အခန်း (၂၀၅)
Vol. 21 Ch. 205
နေ့လည်ခင်းဘက်တွင် အမေရှီတစ်ယောကင် ပေါင်မုန့်အပိုင်းအစများပါသည့် အိတ်ကို ကိုင်ကာ ဥယျာဉ်ထဲမှရေစပ်နားသို့ ယူလာခဲ့သည်။
အမေရှီသည်ကား သူမငယ်စဉ်က အနုပညာအဖွဲ့တွင် အကသမားတစ်ဦးဖြစ်ခဲ့လေသည်။
သူမခင်ပွန်းနှင့် သူမမှာ အလွန်ချစ်ခင်ကြပြီး သူမသားမှာလည်း ထူးချွန်လှသည်။
သူမ အသက်ကြီးလာကတည်းက အိမ်အတွက် မည်သည့်အရာကိုမှစိတ်ပူစရာမလိုအပ်ပါချေ။
သူမ၏တစ်ခုထဲသော ဝါသနာမှာ ပန်းလေးများနှင့်ဘဲများအားပြုစုပျိုးထောင်ခြင်းပင်။
သူမ ကန်ငယ်ထဲသို့ ပေါင်မုန့်အစများကြဲလိုက်သည်။ စားနေကျဖြစ်နေသည့် ဘဲများမှာ တစ်ကောင်ပြီးတစ်ကောင်ရောက်လာခဲ့ကြကာ ကန်ငယ်ထဲတွင် အလုအယက်စားသောက်လာကြချေသည်။
သူမ အတော်အတန်ကြာအောင် ကြည့်နေပြီးနောက် အမေရှီမှာ တစ်ခုခုမှားနေသည်ဟု ခံစားလိုက်ရပြီး သူမဥယျာဉ်ထဲမှ ထွက်လာချိန်၌ပင် သတိထားမိသွားရသည်။
သူမရဲ့ ဝဖီးနေတဲ့ဘဲနှစ်ကောင်က ဘာလို့ပျောက်နေတာပါလိမ့်?
ကျန်းကျန်း သမားတော်ကျန်း အိမ်သို့ရောက်လာချိန်တွင် ကျန်းရန်ကျယ်သည်ကား ထုတ်ပိုးမှုများပြုလုပ်ကာ အပြင်သို့ထွက်ရန် အသင့်ဖြစ်လို့နေပေပြီ။
ကျန်းကျန်း၏ အင်အားပြည့်ဝနေသည့်အသွင်အပြင်နှင် အနည်းငယ်နီမြန်းနေသည့်မျက်နှာအား မြင်လိုက်ပြီးနောက် သူ၏ မျက်နှာတွင် ကျေနပ်သည့် အရိပ်အယောင်များပေါ်လာပြီး အပြုံးနှင့်မေးလိုက်သည်။
“ ကျန်းကျန်း မနက်ခင်းပြေးလာတာလား?”
