အခန်း (၂၁၂)
Vol. 22 Ch. 212
ကျန်းကျန်းသည် မည်သူမျှမရှိသည့်နေရာတစ်ခုကို ရှာလိုက်ကာ ပေရှားသို့ နေရာကူးပြောင်းသွားလိုက်ပြီး တောင်ပေါ်တွင်ရပ်တန့်လိုက်ပြီး ရင်းနီးနေသည့် ဇာတိမြို့လေးအား လှမ်းကြည့်လိုက်သည်။
ပင်းချန်မှ ခြံဝင်းများတွင် မီးခိုးတစ်လူလူထွက်နေခဲ့ပြီး အလုပ်ဆင်း၍ အိမ်သို့အမြန်ပြန်နေခဲ့ကြကာ နေရာအနှံ့က အလွန်ပင် သက်ဝင်လှုပ်ရှားလို့နေခဲ့သည်။
ကျန်းကျန်း လီမူစန်း၏အိမ်သို့ သူမ၏အသိစိတ်ဖြင့် လှမ်းကြည့်လိုက်လျှင် အိမ်တံခါးကို သော့ခတ်ထားသည်ကို တွေ့လိုက်ရပြီး လီမင်ကျုံးနှင့်ထျန်းဟူတို့က ခြံဝင်းတွင်လှဲလျောင်းကာ သမ်းဝေနေကြလေသည်။
အိမ်တွင် ဘယ်သူမှရှိမနေသောကြောင့် ကျန်းကျန်းလည်း လီမင်ကျုံးအား တောင်ပေါ်သို့ မခေါ်တော့ဘဲ ခြံဝင်းထဲသို့ အလင်းတစ်ချက်နှင့် ဝင်လာခဲ့ သည်။ လီမင်ကျုံးမှာ သူ့နောက်မှအရှိန်အဝါကို သတိထားမိလိုက်ပြီး ချက်ချင်းမတ်တပ်ရပ်ကာ ကျန်းကျန်းဆီသို့ ပစ်ဝင်လိုက်သည်။
လီမင်ကျုံးက သူ၏ရှေ့ခြေများကို သူမ၏ပုခုံးပေါ်သို့တင်ထားခဲ့ပြီး အရပ်က သူမ နီးပါးမြင့်လုနီးပါးရှိနေသည်ကိုမြင်တော့ ကျန်းကျန်းကချက်ချင်းပင် သူ၏ ခေါင်းလေးအားပွတ်သပ်လိုက်သည်။
“တတိယဦးလေးနဲ့အဒေါ်တို့ ဘယ်မှာလဲ?”
“လီမင်ကွမ်းရဲ့ဇနီးသည်ဘက်က အဖွားအိမ်ကိုသွားတာ၊ မနက်ဖြန်မနက်ဖြန်လာမယ်လို့ပြောသွားတယ်”
လီမင်ကျုံးက ကျန်းကျန်းအားအသိစိတ်ထဲမှပြောလိုက်သည်။
ယနေ့ညတွင် တခြားလူများက အိမ်မှာ မရှိသောကြောင့် ကျန်းကျန်းက ဖုန်းကွယ်သိုဝှက်ခြင်းမရှိဘဲ အေးအေးဆေးဆေးပင် အသားအိုးတစ်အိုးကို ပေါ်ပေါ်ထင်ထင်ထုတ်ယူလာခဲ့သည်။
လီမင်ကျိုးသက အသားများကိုမြင်လို့ စိတ်လှုပ်ရှားခြင်းမရှိဘဲ မနေနိုင်တော့ဘဲ တစ်အိုးလုံးကို မိနစ်အနည်းငယ်နှင့်အပြောင်ရှင်းလိုက်လေသည်။
သို့သော် ထျန်ဟူကမူ ကွဲပြားလေသည်။ လွန်ခဲ့သည့်နှစ်နှစ်ကတည်းက တရုတ်နှစ်ကူးတွင် အရိုးအကျန်များကိုသာ စားနိုင်ခဲ့ကာ သူ၏ သွားများမှာ အလွန်ဆိုးနေခဲ့ပြီဖြစ်သည်။
ထို့ကြောင့် အရိုးကြီးကိုကိုက်ထားရသည့်သွားများဖြင့် အလွန်အမင်းမကိုက်ရဲဘဲ လျှာနှင့်သာလျက်နေခဲ့ရသည်။
လီမင်ကျုံးသည်လည်း သူ၏အရူးညီလေးအပေါ် အလွန်စိတ်ရှည်နေခဲ်သည်။
