← Chapters

အခန်း (၅၂၅)

Vol. 35 Ch. 525

အခန်း (၅၂၅)

Vol. 35 Ch. 525

ချိုးယုံခန်းက နာကြည့်မုန်းတီးမှုများ၊ ဒေါသများ အပြည်ဖြင့် စားသောက်ဆိုင်ထဲမှ ပြန်ထွက်ခွာသွားခဲ့သည်။

သူ အင်အားကြီးလွန်းတဲ့စူးချင်းကို မယှဉ်နိုင်ဘူးဆိုတာ သူ သိတယ်။ သူ မအောင်မြင်ရင် သေရမယ်ဆိုတာလည်း သူ သိတယ်၊ သေဖို့လည်း ဆုံးဖြတ်ထားပြီးပြီ။ ဒါပေမယ့် သူ ကောင်းကောင်း စီစဉ်နိုင်သရွေ့ ရှောင်ယင်ကို ခေါ်ဆောင်သွားဖို့ အခွင့်အရေး ရှိလိမ့်မယ်လို့လည်း သူ တွေးနေမိသေးတယ်။

ချိုးယုံခန်းက ဝမ်ယွဲ့လို့မှ ထွက်ခွာလာခဲ့ပြီး သူ့မိဘများနှင့် ချိုးယွဲ့၏ သင်္ချိုင်းဆီသို့ သွားရောက်လည်ပတ်ရန် ရည်ရွယ်ကာ သူတို့အတွက် ရွှေစက္ကူများလည်း ဝယ်ယူခဲ့သေးသည်။ သူက စားစရာများနှင့်အတူ သူ့မိဘများနှင့် ချိုးယွဲ့၏ သင်္ချိုင်းဆီသို့ သွားခဲ့သည်။ ထို့နောက် သူက သူ့မိဘများနှင့် ချိုးယွဲ့အား သူ စူးချင်းကို လက်စားချေနိုင်ရန် ကောင်းချီးပေးဖို့ တောင်းဆိုခဲ့သည်။ ထို့အပြင် သူ ကျိရှောင်ယင်အား ခေါ်ထုတ်နိုင်ပြီး ချိုးမိသားစု၏မျိုးဆက် ပြန့်ပွားနိုင်ရန် စောင်မပေးဖို့လည်း အကူအညီ တောင်းခဲ့သေးသည်။

သင်္ချိုင်းမှ ပြန်လာပြီးနောက် သူက ရုံးတော်၏အပြင်ဘက်တွင် စောင့်ဆိုင်းနေခဲ့ပြီး နောက်တစ်နေ့တွင် ကျိရှောင်ယင်နှင့် စူးချင်းတို့ ကျင့်ရှီလျိုမြောင်သို့ သွားမည့်အကြောင်း စစ်သည်များ ပြောနေသည်ကို သူ ကြားခဲ့သည်။ တာ့ထန်၏သံတမန်က ကျိရှောင်ယင်၏အဘိုးထံသို့ ထိမ်းမြားမှုအတွက် သွားရောက်ကမ်းလှမ်းတော့မည် ဖြစ်သည်။

ထိုသတင်းက ချိုးယုံခန်းကို အလွန် စိုးရိမ်သွားစေပြီး သူက ရုံးတော်ကို ဖေါက်ခွဲကာ ကျိရှောင်ယင်အား ခေါ်ဆောင်သွားရန်ပင် စဥ်းစားလိုက်သေးသည်။

သို့သော်လည်း နောက်ဆုံးတွင် သူ စိတ်ပြန်ငြိမ်သွားခဲ့သည်။ ထိုဖောက်ခွဲရေးပစ္စည်းများက စူးချင်းကိုသာမက ကျိရှောင်ယင်ကိုပါ သတ်ပစ်နိုင်ကြောင်း သူ တွေးမိသွားသောကြောင့် ဖြစ်သည်။

