← Chapters

ဟားဗတ်တက္ကသိုလ်ကို ပရော်ဖက်ဆာအနေနဲ့ လာခဲ့ပါ

Vol. 21 Ch. 286

ဟားဗတ်တက္ကသိုလ်ကို ပရော်ဖက်ဆာအနေနဲ့ လာခဲ့ပါ

Vol. 21 Ch. 286

ယန်ကျင်းတက္ကသိုလ် နှင့် ပေကျင်းတက္ကသိုလ်များက ထုတ်ပြန်ချက်အသီးသီးကို ဝီဘိုပေါ်တင်ခဲ့တာကြောင့် အခြားကျောင်းများက မလှုပ်ရှားရဲတော့ပေ။ တရုတ်ပြည်အနှံ့ရှိ တက္ကသိုလ်အသီးသီးကတော့ ဖိတ်ကြားစာများကို ဖန့်ကြွယ်ယွီဆီ ပေးပို့ချင်စိတ်ရှိကြသည်။

ဒါနဲ့တင် အဆုံးမသတ်သေးပေ။ နာမည်ကြီးတက္ကသိုလ်များအပြင် တခြားသော ကျောင်းများကလည်း နာမည်ရလိုရငြား ဝင်ရောက်ပြီး မဲဆွယ်ကြသည်။ ယခုကာလတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲများက ပြီးဆုံးတော့မည်ဖြစ်သောကြောင့် ကျောင်းသားများ ရဖို့အရေး အပြိုင်အဆိုင် မဲဆွယ်ရသောကာလဖြစ်နေသည်။

ဖန့်ကြွယ်ယွီကို မိမိတက္ကသိုလ်ဆီ ဖိတ်ခေါ်ခြင်းက နိုင်ငံအနှံ့နာမည်ကြီး trendတစ်ခုသဖွယ်ဖြစ်နေသည်။ သူ့ကို မဖိတ်ခေါ်လျှင် မိမိတက္ကသိုလ်က ခေတ်နောက်ကျသလိုဖြစ်နေသည်။

ကျန်းနန်တက္ကသိုလ်က ဖန့်ကြွယ်ယွီသည် သူတို့၏ ထူးချွန်ကျောင်းသားဖြစ်သည်ဆိုသော ကြေညာချက်ကို ထုတ်ပြန်သည်။ ထို့ကြောင့် ပုံမှန်အတိုင်းဆို ကျန်းနန်တက္ကသိုလ်က ဖန့်ကြွယ်ယွီအတွက် ပထမဦးစားပေးဖြစ်ပြီး

ကျန်တက္ကသိုလ်များက အနောက်မှာ စနစ်တကျတန်းစီရမည်။

တစ်နိုင်ငံလုံးက ရုတ်ရုတ်သဲသဲဖြစ်နေချိန် ဖန့်ကြွယ်ယွီက ထိုအဖြစ်အပျက်ကိုကြည့်ပြီး ပြုံးပဲပြုံးနိုင်တော့သည်။ သူက ဘယ်လိုလုပ်ပြီး တက္ကသိုလ်များက ယှဉ်လုရသော ဆုကြီးတစ်ခုသဖွယ် ဖြစ်သွားရသနည်း။

…

ထိုအချိန်တွင် ဝီဘိုရုံးချုပ်တွင် ဝန်ထမ်းများက ယနေ့အတွက် နာမည်ကြီး

သတင်းများအကြောင်းဆွေးနွေးနေကြသည်။ ပုံမှန်မြင်နေကျ အနုပညာလောက အရှုပ်တော်ပုံများနှင့် ယှဉ်ပါက ပညာရေးလောက၏ ပြိုင်ဆိုင်မှုက ပိုမိုစိတ်ဝင်စားဖို့ကောင်းပေသည်။

နာမည်ကြီး အနုပညာရှင်တစ်ဦးမှာ ဖော်လိုဝါပေါင်းများစွာရှိသည်။ သို့သော် အနုပညာရှင်ဘယ်လောက်များများက တက္ကသိုလ်ကျောင်းဆင်းများဖြစ်ကြနည်း။

သူတို့၏ တိုက်ရိုက်မဟုတ်သော သွယ်ဝိုက်သည့် လွှမ်းမိုးမှုများက ဘာများလဲ။

ကျောင်း၏ လွှမ်းမိုးနိုင်စွမ်းကို လျှော့တွက်လို့မရပေ။ ကျောင်းပေါင်းများစွာက တူညီသော ထုတ်ပြန်ချက်ကို မရှေးမနှောင်းတစ်ပြိုင်တည်း ထုတ်ပြန်သည့်အပေါ် မည်သူကများ အာရုံမစိုက်ဘဲ နေနိုင်မည်နည်း။

