← Chapters

အခန်း (၂၀၆)

Vol. 21 Ch. 206

အခန်း (၂၀၆)

Vol. 21 Ch. 206

“ဆေးဖက်ဝင် အစားအစားတွေက အစားအစာတွေပဲဆိုပေမယ့် ဆေးနဲ့အစားအစာက ဆတူပါဝင်ရောနှောထားတဲ့အတွက် လက်လွတ်စပယ်လုပ်လို့မရဘူး ၊ မဟုတ်ရင် ခန္ဓာကိုယ်ကို အာဟာရတွေမရရုံတင်မကဘဲ ရောဂါတွေပါ ဖြစ်သွားစေနိုင်တယ်”

ထိုသို့‌ပြောပြီး သူက လက်ဖက်ရည်တစ်ငုံသောက်ကာ ဆက်ပြောလိုက်သည်။

“အချဉ်ဓာတ်က အသည်းကိုဝင်တယ်၊ အခါးဓာတ်ကနှလုံးကိုဝင်တယ်၊ အချိုက သရက်ရွက်ကိုဝင်တယ်၊ စူးရှရှအရသာက အဆုပ်ကိုဝင်တယ်၊ အငံဓာတ်က ကျောက်ကပ်ကိုဝင်တယ်၊

အဲဒါတွေက လူတစ်ယောက်နဲ့တစ်ယောက် အချိန်တစ်ခုနဲ့တစ်ခုကွဲပြားတတ်တယ် ၊ ဒီတော့ မင်း နားလည်ရမှာက တရုတ်တိုင်းရင်းဆေးပညာမှာရှိတဲ့ ယင်နဲ့ယန် ၊ ဒြပ်စင်၅ခု၊ ကျန်းဖုဖွဲ့စည်းပုံသီအိုရီရယ်နဲ့ တရုတ်တိုင်းရင်းဆေးရဲ့ ဆေးဘက်ဆိုင်ရာဂုဏ်သတ္တိနဲ့လိုက်ဖက်မှုတွေကိုပဲ ၊ဒါတွေကိုသာ သိသွားပြီဆိုရင် မင်း ဆေးဖက်ဝင်အစားအစာကိုကောင်းကောင်း လုပ်နိုင်လာလိမ့်မယ်”

သမားတော်ကျန်း၏စကားများကိုနားထောင်ပြီးနောက် ကျန်းကျန်း၏မျက်နှာလေးက အလိုအလျှောက်ရှုံ့မဲ့သွားခဲ့ရသည်။

တရုတ်ဆေးပညာသည်ကား ရှည်လျားပြီး နက်နဲသည့်သမိုင်းကြောင်းများရှိပြီး ဆေးဖက်ဝင်အပင်များသည်လည်း ထောင်ပေါင်းများစွာပါဝင်နေသည်။

ကျန်းရန်ကျယ်က ကျန်းကျန်း၏ အတွေးများကိုသဘောပေါက်၍ ပြုံးရင်း ခေါင်းကိုခါရမ်းလိုက်ပြီး နေရာမှထကာအခန်းထဲသို့ ဝင်သွားခဲ့သည်။

ထို့နောက် စာအုပ်နှစ်အုပ်ကို ကိုင်ဆောင်လျက် ပြန်ထွက်လာခဲ့ပြီး ကျန်းကျန်းအား ပေးလိုက်သည်။

“ငါ့ဆီမှာ စာအုပ်နှစ်အုပ်ရှိတယ်၊ ပထမတစ်အုပ်က ငါ ခွဲခြားထားတဲ့ တရုတ်တိုင်းရင်းဆေးရဲ့အခြေခံတွေပဲ၊

မင်းဆီမှာ ဘာမှလုပ်စရာမရှိတဲ့အချိန်ကျရင် ဆေးဘက်ဆိုင်ရာ ဗဟုသုတနဲ့ ဆေးပညာ ပစ္စည်းတွေကို မင်း ဘယ်လောက်ထိ နားလည်လဲဆိုတာဖတ်ကြည့်လိုက်၊

ပြီးတော့ ဒီထူထဲတဲ့တစ်အုပ်က ငါနှစ်ပေါင်းများစွာပြုစုထားတဲ့ ဆေးဖက်ဝင်ဟင်းချက်နည်းတွေပဲ၊ ဒါတွေကိုအလွတ်ကျက်မှတ်ပြီး အသုံးများတဲ့ဟာတွေကို ချရေးထားလိုက်၊ ဒါဆိုရင် မင်းအတွက်လုံလောက်ပါတယ်”

ကျန်းကျန်း၏မျက်လုံးများက ချက်ချင်းပင် တောက်ပလာကာ လျှင်မြန်သွက်လက်စွာဖြင့် စာအုပ်အထူကိုဖွင့်လိုက်သည်။

အထဲတွင် ဂရုတစိုက်ခွဲခြားထားသည့် ဆေးဖက်ဝင်ဟင်းချက်နည်းများကို ရေးသားထားသည်များပါရှိပြီး ၎င်းတို့၏ထိရောက်မှုများ၊ အလားတူသက်သာလျော့ပါးနိုင်သော ရောဂါလက္ခဏာ အလိုက်ကိုလည်း အသေးစိတ်ရေးမှတ်ထားပေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဒေါက်တာကျန်းမှ ဤစာအုပ်အတွက် အတော်လေးအားစိုက်ထုတ်ထားသည်ကိုမြင်နိုင်သည်။

ကျန်းရန်ကျယ်က သူ၏ကြိုစားအားထုတ်ခဲ့မှုကို ငွေကြေးအခကျေးငွေမယူပဲ သူမအားပေးရန် ဆန္ဒရှိနေသည်ကိုမြင်လိုက်ရ၍ ကျန်းကျန်းမှာ ထိုစာအုပ်အား ကိုင်ထားရင်း အလျင်အမြန်ပင် ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် လောင်ရှစ်!”

ကျန်းရန်ကျယ် သူမအား အပြုံးနှင့်ကြည့်လိုက်သည်။

“ကျေးဇူးတင်ဖို့မလိုပါဘူး၊ ဒါပေမဲ့ မင်းဆီမှာ ချက်ပြုတ်နည်းရှိနေသေးရင်တောင် ငါ့ဆီကနေသင်ယူရဦးမယ်၊ ငါ ဒီစာအုပ်ထဲမှာ တစ်ချို့ပါဝင်ပစ္စည်းနဲ့ဆေးဖက်ဝင်အပင်တွေရဲ့စီမံဆောင်ရွက်နိုင်ပုံကို အသေးစိတ်မရေးထားဘူး၊ ဒါတွေက လက်တွေ့အသေးစိတ်သင်ကြားမှသိလာမှာ၊ ဒီနွေရာသီမှာ ပျင်းရိဖို့ မစဥ်းစားနဲ့”

ကျန်းကျန်းက ထိုစကားများကြားချိန်မှာ ထပ်ခါထပ်ခါခေါင်းငြိမ့်ပြပြီး ကတိပေးလိုက်သည်။

“လောင်ရှစ်က ကျွန်မအတွက်အပင်ပန်းခံပြီးသင်ပေးဖို့ ဆန္ဒရှိမှတော့ ကျွန်မကလည်း သေသေချာချာကြိုးစားပြီး သင်ယူပါ့မယ်!”

“ကောင်းပြီ”

ကျန်းရန်ကျယ် ခွက်ထဲမှ လက်ဖက်ရည်များကို အကုန်မော့သောက်လိုက်သည်။

“အခု ကြက်နဲ့ဘဲတွေသတ်ဖို့ ငါနဲ့လိုက်ခဲ့တော့”

“ဟုတ်ကဲ့!”

ကျန်းကျန်း သူ့နောက်မှ သွက်လပ်စွာ လိုက်သွားခဲ့သည်။

ကျန်းရန်ကျယ်က ကြက်နှင့်ဘဲများကို ဖမ်းရာတွင် တော်သည်သာမကဘဲ သတ်ရာတွင်လည်း အလွန်ချောမွေ့လေသည်။

ကျန်းကျန်းက သူ၏ ‌ဘေးတွင်ဆောင့်ကြောင့်ထိုင်ကာ ကျန်းရန်ကျယ် ကြက်နှင့်ဘဲမွှေးများနှုတ်နေသည်ကိုထိုင်ကြည့်နေခဲ့သည်။

“လောင်ရှစ်၊ လောင်ရှစ်က တရုတ်ဆေးပညာကြောင့် ဟင်းချက်ကောင်းတဲ့ စားဖိုမှူးတစ်ယောက် ဖြစ်ဖို့အရေးကို နှောင့်နှေးခဲ့ရတဲ့သူပဲ”

“ဘယ်လို?”

ကျန်းရန့်ဇီ သူမ၏စကားကြောင့် သဘောကျသွားခဲ့ရပြီး သူမဆီကို ရယ်မောရင်းကြည့်လိုက်ကာ ကြက်ကိုင်ရင်းဖြင့် လွယ်ကူရိုးရှင်းသည့် သဘောသဘာဝတို့ကို ရိုးရိုးရှင်းရှင်းပြောပြခဲ့သည်။

“မင်းသိလား ၊ ကြက်သတ်ပြီးပြီဆိုရင် သွေးတွေသန့်စင်တဲ့အထိ ဖယ်ရှားပြီးနှုတ်လိုက်ရလိမ့်မယ် ၊ ကြက်ဝကြီးဖြစ်အောင်ဆိုပြီး အဆီတွေကိုလည်း မဖယ်ဘဲ နေလို့မရဘူး၊

မဟုတ်ရင် စွပ်ပြုတ်ဟင်းရည်က အရမ်းနောက်နေလိမ့်မယ် ၊ အဲဒီအချိန်ကျရင် ကြည့်ရဆိုးနေရုံတင်မကဘဲ အရသာကိုလည်း ထိခိုက်စေလိမ့်မယ်”

“ဗဟုသုတရစရာတွေ အများကြီးရှိနေသေးတာပဲ!”

ကျန်းကျန်းက အဆီများသော ကြက်ဝကြီးကိုကြည့်ကာ မမေးဘဲမနေနိုင်ပေ။

“လောင်ရှစ် ၊ ကြက်အဆီက အရသာကိုပျက်စေတယ်ဆိုမှတော့ ဒီကြက်ရဲ့အဆီကို ဘာလို့ ဆက်ပြီး ချန်ထားနေသေးတာလဲ”

ကျန်းရန်ကျယ်က သတ်ပြီးသားကြက်ကိုယူကာ ဘုံပိုင်အောက်တွင်ဆေးကြောရင်း ပြောလိုက်သည်။

“ကြက်အဆီက စွပ်ပြုတ်လုပ်တဲ့အချိန်မှာ အရသာဆိုးရွားသွားတာကိုပဲ မကြည့်နဲ့လေ ၊ ကြက်ဆီနှင့် ပန်ကိတ်လုပ်စားလို့ရတယ် ၊ အဲဒီ ပန်ကိတ်က အရသာ ဘယ်လောက် ရှိလဲဆိုတာတာကိုမကြည့်နဲ့ဦး၊ ပန်ကိတ်တွေက အနံ့အရသာနဲ့ပြည့်စုံပြီးကြွပ်ရွသေးတယ်”

ကျန်းကျန်း သူမဆရာ၏ဖော်ပြချက်ကိုနားထောင်ရင်း ရုတ်တရက်တံတွေးမျိုချလိုက်မိသည်။

ထို့နောက် သူမ လွှင့်ပစ်ရန်အတွက် အိတ်ထဲထည့်နေလက်စဖြစ်သည့် ကြက်အဆီများကို ပန်းကန်ထဲသို့ အလေးအနက်ပြန်ထည့်လိုက်ကာ ပန်းကန်ကို လက်နှစ်ဖက်ဖြင့်သေသေချာချာကိုင်ပြီး မီးဖိုချောင်ထဲသို့ သယ်သွားလိုက်တော့သည်။

ကျန်းရန်ကျယ်က ယနေ့တွင် အသားနှစ်မျိုးပြုလုပ်မည်ဖြစ်လေသည်။ တစ်မျိုးမှာ နာမည်ကြီး ယန်နန်ဟင်းလျာဖြစ်သည့် ကြက်သားအား တုန်းချောင်ရှ‌ချောင်(ဓားသွားသဏ္ဍာန်မှိုတစ်မျိုး) နှင့်အိုးထဲတွင် ထည့်ပေါင်းမည်ဖြစ်သည်။

နောက်တစ်မျိုးမှာတော့ ရတနာရှစ်မျိုးဘဲသားဟင်းဖြစ်ပြီး ကျောက်ကပ်နှင့်သွားကို အာဟာရဖြည့်ပေးစေနိုင်သည်။

ကျန်းကျန်းက သမားတော်ကျန်းတစ်ယောက် ချက်ပြုတ်နေစဉ် ထိုဟင်းအမယ်နှစ်မျိုး၏ အဓိကအချက်များအား မိတ်ဆက်ပေးနေသည်ကိုနားထောင်နေခဲ့သည်။

ထို့နောက် သူမတစ်ခုခုမှားနေသည်ဟုခံစားရကာ ပြန်မေးလိုက်သည်။

“လောင်ရှစ် ဒီဟင်းလျာနှစ်မျိုးက ကျွန်မနဲ့ကိုက်ညီပုံမပေါ်ဘူးနော်?”

“အမှန်ပဲ!”

ကျန်းရန်ကျယ် သူမကိုကြည့်လိုက်သည်။

“ဒါတွေက မင်းအတွက်မဟုတ်ဘူး”

သူက ကြက်သားတုံးများ၊ ဝါးမှိုများနှင့် ရွှမ်းဝေ ဝက်ပေါင်ခြောက်များကို အကုန်ရောပေါင်းကာ တုန်းချောင်ရှချောင်ပေါ်တွင်ချက်ချင်းဖိလိုက်သည်။

ကျန်းကျန်း ထပ်ပြောလိုက်ပြန်သည်။

“လောင်ရှစ် ဒီအမယ်တွေက အရမ်းဈေးကြီးပြီးတော့ ရှာရခက်တယ် ဒါမှမဟုတ် တစ်ချို့ကိုဒီတိုင်းပဲသိမ်းထားရအောင်လေ”

ကျန်းကျန်း၏ သနားစဖွယ်အသွင်အပြင်ကိုကြည့်ပြီး ကျန်းရန်ကျယ် အေးတိစက်နှာခေါင်းရှုံ့လိုက်သည်။

“မင်းက ငါ့ကိုရှစ်ဖူလို့တောင်မခေါ်ဘဲနဲ့ ငါ့ရဲ့ကြက်စွပ်ပြုတ်ကို စားချင်နေသေးတယ် ၊ အရသာက ဘယ်လိုကောင်းလောက်မလဲဆိုတာကိုပဲ သိချင်နေတာမလား”

ကျန်းကျန်း သူ့အား မဲမှောင်နေသည့်မျက်နှာဖြင့်ကြည့်လာသည်။

“လောင်ရှစ်က အရမ်းဂရုစိုက်လွန်းနေတာပဲ မဟုတ်ဘူးလား”

ကျန်းရန်ကျယ် ချက်ချင်းပင် တုန်းချောင်ရှချောင်‌ နောက်တစ်ပိုင်းကိုယူကာ အိုးထဲသို့ ထည့်ရန်ပြင်လိုက်သည်။

ထိုအချိန်ကျမှ ကျန်းကျန်းတစ်ယောက် အလျင်အမြန်သွားကာ ကျန်းရန်ကျယ်၏လက်ကိုဖမ်းတားလိုက်ပြီး ပြောလိုက်ရသည်။

ရှစ်ဖူ! ရှစ်ဖူ... မထည့်ပါနဲ့တော့!”

ကျန်းရန်ကျယ်၏လက်က ရပ်တန့်သွားခဲ့ပြီး ကျန်းကျန်းအား အလွန်တည်ငြိမ်စွာကြည့်လာခဲ့သည်။

“ဒါက မင်းရဲ့စိတ်နဲ့မင်းခေါ်တာနော်၊ ငါ အတင်းအကြပ် တိုက်တွန်းတာမဟုတ်ဘူး”

“ဟုတ်ပါတယ်! ဟုတ်ပါတယ်! ဟုတ်ပါတယ်! ရှစ်ဖူပြောတာ မှန်ပါတယ်”

ကျန်းကျန်း သူ့လက်ထဲမှ မှိုကိုဆွဲယူကာ ဆေးအိတ်ထဲသို့ ပြန်ထည့်လိုက်ကည ဘေးတွင်ချထားလိုက်သည်။

“ရှစ်ဖူ ၊ ကျွန်မ ဘာထပ်လုပ်ရမလဲ?”

ကျန်းရန်ကျယ်က ထိုအခေါ်အဝေါ်အား ကြားလိုက်ရသည်တွင ချက်ချင်းပင် လွန်စွာစိတ်ကျေနပ်သွားပြီး အားရကျေနပ်စွာ ခေါင်းငြိမ့်ကာ ပြောလာခဲ့သည်။

“ မင်းရဲ့စိတ်ရင်းအတွက် ငါ မင်းကို အလုပ်သင်အဖြစ် လက်ခံလိုက်မယ်”

“ရှစ်ဖူ ဆုံးဖြတ်သလိုပါပဲ!”

ကျန်းကျန်း သူ့အားမျက်ရည်များဖြင့်ကြည့်လိုက်မိသည်။

“ရှစ်ဖူ၊ ရှစ်ဖူက ကလေးကြီးလုပ်ရတာကို ပျော်နေတာလား”

“စုဝေ့ရန်က မင်းကို သူ့ရဲ့ အလုပ်သင်ဖြစ်နေပြီဆိုပြီး ငါတို့တွေရဲ့ ရှေ့မှာ တနေကုန် အော်နေတာကြောင့်သာမဟုတ်ရင် မင်းရဲ့ ဆရာဆိုတဲ့အခြေအနေကိုတောင်မေ့တော့မလို့ပဲ၊ ရှဲ့ရှူးရန်တောင်မှ.. မင်းက ပြင်သစ်စာသင်ဖို့‌ အဲဒီကလေးကို တောင်းဆိုထားသေးတယ်၊ ငါကအရမ်းနောက်ကျကျန်နေခဲ့ပြီ”

ကျန်းရန်ကျယ်က ဝမ်းမြောက်ဝမ်းသာဖြစ်နေကာ ပြောလာခဲ့သည်။

“မင်းအနာဂတ်မှာ ငါ့ရဲ့ဆေးဖက်ဝင်အစားအစာချက်ပြုတ်နည်းတွေ သင်ယူနိုင်တဲ့အခါ ငါ မင်းကိုအပြင်ကိုခေါ်သွားပြီး သူတို့တွေ မနာလိုသွားအောင် မင်းကိုကြွားဝါထုတ်ပြရမယ်!”

“ကောင်းပါပြီ၊ ကျွန်မ ကြိုးကြိုးစားစားသင်ယူသွားပါ့မယ်”

ကျန်းကျန်း သူမရင်ဘတ်ကိုပုတ်ကာ ကတိပေးလိုက်ပြီးနောက် ဝီရိယရှိရှိမေးလိုက်သည်။

“ဆရာကြီး ကျွန်မ တခြားပန်းကန်တွေဆေးပေးရမလား?”

