← Chapters

အားချိုနှင့် ကောင်းကင်နတ်အရှင်ရှု

Vol. 133 Ch. 1714

အားချိုနှင့် ကောင်းကင်နတ်အရှင်ရှု

Vol. 133 Ch. 1714

‘ခွေး’ ဟူသည့် စကား ထွက်လာသည်နှင့် ကောင်းကင်နတ်အရှင်ဟောင်မှာ ဆွေ့ဆွေ့ခုန်မတတ် ဒေါသအမျက် တချောင်းချောင်း ထွက်သွားတော့သည်။ “ကောင်းကင်နတ်အရှင်မူ မင်း လွန်သွားပြီကွ”

ချင်မူကား သူ၏မျက်စိရှေ့မှာတင်၊ ကောင်းကင်နတ်ဘုံ၏ တပ်ဖွဲ့အား ရှေ့မှာတင် ယခုလို စော်ကားနေသည်။ သူမည်မျှ အမျက်ထွက်သွားမည်ကို မှန်းဆကြည့်၍ ရပေသည်။

သို့သော်လည်း ထိုက်ချူ၊ ကောင်းကင်နတ်ဧကရီနှင့် ကျန်ရှိသူများဆီမှ အသံမထွက်လာကြပေ။ ထိုက်ကျိရှေးဟောင်းနတ်ဘုရားကလည်း စကားမဆိုချေ။ ဤအခြေအနေက ကောင်းကင်နတ်အရှင်ဟောင်အား ရေခဲပုံးဖြင့် လောင်းချခံလိုက်ရသကဲ့သို့ အေးစက်သွားစေသည်။ သူတို့သည် သူ၏ အလိမ်အညာများကို ထွင်းဖောက်မြင်နေကြ‌ကြောင်း ချက်ချင်း သိလိုက်ရချေပြီ။

ဟောင်သည် တာအိုသစ်ပင် တာအိုပန်းပွင့်အဆင့်မှ ပြုတ်ကျခဲ့ရသည်။ အဆင့်နှစ်ဆင့် ဖြတ်တောက်ခံခဲ့ရသည့်အပြင် ကောင်းကင်နတ်အရှင်ယွင်က သခင်လေးနှစ်ကိုယ်ပွားကိုပါ နှင်ထုတ်ခဲ့သည်။ သူ၏ အဆုံးသတ်မြို့ပျက် တာအိုခန္ဓာမှာလည်း ပျက်စီးသွားခဲ့သည်။

သူ၏ခွန်အားသည် အလွန်အမင်း ကျဆင်းသွားခဲ့လေပြီ။ ၎င်းကို ကောင်းကင်နတ်ဧကရီနှင့် အခြားသူများဆီမှ ဖုန်းကွယ်ထားနိုင်မည်မဟုတ်ချေ။ ထိုသူတို့သည် သူ၏ ကျင့်ကြံခြင်းအခြေခံမှာ ယခင်ကလောက် မခိုင်မာတော့သည့်အတွက် ထီးနန်းကို မျက်စိကျနေကြလိမ့်မည်။

ထိုက်ကျိ ရှေးဟောင်းနတ်ဘုရားနှစ်ပါးပင် ပါဝင်နေသည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ အရှက်သိက္ခာပြန်ဆယ်ရန် ချေပတော့မည့်အချိန် ရုတ်တရက် ခရမ်းရောင်ကောင်းကင်ဘုံခန်းမအတွင်းမှ နားမလည်နိုင်အောင် ရှုပ်ထွေးသော တာအိုစကားသံတစ်ရပ် ထွက်ပေါ်လာကာ သူပြောချင်နေသည့်စကားများအား မြိုသိပ်လိုက်ရစေသည်။

ဟောင်သည် တုန်လှုပ်သွားပြီး သတိအနေအထား ဖြစ်သွား၏။ သူ့ပြဿနာက မည်သည့်နေရာတွင် ရှိနေသည်ကိုလဲ သဘောပေါက်သွားသည်။

အတိတ်တုန်းက သူ့အနေဖြင့် ကျရှုံးမှုများကို အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရသည်။ လွန်ခဲ့သည့် နှစ်တစ်သန်း နဂါးသွဲ့ရေကန်တွေ့ဆုံပွဲ၌ ချင်မူ ရိုက်နှက်မှုကို ခွေးလို ဝက်လို ခံခဲ့ရ၏။ ထိုအဖြစ်အပျက်ပြီးနောက် အိပ်ရာထဲ လဲသွားခဲ့ပြီး မိမိကိုယ်ကို ဂရုမစိုက်နိုင်ခဲ့ဘဲ နှစ်တစ်ထောင်တိုင်တိုင် အချိန်ဖြုန်းခဲ့ရသည်။ စားလိုက်၊ သောက်လိုက်၊ စိတ်ဓာတ်ကျလိုက်ဖြင့် လူမမာထက် မပိုခဲ့ပေ။

သို့ထိတိုင် ဟောင်ကား နောက်တစ်ကြိမ် ထရပ်ခဲ့ပြီး ကမ္ဘာမြေကို တုန်လှုပ်စေသည့် ကိစ္စရပ်များကို တစ်ခုပြီးတစ်ခု ဆောင်ရွက်ခဲ့သည်။

