အခွင့်အရေးအား လွဲချော်ခြင်း
Vol. 157 Ch. 2228
"ရန်ဟောင်ရီ ကျွန်မကို ဘာအကြံပြုစရာများ တစ်ခုခု ရှိလား။" နတ်မိမယ်ထိုက်ဟွာက ရီဖူရှင်းကို မေးလိုက်သည််။ ရီဖူရှင်းက သူမ၏ အမူအရာကို လေ့လာနေ၏။ နတ်မိမယ်ထိုက်ဟွာက သိချင်စိတ်အပြည့်နှင့် ရှိနေခဲ့သည်။ ယခင်က သူတို့ အချင်းချင်း တိုက်ခိုက်ခဲ့ကြသည်။ တုန်းဟွာအခမ်းအနားအတွင်း သူတို့နှစ်ယောက် နတ်ဘုရားတေးသွားကို အသုံးပြုကာ တိုက်ခိုက်ခဲ့သည်။
ရီဖူရှင်းသည် တုန်းဟွာနယ်မြေ၏ နယ်မြေသခင် နင်ယွမ်က ရည်မှန်းချက်ကြီးသည်ကို သိရှိထားသည်။ သူက နယ်မြေအတွင်းမှ အင်အားစုအားလုံးကို အပြည့်အဝ ထိန်းချုပ်ချင်နေသည်။ သူသည် နင်ဟွာနှင့် နတ်မိမယ်ထိုက်ဟွာကို လက်ထပ်ပေးရန် ရည်ရွယ်ထားခဲ့သည်။ ထိုက်ဟွာတောင်က ထိုအကြောင်းနှင့် ပတ်သတ်၍ မည်သို့တွေးသည်ကို ရီဖူရှင်းဘက်က မသေချာပေ။
သို့သော် တုန်းဟွာနယ်မြေအိမ်တော်က ရီဖူရှင်းနှင် ရန်သူဖြစ်ာလရန် ကံကြမ္မာရှိပေသည်။ သူသည် နယ်မြေသခင်အိမ်တော်၏ မဟာမိတ် အင်အားစုများကို ပို၍ အားကောင်းလာသည်အား မမြင်ချင်ပေ။
"ဒါက အကြံပေးတာလို့ မသတ်မှတ်နိုင်ပါဘူး။ တုန်းဟွာအခမ်းအနားအတွင်းမှ ကျုပ်က နတ်မိမယ်နဲ့ တေးသွားဖလှယ်ဖူးခဲ့တယ်။ ကျုပ်တို့က အတော်လေး လိုက်ဖက်ညီတယ်လို့ တွေးမိတာကြောင့် နတ်မိမယ်ကို ပိုပြီး သိချင်မိတယ်။ အနာဂတ်မှာ ကျုပ်တို့ အခွင့်အရေးရှိရင် ဂီတအကြောင်း ဆွေးနွေးပြီး အချင်းချင်း သင်ယူလေ့လာလို့ ရတယ်။ နတ်မိမယ် ဘယ်လိုထင်လဲ။" ရီဖူရှင်းက မေးလိုက်သည်။
နတ်မိမယ်ထိုက်ဟွာ၏ လှပသော အကြည့်များ၌ ထူးဆန်းသည့် အကြည့်တစ်ခု ဖြစ်လာသည်။ သူမက ရီဖူရှင်းအား လေးနက်စွာ ကြည့်လိုက်ပြီး သူမ စိတ်ထဲ၌ အတွေးတချို့ ဝင်ရောက်လာသည်။
ရီဖူရှင်းက လက်ရှိတွင် အကောင်းဆုံးကျင့်ကြံသူတစ်ယောက် ဖြစ်သည်ဟု သတ်မှတ်နိုင်သည်။ တုန်းဟွာအခမ်းအနားအတွင်း သူ၏ အရည်အချင်းများကို ပြသခဲ့ပြီး တစ်ညတည်းနှင့် ကျော်ကြားမှုကိုရရှိလာခဲ့ပေသည်။ နောက်ပိုင်း သူက ရှန်ချင်းနယ်မြေသို့ ရောက်သွားသောအခါ ထိုနေရာ၌လည်း ကျော်ကြားလာသည်။ သူ၏ ပါရမီက နင်ဟွာအောက် မလျော့ပေ။
ယခု သူက သူမကို ချဥ်းကပ်လာခဲ့သည်။ သူ ထိုသို့ လုပ်ဆောင်ခြင်းအတွက် ရည်ရွယ်ချက်က နတ်မိမယ်ထိုက်ဟွာ၏ မှန်းဆချက်များကို အနည်းငယ် လွန်ကဲသွားစေသည်။
အဝေးရှိ ကောင်းကင်မှ နင်ဟွာက ဤနေရာသို့ ကြည့်လိုက်ကြသည်။ သူ၏ အကြည့်များက အလွန် ထက်ရှနေခဲ့၏။ သူက ရီဖူရှင်း ရှိရာနေရာသို့ စိုက်ကြည့်လိုက်ကာ ဖြေးညင်းစွာ လျှောက်လာခဲ့သည်။
ရီဖူရှင်းက ထိုမျှ စိတ်ကြီးဝင်စွာ ပြုမူနေခဲ့သည်လား။
သူသာလျှင် မဟုတ်ဘဲ တုန်းဟွာနယ်မြေမှ ကျင့်ကြံသူများအားလုံးက ထိုသုံးယောက်ကြားရှိ ပတ်သတ်မှုများကို သိရှိထားကြသည်။ ချင်းချင်းနှင့် မြူနှင်းဝေနတ်နန်းတော်မှ အခြားနတ်မိမယ်များ၏ လှပသော အကြည့်များ၌ ထူးဆန်းသည့် အကြည့်တို့ ဖြစ်ပေါ်လာသည်။
...