ကျန်းရန်ကျယ်နှင့် ကျန်းကျန်းတို့ တစ်မနက်လုံး အလုပ်များနေခဲ့ကြပြီး အသားဟင်းနှစ်မျိုး၊ အသီးအရွက်ဟင်းလေးမျိုးအပြင် ကြွပ်ရွကာမွှေးကြိုင်သည့်ကြက်သားပန်ကိတ်ကိုလည်း ချက်ပြုတ်ခဲ့ကြသေးသည်။

ကျန်းကျန်းက နူးညံ့သည့်ကြက်သားပေါင်းနှင့်စွပ်ပြုတ်အား တစ်ပန်းကန်အပြည့်ဖြည့်ပြီးနောက် ပူနေသည့်အချိန်မှာပင် အမြန်မှုတ်၍ တစ်ဇွန်းသောက်လိုက်သည်။

စွပာပြုပ်၏အရသာမှာ အလွန်အမင်းပင် အရသာရှိလွန်လှပြီး လျှာနှင့်နှုတ်ခမ်းကြားတွင် စွဲကျန်ရစ်နေခဲ့သည်။ သူမက သူမ၏ပေါင်ကို စိတ်အနှောင်အယှင်ဖြစ်စွာ ရိုက်လိုက်ပြီး ပြောလိုက်မိသည်။

“အရင်ကကျွန်မစားခဲ့တဲ့ရစ်ဌက်စွပ်ပြုတ်တွေက ဖြူဖက်ဖြူရော်တွေချည်းပဲ”

နေ့ခင်းဘက်အတွက် ဟင်းလျာများက အများကြီးချက်ပြုတ်ထားခဲ့သောကြောင့် ကျန်းရန်ကျယ်က ရတနာရှစ်မျိုး ဘဲသားဟင်းလျာကို ထုတ်မလာခဲ့ပေ။

ကျန်းကျန်း အိမ်သို့ ပြန်သည့်အချိန်တွင် ကျန်းရန်ကျယ်က ကျောက်ကပ်နှင့်သွားများ ကောင်းစေသည့် ရတနာရှစ်မျိုးဘဲဟင်းကို ကျန်းကျန်းဆီပေးလိုက်သည်။

“အိမ်ပြန်ပြီး မင်းမိဘတွေစားဖို့ယူသွားလိုက်၊ မနက်ဖြန်မနက်ပြန်လာခဲ့ဦး”

ကျန်းကျန်း သူမ၏ဖောင်းကားနေသည့်ဗိုက်အား ပွတ်သပ်လိုက်ပြီး ကျန်းရန်ကျယ်အား စိုးရိမ်တကြီးမေးလိုက်သည်။

“ဆရာကြီး ကျွန်မ ဒီနွေမှာ ဘယ်နှကီလိုလောက် တက်လာနိုင်လောက်လဲ?”

ကျန်းကျန်း၏ စားသောက်ပုံက တခြားလူများကိုပါ အစားစားချင်စိတ်ကို လှုံ့ဆော်ပေးသောကြောင့် ကျန်းရန်ကျယ်သည်လည်း ပုံမှန်ထက် အနည်းငယ်ပိုစားခဲ့သည်။

ထို့ကြောင့် ကျန်းကျန်း၏အမေးကိုကြားလိုက်ရသည့်အချိန်တွင် ကျန်းရန်ကျယ်လည်း အနည်းငယ်စိုးရိမ်စွာပြန်ဖြေသည်။

“ငါ့အထင် ငါလည်းဝိတ်တက်လာလောက်တယ်!”

**(208)

ကျန်းရန်ကျယ် ရှဲယန်နန်ဆီသို့ ၁၀ရက်တစ်ခါသွားကာ သူမ၏သွေးခုန်နှုန်းနှင့် ရောဂါလက္ခဏာအရ ဖော်စပ်ရမည့်ဆေးများကို စစ်ဆေးခဲ့သည်။

ရှဲယန်နန်အနေဖြင့် ကျန်းရန်ကျယ်မှာ တရုတ်ဆေးပညာတွင် အလွန်ကျော်ကြားသည့်လူဖြစ်ကြောင်းကိုသိလေသည်။

ထို့ကြောင့် သူ၏စကားလုံးများကို တော်ဝင်အမိန့်ပြန်တမ်းကဲ့သို့သဘောထားကာ အလွန်အမင်း အလေးအနက်လိုက်နာနေခဲ့သည်။

သူ ပြောခဲ့သာ တချို့သော ဘဝပေးအသိအနည်းငယ်ကိုလည်း အလုပ်တွင် လက်တွေ့စမ်းသပ်မှုလုပ်သကဲ့သို့ ဂရုတစိုက်လုပ်ဆောင်ခဲ့သည်။

ဆေးများကို အချိန်တစ်ခဏလောက်ကြာအောင် လိုက်နာသုံးစွဲခဲ့ပြီးနောက် ရှဲယန်နန်မှာ သူမ၏ခန္ဒာကိုယ် ပြောင်းလဲနေကြောင်းကို ရှင်းရှင်းလင်းလင်း သတိပြုမိသွားသည်။

ပြောရမည်ဆိုလျှင် အနည်းဆုံး ခါးနာခြင်း၏မူလပြဿနာမှာလည်း ပျောက်ကင်းသွားပြီး ဆောင်းဦးရာသီတွင် လက်ဖျားလက်ဖျားအေးသည့်ပြဿနာမှာလည်း ပျောက်ကွယ်သွားခဲ့ပြီ။

လီမင်ရှီမှလည်း သူမ၏ခြေထောက်မှာ အရင်ကလို တစ်နှစ်ပတ်လုံးအေးမနေတော့ဘဲ ပူနွေးနေသည်ဟုပြော‌လာခဲ့လေသည်။

ရှဲယန်နန်တစ်ယောက် တစ်လအားလပ်ရက်ရနေချိန် လီမင်ရှီ၏ပရောဂျက်အဖွဲ့မှရေးဆွဲထားသည့် ပရောဂျက်မျာ့ကလည်း အားလုံးပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ ဤနှစ်များကိုထည့်တွက်ရလျှင် သုတေသီများက သုတေသနဌာနအား ၎င်းတို့၏နေအိမ်အဖြစ် အသုံးပြုခဲ့ကာ နှစ်ပေါင်းများစွာအချိန်ပိုဆင်းခဲ့ကြရသည်။

ထို့ကြောင့် သူတို့ ခြေကုန်လက်ပန်း ကျသွားမည်ကိုလည်း စိုးရိမ် ကြောက်လန့်ကြရသည်။

ထို့အတွက်ကြောင့် အထက်မှ လူတိုင်းကို (၃)လတာ အနားယူခွင့်ပေးခဲ့ပြီး အရင်ဆုံးကောင်းစွာအနားယူရန် ဆောင်ရွက်ပေးခဲ့ကြသည်။

လီမင်ရှီအနေဖြင်် ဘွဲ့ရပြီး PLAစစ်အဖွဲ့နှစ်ဖွဲ့နှင့်အတူ ထွက်ခွာသွားခဲ့ရပြီးနောက် ယခုနှစ်အတွင်း ပထမဆုံးအကြိမ်အားလပ်ရက်ရရှိခဲ့ခြင်းသာဖြစ်သည်။

မဒမ်လီနှင့် ဝမ်စုဖန်းတို့ကတော့ လီမင်ရှီတစ်ယောက် အိမ်တွင် နောက်ထပ် ရက်အတော်ကြာအောင် ထပ်နေနိုင်မည်ကို တွေးမိပြီး ပျော်ရွှင်နေခဲ့ကြလေ၏။ ထို့အတူ ကျန်းကျန်းသည်လည်း အလွန်ပင် ပျော်နေခဲ့သည်။

ကျန်းကျန်းမှ ဆေးဖက်ဝင်အစားအစာများပြုလုပ်သည်ကို စမ်းသပ်ပြီးနောက် ကျန်းရန်ကျယ်က လီမိသားစုအိမ်သို့သွားကာ လီမင်ရှီအတွက် သွေးခုန်နှုန်းတိုင်းပေးခဲ့ပြီး ကျန်းကျန်းအား သူမဘာသာ သူမ၏အစ်ကိုအတွက် ဆေးဖက်ဝင်အစားအစာကို တွေးတောခွင့်ပေးထားကာ ပုံမှန်အတိုင်းသွေးခုန်နှုန်းကိုချရေးလဲ့သည်။

လီမင်ရှီသည် ငယ်ရွယ်ပြီး စစ်တက္ကသိုလ်တွင် နှစ်များစွာတာဝန်ထမ်းဆောင်ခဲ့သည်။

သူ့၏ကျန်းမာရေးမှာ အလွန်ကောင်းမွန်ခဲ့သော်လည်း သိပ္ပံသုတေသနတွင်စတင်လုပ်တောင်ချိန်မှစ၍ လေ့ကျင့်ခန်းလုပ်ရန်အခွင့်အရေးနည်းပါးပြီး အချိန်အများအပြားကို နောက်ကျသရ်အထိ နေရင်းကုန်ဆုံးခဲ့သည့်အတွက် သူ၏ချီနှင့်သွေးတို့ကို ထိခိုက်စေခဲ့သည်။

ထို့ကြောင့် ကျန်းကျန်းက ချီအာဟာရနှင့် သွေးအာဟာရအတွက်ကောင်းမွန်သည့် ဆေးဖက်ဝင်အစားအစာအားရွေးချယ်ခဲ့လေသည်။

ပါဝင်ပစ္စည်းများကိုစတင်ဝယ်ယူချိန်မှ နောက်ဆုံးချက်ပြုတ်သည်အထိ သူမတစ်ဦးတည်းသာ လုပ်ဆောင်ခဲ့သည်။ ကျန်းရန်ကျယ်မှ တစ်လုံးတစ်လေမှ ဝင်မပြောဘဲ ဆေးဖက်ဝင် အစားအစာအဆင်သင့်ဖြစ်သည်အထိ ဘေးတွင်သာ တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။

နောက်မှသာ ကျန်းရန်ကျယ်က ကျန်းကျန်း ဆေးဖက်ဝင်အစားအစာပြုလုပ်ချိန် လုပ်ခဲ့မိသည့်အမှားများကို တစ်ခုချင်းရှင်းပြခဲ့သည်။

သို့သော် ကျန်းကျန်းမှ အမှားတချို့လုပ်ခဲ့မိသော်လည်း သူမ ရွေးခဲ့သည့် ဟင်းချက်နည်းကတော့ အလွန် လက္ခဏာကောင်းလှသည်ကြောင့် ထိုဆေးဖက်ဝင်အစားအစာအား လီမင်ရှီအတွက် ယူလာခိုင်းခဲ့တုန်းပင်။

လီမင်ရှီမှာ ထိုဟင်းလျာအိုးကို အံ့အားသင့်စွာကြည့်ပြီး ကျန်းကျန်းမှ သူ၏ခန္ဓာကိုယ်အတွက် ပြုလုပ်ပေးထားသည်ဟုကြားသည့်အချိန်တွင် စွပ်ပြုတ်ဟင်းရည်ကို သောက်ရင်းဖြင့် ချက်ချင်းပင် မျက်လုံးထဲ၌ မျက်ရည်များပြည့်လာကာ ကျန်းကျန်းကို ပြောလာခဲ့သည်။

“အစတုန်းက မင်းရဲ့ယောက်မက တကယ်လို့ ဒီတစ်ခါသမီးလေး မွေးရင် ငါ သူမကိုအစားအစာနာမည်တွေမပေးဘူး ထူးထူးခြားခြားနာမည်ပြောင်ပေးမယ်လို့စဉ်းစားထားတာ ဥပမာ ရှီရှီ ချူးချူးစသဖြင့်ပေါ့”

စွပ်ပြုတ် တစ်ပန်းကန်သောက်ပြီးနောက် လီမင်ရှီက နောက်တစ်ပန်းကန်ထပ်ဖြည့်ကာ ဆင်ပြောခဲ့သည်။

“ဒါပေမယ့် အခုတော့ မင်းက မင်းရဲ့အစ်ကိုအပေါ် အရမ်းကြင်နာနေ‌တယ်ဆိုတာပိုသိခဲ့ရတယ်၊ ဒီတော့ ငါတို့သမီးလေးရဲ့နာမည်ပြောင်ကို မင်းကိုဘဲ ဆက်ပေးခိုင်းလိုက်မယ်လေ”

သူက နံရိုးနှပ်တစ်ပိုင်းကိုစားရင်း ကျန်းကျန်းကို ကြည့်လိုက်ပြန်သည်။

“မင်းပြောကြည့် ငါ့သမီးလေး မွေးရင် ဘယ်လိုခေါ်ရမလဲ?”

ကျန်းကျန်းက မင်ရှီအား မျက်ရည်များဖြင့် ကြည့်လိုက်ပြီး တမင်သက်သက်စနောက်လိုက်သည်။

“ပေါင်မုန့်လို့ခေါ်ရင်ရော?”

စွပ်ပြုတ်သောက်နေသည့် မင်ရှီတစ်ယောက် ထိုနာမည်ကိုကြားလိုက်သည့်အချိန်တွင် မျက်လုံးများတောက်ပလာသည်။

“ကြည့်လေ ဘယ်လိုလဲ? သူရဲကောင်းတွေက အမြင်တူကြတယ်တဲ့ ငါလည်းအဲ့လိုတွေးတယ်၊ ဒါပေမဲ့ မင်းရဲ့ဒုတိယယောက်မကတော့မပျော်လောက်ဘူး”

ရှဲ့ယန်နန်သည် လီမင်ရှီအားကြည့်ကာ မကျေမနပ်ပြောလိုက်သည်။

“ဘာကိုပေါင်မုန့်လဲ? ရှင် တာ့လဲ့ပါ့လို့ပြောတာလေ”

မင်ရှီ ရှဲ့ယန်အန်းကိုကြည့်ကာ ပြောလေသည်။

“တာ့လဲ့ပါးကလည်း ပေါင်မုန့်ဘဲ မဟုတ်လို့လား? တာ့လဲ့ပါးက အရမ်းအရသာရှိတာကို၊ ဘယ်လောက်ရိုးရှင်းလိုက်လဲ?”

(T/n: တာ့လေပါးဆိုတာလည်း တရုတ်ပေါင်မုန့်ပါပဲ)

ကျန်းကျန်းတစ်ယောက် ဇနီးမောင်နှံနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ဟာသလုပ်နေကြသည်ကိုကြည့်ပြီး စုံတွဲများကြားတွင် မညှပ်စေရန် တိတ်တိတ်လေးထွက်သွားဖို့ပြင်လိုက်သော်လည်း သူမတစ်ဖက်သို့လှည့်လိုက်ချိန်တွင် လီမင်ရှီ၏အမေးစကားကို ကြားလိုက်ရသည်။

“ကျန်းကျန်း မင်းရဲ့ဒုတိယအစ်ကိုပြောတာအဓိပ္ပာယ်ရှိတယ်မလား?”

ကျန်းကျန်း နောက်သို့လှည့်ကာ လက်မထောင်ပြလိုက်သည်။

“ဘာပြဿနာမှမရှိဘူး ဘာပဲဖြစ်ဖြစ် ညီမရဲ့ယောက်မက အစ်ကို့ကို သတ်ချင်ရင်တောင် ညီမတို့က ဘယ်တော့မှတားမှာမဟုတ်ဘူး”

လီမင်ရှီက မိသားစုနှင့်နှစ်ရက်တာကုန်ဆုံးပြီးနောက် အိမ်မှထွက်ခွာသွားခဲ့သည်။ မင်ပေနှင့်ကျန်းကျန်းတို့သည်လည်း ကျောင်းများကို စတင်တက်ရပြီဖြစ်လေသည်။

မူလအစပိုင်းတွင် ကျန်းကျန်း၊ လီမင်ပေနှင့် ဝမ်ရှင်းဝမ့်တို့က အိမ်နှင့်ကျောင်းကို ဘက်စ်ကားဖြင့်အသွားအပြန်လုပ်ခဲ့ကြသော်လည်း ကျန်းကျန်းက သူမ၏ မီးသီးမှာ ဝပ်အားအနည်းငယ် ပိုတောက်ပလာသည်ဟု ခံစားရ၍ အားလပ်ချိန်များကို ကေောင်းတွင်သာ အသုံးပြုခဲ့သည်။

သို့သော် ယခုအခါတွင် အရင်နှင့်မတူတော့ပေ။

ရှီကျွင့်ကျဲသည်လည်း ကားပေါ်တွင်လိုက်ပါလာပြီး ပြင်သစ်စာကို အတူလေ့ကျင့်နိုင်သောကြောင့် ထိုသူက သူမအား ကျောင်းမှ အိမ်သို့ပြန်သွားရန်တောင်းဆိုခဲ့သည်။

နွေရာသီပိတ်ရက်တစ်လျှောက်ျွင် ဝမ်ရှင်းဝမ့်က မတော်တဆ နောက်ထပ်ကိုယ်ဝန်ရသွားခဲ့ပြန်သည်။

ထို့ကြောင့် သူမ၏မူလအစီအစဉ်ဖြစ်သည့် ရက်အနည်းငယ်စောကာကျောင်းသို့ပြန်သွားပြီး စာကြည့်တိုက်ရှိ စာအုပ်များကို ဖတ်ရန်နှင့် အိမ်စာကိုပြန်လည်သုံးသပ်ရန်အစီအစဥ်မှာရပ်တန့်သွားခဲ့ရသည်။

သူမက လီမင်ပေနှင့်ဆွေးနွေးခဲ့ပြီးနောက် ကျောင်းမတက်ခင်တစ်ရက်အလိုမှသာ သွားရန်ဆုံးဖြတ်လိုက်ပြီး နောက်နှစ်ရက်လောက်ကို အိမ်တွင်သာထပ်နေကာ ကိုယ့်ကိုကိုယ်ဂရုစိုက်နေခဲ့သည်။

ကျန်းကျန်းကတော့ အိမ်တွင်တစ်လကျော်နေခဲ့ပြီး နေ့တိုင်း စကားပြောလေ့ကျင့်ခြင်း၊ပြေးခြင်း၊ ဘာသာစကာစလေ့ကျင့်ခြင်းနှင့်ဆေးဖက်ဝင်အစားအစာများအားချက်ပြုတ်တတ်ရန် သင်ယူခြင်းတို့ဖြင့် မအားလပ်သော်လည်း စနစ်တကျလေ့လာမှုကို မရရှိနိုင်သည့်အတွက် ကျန်းကျန်း အနည်းငယ်အသားမကျနိုင်ဖြစ်နေခဲ့သည်

ထို့ကြောင့် သူမနှင့်ရှီကျွင့်ကျဲတို့က တစ်ပတ်စော၍ ကျောင်းသို့ပြန်လာခဲ့ကြသည်။

ထိုအချိန်တွင် ကျောင်းသားများကကျောင်းသို့ ရောက်နေကြပြီဖြစ်ကာ ကျန်းကျန်း ကျောင်းပေါက်ဝသို့ရောက်သည်နှင့် သူမက ကွားရှောင်ချင်းနှင့်တွေ့ဆုံခဲ့၍ သူမထံသိုပြေးသွားခဲ့သည်။

ကွားရှောင်ချင်းသည်လည်း ပျော်ရွှင်စွာနှင့် သူမ၏ လက်မောင်းအား ချိတ်ဆွဲလိုက်လေသည်။

“ငါက နင် ကျောင်းကိုစောစောရောက်လာရင်ကောင်းမယ်လို့တောင်တွေးမိနေသေးတယ် ၊ မဟုတ်ရင် အဆောင်မှာ ညဘက်တစ်ယောက်ထဲအိပ်ရမှာကြောက်လို့”

ကျန်းကျန်းပြုံးကာ သူမနှာခေါင်းကိုကုတ်လိုက်သည်။

“နင့်အသက်ဘယ်လောက်ရှိနေပြီလဲ၊ ကောင်မလေး နင့်အိမ်မှာ နင်တစ်ယောက်ထဲအိပ်တာမဟုတ်ဘူးလား?”

“မတူဘူးလေ”

ကွားရှောင်ချင်းက ပြုံးကာ ကျန်းကျန်းလက်ကို ဆွဲယူလိုက်သည်။

“ငါက နင်မရှိပဲ ကောင်းကောင်းမအိပ်တတ်ဘူးလေ”

ရှီကျွင့်ကျဲက ကျန်းကျန်း၏နောက်မှ တည်တည်ငြိမ်ငြိမ်နှင့် လိုက်လာခဲ့ကာ မိန်းကလေးနှစ်ယောက် သူ့ရှေ့တွင်ပူးကပ်နေသည်ကိုကြည့်ရင်း သက်ပြင်းချလိုက်သည်။

ဒီမိန်းကလေးနှစ်ယောက်က ဘာလို့ တစ်ယောက်နဲ့တစ်ယောက်ဖက်ပြီး သူ့ကိုငါကြည့်၊ ငါ့ကိုသူကြည့်လုပ်နေကြတာလဲ ။ အဲဒီကောင်မလေးရဲ့ ခေါင်းကရော ဘာလို့ကျန်းကျန်းပုခုံးပေါ်ကိုရောက်နေရတာလဲ၊ သူမ ကျိုးကျေသွားရင်ရော ဘယ်လိုလုပ်မလဲ?