မဟာလေဟာနယ်တွင် မဟာဧကရာဇ်နှင့် ရင်ဆိုင်ခဲ့ရသည့်အခါ ဒဏ်ရာရခဲ့သည်၊။ ချင်မူက သူ ဒဏ်ရာများ ကုသမည့်အစီအစဉ်ကို နှောင့်ယှက်ပြီး မိုင်ပေါင်းခြောက်သောင်းတိတိ လိုက်လံတိုက်ခိုက်ခဲ့ခြင်းကြောင့် နာမည်ပျက်ခဲ့ရသည်။ ဘယ်တော့မှ ပြန်လည် နာလန်မထူနိုင်တော့မည်ဟု ထင်ရသည့်တိုင်အောင် သိက္ခာကျခဲ့ရသည်။

ထို့နောက် သူက ထိုက်စုနတ်ဘုရားမကို ကိုးကွယ်ကာ ရုပ်သေးရုပ်အဖြစ် အသုံးတော်ခံခဲ့ရသည်။

သို့သော်လည်း ဟောင်သည် နောက်တစ်ကြိန် ထလာနိုင်ခဲ့သေး၏။

သူ၏ ဒဏ်ရာအားလုံး သက်သာရုံသာမက ထိုက်စု၏ တာအိုကျင့်စဉ်ကိုပင် စူးစမ်းနိုင်ခဲ့သည်။ နောက်ဆုံးတွင် ထိုက်စုကို ဝါးမြို၍ မဟာဧကရာဇ်ကို သတ်ကာ ခွန်အားဖြင့် မဟာခြုံလွှမ်းကောင်းကင်ဘုံအား ကျင့်ကြံနိုင်ခဲ့သည်။ ကျန်ကောင်းကင်နတ်အရှင်များအပေါ် ဖိနှိပ်၍ ရန်သူများအား ရှင်းလင်းနိုင်ခဲ့သည့်အပြင် ကောင်းကင်နတ်ဧကရာဇ်ရာထူးကိုလည်း ရယူခဲ့သည်။ ခိုင်ဧကရာဇ်ချင်ယဲ့ကို ကြံစည်သတ်ဖြတ်ခဲ့ပြီး ချင်မူကိုလည်း တစ်ညတည်းဖြင့် ဆံပင်ဖြူစေသည့်တိုင်အောင် ထိုးနှက်နိုင်ခဲ့သော ပြိုင်ဘက်ကင်းဧကရာဇ်တစ်ပါးအဖြစ်သို့ ရောက်ခဲ့သည်။

မည်သူက ထိုမျှ အောင်မြင်နိုင်ပါမည်နည်း။

ဟောင် တစ်ဦးတည်းသာလျှင် လုပ်နိုင်ပေသည်။

ယခုတွင်ရော …

ဤအတိုင်း နစ်မြုပ်သွားရတော့မည်လား။

သူ့တွင် ထိုသို့ဖြစ်ရန် ဆန္ဒမရှိပေ။

သူ့အနေဖြင့် သခင်လေးသုံးနှင့် သခင်လေးတို့၏ စွမ်းအားကို ငှားယူ၍ တန်ပြန်တိုက်ခိုက်ကာ ပြန်လည်ထလာနိုင်သည်။ ဂုဏ်သရေရှိရှိ ဦးဆောင်တိုက်ခိုက်ပြီး ချင်မူ့ကို အနိုင်ယူ၍ အရှက်ရခဲ့သည်များကို ပြန်အဖတ်ဆယ်နိုင််မည်။ ထို့နောက်တွင် သခင်လေးသုံးနှင့် သခင်လေးလေးတို့၏ စွမ်းအားကို လုယူကာ ဆယ့်ခုနစ်စင်းမြောက် စကြ၀ဠာကို တစ်ဦးတည်း သိမ်းပိုက်လျက် စကြ၀ဠာတစ်ခုလုံးအား လွှမ်းမိုးထားသော အရိပ်ကြီးတစ်ခု ဖြစ်လာနိုင်သည်။

ထိုသို့ တွေးနေစဉ် နတ်ကောင်းကင်ခန်းမအတွင်းမှ အံ့မခန်းလိလိ စွမ်းအားတစ်ရပ် ပေါက်ကွဲထွက်လာပြီး ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပေ။ သူ၏ အသိစိတ်အလျဉ်ပင်လျှင် ဘေးသို့ တွန်းထုတ်လိုက်ရသည်။

သူ၏နှလုံးသားထဲရှိ မကျေမနပ်ဖြစ်မှုသည် ချက်ချင်းပင် တုန်လှုပ်ခြောက်ခြားမှုအဖြစ် ပြောင်းလဲသွားသည်။ သူကား အားနည်း၍ ကူကယ်ရာမဲ့နေချေပြီ။ မီလော့နန်းတော်၏ သခင်လေးသုံးက သူ၏ ခန္ဓာကိုယ်ကို အသုံးပြု၍ ချင်မူနှင့် စကားပြောနေသည်။ ဤမျှ နားမလည်နိုင်အောင် ရှုပ်ထွေးသော တာအိုလမ်းစဉ်သည် ယခုလေးတင် ပေါက်ဖွားလာခဲ့သော သူ၏ယုံကြည်ချက်တို့ကို အက်ကွဲပြိုလဲသွားစေရန် လုံလောက်သည်။

