← Chapters

သုံးချက်အတွင်း မင်းကို လဲကျစေမယ်

Vol. 8 Ch. 116

သုံးချက်အတွင်း မင်းကို လဲကျစေမယ်

Vol. 8 Ch. 116

လော့ချန်က ရှရီနှင့် သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခု လက်ခံလိုက်သည်ကို ယန်ဖုန်းအကြီးအကဲ မြင်လိုက်ရသဖြင့် သူ၏နှလုံးသားထဲတွင် သက်ပြင်းဖွဖွ ချလိုက်သည်။

လူငယ်ဆိုသည်မှာ လူငယ်ပင် ဖြစ်သည်။ အနည်းငယ်မျှပင် စိတ်ဆိုးဒေါသထွက်ရန် မခံနိုင်ဘဲ ခဏလောက် သည်းခံလိုက်လျှင် လေပြည်လှိုင်းတည်ငြိမ်သွားမည်ဖြစ်ပြီး တစ်လှမ်းဆုတ်ခွာလိုက်လျှင် ပင်လယ်ကျယ်၊ ကောင်းကင်ကျယ် ဖြစ်သွားမည်ဆိုသည့် အဆိုအမိန့်ကို မသိကြပေ။

ယခုကဲ့သို့ အခြေအနေသို့ ရောက်ရှိလာသဖြင့် ယန်ဖုန်းအကြီးအကဲအနေဖြင့် များများစားစား ထပ်ပြီး မပြောနိုင်တော့ဘဲ ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဒါဆိုလည်း မင်းတို့ဆန္ဒအတိုင်း လုပ်ကြ...”

ထိုအခြေအနေကို မြင်လိုက်ရသည်နှင့် နေရာတွင်ရှိသည့် အခြေအနေက ရုတ်တရက် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။

လူအများစု၏ အကြည့်များက လော့ချန်ထံသို့ စုပုံရောက်ရှိသွားကြသည်။

ချင်ယွမ်စမ်းသပ်ပွဲတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကြောင့် လူအများစုက လော့ချန်အကြောင်းကို ကြားဖူးကြသော်လည်း သူ့ကို တကယ်သိသူများမှာ အနည်းငယ်သာ ရှိသည်။ ယခုအခါ တစ်ယောက်တစ်ပေါက် ဆွေးနွေးနေကြသည်။

“သူကပဲ မကြာသေးခင်က တစ်ဟုန်ထိုး ထင်ရှားလာတဲ့ လော့ချန်ပေါ့... အသက်ကလည်း ငယ်လိုက်တာ... ဒီလောက်ငယ်ရွယ်ပြီး လူသာမန်ဘဝဖြတ်ကျော်အဆင့်ငါးကို ရောက်နေပြီ... တကယ်ပဲ သူ့မှာ အသုံးမကျတဲ့ သိုင်းဝိညာဉ်ရှိတယ်လို့ မထင်ရဘူး...”

“လူသာမန်ဘဝဖြတ်ကျော်အဆင့်ဆိုတာ ခန္ဓာကိုယ်ကို သန့်စင်ရုံသာဖြစ်ပြီး သိုင်းဝိညာဉ်ရဲ့ အခန်းကဏ္ဍက အကန့်အသတ်ရှိတယ်... အသုံးမကျတဲ့ သိုင်းဝိညာဉ်ရှိသူတောင် လုံလောက်တဲ့ အရင်းအမြစ်တွေနဲ့ဆိုရင် တစ်စုံတစ်ရာ အောင်မြင်မှုရရှိနိုင်တယ်... ဒါပေမဲ့ စွမ်းအားအဆင့်တက်လာတာနဲ့အမျှ အသုံးမကျတဲ့ သိုင်းဝိညာဉ်ရဲ့ အားနည်းချက်တွေက ပိုပြီး ထင်ရှားလာလိမ့်မယ်... အသုံးမကျသူဆိုတာ အဆုံးမှာ အသုံးမကျသူပဲ...”

“ဟဲ ဟဲ သူ့ရဲ့အနာဂတ်ကို ဆွေးနွေးတာက အလကားပဲ... ဒီနေ့တောင် သူ အသက်ရှင်နိုင်မလားဆိုတာ ပြဿနာပဲ...”

