← Chapters

မင်းတို့ ငါ့ကို ဘယ်လိုမျိုး ခေါ်ချင်ကြလဲ။

Vol. 21 Ch. 291

မင်းတို့ ငါ့ကို ဘယ်လိုမျိုး ခေါ်ချင်ကြလဲ။

Vol. 21 Ch. 291

“ဟားဟား နို့နံ့တောင်မစင်သေးတဲ့ကလေးသာသာပါကွာ”

“ဟေး ဟဲသုံ ပေါက်ကရမပြောနဲ့။ သူ့ကိုငါသိတယ်။ သူက ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖန့်ကြွယ်ယွီ။ သူက သိပ်မကြာခင်ကပဲ သုတေသနလောကမှာ နာမည်ကြီးသွားသေးတာ”

“မဖြစ်နိုင်တာ။ ဒါဆို သူက အကြံပေးဆိုတဲ့ ရာထူးကို ငွေပေးပြီးဝယ်ထားတာပေါ့”

“ငါတော့ မထင်ပါဘူး။ သူ့နောက်ထပ်အလုပ်က သုတေသနလုပ်တာမလား။ သူက ဒီကိုလာတာ ငါတို့ခန္ဓာကိုယ်တွေကို စမ်းသပ်ဖို့ဖြစ်မယ်”

ဟူရီမှ လွဲပြီး ရှိနေသော လူအကုန်လုံးက ဖန့်ကြွယ်ယွီကို တစ်ယောက်တစ်ပေါက် ဝေဖန်ပြောဆိုကြသည်။ သူတို့က အချုပ်အနှောင်ကင်းကင်းလွတ်လွတ်လပ်လပ်နေလိုသဖြင့် ဖန့်ကြွယ်ယွီကို စိတ်ဓာတ်ကျအောင်လုပ်ဖို့ ရည်ရွယ်ကြသည်။

“ငါ ထင်ထားတာထက် ပိုပြီး ကမောက်ကမဖြစ်နေတာပဲ”

ဖန့်ကြွယ်ယွီက ခေါင်းကိုခါရမ်းသည်။

သိုင်းလောကအဖွဲ့အစည်းက ပရမ်းပတာဖြစ်နေသည်ဟု သူထင်ထားသော်လည်း စွမ်းအားရှင်အဖွဲ့ကလည်း မထူးမခြားမနားဖြစ်သည်။ သူတို့ထက်ပိုပြီး အင်အားကြီးသောအနေအထားဖြင့် အုပ်ချုပ်ပြမှသာ နိုင်ငံ၏ ထိန်းချုပ်မှုကို လက်ခံမည့်သဘောဖြစ်၏။

“ရယ်နေတာတွေ ရပ်ကြစမ်း”

ဖန့်ကြွယ်ယွီက ဝေဖန်ခံရသော်လည်း ဘာမှမဖြစ်သည့်ပုံစံနှင့် ခပ်တည်တည်ဖြစ်နေသည်။

“မင်းတို့ပြောတာတွေ ပြီးပြီဆို ဘာလုပ်ရမယ်ဆိုတာ ဆက်ပြောပြမယ်”

ဖန့်ကြွယ်ယွီ၏ ပုံစံကိုကြည့်ပြီး အယောက် ၃၀သော စွမ်းအားရှင်များက အံ့အားသင့်နေကြသည်။

“ဒီအဖွဲ့ကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်က စွမ်းအားရှင်တွေနဲ့ သိုင်းသမားတွေကို တပေါင်းတစည်းထဲ စီမံအုပ်ချုပ်လိုတဲ့အတွက်ဖြစ်တယ်”

“ဟမ် ဒီမှာရှိနေတဲ့ငါတို့ကို ငတုံးလို့ထင်နေတာလား”

ခပ်ဝဝဖိုင့်ဖိုင့် စွမ်းအားရှင်တစ်ဦးက လှမ်းအော်သည်။

“ငါတို့နဲ့ သိုင်းလောကအဖွဲ့တွေက မတည့်ကြတာအားလုံးအသိပဲ။ ငါတို့က တစ်ဦးနဲ့တစ်ဦး ခိုက်ရန် မဖြစ်ပွါးဖူးဆိုလျှင်တောင် တူတူတပေါင်းတစည်းထဲနေဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဥက္ကဌ လုံထင် တောင်မှ ဒါမျိုးတစ်ခါမှ မပြောဖူးဘူး”

