← Chapters

အခန်း (၂၀၇)

Vol. 21 Ch. 207

အခန်း (၂၀၇)

Vol. 21 Ch. 207

ကျန်းရန်ကျယ် ရှဲယန်နန်ဆီသို့ ၁၀ရက်တစ်ခါသွားကာ သူမ၏သွေးခုန်နှုန်းနှင့် ရောဂါလက္ခဏာအရ ဖော်စပ်ရမည့်ဆေးများကို စစ်ဆေးခဲ့သည်။

ရှဲယန်နန်အနေဖြင့် ကျန်းရန်ကျယ်မှာ တရုတ်ဆေးပညာတွင် အလွန်ကျော်ကြားသည့်လူဖြစ်ကြောင်းကိုသိလေသည်။

ထို့ကြောင့် သူ၏စကားလုံးများကို တော်ဝင်အမိန့်ပြန်တမ်းကဲ့သို့သဘောထားကာ အလွန်အမင်း အလေးအနက်လိုက်နာနေခဲ့သည်။

သူ ပြောခဲ့သာ တချို့သော ဘဝပေးအသိအနည်းငယ်ကိုလည်း အလုပ်တွင် လက်တွေ့စမ်းသပ်မှုလုပ်သကဲ့သို့ ဂရုတစိုက်လုပ်ဆောင်ခဲ့သည်။

ဆေးများကို အချိန်တစ်ခဏလောက်ကြာအောင် လိုက်နာသုံးစွဲခဲ့ပြီးနောက် ရှဲယန်နန်မှာ သူမ၏ခန္ဒာကိုယ် ပြောင်းလဲနေကြောင်းကို ရှင်းရှင်းလင်းလင်း သတိပြုမိသွားသည်။

ပြောရမည်ဆိုလျှင် အနည်းဆုံး ခါးနာခြင်း၏မူလပြဿနာမှာလည်း ပျောက်ကင်းသွားပြီး ဆောင်းဦးရာသီတွင် လက်ဖျားလက်ဖျားအေးသည့်ပြဿနာမှာလည်း ပျောက်ကွယ်သွားခဲ့ပြီ။

လီမင်ရှီမှလည်း သူမ၏ခြေထောက်မှာ အရင်ကလို တစ်နှစ်ပတ်လုံးအေးမနေတော့ဘဲ ပူနွေးနေသည်ဟုပြော‌လာခဲ့လေသည်။

ရှဲယန်နန်တစ်ယောက် တစ်လအားလပ်ရက်ရနေချိန် လီမင်ရှီ၏ပရောဂျက်အဖွဲ့မှရေးဆွဲထားသည့် ပရောဂျက်မျာ့ကလည်း အားလုံးပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ ဤနှစ်များကိုထည့်တွက်ရလျှင် သုတေသီများက သုတေသနဌာနအား ၎င်းတို့၏နေအိမ်အဖြစ် အသုံးပြုခဲ့ကာ နှစ်ပေါင်းများစွာအချိန်ပိုဆင်းခဲ့ကြရသည်။

ထို့ကြောင့် သူတို့ ခြေကုန်လက်ပန်း ကျသွားမည်ကိုလည်း စိုးရိမ် ကြောက်လန့်ကြရသည်။

ထို့အတွက်ကြောင့် အထက်မှ လူတိုင်းကို (၃)လတာ အနားယူခွင့်ပေးခဲ့ပြီး အရင်ဆုံးကောင်းစွာအနားယူရန် ဆောင်ရွက်ပေးခဲ့ကြသည်။

လီမင်ရှီအနေဖြင်် ဘွဲ့ရပြီး PLAစစ်အဖွဲ့နှစ်ဖွဲ့နှင့်အတူ ထွက်ခွာသွားခဲ့ရပြီးနောက် ယခုနှစ်အတွင်း ပထမဆုံးအကြိမ်အားလပ်ရက်ရရှိခဲ့ခြင်းသာဖြစ်သည်။