“ဥက္ကဌဖန့်က နာမည်ကြီးလာတာနဲ့ ကုမ္ပဏီရဲ့ အကျိုးစီးပွါးကလည်း ဖြည်းဖြည်းချင်း တက်လာတာပဲဟေ့”

“ဟုတ်တယ်။ ကြော်ငြာထည့်ဖို့ကိုလည်း အပြိုင်အဆိုင်လုကြတာ။ ဘွတ်ကင်တွေအပြည့်ပဲ။ ဒီနှစ် အမြတ်ငွေက အရင်နှစ်ကထက် ၃၀% ပိုများမယ်”

“ဥက္ကဌဖန့်ကို ဘွဲ့တွေ ပိုထည့်ပေးသင့်တယ်မဟုတ်လား။ ငါ့အထင် “စိတ်ကျန်းမာရေးဆေးရုံရဲ့ ဥက္ကဌ” ဆိုတဲ့ ဘွဲ့က သူနဲ့သိပ်မလိုက်တော့ဘူးလားလို့”

“ဘယ်လိုရေးမှာလဲ။ ဖန့်ကြွယ်ယွီ..စိတ်ကျန်းမာရေးဆေးရုံဥက္ကဌ၊ ဆိုက်ဘာလုံခြုံရေးပြိုင်ပွဲချန်ပီယံဆုရှင်၊ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်၊ တရုတ်နိုင်ငံရဲ့ နာမည်ကျော် ဇီဝဗေဒပညာရှင်၊ ဆေးဘက်ဆိုင်ရာသိပ္ပံပညာရှင်၊ သင်္ချာပညာရှင်၊ အာကာသပညာရှင်၊ ရူပဗေဒပညာရှင်…”

“ဟား ဟုတ်တယ်။ ကြော်ငြာအတွက် နေရာသေးသေးလေးပဲရတာ။ အကုန်လိုက်ထည့်နေမယ်ဆိုရင် ပြီးမှာတောင် မဟုတ်ဘူး”

“ဟုတ်တယ်။ ငါတို့ကုမ္ပဏီရဲ့ မိတ်ဆက်စာပျက်နှာပုံစံကိုလည်း ပြောင်းသင့်တာကြာပြီ။ အကယ်လို့ ဥက္ကဌဖန့်က မကျေနပ်ပဲပိုက်ဆံနဲ့ ကုမ္ပဏီကိုဝယ်ပစ်မယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ”

“မကောင်းဘူးလား။ သူ့အနေအထားနဲ့ဆို သူ့လက်အောက်ငါတို့အလုပ်လုပ်လျှင် လစာပိုရမှာပေါ့”

“ဟုတ်တယ် မင်းပြောတာမှန်တယ် ဟား”

…

“ဟေ့ ဟိုဟိုဒီဒီလျှောက်ပြောနေတာတွေရပ်ကြဦး။ ဒီမှာ နောက်ထပ် ကိစ္စကြီးတစ်ခုဖြစ်လာပြန်ပြီ”

ဝန်ထမ်းများက ငြင်းခုံပြောနေချိန်တွင် ဝီဘိုကုမ္ပဏီဝန်ထမ်းတစ်ဦးက အားလုံးကြားစေရန် အော်ပြောသည်။

“ဘာဖြစ်ပြန်တာလဲ။ နောက်ထပ် အတင်းအဖျင်းတွေပေါ်လာပြန်ပြီလား”

“လာပါ ဘာဖြစ်လဲဆိုတာသွားကြည့်ကြမယ်”

“ကြည့်ဦး နာမည်ကြီးနိုင်ငံခြားကျောင်းတွေက ဝီဘိုအကောင့်တွေ ဖွင့်လာကြတယ်”

“တကယ်ကြီး”

အားလုံးလည်း စိတ်ဝင်တစားဖြင့် စုဝေးလာကြသည်။ တရုတ်ပြည်တွင် ဝီဘိုက နာမည်ကြီးကွန်ယက်တစ်ခုဖြစ်သဖြင့် ပြည်တွင်းကျောင်းများမှာ ဝီဘိုအကောင့်ကိုယ်စီရှိနေတာက မထူးဆန်းပေ။နိုင်ငံခြားကျောင်းများအဖို့ ယူကျု့ဘ်နှင့် ဖေ့စ်ဘွတ်ကဲ့သို့သော အရာများက ပိုပြီးနာမည်ကြီးပြီး အသုံးများကြသည်။

