← Chapters

အခန်း (၂၀၈)

Vol. 21 Ch. 208

အခန်း (၂၀၈)

Vol. 21 Ch. 208

နွေရာသီအားလပ်ရက်မှာ တစ်လသာကြာမြင့်ခဲ့သော်လည်း ကွားရှောင်ချင်းထံတွင် ကျန်းကျန်းအား ပြောစရာများ အဆုံးမရှိဖြစ်နေခဲ့သည်ကို တွေ့လိုက်ရသည်။

သူတို့နှစ်ယောက်က အားလပ်ရက်မတိုင်ခင်မှ စာမေးပွဲအကြောင်းကို ပြောနေစဉ် ကျန်းကျန်းက ရုတ်တရက် ကွေ့ရှောင်ချင်း၏ လက်ကိုလွှတ်ကာ သူမအား ခဏစောင့်ရန်ပြောလာသည်။

ကွေ့ရှောင်ချင်းက ကျန်းကျန်းအား အနည်းငယ်ရှုပ်ထွေးစွာကြည့်နေရင်းတွင် သူမ အနောက်ဘက်သို့လှည့်ကြည့်လိုက်ချိန်တွင် ရုပ်ရည်ချောသည့်အတန်းဖော်တစ်ယောက်ကို တွေ့လိုက်ရသည်။

မူလက ယောက်ျားလေးအတန်းဖော်မှာ အထီးကျန်နေပုံပေါ်နေပြီး ကျန်းကျန်းမှ မည်သည်ကို ပြောလိုက်သည်မသိသော်လည်း ထိုကောင်လေးက ရုတ်တရက်ရယ်မောလာခဲ့လေသည်။

ထိုအချိန်တွင် ကွေ့ရှောင်ချင်း၏ စိတ်ထဲ တစ်ခုတည်းသာတွေးမိတော့သည်။

“ချောမောလိုက်တာ!”

ကွေ့ရှောင်ချင်း တခဏမျှအံ့ဩနေချိန်တွင် ကျန်းကျန်းနှင့် ရှီကျွင့်ကျဲမှာ စကားပြောပြီးသွားပြီဖြစ်ကာ အချင်းချင်း နှုတ်ဆက်လိုက်ကြလေသည်။

‌ကျန်းကျန်းကလည်း ကော်ရှောင်းချောင်ဆီသို့ ပြန်ပြေးလာပြီး တောင်းပန်လိုက်သည်။

“တောင်းပန်ပါတယ် ငါနင့်ကိုစောင့်ခိုင်းမိသွားတယ်”

“ရပါတယ်”

ကွေ့ရှောင်ချင်း၏ အမူအရာမှာယခုထိမိန်းမောနေဆဲဖြစ်ကာ ကျန်းကျန်းမှ သူမအား ခြေလှမ်းအနည်းငယ်လောက်ဆွဲခေါ်သွားသော်လည်း အနောက်ဘက်တွင်ရပ်ကာ ကျန်းကျန်းအား စိုက်ကြည့်နေသေးသည့်ထိုကောင်လေးကို သူမ လှည့်မကြည့်ပဲမနေနိုင်ခဲ့ပေ။

ထို့နောက် သူမသည် ချက်ချင်းပင် ကျန်းကျန်း၏ခါးအား သူမလက်ချောင်းဖြင့်တို့လိုက်ပြီး ပြောလိုက်မိသည်။

“မင်ကျန်း၊ သူနင့်ကိုကြည့်နေတုန်းပဲ”

ကျန်းကျန်း သူမ ပြောသည့်စကားအား ကြားသည့်အချိန်တွင် ခေါင်းလှည့်ပြီး ရှီကျွင့်ကျဲအား ပြုံးပြလိုက်ကာ အမြန်ပြန်သွားရန် လက်ဝှေ့ယမ်း၍အချက်ပြလိုက်သည်။

ရှီကျွင့်ကျဲကလည်း ပြန်ပြုံးပြလာခဲ့ပြီး ကျန်းကျန်း အဆောင်ထဲဝင်သွားသည်အထိကြည့်နေပြီးမှသာ ယောက်ျားလေးအဆောင်ဘက်သို့လျှောက်သွားခဲ့လေသည်။