“နောက်ပိုင်းမှာ မင်းတို့ကို ငါ အမိန့်ပေးရင် စိတ်ထင်ရာလျှောက်ပြောခွင့်လည်း မပေးသလို လှုပ်လို့လည်း မရဘူး။ဒါက ပထမဆုံးအကြိမ်မို့ မင်းတို့က စည်းမျဉ်းကို မသိလို့ လုပ်မိတာဆိုပြီး ခွင့်လွှတ်ပေးမယ်။ နောက်တစ်ခါ ငါစကားပြောနေတုန်း ဖြတ်ပြောရင် လွယ်လွယ်ကူကူ မကျေအေးပေးဘူးမှတ်ထားကြ”

ဖန့်ကြွယ်ယွီ၏ အသံက မာကျောခက်ထန်ပြီး ဒေါသထွက်နေသည့်ပုံပေါ်သည်။

“နို့နံ့တောင်မစင်တဲ့ကောင်ကို အကြံပေးခန့်ရတယ်လို့။ ဥက္ကဌက ရူးများသွားတာလား”

ဖန့်ကြွယ်ယွီ၏ စကားကို အခုထိအလေးမထားကြဘဲ စွမ်းအားရှင်များက ယခင်အတိုင်းပင် တီတိုးပြောဆိုပြီး သူ့ကို မထီမဲ့မြင် ပြုနေကြသည်။

“ကောင်းပြီလေ ခေါင်းမာတဲ့ကောင်တွေ ငါနဲ့ တွေ့ကြပြီပေါ့။ မှတ်လောက်သားလောက်အောင် သင်ခန်းစာပေးရမယ်”

“ဝှစ်”

ဖန့်ကြွယ်ယွီ၏ လှုပ်ရှားမှုကို သတိမထားမိကြဘဲ လေတိုက်သွားသည်ဟု ထင်မြင်ကြသည်။ အခုနက စကားပြောနေသော စွမ်းအားရှင်က လေပေါ်မြောက်တက်သွားပြီး သူ့မျက်နှာပေါ်တွင် အနီရောင်လက်ဝါးရာကြီး ထင်နေသည်။

“ဆောရီးကွာ။ မျက်နှာကို မရိုက်ချင်ပါဘူး။ ဒါပေမဲ့ စည်းမရှိကမ်းမရှိ ပါးစပ်တွေက ငါ့ရဲ့ စည်းမျဉ်းက အကြုံးမဝင်နေဘူး”

ဖန့်ကြွယ်ယွီက စကားပြောရင်း အိတ်ကပ်ထဲက လက်ကိုင်ပုဝါကို ထုတ်လိုက်သည်။

“ဟား မင်းတို့တွေ မျက်နှာရောသစ်ကြရဲ့လား။ မင်းတို့မျက်နှာပေါ်က အဆီတွေက ဟင်းတောင်ချက်လို့ရတယ်”

သူက လက်ဖဝါးကို ပုဝါဖြင့် သေသေချာချာ သုတ်လိုက်သည်။

“သူက ခွန်အားကြီး စွမ်းအားရှင်အမျိုးအစားပါလား”

တစ်ယောက်က ရုတ်တရက်ထပြီး မှတ်ချက်ပြုသည်။

“ငါတို့ရဲ့ အကြံပေးဖြစ်ချင်တယ် ဟုတ်လား။ အဲ့တာဆို ငါတို့အမိန့်နာခံလာအောင် အရင်ဆုံး အနိုင်ယူပြလိုက်”

“ကောင်းပြီ မင်းတို့အားလုံး ထွက်လာခဲ့ကြ”

SSSအဆင့် စွမ်းအားရှင် အယောက် ၃၀ကို လျှို့ဝှက်စွမ်းအားရှင်မဖြစ်ခင်ကတည်းက သူတစ်ဦးတည်း ရင်ဆိုင်နိုင်သည်။

“မင်းကိုယ်မင်း အဆင့်မြင့်စွမ်းအားရှင်လို့ထင်နေတာလား”

“အေး အဆင့်မြင့် စွမ်းအားရှင်တောင်မှ ငါတို့ကို အသာလေးအနိုင်မရနိုင်ဘူး။ ငါတို့က လူညံ့တွေမဟုတ်ဘူး”

လေ့ကျင့်ကွင်းတွင် မီး၊ မိုးကြိုး၊ လျှပ်စီး၊ ရေခဲ၊ လေ စသည့် အစွမ်းမျိုးစုံ ထွက်ပေါ်လာသည်။ SSSအဆင့် စွမ်းအားရှင်သည် အဆောက်အဦတစ်ခုကို အသာလေးဖျက်စီးပြနိုင်သည်။ သူတို့၏ အစွမ်းက မွေးရာပါစွမ်းအားရှင်တစ်ဦးထက် မလျော့နေပေ။