သူတို့နှစ်ယောက်က တစ်ယောက်လက်ပို တစ်ယောက်ကိုင်ထားသည်ကိုမြင်ချိန်တွင် ရှီကျင့်ကျဲ၏ မျက်နှာက မဲမှောင်သွားပြီး သူ၏နူးညံ့သည့်မျက်နှာမှာလည်း မျက်ခုံးမွှေးကြားထဲတွင် တွန်းချိုးလာခဲ့ကာ မပျော်မရွှင်ဖြစ်နေမှုကြောင့် လှုပ်ခတ်နေခဲ့သည်။

သို့သော် သူ့၏ပုံစံက ယခင်ကထက်ပင် အနည်းငယ်ပို”လှ”ကာ အရင်ထက် အနည်းငယ် ပိုမိုဂုဏ်သိက္ခာရှိပုံရသည်။

မူလက သူ ကျောင်းသွားသည့်အချိန်တွင် ကျန်းကျန်းနှင့် အချိန်ပိုဖြုန်းရလိမ့်ညမည်ဟုတွေးတောခဲ့ပြီး သူ့အကြောင်းကို ပိုသိအောင်ပြောပြချင်ခဲ့သည်။

ဘွဲယူပြီးနောက်တွင် သူတို့နှစ်ဦးကြားမှ ကိစ္စများဖြစ်လာမည်ထင်သော်လည်း ယခုအချိန်တွင် အဘယ်ကြောင့် ထိုမိန်းကလေးမှ ကျန်းကျန်း၏ လက်အား တွဲထားရသနည်း။

ရှီကျွင့်ကျဲသည် ကွားရှောင်ချင်းကိုတွန်းထုတ်ကာ ထိုနေရာကို သူယူလိုက်ချင်စိတ်များဖြစ်လာခဲ့ရပြီး သူ၏မျက်လုံးများသည်လည်း ထိုတွဲထားသည့်လက်များကိုသာ စိုက်ကြည့်နေခဲ့သည်။

ရှီကျွင့်ကျဲက ကျန်းကျန်း၏ နောက်သို့ လိုက်သွားခဲ့ကာ ကျန်းကျန်းမှ ထောင့်တစ်ကွေ့ကို စိတ်အားထက်သန်စွာကြည့်နေခဲ့သည်။

သူမက တရုတ်ဌာန၏အိပ်ဆောင်ဘက်သို့ဦးတည်သွားနေသောကြောင့် သူ့အား လုံးလုံးမေ့သွားသည်က ထင်ရှားပေသည်။

ရှီကျွင့်ကျဲ စိတ်ပျက်အားငယ်စွာ ခေါင်းငုံ့လိုက်ပြီး သူ၏ ရှေ့ဆက်သွားရမည့်လမ်းမှာ အလွန်ပင် ရှည်လျားနေသေးသည်ကို ခံစားမိလိုက်သည်။

“ရှီကျွင့်ကျဲ”

ရုတ်တရက် ရင်းနှီးနေသည့်အသံလေးအား ကြားလိုက်ရ၍ ရှီကျွင့်ကျဲ အံ့ဩသွားရကာ ခေါင်းမော့ပြီးကျန်းကျန်းအား လှမ်းကြည့်လိုက်သည်။

ထိုအချိန်တွင် သူ့မျက်နှာပေါ်တွင် ပေါ်လာသည့် ပျော်ရွှင်မှုရောင်ခြည်တန်းတို့က သူ့ဘေးနားရှိ ကျောင်းသားများကို အံ့အားသင့်စေခဲ့သည်။

ကျန်းကျန်းကတော့ နွေရာသီအားလပ်ရက်အတွင်း သူ၏မျက်နှာကို တစ်လကျော်ကြာ ကြည့်ရှုခဲ့ပြီးနောက် အနည်းငယ်နေသားကျနေပြီဖြစ်၍ သူမအာရုံပြန်လည်မရရှိမီ တစ်ခဏမျှသာ မိန်းမောသွားတော့သည်။

သူမ ကွားရှောင်ချင်း၏လက်ကိုလွှတ်ကာ ရှီကျွင့်ကျဲရှေ့သို့ လျှောက်သွားခဲ့ကာ သူ့အား မည်သူမှ မရှိသည့်နေရာသို့ ခြေနှစ်လှမ်းစာလောက် ဆွဲလိုက်ပြီး တီးတိုးပြောလိုက်လေ၏။

“ကျွန်မ ဒီနေ့ရှင်နဲ့ညစာအတူ မစားပေးနိုင်တော့ဘူးထင်တယ်၊ ကျွန်မ ကွားရှောင်ချင်းနဲ့စားမလို့လေ၊ ဒါပေမယ့် မနက်ဖြန်မနက်ပိုင်း ပြေးကြဦးမယ်မလား?”

ရှီကျွင့်ကျဲမှ ခေါင်းအားထပ်ခါထပ်ခါငြိမ့်နေသည်ကိုကြည့်ကာ ကျန်းကျန်းရယ်မောလိုက်မိသည်။

“ဒါဆို မနက်၅နာရီခွဲပဲနော်၊ ကစားကွင်းမှာဆုံကြမယ်”

*(209)

နွေရာသီအားလပ်ရက်မှာ တစ်လသာကြာမြင့်ခဲ့သော်လည်း ကွားရှောင်ချင်းထံတွင် ကျန်းကျန်းအား ပြောစရာများ အဆုံးမရှိဖြစ်နေခဲ့သည်ကို တွေ့လိုက်ရသည်။

သူတို့နှစ်ယောက်က အားလပ်ရက်မတိုင်ခင်မှ စာမေးပွဲအကြောင်းကို ပြောနေစဉ် ကျန်းကျန်းက ရုတ်တရက် ကွေ့ရှောင်ချင်း၏ လက်ကိုလွှတ်ကာ သူမအား ခဏစောင့်ရန်ပြောလာသည်။

ကွေ့ရှောင်ချင်းက ကျန်းကျန်းအား အနည်းငယ်ရှုပ်ထွေးစွာကြည့်နေရင်းတွင် သူမ အနောက်ဘက်သို့လှည့်ကြည့်လိုက်ချိန်တွင် ရုပ်ရည်ချောသည့်အတန်းဖော်တစ်ယောက်ကို တွေ့လိုက်ရသည်။

မူလက ယောက်ျားလေးအတန်းဖော်မှာ အထီးကျန်နေပုံပေါ်နေပြီး ကျန်းကျန်းမှ မည်သည်ကို ပြောလိုက်သည်မသိသော်လည်း ထိုကောင်လေးက ရုတ်တရက်ရယ်မောလာခဲ့လေသည်။

ထိုအချိန်တွင် ကွေ့ရှောင်ချင်း၏ စိတ်ထဲ တစ်ခုတည်းသာတွေးမိတော့သည်။

“ချောမောလိုက်တာ!”

ကွေ့ရှောင်ချင်း တခဏမျှအံ့ဩနေချိန်တွင် ကျန်းကျန်းနှင့် ရှီကျွင့်ကျဲမှာ စကားပြောပြီးသွားပြီဖြစ်ကာ အချင်းချင်း နှုတ်ဆက်လိုက်ကြလေသည်။

‌ကျန်းကျန်းကလည်း ကော်ရှောင်းချောင်ဆီသို့ ပြန်ပြေးလာပြီး တောင်းပန်လိုက်သည်။

“တောင်းပန်ပါတယ် ငါနင့်ကိုစောင့်ခိုင်းမိသွားတယ်”

“ရပါတယ်”

ကွေ့ရှောင်ချင်း၏ အမူအရာမှာယခုထိမိန်းမောနေဆဲဖြစ်ကာ ကျန်းကျန်းမှ သူမအား ခြေလှမ်းအနည်းငယ်လောက်ဆွဲခေါ်သွားသော်လည်း အနောက်ဘက်တွင်ရပ်ကာ ကျန်းကျန်းအား စိုက်ကြည့်နေသေးသည့်ထိုကောင်လေးကို သူမ လှည့်မကြည့်ပဲမနေနိုင်ခဲ့ပေ။

ထို့နောက် သူမသည် ချက်ချင်းပင် ကျန်းကျန်း၏ခါးအား သူမလက်ချောင်းဖြင့်တို့လိုက်ပြီး ပြောလိုက်မိသည်။

“မင်ကျန်း၊ သူနင့်ကိုကြည့်နေတုန်းပဲ”

ကျန်းကျန်း သူမ ပြောသည့်စကားအား ကြားသည့်အချိန်တွင် ခေါင်းလှည့်ပြီး ရှီကျွင့်ကျဲအား ပြုံးပြလိုက်ကာ အမြန်ပြန်သွားရန် လက်ဝှေ့ယမ်း၍အချက်ပြလိုက်သည်။

ရှီကျွင့်ကျဲကလည်း ပြန်ပြုံးပြလာခဲ့ပြီး ကျန်းကျန်း အဆောင်ထဲဝင်သွားသည်အထိကြည့်နေပြီးမှသာ ယောက်ျားလေးအဆောင်ဘက်သို့လျှောက်သွားခဲ့လေသည်။

အဆောင်ထဲသို့ရောက်သည့်နောက်တွင် ကျန်းကျန်းနှင့် ကွေ့ရှောင်ချင်းတို့ သူတို့၏ပစ္စည်းများနေရာချကာ တံမြက်စည်း၊ကြမ်းတိုက်တံနှင့် အဝတ်စုတ်တို့ကိုယူကာ အခန်းသန့်ရှင်းရေးလုပ်ကြပြီး မွေ့ရာများကိုနေရာချခဲ့ကြသည်။

ကွေ့ရှောင်ချင်းတစ်ယောက် မောဟိုက်ကာ အသက်ရှူမြန်နေသည်ကိုမြင်လျှင် ကျန်းကျန်း သူတို့နှစ်ယောက်၏ဓာတ်ဗူးအလွတ်နှစ်ခုကိုယူလိုက်သည်။

“နင်ခဏထိုင်ပြီးနားလိုက်ဦး၊ ငါရေနွေးသွားယူပြီးပြန်လာခဲ့မယ်”

ကွေ့ရှောင်ချင်းက အိပ်ရာပေါ်တွင်လှဲချလိုက်ရင်း ကျန်းကျန်းကို အားနည်းစွာကြည့်လိုက်သည်။

“နင်မ‌ပင်ပန်းဘူးလား? ခဏလောက်နားရအောင်လေ”

“ငါ့မှာကြံခိုင်တဲ့ခန္ဓာကိုယ်ရှိတယ်”

ကျန်းကျန်းအပြုံးဖြင့်ပြောလိုက်ပြီး တံခါးဖွင့်ကာထွက်သွားခဲ့တော့သည်။

ကျန်းကျန်းက သူမ၏လက်ထဲတွင် ရေနွေးဓာတ်ဗူးနှစ်လုံးကို ကိုင်ကာ အောက်ထပ်သို့ဆင်းလာခဲ့သည်။

သူမ အဆောင်၏အပြင်ဘက်သို့ ရောက်ပြီး သိပ်မကြာခင် သစ်ပင်အောက်တွင် တစ်ယောက်ယောက်ကိုစောင့်နေပုံရသည့် ရှီကျွင့်ကျဲကို သူမတွေ့လိုက်ရသည်။

ရှီကျွင့်ကျဲ ရပ်နေသည့်နေရာသည်ကား ယောက်ျားလေး၊မိန်းကလေးဆောင်နှစ်ဖက်၏ လမ်းဆုံတွင်ဖြစ်ကာ ရေနွေးသွားယူမည့်နေရာသို့ရောက်ရန်အတွက် တစ်ခုထဲသောလမ်းဖြစ်၍ ကျန်းကျန်းသိပ်မတွေးတောခဲ့ဘဲ ထိုနေရာသို့လျှောက်သွား၍ နှုတ်ဆက်လိုက်သည်။

“တစ်ယောက်ယောက်ကိုစောင့်နေတာလား?”

ရှီကျွင့်ကျဲ၏ နှုတ်ခမ်းထောင့်တွင်အပြုံးလေးဖြစ်တည်သွားပြီး ပြောလာခဲ့သည်။

“ဟုတ်တယ် ကိုယ်မင်းကိုစောင့်နေတာ’

ကျန်းကျန်း ရပ်တန့်လိုက်ကာ သူ့အား သံသယဖြင့်ကြည့်လိုက်သည်။

“ကိစ္စတစ်ခုခုရှိလို့လား?”

ရှီကျွင့်ကျဲက ကျန်းကျန်း၏အမေးစကားကို တိာက်ရိုက်ပြန်မဖြေခဲ့ဘဲ သူ့ဘေးနားတွင်ရှိနေသည့် ကျောက်တုံးစားပွဲပေါ်မှ ရေနွေးဗူးနှစ်ဗူးကိုယူကာ ကျန်းကျန်းဆီသို့ ပေးလိုက်လေသည်။

“မင်း ရေနွေးယူဖို့ပြန်ထွက်လာလိမ့်မယ်ဆိုတာကို ကိုယ်သိလို့ ၊ ရေနွေးခန်းကလည်း ဒီနေရာနဲ့ဝေးနေတော့....”

ရှီကျွင့်ကျဲ၏မျက်နှာက အနည်းငယ်လောက် နီရဲနေခဲ့သည်။

သူ၏ အခန်းဖော်မှာ နေ့တိုင်းမနက်စောစောနှင့် ညနေခင်းဘက်တွင် သူ့ကောင်မလေးဖြစ်သူအတွက် ရေနွေးကို သွားယူပေးလေ့ရှ်ိသည်။

သူလည်း ထိုသူ့အတိုင်းလိုက်လုပ်ချင်ခဲ့သော်လည်း ဤသည်မှာ သူ့အတွက်ပထမဆုံးဖြစ်သောကြောင့် ရှီကျွင့်ကျဲတစ်ယောက် မဆင်မခြင်လုပ်မိမည်ကိုစိုးရိမ်မိကာ အနည်းငယ်လောက် မလွယ်ကူသလိုလည်း ခံစားနေခဲ့ရသည်။

ရှီကျွင့်ကျဲ စိတ်လှုပ်ရှားပြီး မျက်တောင်များပင် တုန်ယင်နေသည်ကိုမြင်ပြီး ကျန်းကျန်း ရုတ်တရက်ပြုံးလိုက်မိသည်။

“ကျေးဇူးတင်ပါတယ် ကျွန်မလည်း ခြေထောက် နည်းနည်းနာနေလို့ အဝေးကြီးမသွားချင်ဘူး ဖြစ်နေတာ”

ရှီကျွင့်ကျဲ စိတ်သက်သာရာရစွာသက်ပြင်းချလိုက်ပြီး ဓာတ်ဗူးအား လက်လွှဲပေးလိုက်သည်။

“ရေနွေးခန်းက အဆောင်ဟောင်းနဲ့နီးတယ် မင်းတို့ဘက်နဲ့ဆိုရင် အတော်လေးဝေးသွားပြီ၊ ရေနွေးကို မနက်နဲ့‌ညနေတိုင်း ကိုယ်မင်းအတွက် ယူလာပေးမယ်လေ “

ကျန်းကျန်း ဓာတ်ဗူးအလွတ်အားမြေပေါ်သို့ချကာ ရှီကျွင့်ကျဲ၏ဓာတ်ဗူးများကိုယူလိုက်သည်။

“အရမ်းဒုက္ခမခံပါနဲ့ ရှင် ကျွန်မအတွက်ပါ လုပ်ပေးမယ်ဆိုရင် နောက်တစ်ခါယူတဲ့အခါ ရှင်အကြာကြီးတန်းစီနေရလိမ့်မယ်”

ရှီကျွင့်ကျဲ အမြန်ပြောလိုက်သည်။

“က်စ္စမရှိဘူး ကိုယ်က အစောကြီးထတာလေ၊ ညဘက်ဆိုလည်း သိပ်ပြီး နောက်ကျတဲ့အထိ အလုပ်မရှိဘူး၊ ဒီတော့ ဒီလောက်က ဘာမှမဟုတ်ပါဘူး”

ကျန်းကျန်း ရှီကျွင့်ကျဲ၏ အလွန်လေးနက်နေသည့် မျက်လုံးများကိုကြည့်ကာ သူမနှလုံးသားများက နွေးထွေးသွားသယောင်ခံစားလိုက်ရသည်။

ထို့ကြောင့် သူမ‌ကိုယ်တိုင်ပင် သတိမထားမိလိုက်ဘဲ ချိုမြိန်သည့်အပြုံးလေးဖြင့်၆ြန်ပြောလိုက်သည်။

“ဒါဆိုလဲ ကျွန်မရှင့်ကိုဒုက္ခများစေမိပြီ”

ရှီကျွင့်ကျဲ ‌အလျင်အမြန်ခေါင်းငြိမ့်လိုက်လေ၏။

“ဒုက္ခမဖြစ်ဘူး ဒုက္ခမဖြစ်ဘူး ကိုယ်လည်း ဘာမှလုပ်စရာမှမရှိဘဘူးလေ၊ တစ်ခုလောက် ပိုလုပ်ရုံပဲကို၊ ကောင်းပြီ၊ ဒါဆို နောက်ဆို ကိုယ်မင်းအတွက် ရေနွေးယူလာပေးမယ်”

ရှီကျွင့်ကျဲ၏ တင်းကြပ်ပြီး မျှော်လင့်တကြီးအမူအရာအားမြင်လိုက်ရ၍ ကျန်းကျန်း သူမနှုတ်ခမ်းကိုဖိကာ ပြုံးလိုက်ပြီး အသာပြန်မေးလိုက်မိသည်။

“ဒါပေမယ့် ရေနွေးကို တစ်နေ့လေးကြိမ်လောက်ယူဖို့က မပင်ပန်းဘူးလား?”

“မပင်ပန်းပါဘူး”

ရှီကျွင့်ကျဲ အလျင်အမြန်ပြောလိုက်သည်။

“လေ့ကျင့်ခန်းလုပ်တယ်လို့ သဘောထားတာပေါ့!”

