← Chapters

ခင်ဗျားရဲ့ သုတေသနကို မထုတ်နိုင်အောင် လုပ်လို့ရတယ်

Vol. 21 Ch. 285

ခင်ဗျားရဲ့ သုတေသနကို မထုတ်နိုင်အောင် လုပ်လို့ရတယ်

Vol. 21 Ch. 285

“သခင်လေးက မစ္စတာဖန့်ဟွိုက်နဲ့ ယှဉ်ရင် ပိုပြီးနာမည်ကြီးတယ်”

ကျွမ်းရီက သူ့အား ကော်ဖီခွက်ကိုလှမ်းပေးသည်။ ဘာတွေဖြစ်ပျက်နေလဲဆိုတာ မနက်ကတည်းက အကုန်ကြားခဲ့ပြီးဖြစ်သည်။

ဖန့်ကြွယ်ယွီက သူ၏ ကြွယ်ဝချမ်းသာမှုများကို အပျော်အပါးတစ်ခုထဲအတွက် မဟုတ်ဘဲ အကျိုးရှိရှိ အသုံးချခဲ့သည်။

“မင်းက အဲ့လိုထင်တာလား”

ဖန့်ကြွယ်ယွီက ကော်ဖီကိုတစ်ငုံသောက်လိုက်သည်။

“မင်းက ငါ့အဖေအကြောင်းကို မသိသေးလို့ဖြစ်မယ်။ ငါ့ကို သူက နှစ် ၂၀လုံး လှည့်စားလာတာ”

ဖခင်ဖြစ်သူဖန့်ဟွိုက်က မိန်းမဖြစ်သူအပေါ် အရမ်းချစ်သော သာမန်လူတစ်ဦးဟု ဖန့်ကြွယ်ယွီက ထင်ခဲ့မိသည်။ ရှောင်းရီ၏ ပြောပြမှုကြောင့် ဖန့်ဟွိုက်က အဆင့်မြင့်စွမ်းအားရှင်တစ်ဦးဖြစ်သည်ဆိုတာ သိရသည်။ သူ့ရှေ့မှာ ဟန်ဆောင်ကောင်းသလောက် သူ့နောက်ကွယ်မှာတော့ လုံးဝအခြားသူတစ်ဦးလိုဖြစ်နေသည်။

သူ့အမေအပြင် ဖန့်ဟွိုက်မှာ မိန်းမများစွာရှိသည်။ ထိုမိန်းမများကလည်း နယ်ပယ်တစ်ခုချင်းစီတွင် ဘုရင်မသဖွယ် ဦးဆောင်နိုင်စွမ်းရှိကြသူများဖြစ်သည်။

ဒါတင်မကသေးဘဲ သူ့ဖခင်သည် ဤကမ္ဘာမြေမှ စကြာဝဠာဆီသို့ ခရီးထွက်သွားသည့်တိုင် ထိုအမျိုးသမီးများနှင့် အဆက်အသွယ်မပြတ်ပေ။ဖန့်ကြွယ်ယွီက ထိုသို့ အဆက်အသွယ်လုပ်နိုင်ရခြင်း၏ လျှို့ဝှက်ချက်ကို သိနေသည်။ ဖန့်မိသားစုမျိုးရိုးစဉ်ဆက်အလိုက် လက်ဆင့်ကမ်းပေးခဲ့သော ပစ္စည်းတစ်ခုရှိသည်။ထိုပစ္စည်းက ကမ္ဘာမြေပေါ်ရှိ ချန်ရစ်ခဲ့သော သဲလွန်စများကို ဖျောက်ဖျက်နိုင်စွမ်းရှိ၏။

ရှောင်းရီ၏ တိကျသော ထိန်းချုပ်မှုအောက်တွင် ဖန့်မိသားစု၏ သစ္စာခံမိသားစုများက သူတို့၏ တာဝန်ကို ကျေပွန်စွာလုပ်ဆောင်ကြသည်။ သူတို့၏ ဦးနှောက်ထဲတွင် ရှိနေသောဖန့်ဟွိုက်နှင့် ပတ်သက်သည့် မှတ်ဥာဏ်အားလုံး ဖျောက်ဖျက်ထားရှိသည်။