သူက ကျိရှောင်ယင်ကို အရိုးထိအောင် ချစ်မြတ်နိုင်ပြီး သူမ နာကျင်အောင် မလုပ်ရက်ပေ။

ချိုးယုံခန်းက ကျိရှောင်ယင်ကို လှည့်ဖြားခေါ်ထုတ်ရန် တစ်စုံတစ်ဦးအား ရှာဖွေနေချိန်တွင် ကျိရှောင်ယင်က အထုပ်သေးသေးလေး တစ်ထုပ်ကို သယ်ဆောင်ပြီး ရုံးတော်ထဲမှ ထွက်လာသည်ကို သူ တွေ့လိုက်ရသည်။ ချိုးယုံခန်းက ကျိရှောင်ယင်ကို စိုက်ကြည့်နေရင်း သူ့လက်သီးများကို တင်းနေအောင် ဆုပ်လိုက်ကာ သူ့နှလုံးခုန်သံကလည်း အတိုင်းအဆမရှိ မြန်ဆန်လာတော့သည်။

ဒါက သူနဲ့ ရှောင်ယင်ရဲ့ ကံကြမ္မာပဲ။ အဲ့လိုမဟုတ်ရင် မော့ချန်ကို ထွက်ခွာခါနီးမှာ ရှောင်ယင်က ဘာလို့ တစ်ယောက်တည်း ထွက်လာရတာလဲ?

ထိုအတွေးကြောင့် ချိုးယုံခန်း၏သွေးများ ဆူပွက်လာသည်။ သို့သော် ကျိရှောင်ယင်၏နောက်တွင် အစောင့်များ ရှိ မရှိကို သူ မသိနိုင်သောကြောင့် အလျင်စလို ဘာမှ မလုပ်ဆောင်ခဲ့ပေ။

မိုးကောင်းကင်က သူ့ကို ကောင်းချီးပေးနေခြင်း ဖြစ်နိုင်ပြီး သူ ကံကောင်းနေသေးသည်။ ကျိရှောင်ယင်၏ကိုယ်ရည်ကိုယ်သွေးက ယခင်အတိုင်း ရှိနေဆဲဖြစ်ကာ သူမက အခြားသူများကို ဒုက္ခမပေးချင်ပေ။ ထို့ကြောင့် သူမက သူမ တစ်ယောက်တည်းသာ ထွက်သွားခဲ့သည်။

ကျိရှောင်ယင်က အိတ်သေးသေးလေးကို သယ်ဆောင်ရင်း နှင်းများထဲ၌ ခပ်မြန်မြန် လျှောက်လှမ်းနေသည်။ သူမ၏ခြေလှမ်းများက ပေါ့ပါးနေပြီး သူမ ဘာတွေးနေမှန်းမသိနိုင်သည့်တိုင် သူမ၏နှုတ်ခမ်းပေါ်တွင် ချိုမြိန်သော အပြုံးတစ်ခု ဆင်မြန်းထားသည်။

ဤအခိုက်အတန့်တွင် ချိုးယုံခန်းက ကျိရှောင်ယင်၏ အပြုံးက အထူးတောက်ပနေသလို ခံစားလိုက်ရသည်။

သူမ ယဲ့လွီချွမ်းကို လက်ထပ်ပြီး တော်ဝင်ကြင်ယာတော်ဖြစ်လာမှာကို တွေးနေတာကြောင့် ပြုံးနေတာ ဖြစ်နိုင်လား?

ရှောင်ယင်က ​​သူမရဲ့ ငယ်ချစ်ဦးအကြောင်းကို မေ့သွားပြီလား? သူမက သူမရဲ့အစ်ကိုကြီးချိုးကို မေ့သွားခဲ့ပြီလား?