အဆောင်ထဲသို့ရောက်သည့်နောက်တွင် ကျန်းကျန်းနှင့် ကွေ့ရှောင်ချင်းတို့ သူတို့၏ပစ္စည်းများနေရာချကာ တံမြက်စည်း၊ကြမ်းတိုက်တံနှင့် အဝတ်စုတ်တို့ကိုယူကာ အခန်းသန့်ရှင်းရေးလုပ်ကြပြီး မွေ့ရာများကိုနေရာချခဲ့ကြသည်။

ကွေ့ရှောင်ချင်းတစ်ယောက် မောဟိုက်ကာ အသက်ရှူမြန်နေသည်ကိုမြင်လျှင် ကျန်းကျန်း သူတို့နှစ်ယောက်၏ဓာတ်ဗူးအလွတ်နှစ်ခုကိုယူလိုက်သည်။

“နင်ခဏထိုင်ပြီးနားလိုက်ဦး၊ ငါရေနွေးသွားယူပြီးပြန်လာခဲ့မယ်”

ကွေ့ရှောင်ချင်းက အိပ်ရာပေါ်တွင်လှဲချလိုက်ရင်း ကျန်းကျန်းကို အားနည်းစွာကြည့်လိုက်သည်။

“နင်မ‌ပင်ပန်းဘူးလား? ခဏလောက်နားရအောင်လေ”

“ငါ့မှာကြံခိုင်တဲ့ခန္ဓာကိုယ်ရှိတယ်”

ကျန်းကျန်းအပြုံးဖြင့်ပြောလိုက်ပြီး တံခါးဖွင့်ကာထွက်သွားခဲ့တော့သည်။

ကျန်းကျန်းက သူမ၏လက်ထဲတွင် ရေနွေးဓာတ်ဗူးနှစ်လုံးကို ကိုင်ကာ အောက်ထပ်သို့ဆင်းလာခဲ့သည်။

သူမ အဆောင်၏အပြင်ဘက်သို့ ရောက်ပြီး သိပ်မကြာခင် သစ်ပင်အောက်တွင် တစ်ယောက်ယောက်ကိုစောင့်နေပုံရသည့် ရှီကျွင့်ကျဲကို သူမတွေ့လိုက်ရသည်။

ရှီကျွင့်ကျဲ ရပ်နေသည့်နေရာသည်ကား ယောက်ျားလေး၊မိန်းကလေးဆောင်နှစ်ဖက်၏ လမ်းဆုံတွင်ဖြစ်ကာ ရေနွေးသွားယူမည့်နေရာသို့ရောက်ရန်အတွက် တစ်ခုထဲသောလမ်းဖြစ်၍ ကျန်းကျန်းသိပ်မတွေးတောခဲ့ဘဲ ထိုနေရာသို့လျှောက်သွား၍ နှုတ်ဆက်လိုက်သည်။

“တစ်ယောက်ယောက်ကိုစောင့်နေတာလား?”

ရှီကျွင့်ကျဲ၏ နှုတ်ခမ်းထောင့်တွင်အပြုံးလေးဖြစ်တည်သွားပြီး ပြောလာခဲ့သည်။

“ဟုတ်တယ် ကိုယ်မင်းကိုစောင့်နေတာ’

ကျန်းကျန်း ရပ်တန့်လိုက်ကာ သူ့အား သံသယဖြင့်ကြည့်လိုက်သည်။

“ကိစ္စတစ်ခုခုရှိလို့လား?”

ရှီကျွင့်ကျဲက ကျန်းကျန်း၏အမေးစကားကို တိာက်ရိုက်ပြန်မဖြေခဲ့ဘဲ သူ့ဘေးနားတွင်ရှိနေသည့် ကျောက်တုံးစားပွဲပေါ်မှ ရေနွေးဗူးနှစ်ဗူးကိုယူကာ ကျန်းကျန်းဆီသို့ ပေးလိုက်လေသည်။

“မင်း ရေနွေးယူဖို့ပြန်ထွက်လာလိမ့်မယ်ဆိုတာကို ကိုယ်သိလို့ ၊ ရေနွေးခန်းကလည်း ဒီနေရာနဲ့ဝေးနေတော့....”