“ဟုတ်တယ်... ရှရီရဲ့စွမ်းအားက လူသာမန်ဘဝဖြတ်ကျော်အဆင့်ခြောက်ရှိတဲ့ သိုင်းသမားတွေထဲမှာ ထိပ်တန်းဖြစ်တယ်... လော့ချန်က သူနဲ့ သေခြင်းရှင်ခြင်းတိုက်ပွဲလုပ်ဖို့ လက်ခံလိုက်တာက သေရာလမ်းကို ကိုယ့်ဘာသာရှာနေတာပဲ...”

ထို့နောက် ရာပေါင်းများစွာသော လူအုပ်ထဲတွင် လော့ချန်ကို ထောက်ခံပြောဆိုပေးမည့်သူ တစ်ယောက်မှ မရှိပေ။

သူတို့နှစ်ဦး၏ အဆင့်ကွာဟမှုက ထင်ရှားစွာ ရှိနေသည်မှာ အမှန်ပင် ဖြစ်သည်။

လူသာမန်ဘဝဖြတ်ကျော်အဆင့်ခြောက်ရှိသည့် သိုင်းသမားက စိတ်ဝိညာဉ်နှင့်ခန္ဓာကိုယ် ပေါင်းစည်းထားပြီး စွမ်းအင်က မီးလျှံကဲ့သို့ တောက်လောင်ကာ ဆင်သုံးကောင်အား ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် ၎င်း၏စွမ်းအားက လူသာမန်ဘဝဖြတ်ကျော်အဆင့်ငါးရှိသည့် သိုင်းသမားထက် များစွာ သာလွန်သည်။ ထို့အပြင် လော့ချန်က အသုံးမကျသည့် သိုင်းဝိညာဉ်ကို နိုးကြားထားသူ ဖြစ်သည်။

လော့ချန်က လူအုပ်၏ ဆွေးနွေးသံများကို ဂရုမစိုက်ဘဲ ရှရီကို ကြည့်ကာ ပြောလိုက်သည်။

“လှုပ်ရှားလိုက်တော့...”

ရှရီက အေးစက်စွာ ပြုံးလိုက်ပြီး ပြောသည်။

“ဒီနေရာမှာ မဟုတ်ဘူး... ငါတို့ သိုင်းပြိုင်ကွင်းကို သွားကြမယ်...”

ချင်ယွမ်စမ်းသပ်ပွဲတွင် သူ၏ ဂုဏ်သိက္ခာက လုံးဝပြိုလဲသွားခဲ့ပြီး လော့ချန်ကို လူအများရှေ့တွင် သတ်ဖြတ်နိုင်မှသာ ယခင်က အရှက်တကွဲ ဖြစ်ခဲ့ရမှုကို ပြန်လည်ဆယ်ယူနိုင်မည် ဖြစ်သည်။

“ရတယ်...”

လော့ချန်က အလျင်အမြန် ပြန်ဖြေလိုက်ပြီး သိုင်းပြိုင်ကွင်းဆီသို့ လျှောက်လှမ်းသွားသည်။

ခဏအကြာတွင် လော့ချန်နှင့် ရှရီတို့က သိုင်းပြိုင်ကွင်းတွင် သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခုကို လုပ်ဆောင်မည်ဖြစ်သည်ဟူသည့် သတင်းက လျင်မြန်စွာ ပျံ့နှံ့သွားပြီး လူအများက သိုင်းပြိုင်ကွင်းသို့ တိုက်ပွဲကြည့်ရှုရန် စုရုံးရောက်ရှိလာကြသည်။

လမ်းတစ်လျှောက်တွင် ယွမ်ကျီလန်က လော့ချန်ကို အမီလိုက်ကာ စိုးရိမ်တကြီး ပြောလိုက်သည်။

“လော့ချန် ဒီကိစ္စကို မန်လီတောင်ကြားကိုသွားပြီး ယွမ်မန်လီဆရာမကို သတင်းပို့ပေးရမလား...”

ဂူးလင်ဖုန်းကလည်း ဝင်ပြောသည်။

“ခဏလောက် သည်းခံလိုက်ရင် လေပြည်လှိုင်းတည်ငြိမ်သွားမှာပါ... ရှရီက လူသာမန်ဘဝဖြတ်ကျော်အဆင့်ခြောက်ကို ရောက်နေတာကြာပြီဖြစ်ပြီး ကျင်းမင်ရဲ့နောက်ကွယ်က ထောက်ပံ့မှုလည်း ရှိသေးတယ်... ဒါက သာမန်ကိစ္စမဟုတ်ဘူး... မင်း လူသာမန်ဘဝဖြတ်ကျော်အဆင့်ခြောက်ကို ရောက်ပြီးမှ သူနဲ့ တစ်ပွဲထိုးရင်တောင် နောက်မကျသေးဘူး...”