မဒမ်လီနှင့် ဝမ်စုဖန်းတို့ကတော့ လီမင်ရှီတစ်ယောက် အိမ်တွင် နောက်ထပ် ရက်အတော်ကြာအောင် ထပ်နေနိုင်မည်ကို တွေးမိပြီး ပျော်ရွှင်နေခဲ့ကြလေ၏။ ထို့အတူ ကျန်းကျန်းသည်လည်း အလွန်ပင် ပျော်နေခဲ့သည်။

ကျန်းကျန်းမှ ဆေးဖက်ဝင်အစားအစာများပြုလုပ်သည်ကို စမ်းသပ်ပြီးနောက် ကျန်းရန်ကျယ်က လီမိသားစုအိမ်သို့သွားကာ လီမင်ရှီအတွက် သွေးခုန်နှုန်းတိုင်းပေးခဲ့ပြီး ကျန်းကျန်းအား သူမဘာသာ သူမ၏အစ်ကိုအတွက် ဆေးဖက်ဝင်အစားအစာကို တွေးတောခွင့်ပေးထားကာ ပုံမှန်အတိုင်းသွေးခုန်နှုန်းကိုချရေးလဲ့သည်။

လီမင်ရှီသည် ငယ်ရွယ်ပြီး စစ်တက္ကသိုလ်တွင် နှစ်များစွာတာဝန်ထမ်းဆောင်ခဲ့သည်။

သူ့၏ကျန်းမာရေးမှာ အလွန်ကောင်းမွန်ခဲ့သော်လည်း သိပ္ပံသုတေသနတွင်စတင်လုပ်တောင်ချိန်မှစ၍ လေ့ကျင့်ခန်းလုပ်ရန်အခွင့်အရေးနည်းပါးပြီး အချိန်အများအပြားကို နောက်ကျသရ်အထိ နေရင်းကုန်ဆုံးခဲ့သည့်အတွက် သူ၏ချီနှင့်သွေးတို့ကို ထိခိုက်စေခဲ့သည်။

ထို့ကြောင့် ကျန်းကျန်းက ချီအာဟာရနှင့် သွေးအာဟာရအတွက်ကောင်းမွန်သည့် ဆေးဖက်ဝင်အစားအစာအားရွေးချယ်ခဲ့လေသည်။

ပါဝင်ပစ္စည်းများကိုစတင်ဝယ်ယူချိန်မှ နောက်ဆုံးချက်ပြုတ်သည်အထိ သူမတစ်ဦးတည်းသာ လုပ်ဆောင်ခဲ့သည်။ ကျန်းရန်ကျယ်မှ တစ်လုံးတစ်လေမှ ဝင်မပြောဘဲ ဆေးဖက်ဝင် အစားအစာအဆင်သင့်ဖြစ်သည်အထိ ဘေးတွင်သာ တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။

နောက်မှသာ ကျန်းရန်ကျယ်က ကျန်းကျန်း ဆေးဖက်ဝင်အစားအစာပြုလုပ်ချိန် လုပ်ခဲ့မိသည့်အမှားများကို တစ်ခုချင်းရှင်းပြခဲ့သည်။

သို့သော် ကျန်းကျန်းမှ အမှားတချို့လုပ်ခဲ့မိသော်လည်း သူမ ရွေးခဲ့သည့် ဟင်းချက်နည်းကတော့ အလွန် လက္ခဏာကောင်းလှသည်ကြောင့် ထိုဆေးဖက်ဝင်အစားအစာအား လီမင်ရှီအတွက် ယူလာခိုင်းခဲ့တုန်းပင်။

လီမင်ရှီမှာ ထိုဟင်းလျာအိုးကို အံ့အားသင့်စွာကြည့်ပြီး ကျန်းကျန်းမှ သူ၏ခန္ဓာကိုယ်အတွက် ပြုလုပ်ပေးထားသည်ဟုကြားသည့်အချိန်တွင် စွပ်ပြုတ်ဟင်းရည်ကို သောက်ရင်းဖြင့် ချက်ချင်းပင် မျက်လုံးထဲ၌ မျက်ရည်များပြည့်လာကာ ကျန်းကျန်းကို ပြောလာခဲ့သည်။

