ရှန်းကွမ်ဗျူရို
Vol. 21 Ch. 290
ခေါင်းဆောင်၏ သဘောတူညီချက်ဖြင့် အသစ်စက်စက်ဌာနတစ်ခုသည် ချက်ချင်းပင် ပေါ်ပေါက်လာတော့သည်။
တရုတ်ပြည်၏မူ တရားဝင်စွမ်းအားရှင်အဖွဲ့အစည်း၏ နာမည်သည် ယန်ဟွမ်ဖြစ်ပြီး ခေါင်းဆောင်ဖြစ်သူသည် အဆင့်(၈) စွမ်းအားရှင်တစ်ဦးဖြစ်သည်။ တကမ္ဘာလုံးတွင် အဆင့်-၇ စွမ်းအားရှင် ရှစ်ဦး ရှိပြီး အဆင့်-၈ စွမ်းအားရှင် နှစ်ဦးသာရှိသည်။ တစ်ဦးက အမေရိကန်ပြည်ထောင်စုမှာရှိပြီး ကျန်တစ်ဦးက တရုတ်ပြည်မှ ဖြစ်သည်။
ယန်ဟွမ်တွင် တည်ရှိသော စွမ်းအားရှင်များ၏ အစွမ်းအရ ဌာနခွဲပေါင်းများစွာရှိသည်။ တိုက်ခိုက်ခြင်းမရှိဘဲ စာရင်းပိုင်းဆိုင်ရာနှင့် ရုံးပိုင်းဆိုင်ရာကိစ္စရပ်များကို တာဝန်ယူထားသော ဝန်ထမ်းများလည်းရှိသည်။ ထိုဌာနသစ်ကို ယန်ဟွမ်အဖွဲ့၏ အခြေခံအုတ်မြစ်အဖြစ် တည်ထောင်ခဲ့သည်။
ထိုဌာနသည် ယန်ဟွမ်အဖွဲ့နှင့် ဆက်စပ်သော်ငြား သီးခြားရပ်တည်မည့်ဌာနဖြစ်ပြီး ကိုယ်ပိုင် စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုပုံစံများပါဝင်ကာ ခေါင်းဆောင်၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်မှာတည်ရှိသည်။ ထို့ကြောင့် ဖန့်ကြွယ်ယွီ၏ အာဏာသည် လွန်စွာမှ ကြီးမားပေသည်။
“ခေါင်းဆောင်ရဲ့ အလုပ်လုပ်နိုင်စွမ်းက တကယ်မြန်တာပဲ”
တတိယမြောက်နေ့တွင် ဖန့်ကြွယ်ယွီထံသို့ ယန်ဟွမ်တံဆိပ်ပါဝင်သော အနီရောင်စာအုပ်တစ်ခုကိုရရှိခဲ့သည်။ ထိုတံဆိပ်သည် သာမန်တံဆိပ်တစ်ခုမဟုတ်ဘဲ ကွန်ပျူတာတစ်ခုနီးပါး လုပ်ဆောင်နိုင်သော ရှုပ်ထွေးသည့် စနစ်တစ်ခုလည်းပါဝင်သည်။
“ခေါင်းဆောင်က ငါ့ကို နာမည်ပေးခိုင်းတာပဲ”
သူက စာအုပ်ကို ဖွင့်ကြည့်သောအခါ သူ၏ IDကို ရေးထားသော်လည်း အဖွဲ့နာမည်နေရာမှာ အလွတ်ကြီးဖြစ်နေသည်။
“အမေရိကန်မှာ S.H.I.E.L.Dဆိုတဲ့ အဖွဲ့ရှိတာဆိုတော့ ငါတို့အဖွဲ့ကိုလည်း ရှန်းကွမ်ဗျူရိုလို့ ခေါ်ရမယ်”
ဖန့်ကြွယ်ယွီက သေချာစဉ်းစားပြီးနောက် ထိုနာမည်ကို ကွက်လပ်တွင် ဖြည့်လိုက်သည်။
ထိုပစ္စည်းများကို ခေါင်းဆောင်၏ ကိုယ်ရေးသက်တော်စောင့်ဖြစ်သူက လာပို့ခြင်းဖြစ်သည်။ ထိုသူက ခေါင်းဆောင်ပြောသည့်အတိုင်း ထူးခြားပြီး လျှို့ဝှက်ချက်များစွာနှင့် ပြည့်နေသောလူဖြစ်သည်။
“ဟေး မင်းနာမည်ဘယ်လိုခေါ်လဲ”
“အကြံပေးဖန့် ..ငါ့နာမည်က ဟူရီ ပါ”
