← Chapters

နောက်ထပ်အင်ပါယာကြယ်

Vol. 157 Ch. 2227

နောက်ထပ်အင်ပါယာကြယ်

Vol. 157 Ch. 2227

မကြာခင် လူအများသည် မျက်မမြင်ထျယ်က အစောပိုင်းတွင် ရီဖူရှင်းကို ကာကွယ်ပေးနေသူဖြစ်ကြောင်း သတိပြုမိလိုက်ကြသည်။ လက်ရှိရောက်နေသော လူများ၌ ရီဖူရှင်းအား မသိသည့်သူ မရှိပေ။ သူသည် ကြယ်ကောင်းကင်၌ အမြင့်ဆုံးနေရာထိ တက်သွားသည့်အခါ သူတို့အားလုံးက သူ မည်သူဖြစ်ကြောင်း သိရှိကြသည်။

"အဲဒါ ရီဖူရှင်းကို ကာကွယ်ပေးနေတဲ့ သူပဲ။" တစ်စုံတစ်ယောက်က ပြောလိုက်သည်။

"အမွေအနှစ်ကို ဆက်ခံရတာ ဘာလို့ သူ ဖြစ်နေတာလဲ။" လူအများက ၎င်းကို အံ့အားသင့်နေကြသည်။ ရီဖူရှင်း၏ ယခင် စွမ်းဆောင်ချက်များက သူတို့အားလုံးကို ထိတ်လန့်အံ့သြစေခဲ့သည်။ သူ အပေါ်သို့ တက်သွားသည်နှင့် သူတို့သည် စီဝေ့မဟာအင်ပါယာက ကောင်းကင်ရှိ ပြန့်ကျဲနေသော ကြယ်များထဲ၌ ရှိနေကြောင်း ခန့်မှန်းမိကြပေသည်။ ရီဖူရှင်းက မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို နားလည်နိုင်စွမ်းရှိသည့် တစ်ယောက်တည်းသောသူ ဖြစ်ပေသည်။

ထို့ကြောင့် ရီဖူရှင်းက အမွေအနှစ်ကို ဆက်ခံခဲ့လျှင် သူတို့က အလွန် ထိတ်လန့်အံ့သြသွားခဲ့လိမ့်မည် မဟုတ်ပေ။ သို့သော် ယခု အမွေအနှစ်အား လက်ခံရရှိခဲ့သူမှာ ရီဖူရှင်းအား ကာကွယ်နေခဲ့သည့် မျက်လုံးမမြင်သော တစ်စုံတစ်ယောက် ဖြစ်နေခဲ့သည်။

"သူက မျက်မမြင်ဖြစ်တာကြောင့် သူ့အာရုံခံစားမှုက ပိုအစွမ်းထက်တာများလား။" တစ်စုံတစ်ယောက်က မေးလိုက်သည်။

"မဟုတ်ဘူး။" တစ်စုံတစ်ယောက်က ကောင်းကင်သို့ မော့ကြည့်လိုက်၏။ "ရီဖူရှင်းက သူ့ကို အဲဒီနေရာလာဖို့ ခေါ်လိုက်တာ။"

သူသည် ရီဖူရှင်း ထိုနေရာ၌ မည်သည့်ကိစ္စတို့ လုပ်ခဲ့သည်ကို မြင်လိုက်ရသည်။ ထို့နောက် ရီဖူရှင်းက မျက်မမြင်ထျယ်ကို လာရန် လှမ်းခေါ်ခဲ့၏။

"ဘာကိုဆိုလိုတာလဲ။" ထိုရန်ဟောင်ဘေးမှ တစ်စုံတစ်ယောက်က အံ့အားသင့်နေသော အကြည့်နှင့် မေးလိုက်သည်။ "အဲဒါ မဖြစ်နိုင်ဘူး။"

