသွားပြီး သခင်ဖြစ်သူ၏ခန္ဓာကိုယ်ကို စစ်ဆေးရန် အမြန်ရောက်လာခဲ့သည်။ ထိုစစ်ဆေးမှုက ရှောင်-ဖက်တီးလေး-ချီကို အလွန်အမင်း ပျော်ရွှင်သွားစေပြီး ရှောင်ချီက စနစ်ထဲတွင် စက်ဝိုင်းပုံသဏ္ဍန်လှည့်ပတ်ကာ စတင်ကခုန်နေတော့သည်။
"ရှောင်ချီ နင် ဘာလုပ်နေတာလဲ?"
စူးချင်းက အော့အန်ချင်စိတ်ကြောင့် မအီမသာ ဖြစ်နေကာ စိတ်မသက်မသာ ဖြစ်နေခဲ့သည်။ သို့သော် ရှောင်ချီက ပျော်ရွှင်စွာ ကခုန်နေသောကြောင့် သူမ စိတ်အနှောက်အယှက်ဖြစ်သွားပြီး အေးစက်စက် မျက်နှာဖြင့် လှမ်းမေးလိုက်သည်။
"ဂုဏ်ယူပါတယ် သခင်၊ သခင်က မိခင်တစ်ယောက် ဖြစ်လာတော့မယ်"
သခင်ဖြစ်သူ၏မေးခွန်းကို ကြားလိုက်ရချိန်တွင် ရှောင်ချီက သူမ၏စိတ်လှုပ်ရှားမှုကို ဖုံးကွယ်မထားနိုင်ဘဲ ချက်ချင်း ပြန်မေးလိုက်သည်။
တကယ်ဆို သူမက သူမကိုယ်တိုင် ကလေးမွေးရမှာထက်ကို ပိုပျော်ပြီး ပိုစိတ်လှုပ်ရှားနေမိတယ်။
"တကယ်လား?"
စူးချင်းက ခဏလောက် မှင်သက်နေသေးသည်။ သူမ သတိပြန်ဝင်လာချိန်တွင် သူမ လုပ်လိုက်သည့် ပထမဆုံးအရာက ရှောင်ချီကို မယုံကြည်သေးဘဲ သူမ၏သွေးခုန်နှုန်းကို သူမဘာသာ ပြန်စစ်ဆေးလိုက်ခြင်းပင်။
သခင်ဖြစ်သူက သူမကို မယုံမကြည် ဖြစ်နေသော်လည်း ရှောင်ချီက စိတ်မဆိုးဘဲ စူးချင်းကို ပြုံးပြုံးကြီး ကြည့်နေသေးသည်။
“အာ.... ဒါက တကယ်ကို ပျော်ရွှင်ဖွယ်သွေးခုန်နှုန်းပဲ”
စူးချင်းက သူမ၏သွေးခုန်နှုန်းကို သူမဘာသာ ပြန်စမ်းလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ ထိုအချိန်တွင် သူမ တစ်ခါမှ မခံစားဖူးသေးသည့် ခံစားချက်တစ်ခုကို သူမ ခံစားလိုက်ရသည်။
သူမ အရမ်းပျော်တယ်၊ ပြီးတော့ စိတ်လှုပ်ရှားလွန်းလို့ ခုန်ပေါက်ချင်လာတယ်။ ပထမဆုံး သူမ လုပ်ချင်တာက ရွှေ့ရှန့်ကို ဒီသတင်းကောင်းလေး ပြောပြချင်တယ်။
'သူမ အမေ ဖြစ်လာတော့မှာလား?'
သူမက တကယ်ကို မိုက်မဲတုံးအတဲ့အမေပဲ။ ဓမ္မတာလာချိန် ဆယ်ရက်ကျော်နေတာတောင် ကိုယ်ဝန်ရှိနေမှန်း သူမ မရိပ်မိခဲ့ဘူး။
"သခင်၊ အခု သခင်ရဲ့ခန္ဓာကိုယ်ကို ဂရုစိုက်ရမယ်နော်။ တိုက်ခိုက်တာတွေ မလုပ်နဲ့တော့"
ရှောင်ချီက စူးချင်းကို အလေးအနက် လှမ်းပြောလိုက်သည်။ သူမ၏လေသံကြောင့် သူမက အရာရာကို ဂရုပြုတစိုက် ပြုမူနေသည့်လူကြီးလေးတစ်ယောက်ကဲ့သို့ ဖြစ်နေပြန်သည်။
"ဟား ဟား၊ ကောင်းပါပြီ!"
