← Chapters

ဒေါ်လာသန်း၃၀က များလား?

Vol. 21 Ch. 279

ဒေါ်လာသန်း၃၀က များလား?

Vol. 21 Ch. 279

“မစ္စတာဖန့် ကျွန်တော့်ကို ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါ ။ အရက်မူးပြီး စိတ်လွတ်ပြီး မှားမိတာပါ”ဖန့်ကြွယ်ယွီပြောတာကြားပြီး ကျန်းကျန်းကျုံးက ငိုယိုပြီး တောင်းပန်သည်။

သူက အသက်(၅၀) ရှိပြီမို့ အနုပညာအလုပ်မလုပ်ရလည်း ကိစ္စမရှိပေ။ သူနှစ်ပေါင်းများစွာ ကြိုးစားပမ်းစား တည်ဆောက်ခဲ့သော ဒါရိုက်တာဆိုသည့် ဂုဏ်ပုဒ်က မလှမပ နိဂုံးချုပ်ခဲ့သည်။ သို့သော် ဖန့်ကြွယ်ယွီက သူ့ကို ဒီလောက် အနေအထားနှင့် ရပ်နေမှ မဟုတ်ပေ။ သူ့ဘဝကျန်ရှိသောသက်တမ်းကို ထောင်ထဲမှာ ကုန်ဆုံးရန် လုပ်ဆောင်ပေဦးမည်။

ထောင်ထဲရောက်ပါက မုဒိမ်းမှုဖြင့် အကျဉ်းကျခံရသူများကို အနှိပ်စက်ခံရဆုံးဖြစ်သည်။ ထို့ကြောင့် ထောင်ထဲမှာ ကုန်ဆုံးရမည့် သူ့ဘဝကို မတွေးရဲတော့ပေ။

“ဘာဖြစ်တာလဲ။ မင်းက ထောင်ထဲမသွားချင်ဘူးလား”

သူ့အမူအရာကိုကြည့်ပြီး ဖန့်ကြွယ်ယွီက သုံးသပ်လိုက်သည်။

“ရတယ် ထောင်ထဲမသွားချင်ဘူးဆို ငါပိုင်တဲ့ စိတ်ကျန်းမာရေး ဆေးရုံမှာ နှစ်အတော်ကြာ နေမလား”

ကျန်းကျန်းကျုံးက သူပြောသည့် စိတ်ကျန်းမာရေး ဆေးရုံကို မျက်လုံးထဲ ပုံဖော်နေမိသည်။ထိုဆေးရုံမှာ ဘယ်လိုလူတွေရှိနေမလဲ။ ထိုနေရာမှာ တွေ့ကြုံရမည့် ခြောက်ခြားဖွယ်ရာများက ထောင်ထဲမှာ ကြုံတွေ့ရသည်ထက် ပိုမိုဆိုးဝါးနိုင်သည်။

တစ်လ နှစ်လအတွင်း လူကောင်းတစ်ဦးတောင် အရူးလုံးလုံး ဖြစ်သွားနိုင်မည်။

“ကဲ အဲ့တာကိုမှ မလုပ်ချင်ဘူးဆို နောက်တစ်ခုရွေး”

ဖန့်ကြွယ်ယွီက သူ၏ အဆီပြည့်နေသော ခန္ဓာကိုယ်ကိုကြည့်ပြီး “အရင်ဆုံး မင်းအကျီဝတ်လိုက်ဦး”

“ဟုတ်ကဲ့ “ ကျန်းကျန်းကျုံးက ဘေးနားမှာရှိနေသော အဝတ်များကို ကပျာကယာဝတ်လိုက်သည်။

“မင်းလုပ်ခဲ့တဲ့ အရာတွေ မင်းသိတယ်မလား။ ဒီကလေးမလေး စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုအတွက် ဆေးကုသစရိတ်ကို မင်းပေးမလား”

“ဟုတ် ပေးပါ့မယ်”

အကျဉ်းထောင်နှင့် စိတ်ရောဂါကုဆေးရုံကိုသွားမည့်အစား သူမကို လျော်ကြေးပေးရတာက သူ့အတွက် ပိုအဆင်ပြေသည်။

“ပြီးတော့ သူ့ဆီက ခွင့်လွှတ်မှုကိုလည်းရဖို့လိုတယ်မဟုတ်လား။ ခွင့်လွှတ်မှုကို ရဖို့အတွက်လည်း လျော်ကြေးပေးသင့်တယ်လို့ မထင်ဘူးလား။ အဲ့အတွက် တောင်းရင် များနေမလား”

“မများပါဘူး မများပါဘူး”

ခွင့်လွှတ်မှုလျော်ကြေးဆိုတာကို သူ့ဘဝမှာမကြားဖူးသော်လည်း အခုလို အနေအထားမှာတော့ ငြင်းဆန်ပိုင်ခွင့် မရှိပေ။

“ဒီမြင်ကွင်းကို ဘာကြောင့်များ ငါက ရင်းနှီးနေပါလိမ့်”