မည်သူက မဟာအင်ပါယာ၏ အမွေအနှစ်ကို တစ်စုံတစ်ယောက်ဆီ ပေးအပ်လိမ့်မည်နည်း။

ထို့ပြင် ရီဖူရှင်းက အမှန်တကယ် ထိုမျှထိ အစွမ်းထက်နေသည်လား။ သူက အင်ပါယာကြယ်၏ နက်ရှိုင်းသော လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိရုံမျှမက အခြားတစ်စုံတစ်ယောက်ကိုပင် လွှဲပေးလိုက်သ​ည်လား။  ထိုသည်မှာ အလွန် အံ့အားသင့်ထိတ်လန့်ဖွယ်ပင် ဖြစ်သည်။ ကျင့်ကြံသူများစွာက အင်ပါယာကြယ်ကို ရှာဖွေချင်ကြသော်လည်း ထိုသို့ လုပ်ဆောင်နိုင်ခြင်း မရှိကြပေ။ သူတို့က ရခဲ့လျှင် ထိုသို့သော အခွင့်အရေးအား တစ်စုံတစ်ယောက်ကို ပေးအပ်လိမ့်မည် မဟုတ်ပါချေ။

...

စကားပြောပြီးနောက် သူတို့က ရီဖူရှင်းကို ထိတ်လန့်တကြား ကြည့်လိုက်ကြသည်။ သူတို့သည် ရီဖူရှင်းက မျက်မမြင်ထျယ်နှင့် မနီးမဝေး၌ ရှိနေသည်ကို မြင်လိုက်ရသည်။ သူက ထိုကြယ်စုံသော နေရာ၌ ကျင့်ကြံနေခဲ့သည်။ သူက မျက်မမြင်ထျယ်ကို ကြည့်လိုက်ပြီး သူ့မျက်နှာပေါ်၌ အပြုံးတစ်ခု ရှိနေခဲ့၏။

သူက မျက်မ​မြင်ထျယ်အတွက် လမ်းဖွင့်ပေးခဲ့သော်လည်း မျက်မမြင်ထျယ်က အင်ပါယာကြယ်ကို အာရုံခံနိုင်ရန် သူ့ကိုယ်သူ မှီခိုရန် လိုအပ်နေဆဲ ဖြစ်သည်။ ထိုသည်မှာ ရိုးရှင်းသော ကိစ္စမဟုတ်ပေ။ ယခင်က အင်ပါယာကြယ်ကို ရှာဖွေတွေ့ရှိခဲ့သည့် ကျင့်ကြံသူနှစ်ယောက်၏ စွမ်းအားသည် သူတို့နှင့် ဆက်သွယ်မိသော အင်ပါယာကြယ်စွမ်းအားနှင့် ဆင်တူနေခဲ့ပြီး လိုက်ဖက်ညီမှုကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် ရီဖူရှင်းသည် မျက်မ​မြင်ထျယ်က အင်ပါယာကြယ်ကို သူ၏ ကိုယ်ပိုင်စွမ်းအား အသုံးပြု၍ ဆက်ခံနိုင်စေရန် ခွင့်ပြုထားခြင်း ဖြစ်သည်။

မည်သူမဆို အောင်မြင်မည်ကို အာမခံနိုင်ခြင်း ရှိလိမ့်မည် မဟုတ်ပေ။

ဤသည်က သူ ထိုသို့ပြုလုပ်ရခြင်းအတွက် အဓိကအကြောင်းရင်းများ ဖြစ်သည်။ သို့သော် ဦးလေးထျယ်ကိုယ်တိုင်က ထူးချွန်ထက်မြက်လှသော အရည်အချင်းကြောင့် ထိုသို့ လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။

ကျင့်ကြံသူများစွာက မျက်မမြင်ထျယ် ရှိရာသို့ ရောက်လာကြသည်။ ထိုမြင်ကွင်းက ရီဖူရှင်းနှင့် အခြားလူများကို မျက်မှောင်ကြုတ်စေပြီး သူတို့ မျက်လုံးများထဲ၌ ထူးဆန်းသော အကြည့်တို့ ဖြစ်ပေါ်လာစေသည်။ သူတို့က သူတို့ထံ သတိထားကာ ချဥ်းကပ်လာသည့် လူများကို ကြည့်လိုက်သည်။ ဤအဓိပ္ပါယ်က မည်သည်နည်း။