“ကြည့်ကြည့်ပါဦး။ ယန်ကျင်းတက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်က နာမည်ကြီးပြီး ဆယ်မိနစ်အကြာမှာ ကိန်းဘရစ်ချ်တက္ကသိုလ်၊ ကယ်လီဖိုးနီးယားတက္ကသိုလ်၊ ယေးလ်တက္ကသိုလ်၊ အောက်စဖို့တက္ကသိုလ် နဲ့ MIT တို့က ဝီဘိုအကောင့်တွေ အသီးသီးဖွင့်ကုန်ကြတယ်”

“တင်း”

ထိုအချိန်းမှာ နောက်ထပ်တက္ကသိုလ်တစ်ခု၏ လျှောက်ထားမှုအချက်ပြသံပေါ်လာသည်။

“ဝိုး ဟားဗတ်တက္ကသိုလ်တောင် ဝီဘိုအကောင့်ဖွင့်ဖို့ လာလျှောက်တယ်။ ဘာတွေဖြစ်ကုန်တာလဲ”

“သိပြီ သိပြီ တရုတ်ပြည်က ဟိုလူတော်လေးကို ရဖို့ အပြိုင်အဆိုင်ကြိုးပမ်းနေကြတာပဲ”

“ဘုရားရေ ဥက္ကဌဖန့်ကို တကယ်ပဲ ဒီလောက်တောင်လိုချင်နေကြတာလား။ ကမ္ဘာ့ထိပ်သီးတက္ကသိုလ်တွေတောင် ဒီပွဲထဲပါလာကြပြီလား”

“မရဘူး။ ငါတို့ရဲ့ ဥက္ကဌဖန့်ကို တခြားတက္ကသိုလ်က ရသွားမှာကို ခွင့်မပြုနိုင်ပါဘူး။ သူက MIT သို့ ဟားဗတ်မှာ ပရော်ဖက်ဆာဖြစ်သွားမှာကို လက်ပိုက်ပြီး ကြည့်မနေနိုင်ဘူး။ ဒီလိုလူတော်မျိုးဆိုတာ တရုတ်ပြည်မှာပဲရှိသင့်တာ”

“ဒါဆို ငါတို့ဘာလုပ်ရမလဲ။ ငါတို့မှာ ဝန်ထမ်းအများကြီးရှိတယ်။ သူတို့က အချက်အလက်ပြည့်ပြည့်စုံစုံနဲ့တင်ပြ

လာခဲ့ရင်လည်း အကောင့်ဖွင့်ပေးဖို့ ငြင်းလို့ရနိုင်လား”

“ရတာပေါ့”

“လာပါကွာ။ ဥက္ကဌဖန့်လိုလူမျိုးက အသာလေး ဖမ်းလို့ရမယ်လို့ မင်းတို့ထင်နေကြတာလား။ ဥက္ကဌဖန့်လိုလူမျိုးက ဘာများမရှိရမှာလဲ”

အားလုံးလည်း ခေတ္တခဏအသံတိတ်ကုန်ကြသည်။ ထိုတက္ကသိုလ်များက သူ့ကိုရရှိရန် ငွေကြေး သို့ ရာထူးစသည်များဖြင့် အပြိုင်အဆိုင်ဆွဲဆောင်ကြလိမ့်မည်။ သို့သော် ထိုအရာများက သူ့ကို တကယ်ပဲ ဆွဲဆောင်နိုင်မှာလား??

ထိုသို့တွေးမိတော့မှ အားလုံးလည်း စိတ်အေးသွားတော့သည်။ သူက တရုတ်ပြည်မှာ အခြေချလိုစိတ်ရှိနေသရွေ့ ဘယ်အရာကမှ သူ့ကို မဆွဲဆောင်နိုင်ပေ။

ငွေကြေးလဲလှယ်သည့် ကိစ္စရပ်အတွင်း သူ၏ လုပ်ရပ်များကိုကြည့်ပါက သူက တိုင်းပြည်ကို ချစ်သောလူဖြစ်ကြောင်း သိနိုင်သည်။

တက္ကသိုလ်များ၏ အကောင့်လျှောက်ထားမှုကို ခပ်မြန်မြန်ပဲလက်ခံလိုက်သည်။ ဝန်ထမ်းဟောင်းများက အလုပ်လက်ကျန်များကို ဝန်ထမ်းအသစ်များနှင့် အလုပ်သင်များထံလွှဲပေးပြီးနောက် သူတို့၏ ခုံများကို ကွန်ပျူတာတစ်လုံးရှေ့ကို ယူလာကြသည်။