သူသည် အသုံးချနိုင်သော အခွံသက်သက်သာ ဖြစ်ချေပြီ။ သခင်လေးသုံးနှင့် သခင်လေးလေးတို့သည် သူ့ခန္ဓာကိုယ်အား အသုံးပြုချင်သည့်အခါ သူ့ကို မေးမြန်းစရာပင် မလိုဘဲ တိုက်ရိုက်အသုံးပြုနိုင်နေ၏။ အသုံးပြုပြီးနောက် သူ့၏ သဘောတူညီချက်ကို ရယူရန် မလိုအပ်ဘဲ မည်သည့်နေရာတွင် မဆို ပစ်ထားနိုင်သည်။

“ခုနစ်”

မီလော့နန်းတော် သခင်လေးသုံး၏ အသံက ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ နှုတ်မှ ထွက်ပေါ်လာသည်။ အသံအနေအထားက အနိမ့်အမြင့်မရှိကာ အေးစက်နေသည်။ “မင်း ငါတို့ကို မယှဉ်နိုင်ပါဘူး… ဘာလို့ အပင်ပန်းခံပြီး ရုန်းကန်နေဦးမှာလဲ … အခု မင်းမှာ အတိတ်စကြ၀ဠာဆီ ပြန်သွားပြီး ဆရာ့ရဲ့ တပည့် ဖြစ်လာဖို့ အခွင့်အရေး ရှိနေပြီ…. သခင်လေးခုနစ်ဖြစ်လာပြီး အိပ်မက် ဆက်မက်နေလေ… မကောင်းဘူးလား… ငါတို့ ဆင်းသက်လာတာကို ဆက်တားဆီးနေမယ်ဆိုရင် အကျိုးဆက်တစ်ခုပဲ ရှိတယ်…. ငါတို့က မင်း ဂရုစိုက်တဲ့အရာမှန်သမျှ ဖျက်ဆီးပြီး မင်းကို အတိတ်ဆီ ပြန်ပို့မှာ…”

ခရမ်းရောင်ကောင်းကင်ဘုံခန်းမမှ သခင်လေးလေး၏ အသံ ပျံ့လွင့်လာသည်။ “ခုနစ်၊ မင်း ကိုယ့်သဘောနဲ့ကိုယ် အတိတ်စကြ၀ဠာဆီ ပြန်သွားရင် အရှက်သိက္ခာ ထိန်းထားနိုင်သေးတယ်… ငါတို့ ပြန်ပို့တာ ခံရမယ်ဆိုရင်တော့ မင်းရဲ့ မီလော့နန်းတော် သခင်လေးခုနစ်ဆိုတဲ့ သိက္ခာပါ ကျလိမ့်မယ်”

ချင်မူ တဟားဟား ရယ်မောလိုက်သည်။ “ခင်ဗျားတို့က ကျွန်တော့်ကို ယှဉ်နိုင်တဲ့အတိုင်း ပြောနေကြပါလား… သုံးနဲ့ လေးပေါင်းမှ ခုနစ်ရ‌‌တာနော်… ဒီလောက် ရိုးရှင်းတဲ့ သင်္ချာ‌လေးကိုတောင် နားမလည်ဘူးလား အစ်ကိုကြီးလေးနဲ့ သုံးရဲ့…. ခင်ဗျားတို့ ပေါင်းလိုက်ရင်‌တောင်မှ ကျွန်တော့်ပြိုင်ဘက် ဖြစ်လာနိုင်ဆိုရုံလေးပဲ ရှိတာ”

ထိုစဉ် ထိုက်ချူ၏ မျက်နှာအနည်းငယ် ပြောင်းလဲသွားသည်။ ခရမ်းရောင်ကောင်းကင်ဘုံခန်းမအတွင်းမှ ကြီးမားကျယ်ပြန့်သော စွမ်းအားတစ်ရပ် ပေါက်ကွဲထွက်လာပြီး သူ၏အသိစိတ်အလျဉ် ဘေးသို့ တွန်းထုတ်ခံလိုက်ရသည်ကို ခံစားလိုက်ရ၏။

သူ၏ နှုတ်မှ သခင်လေး‌လေး၏အသံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။ “ခုနစ်၊ မင်းက အပြောကတော့ ရွှေမန်းပဲ … ဒါပေမဲ့ ခွန်အားက အပြောကောင်းရုံနဲ့ မရဘူး… ငါတို့က ဆယ့်ခုနစ်စင်းမြောက် စကြ၀ဠာမှာ နေထိုင်နိုင်ဖို့ နှစ်သန်းပေါင်း ခြောက်ကုဋေအထိ အချိန်ပေးပြီး စီစဉ်လာခဲ့တာ… ဒီစကြာဝဠာရဲ့ ကျင့်ကြံခြင်းအခြေခံကို ငါတို့ကိုယ်တိုင် ဖန်တီးပေးထားတာပဲ.... မင်းရဲ့ လက်အောက်ခံ စစ်သည်တော်တွေရဲ့ ကျောက်စိမ်းမြို့တော်၊ နတ်ကောင်းကင်ခန်းမ၊ ဧကရာဇ်ပလ္လင်နဲ့ ကောင်းကင်နတ်ဘုံဆိုတဲ့ အဆင့်လေးဆင့်ကို ဖယ်ရှားလိုက်ပြီးပြီ… မင်းမှာ ငါတို့နဲ့ ယှဉ်ဖို့ အဆင့်မှီသေးလို့လား”

ကောာင်းကင်နတ်ဧကရီသည် ထိန်းချုပ်ခံထားရသည့် ထိုက်ချူနှင့် ကောင်းကင်နတ်ဧကရာဇ်ဟောင်ကို ကြည့်လိုက်ပြီး ဣန္ဒြေပင် မဆည်နိုင်တော့ဘဲ ထရယ်တော့၏။