ရှီကျွင့်ကျဲ၏မျက်နှာက အနည်းငယ်လောက် နီရဲနေခဲ့သည်။

သူ၏ အခန်းဖော်မှာ နေ့တိုင်းမနက်စောစောနှင့် ညနေခင်းဘက်တွင် သူ့ကောင်မလေးဖြစ်သူအတွက် ရေနွေးကို သွားယူပေးလေ့ရှ်ိသည်။

သူလည်း ထိုသူ့အတိုင်းလိုက်လုပ်ချင်ခဲ့သော်လည်း ဤသည်မှာ သူ့အတွက်ပထမဆုံးဖြစ်သောကြောင့် ရှီကျွင့်ကျဲတစ်ယောက် မဆင်မခြင်လုပ်မိမည်ကိုစိုးရိမ်မိကာ အနည်းငယ်လောက် မလွယ်ကူသလိုလည်း ခံစားနေခဲ့ရသည်။

ရှီကျွင့်ကျဲ စိတ်လှုပ်ရှားပြီး မျက်တောင်များပင် တုန်ယင်နေသည်ကိုမြင်ပြီး ကျန်းကျန်း ရုတ်တရက်ပြုံးလိုက်မိသည်။

“ကျေးဇူးတင်ပါတယ် ကျွန်မလည်း ခြေထောက် နည်းနည်းနာနေလို့ အဝေးကြီးမသွားချင်ဘူး ဖြစ်နေတာ”

ရှီကျွင့်ကျဲ စိတ်သက်သာရာရစွာသက်ပြင်းချလိုက်ပြီး ဓာတ်ဗူးအား လက်လွှဲပေးလိုက်သည်။

“ရေနွေးခန်းက အဆောင်ဟောင်းနဲ့နီးတယ် မင်းတို့ဘက်နဲ့ဆိုရင် အတော်လေးဝေးသွားပြီ၊ ရေနွေးကို မနက်နဲ့‌ညနေတိုင်း ကိုယ်မင်းအတွက် ယူလာပေးမယ်လေ “

ကျန်းကျန်း ဓာတ်ဗူးအလွတ်အားမြေပေါ်သို့ချကာ ရှီကျွင့်ကျဲ၏ဓာတ်ဗူးများကိုယူလိုက်သည်။

“အရမ်းဒုက္ခမခံပါနဲ့ ရှင် ကျွန်မအတွက်ပါ လုပ်ပေးမယ်ဆိုရင် နောက်တစ်ခါယူတဲ့အခါ ရှင်အကြာကြီးတန်းစီနေရလိမ့်မယ်”

ရှီကျွင့်ကျဲ အမြန်ပြောလိုက်သည်။

“က်စ္စမရှိဘူး ကိုယ်က အစောကြီးထတာလေ၊ ညဘက်ဆိုလည်း သိပ်ပြီး နောက်ကျတဲ့အထိ အလုပ်မရှိဘူး၊ ဒီတော့ ဒီလောက်က ဘာမှမဟုတ်ပါဘူး”

ကျန်းကျန်း ရှီကျွင့်ကျဲ၏ အလွန်လေးနက်နေသည့် မျက်လုံးများကိုကြည့်ကာ သူမနှလုံးသားများက နွေးထွေးသွားသယောင်ခံစားလိုက်ရသည်။

ထို့ကြောင့် သူမ‌ကိုယ်တိုင်ပင် သတိမထားမိလိုက်ဘဲ ချိုမြိန်သည့်အပြုံးလေးဖြင့်၆ြန်ပြောလိုက်သည်။

“ဒါဆိုလဲ ကျွန်မရှင့်ကိုဒုက္ခများစေမိပြီ”

ရှီကျွင့်ကျဲ ‌အလျင်အမြန်ခေါင်းငြိမ့်လိုက်လေ၏။

“ဒုက္ခမဖြစ်ဘူး ဒုက္ခမဖြစ်ဘူး ကိုယ်လည်း ဘာမှလုပ်စရာမှမရှိဘဘူးလေ၊ တစ်ခုလောက် ပိုလုပ်ရုံပဲကို၊ ကောင်းပြီ၊ ဒါဆို နောက်ဆို ကိုယ်မင်းအတွက် ရေနွေးယူလာပေးမယ်”

ရှီကျွင့်ကျဲ၏ တင်းကြပ်ပြီး မျှော်လင့်တကြီးအမူအရာအားမြင်လိုက်ရ၍ ကျန်းကျန်း သူမနှုတ်ခမ်းကိုဖိကာ ပြုံးလိုက်ပြီး အသာပြန်မေးလိုက်မိသည်။

“ဒါပေမယ့် ရေနွေးကို တစ်နေ့လေးကြိမ်လောက်ယူဖို့က မပင်ပန်းဘူးလား?”