ကျန်းကျန်းအတွက်တော့ ရေနွေးခန်းသို့သွားကာ ရေနွေးယူရသည်မှာ သူမအတွက် ဝန်ထုတ်ဝန်ပိုးတစ်ခုမဟုတ်သော်လည်း ရှီကျွင့်ကျဲမှ အလွန်ကြိုးစားနေသည်ကို မြင်လျှင် သူမ မငြင်းရက်တော့ဘဲ ရှီကျွင့်ကျဲအား ပျော်ရွှင်စွာပြုံးပြလိုက်သည်။

“ကောင်းပါပြီ ၊ ဒါဆိုလည်း ကျွန်မအတွက်ရေနွေးယူပေးဖို့ ရှင့်ကိုပဲ ဒုက္ခပေးရတော့မယ်”

ရှီကျွင့်ကျဲ၏မျက်လုံးများက ကြယ်များကဲ့သို့တောက်ပသွားခဲ့လေသည်။

“အင်း ကိစ္စမရှိဘူး”

ကျန်းကျန်း ရှီကျွင့်ကျဲအား ကြည့်ကာ သူမ၏နှလုံးသားလေးနွေးထွေးသွားပြီး သူမ၏ မျက်နှာမှာလည့် အနည်းငယ်နီရဲလာကာ သူမ၏လက်ထဲတွင်ဓာတ်ဗူးများကိုကိုင်ဆောင်၏ လှည့်ထွက်သွားခဲ့သည်။

ရှီကျွင့်ကျဲက မိန်းကလေးအဆောင်ထဲသို့ ဝင်ရောက်ပျောက်ကွယ် သွားသည့် ကျန်းကျန်း၏ပုံရိပ်လေးအားစောင့်ကြည့်နေခဲ့ပြီး ထိုနေရာတွင် ပျော်ရွှင်စွာခုန်ပေါက်လိုက်လေ၏။

ထို့နောက် ဝမ်းသာအားရဖြင့် ယောက်ျားလေးဆောင်ဘက်သို့ ပြန်ပြေးသွားပြီး လမ်းတစ်ဝက်အရောက်တွင် ကျန်းကျန်း၏ ရေနွေးဓာတ်ဗူးများ ပါမလာသေးသည်ကိုသတိရသွားကာ အလျင်အမြန်ပြန်ပြေးလာရပြန်သည်။ ပြီးမှသာ မြေပေါ်မှ ရေနွေးဓာတ်ဗူးနှစ်ဗူးကိုကောက်ယူကာ ရေနွေးခန်းသို့ ပြန်ပြေးသွားခဲ့တော့သည်။

ထိုနေရာမှ ဆယ်မီတာကျော်ခန့်တွင် ပြင်သစ်မေဂျာ၏ ကောင်လေးအနည်းငယ်က ယခုလေးတင် ဘက်စ်ကတ်ဘောကစားပြီး၍ အဆောင်သို့ပြန်လာနေခဲ့ကြသည်။

သူတို့ထဲမှ တစ်ဦးက ရှီကျွင့်ကျဲ၏နောက်ကျောကို ညွှန်ပြရင်းပြောလာလေသည်။

“အဲဒါရှီကျွင့်ကျဲမလား? သူကပိုက်ဆံကောက်ရလို့လား ဒါမှမဟုတ် စာမေးပွဲမှာ ပထမရလို့လား? ဘာလဲ? ဘာလို့အဲလောက်တောင်ပျော်နေတာလဲ?”

“မင်းလက်ကိုချထားစမ်းပါ၊ အဲဒီပုံစံက ရှီကျွင့်ကျဲမဟုတ်တာအသိသာကြီးကို”

အရှေ့မြောက်ပိုင်းသံဝဲဝဲနှင့်တစ်‌ယောက်ကလည်း ပြောလာလေသည်။

“ကြည့်စမ်း၊ သူက အခုအရူးတစ်ယောက်လိုခုန်နေတာ၊ အဲဒီပုံစံကိုကြည့်လိုက်၊ ရှီကျွင့်ကျဲ ၁၀နှစ်ကလေးအရွယ်ကတောင် အဲလိုမလုပ်ခဲ့လောက်ဘူး”

“ဒါပေမယ့် ကျောင်းမှာ သူတစ်ယောက်ပဲ အဲဒီလိုအားကစားဝတ်စုံမျိုးဝတ်တာလေ”

တခြားတစ်ယောက်သည်လည်း သူ့ခေါင်းအားကုတ်ကာ သံသယအချို့ဖြင့်ပြောလေသည်။

“တကယ်တော့ ရှီကျွင့်ကျဲက အတော်ကောင်းပါတယ် ၊ သူ့ကို ဘာပါမေးမေး သူအကုန်ပြောပြနိုင်တယ် ၊ ရယ်ရတဲ့အကြောင်းအရာတွေကိုမကြိုက်ရုံလေးပဲ”

“ငါသာ အဲလိုမျက်နှာမျိုးရှိနေမယ်ဆိုရင် ငါလည်းရယ်ရတာကို ကြိုက်မှာမဟုတ်ဘူး”

ကြည့်ကောင်းသည့် အရှေ့မြောက်ပိုင်းသားက ဘက်စကတ်ဘောကိုကိုင်ထားရင်း ဝင်ပြောလေ၏။

“အဲဒီတစ်ယောက်ရဲ့မကောင်းတဲ့အချက်က အရမ်းရုပ်ချောလွန်းနေတာပဲ၊ အရင်တုန်းကဆို အဲလိုလူတွေကိုခေါ်ပါ‌သေးတယ် ဘာပါလိမ့် ရှီကျွင့်ကျဲရဲ့အပြုံးကိုမြင်တာနဲ့ လူတွေသေလိမ့်မယ်ဆိုတာမျိုးလေ၊ မတော်တဆလေးတွေ ဖြစ်လေ့ဖြစ်ထရှိတာမျိုးပေါ့”

“ကံကောင်းလို့ ရှီကျွင့်ကျဲက ရုပ်ချောပေမယ့် တစ်ချက်ကြည့်ရုံနဲ့လူကြီးလူကောင်းပုံပေါက်နေလို့ပဲ၊ တကယ်လို့ သူသာ မိန်းကလေးပွေတဲ့ပုံစံမျိုးဆိုရင် ငါတော့သူနဲ့အဆောင်ခန်းတူတူမျှမသုံးရဲပါဘူး”

လူအနည်းငယ်က သူတို့ဘာသာပြောနေခဲ့ကြပြီး တစ်ဖက်သို့ ပြန်လှည့်လိုက်ချိန်တွင် ရှီကျွင့်ကျဲသည် ဓာတ်ဗူးနှစ်ဗူးကိုင်ကာ သူတို့အား ဗလာဖြစ်စွာကြည့်နေသည်ကို မြင်လိုက်ရသည်။ အရှေ့မြောက်ပိုင်းသားကလန့်သွားခဲ့ကာ ဘက်စကတ်ဘောလုံးနှင့်အတူ သုံးမီတာအဝေးလောက်အထိ ထခုန်မိသွားသည်။

“ဘုရားရေ မင်းငါ့ကိုလန့်သေအောင်လုပ်နေတာပဲ ၊ မင်းပြောတော့နံရံမှာကပ်နေတာဆို၊ ပြီးတော့ ဒီကိုရောက်နေတယ်?”

ရှီကျွင့်ကျဲ စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်

“မင်းတို့ကငါ့နာမည်ကိုအကျယ်ကြီးပြောနေမှတော့ ငါက မကြားဘဲနေမလား?”

“အဲဒါကိုပြောတာမဟုတ်ဘူး ၊မင်းဒီမှာနေမှန်း ငါတို့မှ မထင်ထားတာ”

အရှေ့မြောက်ပိုင်းသားမှာ ခြေလှမ်းအနည်းငယ်နောက်ဆုတ်သွားကာ ရှီကျွင့်ကျဲ၏ ပျော်ရွှင်နေသည့်မျက်နှာကိုကြည့်လိုက်ပြီး သိချင်စိတ်ပြင်းပြစွာမေးလိုက်သည်။

“မင်း ခုနကတစ်ယောက်ထဲမလား ဘာလို့အရူးလိုခုန်ပေါက်နေတာလဲ?”

ရှီကျွင့်ကျဲ သူ့အားတည်ငြိမ်စွာကြည့်လိုက်လေသည်။

“ဒီည ၆နာရီ ဘက်စကတ်ဘောကွင်းမှာ တစ်ယောက်ချင်းဆော့မယ်၊ ရှုံးတဲ့သူက နိုင်တဲ့သူကို တစ်လတိတိရေနွေးယူပေးရမယ်”

အရှေ့မြောက်ပိုင်းသားမှာ အံ့ဩသွားရသည်။

“လူတွေကိုအနိုင်မကျင့်နဲ့လေ၊ ငါတို့က ဒီတိုင်းကစားနေတာလေ ဘာလို့ကလေးတွေဆီက သင်ခဲ့တဲ့ကစားနည်းနဲ့သူတွေကို ယှဉ်နေရတာလဲ”

“အိုး? ကြောက်လို့လား? မင်းမလုပ်နိုင်ဘူးပေါ့?”

ရှီကျွင့်ကျဲသူ့အား ပေါ့ပေါ့ပါးပါးပြုံးကာကြည့်လိုက်သည်။

သူ့မျက်လုံးများထဲမှ အဓိပ္ပာယ်ကြောင့် မြောက်ပိုင်းသားတစ်ယောက် နားရွက်များကိုကုတ်မိပာ တစ်ဖက်လူကို ဘက်စကတ်ဘောလုံးနဲ့ရိုက်ချင်စိတ်ပါ ပေါက်လာရသည်။

“ငါမလုပ်နိုင်ဘူးလို့ ဘယ်သူပြောလဲ!”

အရှေ့မြောက်ပိုင်းသားမှာ အံကြိတ်လိုက်ပြီး ဆက်ပြောခဲ့သည်။

“ပြိုင်တာပေါ့ ရေနွေးကိုတစ်လလုံးမသောက်ရဘူး ဂိမ်းကြီးတစ်ခုဆော့တာပေါ့ ရှုံးတဲ့သူက ၃၁ရက်လုံးရေနွေးယူပေးရမယ်”

လူအုပ်က သူတို့၏လောင်းကြေးထပ်တိုးဖို့ရန် စောင့်နေကြသော်လည်း တစ်ရက်သာထပ်တိုးသည်ကိုကြားလိုက်ရသည့်အခါ သူ့အားတစ်ညီတညွတ်ထဲလှောင်ပြောင်လိုက်ကြသည်။

“ဒီကောင်ကတော့...”

အရှေ့မြောက်ပိုင်းသားက မသိချင်ယောင်ဆောင်ကာ ခေါင်းကိုမော့၍ပြောလိုက်သည်။

“တစ်လမှာရက်၃၀ရှိတယ်လေ ဒီလောင်ကြေးမှာ ငါအရမ်းရိုးသားပါတယ်နော် ဟုတ်တယ်မလား ကျွင့်ကျဲ?”

ရှီကျွင့်ကျဲ သူ့အားပေါ့ပေါ့ပါးပါးတစ်ချက်ပြုံးကာပြောလိုက်သည်။

“မင်းနောင်တမရသရွေ့ပေါ့”

အရှေ့မြောင်းပိုင်းသာသည် သူ၏ရင်ဘက်ကိုပုတ်လိုက်လေသည်။

“လူကြီးလူကောင်းတွေက ဘယ်တော့မှ စကားမဖျက်တတ်ဘူး!”

**(210)

နောက်တစ်နေ့ မနက်စောစောတွင် လူကြီးလူကောင်းပီသသည့်အရှေ့မြောက်ပိုင်းသားတစ်ယောက် ရေနွေးဓာတ်ဗူး နှစ်ဗူးအား ရှီကျွင့်ကျဲဆီသို့ယူလာခဲ့ရရှာသည်။

သူ ရေနွေးခန်းမှပြန်ရောက်သည့်အချိန်တွင် ရေချိုး ခေါင်းလျှော်ပြီးနောက် ပြန်ထွက်လာချိန်၌ သူ မတိုင်မီအချိန်၌ ယူလာပေးထားခဲ့သည့် ရေနွေးနှစ်ဗူးလုံးက မရှိတော့သည်ကို တွေ့လိုက်ရလေ၏။

သူ ခေါင်းကို တဘတ်ဖြင့်သုတ်နေရင်း ရပ်တန့်သွားခဲ့ကာ စိတ်ရှုပ်ထွေးသွားခဲ့ရသည်။ ထို့နောက် ရေနွေဓာတ်ဗူးအားနေရာတိုင်းတွင် လိုက်ရှာ၍ မေးလိုက်လေ၏။

“ငါ ခုနတုန်းက ရှီကျွင့်ကျဲကိုပေးလိုက်တဲ့ ရေနွေးဓာတ်ဗူးတွေရော ၊ ဘယ်ကိုရောက်သွားတာလဲ၊ အဲဒီကောင် ပြန်လာပြီး ငါ့ကိုလှည့်စားသွားတယ်လို့တော့ မပြောနဲ့နော်”

အဆောင်တူသည့် ကောင်လေးတစ်ယောက်မှာ သူ့အား ဂရုနာသက်စွာကြည့်လိုက်ပြီး ရှင်းပြပေးလိုက်သည်။

“ရှီကျွင့်ကျဲ ယူသွားပြီလေ”

“ခေါင်းလျှော်ဖို့ယူသွားတာလား?”

အရှေ့မြောက်ပိုင်းသားလူကြီးလူကောင်းကြီးမှာ ဖြူစင်နေဆဲပင်။

“မဟုတ်တာ သူက နေတိုင်းခေါင်းလျှော်နေတာမှ မဟုတ်တာ၊ နောက်ပြီး တစ်ယောက်ထဲ ခေါင်းလျှော်ဖို့အတွက် ဓာတ်ဘူးနှစ်လုံးတောင် မလိုပါဘူး”

သူ ပြောနေစဥ်အချုန်တွင်ပင် ရှီကျွင့်ကျဲက ရေနွေးဗူးလွတ်နှစ်ဗူးကို ကိုင်ကာ ပြန်ရောက်လာခဲ့သည်။

သူက သူ့လက်ထဲမှ ဗူးအလွတ်ကိုခါရမ်းပြကာ အရှေ့မြောက်ပိုင်းသားအား ပြုံးရင်းပြောလိုက်လေသည်။

“၃၁ရက်နော် မမေ့နဲ့!”

“မင်း တော်တော်လေး အကျင့်မကောင်းတာပဲ ၊ မင်းက ငါ ယူပေးတဲ့ရေနွေးတွေကို ကောင်မလေးအတွက်သုံးတာမလား!”

အရှေ့မြောက်ပိုင်းသားလူကြီးလူကောင်းကြီးမှာ ချက်ချင်းပင် အမှန်တရားကိုခန့်မှန်းမိသွားကာ အော်ဟစ်လိုက်သည်။

“ဘယ်မိန်းကလေးဆီကိုသွားပို့တာလဲ ၊ ငါ ကိုယ်တိုင် သွားပို့လို့မရဘူးလား?”

ရှီကျွင့်ကျဲ သူ့အား စိုက်ကြည့်လိုက်သည်။

“အိပ်မက်မက်နေလိုက်!”

*

ကျောင်းသားများက တော်ဝင်တက္ကသိုလ်ဆီသို့ တစ်ယောက်ပြီးတစ်ယောက် ပြန်ရောက်လာခဲ့ကြသည်။

မျက်စိတစ်မှိတ်အတွင်း အချိန်များကုနာလွန်သွားခဲ့ကာ စက်တင်ဘာတစ်ရက်နေ့တွင် ကျောင်းများစတင်ဖွင့်လှစာဝ်ခဲ့ပြီဖြစ်သည်။

စာမေးပွဲအောင်စာရင်းက ယနေ့တွင် ကြေညာမည်ဖြစ်ကြောင်းကို ကျောင်းသားများ တွေးတောလိုက်မိကြပြီး လူတိုင်းက မျှော်လင့်စောင့်စားရင်း တစ်ဖက်မှ စိုးရိမ်ပူပန်နေခဲ့ကြသည်။

စာသင်ချိန်အစ၏ ပထမဆုံး မေဂျာအတန်းမှာ ပရော်ဖက်ရှင်နယ်အတန်းဖြစ်လေသည်။

မေဂျာ၏ပါမောက္ခက အတန်းထဲသို့ဝင်လာခဲ့ပြီး မှတ်တမ်းများကို ကျောက်သင်ပုန်း တွင် ကပ်လိုက်ကည ဘေးဘက်ရှိ ခုံပေါ်တွင်တော့ စာမေးပွဲအဖြေလွှာရလဒ်ဖိုင်များကို တင်ထားလိုက်သည်။

ကျောင်းသားများက ထိုဖိုင်များကိုတွေ့ပြီးနောက်တွင် ငြိမ်ငြိမ်မထိုင်နိုင်ကြတော့ပေ။

သူတို့က သူတို့၏လည်ပင်းများကိုဆန့်တန့်ကာ အနောက်ဘက်မှ ကျောက်သင်ပုန်းဆီသို့လှမ်းမျှော်ကြည့်ရန်ကြိုးစားခဲ့သော်လည်း အကွာအဝေးကြောင့် မမြင်ရပါချေ။

နေရာနီးသည့်ကျောင်းသားအနည်းငယ်မှလွဲ၍ တစ်ချို့မှာစိုးရိမ်နေခဲ့ကြသည်။

ပါမောက္ခက စာရွက်ဖိုင်ကိုယူကာ စားပွဲကိုခေါက်လိုက်သည်။

“ကြည့်မနေကြနဲ့ ၊ မင်းတို့းရရင်တောင် ဒီအထဲမှာ မင်းတို့မပါဘူး”

ကျောင်းသားများက တစ်ဖက်သို့လှည့်သွားသည်ကို ကြည့်ရင်း ပါမောက္ခမှ ဆက်ပြောလာသည်။

“ကျောင်းရဲ့အထူးပညာတော်သင်ဆု၊ ပထမနေရာ၊ ဒုတိယနဲ့တတိယနေရာ ပညာသင်ဆုတွေ အတွက်ကို နောက်ကျောဘက်မှာ ထည့်ပေးထားတယ် ၊ ကျောင်းသားတွေက အတန်းပြီးရင် တစ်ချက်ကြည့်လိုက် ၊

မင်းတို့ဆီမှာ ကန့်ကွက်တာမျိုးရှိရင် ဆရာတွေဆီကို အချိန်မီအကြောင်းကြားဖို့ မမေ့နဲ့ ၊ အခု လူတိုင်းရဲ့စာမေးပွဲအဖြေရလဒ်တွေကို ပေးမယ် ၊ ကိုယ့်နာမည်ခေါ်တာ ကြားရင် စင်ပေါ်ကို တက်လာခဲ့ကြ ”

ကျန်းကျန်း စာအုပ်ဖတ်နေရင်း အရှေ့ဘက်ရှိ ကျောက်သင်ပုန်းအားတစ်ချက်ကြည့်လိုက်ချိန်တွင် အထူးပညာသင်ဆုနေရာ၌ သူမ၏ နာမည်ပါဝင်နေသည်ကိုမြင်လိုက်ရသည့်အတွက် သူမ အံ့ဩသင့်သွားရသည်။

ကျန်းကျန်းအနေဖြင့် ပညာသင်ဆုအတွက် ရွေးချယ်ရေးစံနှုန်းများကို မသိသော်လည်း သူမက တခြားသော အတန်းပြင်ပလှုပ်ရှားမှုများတွင် မပါဝင်ခဲ့သည်ကိုတော့ ရှင်းလင်းစွာ သိထားသည်။

သတင်းစာတစ်ခုကို ဖန်တီးသည့်နေရာတွင် သူမ၏ ပံ့ပိုးကူညီမှုမှာ အလွန်ပင် နည်းပါးလှပေသည်။

ပါမောက္ခကလည်း တခြားကျောင်းသားများတွင် ထိုအတွေးရှိနေမည်ကိုစိုးရိမ်နေခဲ့ကာ ကျန်းကျန်း၏ နာမည်ကို ခေါ်ပြီးနောက် အသေအချာရှင်းပြလိုက်သည်။

“လီမင်ကျန်းက ဒီစာသင်နှစ်အတွင်း ငါတို့ရဲ့ မေဂျာမှာ အဆင့်ကပထမပဲ၊ နောက်ပြီး စာပေအတန်းနဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ခွဲခြားရေးအတန်းမှာလဲ အမှတ်အပြည့်ရထားသေးတယ်၊

ထပ်ပြီးတော့ သူမရဲ့ မစ္စတာဝမ်မင် အကြောင်း အင်တာဗျူးကလည်း ကျောင်းသားနဲ့ဆရာတွေဆီက အတော်လေးမှတ်ချက်ကောင်းတွေရခဲ့တယ်၊

ဒါကြောင့် သူမက ပထမအဆင့်ပညာသင်ဆုကို ရသင့်တယ် ၊ ဒါပေမယ့် သူမက သူမရဲ့စပိန်ဌာနက ပြင်သစ်မေဂျာရဲ့ အမှတ်နဲ့ စီးပွားရေးမေဂျာက အမှတ်ကလည်း တော်တော်လေးကောင်းနေတယ်၊