ဝမ်ချုံးက စိတ်ထဲတွေးနေမိသည်။

“အာ ဟုတ်သားပဲ”

ဖန့်ကြွယ်ယွီကို ကူးချန်ဂိုဏ်က ငွေညှစ်တုန်းက ဒီလိုမျိုးပဲ ကြုံတွေ့ခဲ့ရတာကို ပြန်အမှတ်ရလာသည်။

“အင်း အဲ့အတွက် အများကြီးမတောင်းချင်ပါဘူး။ ဒေါ်လာ သန်း ၃၀လောက်ဆို ရပါပြီ”

“သန်း သုံး-ဆယ်”

သူ့အနေနှင့် အများဆုံး သိန်းဂဏန်းလောက်သာ တွေးထားသော်လည်း ယခုတောင်းဆိုသည့် ပမာဏက အလွန်များပြားနေသည်။

သူ့ဘဝတစ်လျှောက်လုံး အပတ်တကုတ်ကြိုးစားရှာဖွေခဲ့သည့် အရာများကို ပေါင်းလိုက်လျှင်တောင်မှ သန်း ၃၀မပြည့်ပေ။ သူ့ရှိသမျှ အကုန်လျော်ကြေးပေးလိုက်ပါက သူက တောင်းစားရုံသာရှိတော့မည်။

“ဟဲဟဲ သန်း၃၀ဆိုတာ များသွားလား”

သန်း၃၀ဆိုသော ပမာဏက ကျပန်းနံပတ်တစ်ခုမဟုတ်ပေ။ ရှောင်းရီက သူပိုင်ဆိုင်သည့် ငွေကြေးနှင့် ပစ္စည်းဥစ္စာများကို သေချာစုံစမ်းပြီးမှ တွက်ချက်ထားသည့် ပမာဏဖြစ်သည်။

သူ့ဆီက လျော်ကြေးအနည်းငယ်ပဲတောင်းပါက သူက ကျန်သည် ပိုင်ဆိုင်မှုများဖြင့် ဘဝကို သက်တောင့်သက်သာ ဖြတ်သန်းခွင့်ရသွားပေမည်။ အရမ်းများပါကလည်း သူလိုက်မမီသော ပမာဏဖြစ်ပေလိမ့်မည်။

သန်း ၃၀ပမာဏကို တောင်းပါက သူက ငွေရေးကြေးရေးကြပ်တည်းပြီး လျော်ကြေးပေးရန် ချေးငှါးရသောအခါ အကြွေးတင်တော့မည်။ အနုပညာအလုပ်ကို လုပ်ကိုင်ခွင့်ပိတ်တာမို့ သူအကြွေးဆပ်နိုင်ရန် တခြားနည်းလမ်းရှာရပေတော့မည်။

“မစ္စတာဖန့် အဲ့လောက်ပမာဏကျတော့ ကျွန်တော် မတတ်နိုင်တော့ဘူး”

ကျန်းကျန်းကျုံးက မျက်ရည်ကျလုကျခင်ဖြစ်နေသည်။

သူ့အနေနှင့် မကောင်းမှုမကျူးလွန်ခင်ထဲက ဒီအချက်များကို ထည့်စဉ်းစားသင့်သည် မဟုတ်ပါလော။

“သန်း၃၀ဆိုတာ မစ္စတာဖန့်အတွက်တော့ မများတဲ့ပမာဏဆိုပေမဲ့ ကျွန်တော်တို့လို သာမန်လူအတွက်တော့ အတာ်လေးများတဲ့ ပမာဏပါ”

“အင်း တကယ်လား”

“မင်း ဘဏ်ကတ်ထဲမှာ ၇သန်းရှိတယ်။ ၁၉သန်းတန်တဲ့ အိမ် ၃လုံးရှိတယ်။ ကျန်တဲ့ ကားတွေ စတော့ရှယ်ယာတွေကလည်း သန်းနဲ့ချီတဲ့ ပမာဏရှိတယ်။ ငါပြောတာမှားလား”

“ဗျာ..”

ဖန့်ကြွယ်ယွီပြောတာက သူ့လက်ရှိအနေအထားနှင့် တစ်ထပ်တည်းကျတာမို့ ဘာမှပြန်မပြောနိုင်လောက်အောင် အံ့ဩမိသည်။သူက အကြားအမြင်ရနေတာလား?