ကောင်းကင်နတ်ဧကရာဇ်ဟောင်နှင့် ထိုက်ချူတို့က သူမကို တစ်ပြိုင်နက်တည်း လှမ်းကြည့်လိုက်ကြသည်။

ကောင်းကင်နတ်ဧကရီက သူမ၏ ခြေဖျားကို ငုံ့ကြည့်နေသည်။ သူမက ညာခြေထောက်ဖြင့် မြေကြီးအား ထိုးဆွကာ တခစ်ခစ် ရယ်နေလေသည်။ “ဟောင်အာနဲ့ ငါ့အရင်ယောက်ျားထိုက်ချူတော့ ရှုံးသွားကြပြီ… အခု ငါတစ်ယောက်ပဲ ထီးနန်းအတွက် အရည်အချင်းပြည့်မှီတော့တယ်.... နောက်ဆုံးတော့ ငါ စိတ်တိုင်းကျ အုပ်ချုပ်နိုင်တော့မယ် ... ခစ်ခစ်”

ချင်မူ့အကြည့်ကလည်း သူမအပေါ်သို့ ကျရောက်လာသည်။ သူက ပြုံးလိုက်ရင်း စိတ်ထဲမှ တွေးနေ၏။ “ကောင်းကင်နတ်ဧကရီနဲ့ သခင်မယွမ်မုကို ခွဲခြားဖို့ တကယ် မလွယ်တော့ဘူး … သူတို့က ငါ့ရဲ့ ဘ၀ပြန်၀င်စားခြင်းကောင်းကင်နတ်သိုင်းကို ဖောက်ထွက်ပြီး လုံး၀ ပေါင်းစည်းသွားပြီ… ဒါပေမဲ့ လန်ယွီတျန်းက သူ့ခန္ဓာကိုယ်ထဲမှာ အံဩစရာတစ်ခုခု ထားခဲ့တဲ့ပုံပဲ… အဲဒါကို အသုံးချနိုင်လောက်မယ် ထင်တယ်…”

သူက အကြည့်ကို ပြန်ရုတ်လိုက်ပြီး မှင်သေသေ ပြောလိုက်သည်။ “သုံး၊ လေး… အခုအချိန်အထိ မီလော့နန်းတော်က အိုမင်းပျက်စီးနေပြီဆိုတာ မမြင်နိုင်ကြသေးဘူးလား… မီလော့နန်းတော်က ဆရာတောင် စိတ်ပျက်အားငယ်ရလောက်အောင် ပုပ်ဆွေးနေပြီ… ဒါပေမဲ့ ခင်ဗျားတို့က မီလော့နန်းတော်ကို အားကိုးပြီး အနာဂတ်ကို သိမ်းပိုက်နိုင်မယ် ထင်နေတုန်းပဲ… သခင်လေးခုနစ်ဆိုတဲ့ ငါက ခင်ဗျားတို့ ဖိအားကြောင့် အတိတ်ကို ပြန်မသွားတာ မဟုတ်ဘူး… ဒီနေရာမှာ ခင်ဗျားတို့ကို အနိုင်ယူပြီးမှ အေးအေးဆေးဆေး အတိတ်ကို ပြန်သွားမှာ.... ခင်ဗျားတို့အားလုံး…”

သူသည် မြေပြင်ကို ဘုန်းခနဲ ပုတ်ချလိုက်၏။ “ဒီနေရာမှာ ရှုံးပြီ”

“ခုနစ်၊ မင်းက ခေါင်းဟက်တက်မကွဲခင်အထိ မပြန်ဘူးပေါ့လေ”

သခင်လေးလေး၏ စွမ်းအားက ထိုက်ချူ၏ ရုပ်ခန္ဓာနှင့် မူလဝိညာဉ်ကို ထိန်းချုပ်ကာ ပေါ်ထွက်လာသည်။ ပထမမျိုးဆက် ဧကရာဇ်တစ်ပါး၏ ကြီးကျယ်ခမ်းနားသော အင်အားတို့ ပျံ့နှံ့သွားသောကြောင့် အားလုံးမှာ သိသိသာသာ မျက်နှာပျက်သွားကြ၏။ ဤသည်က ထိုက်ချူ၏ ဧကရာဇ်အင်အားလား၊ သခင်လေးဘေး၏ ဧကရာဇ်အင်အားလား မသိကြပေ။

“တာအိုအရာမှာ မင်းက ငါတို့ရဲ့ ပြိုင်ဘက် လုံး၀ မဟုတ်ဘူး”

သခင်လေးလေးက ချင်မူအ‌ရှေ့တွင် ရပ်လိုက်သည်။ ထိုက်ချူ၏ ရုပ်ခန္ဓာသည် ကြီးမားလှသည့်အပြင် ကျယ်ပြန့်သော ဧကရာဇ်အင်အားကြောင့် ပို၍ပင် သန်မာအားကောင်းနေသည်။ “မင်းက အခုထိ သခင်လေးခုနစ် မဖြစ်သေးဘူး .. မီလော့နန်းတော် ဆင်းသက်လာမှာကို မင်း တားဆီးလို့ မရဘူး”