ထိုပစ္စည်းကို သူကမ္ဘာမြေပေါ်ကထွက်ကတည်းက ရှောင်းရီကို ဖန့်ဟွိုက်ကပေးခဲ့သည်။ ဖန့်ကြွယ်ယွီက ထိုပစ္စည်းကို သုံးစေချင်သော ရည်ရွယ်ချက်ဖြင့် ပေးခဲ့ခြင်းဖြစ်၏။

ထို့ကြောင့် ဖန့်ကြွယ်ယွီက အကြောက်အလန့်မရှိနေခြင်းဖြစ်၏။ နေရထိုင်ရတာငြီးငွေ့လာလျှင် ကမ္ဘာကြီးကို သူလိုချင်သော အချိန်နေရာကို ပြန်ပြီးပြောင်းလဲနိုင်စွမ်းရှိသည်။ သူက အရာတိုင်းကို သူ့စိတ်ကြိုက်ခြယ်လှယ်နိုင်စွမ်းရှိသည်။

“သခင်လေး..ပညာရေးလောကမှာ အောင်မြင်သွားပြီဆိုတော့ ရှေ့လျှောက်အလုပ်ရှုပ်တော့မှာပေါ့”

“ဟားဟား မင်းပြောချင်တာက တရုတ်ပြည်တွင်းနဲ့ ပြည်ပကျောင်းတွေက ကမ်းလှမ်းလာမှာကိုဆိုလိုချင် တာမလား။ စိတ်မပူနဲ့။ သူတို့ငါ့ဆီ မလာနိုင်ပါဘူး”

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တာနှင့်အညီ သူက ကိုယ်ရေးကိုယ်တာ အချက်အလက်ကို မလျှို့ဝှက်ထားပါက အေးအေးဆေးဆေး နေရမည်မဟုတ်ပေ။ သူ၏ ကိုယ်ရေးအချက်အလက်ကို ရှောင်းရီက သေချာကာကွယ် စောင့်ရှောက်ထားသည်။ မလိုလားအပ်သည့် ဖုန်းများ သူ့ကိုဆက်သွယ်လာမှာကိုလည်း တားဆီးထားပေးသည်။

ထိုအချိန်တွင် သူ့ဖုန်းထဲသို့ ဝမ်ချုံးဆီက စာတစ်စောင်ဝင်လာသည်။

“ညီလေးဖန့် မင်းဒီတစ်ခေါက်လည်း လုပ်ချလိုက်ပြန်ပြီ”

“ဘာဖြစ်လို့လဲ ငါလည်း ဘာမှမလုပ်ရပါလား။ မင်း အဓိပ္ပါယ်မရှိတာတွေ ပြောနေပြန်ပါပြီ”

“မဟုတ်ဘူး။ မင်း ဝီဘိုထဲလည်း ဝင်ကြည့်ဦး။ မင်းနောက်ကို တက္ကသိုလ်ပေါင်းများစွာ လိုက်နေကြပြီ”

“ဟမ် ဟုတ်လို့လား။ ငါဆိုတာ ဘယ်လိုလုပ်သိသွားကြတာလဲ”

“မင်း ဘာသာမင်းကြည့်လိုက်။ ကိုယ့်ဇာတ်ကို နိုင်အောင်ကလိုက်တော့”

“ငါက ဘာကိုကြည့်ရမှာလဲ”

ဖန့်ကြွယ်ယွီက နာမည်ကြီးနေသည့် သတင်းများကို အရင်ဆုံးရှာကြည့်သည်။ ထိပ်ဆုံးမှာ တစ်ပြေးနေသော သတင်းက သူ ပေပါအစောင်၂၀ထုတ်သည့် သတင်းလည်း မဟုတ်သလို သူ ဆုကြေးထုတ်ထားသည့် သက်သေကိစ္စလည်းမဟုတ်ပေ။ ယန်ကျင်းတက္ကသိုလ်က ထုတ်ပြန်စာဖြစ်နေခဲ့သည်။