ချင်ယွမ်စမ်းသပ်ပွဲတွင် လော့ချန်နှင့် ရှရီတို့ တစ်ကြိမ်တိုက်ခဲ့ဖူးပြီး ထိုအခါက ရှရီသည် အသာစီးရခဲ့သည်။ ယွမ်ကျီလန်နှင့် ကူးလင်ဖုန်းတို့က ဤတိုက်ပွဲတွင် လော့ချန်အနိုင်ရရန် အလွန်ခက်ခဲမည်ဟု ယူဆထားကြသည်။

“မလိုပါဘူး...”

လော့ချန်က ခေါင်းခါလိုက်သည်။

ယွမ်မန်လီက ပြစ်ဒဏ်အဖြစ် ပိတ်လှောင်ထားခံရပြီး သူမကို တွေ့ရနိုင် မရနိုင်ကိုပင် မသေချာပေ။

လော့ချန်အနေဖြင့် သူ၏ကိစ္စများကို ကိုယ်တိုင်ဖြေရှင်းရသည်ကို ပိုနှစ်သက်၏။

သူ၏အကြည့်များက အဝေးရှိ ရှရီထံသို့ ရောက်ရှိသွားပြီး အေးဆေးစွာ ပြောလိုက်သည်။

“မင်းတို့ စိတ်မပူနဲ့... ငါ သူ့ကို သတ်ဖို့ဆိုတာ ကြက်တစ်ကောင်ကို သတ်သလို၊ ခွေးတစ်ကောင်ကို ရိုက်သတ်သလောက်ပဲရှိတယ်...”

သိုင်းပြိုင်ကွင်း...

ဤနေရာက ရွှမ်ယွမ်ဂိုဏ်း၏ ပြင်ပစည်းဂိုဏ်းသားများ သိုင်းပညာဖလှယ် ပြိုင်ဆိုင်ရန်နှင့် ပြိုင်ပွဲများကျင်းပရန် နေရာဖြစ်ပြီး အရွယ်အစား အမျိုးမျိုးရှိသည့် စင်မြင့်များစွာကို တည်ဆောက်ထားသည်။

ကွင်းပြင်အတွင်း၌ ရာပေါင်းများစွာသော လူအုပ်ကြီးက စုရုံးရောက်ရှိလာပြီး အများစုမှာ ပြင်ပစည်းဂိုဏ်းသားများဖြစ်ကြပြီး သတင်းကြားသိလာသည့် ပြင်ပစည်းဂိုဏ်းသားများအပြင် အကြီးအကဲများလည်း အနည်းငယ် ပါဝင်ကြသည်။

လော့ချန်နှင့် ရှရီတို့ ကွင်းပြင်ထဲသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ဆူညံသံများ ထွက်ပေါ်လာပြီး လူအများစု၏ အကြည့်များက လော့ချန်ထံသို့ရောက်ရှိသွားသည်။

အသုံးမကျသည့် သိုင်းဝိညာဉ်ဖြင့် ရွှမ်ယွမ်ဂိုဏ်းသို့ ဝင်ရောက်လာခဲ့ပြီး ချင်ယွမ်စမ်းသပ်ပွဲတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကြောင့် လော့ချန်က ရွှမ်ယွမ်ဂိုဏ်း၏ ပြင်ပစည်းဂိုဏ်းသားများထဲတွင် အနည်းငယ်မျှ နာမည်ထင်ရှားသူ ဖြစ်သည်။

“ဒါကတော့ အဲဒီလော့ချန်ပေါ့... မြူခိုးရိပ်ခြေလှမ်းသိုင်းကို ကောင်းကောင်းမလေ့ကျင့်ဘဲ ဒီနေရာမှာ သူနဲ့ သေခြင်းရှင်ခြင်းတိုက်ပွဲလုပ်ဖို့ ရောက်လာတာလား…”

စင်မြင့်ထောင့်တစ်နေရာတွင် ဆံထုံးနှစ်ဖက်ထုံးထားပြီး အစိမ်းရောင်ဝတ်ရုံဝတ်ထားသည့် မိန်းကလေးတစ်ဦးက လော့ချန်ကို စိတ်ဝင်တစားကြည့်နေသည်။

တစ်ဖက်တွင်မူ ပြင်ပစည်းဂိုဏ်းသားများ၊ ဂိုဏ်းအကြီးအကဲများစွာက စုရုံးနေကြသည်။

“ဒီကလေးကလည်း တကယ့်ကို ပြဿနာရှာတတ်တဲ့သူပဲ... ချင်ယွမ်စမ်းသပ်ပွဲ ပြီးသွားတာ ရက်အနည်းငယ်ပဲရှိသေးတယ်... အခုထပ်ပြီး ပြဿနာတစ်ခုကို ဖြစ်ပေါ်စေပြန်ပြီ...”