“ဟုတ်တယ်”
ကျန်းကျန်း ကျန်းရန်ကျယ်၏လက်ထဲမှ ခြင်းတောင်းအားယူကာ ပြုံးလိုက်သည်။
“ကျွန်မ မနက်ခင်း ဟုန်ရန်တစ်ဝိုက်ပြေးခဲ့ပြီး ပြင်သစ်ဘာသာကိုလည်း ထပ်ပြီးလေ့လာခဲ့တယ်”
ကျန်းရန့်ဇီ စိတ်သက်သာရာရစွာ ခေါင်းငြိမ့်လိုက်သည်။
“ကောင်းတယ် လူငယ်တွေဆိုတာ ထွက်ပေါ်လာတဲ့နေမင်းတစ်စင်းလို အားမာန်အပြည့်ရှိနေရမှာ “
သူက ရှပ်အင်္ကျီတစ်ထည်နှင့် ဘောင်းဘီအတိုကို ဝတ်ဆက်ထားကာ ယပ်တောင်တစ်ချောင်းကိုကိုင်ဆောင်ထားသည်။
ယခုလိုအသွင်အပြင်ဖြင့် ထိုသူသည် တရုတ်တိုင်းရင်းဆေးလောကတွင် သန့်စင်သောလက်ဟု လူသိများသည့် နာမည်ကျော်ဆရာဝန်တစ်ယောက်ဟု ပြောရန်မဖြစ်နိုင်ပေ။
ယခုအချိန်တွင် နိုင်ငံတော်၏ပုဂ္ဂလိကပိုင် မူဝါဒကို အပြည့်အဝဖြည်လျှော့ပေးလိုက်ပြီဖြစ်၍ ရောင်းလိုအားနှင့် သမဝါယမဈေးကွက်ရှာဖွေရေးများ၊ ဈေးဆိုင်များ၊ ဆန်စပါးရောင်းဆိုင်များ၊ အစိုးရဆိုင် မဟုတ်သည့်အစားအသောက်ဆိုင်များနှင့် တခြားနေရာများတွင် လက်မှတ်များဖြင့် ဝယ်ယူနေရဆဲဖြစ်သော်လည်း ကောက်ခါငင်ခါဖွဲ့စည်းပြီး ကိုယ်ပိုင်အမျိုးအစားအချို့အား ရောင်းချသည့် ဈေးဆိုင်ငယ်များလည်းရှိသည်။
ကျန်းရန်ကျယ်နှင့်ကျန်းကျန်းတို့ ခြင်းတောင်းကို ဆွဲကာ ဈေးငယ်လေးသို့သွားခဲ့ကြပြီးနောက် စည်ကားနေသည့်လူအုပ်ကြီးက ထိုနေရာတွင် စုရုံးနေကြပြီး ဆူညံသံများနှင့် ဈေးဆစ်သံများ ရောယှက်စွာ ထွက်ပေါ်နေသည်ကို တွေ့မြင်ကြားနေခဲ့ရသည်။
မူလက သာမာန်ဆန်စွာ တိတ်ဆိတ်ငြိမ်သက်နေသည်လမ်းမှာ လက်ရှိတွင် အလွန် အသက်ဝင်လှုပ်ရှားလို့နေပေသည်။
ကျန်းကျန်းအနေဖြင့် သူမ၏အရင်ဘဝတွင် စူပါမားကတ်သို့သွားကာ ဟင်းသီးဟင်းရွက်များ ဝယ်ခဲ့ဖူးသော်လည်း ယခုဘဝတွင် သူမ၏ကိုယ်ပိုင်အသီးအနှံများဖြင့်သာ အမြဲတမ်း ကြီးပျင်းလာခဲ့သည်။
နှစ်များစွာကြာပြီးနောက် ယခုတစ်ကြိမ် အသီးအရွက်ဝယ်ရန်ဈေးသို့ရောက်သည်မှာ ဤဘတွင် ပထမဆုံးအကြိမ်ဖြစ်လေရာ လတ်ဆတ်သည်ဟု မခံစားဘဲမနေနိုင်ပေ။
တစ်ဖက်တွင်လည်း သမားတော်ကျန်းက ဟင်းသီးဟင်းရွက်ဈေးနှင့် အလွန်ရင်းနှီးကျွမ်းဝင်လို့နေသည်။
သူက ကျန်းကျန်းအား လမ်းအတွင်းပိုင်းသို့ခေါ်သွားခဲ့သည်။ အတွင်းပိုင်းသည်က်း အပြင်နှင့်မတူပေ။ အတွင်းတွင် ကြက်သား၊ဘဲနှင့်ငါးတို့ကိုရောင်းချနေခဲ့သည်။
သမားတော်ကျန်းက ကြက်၊ဘဲရောင့်သည့်စျေးသည်ရှေ့တွင် ရပ်လိုက်ပြီး ကြက်သားအား ဘယ်တို့ညာတို့လုပ်ကာ ဝဖီးနေသည့် တစ်ကောင်ကိုအမြန်ရွေးလိုက်သည်။
ထို့နောက် ဘဲတစ်ကောင်နှင့် ဟင်းသီးဟင်းရွက်တို့ကို ဝယ်ကာ ကျန်းကျန်းနှင့်အတူ အိမ်ပြန်လာခဲ့လေသည်။
ကျန်းကျန်းတစ်ယောက် မနက်စောစောထကာ ပြေးပြီးနောက် ပြင်သစ်စာလေ့ကျင့်ခဲ့ရသည်မို့ ဗိုက်ဆာနေခဲ့ပြီ။ ထို့ကြောင့် သူမ တံခါးမှ ဝင်လိုက်သည်နှင့် ချက်ချင်းပင် ဝယ်လာသည့်အရာများအား ဘေးတွင်ချကာ ကျန်းရန်ကျယ်ဆီကို မနေနိုင်တော့ဘဲ မေးလိုက်မိသည်။
“လောင်ရှစ် ကျွန်မတို့ မနက်စာဘာစားကြမလဲ?”