ဒါကြောင့် ပညာသင်ဆုသုံးခု ပေါင်းလိုက်ပြီး ကျောင်းခေါင်းဆောင်တွေ အချင်ချင်း ဆွေးနွေးတိုင်ပင်ပြီးတဲ့နောက်မှာ သူမကို အထူးပညာသင်ဆုပေးဖို့ ဆုံးဖြတ်လိုက်တယ်”

“ဝိုးး”

ချက်ချင်းပင် အတန်းထဲရှိ လူတိုင်းက ‌ကျန်းကျန်းအား လေးစားအားကျစွာဖြင့် ကြည့်လာကြသည်။

ပညာသင်ဆုတစ်ခုဆိုသည်ကပင် ရရှိရန် မလွယ်ကူပါချေ။

လီမင်ကျန်းမှာ ပညာသင်ဆုသုံးခုပင်ရရှိခဲ့သည်ဖြစ်၍ လူတိုင်းက အလွန်လေးစားအားကျမှုများကို ခံစားနေခဲ့ကြရသည်။

အမှန်အတိုင်းဆိုရသော် တော်ဝင်မြို့တော်တက္ကသိုလ်သို့ ဝင်ခွင့်ရသည့် ကျောင်းသားအုပ်စုထဲတွင် မည်သူတစ်ဦးတစ်ယောက်ကမှ စာလုပ်ရသည်ကို မကြိုက်သူမရှိပေ။

သူတို့အားလုံးက မနက်ပိုင်းနှင့် ညနေပိုင်းများတွက် ဝီရိယရှိရှိ ကြိုးစားခဲ့ပြီး တစ်နေ့ကို ငါးနာရီ ခြောက်နာရီလောက်သာ အိပ်ချင်ခဲ့ကြလေသည်။

သို့သော် လုံ့လဝီရိယနှင့်ကြိုးစားအားထုတ်မှုအပြင် အရည်အချင်းနှင့်ဉာဏ်ရည်မှာလည်း အရေးကြီးသည့်နေရာမှ တစ်စိတ်တစ်ဒေသပါဝင်လေသည်။

အမှန်တွင် တူညီသည့်အလုပ်နှင့် ကြိုးစားအားထုတ်မှုများအောက်တွင် လျင်မြန်သည့် နားလည်နိုင်စွမ်းရှိသော ဉာဏ်ရည်ထက်မြက်သူများက ပိုမိုကောင်းမွန်စွာ သင်ယူနိုင်မှာဖြစ်ပြီး ပိုမိုခိုင်မာသွဲမြဲစွာ နားလည်မှတ်သားနိုင်မည်ဖြစ်သည်။

မေဂျာသုံးခုလုံးတွင်ပင် ကြိုးကြိုးစားစားသင်ယူသည့ဆိုကတည်းက လီမင်ကျန်း၏ သင်ယူနိုင်မှုက အလွန်ပင်ထူးချွန်လှကြောင်းကို ရှင်းလင်းစွာ သိရှိနိုင်ပေသည်။

သတင်းစာမေဂျာမှကျောင်းသားများမှာ စိတ်ထဲမှ ဤကဲ့သို့ ပြောနေခဲ့ကြလေသည်။

_ငါတို့မကြိုးစားလို့မဟုတ်ဘူး! အဓိကအကြောင်းပြချက်က ငါတို့ရဲ့ ပြိုင်ဘက်က အရမ်းတော်လွန်းလို့ပဲ!

ကျန်းကျန်းထဲတွင် ငွေကြေးပြတ်လပ်မှုမရှိသော်လည်း သူမက ပညာသင်ဆုရရှိသည့်အပေါ်တွင်တော့ အလွန်ပင်စိတ်လှုပ်ရှားနေသေးသည်။

၎င်းသည်ကား ပြီးခဲ့သည့်စာသင်နှစ်တွင် သူမကြိုးစားအားထုတ်ခဲ့သည့် ရလဒ်သာဖြစ်ပေသည်။

လီကျန်းမင်၏မျက်နှာလေးက စိတ်လှုပ်ရှားမှုကြောင့် နီရဲနေသည်ကို မြင်လျှင် စင်ထက်မှ ပါမောက္ခကလည်း ပြုံးကာ ကျန်းကျန်းအား စကားအနည်းငယ်ပြောလိုက်သည်။

“မင်းက မေဂျာသုံးခုကို တစ်ပြိုင်နက်ထဲ သင်ယူဖို့ ရွေးချယ်ထားတာကြောင့် အခက်အခဲတွေကို မကြောက်မရွံ့နဲ့ခံနိုင်ရည်ရှိအောင်ကြိုးစားပြီး သေသေချာချာစေ့စေ့စပ်စပ်သင်ယူရမယ်နော်၊

လီမင်ကျန်း မင်းသာ ဒီအရှိန်အဟုန်ကိုဆက်ထိန်းထားပြီး ကြိုးစားသွားမယ်ဆိုရင် လာမယ့်ပညာသင်ဆုကိုလည်းရရှိနိုင်မယ်လို့ ဆရာမျှော်လင့်တယ်”

ပါမောက္ခက ကျန်းကျန်းအား ခေါင်းငြိမ့်ပြကာ စာအုပ်ဖွင့်ပြီး စာစသင်ခ့်လေသည်။

ဤခေတ်ကာလတွင် ကျောင်းသားများ အလေးထားဆုံးမှာ စာကိုကောင်းစွာ လေ့လာခြင်းသာဖြစ်သည်။

ကျန်းကျန်းအားစိတ်ဝင်စားနေကြသည့် သတင်းစာမေဂျာမှ ပြောင်းသားများသည်လည်း သူတို့၏အတွေးများကို နှလုံးသားထဲတွင်သာတိတ်တဆိတ်ဖုံးကွယ်လိုက်ကြသည်။

ကျန်းကျန်းရဲ့ လေ့လာမှုသည်ကား သူတို့၏လေ့လာမှုနှင့်မယှဥ်နိုင်ပေ။

ဤသည်က အလွန်ပင် ရှက်စရာကောင်းပေသည်။

သို့သော် ကျန်းကျန်းကတော့ ထိုအရာများကို တစ်ခုတစ်လေမှ မသိခဲ့ပါချေ။

သူမနှင့်ရင်းနှီးသည့် အိပ်ဆောင်တွင်းမှ လူနည်းစုမှလွဲလျှင် သူမ၏အတန်းထဲမှ လူများနှာ တစ်ယောက်ကို တစ်ယောက် ခေါင်းငြိမ့်နှုတ်ဆက်ပြရုံသာဖြစ်ပြီး အများစုက မြင်ဖူးရုံမျှ အသိအကျွမ်းများပင် ဖြစ်ပေသည်။

ကျန်းကျန်းအတွက် ဒုတိယအတန်းမှာ ပြင်သစ်အတန်းဖြစ်ပေသည်။ ကျန်းကျန်းက ပြင်သစ်အတန်းသို့ တစ်ယောက်တည်းသာ သွားရသည်ဖြစ်ကာ အများအားဖြင့် နေရာလွတ်များတွင် ဝင်ထိုင်လေ့ရှိသည်။

သတင်းစာမေဂျာအတန်းနှင့် ပြင်သစ်အတန်းမှာ အလွန်ဝေးကွာပေသည်။

ကျန်းကျန်းက ပြင်သစ်အတန်းဆီသို့ ကျောင်းလွယ်အိတ်ကိုလွယ်ကာ ရေဗူးကိုကိုင်ပြီး စာသင်ဆောင်နှစ်ဆောင်သို့ဖြတ်လျှက် အလျင်အမြန်လျှောက်လာခဲ့သည်။

ဤအချိန်တွင် အိမ်သာသွားသည့် လူများမှလွဲ၍ တခြားကျောင်းသားများမှာ အတန်းထဲတွင် ထိုင်နေခဲ့ကြပြီဖြစ်ကာ သူတို့၏ပြင်သစ်စာအုပ်များကိုဖွင့်ပြီး အရင်စာသင်နှစ်မှ စာများကို ပြန်နွှေးနေကြပေပြီ။

စာသင်နှစ်အစမှာပင် သင်ယူနေသည့်လေထုဖိအားမှာ အလွန်ပြင်းထန်လှသည်။

ကျန်းကျန်း အတန်းထဲသို့ လျှောက်ကာ နေရာအနှံ့ဝှေ့ဝိုက်ကြည့်၍ ထိုင်ရန်ခုံအလွတ်ကို လိုက်ရှာခဲ့သည်။

ထိုအခိုက်တွင် တစ်စုံတစ်ယောက်က သူမ၏ ပုခုံးအား ပုတ်လာသည့်အတွက် ကျန်းကျန်း နောက်ဘက်သို့လှည့်ကြည့်လိုက်သည့်အချိန်တွင် ရှီကျွင့်ကျဲက သူမအားအပြုံးလေးဖြင့်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

“ကိုယ် မင်းကိုခေါ်သွားပေးမယ်လေ၊ ကိုယ်နဲ့အတူ လိုက်ထိုင်မလား?”

“ထိုင်မယ်!”

ကျန်းကျန်းသည် ရှီကျွင့်ကျဲအား ပြန်လည်ပြုံးပြလိုက်ပြီး ရှီကျွင့်ကျဲ၏နောက်မှနေ၍ တတိယတန်းအလယ်သို့လိုက်သွားခဲ့သည်။

ကျန်းကျန်း သူမ၏ ကျောင်းလွယ်အိတ်အား စားပွဲခုံ၏အောက်မှ အပေါက်ထဲသို့ထည့်ကာ အတန်းအတွက် စာအုပ်ကိုထုတ်လိုက်သည်။

ထို့နောက် ရေဗူးအဖုံးကို လှည့်ဖွင့်ကာ ရေနှစ်ငုံသောက်လိုက်လေသည်။ ထိုအချိန်တွင် အရှေ့မြောက်သားဖြစ်ဟန်တူသော ကျောင်းသားတစ်ယောက်က သူမအား ထိတ်လန့်တကြားဖြင့် ကြည့်လာသည်ကို သူမမြင်တွေ့လိုက်ရသည်။

ကျန်းကျန်း ထိုသူ၏နာမည်ကိုမသိပါချေ။

သို့သော် သူ၏အလွန် သိသာထင်ရှားလွန်းသည့် အရှေ့မြောက်ပိုင်းလေသံကြောင့် ပြင်သစ်စကားပြောသည့်အချိန်တိုင်းတွင် စာသင်ခန်းထဲ၌ မကြာခဏရယ်မောသံများထွက်လာတတ်သည်ကြောင့် သူမက သူ့အပေါ်တွင် ထင်မြင်ချက်တချို့ကျန်ရှိနေခဲ့သည်။

“ရှင် ဘာကိုကြည့်နေတာလဲ?”

ထိုအတန်းဖော်မှ သူမကိုကြည့်နေသည်ကို တွေ့သည့်အချိန်တွင် ကျန်းကျန်းတစ်ယောက် သူမ၏‌ အရှေ့မြောက်ဒေသိယစကားသံ ချက်ချင်းထွက်လာသည်။

“အိုး မင်းလည်း အရှေ့မြောက်ဘက်ကပဲလား ၊ ငါ အရင်က မင်းဒီလေသံနဲ့ပြောတာကို မကြားခဲ့ဖူးဘူး!”

ထိုအရှေ့မြောက်ပိုင်းသား၏ မျက်လုံးများမှာ ချက်ချင်းပင် တောက်ပလာခဲ့ပြီး သူ၏ထိုင်ခုံကိုပင် အနားသို့ ရွေ့ချင်နေခဲ့သည်။

ရှီကျွင့်ကျဲမှာ နဂိုကတည်းက ကျန်းကျန်းကိုသာ အာရုံစိုက်နေခဲ့ခြင်းဖြစ်လေသည်။

လျိုချန်လင်းမှ ကျန်းကျန်း၏ အနားသို့ ကပ်ချင်နေသည်ကို မြင်လိုက်သည်တွင် ရှီကျွင့်ကျဲ၏ မျက်နှာက ချက်ချင်းပင် မဲမှောင်သွာခဲ့ကာ ထိုသူ့ထိုင်ခုံကိုကန်လိုက်လေ၏။

“ဝေးဝေးသွားစမ်းပါ!”

“မသွားဘူး ၊ ငါက မင်းအစ်မနဲ့စကားပြောမှာမှမဟုတ်တာ!”

လျိုချန်လင်းက မျက်လုံးကို လှိမ့်လိုက်ပြီး အလွန်ရိုးသားလှသည့်အမူအရာဖြင့် ကျန်းကျန်းကိုပြမ်ကြည့်ကာ သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။

“ညီမလေး သူ့ကို ခွေးကောင်ကိုမကြည့်နဲ့ ၊ တကယ်တော့ သူတို့လိုလူတွေမှာနှလုံးသားတွေအများကြီးရှိတယ်၊ ဒီအကိုကြီး မင်းကိုနှလုံးသားကလာတဲ့ စကားတွေ ပြောပါရစေ၊ ဒီမှာ ငါ့ လောက်ကောင်းတဲ့သူ ဘယ်သူမှမရှိနိုင်ဘူး”(211)

ကျန်းကျန်းက ရှီကျွင့်ကျဲ၏ စူးရှထက်မြက်သည့် မျက်လုံးများကိုကြည့်ကာ နှုတ်ခမ်းကိုကိုက်ထားရင်းပြုံးလိုက်မိသည်။

ရှီကျွင့်ကျဲကတော့ ကျန်းကျန်းကိုကျော်ကာ လျို့ချန်လင်းကို နှာခေါင်းရှုံ့၍ကြည့်လိုက်လေသည်။

“သူမ မင်းရဲ့နာမည်ကို သိမသိ အရင်ဆုံးမေးကြည့်လိုက်ပါဦးလား?”

“ငါတို့တွေက စာသင်နှစ်တစ်နှစ်လုံး အတန်းဖော်တွေ ဖြစ်ခဲ့ကြတာလေ “

လျို့ချန်လင်းက ကျန်းကျန်းဆီသို့ ယုံကြည်မှုရှိစွာဖြင့် ကြည့်၍ပြောလိုက်သည်။

“ငါတို့တွေနှစ်ခါတောင် အတူထိုင်ဖူးတယ်လေ မှတ်မိတယ်မလား?”

ကျန်းကျန်း သေသေချာချာကြိုးစားတွေးကြည့်လိုက်ပြီးနောက် သူမတွင် ထိုသို့သော အဖြစ်အပျက်မျိုး ရှိသည်ကို မမှတ်မိခဲ့သည့်အတွက် သူမ ပြုံးပြလိုက်ပြီး ခေါင်းကိုသာခါရမ်းလိုက်သည်။

“တောင်းပန်ပါတယ် ကျွန်မ မမှတ်မိတော့ဘူး”

လျိုချန်လင်း၏ ထိတ်လန့်နေသည့်အမူအရာကိုကြည့်ပြီး ကျန်းကျန်းတစ်ယောက် အနည်းငယ် တုံ့ဆိုင်းသွားခဲ့ရကာ သေချာအောင် ထပ်မေးလိုက်သည်။

“ဒါနဲ့ ရှင့်နာမည်က ဘာလဲ?”

“ဘုရားရေ! ငါ ဘာမှ ထပ်ပြီး မပြောချင်တော့ဘူး ငါ့နှလုံးသားက ၈ပိုင်းလောက် ကွဲကြေသွားရပြီ”

လျို့ချန်လင်းတစ်ယောက် အလွန်ဝမ်းနည်းနေသည့်ပုံရှိနေခဲ့ပြီးသူ၏ ပုံစံမှာ သူ အလွန်စိတ်ဓာတ်ကျနေသည်ကိုဖော်ပြရန်အတွက် ခုံကိုပင် ခေါင်းနဲ့တိုက်ချင်နေပုံပေါ်သည်။

ရှီကျွင့်ကျဲ ပြုံးလိုက်ပြီး ကျန်းကျန်း၏နားအနီးသို့ကပ်ကာ တိုးတိုးလေးပြောလာချေသည်။

“ခုံချင်စလဲထိုင်ရအောင်၊ ဒါမှ သူက မင်းစာကြည့်နေတာကိုမနှောင့်နှေးစေမှာ”

ကျန်းကျန်းလည်း ရှီကျွင့်ကျဲကို ပြုံးပြလိုက်ကာ သူ ပြောသည့်ပုံစံအတိုင်း နားရွက်အနီးသို့တိုး၍ ပြန်ပြောလိုက်သည်။

“ဒါဆို ဂရုစိုက်ဦးနော်”

ထို့နောက် သူမ ထရပ်လိုက်ကာ ရှီကျွင့်ကျဲနှင့်နေရာချင်း လဲလိုက်လေသည်

ထိုသို့သောစကားများသည်ကား ချစ်သူများကြားတွင်သာ သုံးလေ့သုံးထရှိသောကြောင့် ကျန်းကျန်း၏ပါးစပ်မှထွက်လာသည့်အခါတွင် ရှီကျွင့်ကျဲ၏နားရွက်များမှာ ချက်ချင်းနီရဲသွားခဲ့ရသည်။

သူက ကျန်းကျန်းနှင့် ထိုင်ခုံနေရာလဲလိုက်ကာ လျို့ချန်လင်း၏ မြင်ကွင်းအား သူ၏ ခန္ဓာကိုယ်နှင့်ကွယ်ထားလိုက်သည်။

လျို့ချန်လင်းတစ်ယောက် မကျေမနပ်ဖြစ်သွားခဲ့ရပြီးနောက် အထင်ကြီးမှုတချို့ ပြန်လည်ရရှိစေရန်အတွက်သူ့ကိုယ်သူ ပို၍ကြိုးစားရန် ပြင်ဆင်လိုက်သည်။

သို့သော် သူ တစ်ဖက်သို့လှည့်ကြည့်လိုက်သည့်အချိန်တွင် ရှီကျွင့်ကျဲ၏လှောင်ပြောင်နေသည့် မျက်နှာနှင့် ခုနလေးတင်ကျန်းကျန်းထံမှသင်ယူခဲ့ရသည့် “နှုတ်ဆက်ခြင်း” ကိုသာ သူ ကြားလိုက်ရလေသည်။

“မင်းဘာကို လာကြည့်တာလဲ?”

“မင်းကိုကြည့်ရမှာလား?”

လျို့ချန်လင်း မကျေမနပ်ဖြင့်လည်ပင်းကိုဆန့်တန်းလိုက်သည်။

“မင်းက ငါနဲ့နောက်တစ်ပွဲ ပြိုင်ချင်နေတာလား?”

ရှီကျွင့်ကျဲ လျို့ချန်လင်းအား တည်ငြိမ်စွာကြည့်လိုက်သည်။

“မင်းရွေးလိုက်လေ၊ ဘက်စကတ်ဘောလား အပြေးပြိုင်မှာလား လက်ဝှေ့လား အကုန်ရတယ်”

ထိုခန့်ညားလှသည့် အရပ်၁.၈၅စင်တီမီတာရှည်သော အမျိုးသားအား ဘက်စကတ်ဘော ပြိုင်ကစားရာတွင်ပင် အနိုင်မယူနိုင်သည်ကိုတွေးကာ လျို့ချန်လင်း အလိုအလျောက်ငြင်းဆန်လိုခဲ့ရသည်။ လက်ဝှေ့တွင်ဆိုပါကလည်း သူက ရှီကျွင့်ကျဲ၏ ပြိုင်ဘက်မဟုတ်ပါချေ။

ကျန်းကျန်းက ထိုဒရာမာကိုစောင့်ကြည့်နေရင်းပြီး ရှီကျွင့်ကျဲ၏ခါးကိုတို့လိုက်သည်။ ရှီကျွင့်ကျဲတစ်ယောကင ချက်ချင်းပင် တောင့်တင်းသွားကာ ကျန်းကျန်းဘက်သို့ လှည့်ပြီး လေသံတိုးတိုးလေးဖြင့် မေးလိုက်လေသည်။

“ဘာဖြစ်လို့လဲ?”

