← Chapters

Nature မှာ ၁၀ စောင်၊ Science မှာ ၁၀စောင်

Vol. 21 Ch. 281

Nature မှာ ၁၀ စောင်၊ Science မှာ ၁၀စောင်

Vol. 21 Ch. 281

“Nature” နှင့် “Science” သည် ဂုဏ်သိက္ခာကြီးမားသော နာမည်ကြီး သုတေသနဂျာနယ်များဖြစ်ကြသည်။ ထိုဂျာနယ်နှစ်ခုမှာ စာတမ်းရေးသားထုတ်ဝေနိုင်ပါက သုတေသနပညာရှင်များက အလွန်ပင် ဂုဏ်ယူဝမ်းမြောက်ကြသည်။

တရုတ်ပြည်တွင် ထိုဂျာနယ်များကို ရေးသားထုတ်ဝေနိုင်သူများက တစ်နှစ်တွင် လက်ငါးချောင်းပမာဏပင် မပြည့်ပေ။ တရုတ်ပြည်တွင်းရှိနေသော ကျောင်းများအားလုံးက ထိုဂျာနယ်များတွင် စာစောင်တစ်စောင်မှ ရေးသားထုတ်ဝေနိုင်ခြင်းမရှိသေးပေ။

ထိုဂျာနယ်များတွင် ရေးသားထုတ်ဝေနိုင်ပါက ယွမ် ငါးသန်းမှ သန်း -၂၀အထိ ဆုကြေးပေးမည်ဟု မက်လုံးပေးကြသော ကျောင်းများတောင်ရှိနေသည်။ ထိုအရာကိုကြည့်ခြင်းဖြင့် ထိုဂျာနယ်များ၏ လွှမ်းမိုးနိုင်မှုကို မှန်းဆနိုင်သည်။

သို့သော် စာတမ်းတစ်ခု ရေးသားရန် မလွယ်ကူပေ။ တစ်ကမ္ဘာလုံးတွင် ရှိနေသော သုတေသနပညာရှင် ဆယ်သန်းက ထိုဂျာနယ်များတွင် ရေးသားထုတ်ဝေရန် မလွယ်ကူကြပေ။

သုတေသနပညာရှင် တစ်သောင်းတွင် တစ်ဦးလောက်သာ ထိုဂျာနယ်တွင် ရေးသားထုတ်ဝေနိုင်ကြသည်။ ထုတ်ဝေခွင့်ရဖို့ ဖြစ်နိုင်ချေကလည်း အလွန်ပင်နည်းပေသည်။

ထို့ကြောင့် Nature လိုစာစောင်တွင် ရေးသားထုတ်ဝေနိုင်ပါက ရှိသမျှကျောင်းတိုင်းက ပါမောက္ခအဖြစ် တိုက်ရိုက်ခန့်အပ်ကြသည်။

Nature မဂ္ဂဇင်း၏ တည်းဖြတ်သူများက တင်သွင်းလာသော စာတမ်းများကို အကဲဖြတ်နေကြသည်။ နာမည်ကြီး မဂ္ဂဇင်းဖြစ်သောကြောင့် တစ်ပတ်လျှင် ရာနှင့်ချီသော တင်သွင်းမှုများကို ရရှိကြသည်။ သို့သော် စာတမ်း တင်သွင်းမှု၏ ၉၀% ကျော်လောက်က ပယ်ချခံရသည်။ ရွေးချယ်မှုအဆင့်က အလွန်စည်းကမ်းတင်းကြပ်သည်။

သူတို့၏ စံချိန်စံညွှန်းနှင့် မကိုက်ညီသော သို့ ပြန်လည်အသုံးချနိုင်စွမ်းမရှိသော စာစောင်များကို လက်မခံပေ။ တစ်ခါတလေမှာ Nature က ငြင်းလိုက်သော်ငြား နိုဘယ်ဆုရသော သုတေသနမျိုးတောင်ရှိခဲ့ဖူးသည်။ သို့သော် ထိုဖြစ်ရပ်များက ကြုံတောင့်ကြုံခဲ ကိစ္စရပ်တစ်ခုဖြစ်ပေသည်။