သမားတော်ကျန်းက ကျန်းကျန်းအားအပြုံးနှင့် ကြည့်လိုက်လေသည်။
“ငါလုပ်ထားပြီးပြီ အရင်ဆုံးလက်သွားဆေးလိုက်ဦး”
“ဟုတ်!”
သူမ အရသာရှိသည့်အရာတစ်ခုခုကို စားရတော့မည်ဟုကြားသည်နှင့် ချက်ချင်းပင် တုံ့ပြန်လိုက်ပြီး ခြံထဲမှ ရေဘုံပိုင်ဆီသို့ပြေးကာ ထိုင်ချလိုက်ပြီး လက်နှင့်မျက်နှာကိုသန့်စင်လိုက်သည်။
သူမက အစားအသောက်ဘက်သို့ အလွန်စိတ်ရောက်နေသည်ကြောင့် တဘက်နှင့်သုတ်ရန်ပင် မလုပ်ခဲ့ဘဲ သူမ၏လက်ဖြင့်သာ ပွတ်လိုက်ကာ ခဏအကြာတွင်ခြောက်သွားစေသည်။
ထိုအချိန်တွင် ဒေါက်တာကျန်းမှ စားပွဲငယ်လေးအား ခြံဝင်းထဲသို့ရွေ့လာခဲ့ပြီး မီးဖိုချောင်မှ မြေအိုးတစ်လုံးကိုပါ ယူလာခဲ့သည်။
ကျန်းကျန်း၏မျက်လုံးများ အရောင်တောက်လာပြ သူမ ချက်ချင်းပင်ဖွင့်ကြည့်ချင်သွားသည်။
“ဆရာ ဒါက ဘာချက်ထားတာလဲ?”
သူမက စကားပြောနေစဉ်မှာပင် အဖုံးကိုဖွင့်ဖွင့်ကြည့်မိပြီး ထမင်းနှင့် ကြာပန်းအရွက်၏အေးမြသည့်ရနံ့က ပျံ့နှံ့လာခါ်သည်။
ကျန်းကျန်း အသက်တစ်ချက်ရှိုက်လိုက်ပြီး အိုးထဲမှ ဆန်နှင့်ဂျုံအုပ်ထားသည့် ပဲစိမ်းဆန်ယာဂုကိုကြည့်လိုက်မိသည်။
တစ်ချက်ကြည့်ရုံဖြင့် အထဲမှ အနီရောင်ဘယ်ရီသီးခြောက်နှင့်ပေါင်းစပ်ထားသည်ကိုပါ တွေ့မြင်ရသောကြောင့် လူများကိုဆွဲဆောင်နိုင်ခဲ့ပေနေသည်။
ကျန်းကျန်း အသက်ပြင်းပြင်းတစ်ချက်ရှူပြီး ပျော်ရွှင်သည့်မျက်နှာဖြင့် သက်ပြင်းချလိုက်သည်။
“ဒါက အနံ့အရမ်းမွှေးတာပဲ!”