ကျန်းကျန်းမှာ ကောင်လေးတစ်ယောက်၏ ခါးအားတို့ထိသည့်အပေါ် မည်သည့်စိတ်ကူးမှ မရှိခဲ့ပေ။ သူမက ပါးစပ်ကို ရယ်မောလိုစွာအုပ်လိုက်ပြီး ပြောလိုက်လေ၏။

“ရှင့်ရဲ့အတန်းဖော်က ရယ်ရတယ်နော်”

ရှီကျွင့်ကျဲ သူ၏ခေါင်းကိုပြန်လှည့်ကာ တီးတ်ိုးလေးပြောလိုက်သည်။

“မနေ့က ကိုယ် သူနဲ့ဘက်စကတ်ဘောပြိုင်ကစားတာ ကိုယ့်ကိုရှုံးသွားတယ်လေ၊ ဒါကြောင့် သူ ကိုယ့်ကိုတစ်လလုံးလုံး ရေနွေးယူပေးရမှာ”

ကျန်းကျန်း၏မျက်လုံးများက အံ့ဩမှုကြောင့်ပြူးကျယ်သွားပြီး လက်နှစ်ချောင်းထောင်၍ မေးလိုက်သည်။

“ရှင့်အတွက် တစ်ရက်ကို နှစ်ခါယူပေးရမှာလား?”

ရှီကျွင့်ကျဲ ခေါင်းငြိမ့်လိုက်သည်။

ကျန်းကျန်းက ချက်ချင်းပြုံးမိသွားခဲ့ရကာ မျက်လုံးလှိမ့်လိုက်ပြီး ရှီကျွင့်ကျဲအား လက်မထောင်ပြလိုက်လေသည်။

“ရှင်က တကယ်ကိုလူဆိုးပဲ”

တခြားကျောင်းသားများမှာ နားကိုအုပ်ကာပြင်သစ်စာကို ကျယ်ကျယ်ဖတ်နေကြလေ၏။ ထို့ကြောင့် ကျန်းကျန်းတို့ စကားပြောနေသော်လည်း သူတို့အသံမှာ သိပ်ပြီး မကျယ်လှ၍ မည်သူကမှ သတိမထားမိကြပေ။

ပြင်သစ်အတန်းတွင်လည့် နောက်ဆုံးစာမေးပွဲရလဒ်အတွက် မှတ်တမ်းစာအုပ်များထုတ်ပေးထားပြီးဖြစ်၍ ပါမောက္ခက အတန်းစလာသည်နှင့် အကြောင်းအရာသို့ တိုက်ရိုက်သွားခဲ့ကာ ဂရမ်မာနှင့်ဝေါဟာရများအကြောင်းများကို စတင်ပြောခဲ့သည်။

သင်ခန်းစာစသည်နှင့် ကျောင်းသားများကလည်း ပါမောက္ခ၏နောက်မှလိုက်ကာ ထပ်ခါထပ်ခါရွက်ဖတ်ကြသည်။ တရုတ်ပြည် ‌မြောက်ပိုင်းသား လျို့ချန်လင်းသည်ပင် သူ၏အသံဝဲဝဲဖြင့် အကောင်းဆုံးကြိုးစားနေခဲ့ညပြီး သူ၏စကားလုံးအသံထွက်များကလည်း ပိုပြီးကောင်း‌မွန် လာသည်။

အတန်းဆင်း ခေါင်းလောင်းသံမြည်သည်နှင့် ပါမောက္ခက သင်ခန်းစာအားရပ်တန့်လိုက်ကာ အတန်းထဲမှ ထွက်သွားခဲ့သည်။

ပြင်သစ်မေဂျာမှ ကျောင်းသားများကလည်း အချိန်မဆွဲဘဲ ရုတ်ရုတ်သဲသဲထရပ်ကြကာ ကန်တင်းသို့သွားရန်ပြင်ဆင်ခဲ့ကြလေ၏။

ရှီကျွင့်ကျဲက စာအုပ်များသိမ်းနေရင်း ကျန်းကျန်းအား ကန်တင်းတွင် နေလည်စာစားရန် ဖိတ်ခေါ်သင့်မခေါ်သင့်တွေးတောကာ ကျန်းကျန်းကိုစိုက်ကြည့်နေမိခဲ့သည်။

ကျောင်းတွင် ယောက်ျားလေးနှင့်မိန်းကလေးတို့ အတူထိုင်ကာ စားကြသည်မှာ စုံတွဲများသာ ပြုလုပ်လေ့ရှိ‌သည်။ ကျောင်းမဖွင့်ခင် အတန်းဖော်များမရှိသည့်အချိန်တွင် သူတို့အတူထိုင်စားသည်မှာ ကိစ္စမရှိပေ။

သို့သော် အခုတွင် မေဂျာတိုင်းမှကျောင်းသားကျောင်းသူများက ရှိနေခဲ့ လေသည်။ ရှီကျွင့်ကျဲတစ်ယောက် ကျန်းကျန်းမျက်နှာသာ မပေးမည်ကို ကြောက်နေခဲ့သည်။

ကျန်းကျန်းက သူမ၏ စာအုပ်များကို ကျောင်းလွယ်အိတ်ထဲထည့်ပြီးနောက် သူမအားရှုပ်ထွေးစွာကြည့်နေသည့် ရှီကျွင့်ကျဲကိုကြည့်ပြီး ထိုသူစိုးရိမ်နေသည့်အချက်ကို ချက်ချင်းနားလည်သွားသည်။

နေ့ခင်းဘက်အတန်းကလည်း ယခုစာသင်ဆောင်တွင်ရှိနေတုန်းပင် ဖြစ်သည်။ ထို့ကြောင့် ကျန်းကျန်းက အနီးအနားမှ ကန်တင်းတွင်စားသောက်ရန်တွေးလိုက်ပြီး ရှီကျွင့်ကျဲအားကြည့်ကာ ရက်ရက်ရောရောပြောလိုက်သည်။

“နေ့လည်စာ သွားစားကြမယ်လေ!”

ရှီကျွင့်ကျဲ၏ မူလကရှုပ်ထွေးနေခဲ့သည့်အတွေးယာဉ်ကြောများက ထိုတစ်ခဏတွင် ရှင်းလင်းကြည်လင်ကာ တောက်ပသွားခဲ့ရကာ ‘ကောင်းကင်ကြီးမှာ အပြာရောင်တောက်ပနေသည်၊ ဌက်ကလေးများမှာလည်း တေးဆိုနေကြကာ ပန်းများမှာလည်း မွှေးရနံ့သင်းကြိုင်နေပြီး အရာအားလုံးမှာ အလွန်အမင်းပင်လှပလို့နေသည်’ဟု ရုတ်တရက် ခံစားလိုက်ရသည်။

ရှီကျွင့်ကျဲ၏အိပ်ဆောင်မှ ယောက်ျားလေးများကလည်း ကန်တင်းသို့ အတူသွားကြရန် တစ်ယောက်နှင့်တစ်ယောက်မေးနေကြသည်။

သူတို့က ရှီကျွင့်ကျဲအား ခေါ်လိုက်ချိန်တွင် ထိုသူ၏မျက်နှာပေါ်မှ အပြုံးကြောင့် သူတို့အားလုံး၏ မျက်လုံးကန်းလုနီးပါးဖြစ်သွားခဲ့ရသည်။

လျို့ချန်လင်းက သူ့ဘေးရှိအတန်းဖော်အား တံတောင်ဖြင့်ထိုးကာ မေးငေါ့ပြလိုက်သည်။

“ ငါ သူနဲ့လအနည်းငယ်လောက် အတူနေဖူးတယ်၊ သူဒီလောက်ပျော်နေတာ ငါ မမြင်ဖူးဘူး”

“အဓိပ္ပာယ်မရှိတာ!”

ထိုအတန်းဖော်မှာ မကျေမနပ်ပြောလာသည်။

“မင်းက ကိုယ်ရည်ကိုယ်သွေး ငါးမျိုးနဲ့အရေထူတဲ့မျက်နှာသုံးခုရှိတဲ့ ဝက်ဝံကြီးလေ ၊ ငါသာဆိုလည်း မင်းနှင့် တစ်ယောက်တည်းရှိနေပြီး မင်းကို မြင်နေရရင် ပျော်မှာမဟုတ်ဘူး”

“ဘုရားရေ! မင်းက ဘာလို့ ဘယ်လိုမျိုး အသိအမှတ်ပြုရမလဲဆိုတာကို မသိရတာလဲ? ဒါကယောက်ျားတစ်ယောက် တွေးနေရမဲ့အရာလား?”

လျိုချန်လင်း သူ့လက်ကိုဝေ့ယမ်းကာ သက်ပြင်းချလိုက်သည်။

“မင်းတို့တွေ အမြင်မရှိကြဘူးဘဲ ၊ ငါတို့ဘက်က ကောင်မလေးတွေက မင်းတို့ရဲ့ဒီလိုမျိုးမကြိုက်ဘူး”

အတန်းဖော်က သူ၏ပုခုံးအား ဂရုဏာသက်စွာပုတ်လိုက်ပြီး ကျန်းကျန်းရှိရာညွှန်ပြကာ အသံကိုနှိမ့်ပြောလိုက်သည်။

“အိပ်မက်မက်မနေနဲ့ မင်းတို့ဘက်ကကောင်မလေးက ရှိီကျွင့်ကျဲရဲ့ကောင်မလေးလိုမျိုးမို့လို့လား၊ ရယ်စရာတွေ လာပြောမနေနဲ့!”

ရှီကျွင့်ကျဲက သူတို့ အတင်းပြောနေကြသည်ကိုကြားသော်လည်း ဂရုမစိုက်ပါချေ။

ပထမဆုံးအကြိမ်အနေဖြင့် သူကစာအုပ်များအား ကျောင်းလွယ်အိတ်ထဲသို့ စီရီသပ်ရပ်စွာမထည့်နေတော့ဘဲ ဖြစ်သလိုထိုးထည့်လိုက်ကာ လျိုချန်လင်းဆီသို့ပေးလိုက်သည်။

သို့သော် သူ၏မျက်လုံးများကတော့ ကျန်းကျန်းထံမှမခွာပေ။

“ဟမ်? မင်းဘာသာမင်းသယ်ပါလား?”

လျို့ချန်လင်းသည် ရှီကျွင့်ကျဲ၏လွယ်အိတ်ကို ကိုင်ထားရင်း အနည်းငယ်ရှုပ်ထွေးနေသည်။

“အိတ်ကဒီလောက်လဲမလေးပါဘူး”

ရှီကျွင့်ကျဲ သူ့ကိုမကြည့်ဘဲပြောလိုက်သည်။

“မင်း နှစ်ရက်လောက် ရေမယူပေးနဲ့၊ နောက်ပြီး မင်းစကားပြော လေ့ကျင့်တာကို ညဘက်မှာ ငါ ကူညီပေးမယ်”

“မင်းက ဟာသတွေပြောနေတာပဲ၊ ဒါလေး ပြန်သယ်သွားဖို့က အရေးကြီးကိစ္စမဟုတ်ပါဘူး၊ ဒါပေမဲ့ မင်းစကားတည်ရမယ်နော်၊ သူတို့တွေက ငါနဲ့စကားပြော မလေ့ကျင့်ချင်ကြဘူး”

လျိုချန်လင်း ပျော်ရွှင်စွာဖြင့် ရှီကျွင့်ကျဲ၏ လွယ်အိတ်အားသူ့ပုခုံးပေါ်ငို့တင်လိုက်သည်။

“အပေးအယူဖြစ်ပြီနော်”

သူ့ဘေးမှ အတန်းဖော်တစ်ယောက်က မကျေမနပ်ပြောလာသည်။

“ကျွင့်ကျဲကလွဲလို့ ဘယ်သူကများမင်းနဲ့လေ့ကျင့်ချင်မှာလဲ? နဂိုကတည်းက အသံထွက်ဖို့ မလွယ်တာကို မင်းရဲ့အရှေ့မြောက်ဒေသိယအသံနဲ့ပြောရင် သိခားတာတွေတောင် မေ့ကုန်တာကွ!”

ရှိီကျွင့်ကျဲကတော့ မည်သည့်စကားမှထပ်မပြောတော့ပေ။ ကျန်းကျန်း အတန်းထဲမှထွက်တော့မည်ကို မြင်သည့်အတွက် သူမ၏ နောက်အမြန်လိုက်ကာ ကျန်းကျန်း၏ ကျောင်းလွယ်အိတ်ကို လှမ်းယူလိုက်ပြီး သူ၏ပုခုံးပေါ်သို့ လွယ်လိုက်ရင်း ဝမ်းသာပျော်ရွှင်စွာဖြင့် ပြောလာသည်။

“ကိုယ် ကူသယ်ပေးမယ်!”

ကျန်းကျန်း ရှီကျွင့်ကျဲအား အံ့အားတကြီးကြည့်လိုက်သည်။ သူမအနေဖြင့် နောက်ပိုင်းမျိုးဆက် ယောက်ျားလေးများမှ မိန်းကလေးနောက်သို့လိုက်သည့် လုပ်ရိုးလုပ်စဉ်များကို ကြုံတွေ့ရဖို့မမျှော်လင့်ထားခဲ့ပေ။

ယခုအချိန်တွင် ရှီကျွင့်ကျဲမှာ သင်ကြားပေးသူမရှိပါဘဲ ကိုယ်တိုင်တတ်ကျွမ်းလာခဲ့ပြီဖြစ်သည်။

သူမတို့၏ နောက်မှ ကျောင်းသား/ကျောင်းသူများက အခန်းထဲမှထွက်ရန် စောင့်ဆိုင်းနေကြသောကြောင့် ကျန်းကျန်းလည်း ရှီကျွင့်ကျဲနှင့် စကားမပြောတော့ဘဲ သူမ၏လွယ်အိတ်အား သူဆီတွင်သာ ပေးထားလိုက်တော့သည်။

ထိုလှုပ်ရှားမှုကိုမြင်သည့်အချိန်တွင် သူတို့၏ နောက်ရှိအတန်းဖော်များ၏ နှလုံးသားမှာ ကွဲကြေသွားခဲ့ကြရသည်။

ရှီကျွင့်ကျဲသည်ကား ပြင်သစ်မေဂျာတွင် အထူးဖြစ်တည်မှုတစ်ခုဖြစ်သည်။

သူ၏အသွင်အပြင်နှင့်ပင်ကိုယ်စရိုက်မှာ အတန်းထဲရှိ တခြားသူများထက်သာလွန်ပြီး သူ၏ပြင်သစ်အသံထွက်ကို ထည့်မပြောလျှင်ပင် မိန်းကလေး အတော်များများ၏ သဘောကျခြင်းကို ခံထားရလေသည်။

မိန်းကလေးများက ရှေးရိုးဆန်ကြပြီး အများအားဖြင့် ရှီကျွင့်ကျဲအား စကားတစ်ခွန်းမှ မပြောရဲကြသော်လည်း တစ်နေ့နေ့တွင် ရှီကျွင့်ကျဲမှ သူတို့၏အတွင်းစိတ်အလှကို ရှာဖွေတွေ့ရှိနိုင်မည်ဟု မျှော်လင့်နေကြဆဲပင်။

သို့သော် ထိုအကြံမှာကောင်းမွန်သော်လည်း လက်တွေ့တွင် အလွန်ဝမ်းနည်းစရာကောင်းသည်။

ရှီကျွင့်ကျဲမှာ သူတို့၏အတွင်းစိတ်အလှအား ရှာမတွေ့ခင်မှာပင် ချောမောလှပသည့် လီမင်ကျန်းနှင့်ချိတ်မိသွားခဲ့ပေပြီ။

**(212)

ပြင်သစ်မေဂျာမှ မိန်းကလေးအုပ်စုက ရှီကျွင့်ကျဲတစ်ယောက် လီမင်ကျန်း၏ဘေးတွင် ပန်းလေးတစ်ပွင့်ကဲ့သို့ ပြုံးပျော်နေသည်ကိုကြည့်ရင်း အတတ်နိုင်ဆုံးတည်ငြိမ်ဟန်ဆောင်နေကြရသည်။

သူတို့မနာလို မဖြစ်ပါချေ။

တကယ်တမ်းတွင် လီမင်ကျန်းနှင့်ရှီကျွင့်ကျဲတို့ အတူရပ်နေသည့်အချိန်တွင် ရုပ်ချောသည့်အမျိုးသားနှင့်လှပသည့်အမျိုးသမီး‌တို့ကြောင့် လူတိုင်း၏ စိတ်ထဲတွင် သက်တောင့်သက်သာဖြစ်သလိုခံစားရသည်။

ယခုစာသင်နှစ်ပထမတန်းတွင် ပြင်သစ်မေဂျာပါမောက္ခမှ နောက်ဆုံးစာမေးပွဲနီးလာသည့်အချိန်တလျှောက်တွင် ရှီကျွင့်ကျဲနှင့်လီမင်ကျန်းကြားရှိ အပြန်အလှန်ဆွေးနွေးမှုကိုယူကာ ဂရမ်မာနှင့်ဝေါဟာရများကိုရှင်းပြခဲ့သည်။

ရှီကျွင့်ကျဲ၏ နှစ်လိုဖွယ်အဖွင့်စကားကို နားထောင်ခဲ့ရသည့် မိန်းကလေးများမှာ မျက်နှာများနီရဲကာ နှလုံးခုန်နေမြန်နေကြပြီး ပြင်သစ်ဆရာအား မကျေမနပ်ကကြည့်ရင်း ရေရွက်ခဲ့မိကြသည်။

“ဘယ်လိုတောင်ဆိုးလိုက်တဲ့ကံလဲ ၊ ဘာလို့ငါ့ဆီမလာတာလဲ?”

နေ့လည်ခင်း‌ နောက်ဆုံးအတန်းပြီးသည့်နောက် ကျန်းကျန်းတစ်ယောက် သူမ၏ကျောင်းလွယ်အိတ်အား လွယ်ကာ ဥပဒေဌာနဘက်သို့ သွားခဲ့ပြီး ဝမ်ရှင်းဝမ့်နှင့်အတူ ညစာစားရန်စောင့်နေခဲ့သည်။

ဝမ်ရှင်းဝမ့်မှာ ကိုယ်ဝန်တစ်လကျော်ရှိနေပြီဖြစ်ပြီး ကိုယ်ဝန်အ‌စောပိုင်းလက္ခဏာများမပြသေးသော်လည်း ကျန်းကျန်းတွင် အတွေးတချို့ရှိနေဆဲပင်။

ဥပဒေကျောင်းသားများက အခန်းထဲမှ သုံးယောက်အုပ်စု ငါးယောက်အုပ်စု စသည့်ဖြင့် အုပ်စုလိုက်ထွက်လာကြချိန်တွင် ကျန်းကျန်းတစ်ယောက် တံခါးနားတွင်ခြေဖျားထောက်ကာ မှတ်စုရေးနေသည့် ဝမ်ရှင်းဝမ့်အား လက်ယပ်ခေါ်လိုက်သည်။

“စတုတ္ထယောက်မ!”