“မပင်ပန်းပါဘူး”

ရှီကျွင့်ကျဲ အလျင်အမြန်ပြောလိုက်သည်။

“လေ့ကျင့်ခန်းလုပ်တယ်လို့ သဘောထားတာပေါ့!”

ကျန်းကျန်းအတွက်တော့ ရေနွေးခန်းသို့သွားကာ ရေနွေးယူရသည်မှာ သူမအတွက် ဝန်ထုတ်ဝန်ပိုးတစ်ခုမဟုတ်သော်လည်း ရှီကျွင့်ကျဲမှ အလွန်ကြိုးစားနေသည်ကို မြင်လျှင် သူမ မငြင်းရက်တော့ဘဲ ရှီကျွင့်ကျဲအား ပျော်ရွှင်စွာပြုံးပြလိုက်သည်။

“ကောင်းပါပြီ ၊ ဒါဆိုလည်း ကျွန်မအတွက်ရေနွေးယူပေးဖို့ ရှင့်ကိုပဲ ဒုက္ခပေးရတော့မယ်”

ရှီကျွင့်ကျဲ၏မျက်လုံးများက ကြယ်များကဲ့သို့တောက်ပသွားခဲ့လေသည်။

“အင်း ကိစ္စမရှိဘူး”

ကျန်းကျန်း ရှီကျွင့်ကျဲအား ကြည့်ကာ သူမ၏နှလုံးသားလေးနွေးထွေးသွားပြီး သူမ၏ မျက်နှာမှာလည့် အနည်းငယ်နီရဲလာကာ သူမ၏လက်ထဲတွင်ဓာတ်ဗူးများကိုကိုင်ဆောင်၏ လှည့်ထွက်သွားခဲ့သည်။

ရှီကျွင့်ကျဲက မိန်းကလေးအဆောင်ထဲသို့ ဝင်ရောက်ပျောက်ကွယ် သွားသည့် ကျန်းကျန်း၏ပုံရိပ်လေးအားစောင့်ကြည့်နေခဲ့ပြီး ထိုနေရာတွင် ပျော်ရွှင်စွာခုန်ပေါက်လိုက်လေ၏။

ထို့နောက် ဝမ်းသာအားရဖြင့် ယောက်ျားလေးဆောင်ဘက်သို့ ပြန်ပြေးသွားပြီး လမ်းတစ်ဝက်အရောက်တွင် ကျန်းကျန်း၏ ရေနွေးဓာတ်ဗူးများ ပါမလာသေးသည်ကိုသတိရသွားကာ အလျင်အမြန်ပြန်ပြေးလာရပြန်သည်။ ပြီးမှသာ မြေပေါ်မှ ရေနွေးဓာတ်ဗူးနှစ်ဗူးကိုကောက်ယူကာ ရေနွေးခန်းသို့ ပြန်ပြေးသွားခဲ့တော့သည်။

ထိုနေရာမှ ဆယ်မီတာကျော်ခန့်တွင် ပြင်သစ်မေဂျာ၏ ကောင်လေးအနည်းငယ်က ယခုလေးတင် ဘက်စ်ကတ်ဘောကစားပြီး၍ အဆောင်သို့ပြန်လာနေခဲ့ကြသည်။

သူတို့ထဲမှ တစ်ဦးက ရှီကျွင့်ကျဲ၏နောက်ကျောကို ညွှန်ပြရင်းပြောလာလေသည်။

“အဲဒါရှီကျွင့်ကျဲမလား? သူကပိုက်ဆံကောက်ရလို့လား ဒါမှမဟုတ် စာမေးပွဲမှာ ပထမရလို့လား? ဘာလဲ? ဘာလို့အဲလောက်တောင်ပျော်နေတာလဲ?”