ယခင်က အောင်မြင်ခဲ့သော ကျင့်ကြံသူနှစ်ယောက်ကို မည်သူကမှ မနှောက်ယှက်ခဲ့ကြပေ။ ယခု သူတို့က မည်သည့်အတွက်ကြောင့် မျက်မမြင်ထျယ်ထံ ရောက်လာကြသနည်း။

ရီဖူရှင်းသည်လည်း ဤကို မြင်တွေ့ပေသည်။ သူသည် အစောပိုင်းက အင်ပါယာကြယ်နှင့် ဆက်သွယ်နိုင်ခဲ့သော ကျင့်ကြံသူနှစ်ဦးက အလွန် ထူးချွန်ပြီး သူတို့၏ နောက်ခံကလည်း ထူးခြားလှပေသည်။ ထို့ကြောင့် မည်သူကမှ သူတို့ကို နှောက်ယှက်ရန် စိတ်မကူးရဲခဲ့ကြပေ။ သို့သော် ယခု မျက်မမြင်ထျယ်က အင်ပါယာကြယ်နှင့် ဆက်သွယ်နိုင်ခဲ့သောအခါ သူတို့ထံတွင် အချို့သော အကြံအစည်များ ဖြစ်ပေါ်လာခဲ့သည်လား။

သူက အင်ပါယာကြယ်အသစ်နှင့် ဆက်သွယ်ရန် ကြိုးစားနေခြင်းကို ခေတ္တမျှ ရပ်တန့်လိုက်ကာ ရောက်လာသူများကို လှည့်ကြည့်လိုက်သည်။ သူသည် မျက်မမြင်ထျယ် ရှိရာသို့ ဆက်လက်လာနေကြသော သူများကို ကြည့်လိုက်သည်။ ထိုကျင့်ကြံသူအများစုက သူ့ထက် အဆင့်နိမ့်ပြီး သူတို့အားလုံးက မျက်မ​မြင်ထျယ်ကို စိုက်ကြည့်နေခဲ့သည်။

ဖန်းကိုင့်နှင့် အခြားလူများက မျက်မမြင်ထျယ်ရှိနေသော နေရာကို ကာကွယ်နေကြပြီး နေရာအနှံ့အား စောင့်ကြည့်နေသည်။ အခြားလူများက ရှေ့ဆက်တိုးလာသည်ကိည ကြည့်ရင်း သူတို့က မတတ်နိုင်ဘဲ စွမ်းအားအချို့ကို ထုတ်လွှတ်လိုက်ပေသည်။ ဖန်းကိုင့်က ပြောလိုက်၏။ "သူက ကျင့်ကြံနေတာကြောင့် ခင်ဗျားတို့ သူ့ကို မနှောက်ယှက်ကြဖို့ မျှော်လင့်ပါတယ်။ ခင်ဗျားတို့ သူ့ကို တစ်ခုခု ပြောချင်တယ်ဆိုရင် သူ ပြီးတဲ့အထိ စောင့်ပြီးမှ မပြောတာလဲ။"

"သူ ဒီကြယ်နဲ့ ဘယ်လိုဆက်သွယ်နိုင်ခဲ့လဲဆိုတာ မေးချင်လို့ပါ။" ရန်ဟောင်တစ်ပါးက မျက်မ​မြင်ထျယ်အား ကျယ်လောင်စွာ ရှင်းလင်းသည့် အသံနှင့် မေးလိုက်သည်။ ဖန်းကိုင့်က မျက်မှောင်ကြုတ်လိုက်၏။ ထိုလူများက ကောင်းမွန်သော ရည်ရွယ်ချက်မရှိသည်မှာ ရှင်းလင်းပေသည်။ သူတို့သည် မျက်မ​မြင်ထျယ်က အင်ပါယာကြယ်ကို ဆက်ခံနိုင်သည်ကို မြင်သောအခါ အကြံရလာခဲ့ကြပေသည်။ သူတို့သည် မျက်မ​မြင်ထျယ်က အင်ပါယာကြယ်နှင့် မည်သို့ ဆက်သွယ်နိုင်ခဲ့သည်အား သိချင်နေကြသည်။

ဘုန်း...