သူ့အနောက်တွင် ခရမ်းရောင်ကောင်းကင်ဘုံခန်းမ၏ တာအိုစွမ်းအင်သည် အကြီးအကျယ် ပေါက်ကွဲထွက်လာ၍ တစ်လောကလုံးအပေါ် ဖိနှိပ်လိုက်၏။ တာအိုသိုင်းပညာရှင်များပင် ကြောက်ရွံ့မှုကြောင့် တုန်ရီနေကြတော့သည်။

ချင်မူ၏ မျက်နှာအမူအရာက စိုးစဉ်းမျှ မပြောင်းလဲချေ။ သူ ခေါင်းမော့လိုက်သည့်အခါ သူ၏ နောက်ကျောရှိ လောကသစ်ပင်သည် လှုပ်ခါလာ၏။ သူ၏ မဟာကောင်းကင်နတ်ဘုံက လောကသစ်ပင်ပေါ်တွင် ပျံဝဲလျက် တည်ရှိပြီး သူ၏ မူလဝိညာဉ်ကမူ ဖရိုဖရဲခန်းမအရှေ့တွင် ရပ်ကာ သခင်လေးလေးဆီမှ တာအိုစွမ်းအားကို ရင်ဆိုင်နေသည်။

“လေး၊ ခင်ဗျား မလုပ်နိုင်ပါဘူး”

ချင်မူက မတုန်လှုပ်သော အသံဖြင့် အေးဆေးစွာ မေးလိုက်သည်။ “ဒီနေရာမှာ တိုက်ခိုက်ရင် ငါတို့ ကောင်းကင်နတ်ဘုံရဲ့ စစ်တပ်ကြီးကို ဖျက်ဆီးပစ်မိမှာ မကြောက်ဘူးလား”

“မီလော့နန်းတော်ရဲ့ တာအိုကျင့်စဉ်နဲ့ တန်ခိုးတွေက အပြင်ကို မပျံ့နှံ့နိုင်ဘူး”

သခင်လေးသုံးက ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ခန္ဓာကိုယ်ကို ထိန်းချုပ်လျက် ရောက်လာသည်။ သူက လက်နှစ်ဖက်ကို နောက်ပစ်ကာ ဆက်ပြော၏။ “ငါ့ရဲ့ တိုက်ခိုက်မှုမှာ ကမ္ဘာဦးဘုံတစ်ဘုံလုံးကို ဖျက်ဆီးနိုင်တဲ့ စွမ်းအား ကိန်းအောင်းနေရင်တောင် တစ်စွန်းတစ်စမှ အပြင်ကို စိမ့်ထွက်မသွားစေရဘူး … ညီခုနစ်၊ မင်းဟာ မီလော့နန်းတော်ရဲ့ တာအိုကျင့်စဉ်၊ လမ်းစဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေကို အပေါ်ယံပဲ လေ့လာရသေးတာ… တကယ် ကျွမ်းကျင်တာ မဟုတ်သေးဘူး… ဆရာ့ရဲ့ အစွမ်းအစဆိုတာမျိုးက မင်း မရောက်နိုင်တဲ့ အဆင့်ပဲ … မင်းက ကိုယ့်ဘာသာ ထောင်ချောက်ထဲ ဝင်လာတာ… ဒီနေ့ ဒီနေရာမှာ မင်းကို အနိုင်ယူပြီး အတိတ်ကို ပို့ပေးလိုက်တာ မကောင်းဘူးလား”

ချင်မူ ဟားတိုက် ရယ်မောလိုက်ပြီး သူတို့ကို ကြည့်လိုက်သည်။ “ခင်ဗျားတို့ နှစ်ယောက်ထဲက ဘယ်သူ အရင်လဲ”

“ခုနစ်၊ ငါတို့ ရှိနေရင် ဘယ်သူ့ကိုမှ မင်း မသတ်နိုင်ဘူး”

သခင်လေးလေးက ချင်မူကို ကျော်ကြည့်လိုက်ကာ တည်ကြည်လေးနက်စွာ မိန့်လေသည်။ “ကျန်တဲ့လူတွေ အကုန် တပ်ဖွဲ့တွေနဲ့အတူ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာဆီ ချီတက်ကြ… ဒီနေရာမှာ ဘယ်သူမှ မကျန်ခဲ့စေနဲ့”

ချင်မူ့ ဦးခေါင်းအနောက်တွင် ဟင်းလင်းပြင် အလွှာများစွာ ဖြာထွက်လာသည်။ ဝှစ်ခနဲ အသံနှင့်အတူ ကောင်ကင်နတ်ဘုံတွင် ရှိနေသမျှသူတိုင်း သူ၏ ကောင်းကင်ရတနာနယ်ပယ်ထဲသို့ ဆွဲသွင်းခံလိုက်ရချေပြီ။ ကောင်းကင်နတ်ဘုံ၏ တပ်ဖွဲ့များ၊ ကောင်းကင်ပေါ်ရှိ ရွှမ်တုစစ်တပ်၊ ကမ္ဘာဦးဘုံနှင့် ထပ်နေသည့် ယိုတုစစ်တပ်ပင်လျှင် ထိုအခိုက်အတန့်၌ သူ၏ ကောင်းကင်ရတနာနယ်ပယ်ထဲသို့ အားလုံး ကျရောက်သွားကြတော့သည်။

ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားမိစ္ဆာများ၊ စစ်သည်တော်များမှာ မည်သည့်ဘက်သို့ ကြည့်သည်ဖြစ်စေ ချင်မူကိုသာ မြင်ကြရ၏။