“ဒါ ကြာရွက်ဘယ်ရီ ယာဂုလေ၊ အပူကိုလျှော့ချပေးပြီးအစိုဓာတ်ကိုထိန်းပေးတယ် နွေရာသီအတွက်အကောင်းဆုံးပဲ”
သမားတော်ကျန်း ကျန်းကျန်းအား ဇွန်းကမ်းပေးလိုက်သည်။
“စားကြည့်လိုက် ငါ ဘန်းမုန့်ယူပေးမယ်”
ကျန်းကျန်းက ထိုစကားကြားသည်နှင့် ကျန်းရန်ကျယ်ထံမှ ဇွန်းအားအလျင်အမြန်ယူပြီး ယာဂုနှစ်ပန်းကန်ခပ်လိုက်ကာ ထိုအပေါ်တွင် တူများတင်လိုက်သည်။
ထို့နောက် စားပွဲပေါ်သို့ ဘန်းမုန့်များချနေသော သမားတော်ကျန်းအားပြန်ကြည့်လိုက်ပြန်သည်။
“ဖူလင်းကျားပင်ဘန်းမုန့်”
(T/N: ဖူလင်းမှိုတစ်မျိုးနဲ့လုပ်ထားတဲ့ဘန်းမုန့်၊ )
“မှိုဘန်းမုန့်တွေလား?”
ကျန်းကျန်း ထိုအရာများကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေမိသည်။
“ဘယ်လိုလုပ်ရတာလဲ?”
သမားတော်ကျန်းက ချုံးယိုပေါင်းပန်းကန်အား စားပွဲပေါ်တင်ပြီး ဘန်းမုန့်တစ်ခုယူကာ တစ်ကိုက်ကိုက်လိုက်ရင်း ဖြည်းဖြည်းချင်းရှင်းပြသည်။
“မှိုဘန်းမုန့်လုပ်ဖို့ဆိုရင် အိုးထဲကို ရေအရင်ထည့် ၊ ပြီးရင်မှိုထည့်ပြီး မီးအေးအေးနဲ့ပြုတ်ထားရတယ်၊ နာရီဝက်လောက်ကြာလို့ ဖူလင်းမှိုတွေ ရေမှာဆူတဲ့အခါ ဂျုံနဲ့ ပါဝင်ပစ္စည်းတွေရောလိုက် ၊ အဲဒီဂျုံအရောက သရက်ရွက်နဲ့အစာအိမ်ကိုအားဖြည့်ပေးနိုင်တဲ့အာနိသင်ရှိပြီး စားရင်လဲည်းခန္ဓာကိုယ်အတွက်ကောင်းတယ်”
“အဲလိုကိုး!”