ထိုအတွေးများနှင့်အတူ သူတို့၏ငယ်ဘဝမှ ပုံရိပ်များက ချိုးယုံခန်း၏မျက်လုံးများရှေ့သို့ ပြန်ရောက်လာပြန်သည်။

အဲ့တုန်းက ကလေးတစ်အုပ် လက်ထပ်တမ်း ကစားနေကြပြီး ရှောင်ယင်က သတို့သမီးလေးပေါ့။ လူတိုင်းက သူမကို ဘယ်သူကို သတို့သားဖြစ်စေချင်လဲလို့ မေးခဲ့ကြတယ်။ အဲအချိန်မှာ ရှောင်ယင်က သူ့ကို မဆိုင်းမတွ လက်ညှိုးထိုးပြခဲ့တယ်။

"ငါက အစ်ကိုကြီးချိုးကို ငါ့ရဲ့သတို့သား ဖြစ်စေချင်တယ်!"

အဲ့အချိန်ကတည်းက စပြီး သူက ရှောင်ယင့်ကို သူ့ဇနီးအဖြစ် သတ်မှတ်ထားခဲ့တာပါ။ သူတို့က ကောင်းကင်နဲ့မြေကြီးကို ဦးညွှတ်ခဲ့ပြီး မင်္ဂလာသေရည်လည်း သောက်ခဲ့ကြ သေးတယ်။ သတို့သမီးအခန်းထဲကို ဝင်ဖို့ ခြေတစ်လှမ်းပဲ လိုအပ်ခဲ့တာပါ။

ပြီးတော့ ရှောင်ယင်က ငယ်ငယ်ကတည်းက သူ့ကို အမြဲတမ်း သဘောကျခဲ့တယ်။ ရှောင်ယင်က သူ သွားလေရာရာ သူ့နောက်ကနေ လိုက်နေတတ်ပြီး သူ့ကို ချိုချိုသာသာ ပြုံးပြခဲ့တယ်။

သူ သူမအတွက် လိပ်ပြာလေးတွေ ဖမ်းပေးနိုင်တဲ့အခါ ရှောင်ယင်က လက်ခုပ်တီးပြီး ခေါက်ပေါက် နေတတ်တယ်၊ ပြီးရင် အသံချိုချိုလေးနဲ့ သူ့ကို ချီးမွမ်းလေ့ရှိတယ်။

"အစ်ကိုကြီးချိုးက အရမ်းတော်တာပဲ!"

သူ ငါးဖမ်းဖို့ သူမကို မြစ်ထဲ ခေါ်သွားဖူးတယ်။ အဲ့တုန်းက သူ့ကို ကြည့်နေတဲ့ ရှောင်ယင်ရဲ့မျက်လုံးလေးတွေက အရမ်းတောက်ပနေခဲ့ဖူးတယ်။ သူ ငါးတစ်ကောင် ဖမ်းမိတဲ့အချိန်တိုင်း သူမက ဝမ်းသာအားရ ပြေးလာပြီး သူ့ကို ချီးကျူးစကားပြောတတ်သေးတယ်။

"အစ်ကိုကြီးချိုးက အရမ်းတော်တာပဲ!"

ရှောင်ယင်က အမှောင်ကို ကြောက်သလို အင်းဆက်ပိုးမွှားတွေကိုလည်း အရမ်း ကြောက်တယ်၊ အဲ့ဒါကြောင့် သူ သူမအတွက် ပိုးမွှားတွေအများကြီး ကူဖမ်းပေးခဲ့ဖူးတယ်။ မှောင်လာတာနဲ့ သူမက သူ့အနားမှာ ရှိနေခဲ့ဖူးတယ်။ ရှောင်ယင်ကို ကာကွယ်ပေးပြီး သူမကို ဂရုစိုက်ပေးနေရတာကိုက သူ့ကို ပျော်ရွှင်စေခဲ့တယ်။

ပြီးတော့ ရှောင်ယင့်ကို ကောင်းမွန်တဲ့ဘဝတစ်ခု ပေးနိုင်ဖို့ သူ ရွှေ့ရှန့်ရဲ့မွေးစားအဖေ ပိုင်ကျို့ရှန်း နောက်ကို လိုက်ပြီး စာအုပ်လေးအုပ်နဲ့ ဂန္တဝင်ငါးခု သင်ကြားလေ့လာဖို့ လုံ့လစိုက်ထုတ်ခဲ့တယ်။ သူ တော်ဝင်စာမေးပွဲ ဖြေပြီး အောင်မြင်မှုတစ်ခု ရယူဖို့ စိတ်ပိုင်းဖြတ်ခဲ့တယ်။