“ဒီကိစ္စက သူ့ဆန္ဒအတိုင်း ဖြစ်လာတာမဟုတ်ဘူး... ကျင်းမင်ကို ရန်စလိုက်တာက မင်းသားတန်းကလူအုပ်ကို ရန်စလိုက်တာနဲ့ အတူတူပဲ... သူ အေးအေးချမ်းချမ်းနေချင်ရင်တောင် မဖြစ်နိုင်ဘူး...”

“စကားကို သတိထားပြော... မင်းသားတန်းက လူအုပ်က အခုဆိုရင် အတွင်းစည်းဂိုဏ်းအကြီးအကဲတွေကိုတောင် မထီမဲ့မြင်ပြုနေပြီ... ငါတို့က သူတို့ရဲ့ ဒေါသကို မထိတထိနဲ့ သွားမစမိစေနဲ့..."

ထိုသူများက “မင်းသားတန်း” ဆိုသည့် စကားလုံးသုံးလုံးကို အလွန်သတိထားပြီး ပြောဆိုရာတွင် ရှောင်ရှားကြသည်။

အမျိုးသမီးဂိုဏ်းအကြီးအကဲတစ်ဦးက အကြောင်းအရာကို ပြောင်းလဲကာ အလယ်တွင်ရှိသည့် အနက်ရောင်ဝတ်ရုံဝတ်ထားသည့် ဂိုဏ်းအကြီးအကဲကို ကြည့်ပြီး ပြုံးကာ ပြောလိုက်သည်။

“ချန်ရွှမ်အကြီးအကဲ ကျွန်မကြားဖူးတာက သင်က လော့ချန်ကို ကတိပေးထားတယ်တဲ့... သူသာ နှစ်နှစ်အတွင်း ထုံရွှမ်တတိယနယ်ပယ်ကို ဖြတ်ကျော်ပြီး ပြင်ပစည်းဂိုဏ်းသားဖြစ်လာနိုင်ရင် သင်က သူ့ကို တပည့်အဖြစ် လက်ခံမယ်ဆိုတာ ဟုတ်လား...”

ချန်ရွှမ်ဂိုဏ်းအကြီးအကဲက ခေါင်းအနည်းငယ်ညိတ်ပြီး လော့ချန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“ဟုတ်ပါတယ်... ဒါပေမဲ့ သူ ဒီကာလတစ်ခုကို ဖြတ်ကျော်နိုင်မလားဆိုတာကို အရင်ကြည့်ရဦးမယ်...”

အမျိုးသမီးဂိုဏ်းအကြီးအကဲက ခေါင်းညိတ်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။

“ဒီကာလတစ်ခုကို သူ ဖြတ်ကျော်နိုင်လိမ့်မယ်လို့ မထင်ဘူး…”

အမျိုးသမီးဂိုဏ်းအကြီးအကဲက မင်းသားတန်းမှ လူအုပ်ကြီးကို မကြည်ဖြူသည်မှာ ကြာပြီဖြစ်၏။ သူမ၏ နှလုံးသားထဲတွင် လော့ချန်အနိုင်ရရန် မျှော်လင့်ထားသော်လည်း ထိုအရာက ဖြစ်နိုင်ဖွယ်မရှိပေ။

ထိုအချိန်တွင်...

"ဖျတ်…"

လူအများစု၏ အကြည့်များအောက်တွင် လော့ချန်က တစ်လှမ်းဖြတ်လှမ်းကာ ကျယ်ပြန့်သည့် ပြိုင်ဆိုင်စင်မြင့်ပေါ်သို့ တက်လှမ်းသွားပြီး ရှရီထံသို့ အကြည့်ပို့ကာ ပြောလိုက်သည်။

“တက်လာပြီး တိုက်ကြတော့...”

ရှရီက အေးစက်စွာ ပြုံးလိုက်ပြီး ရှေ့သို့ လှမ်းတက်လာရန် ပြင်ဆင်လိုက်သည်။

ရုတ်တရက်...

အပြာရောင်ပုံရိပ်တစ်ခုက ရှရီထက် အရင်ရောက်ရှိလာပြီး စင်မြင့်ပေါ်သို့ တက်လှမ်းလာသည်။

“ချင်ယွမ်ဖုန်း...”