ထိုကောင်က အသားပန်းကန်ရှေ့တွင်ခုန်ပေါက်နေသည်ကိုကြည့်ကာ ရန်လုပ်ခြင်းမလုပ်ဘဲ သူ့ဘာသာသူစားနေခဲ့သည်။
ထို့နောက် မတ်တပ်ပြန်ရပ်ကာ ကျန်းကျန်းအား ပွေ့ဖက်၍ သူ့ခေါင်းကိုပွတ်သပ်ပေးရန် လှုံ့ဆော်လိုက်လေသည်။
ကျန်းကျန်းက ခြံထဲမှ ခွေးခြေခုံလေးတွင်ထိုင်နေချိန် လီမင်ကျုံးက ကျန်းကျန်း၏ခြေထောက်နားတွင် လှဲနေခဲ့သည်။
ကျန်းကျန်း ထျန်းဟူတစ်ကောင် ဗိုက်ဝပြီး သူ၏အမြှီး သူမဆီယမ်းခါမလာခင်အချိန်ထိ လီမင်ကျုံး၏အမွှေးများကိုထပ်ခါထပ်ခါပွတ်သပ်ပေးနေခဲ့သည်။
လီမင်ကျုံးမှာ ပျင်းရိလို့နေခဲ့ပြီး ကျန်းကျန်းဆီသို့သွားကာ သူ့၏ခြေထောက်ကို မြှောက်ပြီး ခေါင်းကိုပုတ်ခိုင်းလိုက်ပြန်ကာ နောက်ထပ်စားချင်ကြောင်းပြောနေခဲ့သည်။
လီမင်ကျုံးနှင့်ကျန်းကျန်းတို့က အချိန်အတော်ကြာအောင် အတူရှိနေခဲ့ကြ၍လားမသိပါချေ။ လီမင်ကျိုး၏အရွယ်အစားနှင့် အသွင်အပြင်တို့မှာ အသက်ကြီးရင့်လာခြင်းမရှိရုံတင်မကဘဲ ထိုအစား ငယ်ငယ်တုန်းကကဲ့သို့ အားမာန်အပြည့် ရှိနေခဲ့သည်။
သို့သော် ယခုအချိန်တွင် ကျန်းကျန်းလည်း အိမ်တွင်မရှိ၍ လီမင်ကျုံးသည်လည်း အမဲလိုက်ဖို့ရန်အတွက် စိတ်အားထက်သန်မှု မရှိပေ။
လီမင်ကျုံးတွင် အစာအိမ်ကောင်းကောင်းတစ်ခုရှိသည်။ ထို့ကြောင့် လက်ရှိတွင် သူတစ်ကောင်တည်းဖြင့် အသားတစ်အိုးလုံးကို အချိန်တိုအတွင်းရှင်းပစ်လိုက်လေသည်။
ကျန်းကျန်းက အိုးကိုပြန်ယူကာ လီမင်ကျုံး၏ခေါင်းအား ပုတ်ပေးလိုက်သည်။
“ဒီမှာနေရတာပျင်းရင် ငါ နင့်ကိုတော်ဝင်မြို့တော်ဆီကို ခေါ်သွားလို့ရအောင်ကြိုးစားကြည့်မယ်”
လီမင်ကျိုး၏မျက်လုံးများထဲတွင် ပျော်ရွှင်မှု အလင်းတန်းများဖြင့်တောက်ပလာပြီး ခေါင်းငြိမ့်တော့မည့်အချိန်တွင် သူ၏ဘေးတွင်လှဲနေသည့် ထျန်းဟူအား ပြန်ကြည့်လိုက်ပြီး ပြန်လည်ငြိမ်သက်သွားခဲ့ပြန်သည်။
“ငါသူနဲ့အရင်တိုင်ပင်ကြည့်လိုက်ဦးမယ်၊ သူသွားမယ်ဆိုရင် ငါလည်းတော်ဝင်မြို့တော်ကိုသွားမယ်”
“ကောင်းပြီ ဒါဆို နင့်ကိုပဲ အပ်ထားလိုက်ပြီ”
ကျန်းကျန်းက လီမင်ကျိုး၏ ခန္ဓာကိုယ်ကိုယ်အား သူမ၏ခန္ဓာကိုယ်မှ အရိပ်အငွေ့များဖြင့် အာဟာရဖြည့်ပေးလိုက်ပြီး တစ်ဆက်ထဲ မိသားစုအကြောင်းမေးလိုက်သည်။
“အစ်ကိုနဲ့ယောက်မတို့ရော နွေရာသီအားလပ်ရက်တွေမှာပြန်လာသေးလား?”