ထိုအခိုက်အတန့်တွင် တောက်ပသည့် နတ်အလင်းတန်းတစ်ခုက မျက်မမြင်ထျယ်ထံသို့ ကျဆင်းလာသည်။ သူ့ခန္ဓာကိုယ်က အနည်းငယ် လှုပ်ရှားသွားပြီး စကားပြောလိုက်သည့်သူဘက်သို့ လှည့်ကြည့်လိုက်ပေသည်။ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုက သူ့ထံမှ ထိုးထွက်လာကာ လောကကို ဖျက်ဆီးနိုင်သည့် နတ်စွမ်းအားနှင့် ပြည့်နေသော နတ်ဘုရားတူတစ်လက်က ကောင်းကင်တွင် ပေါ်ပေါက်လာပေသည်။

နတ်ဘုရားတူက အင်ပါယာကြယ်၏ ရောင်ဝါတို့နှင့် လွှမ်းခြုံခံထားရပြီး ၎င်းတွင် ကောင်းကင်၏ အလင်းတို့ဖြင့် ပြည့်နေခဲ့သည်။ ကြောက်မက်ဖွယ် စွမ်းအားတို့က ၎င်း၏ အတွင်းမှ ပေါက်ကွဲထွက်လာပြ အရာအားလုံးကို ဖိနှိပ်လာခဲ့သည်။ ထိုနေရာတစ်ဝိုက်ရှိ ရန်ဟောင်အားလုံးသည် သူတို့၏ နှလုံးသားများက စတင်၍ မြန်ဆန်စွာ ခုန်လှုပ်လာသည်အား ခံစားလိုက်ရပေသည်။

၎င်းက မှန်ကန်ခြင်း မရှိနေပေ။ သူက အင်ပါယာကြယ်၏ အလင်းတို့နှင့် လွှမ်းခြုံခံထားရသည်။ ထိုသည်မှာ သူက ၎င်းမှ စွမ်းအားများကို ဆွဲယူသုံးစွဲနေသည်နှင့် တူပေသည်။

သို့ဆိုလျှင်ပင် မျက်မမြင်ထျယ်က ပြီးပြည့်စုံသော မဟာလမ်းစဥ်နှင့် အဆင့်ရှစ်ရန်ဟောင် ဖြစ်နေလေရာ ဤနေရာရှိ လူမည်မျှများများက သူနှင့် ယှဥ်ပြိုင်နိုင်စွမ်း ရှိနိုင်ပါမည်နည်း။

ဘုန်း...

ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ထွက်ပေါ်လာသည်။ လူတိုင်းသည် ထိုနတ်ဘုရားတူက ကောင်းကင်ကို လွှမ်းခြုံသွားသည့်တိုင်အောင် ကြီးထွားလာသည်အား မြင်တွေ့နိုင်ပေသည်။ ၎င်းသည် ကြယ်စင်များ၏ ကောင်းကင်တူကဲ့သို့ ဘုံတစ်ခုလုံးကို ဖျက်ဆီးနိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားပေသည်။ ၎င်းသည် လူတိုင်း၏ ခေါင်းထက် လေထုထဲသို့ မျောလွင့်လာသည်။ စကားပြောလိုက်သော ရန်ဟောင်သည် သူ၏ နှလုံးသားက ခုန်ပေါက်နေသည်ကို ခံစားနိုင်ပြီး သူ့မျက်နှာထက်၌ ကြောက်မက်ဖွယ် အကြည့်တို့ ဖြစ်ပေါ်လာသည်။ ထိုတူက ​ကျဆင်းလာလျှင် သူက ၎င်းကို ခံနိုင်ရည်စွမ်း ရှိလိမ့်ပါမည်လား။