ဝမ်ရှင်းဝမ့်လည်း ကျန်းကျန်းအားမြင်တွ့လိုက်ရသည်နှင့် ပြုံးရွှင်သွားခဲ့လေသည်။

“ရောက်လာပြီလား? လာခဲ့လေ၊ ငါ ဒီတစ်ကြောင်းပြီးရင် ပြီးပြီ ၊ ဒါပြီးရင်ထမင်းသွားစားကြမယ်”

“ကောင်းပြီ”

တခြားအတန်းဖော်များ ထွက်သွားသည့်နောက်တွင် ကျန်းကျန်းက အထဲသို့ဝင်လာခဲ့ပြီး ကျောက်သင်ပုန်းအားကြည့်ရင်း ဝမ်ရှင်းဝမ့် မှတ်စုစာအုပ်ဖြင့် ကူးနေသည်ကို ပြန်ကြည့်လိုကသည်။

စာပိုဒ်အတွင်းရှိ ယွီလောင်နှင့် ကျိုးဖန်ဇာတ်ကောင်များက သူမ၏သေးသေးသွယ်သွယ်မျက်နှာလေးဖြင့် လုံးဝ မလိုက်ဖက်သော်လည်း သူမသည်ကား ကြံ့ခိုင်မှုအပြည့်ရှိလေသည်။

အရှုံးကို ဝန်ခံရဲသည့်စိတ်ဓာတ်မှာလည်း အလွန် ဆင်တူသည်။

ဝမ်ရှင်းဝမ့်က နောက်ဆုံးစာကြောင်းကို အမြန်ရေးလိုက်ပြီး တစ်ချက်သမ်းဝေလိုက်ကာ ကျောင်းလွယ်အိတ်ထဲသို့ စာအုပ်များ မသိမ်းဆည်းခင် ရေဗူးအဖုံးကိုလှည့်ဖွင့်ပြီး ရေနှစ်ငုံလောက်သောက်လိုက်သည်။

ကျန်းကျန်းက စားပွဲပေါ်ရှိစာအုပ်များအား ကူသိမ်းပေးနေရင်းဖြင့် မေးလိုက်လေသည်။

“နေ့ဘက်အတန်းတက်ရင်းနဲ့ နောက်ကျောကနာနေသေးလား?”

“အဆင်ပြေပါတယ်၊ ဘာမှမဖြစ်ဘူး ဒီတိုင်းသမ်းရင်းနှင့် မျက်ရည်ဝဲရုံတင်ပါ”

ဝမ်ရှင့်ဝမ့် ပြုံးကာအနည်းငယ်ရှက်ရွံ့စွာဖြင့််ပျောလာသည်။

“ကံကောင်းလို့ပေါ့၊ ငါ ပြန်ရောက်ရောက်ချင်းဌာနကိုပြောထားခဲ့တာ၊ မဟုတ်ရင် ပါမောက္ခက ငါ့ကိုကန်ထုတ်လိမ့်မယ်”

ကျန်းကျန်းပြုံးကာ မျက်လုံးလှိမ့်လိုက်မိသည်။

“သမ်းဝေတယ်ဆိုတာက ကူးစက်တတ်တာပဲ‌ ?အတန်းထဲ အစ်မဘေးကလူက စိတ်အားထက်သန်မှုရှိရင်လုံလောက်ပါတယ်”

နှစ်ဦးသား ကျောင်းလွယ်အိတ်များကို လွယ်ကာ အောက်ထပ်ဆင်းလာသည့်အချိန်တွင် လီမင်ပေက တိုက်အောက်တွင် စောင့်နေသည်ကိုတွေ့လိုက်ရသည်။

သူတို့ထွက်လာသည်ကိုမြင်သည့နှင့် လီမင်ပေသည် ချက်ချင်းပြေးလာခဲ့ကာ ဝမ်ရှင့်ဝမ့်နှင့်ကျန်းကျန်းတို့၏ လွယ်အိတ်များကိုယူလိုက်သည်။

ကျန်းကျန်း အစ်ကိုဖြစ်သူ့အားကြည့်ရင်း ကျီစယ်သည့်အပြုံးဖြင့် ပြောလိုက်လေ၏။

“အစ်ကို အရင်တုန်းကဒီကိုတစ်ပတ်နေမှ နှစ်ခါသုံးခါလောက်ပဲ လာတာပါ ၊ အခုကျ ကျောင်းတက်တဲ့ ပထမရက်ပဲ ရှိသေးတယ် ၊ဒီကို ရောက်လာပြီ ၊ မှန်မှန်ပြော ဒါက ယောက်မကြောင့်လား ဒါမှမဟုတ် ယောက်မရဲ့ဗိုက်ထဲက ကလေးလေးကြောင့်လား?”

လီမင်ပေသည်ကား ချက်ချင်းပင် ဝမ်ရှင်းဝမ့်၏အနီးကို တိုးကပ်ပွေ့ဖက်လိုက်ကာ သူ၏သစ္စာရှိမှုကိုပြသလေသည်။

“ငါက သေချာပေါက် မင်းရဲ့ယောက်မအတွက်ပဲ ရောက်လာတာပေါ့ ၊ ဒီအစ်ကိုက အတန်းထဲမှာ တစ်နေ့လုံးထိုင်နေရပေမဲ့ သူမ ဒီလိုခုံတွေနဲ့ထိုင်လို့ အဆင်ပြေပါ့မလားဆိုတာကိုပဲ စိုးရိမ်နေတာ ၊

ငါ မင်းတို့နဲ့နေ့လည်စာစားပြီးသွားရင် သူမအတွက် သွားပြီး ရေနွေးတန်းစီပေးရမယ်၊ နောက်နေ့ကျရင် သူမသုံးဖို့အတွက်ရေနွေးသွားယူမလို့၊ ရေနွေးခန်းကစိုနေတာဆိုတော့ မတော်တဆချော်လဲနိုင်တယ်”

“ဘာတွေကြောက်နေတာလဲ ၊ ကျွန်မ စွပ်ပြုတ်ကို ကိုယ်ဝန်လွယ်ထားရတုန်းကဆိုရင်လည်း ကျွန်မအမေနဲ့ယောက်မတို့က အလေးအပင်သယ်ရမယ့်အလုပ်တွေကို ကူပေးခဲ့လို့ အိမ်မှာ ကျွန်မတို့အတွက် အဝတ်လျှော်တာတွေ အိမ်သန့်ရှင်းရေးလုပ်တာတွေကိုတောင် စိတ်မပူခဲ့ရဘူး ၊

အခုလည်း နေ့တိုင်း အတန်းထဲမှာ ထိုင်နေရရုံလေးပဲ၊ အများဆုံးမှ ညဘက်ကျောင်းပြီးရင် အဝတ်လျှော်ရတာလောက်ပဲ၊ ဒီလောက်ကတော့ မပင်ပန်းပါဘူး”

“တစ်ပတ်အတွင်းဆိုရင် ညစ်ပတ်တဲ့အဝတ်အစားက သိပ်မရှိဘူးလေ၊ အဝတ်တွေ လျှော်မနေနဲ့ ပိတ်ရက်အိမ်ပြန်တဲ့အခါကျရင် အိမ်ကိုသယ်သွားပြီး အိမ်ရောက်မှ ကိုယ်လျှော်ပေးမယ် ၊

အဝတ်တွေ အခြောက်လှမ်းဖို့ ခြံအကျယ်ကြီးရှိတာကို၊ ကိုယ်တို့ ပြတင်းပေါက်မှာ လှမ်းထားလို့ရတယ်”

လီမင်ပေက ဝမ်ရှင်းဝမ့်အား စိုးရိမ်စွာကြည့်ပြီး သူမ၏ လက်လေးကို လှမ်းမကိုင်ဘဲမနေနိုင်တော့ပေ။

ထိုစကားကိုကြားပြီးနောက် ဝမ်ရှင်းဝမ့်၏ မျက်လုံးများ နီရဲလာခဲ့ကာ သူမက တခြားသူများမြင်မည်ကိုပင် မကြောက်ဘဲ မင်ပေ၏လက်ကို ဆုတ်ကိုင်ကာ အပြုံးချိုချိုလေးဖြင့်ပြောလိုက်လေသည်။

“မင်ပေ ရှင်ဘာလို့ ကျွန်မ‌အပေါ် ဒီလောက်တောင် ကောင်းနေရတာလဲ?”

“ မဟုတ်ရင်ရော?”

လီမင်ပေသည်ပျော်ရွှင်စွာဖြင့် ဝမ်ရှင့်ဝမ့်အားကြည့်ကာ သူမ၏ လက်လေးအားညှစ်လိုက်ပြီး နူးညံ့မှုအပြည့်နှင့် ပြောလာခဲ့သည်။

“မင်းက ကိုယ့်ရဲ့ဇနီးပဲလေ၊ ကိုယ်က မင်းအပေါ်ကို မကောင်းပေးလို့ဘယ်သူ့အပေါ် ကောင်းပေးရမှာလဲ?”

လီမင်ပေနှင့်ဝမ်ရှင်းဝမ့်၏ တစ်ယောက်နှင့်တစ်ယောက် ချစ်မြတ်နိုးစွာ ကြည့်နေကြသည်ကို ကြည့်ရင်း ကျန်းကျန်းတစ်ယောက် သူမ၏ လက်ကိုမြှောက်ကာ မျက်လုံးများကိုကာလိုက်မိသည်။

“အိမ်ထောင်မပြုရသေးလို့ ဆိုပြီး ညီမကို အနိုင်ကျင့်နေကြတာလား?”

ကျန်းကျန်း၏ တမင်တကာ ချဲ့ကားနေသည့် အမူအရာကိုမြင်တော့ လီမင်ပေရယ်မောလိုက်ကာ ကျန်းကျန်း၏ဆံပင်ကို ပွတ်သပ်လိုက်ပြီး သူမ သပ်သပ်ရပ်ရပ် ဖြီးသင်ထားသည့် ပိုနီတေးဆံပင်အား ဖွလိုက်ကာ အောင်ပွဲခံသည့်ပုံစံဖြင့် လက်ကိုပြန်လွှတ်လိုက်သည်။

ကျန်းကျန်းတစ်ယောက် ယခု သူမ၏ ဆံပင်ပုံစံမှာ မည်သို့မည်ပုံဖြစ်နေမည်ကို မကြည့်ပါဘဲနှင့်သိလိုက်နိုင်ပေသည်။

သူမ လီမင်ပေအားမျက်လုံးလှိမ့်ပြလိုက်ကာ ချည်နှောင်ထားသည့်ဆံပင်အား‌ ဖြည်ချလိုက်သည်။

သူမ၏ ဆံနွယ်နက်များက ပုခုံးပေါ်သို့ဝဲဖြာကျလာခဲ့ကာ ပုံမှန်လှပသည့် မျက်နှာလေးက ပို၍ပင်လှပသွားခဲ့လေသည်။

သူမက ဆံပင်အား လက်ဖြင့်အကြိမ်အနည်းငယ်သပ်လိုက်ပြီးနောက် သူမ၏ ဆံပင်များကို ခေါင်းစီးကွင်းဖြင့် ပြန်လည်ချည်နှောင်လိုက်သည်။

ထိုအရာအားကြည့်ရင်း လီမင်ပေက ပြောလာသည်။

“ဘယ်လိုဖြစ်လို့ လူမြင်ကွင်းမှာဆံပင်ဖြီးနေတာလဲ ၊ ဟိုကောင်လေးကိုကြည့်လိုက်၊ အခုပဲ တိုင်နဲ့တိုက်မိသွားပြီ”

သုံးယောက်သား ရယ်မောလိုက်မိကြပြီး ကန်တင်းသို့ အတူသွားခဲ့ကြသည်။ ဝမ်ရှင်းဝမ့်က ပြတင်းပေါက်နားမှ လူလေးယောက်စာ စားပွဲကိုတွေ့လိုက်ရသည်နှင့် သူမနှင့်ကျန်းကျန်းတို့၏လွယ်အိတ်များကို ဘေးတွင်ချလိုက်သည်။

ကျန်းကျန်းနှင့် လီမင်ပေတို့က အစားအသောက်လက်မှတ်များကို ယူကာ ‌သုံးယောက်စာ ပြန်ယူလာခဲ့ကြသည်။

ကျန်းကျန်းအနေနဲ့ ရှီကျွင့်ကျဲနှင့် နေ့လည်စာ အတူ စားခဲ့ပြီးဖြစ်လေသည်။ ရှီကျွင့်ကျဲက ဟင်း ခုနှစ်မျိုး၊ ရှစ်မျိုး ယူဆောင်လာခဲ့သောကြောင့် ကျနိးကျန်းတစ်ယောက် ယခုချိန်အထိဗိုက်မဆာသေးပေ။

ထို့ကြောင့် သူမအတွက် ယာဂုဖြူတစ်ပွဲနှင့် သပ်သပ်လွတ်ဟင်းတစ်ပွဲကိုသာ ယူလိုက်သည်။

လီမင်ပေတစ်ယောက် ကျန်းကျန်း၏ ပန်းကန်ထဲမှ အစိမ်းရောင်အရွက်များကို အံ့ဩတကြီးကြည့်ကာပြောလိုက်သည်။

“ဒါက မင်းရဲ့ ပုံစံမဟုတ်ပါဘူး ၊ ငါသိတာက မင်းက အမြဲတမာ အစားသောင်းကျန်းပြီး စကားတွေတတွတ်တွတ်ပြောနေတဲ့သူပါ၊ ဒီနေ့ကျတော့ တစ်ခြားတစ်ယောက်လိုပဲ”

ကျန်းကျန်း သူ‌မ၏ ရှေ့မှယာဂုဖြူအားစိုက်ကြည့်ကာ ပြန်ဖြေလိုက်သည်။

“ညီမ နေ့လည်က အများကြီးစားထားပြီးပြီ ၊ လောလောဆယ်ဗိုက်မဆာသေးဘူး”

“မင်း အရင်ကဆို နေ့လည်စာအများကြီးစားလည်း စားနိုင်ပါသေးတယ်”

လီမင်ပေ ပိုလို့ပင် အံ့ဩသွားရသည်။

လီမင်ပေက ဝမ်ရှင်းဝမ့်နှင့်ကျန်းကျန်းတို့အား သူ ယူလာသည့် ကြက်ပေါင်တို့ကို တစ်ယောက်တစ်တုံးစီ ထည့်ပေးလိုက်ကာ ဆက်ပြောခဲ့သည်။

“ငါမှတ်မိတာကတော့ ငါ့ညီမက ယုန်နှစ်ကောင်ကိုတောင် အသာလေးစားနိုင်ပါတယ် ၊ ဘာလဲ? နေ့လည်ကဝက်တစ်ကောင်လုံး စားခဲ့လို့လား?”

ကျန်းကျန်း ကြက်ပေါင်အား ယူကာ လီမင်ပေ၏ ပါးစပ်ထဲသို့ ထိုးထည့်ပေးလိုက်သည်။

“ကိုယ့်ဘာသာကိုယ် စားစရာရှိတာစားပါ!”

ဝမ်ရှင်းဝမ့်သည်လည်း မင်ပေအား စိတ်ဆိုးသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

“ကျန်ကျန်းက အရွယ်ရောက်နေပြီ၊ အဓိပ္ပာယ်မရှိတာတွေမပြောနဲ့”

လီမင်ပေက သူ့ပါးစပ်ထဲတွင် ကြက်ပေါင်ကို ကိုက်ထားရင်း ထပ်ခါထပ်ခါခေါင်းငြိမ့်ပြခဲ့သည်။

ဝမ်ရှင်းဝမ့်တစ်ယောက် ထိုပုံစံကြောင့် ရယ်မောလိုက်မိလေသည်။

“ ကြည့်ရတာ ကျွန်မတို့မိသားစုက ဟုန်ကျုံးနဲ့တောင်တူနေပြီ”

ဟုန်ကျုံး၏ အကြောင်းကို စကားစပြောလာလျှင် လီမင်ပေကးမှာ သူ့ပါးစပ်ထဲမှ ကြက်ပေါင်ကို အလျှင်အမြင်ပင် ပြန်ချလိုက်ကာ ပြောလာလေသည်။

“ဟုန်ကျုံးက တတိယဦးလေးရဲ့အိမ်မှာ လိုက်လျောညီထွေရှိအောင် နေနိုင်ပါ့မလား မသိဘူး၊ ပြီးတော့ တတိယဦးလေးတို့မိသားစုက သတ်မှတ်ထားတဲ့လစာကြောင့် ငါတို့မိသားစုလို အသားမစားနိုင်လောက်ဘူး၊ ဟုန်ကျုံးအခုလောက်ဆို ကိုယ်အလေးချိန်ကျသွားပြီလားမသိဘူး”

“ဟုန်ကျိုးအကြောင်းကိုသတင်းမေးဖို့အတွက် နောက်ဆုံးတစ်ခေါက်က ရှင် စာမပို့ခဲ့ဘူးလား? ရှင့်ရဲ့ မွေးရပ်ကနေ စာမပို့သေးဘူးလား?”

ဝမ်ရှင်းဝမ့် ‌ဘန်းမုန့်ကိုတစ်ကိုက်ကိုက်ကာ ခေါင်းမော့ပြီး မင်ပေကိုမေးလိုက်သည်။

“ဘာ စာမှမရဘူး”

မင်ပေ အနည်းငယ်စိတ်ပူစွာဖြင့် ဆက်ပြောလိုက်သည်။

“တနင်္ဂနွေနေ့ကို ရောက်ရင် စာတိုက်ရုံးကိုသွားဖို့အတွက် သေချာပေါက် လုပ်ရမယ်၊ မဟုတ်ရင် ဒါကိုပဲအမြဲတွေးနေမိနေမှာ ငါတို့ဟုန်ကျိုးကငယ်တော့တာ မဟုတ်ဘူး”

ကျန်းကျန်းတွက်ချက်ကြည့်လိုက်သည်။

သူမ လီမင်ကျိုးဆီသို့အဆာပြေစားစရာများပို့ခဲ့သည်မှာလွန်ခဲ့သည့ နှစ်ရက်ကပင် ဖြစ်ချေသည်။

ထို့ကြောင့် ယနေ့ညတွင်တော့ တစ်ချက်ခန့် သွားကြည့်ရပေမည်။

စားသောက်ပြီးနောက် မင်ပေက ဝမ်ရှင်းဝမ့်အား အဆောင်သို့ လိုက်ပို့ပေးခဲ့ပြီး ရေနွေးလည်း သွားယူပေးခဲ့ သည်။

ကျန်းကျန်းကတော့ သူတို့နှစ်ဦးနှင့် ကန်တင်းတွင် လမ်းခွဲခဲ့ကာ စာလေ့လာရန်အတွက် စာကြည့်တိုက်သို့ ပြန်သွားလိုက်လေသည်။

**(213)

ကျန်းကျန်းသည် မည်သူမျှမရှိသည့်နေရာတစ်ခုကို ရှာလိုက်ကာ ပေရှားသို့ နေရာကူးပြောင်းသွားလိုက်ပြီး တောင်ပေါ်တွင်ရပ်တန့်လိုက်ပြီး ရင်းနီးနေသည့် ဇာတိမြို့လေးအား လှမ်းကြည့်လိုက်သည်။

ပင်းချန်မှ ခြံဝင်းများတွင် မီးခိုးတစ်လူလူထွက်နေခဲ့ပြီး အလုပ်ဆင်း၍ အိမ်သို့အမြန်ပြန်နေခဲ့ကြကာ နေရာအနှံ့က အလွန်ပင် သက်ဝင်လှုပ်ရှားလို့နေခဲ့သည်။

ကျန်းကျန်း လီမူစန်း၏အိမ်သို့ သူမ၏အသိစိတ်ဖြင့် လှမ်းကြည့်လိုက်လျှင် အိမ်တံခါးကို သော့ခတ်ထားသည်ကို တွေ့လိုက်ရပြီး လီမင်ကျုံးနှင့်ထျန်းဟူတို့က ခြံဝင်းတွင်လှဲလျောင်းကာ သမ်းဝေနေကြလေသည်။

အိမ်တွင် ဘယ်သူမှရှိမနေသောကြောင့် ကျန်းကျန်းလည်း လီမင်ကျုံးအား တောင်ပေါ်သို့ မခေါ်တော့ဘဲ ခြံဝင်းထဲသို့ အလင်းတစ်ချက်နှင့် ဝင်လာခဲ့ သည်။ လီမင်ကျုံးမှာ သူ့နောက်မှအရှိန်အဝါကို သတိထားမိလိုက်ပြီး ချက်ချင်းမတ်တပ်ရပ်ကာ ကျန်းကျန်းဆီသို့ ပစ်ဝင်လိုက်သည်။

လီမင်ကျုံးက သူ၏ရှေ့ခြေများကို သူမ၏ပုခုံးပေါ်သို့တင်ထားခဲ့ပြီး အရပ်က သူမ နီးပါးမြင့်လုနီးပါးရှိနေသည်ကိုမြင်တော့ ကျန်းကျန်းကချက်ချင်းပင် သူ၏ ခေါင်းလေးအားပွတ်သပ်လိုက်သည်။

“တတိယဦးလေးနဲ့အဒေါ်တို့ ဘယ်မှာလဲ?”