“မင်းတို့တတ်တာဒါအကုန်ပဲလား။ အန်ခယ်ရဲ့လူတွေထက်တောင် မင်းတို့က ညံ့နေပါလား”

ဖန့်ကြွယ်ယွီ၏ အနားမှာ မြင်ရသော လေထုတစ်ခုက ရုတ်တရက်လွှမ်းခြုံလိုက်ပြီး ၀.၅ မီတာအကွာက တိုက်ခိုက်မှုများကို ပိတ်ဆို့ပြီး အနားမကပ်နိုင်အောင် လုပ်ပစ်သည်။

“လေကိုအသုံးပြုတဲ့ စွမ်းအားရှင်ပါလား”

စွမ်းအားရှင်များက မျက်စိမျက်နှာပျက်ကုန်ကြသည်။ လေစွမ်းအင်ကို သုံးနိုင်သော စွမ်းအားရှင်များက ရှားပါးသည်။ ထိုစွမ်းအားရှင်များ၏ တိုက်ခိုက်မှုက ပုံစံမျိုးစုံဖြစ်ပြီး ရက်စက်ကြမ်းကြုတ်သည်။ သူတို့က ကမ္ဘာမြေဆွဲငင်အားကို အသုံးပြုနိုင်သော စွမ်းအားရှင်များကဲ့သို့ပင် ရန်သူများကို တိုက်ထုတ်သည့်ပုံစံက ဆင်တူသည်။

သူတို့က ဘေးပတ်လည်က လေထုကို လေဟာနယ်အသွင်ပြောင်းလဲပြီး တိုက်ခိုက်မှုပေါင်းစုံကို တားဆီးပိတ်ဆို့နိုင်သည်။ လေကိုဒိုင်းကာသဖွယ်ပြောင်းလဲပြီး ခုခံကြသည်။

“လေစွမ်းအင်သုံးဟုတ်လား။ ဒါက မီးနဂါးလက်ဝါးသိုင်း”

ဖန့်ကြွယ်ယွီက စကြာဝဠာအရင်းမြစ်စွမ်းအင်ကို သူ၏ လက်ဖဝါးထဲမှာ စုစည်းလိုက်သည်။

မီးနဂါးလက်ဝါးသိုင်းတွင် အဆင့်၁၃ဆင့်ပါပြီး ဖန့်ကြွယ်ယွီက အမြင့်ဆုံးအဆင့်ကို ရောက်နေသဖြင့် သူ့ကို သိုင်းလောကမှာ ထိပ်တန်းသိုင်းသမားအဖြစ်သတ်မှတ်နိုင်သည်။

“ဝုန်း”

တိုက်ခိုက်မှုများ အားလုံး ပျက်စီးကုန်သည်။ ပြင်းထန်သော စကြာဝဠာအရင်းမြစ်စွမ်းအင်များက လှိုင်းများသဖွယ် ပျံ့နှံ့ပြီး အနီးအနားရှိ အင်အားကြီးစွမ်းအားရှင်များက အလဲလဲ အကွဲကွဲဖြစ်ကာ သွေးများပင် အန်ထွက်လာကြသည်။

“မင်းတို့ပြောသလောက်လည်း အစွမ်းမရှိကြပါဘူးကွာ။ အပြောနဲ့အလုပ်နဲ့ မညီကြဘူး”

ဖန့်ကြွယ်ယွီက သူ၏လက်ချောင်းကို ဓားသဖွယ်ပြုလုပ်သည်။ ထိုလက်ချောင်းနားမှာ ရွှေဝါရောင် အလင်းတန်းလေးက တလက်လက်တောက်ပနေသည်။

“ဆောရီး ငါပြောဖို့မေ့နေတာ။ ငါက စွမ်းအားရှင်လည်းမဟုတ်သလို သိုင်းသမားလည်းမဟုတ်နေဘူး”

“နတ်ဘုရားဓားခြောက်ချောင်း”

“ဟွတ်ဟွတ်ဟွတ်”

သွေးများက စွမ်းအားရှင်များထံမှ ထွက်လာသည်။ ဖန့်ကြွယ်ယွီက အစွမ်းအားလုံး ထုတ်ပြီး မသုံးရသေးပေ။ မဟုတ်ပါက သူတို့အားလုံး အသက်ရှင်ကြမည် မဟုတ်တော့ပေ။ သူတို့၏ အစွမ်းကို အသုံးချပြီး သိုင်းပညာရှင်များကို အနိုင်ယူဖို့ ကျန်နေသေးသည်။

“ငါ့ အစွမ်းတွေပျောက်သွားပြီ”