“ငါ အမှတ်မမှားဘူးဆို မင်းက SSSအဆင့် စွမ်းအားရှင်တစ်ဦးမလား”
ဖန့်ကြွယ်ယွီက သူ၏အစွမ်းကို တစ်ချက်ကြည့်ရုံဖြင့် သိသည်။
“ဒီလောက်အစွမ်းလေးနဲ့ ခေါင်းဆောင်ကိုကာကွယ်နေတာ မလုံလောက်ဘူးထင်တာပဲ”
ဟူရီက မျက်နှာတစ်ချက်မပျက်သွားပေ။ ဖန့်ကြွယ်ယွီက အမှန်တွေကိုပြောပြနေခြင်းဖြစ်၏။တရုတ်ပြည်မှာ စွမ်းအားရှင်ပေါင်းများစွာရှိပြီး သူ၏ အစွမ်းက ထိပ်ပိုင်းတွင်မရှိနေပေ။
“အကြံပေးဖန့် လွန်ခဲ့တဲ့အနှစ် ၂၀ တုန်းက တရုတ်ပြည်ကို စွမ်းအားရှင်တစ်ဦးမှ ဝင်ရောက်လာတာမရှိသေးဘူးလေ။ ပြည်တွင်းမှာ စာရင်းသွင်းထားတဲ့ စွမ်းအားရှင်တွေကြားထဲမှာတော့
ငါ့အစွမ်းက လုံလောက်ပါတယ်”
“ဟား ကွေ့ပတ်ပြီးပြောမနေပါနဲ့။ စွမ်းအားရှင်တွေထဲမှာ ဘယ်သူကမှ ခေါင်းဆောင်ရဲ့ သက်တော်စောင့် မဖြစ်ချင်ကြဘူးဟုတ်”
ဖန့်ကြွယ်ယွီက ရယ်မောရင်း ဟူရီကိုကြည့်ကာ ပြောလိုက်သည်။
တရုတ်ပြည်ရှိစွမ်းအားရှင်များသည် သာမန်ပြည်သူအသိုင်းအဝိုင်းမှ ဆင်းသက်လာကြသည်။ တချို့က မွေးရာပါ ပါရမီပါလာသူများဖြစ်ပြီး တချို့က ကျင့်ကြံယူကြသည်။ သို့သော် နိုင်ငံ၏ စီမံခန့်ခွဲမှုအောက်ကို မရောက်တုန်းက စွမ်းအားရှင်များ၏ ဘဝက လွတ်လပ်သောဘဝဖြစ်၏။ ထိုသို့လွတ်လပ်သည့် ဘဝကို အသားကျနေသူများအဖို့ သူတို့၏ လွတ်လပ်မှုကို လိုလိုချင်ချင် လက်လွှတ်ချင်ပါ့မည်နည်း။
ဟူရီက ဘာမှပြန်မပြောပေ။ စွမ်းအားရှင်အဖွဲ့ခေါင်းဆောင်မှလွဲ ပြီး ကျန်သူများက နိုင်ငံ၏အထောက်အပံ့ကိုယူထားပြီး အများစုက စွမ်းအားရှင်များကို လေ့ကျင့်သင်ကြားပေးသည့် အလုပ်များကို လုပ်ဆောင်ကြသည်။
သူတို့က ခေါင်းဆောင်ကို ၂၄နာရီ ၇ရက်မပျက် မစောင့်ရှောက်လိုကြပေ။ သူတို့၏ အဖွဲ့ခေါင်းဆောင်မှာလည်း စီမံခန့်ခွဲရသည့် ကိစ္စများစွာရှိတာမို့ ခေါင်းဆောင်ကို အချိန်ပြည့်မစောင့်ရှောက်နိုင်ပေ။ ထို့ကြောင့် ဟူရီက သက်တော်စောင့်တာဝန်ကို ယူလိုက်ရသည်။
ကံကောင်းထောက်မစွာဖြင့် တရုတ်ပြည်ထဲကို SSSအဆင့်ထက်မြင့်သော စွမ်းအားရှင်တစ်ဦးမှ ဝင်မလာသေးတာမို့ ခေါင်းဆောင်၏ လုံခြုံရေးအတွက် စိတ်မပူရပေ။
“ဒီလိုဆိုရင်ရော..ခေါင်းဆောင်ကို စောင့်ရှောက်ဖို့ တစ်ယောက်ယောက်ကိုရှာပေးလိုက်ပါလား။မင်း လေ့ကျင့်နိုင်ဖို့ ငါစီစဉ်ပေးမယ်”
ဖန့်ကြွယ်ယွီက ဟူရီကို အကြံပေးသည်။
“ဒါပေမဲ့..”