ရီဖူရှင်းက နင်ဟွာကို စိတ်ကသိကအောက် ဖြစ်စေရန် ကြိုးစားနေသည်လား။
သူသည် နင်ဟွာအား အရှက်ရစေရန် ကြိုးစားနေခြင်း ဖြစ်သလား။
"ရန်ဟောင်ရီက ယဥ်ကျေးလွန်းနေပါပြီ။ ရှင့်ရဲ့ အောင်မြင်မှုမျိုးနဲ့ဆို ကျွန်မက ရှင့်ကို သင်ပေးဖို့ မထိုက်တန်ဘူးလို့တောင် ခံစားမိတယ်။" နတ်မိမယ်ထိုက်ဟွာက ပြန်ဖြေလိုက်သည်။ သူမသည် သူမအနီးဝန်းကျင်မှ ထူးဆန်းမှုအား ခံစားမိပေသည်။ သူမက အကွာအဝေးတစ်ခုကို ထိန်းသိမ်းထား၍ ပြန်ဖြေလိုက်သည်။
ရီဖူရှင်းကလည်း နတ်မိမယ်ထိုက်ဟွာ၏ ရည်ရွယ်ချက်ကို နားလည်သဘောပေါက်ပေသည်။ သူမက သူ့ကို ငြင်းပယ်ခဲ့ခြင်း ဖြစ်သည်။ နတ်မိမယ်ထိုက်ဟွာက သူနှင့် မပတ်သတ်ချင်ပေ။
သို့ဆိုလျှင် သူက သူ၏ ရည်ရွယ်ချက်ကို ဖော်ပြနေရန် မလိုတော့ပါချေ။ တစ်ဖက်လူ၏ သဘောထားက ရှင်းလင်းနေခဲ့ပြီ ဖြစ်၏။
"ကောင်းပြီ။ နှောက်ယှက်မိတာ အားနာပါတယ် နတ်မိမယ်။" ရီဖူရှင်းက နှုတ်ဆက်လိုက်သည်။ ထို့နောက် သူက ပြန်လှည့်ထွက်သွားသည်။ သူ ပြန်လှည့်ထွက်သွားသည်ကို ကြည့်ရင်း နတ်မိမယ်ထိုက်ဟွာက ထူးဆန်းသည့် ခံစားချက်ကို ခံစားမိလိုက်ပေသည်။ သူမက ရီဖူရှင်း မည်သည့်ကိစ္စတို့ တွေးနေသည်ကို မသိပေ။ သူက မည်သည့်အတွက်ကြောင့် သူမကို ရုတ်တရက် ချဥ်းကပ်လာရသနည်း။
တုန်းဟွာနယ်မြေမှ ကျင့်ကြံသူများက ဇဝေဇဝါ ဖြစ်သွားခဲ့ကြသည်။ ရီဖူရှင်း၏ ကျင့်ကြံဆင့်နှင့်ဆိုလျှင် သူက သူမကို ဖားယားရန် ကြိုးစားခြင်း မဖြစ်နိုင်ပေ။ သူက မည်သည့်အတွက်ကြောင့် နတ်မိမယ်ထိုက်ဟွာကို ရုတ်တရက် ချဥ်းကပ်လာရသနည်း။ သူ၏ ရည်ရွယ်ချက်က မည်သည်နည်း။
ထို့နောက် သူတို့သည် ရီဖူရှင်းက ကောင်းကင်ထက်သို့ ပြန်သွားခဲ့သည်အား မြင်လိုက်ရသည်။ သူက မျက်လုံးများကို မှိတ်ကာ တိတ်ဆိတ်စွာ ကျင့်ကြံနေခဲ့၏။ သိပ်မကြာခင်တွင် နတ်အလင်းများက ကောင်းကင်ထက်မှ ရီဖူရှင်းပေါ် ကျဆင်းလာခဲ့သည်။ ချက်ချင်းပင် မရေတွက်နိုင်သော အကြည့်များက သူ့ထံ ကျရောက်လာသည်။ သူတို့အားလုံးက ထိတ်လန့်အံ့အားသင့်သည့် အကြည့်တို့ ဖြစ်ပေါ်လာခဲ့သည်။
"ဒါက..." ကြယ်ကောင်းကင်တွင် ရှိသော ကျင့်ကြံသူများ၏ နှလုံးသားက ခုန်ပေါက်နေခဲ့သည်။ သူက နောက်ထပ် အင်ပါယာကြယ်နှင့် ဆက်သွယ်နိုင်ခဲ့သည်လား။