လော့ချန်က ရောက်လာသူကို မြင်လိုက်ရသဖြင့် အေးစက်စွာ စကားလုံးသုံးလုံးကို ထုတ်ပြောလိုက်သည်။

ချင်ယွမ်ဖုန်းက လော့ချန်ကို အေးစက်စွာ တစ်ချက်ကြည့်ပြီး ရှရီထံသို့လှည့်ကာ ပြောလိုက်သည်။

“ရှရီဆရာကြီး ဒီအသုံးမကျတဲ့ကောင်ကို သတ်ဖို့ဆိုတာ ဆရာကြီးကိုယ်တိုင် လှုပ်ရှားစရာမလိုပါဘူး... ကျွန်တော့ကို သတ်ခွင့်ပေးလိုက်ပါ...”

ချင်ယွမ်ဖုန်းက ပိတ်လှောင်ထားခံရခြင်းမှ ယခု ပြန်လွတ်လာပြီး လော့ချန်နှင့် ရှရီတို့ သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခုကို လုပ်ဆောင်မည်ဟူသည့် သတင်းကို ကြားသိလိုက်ရသဖြင့် အလျင်အမြန်ပင် ပြေးရောက်လာခဲ့သည်။

ရှရီက ချင်ယွမ်ဖုန်းကို အံ့အားသင့်စွာ တစ်ချက်ကြည့်လိုက်ပြီး ခဏစဉ်းစားကာ ရယ်ပြီးပြောလိုက်သည်။

“မင်း စိတ်ဝင်စားနေတယ်ဆိုရင်လည်း မင်းကို ပေးလိုက်မယ်...”

သူက ကိုယ်တိုင်လှုပ်ရှားရန် ရည်ရွယ်ထားခဲ့သော်လည်း စဉ်းစားပြီးနောက် ထိုအရာက မသင့်လျော်ဟု ခံစားလိုက်ရသည်။

အသုံးမကျသည့် သိုင်းဝိညာဉ်နိုးကြားထားသည့် အသုံးမကျသူတစ်ဦးကို အနိုင်ရလျှင်တောင် ဂုဏ်ယူစရာ မရှိဘဲ လူကြီးလူငယ် နှိပ်စက်သည်ဟု ပြောကြမည်ဖြစ်သည်။ ထို့ကြောင့် ချင်ယွမ်ဖုန်းကို ပေးလိုက်ခြင်းက လူမှုဆက်ဆံရေးအရ အကျိုးရှိစေမည် ဖြစ်သည်။

ရှရီ၏ ခွင့်ပြုချက်ကို ရရှိလိုက်သဖြင့် ချင်ယွမ်ဖုန်းက ရက်စက်စွာပြုံးကာ လော့ချန်ကို ကြည့်ပြီး ပြောလိုက်သည်။

“မထင်မှတ်ထားဘူး... မင်း ချင်ယွမ်စမ်းသပ်ပွဲမှာ မသေဘဲ အသက်ရှင်နေသေးတယ်ဆိုတာ... ဒါပေမဲ့ ဒီလိုက ပိုကောင်းတယ်... ဒီတစ်ကြိမ်တော့ ငါကိုယ်တိုင် မင်းကိုဖြေရှင်းမယ်...”

လော့ချန်က ချင်ယွမ်စမ်းသပ်ပွဲတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို ပြန်လည်သတိရလိုက်ပြီး မျက်လုံးများထဲတွင် ဒေါသတစ်စချင်း ထင်ဟပ်လာကာ အေးစက်စွာ ပြောလိုက်သည်။

“တကယ်တမ်းပြောရရင် မင်း ဒီစင်မြင့်ပေါ်မတက်လာရင် နောက်ထပ်ရက်အနည်းငယ်လောက် အသက်ရှင်နိုင်သေးတယ်... ဒါပေမဲ့ အခုတော့ မင်းမှာ အခွင့်အရေးမရှိတော့ဘူး...”

ချင်ယွမ်ဖုန်းက မျက်ခုံးတစ်ဖက်ကို ပင့်တင်လိုက်ပြီး မထီမဲ့မြင်ပြုကာ ပြောလိုက်သည်။

“သေတော့မယ့်အချိန်ထိ မင်း ဒီလိုကြီးကြီးကျယ်ကျယ် ပြောနိုင်သေးတယ်ပေါ့... မင်း ပြင်ပစည်းဂိုဏ်းသားဖြစ်လာလို့ ငါနဲ့တန်းတူဖြစ်နိုင်မယ်လို့ မထင်နဲ့...”