ကျန်းကျန်း ဘန်းမုန့်ကိုယူကာ တစ်ကိုက်ကိုက်လိုက်ပြီး အရသာရှိသည့်အစားအစာကြောင့် သူမမျက်လုံးများပင် ကျဉ်းမြောင်းသွားရသည်။
ထိူဘန်းမုန်းသည်ကာ တစ်ခါစစ်ထုတ်ထားသည့် ဂျုံဖြင့် ပြုလုပ်ထားသောကြောင့် အနံ့အရသာအထူးကောင်းမွန်လှသည်။
ဘန်းမုန့်ထဲသို့ ဝက်သားနုတ်နုတ်စင်းပြီး ကြက်သွန်၊ဂျင်း၊ကြက်သွန်ဖြူနှင့် ဟင်းရည်အနည်းငယ်ရောမွှေကာအစာသွပ်ထားသည်။
ကျက်သွားသည့်ဘန်းမုန့်များ၏အပြင်လွှာက ဖောင်းနေပြီး အစာသွပ်ထည့်ထားသောကြောင့် တစ်ကိုက်ကိုက်လိုက်သည်နှင့် ဟင်းရည်များစိမ့်ထွက်လာမည်ပင်။
တစ်ကိုက်ကိုက်ပြီး ဝါးနေရင်းနှင့်ပင် မွှေးပျံ့သည့်အသားအရသာများနှင့်ရောစပ်ကာ ဆီပြန်နေသော်ငြား အဆီမရစ်သည်ကြောင့် လျှာကိုပါမျိုချလုနီးပါး ဖြစ်စေရသည်။
ကျန်းကျန်း တစ်လုတ်ပြီးတစ်လုတ်စားနေခဲ့ကာ လုံလောက်သည်ဟုမခံစားရ၍ နောက်တစ်ခုစားရန်ပြင်လိုက်သည်။
သူမထံတွင် မိန်းမပျိုလေး၏ပုံရိပ်များက လုံးလုံးပျောက်ကွယ်လို့နေသည်။ သမားတော်ကျန်းသည်လည်း စိတ်ထဲတွင်မထားဘဲ သူမအား အပြုံးနှင့်သာ ကြည့်နေပြီး သတိပေးရန်လဲမမေ့ပေ။
“ယာဂုကိုအရင်သောက်ဦး မနင်စေနဲ့အုံး”
ကျန်းကျန်း ခေါင်းငြိမ့်လိုက်ပြီး ကြာရွက်ဘယ်ရီယာဂုအားတစ်ဇွန်းခပ်ကာ သူမပါးစပ်ထဲသို့ အပြည့်ထည့်လိုက်သည်။
ယာဂု၏အရသာမှာ သူမအရင်စားနေကျအရသာများနှင့်ကွဲပြားသည်။ ပါးစပ်ထဲ၌ ချောမွေ့နေရုံသာမကဘဲ ကြာရွက်၏ချိုမွှေးမွှေးအရသာမှာလည်း အလွန်အရသာရှိလေသည်။
ကျန်းကျန်း စားနေသည့်ပမာဏနှင့်ယှဉ်ပါက ဒေါက်တာကျန်းမှာ အလွန်ပင် တည်ငြိမ်လေသည်။ သူက အသက်ကြီးနေပြီဖြစ်ကာ ကျန်းမာရေးနှင့် ညီညွတ်စွာစားသောက်လေ့ရှိသည်။
မနက်စာအတွက် သူက ဘန်းမုန့်ပေါင်း သုံးခုနှင့်ယာဂုတစ်ပန်းကန်ကိုသာ စားပြီး တူကိုပြန်ချကာစားငောက်နေသည်ကိုရပ်လိုက်သည်။
ထို့ကြောင့် ကျန်ရှိသည့် အရသာရှိလှသော အစားအစာများမှာ ကျန်းကျန်းအတွက်သာ ဖြစ်သွားခဲ်လေသည်။
သူမက ကျန်နေသည့် ဘန်းမုန့်ခုနှစ်ခုလုံးကို စားလိုက်ပြီး ယာဂုကိုလည်း အိူးတစ်ဝက်လောက် သောက်လိုက်သည်။ သူမ၏ အစာအိမ်က အလွန်ပြည့်တင်းနေသော်လည်း သူမအနည်းငယ်သာ ဗိုက်ဝသကဲ့သို့ခံစားနေခဲ့ရသည်။
ကျန်းရန်ကျယ်က သူမ စားသောက်ပြီးနောက် လေချဥ်တက်နေသည်ကိုမြင်လျှင် ခေါင်းကို ခါရမ်းလိုက်သည်။
“ကျန်းကျန်း မင်းစားတာအရမ်းများတယ်၊ ၇၀% လောက်ပဲဗိုက်ပြည့်အောင်စား”
ကျန်းကျန်း သူမ၏ အစာအိမ်ကိုပွတ်သပ်လိုက်ပြီး တစ်ခဏလောက်တွေးလိုက်ကာ ကျန်းရန့်ဇီအား ရှုပ်ထွေးနေသည့်မျက်နှာဖြင့်မေးလိုက်သည်။
“လောင်ရှစ် ၇၀% ဗိုက်ပြည့်အောင်ဆိုတာ ဘယ်လိုမျိူးလဲ?”