နောက်ဆုံးတွင် ကြောက်မက်ဖွယ် နတ်အလင်းတို့က တူမှ ပေါက်ကွဲထွက်လာကာ ကောင်းကင်ကနေ ကျဆင်းလာပြီး နေရာတစ်ခွင်လုံးကို ဖျက်ဆီး၍ အင်ပါယာကြယ်အား နှစ်ပိုင်းကွဲထွက်သွားစေသည်။ တောက်ပသည့် ရောင်ဝါတို့က ကြယ်ကောင်းကင်တွင် စီးဆင်းနေပြီး ကြယ်ကမ္ဘာအား ပိုင်းဖြတ်ကာ ရန်ဟောင်များအားလုံး ရပ်နေသည့် နေရာနှင့် မနီးမဝေး၌ ကျဆင်းလာသည်။ ပြင်းထန်သည့် လေမုန်တိုင်းတစ်ခုက သူတို့ထံ တိုက်ခတ်လာပြီး မဟာလမ်းစဥ် စွမ်းအားများက သူတို့အနီးတွင် ဝန်းရံထားပေသည်။ သူတို့က ကြောက်မက်ဖွယ် မုန်တိုင်းကို ခံနိုင်ရည်စွမ်းမရှိဘဲ အဝေးသို့ အလျင်အမြန် ဆုတ်ခွာသွားကာ သူတို့၏ အဝတ်အစားများက လေထဲတွင် ပြင်းထန်စွာ တဖျတ်ဖျတ် လွင့်နေခဲ့သည်။

တခဏကြာပြီးနောက်ဆုံးတွင် မုန်တိုင်းက ပျောက်ကွယ်သွားပေသည်။ လူတိုင်းက မော့ကြည့်လိုက်ပြီး ထိုတူက ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။ မျက်မမြင်ထျယ်က အင်ပါယာကြယ်၏ အလင်းထဲတွင် လွှမ်းခြုံခံထားရပြီး ကျင့်ကြံနေခဲ့သည်။ သူသည် ပြန်လှည့်သွားပြီး သူတို့နှင့် ထပ်မံ ရင်ဆိုင်ခြင်း မရှိတော့ပေ။

လူတိုင်း၏ နှလုံးသားများက ပို၍ လျင်မြန်စွာ ခုန်လှုပ်လာပေသည်။ သူတို့သည် ထိုတူက သူတို့အား ခြိမ်းခြောက်ရုံသာ ဖြစ်ပြီး အမှန်တကယ် ထိခိုက်စေလိုခြင်း မရှိသည်ကို သိရှိခဲ့သည်။ အကယ်၍ ထိုတိုက်ခိုက်ချက်သာ ထိမှန်ခဲ့လျှင် သူတို့ထဲက တစ်ယောက်ကမှ ၎င်းကို ခံနိုင်ရည် ရှိလိမ့်ကြမည် မဟုတ်ပေ။

အင်ပါယာကြယ်နှင့် ဆက်သွယ်မှု ပြုလုပ်ပြီးနောက် မျက်မမြင်ထျယ်က ၎င်း၏ စွမ်းအားကို တိုက်ရိုက် အသုံးပြုနိုင်ခဲ့ပေသည်။ ဤသည်မှာ သူ့ကို မကျော်လွှားနိုင်သော အဆင့်အတန်းတစ်ခုသို့ ပို့ဆောင်လိုက်ပေသည်။ မည်သူကမှ သူ၏ အမွေအနှစ်ကို ခိုးယူနိုင်လိမ့်မည် မဟုတ်ဘဲ မည်သူ့ ခြိမ်းခြောက်မှုကိုမှ အညံ့ခံလိမ့်မည် မဟုတ်ပေ။