"ဘုန်း…"

စကားပြောနေရင်းမှာပင် အနက်ရောင်အပြာရောင်ဖြင့် တောက်ပနေသည့် ကြယ်ခုနစ်ပွင့်ပါသည့် ဧရာမငှက်သိုင်းဝိညာဉ်တစ်ခုက ချင်ယွမ်ဖုန်း၏ နောက်ကျောတွင် ထင်ရှားလာပြီး သူ၏မျက်လုံးများမှ အားပြင်းသည့် ဖိအားတစ်ခုက ပေါက်ကွဲထွက်လာသည်။

“ကြယ်ခုနစ်ပွင့်သိုင်းဝိညာဉ်... အတော်လေး အားကောင်းတာပဲ...”

ကြည့်ရှုနေသူများက အံ့အားသင့်သွားကြသည်။

ချင်ယွမ်ဖုန်း၏ မျက်လုံးများက ဝိညာဉ်စွမ်းအင်ဖြင့် တောက်ပနေပြီး ဒေါသမထွက်ဘဲတောင် ပြင်းထန်သော စွမ်းအားကိုထုတ်နိုင်သည့် အရိပ်အယောင် ရှိသည်။ သူက လူသာမန်ဘဝဖြတ်ကျော်အဆင့်ငါးသို့ ရောက်ရှိပြီးဖြစ်ပြီး ကြယ်ခုနစ်ပွင့်သိုင်းဝိညာဉ်ကိုလည်း နိုးကြားထားသည်။

ကြယ်ခုနစ်ပွင့်သိုင်းဝိညာဉ်က အဆင့်မြင့်သိုင်းဝိညာဉ်အမျိုးအစားဖြစ်ပြီး အလွန်ရှားပါးသည်။ ထိုသိုင်းဝိညာဉ်ကို နိုးကြားထားသူများက သိုင်းပညာတွင် ထူးချွန်သူများ ဖြစ်သည်။

ရှရီက ခေါင်းအနည်းငယ်ညိတ်ပြီး မူလက ချင်ယွမ်ဖုန်းသည် လော့ချန်၏ပြိုင်ဘက် ဖြစ်နိုင်မလားဟု စိုးရိမ်ခဲ့သော်လည်း ယခု မြင်ရသည့်အတိုင်း ထိုစိုးရိမ်မှုက မလိုအပ်ပေ။

ကြယ်ခုနစ်ပွင့်သိုင်းဝိညာဉ်ကို နိုးကြားထားသည့် ချင်ယွမ်ဖုန်း၏ တိုက်ခိုက်ရေးစွမ်းရည်က တူညီသည့်အဆင့်ထဲတွင် ထိပ်တန်းဖြစ်ပြီး လော့ချန်ကို အနိုင်ယူရန်မှာ ပြဿနာမဟုတ်ပေ။

သိုင်းဝိညာဉ်ကို ထုတ်လွှတ်ပြီးနောက် ချင်ယွမ်ဖုန်းက မေးစေ့ကို အနည်းငယ်မော့လိုက်ပြီး လော့ချန်ကို အပေါ်စီးမှ စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။

“ဘယ်လိုလဲ... အခု ငါ့ရှေ့မှာ မင်း ဒီလိုမာန်တက်နိုင်သေးရဲ့လား...”

လော့ချန်က ခေါင်းအနည်းငယ်ခါလိုက်ပြီး အကြည့်များက တည်ငြိမ်အေးဆေးနေသည်။

“လှုပ်ရှားလိုက်တော့... မဟုတ်ရင် မင်းမှာ လှုပ်ရှားဖို့ အခွင့်အရေးတောင် မရှိတော့ဘူး...”

ထိုစကားထွက်လာသည်နှင့် လူအုပ်တစ်ခုလုံး အံ့အားသင့်သွားသည်။

ချင်ယွမ်ဖုန်း၏ မျက်နှာအရောင်က သံမဏိအလွှာကဲ့သို့ မည်းမည်းညစ်ညစ်ဖြစ်သွားပြီး လက်ချောင်းသုံးချောင်းကိုထောင်ကာ အေးစက်စွာ ပြောလိုက်သည်။

“သုံးချက်... သုံးချက်အတွင်း ငါ မင်းကို မြေပေါ်မှာ လဲကျပြီး ငါ့ဖိနပ်ဖုန်တွေကို လျက်စေရမယ်...”

All Chapters