“ခေါင်းဆောင်ကိုကာကွယ်ဖို့ မင်းကိုယ်မင်း ဒီ့ထက်ပိုပြီး အစွမ်းထက်ချင်လား”
“ဖြစ်ချင်တာပေါ့ဗျာ”
ဟူရီက မေးခွန်းကို မဆိုင်းမတွ ပြန်လည်တုံ့ပြန်သည်။
“ဒါဆိုရပြီ။ခေါင်းဆောင်ကို ငါပြောပေးမယ်။ မင်းက ဒီတိုင်းရှိနေရင်ရပြီ။ နှစ်လအတွင်း မင်းက အဆင့်-၄ အောက်မှာရှိတဲ့ ဘယ်စွမ်းအားရှင်ကိုမဆို အနိုင်ရတဲ့သူဖြစ်လာစေရမယ်လို့ ငါအာမခံတယ်”
“တကယ်ကြီး”
“လွန်ခဲ့တဲ့ရက်တုန်းက ငါစင်ကာပူမှာရှိနေတဲ့အချိန် အဆင့်မြင့်စွမ်းအားရှင်ကိုတောင် ငါက အသာလေးအနိုင်ရခဲ့တာ။ လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ငါက သာမန်ကျောင်းသားလေးတစ်ဦးသာသာပဲရှိတာ”
“ဘာလဲ မင်းက ငါပြောတာမယုံဘူးလား”
ဟူရီ၏ မျက်ဝန်းထဲက သံသယအကြည့်များကို မြင်လိုက်ရသဖြင့် ထိုသို့ပြန်မေးလိုက်သည်။
ဘယ်လောက်ပဲအပြောကောင်းနေပါစေ အလုပ်ဖြင့် သက်သေပြဖို့ လိုအပ်ပေသည်။ ချက်ချင်းဆိုသလို ဖန့်ကြွယ်ယွီက သူ၏ အစွမ်းကိုထုတ်ပြီး ဟူရီကို အနိုင်ယူလိုက်သည်။
တခဏလေးအတွင်းမှာ သူသည် ရေတံခွန်အောက်ခြေမှာရောက်နေသလိုခံစားရပြီး လှုပ်လို့လည်းမရသလို ပြင်းထန်သောဖိအားကြောင့် အသက်လည်းမရှုနိုင်ပေ။ ထိုသို့အစွမ်းက စွမ်းအားရှင်များမှာပဲ ရှိနိုင်သည်။
“ခေါင်းဆောင်ကို ဒီနေ့ပဲတင်ပြလိုက်ပါ့မယ်”
ဟူရီက နဖူးက ချွေးကိုသုတ်ရင်း ချက်ချင်းဆိုသလို သဘောတူလက်ခံလိုက်သည်။
“အကြံပေးဖန့်..ခေါင်းဆောင်ရွေးထားတဲ့ အယောက်၃၀က ယန်ကျင်းမှာ အသင့်စောင့်နေကြပါတယ်။ မင်းအဲ့ကို ဘယ်အချိန်သွားမှာလဲ”
“သန်ဘက်ခါလောက်ပေါ့။ မင်းအလုပ်တွေ လွှဲပြီးတာနဲ့ ငါ့ဘာသာအဲ့ကိုလာခဲ့လိုက်မယ်”
“ကောင်းပါပြီ ကျွန်တော်အဲ့ဒီ့မှာ စောင့်နေပါ့မယ်”
ဟူရီက ဖန့်ကြွယ်ယွီကို အလေးပြုပြီးနောက် ထွက်သွားခဲ့သည်။
“ဪ သနားစရာပါလား။ သူတို့မှာ စွမ်းအားရှင်ဖြစ်နေကြပေမဲ့ နတ်ဘုရားအကယ်ဒမီနဲ့ ဘာမှ ဆက်စပ်မှုမရှိနေကြဘူး”
ဖန့်ကြွယ်ယွီက အမိန့်မနာခံသော စွမ်းအားရှင်များကို နတ်ဘုရားအကယ်ဒမီဆီ ခေါ်လာဖို့ အကြံအစည်မရှိပေ။ သူ့အတွက် သစ္စာရှိမှုက အရည်အချင်းထက်ပိုပြီးအရေးကြီးသည်။
သူ၏ ကားဖြင့် ကျန်းနန်မြို့နှင့် ယန်ကျင်းမြို့ကို နေ့ချင်းပြန်သွားလာနိုင်သည်။ စွမ်းအားရှင်များအတွက် နိုင်ငံက အကုန်အကျခံပြီး တည်ဆောက်ထားသောအဆောက်အဦသည် သူတို့၏ နေ့စဉ်လှုပ်ရှားမှု နှင့် လေ့ကျင့်ရေး လုပ်ငန်းများအတွက် အထူးစီမံပြီး ပြုလုပ်ထားသည်။ အပြင်ပန်းကကြည့်လျှင် စစ်တပ်အဆောက်အဦနှင့်တူပြီး အထဲမှာတော့ တရုတ်ပြည်အတွက် အထူးလိုအပ်သည့် လျှို့ဝှက်အဖွဲ့ကို ထားရှိသည်။