ကြည့်ရသည်မှာ သူနှင့် ပတ်သတ်၍ တစ်ခုခု လုပ်လိုသော အကြံအစည်များက မဖြစ်နိုင်သော တာဝန် ဖြစ်ပုံရလေသည်။

ကျင့်ကြံသူအားလုံးက ထိုနေရာမှ ထွက်ခွာသွားခဲ့သည်။ အင်ပါယာကြယ်များကို အာရုံခံဆက်သွယ်နိုင်ရန်မှာ သူတို့ပေါ်တွင်သာ မူတည်ပေလိမ့်မည်။

ရီဖူရှင်းက ထိုမြင်ကွင်းကို တွေ့​ပြီးနောက် စိတ်သက်သာရာ ရသွားခဲ့သည်။ သူက မျက်မမြင်ထျယ်အား ကြည့်လိုက်သည်။ နတ်အလင်းများက ကောင်းကင်ရှိ အင်ပါယာကြယ်မှ ကျဆင်းလာသည်။ ဤအလင်းတွင် ထိုအင်ပါယာကြယ်မှ နတ်စွမ်းအားတို့ ပါဝင်နေ၏။ ထိုသည်ကပင် သူက တူကို ကိုင်ကာ ၎င်းကျင့်ကြံသူများအား ခြိမ်းခြောက်နိုင်ခဲ့သည့် အကြောင်းရင်း ဖြစ်ပေသည်။

ရီဖူရှင်းက အဝေးသို့ ဆုတ်ခွာသွားပြီး သူ၏ ယခင် နေရာသို့ ပြန်သွားခဲ့သည်။ မျက်မမြင်ထျယ်က အင်ပါယာကြယ်နှင့် ဆက်သွယ်နိုင်ခဲ့သည့်အချိန်၌ သူသည် နောက်ထပ် အင်ပါယာကြယ်၏ တည်ရှိမှုကို ခံစားမိခဲ့ပေသည်။ သူက နောက်တစ်ဖန် တင်ပျဥ်ခွေထိုင်လိုက်ကာ သူ၏ စိတ်ဝိညာဥ်စွမ်းအားတို့ကို စုစည်းလိုက်သည်။ သူက သူ့ကိုယ်သူ မေ့ပျောက်သွားသည့် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။

ဤတစ်ကြိမ်၌ လူအများက သူ့ကို စောင့်ကြည့်နေကြပေသည်။ အများစုသည် မျက်မမြင်ထျယ်က အင်ပါယာကြယ်နှင့် ဆက်သွယ်နိုင်ခဲ့သည်မှာ ရီဖူရှင်းကြောင့်ဟု ခန့်မှန်းနေကြသည်။ ထို့ကြောင့် ရီဖူရှင်းက ယခု ဆက်လက်ကျင့်ကြံနေသည့်အခါ သူတို့က သူ ထိုသို့တဖန် ထပ်လုပ်ဆောင်ပါက မြင်နိုင်ရန် စောင့်ကြည့်နေကြခြင်း ဖြစ်သည်။

သူ၏ စိတ်အာရုံက အဆုံးမဲ့ ကြယ်ကောင်းကင်သို့ ဝင်ရောက်လာသည်။ ကြယ်များက ဝေဝါးဝါး ပုံသဏ္ဌာန်တစ်ခုကို ဖြစ်ပေါ်လာစေသည်။ ဤဝေဝါးဝါးပုံရိပ်က လက်နှစ်ဖက်နှင့် တစ်စုံတစ်ခု ကိုင်ဆောင်ထားပုံပေါ်သော်လည်း သူက မည်သည့်အရာဖြစ်ကြောင်း ရှင်းလင်းစွာ မမြင်နိုင်ခဲ့ပေ။