ယနေ့ ဖတ်ပြီးစစ်ဆေးနေရသောစာတမ်းအစောင်နှစ်ဆယ်ရှိသော်လည်း တစ်ခုမှ သူတို့အကြိုက်မတွေ့သေးပေ။ စာဖတ်နေရင်း ငြီးငွေ့လာကြသည်။

“လူတွေက သူတို့ရေးတဲ့စာတမ်းတိုင်းကို Natureကိုလာတင်နေကြတာပဲ”

တည်းဖြတ်သည့် အယ်ဒီတာတစ်ဦးဖြစ်သူ နစ်ခ်က ထိုင်ခုံအနောက်ကိုမှီချရင်း ပြောသည်။

“ဟား..အဲ့လိုလည်း ဘယ်ဟုတ်မလဲကွာ။ သူတို့ရေးထားတဲ့ စာစောင်လေးကို Natureက လက်ခံလိုက်လျှင် သူတို့ဘဝက ပြောင်းလဲသွားမှာလေ။ ကံကောင်းလို့များ ရွေးချယ်ခံရမလားဆိုတဲ့စိတ်နဲ့တင်ကြတာနေမှာ။ ငါတို့သေချာဖတ်ပြီး ရွေးချယ်ရင် ဖြစ်ပါတယ်”

“လစာက မက်လောက်စရာမဟုတ်ဘူးဆိုရင် ဒီအလုပ်ကနေငါထွက်တာကြာနေပြီ”

“ဖန့်ကြွယ်ယွီ…နေစမ်းပါဦး ဒီနာမည်ကို ငါဘာကြောင့်များ ရင်းနှီးနေတာပါလိမ့်။ သူက တရုတ်ပြည်က သုတေသနလောကမှာ နာမည်ကြီးလို့လား”

“သိပြီ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်က တရုတ်ပြည်က ဖန့်ကြွယ်ယွီဆိုတဲ့လူ မဟုတ်လား”

“နာမည်တူတာလည်း ဖြစ်နေပါဦးမယ်”

နစ်ခစ်က သူ၏စာတမ်းကို ဆက်ပြီးဖတ်သည်။တရုတ်ပြည်မှာ လူဦးရေသန်းပေါင်းများစွာရှိတာမို့ နာမည်တူတာလည်းဖြစ်နိုင်သည်။

အယ်ဒီတာများက နာမည်ကြီးပုဂ္ဂိုလ်များ၏ နာမည်ကို သိနေဖို့လိုအပ်သည်။ထိုမှသာ တစ်ဦးတစ်ယောက်ချင်းက တင်သွင်းလာသောစာတမ်းများကို မေ့မေ့လျော့လျော့ဖြင့်လျစ်လျူရှုမိခြင်းကို ရှောင်ရှားရန်ဖြစ်သည်။

စာတမ်းခေါင်းစဉ်မှာ “ကင်ဆာဆဲလ်များ၏ ဆေးဒဏ်ယဉ်ပါးမှုအတွက်ကုထုံး”ဟုဖြစ်ပြီး ခေါင်းစဉ်မြင်သည်နှင့် နစ်ခ်က ချက်ချင်းစိတ်ဝင်စားလာသည်။ကင်ဆာသည် လူသားများကို ဆိုးဆိုးရွားရွား ဒုက္ခပေးနေသော အရာဖြစ်သည်။ ထိုရောဂါကို အမြစ်ပြတ်ပျောက်ကင်းအောင်ကုသနိုင်သော ဆေးဝါးမပေါ်သေးပေ။

ကင်ဆာဆဲလ်ဟူသော နာမည်က ကြောက်စရာကောင်းသည်။ သာမန်ဆဲလ်များက ကန့်သတ်အရေအတွက်ထိ ကွဲနိုင်သော်ငြား ကင်ဆာဆဲလ်က အတိုင်းအဆမဲ့ကွဲနိုင်သည်။ ထို့နောက် ခန္ဓာကိုယ်ရှိ လုပ်ဆောင်ချက်များနှင့် အစာအာဟာရများကို ဝါးမျိုပြီး လူသားများကို သေစေသည်အထိ ဒုက္ခပေးကြသည်။