သူတို့ မည်သည့်ဦးတည်ရာသို့ သွားသည်ဖြစ်စေ ချင်မူ့ကိုသာ မျက်နှာချင်းဆိုင်နေကြရသည်။

ထို့အပြင် ချင်မူတစ်ယောက်တည်း မဟုတ်ပေ။

ကောင်းကင် ၃၃ ဘုံ၌ လောကသစ်ပင် ၃၃ ပင် ရှိပြီး သစ်ပင်များအောက်တွင် ချင်မူ ၃၃ ယောက် ရပ်နေကြ၏။

ချင်မူက လက်နှစ်ဖက်ကို နောက်ပစ်၍ မလှုပ်မယှက် ရပ်နေသည်။ ဟင်းလင်းပြင် အလွှာများစွာ ဖြာထွက်သွားသည့်အခါ သူ၏ ကောင်းကင်နတ်သိုင်းက ကောင်းကင် ၃၃ ဘုံကို ဖော်ဆောင်လိုက်၏။ ကောင်းကင် ၃၃ ဘုံသည် လုံး၀ မထပ်နေဘဲ ကောင်းကင်နတ်ဘုံ၏ စစ်တပ်အပေါင်းအား ကောင်းကင် ၃၃ ဘုံ၏ မတူညီသော နေရာများတွင် ထားရှိထားသည်။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်နတ်ဘုံ၏ စစ်ရေး၀င်္ကပါတို့သည် အလွန် အင်အားကြီးမားသည် မဟုတ်ပါလော။ ကောင်းကင်နတ်ဘုံ၏ တပ်ဖွဲ့အားလုံး စုပေါင်းလိုက်လျှင် သူ၏ ကောင်းကင် ၃၃ ဘုံ ကောင်းကင်ရတနာနယ်ပယ်ကို ဖြိုခွင်းရန် ခက်ခဲမည်မဟုတ်ပေ။

သို့ဖြစ်၍ ထိုအင်အားစုများအား ခွဲထားရလိမ့်မည်။

ရုတ်တရက် ကောင်းကက်နတ်ဘုံစစ်သည်တော်တစ်ဦး ဘုန်းခနဲ မြေပေါ်သို့ လဲကျသွားသည်။ ထိုသူမှာ ကြောက်လန့်လွန်း၍ အသည်းနှလုံး ပေါက်ကွဲကာ လိပ်ပြာထွက်သွားခြင်း ဖြစ်လေသည်။

သခင်လေလေး မျက်မှောင်ကြုတ်လိုက်သည်။

“ခုနစ်ရဲ့ ဘ၀ပြန်၀င်စားခြင်းကောင်းကင်နတ်သိုင်းက တကယ်ပဲ မီလောနန်းတော်ရဲ့ အကောင်းဆုံးထဲက တစ်ခုပဲ”

သခင်လေးသုံးသည် လှောင်ပြုံးပြုံးလျက် လက်နှစ်ဖက်ကို နောက်ပစ်ထားရင်းဖြင့် ရှေ့တိုးလိုက်၏။ သူတို့၏ အရှိန်အဝါများ ဝင်တိုက်သွားပြီး ချင်မူ၏ တာအိုအဆင့် ကောင်းကင်ဘုံအလွှာများ တုန်ခါသွားသည်။ ထိုအခိုက်အတန့်၌ သူ၏ နယ်ပယ်ထဲမှ ယိုတုမိစ္ဆာစစ်တပ် ချက်ချင်း လွတ်မြောက်သွားတော့သည်။

“ကောင်းကင်နတ်အရှင်ရှု၊ မင်း ဦးဆောင်ပြီး ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကို တိုက်ခိုက်ချေမှုန်းပေး... သွေးယဇ်ပူ‌ဇော်မှုကို စတင်ရမယ်”

သခင်လေးသုံးက မှင်သေသေ အမိန့်ပေးနေသည်။ “ဒီတိုက်ပွဲမှာ ကောင်းကင်နတ်အရှင်တွေတောင် မင်းနဲ့ ရင်ဆိုင်တိုက်ခိုက်ဖို့ ခက်ခဲလိမ့်မယ်.. မြန်မြန်သွားတော့”

ကောင်းကင်နတ်အရှင်ရှုမှာ မူလက ချင်မူ၏ နယ်ပယ်တွင် ပိတ်မိနေခဲ့သောကြောင့် မည်သည့်နေရာသို့ ကြည့်သည်ဖြစ်စေ ချင်မူကိုသာ မြင်နေရသဖြင့် စိတ်ထဲ၌ မျှော်လင့်ချက်မဲ့နေခဲ့သည်။ သို့သော် သခင်လေးသုံး၏ ခြေတစ်ချက် ဆောင့်ချလိုက်မှုကြောင့် ချင်မူ၏ နယ်ပယ်မှ လွတ်မြောက်သွားခဲ့လေပြီ။ သူမမှာ စိတ်အေးသက်သာစွာဖြင့် သက်ပြင်းချလိုက်မိ၏။

သူမ‌အအနေဖြင့် ချင်မူကို ရင်ဆိုင်ရမည် ဆိုလျှင် ချင်မူ၏ တိုက်ကွက်တစ်ကွက်ကိုပင် အပြည့်အ၀ ခံနိုင်ရည်ရှိမည် မဟုတ်ဟုပင် ထင်ထားခဲ့သည်။