နောက်တော့ သူ့ရဲ့ဆရာသခင်က ရွှေ့ရှန့်ရဲ့နောက်ခံကို ပြောပြခဲ့ပြီး ရွှေ့ရှန့် ကလဲ့စားချေတဲ့နေရာမှာ ကူညီပေးဖို့ တောင်းဆိုခဲ့တယ်။ သူကလည်း သဘောတူခဲ့တယ်။ ရွှေ့ရှန့်ကို ကူညီပေးတာက ရှောင်ယင်ကို ကူညီပေးတာနဲ့ အတူတူပဲလေ။ သူ့မှာ နောင်တရစရာ မရှိသလို သေရမှာကိုလည်း မကြောက်ခဲ့ဘူး။

ဒါပေမယ့်…

အဲ့ဒီနတ်ဆိုးမ စူးချင်းသာ ပေါ်မလာခဲ့ရင် အရာအားလုံးက အတူတူပဲဖြစ်လိမ့်မယ်။ ချိုးယွဲ့လည်း သေမှာမဟုတ်ဘဲ သူမရဲ့ဆန္ဒအတိုင်း ရွှေ့ရှန့်ကို လက်ထပ်နိုင်လိမ့်မယ်။

သူ့မိဘတွေလည်း အခုလို သေသွားကြမှာ မဟုတ်ဘဲ သူတို့ရဲ့မြေးလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေနိုင်လိမ့်မယ်။ သူကလည်း သူ့အရည်အချင်းကြောင့် ဘုန်းကျက်သရေနဲ့ စည်းစိမ်ကို ယူဆောင်နိုင်ပြီး သူ့အမေအတွက် တော်ဝင်ဘွဲ့ထူးတွေကိုတောင် ယူပေးနိုင်မှာ သေချာတယ်။

သူနဲ့ ရှောင်ယင်တို့ကလည်း အတူရှိနိုင်ကြပြီး သားသမီးတွေ အများကြီး ထွန်းကားနိုင်လိမ့်မယ်၊ သူတို့က ပြီးပြည့်စုံတဲ့ စုံတွဲ ဖြစ်နေပြီး လူတိုင်းက သူတို့ကို မနာလိုဖြစ်နေမှာ အသေအချာပဲ။

ချိုးယုံခန်းက ထိုအကြောင်းများကို တွေးတောရင်း ကျိရှောင်ယင်၏နောက်မှ လိုက်ပါသွားခဲ့သည်။ ကင်းလှည့်တပ်သားများက ကျိရှောင်ယင်အား စကားလှမ်းပြောလိုက်သည်ကို မြင်လိုက်ချိန်တွင် သူ လမ်းကြားတစ်ခုထဲသို့ ဝင်ပုန်းလိုက်သည်။ သူက မော့ချန်၌ အချိန်အတော်ကြာနေခဲ့ပြီး စစ်သည်များ မည်မျှကြာကြာ ကင်းလှည့်မည်ကိုလည်း သိနေခဲ့သည်။ သူက ကင်းလှည့်တပ်သားများ ပြန်ထွက်ခွာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ပြီး မည်သည့်လှုပ်ရှားမှုူမှ မပြုလုပ်ခဲ့ပေ။

ကျိရှောင်ယင်က သူမအား လိုက်ပို့ခိုင်းမည်ကို သူ စိုးရိမ်နေသော်လည်း ကံကောင်းထောက်မစွာ ကျိရှောင်ယင်က ကင်းအဖွဲ့ခေါင်းဆောင်ကို လျစ်လျူုရှုပြီး သူမတစ်ဦးတည်း ထွက်သွားခဲ့သည်။