လူသားတို့၏ ခန္ဓာကိုယ်မှာ EGFRဟူသော အရာတစ်ခုရှိသည်။ ထိုအရာသည်ဆဲလ်ကြီးထွားမှု၊ ဆဲလ်ကွဲခြင်းနှင့် တခြားသော ဇီဝကမ္မဖြစ်စဉ်များအတွက် အရေးပါသည်။

EGFRတွင် ကင်ဆာဆဲလ်များပြောင်းလဲမှုဖြစ်လာပါက ပုံမှန်မဟုတ်သော ဆဲလ်သဏ္ဌာန်ပြောင်းလဲမှုများနှင့် သာမန်ဆဲလ်များမှ ကင်ဆာဆဲလ်များအသွင် ပြောင်းလဲခြင်းများဖြစ်လာသည်။

EGFRဖြစ်စဉ်ကို နှေးကွေးစေသော စမ်းသပ်မှုများ ထွက်ပေါ်လာသောအခါ လူသားတို့အတွက် မျှော်လင့်ချက် ရောင်ခြည်သမ်းလာပြီဟု ထင်ကြသည်။ တကယ်တော့ ကင်ဆာဆဲလ်များကို လုံးဝအမြစ်ပြတ်ရှင်းထုတ်နိုင်ပြီဟု ထင်ခဲ့သော်လည်း သူတို့က အစက်အပြောက်လေးများသဖွယ်ကပ်ပြီးကျန်နေခဲ့သည်။

သုံးပတ်မှ ခြောက်ပတ်ကြာသောအခါ ထိုအစက်အပြောက်လေးများက စတင်ပြီး ပေါက်ကွဲထွက်လာပြီး ခုခံအားကိုတိုက်ခိုက်တော့သည်။

EGFRအတွက် ဆေးယဉ်ပါးမှုတိုက်ဖျက်ရေးပစ္စည်းကို သုတေသီများက ကြိုးပမ်းရှာဖွေသော်လည်း ထိုအရာများ၏ အကျိုးသက်ရောက်မှုက မပြောပလောက်ပေ။

ဤစာတမ်းကတော့ ဆေးယဉ်ပါးမှုတိုက်ဖျက်ရေး ကုထုံးအကြောင်း ရေးသားဖော်ပြထားသည်။

“ဆေးယဉ်ပါးမှုကို လျော့ချတာ ၉၅% ထိလုပ်နိုင်တယ် ဆိုပါလား။ ဒါက မများလွန်းဘူးလား”

ထိုပစ္စည်းများက အဆုတ်ကင်ဆာအကျိတ်များကို ကုသရန်ရည်ရွယ်ထားသည်။ထိုကဲ့သို့ ပမာဏအထိ ထိရောက်ပါက အဆုတ်ကင်ဆာကို ကုသနိုင်စွမ်းက အဆပေါင်းများစွာ တိုးတက်လာတော့မည်။

“ဟေး မာရှယ် လာပါဦး။ ဒီစာတမ်းက ထူးဆန်းနေလို့။ မင်းလာဖတ်ကြည့်ပါဦး”

နစ်ခ်က လှမ်းခေါ်သည်။

မာရှယ်က စာတမ်းကို တစ်ချက်ဖတ်ကြည့်သည်။ ရလဒ်က အံ့ဖွယ်ကောင်းသည့်အပြင် ဒေတာများစွာကိုလ