လူအများက ကောင်းကင်ရှိ အင်ပါယာကြယ်ကို မော့ကြည့်လိုက်သည်။ သူတို့က နတ်ဘုရားပုံရိပ်တစ်ခုကို ခပ်ရေးရေး မြင်လိုက်ရသည်။ တခဏအတွင်း ထိတ်လန့်အံ့သြဖွယ် မှော်ဂီတသံစဥ် မုန်တိုင်းက ရီဖူရှင်း၏ အနီးဝန်းကျင်၌ ထွက်ပေါ်လာသည်။ ကု့ချင်းတစ်လက်၏ အသံကို ကြားလိုက်ရပြီး ကြောက်မက်ဖွယ် မှော်ဂီတသံစဥ်တို့ ထွက်ပေါ်လာ၏။ ကြယ်ကောင်းကင်အတွင်းမှ ကျင့်ကြံသူများသည်လည်း ၎င်း၏ စည်းချက်ကို ခံစားမိပေသည်။
ကု့ချင်းတစ်လက်က ကောင်းကင်၌ ထွက်ပေါ်လာပုံရသည်။
နတ်မိမယ်ထိုက်ဟွာက ဤမြင်ကွင်းကို မြင်သည့်အခါ သူမ၏ မျက်နှာက ချက်ချင်း ဖြူဖျော့သွားခဲ့သည်။ သူမက တစ်စုံတစ်ခုကို သတိပြုမိသွားပုံရလေသည်။
သူမအပြင် တုန်းဟွာနယ်မြေမှ အားလုံးသော ကျင့်ကြံသူများက ရီဖူရှင်း မည်သည့်အတွက် သူမကို ချဥ်းကပ်လာသည်အား ယခု သတိပြုမိသွားပုံရသည်။
"အရင်က ရီဖူရှင်းနောက်ကို လိုက်ပြီး ကာကွယ်ပေးနေတဲ့ မျက်မမြင်ထျယ်က အင်ပါယာကြယ်ကို ဆက်ခံနိုင်ခဲ့တယ်။" ချင်းချင်းက ပြောလိုက်သည်။ သူမ၏ နှလုံးသားက ပြင်းထန်စွာ ခုန်လှုပ်နေပြီး ကျန်းယွဲ့လီနှင့် ချူးဟန်ရှီကို ကြည့်လိုက်၏။ သူတို့နှစ်ယောက်ကလည်း တုန်ယင်နေသော နှလုံးသားများနှင့် သူမကို စိုက်ကြည့်လိုက်ကြသည်။
ထိုမျှ မကောင်းဆိုးဝါးဆန်သော ပုဂ္ဂိုလ်က အမှန်တကယ် တည်ရှိသည်လား။
"အဲဒီလိုဆိုတော့ ရီဖူရှင်းက တကယ် အရည်အချင်း ရှိတာပဲ။" ကျန်းယွဲ့လီက တီးတိုးပြောလိုက်သည်။ "သူက အင်ပါယာကြယ်ရဲ့ တည်နေရာကို ထောက်လှမ်းနိုင်ပြီး အဲဒီကနေ သင်ကြားမှုတွေ ဆက်ခံနိုင်ဖို့ တခြားလူတွေကို ရွေးချယ်နိုင်တယ်။ အစောပိုင်းတုန်းက အင်ပါယာကြယ်ကနေ ဆက်ခံနိုင်မယ့် အခွင့်အရေးကို ရီဖူရှင်းက မျက်မမြင်ထျယ်ဆီ ပေးအပ်ခဲ့တယ်။" သူမက သူ၏ အပြုအမူကြောင့် အံ့အားတသင့်နှင့် ပြောလိုက်သည်။
မဟာအင်ပါယာ၏ သင်ကြားပြသမှုကို စွန့်လွှတ်ကာ အခြားသူများကို ဆက်ခံစေသည်လား။
သူက ၎င်းကို အလွန် ပေါ့ပါးစွာ လုပ်ဆောင်ခဲ့ပေသည်။ ရီဖူရှင်းက အင်ပါယာကြယ်အား အလွယ်တကူ ထောက်လှမ်းနိုင်သည့် စွမ်းရည် ရှိသည်။ ထိုအချက်များအားလုံးက သူတို့၏ နှလုံးသားများကို တုန်ယင်စေရန် လုံလောက်ပေသည်။