“လီမင်ကွမ်းရဲ့ဇနီးသည်ဘက်က အဖွားအိမ်ကိုသွားတာ၊ မနက်ဖြန်မနက်ဖြန်လာမယ်လို့ပြောသွားတယ်”

လီမင်ကျုံးက ကျန်းကျန်းအားအသိစိတ်ထဲမှပြောလိုက်သည်။

ယနေ့ညတွင် တခြားလူများက အိမ်မှာ မရှိသောကြောင့် ကျန်းကျန်းက ဖုန်းကွယ်သိုဝှက်ခြင်းမရှိဘဲ အေးအေးဆေးဆေးပင် အသားအိုးတစ်အိုးကို ‌ပေါ်ပေါ်ထင်ထင်ထုတ်ယူလာခဲ့သည်။

လီမင်ကျိုးသက အသားများကိုမြင်လို့ စိတ်လှုပ်ရှားခြင်းမရှိဘဲ မနေနိုင်တော့ဘဲ တစ်အိုးလုံးကို မိနစ်အနည်းငယ်နှင့်အပြောင်ရှင်းလိုက်လေသည်။

သို့သော် ထျန်ဟူကမူ ကွဲပြားလေသည်။ လွန်ခဲ့သည့်နှစ်နှစ်ကတည်းက တရုတ်နှစ်ကူးတွင် အရိုးအကျန်များကိုသာ စားနိုင်ခဲ့ကာ သူ၏ သွားများမှာ အလွန်ဆိုးနေခဲ့ပြီဖြစ်သည်။

ထို့ကြောင့် အရိုးကြီးကိုကိုက်ထားရသည့်သွားများဖြင့် အလွန်အမင်းမကိုက်ရဲဘဲ လျှာနှင့်သာလျက်နေခဲ့ရသည်။

လီမင်ကျုံးသည်လည်း သူ၏အရူးညီလေးအပေါ် အလွန်စိတ်ရှည်နေခဲ်သည်။

ထိုကောင်က အသားပန်းကန်ရှေ့တွင်ခုန်ပေါက်နေသည်ကိုကြည့်ကာ ရန်လုပ်ခြင်းမလုပ်ဘဲ သူ့ဘာသာသူစားနေခဲ့သည်။

ထို့နောက် မတ်တပ်ပြန်ရပ်ကာ ကျန်းကျန်းအား ပွေ့ဖက်၍ သူ့ခေါင်းကိုပွတ်သပ်ပေးရန် လှုံ့ဆော်လိုက်လေသည်။

ကျန်းကျန်းက ခြံထဲမှ ခွေးခြေခုံလေးတွင်ထိုင်နေချိန် လီမင်ကျုံးက ကျန်းကျန်း၏ခြေထောက်နားတွင် လှဲနေခဲ့သည်။

ကျန်းကျန်း ထျန်းဟူတစ်ကောင် ဗိုက်ဝပြီး သူ၏အမြှီး သူမဆီယမ်းခါမလာခင်အချိန်ထိ လီမင်ကျုံး၏အမွှေးများကိုထပ်ခါထပ်ခါပွတ်သပ်ပေးနေခဲ့သည်။

လီမင်ကျုံးမှာ ပျင်းရိလို့နေခဲ့ပြီး ကျန်းကျန်းဆီသို့သွားကာ သူ့၏ခြေထောက်ကို မြှောက်ပြီး ခေါင်းကိုပုတ်ခိုင်းလိုက်ပြန်ကာ နောက်ထပ်စားချင်ကြောင်းပြောနေခဲ့သည်။

လီမင်ကျုံးနှင့်ကျန်းကျန်းတို့က အချိန်အတော်ကြာအောင် အတူရှိနေခဲ့ကြ၍လားမသိပါချေ။ လီမင်ကျိုး၏အရွယ်အစားနှင့် အသွင်အပြင်တို့မှာ အသက်ကြီးရင့်လာခြင်းမရှိရုံတင်မကဘဲ ထိုအစား ငယ်ငယ်တုန်းကကဲ့သို့ အားမာန်အပြည့် ရှိနေခဲ့သည်။

သို့သော် ယခုအချိန်တွင် ကျန်းကျန်းလည်း အိမ်တွင်မရှိ၍ လီမင်ကျုံးသည်လည်း အမဲလိုက်ဖို့ရန်အတွက် စိတ်အားထက်သန်မှု မရှိပေ။

လီမင်ကျုံးတွင် အစာအိမ်ကောင်းကောင်းတစ်ခုရှိ‌သည်။ ထို့ကြောင့် လက်ရှိတွင် သူတစ်ကောင်တည်းဖြင့် အသားတစ်အိုးလုံးကို အချိန်တိုအတွင်းရှင်းပစ်လိုက်လေသည်။

ကျန်းကျန်းက အိုးကိုပြန်ယူကာ လီမင်ကျုံး၏ခေါင်းအား ပုတ်ပေးလိုက်သည်။

“ဒီမှာနေရတာပျင်းရင် ငါ နင့်ကိုတော်ဝင်မြို့တော်ဆီကို ခေါ်သွားလို့ရအောင်ကြိုးစားကြည့်မယ်”

လီမင်ကျိုး၏မျက်လုံးများထဲတွင် ပျော်ရွှင်မှု အလင်းတန်းများဖြင့်တောက်ပလာပြီး ခေါင်းငြိမ့်တော့မည့်အချိန်တွင် သူ၏ဘေးတွင်လှဲနေသည့် ထျန်းဟူအား ပြန်ကြည့်လိုက်ပြီး ပြန်လည်ငြိမ်သက်သွားခဲ့ပြန်သည်။

“ငါသူနဲ့အရင်တိုင်ပင်ကြည့်လိုက်ဦးမယ်၊ သူသွားမယ်ဆိုရင် ငါလည်းတော်ဝင်မြို့တော်ကိုသွားမယ်”

“ကောင်းပြီ ဒါဆို နင့်ကိုပဲ အပ်ထားလိုက်ပြီ”

ကျန်းကျန်းက လီမင်ကျိုး၏ ခန္ဓာကိုယ်ကိုယ်အား သူမ၏ခန္ဓာကိုယ်မှ အရိပ်အငွေ့များဖြင့် အာဟာရဖြည့်ပေးလိုက်ပြီး တစ်ဆက်ထဲ မိသားစုအကြောင်းမေးလိုက်သည်။

“အစ်ကိုနဲ့ယောက်မတို့ရော နွေရာသီအားလပ်ရက်တွေမှာပြန်လာသေးလား?”

လီမင်ကျိုးမျက်လုံးမှိတ်ထားခဲ့ရာမှ မျက်လုံးပြန်ဖွင့်လိုက်ပြီး ကျန်းကျန်းကိုကြည့်ကာ အသိစိတ်ဖြင့် ပြောလိုက်သည်။

“မင်းရဲ့အကြီးဆုံးအစ်ကိုနဲ့ယောက်မတို့က လွန်ခဲ့တဲ့တစ်လလောက်က ပြန်လာနေပြီး မိသားစုထဲမှာရှိတဲ့ အိမ်တွေကိုသန့်ရှင်းရေးလုပ်ကြတယ်? အသားဘန်းမုန့်ကတော့နောက်နှစ်စာမေးပွဲဖြေရမယ်တဲ့၊ ကောလိပ်အတွက် သူ စာအရမ်းကြိုးစားနေတယ်လို့ ငါထင်တာပဲ၊ သူ မနက်စောစော မြစ်ကမ်းဘေးမှာထိုင်ပြီး စာတွေ ပြန်ဖတ်နေတာကိုတွေ့တယ်၊ မင်ရုန်နဲ့မင်ကွမ်းတို့ထက်သာတယ်ပြောရမယ်”

“ဒါဆို မင်ရုန်နဲ့မင်ကွမ်းတို့က ဒီနှစ် ဝင်ခွင့်စာမေးပွဲ အောင်သွားပြီလား? ဘာလို့ တတိယအဒေါ်ပြောတာကို မကြားတာလဲ?”

“မင်ရုန်က စာမေးပွဲကျတယ် ၊မင်ကွမ်းကတော့ စက်မှုလက်မှုကျောင်းကိုဝင်ခွင့်ရတယ်”

လီမင်ကျုံးသမ်းဝေလိုက်ပြီး သူ၏မျက်ခွံများမှာ အနည်းငယ်လေးလံလာသည်။

“တတိယအဒေါ်ကအရမ်းပျော်နေတယ်လေ ၊ သူမက တကယ်လို့ မင်ကွမ်းသာ ကြိုးကြိုးစားစားသင်ယူမယ်ဆိုရင် အနာဂတ်မှာအဆင့်ရှစ် အလုပ်သမားဖြစ်လာနိုင်တယ်လို့ပြောတယ်”

ကျန်းကျန်း သက်ပြင်းချလိုက်သည်။

“တတိယအဒေါ်ရဲ့အမြင်က ခုထိ မကောင်းသေးဘူးဘဲ ၊ ငါတို့မိသားစုအတွက် ကံအကောင်းဆုံးက အဖွားက ငါတို့နဲ့အတူနေတဲ့အတွက်ကြောင့်ပဲဖြစ်လိမ့်မယ်၊

သူမသာ ထိန်းကွပ်ပေးနေရင် ငါတို့မိသားစုက ဆိုးဆိုးရွားရွားတွေ ဖြစ်လာမှာမဟုတ်ဘူး”

*

ရှဲ့ယန်နန်တတိယအကြိမ်အဖြစ်ကုသမှု၏ နောက်ဆုံးဆေးကို သောက်ပြီးနောက်တွင် ‌သမားတော်ကျန်းက သူမကို ဆေးသောက်ရန်အတွက် ဆက်မညွှန်းဘဲ သူမ၏ခန္ဓာကိုယ်အတွက် သင့်လျော်သည့် ဆေးနည်းအချို့ကိုပေးကာ အစားအသောက်ကုထုံးကို အာရုံစိုက်ရန် ပြောခဲ့သည်။

တရုတ်တိုင်းရင်းဆေးအား တစ်လသောက်ပြီးနောက်တွင် ရှဲ့ယန်နန်၏ခန္ဓာကိုယ်မှာ များစွာတိုးတက်လာခဲ့သည်

ကျောနာခြင်းနှင့်ခြေဖျားလက်ဖျားအေးခြင်းများက ပျောက်သွားပြီး ညဘက်တွေမှာလည်းနိုးမလာတော့ချေ။

ယခုတွင် ကျောင်းဖွင့်နေပြီဖြစ်ရာ လီမင်ရှီ၏သားဖြစ်သူ ယွမ်ရှောင်းသည်လည်း တခစ်ခစ်ရယ်မောနေရသည့်ရက်များ ကုန်ဆုံးသွားကာ နေ့တိုင်း ကျောင်းသို့သွားနေရပြီဖြစ်သည်။

ကလေးများက အိမ်တွင်မရှိသည့်အချိန်တွင် ရှဲ့ယန်နန်မှာ များစွာ ပို၍ သက်တောင့်သက်သာဖြစ်သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်

သူမက မနက်တိုင်း ဥယျာဉ်ဆီသို့ သွားကာ လတ်လတ်ဆတ်ဆတ်အသီးအရွက်များခူးပြီး ခေါက်ဆွဲနှင့်စွပ်ပြုတ်ပူပူလေးလုပ်မည် သို့မဟုတ် အချိန်မကုန်လူ မပင်ပန်းအောင် ဂျုံချောင်းကြော်၊ ပဲနို့၊ ဘန်းမုန့်ပေါင်းနှင့်အသားပေါင်မုန့်လုံးတစ်ချို့အား သွားဝယ်မည်ဖြစ်သည်။

လီမူဝူကတော့ မနက်စာစားပြီးနောက်တွင် လီမူဝမ်း၏ငါးမြှားတံကိုယူကာ ဟုန်ယန်အိမ်ရာအစနားမှရေကန်သို့ ငါးသွားမြှားလေ့ရှိသည်။

သုံးလေးရက်လောက်ကြာမှသာ ငါးတစ်ကောင်လောက်ကို ဖမ်းမိသော်လည်း လီမူဝူမှာပျှော်ရွှင်နေဆဲပင်။

သူက အိမ်မှလူများ သူ့ကိုပြန်မခေါ်ခင်အထိ အများအားဖြင့် ထိုနေရာမှာသာ ရှိနေလေ့ရှိသည်။ တစ်ခါတရံတွင် နေ့လည်စာစားရန်အတွက် အကြိမ်များစွာအော်နေရလေ့ရှိသည်။

ပန်းကန်များကို ဆေးကြောပြီးနောက် လီမင်ရှီနှင့် မုန်ရှောင်ရှီတို့က ခြံဝင်းထဲတွင် စားပွဲတစ်လုံးနှင့် ခုံနှစ်လုံးချကာ စာဖတ်ရင်းဖြင့် လက်ဖက်ရည်သောက်နေခဲ့ကြသည်။ ရှဲ့ယန်နန်က ကလေးယူရန် စီစဉ်ထားသောကြောင့် ကျန်းကျန်းပေးထားသည့် အသီးလက်ဖက်ရည်ကို သောက်နေခဲ့လေသည်။

လီမင်ရှီ၏ရှေ့တွင်တော့ လက်ဖက်စိမ်းရေနွေးခွက်တစ်ခွက်ရှိနေသည်။

သူသည်ကား မထင်ရှားသည့် ပရော်ဖက်ရှင်နယ်စာအုပ်အား ဖတ်နေရင်း ရံဖန်ရံခါတွက် လက်ဖက်ရည်ခွက်ကိုမ,ကာ တစ်ငုံချင်းသောက်နေခဲ့သည်။

ထိုစုံတွဲမှာ ဆယ်နှစ်ကျော်သည်အထိ အလုပ်များလာခဲ့ရပြီး ယခုအခါတွင် သူတို့အတွက် ပထမဆုံးအကြိမ်အဖြစ် ဤကဲ့သို့အားလပ်ချိန်ရခြင်းဖြစ်ပေသည်။

ထို့ကြောင့် ဇနီးမောင်နှံစုံတွဲမှာ ရှားရှားပါးပါးနှစ်ဦးထဲ ပျော်ရွှင်စွာအချိန်ကုန်ဆုံးနေကြပြီး မစ္စလီကတော့ တစ်နေ့လုံး အတူရှိနေခဲ့ကာ ကြည့်ရှုရန်ပင် ငြီးငွေ့နေပြီဖြစ်ပေသည်။

အမျိုးသားနေ့အားလပ်ရက်အချိန်တွင်တော့ ရှဲ့ယန်နန်က သူမ၏အပျော်များကို အောင်အောင်မြင်မြင်ထုတ်ပြနေခဲ့ပြီး လီမင်ရှီမှာတော့ စက်ဝိုင်းပုံစံပတ်နေခဲ့သည်။

မဒမ်လီက သူ၏ ထိုပုံစံအားကြည့်ကာ ရယ်မောရင်းပြောလိုက်သည်။

“မင်ရှီကတော့ ခုနှစ်နှစ်၊ရှစ်နှစ်တုန်းကအတိုင်းပဲ ၊ ပျော်ပြီးဆိုရင်စက်ဝိုင်းပုံစံပဲ ပတ်နေတော့တာ ၊ သူ အရင်ဘဝတုန်းက မြည်းဖြစ်ခဲ့တာလားတောင် မသိတော့ဘူး ဒါပေမယ့် အဲ့စက်ဝိုင်းပုံပတ်တတ်တဲ့ အကျင့်ကိုပြင်နိုင်ပါတော့မလာ့ပဲ”

ဤခေတ်ကာလအချိန်တွင် အမျိုးသားနေ့အတွက် ပိတ်ရက်တိုမရှိသော် ထိုရက်မှာ ပိတ်ရက်အဖြစ် စနေ၊ တနင်္ဂနွေနှင့် ဆောင်းဦးလယ်ပွဲတော်တို့နှင့်ဆက်သွားခဲ့ပြီး တော်ဝင်မြို့တော်တက္ကသိုလ်နှင့် အမျိုးသားတက္ကသိုလ်မှ ပိတ်ရက် သုံးရက်ရရှိခဲ့လေသည်။

ကျန်းကျန်းက လီမင်ပေ၊ ဝမ်ရှင်းဝမ့်တို့နှင့် ညှိနှိုင်းကာ သောကြာနေ့ နေ့လည် အတန်းချိန်ပြီးသည့်နောက်တွင် အိမ်သို့ပြန်ကြရန် စီစဥ်ထားခဲ့လေသည်။

သူတို့ မောင်နှမသုံးယောက် တစ်နာရီကျော်ရထားစီးကာ ဟုန်ယန်န်သို့ရောက်ရှိလာကြပြီးနောက်တွင် လီမူဝူတစ်ယောက် ရေကန်ဘေး၌ထိုင်ကာ ငါးမျှားနေသည်ကိုတွေ့လိုက်ရသည်။

ကျန်းကျန်းတစ်ယောက် အဖေဖြစ်သူ၏ဘေးနားမှ ခြင်းအလွတ်ကိုကြည့်ကာ ကူကယ်ရာမဲ့စွာ ခေါင်းကိုခါယမ်းလိုက်ပြီး လီမူဝူ၏ လက်ထဲမှငါးမျှားတံကိုယူလိုက်လေသည်။

ထို့နောက် ငါးစာချိတ်လိုက်ပြီး ရေကန်ထဲငို့ ပစ်လိုက်သည်။ မိနစ်အနည်းငယ်အကြာတွင် ငါးမျှားတံမှာ လှုပ်ခါလာခဲ့ပြီး ငါးကြီးတစ်ကောင်ကလည်း ငါးမျှားချိတ်နှင့်အတူပေါ်လာခဲ့သည်။

ကျန်းကျန်း ပြန်ဆွဲလိုက်သည်နှင့် သုံးကီလိုထက် လေးသောငါးကြင်းကြီးတစ်ကောင်က ရေထဲမှ ပါလာခဲ့လေ၏။

လီမူဝူက ပိုက်ကွန်ခြင်းအား အမြန်ကောက်ကိုင်လိုက်ပြီး ငါးကြင်းကို ထည့်လိုက်သည်။

ကျန်းကျန်းက ချိတ်အား သုံးကြိမ်နှစ်ကြိမ်ချွတ်ကာ ငါးစာထပ်ချိတ်လိုက်ပြန်သည်။ နောက်ထပ် မိနစ်အနည်းငယ်အကြာတွင် ငါးကီလို၊ခြောက်ကီလိုခန့် အလေးချိန်ရှိသည့် ငါးခူကြီးတစ်ကောင်ကို ထပ်မံဖမ်းမိသွားခဲ့ပြန်သည်။

ကျန်းကျန်းက ငါးမျှားချိတ်အား လီမူဝူ့ထံသိာ့ ပြန်ပေးကာ ခြင်းအလေးကြီးကိုဆွဲကာ လီမင်ပေအား ပေးလိုက်ရင်း ပြောလိုက်သည်။

“အိမ်ပြန်ကြရအောင်၊ ဒီည ငါးခူနဲ့ခရမ်းသီးချက်စားကြမယ်”

ကျန်းကျန်း၏ ချောမောပြီးသပ်ရပ်သည့်နောက်ကျောပြင်အား ကြည့်ရင်း လီမူဝူနှင့်အတူ ငါးမျှားနေကြသည့်လူအနည်းငယ်မှာ အံ့ဩသင့်သွားကြသည် ။

“ညီအစ်ကိုလီ၊ မင်းသမီးရဲ့ ငါးမျှားတဲ့အရည်အချင်းကတော့ မင်းထက်သာတယ်နော်၊ မင်း မင်းရဲ့သမီးဘယ်ချိန်ကတည်းက သင်ပေးခဲ့လိုက်တာလဲ?”

**

All Chapters