“အစတုန်းက မင်းရဲ့ယောက်မက တကယ်လို့ ဒီတစ်ခါသမီးလေး မွေးရင် ငါ သူမကိုအစားအစာနာမည်တွေမပေးဘူး ထူးထူးခြားခြားနာမည်ပြောင်ပေးမယ်လို့စဉ်းစားထားတာ ဥပမာ ရှီရှီ ချူးချူးစသဖြင့်ပေါ့”

စွပ်ပြုတ် တစ်ပန်းကန်သောက်ပြီးနောက် လီမင်ရှီက နောက်တစ်ပန်းကန်ထပ်ဖြည့်ကာ ဆင်ပြောခဲ့သည်။

“ဒါပေမယ့် အခုတော့ မင်းက မင်းရဲ့အစ်ကိုအပေါ် အရမ်းကြင်နာနေ‌တယ်ဆိုတာပိုသိခဲ့ရတယ်၊ ဒီတော့ ငါတို့သမီးလေးရဲ့နာမည်ပြောင်ကို မင်းကိုဘဲ ဆက်ပေးခိုင်းလိုက်မယ်လေ”

သူက နံရိုးနှပ်တစ်ပိုင်းကိုစားရင်း ကျန်းကျန်းကို ကြည့်လိုက်ပြန်သည်။

“မင်းပြောကြည့် ငါ့သမီးလေး မွေးရင် ဘယ်လိုခေါ်ရမလဲ?”

ကျန်းကျန်းက မင်ရှီအား မျက်ရည်များဖြင့် ကြည့်လိုက်ပြီး တမင်သက်သက်စနောက်လိုက်သည်။

“ပေါင်မုန့်လို့ခေါ်ရင်ရော?”

စွပ်ပြုတ်သောက်နေသည့် မင်ရှီတစ်ယောက် ထိုနာမည်ကိုကြားလိုက်သည့်အချိန်တွင် မျက်လုံးများတောက်ပလာသည်။

“ကြည့်လေ ဘယ်လိုလဲ? သူရဲကောင်းတွေက အမြင်တူကြတယ်တဲ့ ငါလည်းအဲ့လိုတွေးတယ်၊ ဒါပေမဲ့ မင်းရဲ့ဒုတိယယောက်မကတော့မပျော်လောက်ဘူး”

ရှဲ့ယန်နန်သည် လီမင်ရှီအားကြည့်ကာ မကျေမနပ်ပြောလိုက်သည်။

“ဘာကိုပေါင်မုန့်လဲ? ရှင် တာ့လဲ့ပါ့လို့ပြောတာလေ”

မင်ရှီ ရှဲ့ယန်အန်းကိုကြည့်ကာ ပြောလေသည်။

“တာ့လဲ့ပါးကလည်း ပေါင်မုန့်ဘဲ မဟုတ်လို့လား? တာ့လဲ့ပါးက အရမ်းအရသာရှိတာကို၊ ဘယ်လောက်ရိုးရှင်းလိုက်လဲ?”

(T/n: တာ့လေပါးဆိုတာလည်း တရုတ်ပေါင်မုန့်ပါပဲ)

ကျန်းကျန်းတစ်ယောက် ဇနီးမောင်နှံနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ဟာသလုပ်နေကြသည်ကိုကြည့်ပြီး စုံတွဲများကြားတွင် မညှပ်စေရန် တိတ်တိတ်လေးထွက်သွားဖို့ပြင်လိုက်သော်လည်း သူမတစ်ဖက်သို့လှည့်လိုက်ချိန်တွင် လီမင်ရှီ၏အမေးစကားကို ကြားလိုက်ရသည်။

“ကျန်းကျန်း မင်းရဲ့ဒုတိယအစ်ကိုပြောတာအဓိပ္ပာယ်ရှိတယ်မလား?”