သို့သော် သခင်လေးသုံး၏ စကားက သူမကို တွေဝေသွားစေသည်။ သွေးယဇ်ပူဇော်မှုကို စတင်လျှင် မီလော့နန်းတော်မှ တာအိုသိုင်းပညာရှင်များ ဆင်းသက်လာနိုင်လိမ့်မည်။ မီလော့နန်းတော်မှ တာအိုသိုင်းပညာရှင်များ ဆင်းသက်လာပါက သူမ‌အနေဖြင့် ယခုကဲ့သို့ ရာထူးမျိုး ရနိုင်ပါဦးမည်လား။

သို့သော် ဤအတွေးသည် သူမ၏ စိတ်ထဲ၌ ခဏတာသာ ထွက်ပေါ်လာပြီး သူမက ခေါင်းထဲမှ ထုတ်လိုက်သည်။

“ယိုတုသားတော်တို့ ငါနဲ့ အတူ တိုက်ပွဲဝင်ကြစို့”

သူမသည် ယိုတုကြာပွတ်ကို ဝှေ့ရမ်းရင်း မရေမတွက်နိုင်သော ယိုတုမိစ္ဆာနတ်ဘုရား အမြောက်အမြားကို ဦးဆောင်၍ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ လန်ဖုန်းတောင်ကြားသို့ ချီတက်သွားတော့၏။

သခင်လေးလေးက အရှိန်အဝါထုတ်ဖော်ကာ ခြေကို ပြင်းထန်စွာ ဆောင့်လိုက်သည်။ ချင်မူ၏ တာအိုအဆင့် ကောင်းကင်ဘုံလေးဘုံ ထပ်မံ တုန်ခါသွားပြီး ရှေးဟောင်းနတ်ဘုရားဘုရင်မှာ သူ၏ ပခုံးမှ ၀န်ထုပ်ကြီး ပျောက်ကွယ်သွားသလို ခံစားလိုက်ရ၏။ သူက ရွှမ်တုစစ်တပ်ကို ချက်ချင်း ဦးဆောင်ကာ ချင်မူ၏ ကောင်းကင်ရတနာနယ်ပယ်မှ လွတ်မြောက်သွားတော့သည်။

“ရှေးဟောင်းနတ်ဘုရားဘုရင်၊ မင်း ကောင်းကင်နတ်အရှင်ရှုနဲ့အတူ သွားပြီး ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကို သွေးယဇ်ပူဇော်ချည်” သခင်လေးလေးက မှင်သေသေ မိန့်လိုက်သည်။

ရှေးဟောင်းနတ်ဘုရားဘုရင်က ဦးညွှတ်အရိုအသေပြုကာ ရွှမ်တုစစ်တပ်ကို ချက်ချင်း ခေါ်ဆောင်၍ ထွက်ခွာသွားသည်။

သခင်လေးသုံးနှင့် သခင်လေးလေးတို့၏ အကြည့်က ချင်မူအပေါ်သို့ ကျရောက်လာ၏။

လန်ဖုန်းတောင်ကြား၌ လန်ယွီတျန်း၏ သုံးရက်တာ တာအိုဟောပြောမှုကား အဆုံးသတ်သွားချေပြီ အဘွားစစ်က ချက်ချင်း လွှဲပြောင်းတာ၀န်ယူကာ ဘိုးဘေးနန်းတော် တာအိုကျင့်စဉ်စနစ်အပေါ် သူမ၏ သိမြင်နားလည်မှုကို ရှင်းလင်းဟောပြောနေသည်။

ကောင်းကင်နတ်အရှင်ရုံ မျက်မှောင်ကြုတ်လိုက်မိသည်။ ယိုတုနတ်ဘုရားမိစ္ဆာစစ်တပ်ကား ကမ္ဘာဦးဘုံ၏ ယိုတုမှ ချီတက်လာချေပြီ။ ပုံမှန်ဆိုပါက သူ့အတွက် ပြဿနာ မရှိပေ။ သို့သော် ယခုတွင် သူ၏ သိုင်းအဆင့်မှာ အဆင့်သုံးဆင့်နှင့် တစ်၀က်တိတိ ဖြတ်တောက်ခံထားရသောကြောင့် ကောင်းကင်နတ်အရှင်ရှု၏ ပြိုင်ဘက် မဟုတ်တော့ပေ။

ထိုမျှသာမက ကောင်းကင်နတ်အရှင်ရှု၏ လက်အောက်ခံ မိစ္ဆာနတ်ဘုရားများမှာ အရေအတွက် ကြီးမားလွန်းသည်။ သူ့အနေဖြင့် ကောင်းကင်နတ်အရှင်ရှုကို တားဆီးနိုင်သည် ဆိုဦးတော့ ဤမျှ များပြားသော မိစ္ဆာနတ်ဘုရားစစ်တပ်ကို တားဆီးနိုင်မည်မဟုတ်ပေ။

တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်အရှင်ယွဲ့က လန်ဝူဆီ လှမ်းကြည့်လိုက်သည်။ အမျိုးသမီးနှစ်ဦးသည် အချင်းချင်း နားလည်စွာဖြင့် ရှေးဟောင်းနတ်ဘုရားဘုရင်ကို ရင်ဆိုင်ရန် အသီးသီး ထရပ်လိုက်ကြ၏။