စူးချင်းက ပြုံးနေပြီး သူမ၏ဝမ်းဗိုက်အောက်ပိုင်းကို သူမ၏လက်ဖြင့် ဖွဖွလေး ထိကြည့်နေမိသည်။
ဒီနေရာမှာ သူမနဲ့ ရွှေ့ရှန့်ရဲ့ ချစ်ခြင်းအသီးအပွင့်လေး ရှိနေပြီ။
သူမတို့ အိမ်ထောင်ကျပြီးတဲ့နောက်မှာ သူမတို့နှစ်ယောက် သားသမီးတွေအကြောင်း ပြောဖြစ်ခဲ့ကြသေးတယ်။ သူမတို့ရဲ့ပထမဆုံးကလေးက သမီးဖြစ်ဖို့ သူ မျှော်လင့်တယ်လို့ ရွှေ့ရှန့်က ပြောခဲ့တယ်။ သူမတို့ရဲ့သမီးလေးကို သူမလို လှပစေချင်ပေမယ့် အမေ့လောက်တော့ အင်အားမကြီးစေချင်းဘူးတဲ့။ ရွှေ့ရှန့်က သူ့သမီးအတွက် အတားအဆီးတွေ အားလုံးကို သူ ရှေ့ကနေ ရင်ဆိုင်ပေးပြီး သူမတို့ရဲ့သမီးလေးကို ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာစေဖို့ ကူညီပေးချင်ခဲ့တာလေ။ သူမတို့ရဲ့သမီးလေးက ဘာကိုမှ ဂရုစိုက်စရာမလိုဘဲ မင်းသမီးလေးအဖြစ် အေးအေးဆေးဆေး နေနိုင်သရွေ့ အဆင်ပြေတယ်။
သူမကတော့ သမီးတွေကို နှစ်သက်ပေမယ့် သားတွေကိုလည်း နှစ်သက်တယ်။ သူမက သမီးရော သားရော လိုချင်တယ်။ သန်မာထွားကြိုင်းတဲ့ကလေးငယ်နှစ်ယောက်က သူမနဲ့ ရွှေ့ရှန့်ကို ဝန်းရံထားပြီး “အဖေနဲ့အမေ”လို့ ခေါ်နေရုံရဲ့ သူမရဲ့ဆန္ဒတွေထဲက တစ်ဝက် ပြီးမြောက်သွားပြီလို့ ပြောနိုင်တယ်။
“သခင်၊ သတိထားရမယ်နော်။ တိုက်ခိုက်တာကို ရပ်ရုံနဲ့မရဘူး၊ ပန်းပဲလည်း မထုရတော့ဘူး။ လမ်းလျှောက်တဲ့အခါလည်း သတိထားရမယ်။ မချော်လဲစေနဲ့…”
ရှောင်ချီက ချက်ချင်း အဘွားအိုလေး ဖြစ်သွားပြီး စူးချင်းကို သွန်သင်ဆုံးမနေတော့သည်။ သူမက သူမ၏သခင်အတွက် ဖျားနာမည်ကို အထူးစိုးရိမ်နေရှာသည်။
စူးချင်းကလည်း သူမ၏နှလုံးသားထဲတွင် ရွှင်လန်းမှုများ ပြည့်လျှံနေသောကြောင့် ရှောင်ချီ၏ ငြီးတွားသံကို ကျေကျေနပ်နပ် လက်ခံလိုက်သည်။
"အင်းပါ၊ ငါ သတိထားပါ့မယ်"
သူမ သတိထားပါမယ့်လို့ ပြောပြီးမှတော့ တကယ်ကို သတိထားရတော့တယ်။ အရင်ကလို ဧရာမခြေလှမ်းတွေတောင် မလှမ်းရဲတော့ဘူး။ နှင်းထူနေတဲ့ ဆင်ခြေလျောတွေကို ဆင်းရတဲ့အချိန်မှာလည်း သူမရဲ့ဗိုက်ထဲက ကလေးလေးကို နာကျင်သွားမှာကို စိုးရိမ်မိပြန်တယ်။
ရုံးတော်သို့ အပြန်လမ်းက ပုံမှန်အားဖြင့် အလွန်တိုတောင်းသော်လည်း ယနေ့တွင် ပုံမှန်ထက် အချိန်နှစ်ဆလောက် ပိုကြာသွားခဲ့သည်။
"သခင်၊ ရှောင်ချီ သခင့်အတွက် သန္ဓေမြဲစေမယ့် ဆေးရည်ကျိုပေးမယ်"
မည်သို့ပင်ဖြစ်စေ ရှောင်ချီက စိုးရိမ်နေဆဲပင်။ ကိုယ်ဝန်အစောပိုင်းအဆင့်တွင် သန္ဓေသား မတည်မငြိမ် ဖြစ်လေ့ရှိသောကြောင့် သန္ဓေမြဲဆေးအချို့သောက်ခြင်းက ပိုကောင်းသည်ဟု သူမ တွေးနေခြင်းလည်း ဖြစ်နိုင်သည်။
“အင်းပါ”
စူးချင်းကလည်း ချက်ချင်း သဘောတူလိုက်သည်။
သူမရဲ့ဗိုက်ထဲက ကလေးလေး အဆင်ပြေဖို့ သူမ ဘာမဆို စားနိုင်တယ်။
ဒါကလည်း ထူးဆန်းတဲ့ ခံစားမှုတစ်ခုပဲ။ သူမမှာ ကိုယ်ဝန်ရှိနေပြီဆိုတာ သိလိုက်ကတည်းက မိခင်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာတွေ အလိုလိုစီးဝင်လာပြီး အချိန်တိုင်း ကလေးအကြောင်းပဲ တွေးနေမိတော့တယ်။
စူးချင်းက ရုံးတော်သို့ ပြန်ရောက်လာပြီး ကျိရှောင်ယင် ဘာလုပ်နေသည်ကို ကြည့်ရန် ကျိရှောင်ယင်၏အခန်းဆီသို့ အရင်သွားလိုက်သည်။ ကျိရှောင်ယင်က ထိုနေရာတွင် မရှိပေ။
"ယောင်းမ ပြန်လာပြီလား?"