ချိုးယုံခန်းက စစ်သည်များ ထွက်သွားသည်ကို စောင့်ကြည့်နေပြီးမှ သူမနောက်သို့ ဆက်လိုက်လာခဲ့သည်။

နောက်ဆုံးတွင် ကျိရှောင်ယင်က သူမနောက်မှ ခြေသံများကို ကြားသွားပြီး သူ့ကို လှည့်ကြည့်လိုက်သည်။ ချိုးယုံခန်းက သူမကို ဆေးခပ်ရန် အခွင့်အရေး ယူခဲ့ပြီး ဆေးခပ်ခံရပြီးနောက်တွင် ကျိရှောင်ယင်က နာခံတတ်သည့် ကလေးတစ်ယောက်ကဲ့သို့ သူ့နောက်မှ လိုက်ပါလာခဲ့သည်။

ဤဆေးက နတ်ဆရာကြီး မကောင်းမှုပြုရန် အသုံးပြုသည့်ဆေး ဖြစ်သည်။ သူက သူ မျက်စိကျသည့်မိန်းခလေးများကို ခံစားရန် ဆေးခပ်ပြီး လျှို့ဝှက်လမ်းထဲကို ခေါ်ဆောင်သွားလေ့ရှိသည်။ သူ ထိုမိန်းခလေးများကို ကစားပြီးနောက် ဘယ်သူမှ မသိစေဘဲ အဂ္ဂိရတ်ဖိုထဲသို့ ပစ်ချလိုက်ခြင်းဖြင့် ခန္ဓာကိုယ်ကိုပါ ဖျောက်ဖျက်ပစ်ခဲ့သည်။

မော့ချန်သို့ ဦးတည်နေသည့် ထိုလျှို့ဝှက်လမ်းကို နတ်ဆရာကြီးများကသာ သိနိုင်ကြပြီး လက်ရှိနတ်ဆရာက လှပသော မိန်းမပျိုများကို ဖမ်းယူကာ ပျော်ရွှင်ရန် တစ်လလျှင် တစ်ကြိမ်ခန့် မော့ချန်သို့ ရောက်ရှိလာလေ့ရှိသည်။ မော့ချန်ကို တိုက်ခိုက်သည့်အချိန်တွင်လည်း ချိုးယုံခန်း၏ လက်နက်ကြောင့် မော့ချန်ကို ဖြိုဖျက်ရန် လွယ်ကူမည်ဟု သူ ထင်ထားခဲ့သည်။ ထို့ကြောင့် သူက သူ့၏လျှို့ဝှက်ချက်ကို မထုတ်ဖော်ခဲ့ပေ။ သူက သူ အလွယ်တကူ ပျော်ပါးခွင့် မရတော့မည်ကို စိုးရိမ်သောကြောင့် မြောက်ပိုင်းလူရိုင်းပြည်ထောင်၏ဧကရာဇ်ကိုပင် ထိုလျှို့ဝှက်ချက်လမ်း အကြောင်း မပြောပြခဲ့ပေ။ အဆုံးတွင် ၎င်းက ချိုးယုံခန်းအတွက် အကူအညီ ဖြစ်လာခဲ့သည်။

ချိုးယုံခန်းက ကျိရှောင်ယင်ကို မြို့စောင့်နတ်ကွန်းထဲသို့ ခေါ်ဆောင်လာပြီး လျှို့ဝှက်လမ်းထဲသို့ ဝင်လာခဲ့သည်။ သူက မော့ချန်မှ ထွက်ခွာလာခဲ့ပြီး သူမကို နတ်ဆရာ၏ လျှို့ဝှက်စခန်းဆီသို့ ခေါ်ဆောင်လာခဲ့သည်။

သူက ကျိရှောင်ယင်ကို ဤနေရာ၌ အကျဥ်းချထားပြီး ကျန်ဘဝတစ်လျှောက်လုံး သူမနှင့်အတူ ဖြတ်သန်းချင်ရန် ဆုံးဖြတ်လိုက်သည်။ သူက သူမအတွက်ကြောင့် ကျိရွှေ့ရှန့်အပေါ် လက်စားချေလိုခြင်းလည်း မရှိတော့ပေ။