“ငါ့အစွမ်းတွေလည်း ပျောက်သွားပြီ မင်းဘယ်လိုလုပ်လိုက်တာလဲ”

သူတို့ကအနည်းအကျဉ်းဒဏ်ရာရသော်လည်း သူတို့၏ အစွမ်းကို ထုတ်သောအခါ မရတော့ပေ။ သူတို့၏ အစွမ်းပျောက်ဆုံးရသည်ထက် ဘယ်အရာကိုမှ မကြောက်ရွံ့ပေ။ အစွမ်းမရှိတော့ပါက သာမန်လူနှင့် မထူးမခြားနားတော့ပေ။ ထိုအရာက သူတို့အတွက် သေသည်ထက်ပိုဆိုးသော ကံကြမ္မာဖြစ်သည်။

ဖန့်ကြွယ်ယွီ၏ ဓားသိုင်းက သူတို့ကို အနည်းငယ်သာဒဏ်ရာရစေသည်။ သူတို့၏ အကြောကိုပိတ်ပြီး သူတို့၏ အစွမ်းများကို လွယ်လွယ်ကူကူသုံးမရအောင်ပြုလုပ်ထားခြင်းဖြစ်၏။

“ဟုတ်တယ် မင်းတို့အစွမ်းတွေသုံးမရအောင် ငါလုပ်လိုက်တာ”

“မင်းကများ ငါတို့အစွမ်းတွေကို ယူရဲတယ်”

“မင်းက အကြံပေးဖြစ်နေပြီး ဘာလို့ဒီလိုလုပ်တာလဲ။ ဒီကိစ္စကို ခေါင်းဆောင်ဆီ သတင်းပို့ရမယ်”

သူတို့က အစွမ်းမရှိသောအခါ သာမန်လူလိုပဲဖြစ်သွားသည်။သူတို့၏ မာန်မာနထောင်လွှားနေသော အမူအရာများအစား သနားစဖွယ်အမူအရာများက အစားထိုးဝင်ရောက်လာသည်။

“ဟူး မင်းတို့ကို သေချာသင်ပေးဖို့လိုနေတာပဲ”

“ငါတို့အစွမ်းတွေကို ပြန်လိုချင်တယ်”

“ငါတို့အစွမ်းတွေကို ပြန်ယူလို့မရတော့ဘူးလား”

“တကယ်ပြောတာလား။ မင်း ငါတို့ကို ညာနေတာ ဟုတ်တယ်မလား”

“ဒါပေါ့ ပြန်ယူလို့ရတာပေါ့။ အရင်ကထက် မင်းတို့ပိုပြီး အစွမ်းရှိလာအောင် ငါလုပ်ပေးလို့ရတယ်။ ဒါပေမဲ့ နောက်နှစ်လအတွင်း ငါ့အမိန့်နဲ့ ငါခိုင်းသမျှအကုန် ကောင်းကောင်းမွန်မွန်နာခံပြီး လုပ်ရမယ်။ ငါချမှတ်ထားတဲ့ စည်းကမ်းတွေကိုလည်း သေချာလိုက်နာရမယ်”

“လုပ်ပါ့မယ်။ မင်းပြောသမျှ အကုန်လုပ်ပါ့မယ်”

သူတို့အစွမ်းများပြန်ရနိုင်သည့်အပြင် ပိုမိုအားကောင်းသောအနေအထားကိုပါ လုပ်ပေးနိုင်သည်ဟူသော စကားကိုကြားရချိန်တွင် အားလုံးလည်း စိတ်ဝင်တစားဖြစ်လာကြသည်။

“ဟုတ်ပြီ အဲ့တာဆို အခုချိန်ကစပြီး မင်းတို့ ငါ့ကိုဘယ်လိုခေါ်ကြမှာလဲ”

စွမ်းအားရှင်များအချင်းချင်း တစ်ဦးကိုတစ်ဦးကြည့်ကြသည်။ ထို့နောက် အားလုံးအတူတူ သံပြိုင် ခေါ်ကြသည်။

“အ…အဖေ”

“ဟာကွာ အကြံပေးဖန့်..အကြံပေးဖန့်လို့ခေါ်ကြလေ”

“ဟုတ်ပြီ ဟုတ်ပြီ မင်းတို့အားလုံး ထကြတော့။ ဒီနေ့မနက်ခင်းအလုပ်က ကွင်းကို အကြိမ်၁၀၀ပြည့်တဲ့အထိ ပတ်ပြေးရမယ်။ မပြည့်မချင်း နေ့လည်စာမစားရဘူး”

All Chapters