ဤတစ်ကြိမ်၌လည်း ရီဖူရှင်းက မဟာလမ်းစဥ်၏ စွမ်းအားကို ထုတ်လွှတ်လိုက်ပြန်သည်။ မဟာလမ်းစဥ်အလင်းများက စီးဆင်းနေသော်လည်း သူသည် ယခင်ကကဲ့သို့ အင်ပါယာကြယ်ကို မခံစားမိခဲ့ပေ။ သူက မည်သည့် သဟဇာတဖြစ်မှုကိုမှ မထုတ်လွှတ်နိုင်ပါချေ။

သူ၏ ကျင့်ကြံခြင်းက ထိုအင်ပါယာကြယ်နှင့် ကောင်းစွာ လိုက်ဖက်မညီနေသည်လား။

သူက ထိုသို့ တွေးလိုက်မိသည်နှင့် သူ၏ မဟာလမ်းစဥ်စွမ်းအားတို့က နောက်ထပ်အဆင့်တစ်ဆင့်သို့ တိုးမြင့်လာခဲ့သကဲ့သို့ သူ့အရှိန်အဝါက စတင် ဆူပွက်လာခဲ့သည်။ သို့သော် သူက မည်သည့်အရာကိုမှ ခံစားနိုင်ခြင်း မရှိနေဆဲ ဖြစ်သည်။

ထိုသည်မှာ ရီဖူရှင်းအား မျက်မှောင်ကြုတ်သွားစေသည်။ သူ၏ ယခင် အတွေ့အကြုံအရ သူ အမှားတစ်ခုခု လုပ်မိခဲ့ခြင်း မဖြစ်နိုင်ပေ။ သူက အင်ပါယာ၏ ပုံရိပ်ကို ရှာဖွေတွေ့ရှိသည့်အတွက် အင်ပါယာကြယ်က ထိုနေရာ၌ ရှိသင့်ပေသည်။ ဤအင်ပါယာကြယ်က မည်သည့်စွမ်းအားကို ပိုင်ဆိုင်ထားသနည်း။

ရီဖူရှင်းသည် သူ မထုတ်လွှတ်ရသေးသော စွမ်းအားတစ်မျိုး ကျန်ရှိနေသည်ကို သတိရသွားခဲ့သည်။ ရုတ်တရက် အဆုံးမဲ့ ​ကု့ချင်းကြိုးများက လေထဲတွင် ပေါ်ပေါက်လာပြီး ၎င်းတို့ထံမှ တေးသွားမုန်တိုင်းတစ်ခု ထွက်ပေါ်လာကာ ကု့ချင်း ဂီတသင်္ကေတတို့ ဖြစ်လာသည်။ ထိုအခိုက်အတန့်တွင် သူတို့သည် မှော်ဂီတသံစဥ်အဖြစ် ဖြစ်တည်လာပေသည်။

"မှော်ဂီတသံစဥ်လား။" ရီဖူရှင်း၏ မျက်နှာထက်တွင် အံ့အားသင့်သည့် အကြည့်တို့ ပေါ်ပေါက်လာ၏။ အင်ပါယာကြယ်က မှော်ဂီတသံစဥ်နှင့် ဆက်စပ်နေသည်လား။

သူက ထိုသို့ တွေးလိုက်မိသည်နှင့် မဟာလမ်းစဥ် ကု့ချင်းကြိုးများကာ တုန်ခါလာကာ သံစဥ်တစ်ခု ဖြစ်တည်လာပေသည်။ ၎င်းမှာ နတ်ဘုရားပျောက်ဆုံးခြင်းတေးသွားပင် ဖြစ်သည်။  အစွမ်းထက်လှသော မှော်ဂီတသံစဥ်မုန်တိုင်းက သူ၏ မဟာလမ်းစဥ်ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည်။ ရုတ်တရက် ကောင်းကင်ထက်မှ ပုံရိပ်က တဖြေးဖြေး ရှင်းလင်းလာသည်။ သူက အင်ပါယာတစ်ပါး၏ ပုံရိပ်ကို ရှင်းလင်းစွာ မြင်လာရပေသည်။ ၎င်းက တစ်စုံတစ်ခုကို ကိုင်ဆောင်ထားပြီး ထိုအရာက ကု့ချင်းပင် ဖြစ်လေသည်။