လီမင်ကျိုးမျက်လုံးမှိတ်ထားခဲ့ရာမှ မျက်လုံးပြန်ဖွင့်လိုက်ပြီး ကျန်းကျန်းကိုကြည့်ကာ အသိစိတ်ဖြင့် ပြောလိုက်သည်။
“မင်းရဲ့အကြီးဆုံးအစ်ကိုနဲ့ယောက်မတို့က လွန်ခဲ့တဲ့တစ်လလောက်က ပြန်လာနေပြီး မိသားစုထဲမှာရှိတဲ့ အိမ်တွေကိုသန့်ရှင်းရေးလုပ်ကြတယ်? အသားဘန်းမုန့်ကတော့နောက်နှစ်စာမေးပွဲဖြေရမယ်တဲ့၊ ကောလိပ်အတွက် သူ စာအရမ်းကြိုးစားနေတယ်လို့ ငါထင်တာပဲ၊ သူ မနက်စောစော မြစ်ကမ်းဘေးမှာထိုင်ပြီး စာတွေ ပြန်ဖတ်နေတာကိုတွေ့တယ်၊ မင်ရုန်နဲ့မင်ကွမ်းတို့ထက်သာတယ်ပြောရမယ်”
“ဒါဆို မင်ရုန်နဲ့မင်ကွမ်းတို့က ဒီနှစ် ဝင်ခွင့်စာမေးပွဲ အောင်သွားပြီလား? ဘာလို့ တတိယအဒေါ်ပြောတာကို မကြားတာလဲ?”
“မင်ရုန်က စာမေးပွဲကျတယ် ၊မင်ကွမ်းကတော့ စက်မှုလက်မှုကျောင်းကိုဝင်ခွင့်ရတယ်”
လီမင်ကျုံးသမ်းဝေလိုက်ပြီး သူ၏မျက်ခွံများမှာ အနည်းငယ်လေးလံလာသည်။
“တတိယအဒေါ်ကအရမ်းပျော်နေတယ်လေ ၊ သူမက တကယ်လို့ မင်ကွမ်းသာ ကြိုးကြိုးစားစားသင်ယူမယ်ဆိုရင် အနာဂတ်မှာအဆင့်ရှစ် အလုပ်သမားဖြစ်လာနိုင်တယ်လို့ပြောတယ်”
ကျန်းကျန်း သက်ပြင်းချလိုက်သည်။
“တတိယအဒေါ်ရဲ့အမြင်က ခုထိ မကောင်းသေးဘူးဘဲ ၊ ငါတို့မိသားစုအတွက် ကံအကောင်းဆုံးက အဖွားက ငါတို့နဲ့အတူနေတဲ့အတွက်ကြောင့်ပဲဖြစ်လိမ့်မယ်၊
သူမသာ ထိန်းကွပ်ပေးနေရင် ငါတို့မိသားစုက ဆိုးဆိုးရွားရွားတွေ ဖြစ်လာမှာမဟုတ်ဘူး”
*
ရှဲ့ယန်နန်တတိယအကြိမ်အဖြစ်ကုသမှု၏ နောက်ဆုံးဆေးကို သောက်ပြီးနောက်တွင် သမားတော်ကျန်းက သူမကို ဆေးသောက်ရန်အတွက် ဆက်မညွှန်းဘဲ သူမ၏ခန္ဓာကိုယ်အတွက် သင့်လျော်သည့် ဆေးနည်းအချို့ကိုပေးကာ အစားအသောက်ကုထုံးကို အာရုံစိုက်ရန် ပြောခဲ့သည်။
တရုတ်တိုင်းရင်းဆေးအား တစ်လသောက်ပြီးနောက်တွင် ရှဲ့ယန်နန်၏ခန္ဓာကိုယ်မှာ များစွာတိုးတက်လာခဲ့သည်
ကျောနာခြင်းနှင့်ခြေဖျားလက်ဖျားအေးခြင်းများက ပျောက်သွားပြီး ညဘက်တွေမှာလည်းနိုးမလာတော့ချေ။
ယခုတွင် ကျောင်းဖွင့်နေပြီဖြစ်ရာ လီမင်ရှီ၏သားဖြစ်သူ ယွမ်ရှောင်းသည်လည်း တခစ်ခစ်ရယ်မောနေရသည့်ရက်များ ကုန်ဆုံးသွားကာ နေ့တိုင်း ကျောင်းသို့သွားနေရပြီဖြစ်သည်။
ကလေးများက အိမ်တွင်မရှိသည့်အချိန်တွင် ရှဲ့ယန်နန်မှာ များစွာ ပို၍ သက်တောင့်သက်သာဖြစ်သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်