သူတို့က တစ်စုံတစ်ခုကို တွေးမိသွားပုံရကာ နတ်မိမယ်ထိုက်ဟွာဘက်သို့ အကြည့်များ ရွှေ့လိုက်ကြသည်။ ယခု ရီဖူရှင်းနှင့် ဆက်သွယ်နိုင်ခဲ့သော အင်ပါယာကြယ်က ဂီတလမ်းစဥ်ကို လက်ဆင့်ကမ်းပေးခဲ့ခြင်း ဖြစ်သည်။ ထို့နောက် သူတို့သည် အင်ပါယာကြယ်၏ သင်ကြားပေးမှုကို လက်လျှော့ကာ တစ်စုံတစ်ယောက်အား လွှဲပေးချင်ခဲ့သည်ဟူသည့် အချက်ကို သတိပြုမိခဲ့ပေသည်။
သို့ဆိုလျှင် သူက မည်သည့်အတွက်ကြောင့် နတ်ဂီတသံစဥ်အား ကျင့်ကြံကာ မှော်တေးသွားတွင် ကျွမ်းကျင်သည့် နတ်မိမယ်ထိုက်ဟွာကို ရှာဖွေရန် ရောက်လာသနည်း။
အဖြေက သူတို့၏ လျှာဖျားပေါ်တွင် ရှိနေပေသည်။
သူတို့သည်လည်း နတ်မိမယ်ထိုက်ဟွာ၏ မျက်နှာအမူအရာက အလွန် စိတ်ဝင်စားဖွယ်ကောင်းလာသည်ကို သတိပြုမိကြပေသည်။ သူမ၏ မျက်နှာက ဖြူဖျော့လာသည်။ ရှင်းလင်းစွာပင် သူတို့သည် နတ်မိမယ်ထိုက်ဟွာက ယခုလေးတင် အခွင့်အရေးတစ်ခုအား လွဲချော်သွားကြောင်း နားလည်လိုက်သည်။
အမှန်တကယ်၌ ရီဖူရှင်းသည် အင်ပါယာကြယ်၏ သင်ကြားမှုများကို နတ်မိမယ်ထိုက်ဟွာအား ပေးအပ်ရန် စဥ်းစားနေခဲ့ခြင်း ဖြစ်သည်။
သူက သူမကို သွေးဆောင်ရန် ကြိုးစားနေခြင်း မဟုတ်ပေ။ ရှင်းလင်းစွာ သူက နတ်မိမယ်ထိုက်ဟွာအား ကြီးမားသည့် အခွင့်အလမ်းတစ်ခု မပေးအပ်ခင် သူမ၏ သဘောထားကို စမ်းသပ်နေခြင်းဖြစ်သည်။ သို့သော် ထိုသို့သော အခွင့်အလမ်းက သူမထံမှ လွဲချော်သွားခဲ့ပြီ ဖြစ်သည်။ နတ်မိမယ်ထိုက်ဟွာ၏ စည်းခြားထားလိုသော သဘောထားက ရီဖူရှင်း ယခင် တွေးခဲ့သည့် အင်ပါယာကြယ်မှ အမွေအနှစ်ဆက်ခံမှုအား သူမထံ လွှဲပေးလိုသည့် စိတ်အား လက်လွှတ်ကာ သူကိုယ်တိုင် ဆက်ခံလိုက်ရန် ဖြစ်စေခဲ့သည်။
သူတို့သည် ယခု နတ်မိမယ်ထိုက်ဟွာ မည်သို့ ခံစားနေရသည်အား သိချင်မိပေသည်။
ယခုတွင် နတ်မိမယ်ထိုက်ဟွာ၏ ခံစားချက်များက အလွန် ရှုပ်ထွေးနေခဲ့သည်။ သူမသည် ရီဖူရှင်းက သူမကို မည်သည့်အတွက် ရွေးချယ်ခဲ့ကြောင်း သိချင်မိသည်။
သူက ထိုသို့ကြီးမားသည့် အခွင့်အလမ်းအား သူမကဲ့သို့ သူစိမ်းကို ပေးချင်ရသနည်း။