ကျိရှောင်ယင်က သူ့အပေါ် မှီခိုအားထားနေရန် သူမ ဆေးပျယ်သွားအောင်လည်း ချက်ချင်း ဖြေဆေးမပေးခဲ့ပေ။ ကျိရှောင်ယင်က ကလေးတစ်ယောက်လို ဖြစ်နေပြီး သူနှင့် မည်သို့ ဆက်ဆံရမှန်း မသိဖြစ်နေလျှင်ပင် သူမ၏ ထိုမှီခိုမှုက သူ့အတွက် သူတို့၏ကလေးဘဝအကြောင်း အမှတ်ရစေမည်ဟု ချိုးယုံခန်း ထင်နေခဲ့သည်။

ချိုးယုံခန်းက လက်သီးဆုပ်ကာ ဖြူဖွေးသော ကျားအသားရေခင်း ကျောက်ကုတင်ပေါ်တွင် ဝင်ထိုင်လိုက်သည်။ ထိုကျားဖြူအရေခွံအောက်တွင် အမွေးများဖြင့် လုပ်ထားသည့် မွေ့ရာတစ်ခု ရှိနေသေးသောကြောင့် လှဲလျောင်းလိုက်သည်နှင့် ပျော့ပျောင်းမှုကို ခံစားနိုင်သည်။

သူ တစ်ယောက်တည်း အိပ်ရတာ ခက်ခဲပေမယ့် ဒီနေ့ကစပြီး သူ တစ်ယောက်တည်း မဟုတ်တော့ဘူး။ နေ့တိုင်း သူ့ရင်ခွင်ထဲမှာ ရှောင်ယင်ကို ဖက်အိပ်နိုင်ပြီး သူ နိုးလာတာနဲ့ သူမရဲ့ အပြုံးချိုချိုလေးကို မြင်နိုင်တော့မယ်။

ယခုအချိန်တွင် ချိုးယုံခန်းက ကျိရှောင်ယင်နှင့် သတို့သမီးအခန်း ဝင်ချင်နေပြီ ဖြစ်သော်လည်း နတ်ဆရာက ထိုကျားသားရေပေါ်တွင် အခြားအမျိုးသမီးများစွာနှင့် ပျော်ပါးခဲ့ကြောင်း သူ သတိရသွားခဲ့သည်။ သူက သူနှင့် ကျိရှောင်ယင်၏ဘဝကို ဤကဲ့သို့သော အိပ်ရာထဲတွင် မပြီးမြောက်စေချင်ပေ။

ထို့ကြောင့် ချိုးယုံခန်းက မျက်နှာဖုံးတစ်ခု ဝတ်ဆင်လိုက်ပြီး ကျိရှောင်ယင် ပြန်နိုးလာမည့်အချိန်ကို စောင့်နေခဲ့သည်။ ကျိရှောင်ယင်က သူမ ပြန်နိုးလာသည်နှင့်တပြိုင်တည်း အိပ်ရာပေါ်မှ ခုန်ဆင်းကာ ထွက်ပြေးရန် ကြိုးစားတော့သည်။ ထိုအပြုအမူက ချိုးယုံခန်း၏မျက်လုံးများထဲ၌ ဝမ်းနည်းရိပ်များ တောက်ပလာစေပြန်သည်။

"ရှောင်ယင်၊ ငါက အစ်ကိုကြီးချိုးပါ!"

"ကျွန်မကို ပြန်လွှတ်ပေးပါ"

ကျိရှောင်ယင်က ငိုပြီး တောင်းပန်နေပြီး ချိုးယုံခန်းက စိတ်မရှည် ဖြစ်လာပြန်သည်။

"မင်း အဲဒီ ယဲ့လွီချွမ်းကို လက်ထပ်ချင်နေတာလား?"