@ဖန့်ကြွယ်ယွီ..လေးစားရပါသော မစ္စတာဖန့်..ပထမဦးစွာ ပညာရေးလောကမှာ သမိုင်းသစ်စိုက်ထူနိုင် ခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောပါရစေ။ ငါတို့ကျောင်းရဲ့ အရေးပေါ်ကျင်းပတဲ့ အစည်းအဝေးအရ မင်းကို ငါတို့ကျောင်းရဲ့ ဂုဏ်ထူးဆောင် ပါမောက္ခအဖြစ် ဖိတ်ခေါ်ခွင့်ပြုပါ။ အကျိုးခံစားခွင့်ကိုတော့ မင်းစိတ်ကြိုက်ဖြစ်စေရပါ့မယ်။ မင်းကိုဆက်သွယ်ရမဲ့ လိပ်စာအတိအကျ မရှိတာမို့ ဒီနည်းလမ်းကို သုံးပြီး ဆက်သွယ်လိုက်ရတဲ့အတွက် နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်။ မင်းက ငါတို့ရဲ့ ကမ်းလှမ်းချက်ကို လက်ခံမယ်ဆို ကျန်းနန်မြို့ကို ငါတို့ကျောင်းက ကိုယ်စားလှယ်ကို စေလွှတ်ပြီးကျန်နေသေးတဲ့ ကိစ္စတွေကို ဆွေးနွေးပါဦးမယ်။

မှ

ကျန်းနန်တက္ကသိုလ်

“ဒီလူတွေကလည်း မရမက ဆက်သွယ်တာပဲ”

ထိုသို့ဆက်သွယ်လာမည်ဆိုတာ ဖန့်ကြွယ်ယွီ ထင်မထားပေ။ သူ့ကိုဆက်သွယ်နိုင်မည့် ဖုန်းနှင့် အီးမေးလ်မရှိသည့် အတွက် ဝီဘိုပေါ်တင်ပြီး ညှိနှိုင်းခဲ့သည်။ သူမမြင်သော်ငြား အားလုံးက ထိုအကြောင်းအရာကို မြင်ပြီးသားဖြစ်သည်။

“အကျိုးခံစားခွင့်ကို ငါ့စိတ်ကြိုက်ဖြစ်စေရမယ်။ ဟဲဟဲဟဲ ယန်ကျင်းတက္ကသိုလ်က မိုက်လှချည်လား။”

ထိုကဲ့သို့ လူသိရှင်ကြား ကမ်းလှမ်းမှုက ယခုမှ ပထမဆုံးဖြစ်သည်။

ထိုပို့စ်အောက်ကကောမန့်များက စိတ်ဝင်စားစရာပိုကောင်းနေသည်။

“@ကျန်းနန်တက္ကသိုလ်..ခင်ဗျားတို့က လေးစားမှုမရှိလိုက်တာ။ ဥက္ကဌက ဘာလို့ သူလိုအပ်တာ တောင်းရမှာလဲ။ သူပိုင်တဲ့ပိုက်ဆံက ခင်ဗျားတို့ကျောင်း ဆယ်ကျောင်းလောက်ကို အသာလေးဝယ်နိုင်တယ်”

“ဥက္ကဌကိုယ်စားငါက သဘောတူတယ်။နောက်ကျရင် သူ့ရဲ့ ဝီဘိုစာမျက်နှာမှာ ယန်ကျင်းတက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင် ပါမောက္ခဆိုတဲ့ ရာထူးတစ်ခုတိုးလာပြီပေါ့”

“ကျန်းနန်တက္ကသိုလ်…ခင်ဗျားတို့ကျောင်းက ဘယ်လိုဖြစ်တာလဲ။ သူတို့က ခင်ဗျားလူကို လုဖို့လုပ်နေကြပြီ။ မြန်မြန်”

ဒီကိစ္စက ဒီနေရာမှာ မရပ်သွားပေ။ ယန်ကျင်း တက္ကသိုလ်က ပို့စ်တင်ပြီး နှစ်မိနစ်အကြာမှာ ပေကျင်းတက္ကသိုလ်က ပို့စ်တစ်ခုချက်ချင်း တင်လိုက်သည်။

“@ဖန့်ကြွယ်ယွီ.. မစ္စတာဖန့်ကြွယ်ယွီ ပေကျင်းတက္ကသိုလ်ကလည်း

ခင်ဗျားကို ဖိတ်ခေါ်ပါရစေ။ ဒီနေ့ ပညာရှင်ရွေးချယ်ပွဲအတွက် ခင်ဗျားကို တိုက်ရိုက်ခန့်အပ်ပါရစေ။ ကျွန်တော်တို့ရဲ့ ကမ်းလှမ်းမှုကို စဉ်းစားပေးမယ်လို့ မျှော်လင့်ပါတယ်”