ရီဖူရှင်း ယခု လုပ်သွားခဲ့သော အပြုအမူအရ သူ့တွင် ထိုသို့ လုပ်ဆောင်ရန် ရည်ရွယ်ချက်ရှိသည်မှာ အမှန်ဖြစ်သည်။ မဟုတ်လျှင် သူက သူမကို လာရှာပြီးနောက် ချက်ချင်း ပြန်၍ အင်ပါယာကြယ်၏ သင်ကြားပေးမှုကို ဆက်ခံလိမ့်မည် မဟုတ်ပေ။
သူမသည် ထိုအခိုက်အတန့်၌ အလွန် ရှုပ်ထွေးနေခဲ့သည်။ ထိပ်သီးအဆင့် ရန်ဟောင်များသည်ပင် သူတို့ထံ၌ ထိုသို့အဖြစ်မျိုး ဖြစ်ပွားခဲ့လျှင် တည်ငြိမ်နေနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
မဟာအင်ပါယာ၏ အမွေအနှစ်အား ဆက်ခံနိုင်ခြင်းမှာ မည်သို့သော အခွင့်အလမ်းကြီးမျိုး ဖြစ်သနည်း။
အထူးသဖြင့် သူမကဲ့သို့သော ကျင့်ကြံသူများအတွက် အလွန် အရေးကြီးပေသည်။ ထို့ပြင် ၎င်း အင်ပါယာကြယ်သည် သူမနှင့် သင့်တော်ကိုက်ညီသည့် လမ်းစဥ်ကို ပိုင်ဆိုင်ထားပေသည်။
သူမက သူမ၏ ဆုံးဖြတ်ချက်ကို နောင်တရသလား။
သူမက အမှန်တကယ် နောင်တရပေသည်။ သူမက မည်သို့ နောင်တမရဘဲ နေနိုင်ပါမည်နည်း။ ထိုသည်က မဟာအင်ပါယာ၏ သင်ကြားပေးမှုပင် ဖြစ်သည်။
ထိုအခိုက်အတန့်တွင် မည်သူကမှ သူမထက်ပို၍ စိတ်ရှုပ်ထွေးနေသည့်သူ ရှိလိမ့်မည် မဟုတ်ပေ။
အနီးမှ နင်ဟွာသည် နတ်မိမယ်ထိုက်ဟွာ၏ အမူအရာ ပြောင်းလဲသွားသည်ကို မြင်သည့်အခါ သူ့အမူအရာကလည်း အလွန် ရုပ်ဆိုးသွားခဲ့သည်။ သူသည်လည်း ထိုအဖြစ်အပျက်များကို နားလည်သွားခဲ့သည်။
သူက ရီဖူရှင်းကို မော့ကြည့်လိုက်၏။ ရီဖူရှင်းက မည်သို့ လုပ်ရန် စီစဥ်နေသနည်း။
နင်ဟွာသာမကဘဲ လူတိုင်းက ထိုမေးခွန်း၏ အဖြေအား သိချင်နေကြသည်။ သူတို့က ရီဖူရှင်း နတ်ရောင်ဝါတို့နှင့် ဖုံးလွှမ်းခံထားရသည်ကို မျက်မြင်တွေ့လိုက်ကြပြီး ကျင့်ကြံသူများက သူရှိရာသို့ လျှောက်လာကြကာ ကောင်းကင်ထက်ရှိ ပုံရိပ်ကို မော့ကြည့်လိုက်သည်။ အင်ပါယာကြယ်တစ်ခုနှင့် ဆက်သွယ်နိုင်ခြင်းက တိုက်ဆိုင်မှုဖြစ်ခဲ့လျှင် သူက ဒုတိယအင်ပါယာကြယ်နှင့် ဆက်သွယ်ရန် လုပ်ဆောင်နိုင်ပါမည်လား။
ဤကြယ်ကောင်းကင်တွင် အင်ပါယာကြယ်များ၏ တည်နေရာကို ထောက်လှမ်းကာ ၎င်းတို့နှင့် ဆက်သွယ်နိုင်သော တစ်စုံတစ်ယောက် အမှန်တကယ် ရှိနေသည်။ လူအုပ်ကြီးသည် ၎င်းက မည်သည့်အရာကို ဆိုလိုကြောင်း သိရှိကြပေသည်။
***