ကျန်းကျန်း နောက်သို့လှည့်ကာ လက်မထောင်ပြလိုက်သည်။

“ဘာပြဿနာမှမရှိဘူး ဘာပဲဖြစ်ဖြစ် ညီမရဲ့ယောက်မက အစ်ကို့ကို သတ်ချင်ရင်တောင် ညီမတို့က ဘယ်တော့မှတားမှာမဟုတ်ဘူး”

လီမင်ရှီက မိသားစုနှင့်နှစ်ရက်တာကုန်ဆုံးပြီးနောက် အိမ်မှထွက်ခွာသွားခဲ့သည်။ မင်ပေနှင့်ကျန်းကျန်းတို့သည်လည်း ကျောင်းများကို စတင်တက်ရပြီဖြစ်လေသည်။

မူလအစပိုင်းတွင် ကျန်းကျန်း၊ လီမင်ပေနှင့် ဝမ်ရှင်းဝမ့်တို့က အိမ်နှင့်ကျောင်းကို ဘက်စ်ကားဖြင့်အသွားအပြန်လုပ်ခဲ့ကြသော်လည်း ကျန်းကျန်းက သူမ၏ မီးသီးမှာ ဝပ်အားအနည်းငယ် ပိုတောက်ပလာသည်ဟု ခံစားရ၍ အားလပ်ချိန်များကို ကေောင်းတွင်သာ အသုံးပြုခဲ့သည်။

သို့သော် ယခုအခါတွင် အရင်နှင့်မတူတော့ပေ။

ရှီကျွင့်ကျဲသည်လည်း ကားပေါ်တွင်လိုက်ပါလာပြီး ပြင်သစ်စာကို အတူလေ့ကျင့်နိုင်သောကြောင့် ထိုသူက သူမအား ကျောင်းမှ အိမ်သို့ပြန်သွားရန်တောင်းဆိုခဲ့သည်။

နွေရာသီပိတ်ရက်တစ်လျှောက်ျွင် ဝမ်ရှင်းဝမ့်က မတော်တဆ နောက်ထပ်ကိုယ်ဝန်ရသွားခဲ့ပြန်သည်။

ထို့ကြောင့် သူမ၏မူလအစီအစဉ်ဖြစ်သည့် ရက်အနည်းငယ်စောကာကျောင်းသို့ပြန်သွားပြီး စာကြည့်တိုက်ရှိ စာအုပ်များကို ဖတ်ရန်နှင့် အိမ်စာကိုပြန်လည်သုံးသပ်ရန်အစီအစဥ်မှာရပ်တန့်သွားခဲ့ရသည်။

သူမက လီမင်ပေနှင့်ဆွေးနွေးခဲ့ပြီးနောက် ကျောင်းမတက်ခင်တစ်ရက်အလိုမှသာ သွားရန်ဆုံးဖြတ်လိုက်ပြီး နောက်နှစ်ရက်လောက်ကို အိမ်တွင်သာထပ်နေကာ ကိုယ့်ကိုကိုယ်ဂရုစိုက်နေခဲ့သည်။

ကျန်းကျန်းကတော့ အိမ်တွင်တစ်လကျော်နေခဲ့ပြီး နေ့တိုင်း စကားပြောလေ့ကျင့်ခြင်း၊ပြေးခြင်း၊ ဘာသာစကာစလေ့ကျင့်ခြင်းနှင့်ဆေးဖက်ဝင်အစားအစာများအားချက်ပြုတ်တတ်ရန် သင်ယူခြင်းတို့ဖြင့် မအားလပ်သော်လည်း စနစ်တကျလေ့လာမှုကို မရရှိနိုင်သည့်အတွက် ကျန်းကျန်း အနည်းငယ်အသားမကျနိုင်ဖြစ်နေခဲ့သည်