ရူးသွပ်နေပုံရသည့် ချိုးယုံခန်းကို မြင်လိုက်ရချိန်တွင် ကျိရှောင်ယင်က အလွန်ကြောက်ရွံ့ပြီး နောက်သို့ လှည့်ကာ ထွက်ပြေးလိုက်ပြန်သည်။ သို့သော် နောက်ဆုံးတွင် သူမ ဂူတစ်ခုထဲသို့ ရောက်နေကြောင်း သူမ သိလိုက်ရသည်။ ကျိရှောင်ယင်က အရှုံးမပေးဘဲ ဂူဝင်ပေါက်ကို ရှာဖွေကာ ထိုနေရာသို့ ပြေးသွားပြန်သည်။ ချိုးယုံခန်းက သူမကို လိုက်ဖမ်းပြီး ကျောက်နံရံနှင့် ဖိထားလိုက်သည်။ သူက သူ့၏ခွန်အားကို အပြည့်သုံးကာ သူမကို ကျောက်နံရံနှင့် အတင်း ဖိကပ်ထားသောကြောင့် ကျိ‌‌ရှောင်ယင်က သူမ၏နောက်ကျောမှ စူးစူးရှရှ နာကျင်မှုကိုပင် ခံစားလိုက်ရသည်။ ချိုးယုံခန်းက သူမလက်ကို ဆုပ်ကိုင်ထားရင်း ခေါင်းငုံ့ကာ အော်ဟစ်လိုက်သည်။ ထိုအချိန်တွင် သူ့မျက်လုံးများက သူ့၏ရူးသွပ်လုနီးပါူ အခြေအနေကို အတိအကျ ဖော်ပြနေသည်။

"မင်း ငါ့ကိုပဲ လက်ထပ်ရမယ်။ ငါ မင်းကို တခြားလူနဲ့ လက်ထပ်ခွင့် မပေးနိုင်ဘူး”

ကျိရှောင်ယင်က ချိုးယုံခန်းကြောင့် ပိုကြောက်ရွံ့လာပြီး မျက်ရည်များ စီးကျလာပြန်သည်။

"ရှင်က အစ်ကိုကြီးချိုး မဟုတ်ဘူး။ အစ်ကိုကြီးချိုးက ကျွန်မကို ဒီလို ဆက်ဆံမှာ မဟုတ်ဘူး”

ချိုးယုံခန်းက သူမ ငိုနေသည်ကို မြင်သွားပြီး သူ့လက်ကို ပြန်လွှတ်ပေးလိုက်သည်။ သူက အမှားလုပ်မိသော ကလေးတစ်ယောက်၏ ဟန်မျိုးဖြင့် လက်ကိုင်ပုဝါကို ထုတ်ယူကာ ကျိရှောင်ယင်၏မျက်ရည်များကို သုတ်ပေးရင်း နှစ်သိမ့်ပေးနေပြန်သည်။

"ရှောင်ယင်၊ မကြောက်ပါနဲ့။ အစ်ကိုကြီးချိုးက ဘယ်လိုလုပ်ပြီး မင်းနာကျင်အောင် လုပ်ရက်မှာလဲ?"

သို့သော်လည်း သူ၏နူးညံ့သိမ်မွေ့မှုက ကျိရှောင်ယင်ကို ပို၍ပင် ထိတ်လန့်လာစေခဲ့သည်။ သူမက ချိုးယုံခန်းကို အစွမ်းကုန် တွန်းထုတ်လိုက်ပြီး အနားပင် အကပ်မခံတော့ပေ။

"ရှောင်ယင်၊ ဒီညက ငါတို့ရဲ့မင်္ဂလာဦးညပဲ။ ဒီနေရာမှာ နာနာခံခံ နေပြီး အစ်ကိုကြီးချိုးကို စောင့်နေနော်၊ ငါ ပြန်လာရင် သတို့သမီးအခန်းဝင်ကြမယ်!”

.......။........။.........

All Chapters