အားချိုက ထရပ်လိုက်ရာ ကောင်းကင်နယ်စားမင်းက ပြောသည်။ “ညီတော်၊ တခြားသူတွေ ထွက်လို့ မရဘူး… ထွက်ရင် အသက်အန္တရာယ် ရှိနိုင်တယ်… ကောင်းကင်နန်းဆောင် ကျင့်စဉ်စနစ်ကို မကျင့်ကြံထားတဲ့ မင်းနဲ့ ငါ နှစ်ယောက်တည်းသာ အထွတ်အထိပ် စွမ်းအားကို ထိန်းထားနိုင်သေးတယ်…. ဒါက မင်းနဲ့ ငါရဲ့ စစ်ပွဲပဲ… ဒီနေ့ ရှောင်လွှဲလို့ မရတော့ဘူး… ဒီနေ့သာ အောင်မြင်ရင် ငါတို့ တာအို အောင်မြင်နိုင်မယ်… မအောင်မြင်ရင်တော့ ခန္ဓာကိုယ် ပျက်စီးပြီး တာအို ပျောက်ဆုံးလိမ့်မယ်..”

ကောင်းကင်နယ်စားမင်းမှာ တွေဝေနေသေးသော်လည်း ထရပ်လိုက်ကာ အထွတ်အမြတ် ကောင်းကင်တာအိုရတနာ ၅၀ ကို ထုတ်လွှတ်လိုက်သည်။ “ငါ့သားမိုက် ရှေးဟောင်းနတ်ဘုရားဘုရင်ကိုတော့ ငါ သွားရှင်းရမှာ မှန်တယ်.. ဒါပေမဲ့ ညီတော်၊ မင်း သတိထားရမယ်.. ကောင်းကင်နတ်အရှင်ရှုက ကောင်းကင်နတ်အရှင်ဆယ်ပါးထဲက တစ်ပါးပဲ… မင်းရဲ့ သမီး မဟုတ်တော့ဘူး.. ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ”

အာချိုက ပြုံးလိုက်သည်။ “ဒီဘဝမှာ ကျုပ်ဟာ လူသားတစ်ယောက်ပဲ... လူသားတစ်ယောက်ရဲ့ တာဝန်ကို ကျေပွန်ချင်တယ် … ကောင်းကင်နတ်အရှင်ရုံ၊ မင်း ယိုတုရဲ့မိစ္ဆာနတ်ဘုရားတွေကို တားဆီးနိုင်မလား”

ကောင်းကင်နတ်အရှင်ရုံမှာ စိတ်ရှုပ်ထွေးနေ‌သော မျက်နှာအမူအရာဖြင့် သူ့ကို ကြည့်လိုက်သည်။

အားချိုက မျှော်လင့်ချက်ကြီးစွာဖြင့် ကြည့်နေလေရာ ကောင်းကင်နတ်အရှင်ရုံ ခေါင်းညိတ်လိုက်မိ၏။ “တျန်းချိကျွင်းဆိုတာ ယိုတုကို အမိန့်ပေးနိုင်တဲ့သူပဲ.. ဒါက မြေအောက်ဘုံအရှင်သခင်ကိုယ်တိုင် ခန့်အပ်ထားတာ မဟုတ်လား… ကျုပ် တားဆီးနိုင်မှာပါ”

တျန်းချိကျွင်းဆိုသည်မှာ ယိုတု၏ နတ်မင်းဖြစ်ပြီး မြေအောက်ဘုံအရှင်သခင်ကိုယ်တိုင် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်နတ်အရှင်ရုံနှင့် မြေအောက်ဘုံအရှင်သခင်၏ ဆက်ဆံရေးသည် ချင်မူနှင့် ဆက်ဆံရေးထက်ပင် ပိုမိုကောင်းမွန်၏။

မြေအောက်ဘုံအရှင်သခင်က အားချိုအဖြစ် ပြန်လည်၀င်စားခဲ့သော်လည်း သူ အကူအညီ တောင်းဆိုလာပါက ကောင်းကင်နတ်အရှင်ရုံမှာ မငြင်းပယ်ဝံ့ပေ။ အားချို၏ ခရီးလမ်းက မည်မျှ အန္တရာယ်များလိမ့်မည်ကို သိထားလျှင်တောင်မှ ကူညီမည်သာ ဖြစ်သည်။

အားချို၏ ရုပ်ဆိုးသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ထွန်းလာပြီး သူ၏ ခန္ဓာကိုယ်က ကမ္ဘာဦးဘုံယိုတုထဲသို့ ဖြည်းဖြည်းချင်း နစ်မြုပ်သွား၏။ သူက ဝမ်းမြောက်ဝမ်းသာ လှမ်းပြောသည်။ “ဒီနေ့ဟာ ငါ့ရဲ့ တာအိုနှလုံးသား ပြီးပြည့်စုံမယ့်နေ့ပဲ”

ကောင်းကင်နတ်အရှင်ရုံက စက္ကူလှေပေါ် နင်း၍ သူ့အနောက်မှ ကမ္ဘာဦးဘုံယိုတုထဲသို့ ဝင်ရောက်သွား၏။ သူ၏ ခန္ဓာကိုယ် တစ်ချက် ယိမ်းသွားသည့်အခါ မရေမတွက်နိုင်သော မရဏတမန်တော်များက စက္ကူလှေများတွင် ပေါ်လာသည်။ အရေအတွက်သည် သန်းချီရှိကာ ယိုတုမိစ္ဆာနတ်ဘုရားစစ်တပ် ရောက်လာမည်ကို စောင့်နေကြချေပြီ။

All Chapters