ထို့ကြောင့် သူမနှင့်ရှီကျွင့်ကျဲတို့က တစ်ပတ်စော၍ ကျောင်းသို့ပြန်လာခဲ့ကြသည်။

ထိုအချိန်တွင် ကျောင်းသားများကကျောင်းသို့ ရောက်နေကြပြီဖြစ်ကာ ကျန်းကျန်း ကျောင်းပေါက်ဝသို့ရောက်သည်နှင့် သူမက ကွားရှောင်ချင်းနှင့်တွေ့ဆုံခဲ့၍ သူမထံသိုပြေးသွားခဲ့သည်။

ကွားရှောင်ချင်းသည်လည်း ပျော်ရွှင်စွာနှင့် သူမ၏ လက်မောင်းအား ချိတ်ဆွဲလိုက်လေသည်။

“ငါက နင် ကျောင်းကိုစောစောရောက်လာရင်ကောင်းမယ်လို့တောင်တွေးမိနေသေးတယ် ၊ မဟုတ်ရင် အဆောင်မှာ ညဘက်တစ်ယောက်ထဲအိပ်ရမှာကြောက်လို့”

ကျန်းကျန်းပြုံးကာ သူမနှာခေါင်းကိုကုတ်လိုက်သည်။

“နင့်အသက်ဘယ်လောက်ရှိနေပြီလဲ၊ ကောင်မလေး နင့်အိမ်မှာ နင်တစ်ယောက်ထဲအိပ်တာမဟုတ်ဘူးလား?”

“မတူဘူးလေ”

ကွားရှောင်ချင်းက ပြုံးကာ ကျန်းကျန်းလက်ကို ဆွဲယူလိုက်သည်။

“ငါက နင်မရှိပဲ ကောင်းကောင်းမအိပ်တတ်ဘူးလေ”

ရှီကျွင့်ကျဲက ကျန်းကျန်း၏နောက်မှ တည်တည်ငြိမ်ငြိမ်နှင့် လိုက်လာခဲ့ကာ မိန်းကလေးနှစ်ယောက် သူ့ရှေ့တွင်ပူးကပ်နေသည်ကိုကြည့်ရင်း သက်ပြင်းချလိုက်သည်။

ဒီမိန်းကလေးနှစ်ယောက်က ဘာလို့ တစ်ယောက်နဲ့တစ်ယောက်ဖက်ပြီး သူ့ကိုငါကြည့်၊ ငါ့ကိုသူကြည့်လုပ်နေကြတာလဲ ။ အဲဒီကောင်မလေးရဲ့ ခေါင်းကရော ဘာလို့ကျန်းကျန်းပုခုံးပေါ်ကိုရောက်နေရတာလဲ၊ သူမ ကျိုးကျေသွားရင်ရော ဘယ်လိုလုပ်မလဲ?

သူတို့နှစ်ယောက်က တစ်ယောက်လက်ပို တစ်ယောက်ကိုင်ထားသည်ကိုမြင်ချိန်တွင် ရှီကျင့်ကျဲ၏ မျက်နှာက မဲမှောင်သွားပြီး သူ၏နူးညံ့သည့်မျက်နှာမှာလည်း မျက်ခုံးမွှေးကြားထဲတွင် တွန်းချိုးလာခဲ့ကာ မပျော်မရွှင်ဖြစ်နေမှုကြောင့် လှုပ်ခတ်နေခဲ့သည်။

သို့သော် သူ့၏ပုံစံက ယခင်ကထက်ပင် အနည်းငယ်ပို”လှ”ကာ အရင်ထက် အနည်းငယ် ပိုမိုဂုဏ်သိက္ခာရှိပုံရသည်။

မူလက သူ ကျောင်းသွားသည့်အချိန်တွင် ကျန်းကျန်းနှင့် အချိန်ပိုဖြုန်းရလိမ့်ညမည်ဟုတွေးတောခဲ့ပြီး သူ့အကြောင်းကို ပိုသိအောင်ပြောပြချင်ခဲ့သည်။