“မင်းလက်ကိုချထားစမ်းပါ၊ အဲဒီပုံစံက ရှီကျွင့်ကျဲမဟုတ်တာအသိသာကြီးကို”

အရှေ့မြောက်ပိုင်းသံဝဲဝဲနှင့်တစ်‌ယောက်ကလည်း ပြောလာလေသည်။

“ကြည့်စမ်း၊ သူက အခုအရူးတစ်ယောက်လိုခုန်နေတာ၊ အဲဒီပုံစံကိုကြည့်လိုက်၊ ရှီကျွင့်ကျဲ ၁၀နှစ်ကလေးအရွယ်ကတောင် အဲလိုမလုပ်ခဲ့လောက်ဘူး”

“ဒါပေမယ့် ကျောင်းမှာ သူတစ်ယောက်ပဲ အဲဒီလိုအားကစားဝတ်စုံမျိုးဝတ်တာလေ”

တခြားတစ်ယောက်သည်လည်း သူ့ခေါင်းအားကုတ်ကာ သံသယအချို့ဖြင့်ပြောလေသည်။

“တကယ်တော့ ရှီကျွင့်ကျဲက အတော်ကောင်းပါတယ် ၊ သူ့ကို ဘာပါမေးမေး သူအကုန်ပြောပြနိုင်တယ် ၊ ရယ်ရတဲ့အကြောင်းအရာတွေကိုမကြိုက်ရုံလေးပဲ”

“ငါသာ အဲလိုမျက်နှာမျိုးရှိနေမယ်ဆိုရင် ငါလည်းရယ်ရတာကို ကြိုက်မှာမဟုတ်ဘူး”

ကြည့်ကောင်းသည့် အရှေ့မြောက်ပိုင်းသားက ဘက်စကတ်ဘောကိုကိုင်ထားရင်း ဝင်ပြောလေ၏။

“အဲဒီတစ်ယောက်ရဲ့မကောင်းတဲ့အချက်က အရမ်းရုပ်ချောလွန်းနေတာပဲ၊ အရင်တုန်းကဆို အဲလိုလူတွေကိုခေါ်ပါ‌သေးတယ် ဘာပါလိမ့် ရှီကျွင့်ကျဲရဲ့အပြုံးကိုမြင်တာနဲ့ လူတွေသေလိမ့်မယ်ဆိုတာမျိုးလေ၊ မတော်တဆလေးတွေ ဖြစ်လေ့ဖြစ်ထရှိတာမျိုးပေါ့”

“ကံကောင်းလို့ ရှီကျွင့်ကျဲက ရုပ်ချောပေမယ့် တစ်ချက်ကြည့်ရုံနဲ့လူကြီးလူကောင်းပုံပေါက်နေလို့ပဲ၊ တကယ်လို့ သူသာ မိန်းကလေးပွေတဲ့ပုံစံမျိုးဆိုရင် ငါတော့သူနဲ့အဆောင်ခန်းတူတူမျှမသုံးရဲပါဘူး”

လူအနည်းငယ်က သူတို့ဘာသာပြောနေခဲ့ကြပြီး တစ်ဖက်သို့ ပြန်လှည့်လိုက်ချိန်တွင် ရှီကျွင့်ကျဲသည် ဓာတ်ဗူးနှစ်ဗူးကိုင်ကာ သူတို့အား ဗလာဖြစ်စွာကြည့်နေသည်ကို မြင်လိုက်ရသည်။ အရှေ့မြောက်ပိုင်းသားကလန့်သွားခဲ့ကာ ဘက်စကတ်ဘောလုံးနှင့်အတူ သုံးမီတာအဝေးလောက်အထိ ထခုန်မိသွားသည်။

“ဘုရားရေ မင်းငါ့ကိုလန့်သေအောင်လုပ်နေတာပဲ ၊ မင်းပြောတော့နံရံမှာကပ်နေတာဆို၊ ပြီးတော့ ဒီကိုရောက်နေတယ်?”

ရှီကျွင့်ကျဲ စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်

“မင်းတို့ကငါ့နာမည်ကိုအကျယ်ကြီးပြောနေမှတော့ ငါက မကြားဘဲနေမလား?”