ည်း ထည့်သွင်းဖော်ပြထားသည်။

ထိုဒေတာများက ဖန့်ကြွယ်ယွီ ကိုယ်တိုင်စမ်းသပ်ဖော်ထုတ်မှုများမှ ရရှိတာမဟုတ်ပေ။ သူတို့က စာတမ်းကို ကြိမ်ဖန်များစွာဖတ်ကြည့်သော်လည်း လိမ်ညာပြီး ရေးထားသည်ဟု မထင်မိပေ။ စူပါကွန်ပျူတာ၏ တွက်ချက်နိုင်စွမ်းနှင့် ရှောင်းရီ၏ လမ်းညွှန်မှုကြောင့် ဒေတာက တိကျခိုင်မာသည်။

“ငါတို့ ဒီအပိုင်းကျွမ်းကျင်တဲ့သူကို ဖတ်ခိုင်းလိုက်ရမလား။ ပြသနာတစ်ခုခုဖြစ်လာရင် ငါတို့လည်း စက်ကွင်းလွတ်တာပေါ့”

“အဲ့နည်းလမ်း မဆိုးဘူး”

အယ်ဒီတာနှစ်ဦးက ဗဟုသုတကြွယ်ဝသည်ဆိုသော်လည်း ဘာသာရပ်နယ်ပယ်တိုင်းကိုတော့ တိတိကျကျ မသိနိုင်ပေ။

“အကယ်၍ ဒီဒေတာတွေကစစ်မှန်တယ်ဆို ငါတို့ဂျာနယ်မှာ ထုတ်ဝေခွင့်ရတာအပြင် ဆေးပညာနိုဘယ်ဆုပါရဦးမှာ”

“ဒါဆို ဒီစာတမ်းကို ဘယ်သူ့ဆီပို့လိုက်ရမလဲ”

“ဘာမင်ဟမ်တက္ကသိုလ်က ပါမောက္ခကိုးလ်မန်းဆီပို့ပေးလိုက်လေ။ သူက ဒီနယ်ပယ်ကိုကျွမ်းကျင်တော့ ဒီစာတမ်းက အဆင်ပြေလား။ ဒေတာတွေကရော စစ်မှန်လားဆိုတာ သူစစ်ဆေးလိမ့်မယ်”

“ဟုတ်ပြီ။ အဲ့တာဆို မင်းသူ့ကိုဆက်သွယ်ထားလိုက်။ ကျန်တာ ငါဆက်ပြီး စစ်ထားလိုက်မယ်”

နစ်ခ်က နောက်တစ်စောင်ကို ဖွင့်လိုက်သောအခါ ဖန့်ကြွယ်ယွီ၏ စာတမ်းဖြစ်နေပြန်သည်။

သို့သော် ဒီတစ်ကြိမ်မှာတော့ နာမည်တူတာမဟုတ်တော့ပေ။

အကြောင်းရင်းမှာ စာရေးသူပေးထားသောလိပ်စာမှာ တူနေပြီး နှစ်စောင်လုံးတွင် ကျန်းနန် တက္ကသိုလ်၊တရုတ်နိုင်ငံဟု ဖော်ပြထားသည်။

“ဒီလူက အတော်ထူးဆန်းနေပြီ။ ကင်ဆာဆဲလ်နဲ့ ပတ်သက်တဲ့ နောက်ထပ်စာစောင်များလား”

တရုတ်လူမျိုးသုတေသီတစ်ဦးက ဆယ်စုနှစ်ပေါင်းများစွာလေ့လာပြီးနောက် Natureတွင် ဂျာနယ်သုံးစောင် ထုတ်ဝေနိုင်သည့် သာဓကတစ်ခုရှိခဲ့ဖူးသည်။

“Jet accretion disk ၏ မူလဇစ်မြစ်”

ခေါင်းစဉ်ကိုဖတ်လိုက်ရုံနှင့် ကင်ဆာဆဲလ်နှင့်လည်း မဆိုင်သလို ဆေးပညာနယ်ပယ်လည်းမဟုတ်ကြောင်း တန်းပြီးသိနိုင်သည်။

“ဒါက အာကသနဲ့ဆိုင်တဲ့ခေါင်းစဉ်မလား”

နစ်ခ်ကထိုအပိုင်းနှင့် ပတ်သက်ပြီး နားမလည်သော်လည်း သေချာဖတ်ကြည့်သောအခါ သီအိုရီပိုင်းဆိုင်ရာ ဖော်ထုတ်ချက်တစ်ခုဖြစ်နေသည်။

ဒီလူက ဒီအပိုင်းလည်း ကျွမ်းတာပဲလား?