သူ၏ စိတ်အာရုံက ထိုအင်ပါယာ၏ တည်ရှိမှုကို ထောက်လှမ်းနိုင်ခဲ့ပြီ ဖြစ်၏။ ဤအင်ပါယာကြယ်သည် ကု့ချင်းတစ်လက်၏ ပုံရိပ်ထဲတွင် ရှိပြီး ကြောက်မက်ဖွယ် မှော်ဂီတသံစဥ်မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။

သူက ၎င်းကို ဆက်ခံနိုင်သည်လား။

သူ့ဘေးရှိ လူများထဲ၌ မည်သူကမှ မှော်ဂီတသံစဥ်ကို မကျွမ်းကျင်ကြပေ။ သူတို့က ဤအင်ပါယာကြယ်နှင့် ဆက်သွယ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပါချေ။

သူက စိတ်အာရုံကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး အတွေးနက်နေသည့် အမူအရာက သူ့ထံတွင် ဖြစ်ပေါ်လာသည်။ သူက မဟာအင်ပါယာ၏ အမွေအနှစ်ကို ဆက်ခံသည့်အခါ အနည်းငယ် ဂရုစိုက်ရပေလိမ့်မည်။ သူသည် ဤနေရာ၌ အစွမ်းထက်သော အဖွဲ့အစည်းတစ်ခုကို ဖန်တီးနိုင်သည့် အလားအလာ ရှိပေသည်။ သူက ဆက်ခံခဲ့ပါလျှင် သူ၏ ခွန်အား တိုးတက်လာမည်မှာ သေချာသော်လည်း ရီဖူရှင်းသည် ၎င်းက အနည်းငယ် နှမြောစရာကောင်းသည်ဟု ခံစားမိပေသည်။

သူက ငုံ့ကြည့်လိုက်သည်။ ကြည့်ရသည်မှာ သူက ထိုအင်ပါယာကြယ်အား ဆက်ခံနိုင်သည့် တစ်စုံတစ်ယောက်ကို သိရှိထားပုံရသည်။ သို့သော် သူတို့နှစ်ယောက်က ရင်းနှီးခြင်း မရှိပေ။

ထိုသို့ တွေးလိုက်ပြီး ရီဖူရှင်းက အောက်သို့ ဖျတ်ခနဲ ပြန် ဆင်းသွားခဲ့သည်။ ထိုနေရာ၌ လှပသော အမျိုးသမီးတစ်ယောက်က တည်ငြိမ်စွာ ရပ်နေခဲ့၏။ ရီဖူရှင်းက သူမထံ ရောက်လာသည့်အခါ အံ့အားသင့်သွားပုံရသည်။ သူမက သူ မည်သည့်အတွက် ထိုသို့ လုပ်သည်ကို နားမလည်နိုင်ပေ။

"နတ်မိမယ်ကို နှုတ်ဆက်ပါတယ်။" ရီဖူရှင်းက ပြောလိုက်သည်။ ထိုနတ်မိမယ်က နတ်မိမယ်ထိုက်ဟွာ ဖြစ်သည်။ သူ့တွင် အကြံအစည်တစ်ခု ရှိပေသည်။ သို့သော် သူက မဟာအင်ပါယာ၏ အမွေအနှစ်ကို သူ မသိသည့် တစ်စုံတစ်ယောက်အား လွယ်လွယ်ကူကူ ပေးမပစ်နိုင်ပေ။ ၎င်းက နတ်မိမယ်ထိုက်ဟွာ၏ ရွေးချယ်မှုကိုသာ စောင့်ကြည့်ရမည် ဖြစ်သည်။

***

All Chapters