← Chapters

သူက ထူးချွန်ပြောင်မြောက်တဲ့ အရာတွေမလုပ်ဆောင်နိုင်ဘူးလို့ ဘယ်သူပြောတာလဲ…

Vol. 21 Ch. 287

သူက ထူးချွန်ပြောင်မြောက်တဲ့ အရာတွေမလုပ်ဆောင်နိုင်ဘူးလို့ ဘယ်သူပြောတာလဲ…

Vol. 21 Ch. 287

ကျောင်းများက သူတို့၏ အနေအထားကို အရမ်းနှိမ့်ချပြီး ကမ်းလှမ်းရသည့်အချက်က ရှင်းလင်းပေသည်။ အဆင့်မြင့် သုတေသနစာစောင် ၂၀ ထုတ်ဝေနိုင်ခြင်းကတကယ်တော့ရှားပါးသော်ငြား သူတို့အတွက် ထိုမျှ နှိမ့်ချစရာမလိုပေ။ထို့ပြင် တခြား ဂျာနယ်များမှာလည်း သုတေသနစာစောင်အုပ်စုလိုက် ထုတ်ဝေသည့်ဖြစ်ရပ်များကရှိခဲ့သည်။

သို့သော်လည်း ကျွမ်းကျင်သူများသည် ဖန့်ကြွယ်ယွီ၏ သုတေသနများက သုတေသနလောကနှင့် ကမ္ဘာကြီးတစ်ခုလုံးကိုပြောင်းလဲနိုင်ကြောင်း နှင့် နိုဘယ်ဆုကိုပင် ရရှိနိုင်ကြောင်း သုံးသပ်ပြောဆိုကြသည်။

အဆင့်မြင့်စာစောင်များ ရေးသားထုတ်ဝေနိုင်ခြင်း နှင့် နိုဘယ်ဆုရရှိခြင်းက အနေအထားချင်း မတူပေ။ နှစ်တိုင်း

အဆင့်မြင့်သုတေသနများစွာထုတ်ဝေနိုင်ကြသော်လည်း နိုဘယ်ဆု ရရှိဖို့ဆိုတာ မဖြစ်နိုင်ကြပေ။

ဖန့်ကြွယ်ယွီ ရေးသားထားသော စာတမ်းများဖြင့် နိုဘယ်ဆိုလျှောက်ထားပါက သူဆုရနိုင်ချေက ၈၀%လောက် သေချာသည်။ ထို့ကြောင့် နာမည်ကြီးတက္ကသိုလ်များက အပြိုင်အဆိုင်လိုချင်နေကြခြင်းဖြစ်သည်။

ဖန့်ကြွယ်ယွီကိုရရန် တကမ္ဘာလုံးမှာရှိသောကျောင်းများက အသည်းအသန်ပြိုင်ဆိုင်နေကြသည်။ အများစုက သူသည် ကျန်းနန်အိမ်ရာမှာနေထိုင်တာကိုသိကြသော်လည်း အစောင့်အကြပ်များချထားသဖြင့် အပြင်လူများက အိမ်ရာထဲဝင်ခွင့်မရပေ။

ရက်ပေါင်းများစွာကြာ အိမ်ရာ၏ ဝင်ပေါက်တွင် တရုတ်တက္ကသိုလ်များနှင့် နိုင်ငံခြားတက္ကသိုလ်မှ ကိုယ်စားလှယ်များနှင့် သတင်းထောက်များဖြင့် စည်ကားနေသည်။

ထိုသတင်းကိုကြားသော ဟိုတယ်လုပ်ငန်းရှင်များကလည်း အခွင့်အရေးကိုလက်လွှတ်မခံဘဲ ထိုနေရာနားမှာ ဟိုတယ်များကို ညတွင်းချင်း ဖွင့်လှစ်ရန် အစီအမံသစ်များ ရေးဆွဲကြတော့သည်။

ဖန့်ကြွယ်ယွီ၏ ပုံစံနှင့်ဆို တစ်ခုမဟုတ်တစ်ခု သတင်းထူးနေမှာဖြစ်သည်။ ထို့ကြောင့် သူ့အနီးအနားဝန်းကျင်က စီးပွါးရေးအချက်အချာကျသော နေရာဖြစ်လာနိုင်သည်။ ထို့ပြင် နှစ်ဝက်ကြာ မတက်ခဲ့သော အိမ်စျေးနှုန်းများလည်း ချက်ချင်းဆိုသလို တက်လာခဲ့သည်။

“ဟ..မင်းတို့က ငါ့ကို ဒီလိုနည်းနဲ့ ဖမ်းလို့ရမယ်ထင်နေတာလား”

ဖန့်ကြွယ်ယွီက ပေါ့ပေါ့ပါးပါးဝတ်စားထားကာ လသာဆောင်မှတစ်ဆင့် ဝင်ပေါက်နားကထိုမြင်ကွင်းကို မှန်ပြောင်းမှတစ်ဆင့် ကြည့်နေသည်။ တချို့က ရွက်ဖျင်တဲများပင် ယူလာကြပြီး သူ့ကို စောင့်ပြီးတွေ့အောင်ဖမ်းမည့် သဘောဖြစ်သည်။