“ကြည့်ဦး နောက်ထပ်ကျွမ်းကျင်သူတွေ ထပ်ရှာဖို့လိုနေပြန်ပြီ။”

နစ်ခ်က ထိုစာတမ်းကို သီးသန့်ဖယ်ထားလိုက်သည်။ ထိုစာတမ်းကို သေချာမစစ်ဆေးရဘဲ မငြင်းပယ်နိုင်ပေ။ အကယ်၍ သူတို့က ငြင်းပယ်ပြီး တခြားဂျာနယ်တစ်ခုတွင်ထုတ်ဝေလိုက်သောအခါမှ နာမည်ကြီး တွေ့ရှိမှုတစ်ခုဖြစ်နေပါက သူတို့အတွက် နစ်နာသည်။

နောက်တစ်စောင်ကလည်း ဖန့်ကြွယ်ယွီဆီကဖြစ်သည်။ဖန့်ကြွယ်ယွီက ပထမစာရေးသူအဖြစ် တင်သွင်းထားသော စာတမ်း ၁၀စောင်ရှိသည်။

“Atomic nucleiမှာ ပရိုတွန်( proton) နှင့် နျူထရွန်(neutron)၏ ပေါင်းစပ်မှု သုနေသန”၊ Graphene ပြင်ဆင်ခြင်းအတွက် ထူးခြားဆန်းကြယ်နည်းလမ်း”၊ “မြန်နှုန်းမြှင့်ကားဘက်ထရီသုတေသန”စသဖြင့် သုတေသနနယ်ပယ်ပေါင်းစုံကို ရေးစပ်ထားသော စာတမ်းများဖြစ်ကြသည်။ ထိုသုတေသနနယ်ပယ်များတွင် မဖြေရှင်းနိုင်သောအကြောင်းအရာများနှင့် ယခင်ထက်ပိုသည့် အဆင့်မြင့်နည်းလမ်းများကို ရေးသားထားခြင်းဖြစ်သည်။

“ကလင် ကလင်”

နစ်ခ်၏ ရုံးဖုန်းထံမှ အသံမြည်လာသည်။

“နစ်ခ် မင်းယုံမှာတော့မဟုတ်ဘူး။ လူတစ်ယောက်ထဲက စာတမ်း ၁၀စောင်တင်လာတာကွ။ ပြီးတော့ သူ့စာတမ်းကလည်း သုတေသနအပိုင်းမှာ နာမည်ကြီးတဲ့အကြောင်းတွေရယ် ခုထိမဖြေရှင်းနိုင်တဲ့ အကြောင်းတွေချည်းပဲ”

ထိုလူက Scienceဂျာနယ်၏ အယ်ဒီတာတစ်ဦးဖြစ်ပြီး နစ်ခ်နှင့် ရင်းနှီးသည်။

“စာတမ်းတစ်စောင်ကိုတော့ စစ်ဆေးပြီးပြီ။ ကျန်တဲ့ ကိုးစောင်ကတော့ စစ်နေတုန်းပဲ။ ဒီကမ္ဘာမှာ သူလိုလူရှိသေးတာလား။ ဂြိုလ်သားတွေဆီက အချက်အလက်တွေများသူခိုးခဲ့တာလား”

“မင်းပြောတဲ့လူက ကျန်းနန်တက္ကသိုလ်က ဖန့်ကြွယ်ယွီတော့ မဟုတ်ပါဘူးနော်”

“ဟမ် မင်းဘယ်လိုသိတာလဲ”

“ဘာလို့လဲဆိုတော့ ငါတို့ဆီကိုလည်း သူက စာတမ်း ၁၀စောင်တင်ခဲ့တယ်”

All Chapters