“အဲဒါကိုပြောတာမဟုတ်ဘူး ၊မင်းဒီမှာနေမှန်း ငါတို့မှ မထင်ထားတာ”

အရှေ့မြောက်ပိုင်းသားမှာ ခြေလှမ်းအနည်းငယ်နောက်ဆုတ်သွားကာ ရှီကျွင့်ကျဲ၏ ပျော်ရွှင်နေသည့်မျက်နှာကိုကြည့်လိုက်ပြီး သိချင်စိတ်ပြင်းပြစွာမေးလိုက်သည်။

“မင်း ခုနကတစ်ယောက်ထဲမလား ဘာလို့အရူးလိုခုန်ပေါက်နေတာလဲ?”

ရှီကျွင့်ကျဲ သူ့အားတည်ငြိမ်စွာကြည့်လိုက်လေသည်။

“ဒီည ၆နာရီ ဘက်စကတ်ဘောကွင်းမှာ တစ်ယောက်ချင်းဆော့မယ်၊ ရှုံးတဲ့သူက နိုင်တဲ့သူကို တစ်လတိတိရေနွေးယူပေးရမယ်”

အရှေ့မြောက်ပိုင်းသားမှာ အံ့ဩသွားရသည်။

“လူတွေကိုအနိုင်မကျင့်နဲ့လေ၊ ငါတို့က ဒီတိုင်းကစားနေတာလေ ဘာလို့ကလေးတွေဆီက သင်ခဲ့တဲ့ကစားနည်းနဲ့သူတွေကို ယှဉ်နေရတာလဲ”

“အိုး? ကြောက်လို့လား? မင်းမလုပ်နိုင်ဘူးပေါ့?”

ရှီကျွင့်ကျဲသူ့အား ပေါ့ပေါ့ပါးပါးပြုံးကာကြည့်လိုက်သည်။

သူ့မျက်လုံးများထဲမှ အဓိပ္ပာယ်ကြောင့် မြောက်ပိုင်းသားတစ်ယောက် နားရွက်များကိုကုတ်မိပာ တစ်ဖက်လူကို ဘက်စကတ်ဘောလုံးနဲ့ရိုက်ချင်စိတ်ပါ ပေါက်လာရသည်။

“ငါမလုပ်နိုင်ဘူးလို့ ဘယ်သူပြောလဲ!”

အရှေ့မြောက်ပိုင်းသားမှာ အံကြိတ်လိုက်ပြီး ဆက်ပြောခဲ့သည်။

“ပြိုင်တာပေါ့ ရေနွေးကိုတစ်လလုံးမသောက်ရဘူး ဂိမ်းကြီးတစ်ခုဆော့တာပေါ့ ရှုံးတဲ့သူက ၃၁ရက်လုံးရေနွေးယူပေးရမယ်”

လူအုပ်က သူတို့၏လောင်းကြေးထပ်တိုးဖို့ရန် စောင့်နေကြသော်လည်း တစ်ရက်သာထပ်တိုးသည်ကိုကြားလိုက်ရသည့်အခါ သူ့အားတစ်ညီတညွတ်ထဲလှောင်ပြောင်လိုက်ကြသည်။

“ဒီကောင်ကတော့...”

အရှေ့မြောက်ပိုင်းသားက မသိချင်ယောင်ဆောင်ကာ ခေါင်းကိုမော့၍ပြောလိုက်သည်။

“တစ်လမှာရက်၃၀ရှိတယ်လေ ဒီလောင်ကြေးမှာ ငါအရမ်းရိုးသားပါတယ်နော် ဟုတ်တယ်မလား ကျွင့်ကျဲ?”

ရှီကျွင့်ကျဲ သူ့အားပေါ့ပေါ့ပါးပါးတစ်ချက်ပြုံးကာပြောလိုက်သည်။

“မင်းနောင်တမရသရွေ့ပေါ့”

အရှေ့မြောင်းပိုင်းသာသည် သူ၏ရင်ဘက်ကိုပုတ်လိုက်လေသည်။

“လူကြီးလူကောင်းတွေက ဘယ်တော့မှ စကားမဖျက်တတ်ဘူး!”

All Chapters