ယနေ့သည် ဖန့်ကြွယ်ယွီက အထူးအကြံပေးပုဂ္ဂိုလ်အဖြစ်စတင်အမှုထမ်းသောနေ့ဖြစ်သည်။ ခေါင်းဆောင် ကိုယ်တိုင်ရွေးချယ်ထားသော စွမ်းအားရှင်အယောက် ၃၀က လေ့ကျင့်ကွင်းတွင် အသင့်စောင့်နေကြသည်။
သူတို့က အတော်ဆုံးစွမ်းအားရှင်များဖြစ်ကြပြီး သူတို့၏ အပြုအမူက မာန်မာနထောင်လွှားသည့်ပုံစံဖြစ်သည်။ စွမ်းအားရှင်များအချင်းချင်း ကောင်းကောင်းမွန်မွန် ပြုမူဆက်ဆံကြသည်။
ယနေ့မှာ သူတို့အားလုံး တညီတညာတည်း လာရောက်စောင့်ဆိုင်းနေကြသည်။
ယန်ဟွမ်အဖွဲ့က အကြံပေးအသစ်တစ်ဦးကိုခန့်အပ်ခဲ့သည်ဟု သတင်းရသည်။
သူတို့အဖွဲ့က ထိုအကြံပေးကိုယ်တိုင် လေ့ကျင့်သင်ကြားပေးမည့် ပထမဆုံးအဖွဲ့ဖြစ်သည်။
သူတို့အမိန့်နာခံရမည့်လူက အနည်းဆုံးတော့ သူတို့လိုအစွမ်းအစရှိသင့်သည်ဟု ယူဆကြသည်။ သူတို့အနေအထားနှင့်ဆို အပြင်လောကမှာ သက်တောင့်သက်သာနေနိုင်သည်။ သူတို့မလုပ်ချင်သော အရာအတွက် လွတ်လပ်ခွင့်ကို ဘာကြောင့်များ အဆုံးရှုံးခံရမည်နည်း။
“ဟေး မင်းတို့ကြားပြီးကြပြီလား။ အကြံပေးဆိုတဲ့လူက လူငယ်လေးဆိုပဲ”
“ဘာ သူက ဒါတောင် ဒီကိုလာရဲတယ်ပေါ့”
“သူ့ကို မှတ်လောက်သားလောက်အောင်ပညာပေးပြီး ပြန်လွှတ်လိုက်မယ်။ ဒါမှ ဒီကောင် စခန်းကို ထပ်မလာရဲမှာ”
“ထူးဆန်းတယ်ကွ။ ကလေးသာသာလောက်ကောင်ကို အကြံပေးဘာလို့ခန့်တာလဲ။ ငါတို့ကို အမိန့်နာခံတဲ့ မွေးကင်းစကလေးတွေလို့ထင်နေတာလား”
“ငါကြားဖူးတာက သိုင်းသမားတွေက ဘဝကို သာသာယာယာ အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်လောက်အောင် ချမ်းသာကြတယ်ဆိုပဲ”
“ဟင် အဲ့တာ ဟိုမိန်းမကြောင့်ပေါ့ကွာ”
“ပြောစမ်းပါဦး။ တရုတ်ပြည်ရဲ့ အဆင့်ရှစ်စွမ်းအားရှင်က မိန်းကလေးဆို။ သူ့ကိုတော့ လေးစားပါရဲ့။ ဒါပေမဲ့ လက်မခံနိုင်ဘူး။ သူ့ကို အနိုင်ယူနိုင်လောက်တဲ့ အစွမ်းမရှိသေးလို့ပေါ့ကွာ”
“တိုးတိုးပြောပါကွ။ ခေါင်းဆောင်ကြားသွားရင် မင်းတော့ ဒုက္ခရောက်တော့မှာပဲ။ အဲ့မိန်းမကို စော်ကားမော်ကားပြောလို့မရဘူးဆိုတာ မင်းလည်းသိတာပဲ”
“ဟေး ခင်ဗျားတို့ဘာတွေ တီတိုးပြောနေကြတာလဲ”
ထိုအချိန်မှာ သူတို့၏ နောက်ဘက်မှ လူငယ်လေးတစ်ဦး၏ အသံထွက်လာသည်။
“ဒီနေ့ကစပြီး ယန်ဟွမ်ရဲ့ဌာနသစ် ရှန်းကွမ်ဗျူရိုကို တရားဝင်တည်ထောင်လိုက်ပြီ။ ငါက မင်းတို့ရဲ့ အထူးအကြံပေး ဖန့်ကြွယ်ယွီ”