“ငါ့နည်းလမ်းတွေကိုယုံပါ။ ဥပဒေနဲ့ မလွတ်ကင်းတဲ့လုပ်ရပ်တွေ ငါမလုပ်ပါဘူး။ ဒါပေမဲ့ အမြင့်ဆုံးထောင်ဒဏ်ကျအောင် လုပ်ပစ်နိုင်တယ်။ မုဒိမ်းကျင့်ဖို့ကြံစည်တာက

အနည်းဆုံးထောင်ဒဏ် ၁၀နှစ်ဆိုတာ သိတယ်မလား”

ကျန်းကျန်းကျုံးက နှလုံးခုန်မြန်လာသည်။ သူကထောင်ကထွက်ပါက အသက်၆၀ ဖြစ်သွားမည်မဟုတ်ပါလော။

“ပြီးတော့ မင်းက အခွန်လည်းရှောင်သေးတယ်။ ဒါလည်း အနည်းဆုံးထောင်ဒဏ် ၇ နှစ်ပဲ။”

“ပြီးတော့…”

“ရပါပြီ မစ္စတာဖန့် ကျွန်တော်ပေးပါမယ်။ သန်း ၃၀ဆိုတဲ့လျော်ကြေးကို ပေးပါ့မယ်”

“ဟား ညီလေးဖန့် မင်းက တရားသူကြီးတောင်ဖြစ်နေပါရော့လား။ မင်းက ဥပဒေဘာသာကို မာစတာဘွဲ့ယူလိုက်ပါ့လား”

“မစ္စတာဖန့် အဲ့လောက်ကြီးမလိုပါဘူး။ သူက ငါ့ကို ဘာမှမလုပ်ခဲ့ပါဘူး။ “

သင်းခယ့်က သူ့အကျီစကို ဆွဲပြီး ပြောသည်။

“မင်းက ကြင်နာတတ်လိုက်တာ။ အဲ့တာဆို မင်းလိုတဲ့ ပမာဏလောက်ကိုယူထား။ ကျန်တာကို ပရဟိတအဖွဲ့ကို ငါလှူပေးမယ်”

“အင်း”သင်းခယ့်က ခေါင်းညိမ့်ပြသည်။

“သင်းခယ့်..မင်းစကားပြောတတ်ချင်လား။ နားရောကြားချင်လား”

သင်းခယ့်ကိုသူ့ကိုမျက်လုံးပြူးပြီးကြည့်သည်။ သူမက မွေးရာပါ ဆွံ့အနားမကြားဖြစ်တာမို့ ဘယ်လိုလုပ်ပြီး ကုသပျောက်ကင်းနိုင်မည်နည်း။

“ဘာလဲ မင်းက ငါ့ကို မယုံဘူးလား”

သင်းခယ့်က ခေါင်ညိမ့်ရမလား ခေါင်းခါရမလားဆိုတာ မဝေခွဲတတ်ပေ။

“မင်း တခြားဟာစိတ်မပူနဲ့။ ဖြစ်ချင်လား မဖြစ်ချင်ဘူးလားပဲ ငါ့ကိုပြော”

“ဖြစ်ချင်တာပေါ့”

“ဒါဆိုရပြီ”

ဖန့်ကြွယ်ယွီက သူမအား ကျောင်းတံဆိပ်အား လျှို့ဝှက်စွာပေးပြီး ဝမ်ချုံးကို တစ်ချက်လှမ်းကြည့်သည်။

“မင်းက မိန်းမလှလေးတွေ လိုက်စုနေတာလား”

ဖန့်ကြွယ်ယွီက ဖယ်ခါနှင့် အိန်ဂျယ်ကိုခေါ်လာပြီး ယခုအခါ သင်းခယ့်ကို အဖွဲ့ထဲ ဝင်ခိုင်းပြန်သည်။

“မင်း ပါးစပ်ပိတ်ထား မဟုတ်တာတွေ လျှောက်မတွေးနဲ့”

“အကိုဝမ်..ဒီကိစ္စတွေကို ရှင်းထားပေး။သင်းခယ့်ကိုလည်း စောင့်ရှောက်ထားပေးဦး”

ဖန့်ကြွယ်ယွီက ရယ်ပြီးပြောသည်။

“ဟုတ်ပါပြီ မင်းက ငါ့သူဌေးဆိုတော့လည်း မင်းခိုင်းတာ လုပ်ရမှာပေါ့”

“အဲ့တာဆိုလည်း ကျေးဇူးပါပဲဗျာ”

ဖန့်ကြွယ်ယွီက သင်းခယ့်ကိုနှုတ်ဆက်ပြီး ဟိုတယ်ထဲက ပြန်ထွက်လာသည်။

“မင်းဘာတွေကြည့်နေတာလဲ”

ဝမ်ချုံးက ကျန်းကျန်းကျုံးကိုကြည့်ပြီးမေးသည်။

“မင်း ငါ့ကို အရှက်ခွဲတာ တော်လိုက်တော့။ အခုချက်ချင်း ဒီကထွက်သွား။ မင်း (၁၅) ရက်အတွင်း သန်း (၃၀) လာပေး။ ကလိမ်ကကျစ်ကျမယ်မတွေးနေနဲ့။ ငါက မင်းကို ဘာမှမလုပ်နိုင်ရင်တောင် မစ္စတာဖန့်က မင်းကို အလွတ်ပေးမှာမဟုတ်ဘူး”

ကျန်းကျန်းကျုံး၏ မျှော်လင့်ချက်ရောင်ခြည်များက သူ့စကားမှာကွယ်ပျောက်ခဲ့ရသည်။

All Chapters