ဘွဲယူပြီးနောက်တွင် သူတို့နှစ်ဦးကြားမှ ကိစ္စများဖြစ်လာမည်ထင်သော်လည်း ယခုအချိန်တွင် အဘယ်ကြောင့် ထိုမိန်းကလေးမှ ကျန်းကျန်း၏ လက်အား တွဲထားရသနည်း။

ရှီကျွင့်ကျဲသည် ကွားရှောင်ချင်းကိုတွန်းထုတ်ကာ ထိုနေရာကို သူယူလိုက်ချင်စိတ်များဖြစ်လာခဲ့ရပြီး သူ၏မျက်လုံးများသည်လည်း ထိုတွဲထားသည့်လက်များကိုသာ စိုက်ကြည့်နေခဲ့သည်။

ရှီကျွင့်ကျဲက ကျန်းကျန်း၏ နောက်သို့ လိုက်သွားခဲ့ကာ ကျန်းကျန်းမှ ထောင့်တစ်ကွေ့ကို စိတ်အားထက်သန်စွာကြည့်နေခဲ့သည်။

သူမက တရုတ်ဌာန၏အိပ်ဆောင်ဘက်သို့ဦးတည်သွားနေသောကြောင့် သူ့အား လုံးလုံးမေ့သွားသည်က ထင်ရှားပေသည်။

ရှီကျွင့်ကျဲ စိတ်ပျက်အားငယ်စွာ ခေါင်းငုံ့လိုက်ပြီး သူ၏ ရှေ့ဆက်သွားရမည့်လမ်းမှာ အလွန်ပင် ရှည်လျားနေသေးသည်ကို ခံစားမိလိုက်သည်။

“ရှီကျွင့်ကျဲ”

ရုတ်တရက် ရင်းနှီးနေသည့်အသံလေးအား ကြားလိုက်ရ၍ ရှီကျွင့်ကျဲ အံ့ဩသွားရကာ ခေါင်းမော့ပြီးကျန်းကျန်းအား လှမ်းကြည့်လိုက်သည်။

ထိုအချိန်တွင် သူ့မျက်နှာပေါ်တွင် ပေါ်လာသည့် ပျော်ရွှင်မှုရောင်ခြည်တန်းတို့က သူ့ဘေးနားရှိ ကျောင်းသားများကို အံ့အားသင့်စေခဲ့သည်။

ကျန်းကျန်းကတော့ နွေရာသီအားလပ်ရက်အတွင်း သူ၏မျက်နှာကို တစ်လကျော်ကြာ ကြည့်ရှုခဲ့ပြီးနောက် အနည်းငယ်နေသားကျနေပြီဖြစ်၍ သူမအာရုံပြန်လည်မရရှိမီ တစ်ခဏမျှသာ မိန်းမောသွားတော့သည်။

သူမ ကွားရှောင်ချင်း၏လက်ကိုလွှတ်ကာ ရှီကျွင့်ကျဲရှေ့သို့ လျှောက်သွားခဲ့ကာ သူ့အား မည်သူမှ မရှိသည့်နေရာသို့ ခြေနှစ်လှမ်းစာလောက် ဆွဲလိုက်ပြီး တီးတိုးပြောလိုက်လေ၏။

“ကျွန်မ ဒီနေ့ရှင်နဲ့ညစာအတူ မစားပေးနိုင်တော့ဘူးထင်တယ်၊ ကျွန်မ ကွားရှောင်ချင်းနဲ့စားမလို့လေ၊ ဒါပေမယ့် မနက်ဖြန်မနက်ပိုင်း ပြေးကြဦးမယ်မလား?”

ရှီကျွင့်ကျဲမှ ခေါင်းအားထပ်ခါထပ်ခါငြိမ့်နေသည်ကိုကြည့်ကာ ကျန်းကျန်းရယ်မောလိုက်မိသည်။

“ဒါဆို မနက်၅နာရီခွဲပဲနော်၊ ကစားကွင်းမှာဆုံကြမယ်”

All Chapters