“တရုတ်ယဉ်ကျေးမှုဆိုတာ အကျယ်ကြီးကွ။ ရုပ်ပြောင်းရုပ်လွှဲပညာရော ကြားဖူးကြလား”

ကူးရီက ယခင်က သုံးဖူးခဲ့သော အရာကို သူက ကျွမ်းကျင်ပိုင်နိုင်စွာ သုံးနိုင်နေပြီဖြစ်သည်။ စက္ကန့်ပိုင်းလေးအတွင်း သူ၏ မျက်နှာကြွက်သားများနှင့် အရိုးများကို ချက်ချင်းပြောင်းလဲလိုက်သည်။

“အင်း မဆိုးပါဘူး”

ဖန့်ကြွယ်ယွီက မှန်ထဲမှာပေါ်နေသော သူ့ကိုယ်သူကြည့်ရင်း ရေရွတ်သည်။

ကျောင်းအုပ်ကြီးက သူ့ကို လက်ဖက်ရည်သောက်ခေါ်ကြောင်း ကျောရှန်ခယ့်က ဒီနေ့ပဲ ဖုန်းဆက်ပြီး အကြောင်းကြားသည်။

သူကလည်း ကျန်းနန်တက္ကသိုလ်မှ ထွက်ရန် အစီအစဉ်မရှိပေ။ ဒီကိစ္စဘယ်လိုဆက်ဖြစ်မလဲဆိုတာ သူက သိချင်ရုံသပ်သပ်ပဲဖြစ်သည်။

“ရှောင်းရီ နေရောင်ခြည်သုံးဓာတ်ပေါင်းဖိုကို ခဏဖြုတ်ထားပေး”

သူ၏ အမိန့်ပေးမှုအောက်တွင် ကားသည် သူ၏ နဂိုမူလပုံစံအတိုင်း ကျန်းနန်တက္ကသိုလ်၏ ကားပါကင်တွင် ပေါ်လာသည်။

“ဒါက တကယ်မိုက်တာပဲ။ အဆင့်မြင့်နည်းပညာတွေကို ငါအရမ်းသဘောကျသွားပြီ”

ဖန့်ကြွယ်ယွီက သက်ပြင်းတစ်ချက်ချပြီး တက္ကသိုလ်၏ ရုံးခန်းအဆောက်အဦထဲ ဝင်သွားသည်။

ဒီတစ်ကြိမ်မှာ အစည်းအဝေးက ကျောင်းအုပ်ကြီးရုံးခန်းမှာ လုပ်တာမဟုတ်ဘဲ ရုံးခန်းပထမထပ်ရှိ အစည်းအဝေးခန်းမတွင် ပြုလုပ်ခြင်းဖြစ်သည်။ ထိုနေရာတွင် ပါမောက္ခများစွာက သူ့အလာကို စောင့်မျှော်နေကြသည်။

“ဝိုး လူအများကြီးပါလား”

ဖန့်ကြွယ်ယွီက တံခါးကိုဖွင့်လိုက်ချိန်တွင် လူအများကြီးကိုမြင်လိုက်ရပြီး တွန့်ခနဲဖြစ်သွားသည်။

ဒီနေ့က ဘာလုပ်ဖို့ပါလိမ့်?

ပါမောက္ခခန့်အပ်ဖို့ကိစ္စကို ဆွေးနွေးဖို့လား!

“ရှောင်းဖန့် မင်းရောက်လာပြီကိုး။ ဒီမှာရှိနေတဲ့လူတွေအားလုံး မင်းရောက်လာမဲ့အချိန်ကို မျှော်နေကြတာ”

ကျောင်းအုပ်ကြီးက သူ့ကို အပြုံးဖြင့် ဆီးကြိုနှုတ်ဆက်သည်။

“ကျောင်းအုပ်ကြီး ဒါက…”

“ဪ အရင်တစ်ခေါက်တုန်းက မင်းကို ဂုဏ်ထူးဆောင်ပါမောက္ခအဖြစ်နဲ့ခန့်အပ်မယ်ဆိုတုန်းက အငြင်းပွါးစရာကိစ္စရပ်လေးတွေရှိခဲ့ကြတယ် မဟုတ်လား။ ဒီတစ်ကြိမ်မှာတော့ မင်းရဲ့အရည်အချင်းနဲ့ လုပ်ဆောင်ချက်တွေကို အားလုံးက အသိအမှတ်ပြုကြတာမို့ မင်းကို ပါမောက္ခရာထူးပေးဖို့ စောင့်နေကြတာ”

“ကျောင်းအုပ်ကြီး..ကျွန်တော်က ကျောင်းကို မချစ်တာမဟုတ်ပါဘူး။ ဆရာတို့မလိုချင်တုန်းက ငြင်းပြီး သဘောကျလာမှ လက်ခံတာက ကျွန်တော့်ဘက်ကို စဉ်းစားပေးပါတယ်လို့ ပြောလို့ရလို့လား”

ဖန့်ကြွယ်ယွီက ထိုလူများကို အထိနာစေရန် တမင်သက်သက်ပြောလိုက်ခြင်းဖြစ်သည်။

“ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တွေက မက်လုံးတွေပေးပြီး ကျွန်တော့်ကို ကမ်းလှမ်းနေတာ အားလုံးလည်းသိကြမှာပေါ့လေ”

All Chapters