“ဝိုး ပညာရှင်ဆိုပြီး ဖိတ်ခေါ်ခံရတာပဲ”

“ဝိုး ဒီအကွက်ကပိုမိုက်တယ်။ ဥက္ကဌက ပညာရှင်ဖြစ်လာတော့မှာပဲ”

သို့သော် ဖန့်ကြွယ်ယွီအတွက်က ပညာရှင်ဆိုသော ရာထူးက ဘာမှ မဟုတ်ပေ။

“အသက် ၂၁နှစ်နဲ့ ပညာရှင်ဖြစ်​နေပြီ။ ဟမ် သူ့မှာဒီလောက်အရည်အချင်းရှိလို့လား။ စာစောင် ၂၀ထုတ်ဝေနိုင်ရုံနဲ့ နိုင်ငံကိုဘာများအကျိုးပြုလို့လဲ။”

ချက်ချင်းဆိုသလို ကန့်ကွက်သည့်အသံများ ထွက်ပေါ်လာသည်။

ထိုသို့ကန့်ကွက်သူက အော်ဂနစ်ပေါ်လီမာဘာသာရပ်အထူးပြု ပါမောက္ခတစ်ဦးဖြစ်သည်။ သူသည် Nature နှင့် Scienceတွင် စာစောင် ခုနှစ်စောင် ထုတ်ဝေနိုင်ခဲ့သူဖြစ်ပြီး ပညာရေးလောကတွင် နာမည်ကြီးဖြစ်သည်။

သူက ချက်ချင်းဆိုသလို တုံ့ပြန်ခဲ့သည်။

“ပါမောက္ခကျိုးက Scienceမှာ နောက်ထပ် စာစောင်တစ်စောင် တင်ထားတယ်ဆို”

“အဲ့တော့ ဘာဖြစ်လဲ။ လူငယ်တွေက ဖြည်းဖြည်းချင်း တက်လမ်းရှာလို့ရတယ်။ ကိုယ့်ကိုကိုယ် ဖြည်းဖြည်းချင်း တည်ဆောက်သွားရမှာပဲ”

“ခုလိုအကြံပေးတာကျေးဇူးပါ ပရော်ဖက်ဆာ။ Science မှာ organic polymerနဲ့ ပတ်သက်တဲ့ စာစောင် ၂၀ တင်ဖို့ ဆုံးဖြတ်လိုက်ပြီ။သူတို့က အလုပ်များနေတော့မှာပဲ”

ထိုဂျာနယ်များ၏ လိုအပ်ချက်အရ စနစ်အသစ်ပေါ်သည်နှင့် ခေတ်နောက်ကျသွားသည့် စာစောင်များကို မထုတ်ဝေတော့ပေ။

ဥပမာအားဖြင့် လူနှစ်ဦးက စာစောင်တစ်စောင်ကို တစ်ပြိုင်တည်းတင်လျှင် တစ်ဦးက ယခင်သုတေသနထက် ၁၅% တိုးတက်မှုကိုပြပြီး နောက်တစ်ခုက ၂၀% တိုးတက်မှုကိုပြလျှင် ဂျာနယ်ဘက်က ၂၀% ပြနိုင်သော စာစောင်ကို ထုတ်ဝေသည်။

ဖန့်ကြွယ်ယွီက နယ်ပယ်တူသည့် အရာကို လေ့လာပြီး ပိုကောင်းသည့်ရလဒ်ကိုပြသနိုင်လျှင် ပါမောက္ခကျိုး၏ သုတေသနက အလကားဖြစ်ပေလိမ့်မည်။

“ဟားဟားဥက္ကဌက သေချာပြန်ပြီးချေပနိုင်တာပဲ”

“အမလေး ဥက္ကဌမှာ မထုတ်ရသေးတဲ့ စာစောင်တွေ ရှိသေးတာလား”

“အရမ်းလေးစားသွားပြီ။ အရင်က ဥက္ကဌက လူတွေကို ငွေနဲ့ အနိုင်ယူတယ်။ အခုတော့ ပညာနဲ့ အနိုင်ယူတယ်။ အရမ်းမိုက်တယ်”

“ဒီလို ချေပမှုမျိုးကို မမျှော်လင့်ထားဘူးကွာ”

All Chapters