ကျန်းရန်ကျယ်က ဘေးဘက်မှ လက်ဖက်ရည်စားပွဲရှေ့တွင်ထိုင်လိုက်ပြီး လက်ဖက်ရည်ဖျော်ရန် ရေနွေးတည်လိုက်ကာ လက်ဖက်ရည်ဖျော်စပ်ရန် ကိုက်ညီလောက်သည့် ရေပမာဏကိုလောင်းထည့်နေခဲ့ရင်း အပြုံးတစ်ခုနှင့် ကျန်းကျန်းကိုကြည့်လိုက်သည်။
“၇၀%ဗိုက်ပြည့်တယ်ဆိုတာ ဗိုက်မပြည့်သေးရင်တောင်မှ ဗိုက်ဆာတယ်လို့ မခံစားရတာကိုပြောတာ”
ဗိုက်မပြည့်ပေမယ့် ဗိုက်မဆာဘူး?
ကျန်းကျန်း အလေးအနက်ထားကာ သူမ စားနေချိန်ကိုပြန်တွေးကြည့်လိုက်သည်။
ထို့နောက်တွင် သူမ၏ဆရာပေးသည့်အဖြေမှာ အလွန်စိတ်ကူးယဉ်ဆန်ကြောင်းကို ရုတ်တရက်ခံစားလိုက်ရသည်။ သို့သော် သူမက ထိုအကြောင်းကိုကျန်းရန်ကျယ်ထံသို့ မပြောနိုင်ပေ။
သူမခေါင်းကုတ်လိုက်ပြီး ကျန်းရန်ကျယ်အား ရှက်ရွံ့စွာကြည့်လိုက်သည်။
“လောင်ရှစ်၊ ကျွန်မကတော့ ဗိုက်ဆာဆာဗိုက်ပြည့်ပြည့် ကျွန်မဗိုက်ပြည့်တယ် မခံစားရရင် ဗိုက်မပြည့်သေးလို့ပဲ၊ မဟုတ်ရင်အိပ်လို့မပျော်ဘူး”
ထိုအကြောင်းကို သူမနှင့်ဆက်ပြောလို့ရမည်မဟုတ်၍ ကျန်းရန်ကျယ်တစ်ယောက် ခေါင်းကုသာခါရမ်းလိုက်သည်။
“ထားလိုက်တော့ မင်းကြိုက်ရင်ပိုစားချင်ရင်စားလိုက်၊ ငယ်ငယ်ရွယ်ရွယ်ပဲရှိသေးတာဆိုတော့ အများကြီးစားလည်းဘာမှမဖြစ်ဘူး အိုးထဲကျန်တဲ့ ဒီတစ်ပန်းကန်ပါစားလိုက် “
သူမ ဆရာဖြစ်သူ၏ မနက်စာကိုစားပြီးနောက် ကျန်းကျန်းမှာ အမြဲတစေအလုပ်ကို ကြိုးစားလေ့ရှိသူဖြစ်၍ ချက်ချင်းပင် ပန်းကန်းများနှင့်အိုးများကိုဆေးကြောလိုက်ပြီး ကျန်းရန့န်ကျယ်၏ဆန့်ကျင်ဘက်တွင် တိတ်တိတ်လေးဝင်ထိုင်လိုက်သည်။
ကျန်းရန်ကျယ်သည်လည်း ကျန်းကျန်း၏အပြုအမူကို အလွန်ကျေနပ်နေခဲ့ပြီး လက်ဖက်ရည်ရသည့်အချိန်တွင် သူက ကျန်းကျန်းအား ဆေးဖက်ဝင်အစားအစာများအား မည်သို့ချက်ရမည်ကို စတင်ရှင်းပြဖို့ လုပ်ခဲ့တော့သည်။