MIT: မစ္စတာဖန့်ကို ဂုဏ်ထူးဆောင် ပါမောက္ခအဖြစ်နဲ့ ကျွန်တော်တို့ကျောင်းကို ဖိတ်ခေါ်ပါရစေ။ နိုင်ငံသားခံယူဖို့ကိစ္စအတွက်လည်း တာဝန်ယူပါတယ်။ ပြီးတော့ နှစ်နှစ်အတွင်း အမေရိကန်ပြည်ထောင်စုရဲ့ သိပ္ပံအစည်းအရုံးမှာလည်း အဖွဲ့ဝင်ဖြစ်စေရပါ့မယ်။ မစ္စတာဖန့်ကို အိုးအိမ်တိုက်တာ အကုန်လုံးပြည့်ပြည့်စုံစုံနဲ့ ထားပေးမှာမို့ ငါတို့ရဲ့ကမ်းလှမ်းချက်ကိုစဉ်းစားပေးစေလိုပါတယ်”

“စပြီ ပွဲကတော့စနေပြီ”

ဝီဘိုကုမ္ပဏီ၏ ဝန်ထမ်းတစ်ဦးက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်သည်။

ယေးလ်တက္ကသိုလ်၊ အောက်စဖို့တက္ကသိုလ်၊ စတန်းဖို့တက္ကသိုလ်နှင့် ကျန်တက္ကသိုလ်များက ထုတ်ပြန်ချက်များကို အစီအရီအပြိုင်အဆိုင် တင်ကြတော့သည်။ ကျောင်းအသီးသီးက မက်လောက်စရာအနေအထားများနှင့် ကမ်းလှမ်းကြသည်။ ဖန့်ကြွယ်ယွီက ပိုက်ဆံကို မမက်မှန်းသိကြသဖြင့် မည်သူမှ ပိုက်ဆံအကြောင်းထည့်မပြောဘဲ ပေါ်လစီမက်လုံးများဖြင့် အပြိုင်အဆိုင် ကမ်းလှမ်းကြသည်။

“ဟားဗတ်တစ်ခုထဲ ဘာမှမပြောသေးတာပဲ”

တရုတ်လူမျိုးများအတွက် ဟားဗတ်သည် အကောင်းတကာ့အကောင်းဆုံးတက္ကသိုလ်ဖြစ်သည်။နောက်ဆုံးတော့ ဟားဗတ်တက္ကသိုလ်ကလည်း ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့သည်။ သူတို့ချဉ်းကပ်သော နည်းလမ်းက ကျန်တက္ကသိုလ်များနှင့် လုံးဝမတူပေ။

ဟားဗတ်တက္ကသိုလ်: မစ္စတာဖန့်ကြွယ်ယွီ..ငါတို့တက္ကသိုလ်ကို ပါမောက္ခအဖြစ်နဲ့ လာခဲ့ဖို့ အနူးအညွတ် တောင်းဆိုပါတယ်

“ဟား။ ဒီအကောင့်က ဟားဗတ်တက္ကသိုလ်ကိုဝင်သွားတဲ့ စပိုင်တစ်ဦးဦးကဆီကပဲ ဖြစ်ရမယ်”

“မိုက်တယ်ကွ..ဟား မသိရင် ညီအကိုအချင်းချင်း တောင်းဆိုနေသလိုပဲ”

“ဟေး မင်းတို့က ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီးနော်။ နည်းနည်းလေးတော့ သိက္ခာထားကြပါဦး”

“ကြည့်ရတာ သူတို့က တရုတ်လူမျိုးအကြိုက်သိတဲ့ပုံပဲ။ဘာလို့လဲဆိုတော့ ဒီကြေညာချက်ရဲ့ သက်ရောက်မှုက နည်းတာမှမဟုတ်တာ။ အခုဆို နာမည်ကြီးစာရင်းထဲတောင် ဝင်နေပြီ”

UC၏ ဥက္ကဌက ထိုသတင်းကိုကြည့်ပြီး စိတ်ကျေနပ်စွာဖြင့် ခေါင်းတညိမ့်ညိမ့်လုပ်နေသည်။

“အင်း မိုက်လှချည်လား။ ဒီအကြံကို သူတို့ကိုဘယ်သူပေးတာလဲဆိုတာ စုံစမ်းကြည့်။ ပေးတဲ့သူကိုသိရရင် မနက်ဖြန်ကစပြီး ကြော်ငြာဌာနမှာ ဒါရိုက်တာအဖြစ်နဲ့ အလုပ်စဝင်နိုင်ကြောင်း ကမ်းလှမ်းလိုက်ပါ”

All Chapters