စူးချင်းက ကျိရှောင်ယင်ကို မတွေသောကြောင့် သူမဘာသာ အနားယူရန် သူမ၏အခန်းထဲသို့ ပြန်ဝင်ခါနီးတွင် ကျိရှောင်ယင်တစ်ယောက် အေးခဲနေသော အမူအရာဖြင့် ပြန်ဝင်လာခဲ့သည်။ စူးချင်းကို မြင်လိုက်သည်နှင့် သူမက အပြုံးဖြင့် အော်ခေါ်လိုက်သည်။
"မင်း ဘယ်တွေသွားနေတာလဲ?"
စူးချင်းက ကျိရှောင်ယင်ကို အပြုံးဖြင့် ပြန်မေးလိုက်သည်။
သူမတို့ရဲ့သမီးလေးမှာလည်း ကျိရှောင်ယင်လိုမျိုး ပင်ကိုယ်စရိုက်ရှိရင် အရမ်းကောင်းမယ် ထင်တယ်။ သူမ အမြဲပြုံးနေမှာ သေချာတယ်။ ဒုက္ခရောက်တဲ့အခါ လေပြင်းတိုက်တာ သက်သက်လောက်ပဲ သူမ ခံစားရလိမ့်မယ်။ လေပြေတွေရောက်လာတာနဲ့ သူမ ခံစားရတဲ့ဒုက္ခတွေလည်း ပျောက်ကုန်လိမ့်မယ်။
“ယောင်းမ၊ ညီမ ယောင်းမအတွက် အရသာရှိတာလေး လုပ်ပေးထားတယ်”
ကျိရှောင်ယင်က စူးချင်းကို ပြုံးပြုံးလေး ပြောနေပြန်သည်။ ယခု သူမ၏အခက်အခဲများ ပြေလည်သွားသောကြောင့် သူမ ပျော်ရွှင်နေသည်။ သူမ လက်ထပ်ပြီး တာ့ထန်တို့ လိုက်သွားရတော့မည်ကို တွေးမိချိန်တွင် ကျိရှောင်ယင်က သူမ အိမ်တွင်နေရန် အချိန်များစွာ မကျန်တော့သည်ကို နားလည်သွားပြီး ယောင်းမအပေါ် သိတက်နားလည်မှု ပြသချင်နေခဲ့သည်။
အရင်တုန်းက ယောင်းမက သူမအတွက် အရသာရှိတဲ့ အစားအသောက်တွေကို အမြဲတမ်း လုပ်ပေးခဲ့တယ်။ ဒီနေ့တော့ သူမက ယောင်းမအတွက် အရသာရှိတဲ့ အစားအသောက်တွေ ပြန်လုပ်ပေးထားတယ်။
"ဟုတ်လား? ဘယ်လို အရသာရှိတဲ့ အစားအသောက်တွေ လုပ်ထားတာလဲ?"
ကျိရှောင်ယင်က သူမအတွက် ချက်ပြုတ်ပေးခဲ့ကြောင်း ကြားလိုက်ရချိန်တွင် စူးချင်း၏ မျက်နှာပေါ်ရှိ အပြုံးက ချက်ချင်း ပိုတောက်ပလာသည်။
ရှောင်ယင်က သူတပါးအပေါ် နားလည်ပေးတက်သလို ဂရုစိုက်ပေးဖို့လည်း အမြဲကြိုးစားနေတတ်တယ်။
“ကျွန်မ ယောင်းမအတွက် သိုးသား ကင်ထားတယ်။ ယောင်းမက စပ်တဲ့ အစားအစာကို ကြိုက်လို့ ငရုတ်သီးတွေ အများကြီး ထည့်ထားတယ်!”
ကျိရှောင်ယင်က အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
"ဟား ဟား၊ ကောင်းတယ် ငါ သဘောကျတယ်”
ကျိရှောင်ယင်က သူမအတွက် သိုးသားကင်ထားခြင်းမဟုတ်ဘဲ ယာဂုကျိုထားလျင်ပင် စူးချင်းက ကြိုက်သည်ဟု ပြောပေလိမ့်သည်။
ဘာပဲဖြစ်ဖြစ် ဒါက ရှောင်ယင်ရဲ့ ရိုးသားတဲ့ သိတတ်မှုလေ။
“မဟုတ်ဘူး သခင်၊ သခင် စားလို့ မရဘူး!”