သူမက မနက်တိုင်း ဥယျာဉ်ဆီသို့ သွားကာ လတ်လတ်ဆတ်ဆတ်အသီးအရွက်များခူးပြီး ခေါက်ဆွဲနှင့်စွပ်ပြုတ်ပူပူလေးလုပ်မည် သို့မဟုတ် အချိန်မကုန်လူ မပင်ပန်းအောင် ဂျုံချောင်းကြော်၊ ပဲနို့၊ ဘန်းမုန့်ပေါင်းနှင့်အသားပေါင်မုန့်လုံးတစ်ချို့အား သွားဝယ်မည်ဖြစ်သည်။
လီမူဝူကတော့ မနက်စာစားပြီးနောက်တွင် လီမူဝမ်း၏ငါးမြှားတံကိုယူကာ ဟုန်ယန်အိမ်ရာအစနားမှရေကန်သို့ ငါးသွားမြှားလေ့ရှိသည်။
သုံးလေးရက်လောက်ကြာမှသာ ငါးတစ်ကောင်လောက်ကို ဖမ်းမိသော်လည်း လီမူဝူမှာပျှော်ရွှင်နေဆဲပင်။
သူက အိမ်မှလူများ သူ့ကိုပြန်မခေါ်ခင်အထိ အများအားဖြင့် ထိုနေရာမှာသာ ရှိနေလေ့ရှိသည်။ တစ်ခါတရံတွင် နေ့လည်စာစားရန်အတွက် အကြိမ်များစွာအော်နေရလေ့ရှိသည်။
ပန်းကန်များကို ဆေးကြောပြီးနောက် လီမင်ရှီနှင့် မုန်ရှောင်ရှီတို့က ခြံဝင်းထဲတွင် စားပွဲတစ်လုံးနှင့် ခုံနှစ်လုံးချကာ စာဖတ်ရင်းဖြင့် လက်ဖက်ရည်သောက်နေခဲ့ကြသည်။ ရှဲ့ယန်နန်က ကလေးယူရန် စီစဉ်ထားသောကြောင့် ကျန်းကျန်းပေးထားသည့် အသီးလက်ဖက်ရည်ကို သောက်နေခဲ့လေသည်။
လီမင်ရှီ၏ရှေ့တွင်တော့ လက်ဖက်စိမ်းရေနွေးခွက်တစ်ခွက်ရှိနေသည်။
သူသည်ကား မထင်ရှားသည့် ပရော်ဖက်ရှင်နယ်စာအုပ်အား ဖတ်နေရင်း ရံဖန်ရံခါတွက် လက်ဖက်ရည်ခွက်ကိုမ,ကာ တစ်ငုံချင်းသောက်နေခဲ့သည်။
ထိုစုံတွဲမှာ ဆယ်နှစ်ကျော်သည်အထိ အလုပ်များလာခဲ့ရပြီး ယခုအခါတွင် သူတို့အတွက် ပထမဆုံးအကြိမ်အဖြစ် ဤကဲ့သို့အားလပ်ချိန်ရခြင်းဖြစ်ပေသည်။
ထို့ကြောင့် ဇနီးမောင်နှံစုံတွဲမှာ ရှားရှားပါးပါးနှစ်ဦးထဲ ပျော်ရွှင်စွာအချိန်ကုန်ဆုံးနေကြပြီး မစ္စလီကတော့ တစ်နေ့လုံး အတူရှိနေခဲ့ကာ ကြည့်ရှုရန်ပင် ငြီးငွေ့နေပြီဖြစ်ပေသည်။
အမျိုးသားနေ့အားလပ်ရက်အချိန်တွင်တော့ ရှဲ့ယန်နန်က သူမ၏အပျော်များကို အောင်အောင်မြင်မြင်ထုတ်ပြနေခဲ့ပြီး လီမင်ရှီမှာတော့ စက်ဝိုင်းပုံစံပတ်နေခဲ့သည်။
မဒမ်လီက သူ၏ ထိုပုံစံအားကြည့်ကာ ရယ်မောရင်းပြောလိုက်သည်။
“မင်ရှီကတော့ ခုနှစ်နှစ်၊ရှစ်နှစ်တုန်းကအတိုင်းပဲ ၊ ပျော်ပြီးဆိုရင်စက်ဝိုင်းပုံစံပဲ ပတ်နေတော့တာ ၊ သူ အရင်ဘဝတုန်းက မြည်းဖြစ်ခဲ့တာလားတောင် မသိတော့ဘူး ဒါပေမယ့် အဲ့စက်ဝိုင်းပုံပတ်တတ်တဲ့ အကျင့်ကိုပြင်နိုင်ပါတော့မလာ့ပဲ”
ဤခေတ်ကာလအချိန်တွင် အမျိုးသားနေ့အတွက် ပိတ်ရက်တိုမရှိသော် ထိုရက်မှာ ပိတ်ရက်အဖြစ် စနေ၊ တနင်္ဂနွေနှင့် ဆောင်းဦးလယ်ပွဲတော်တို့နှင့်ဆက်သွားခဲ့ပြီး တော်ဝင်မြို့တော်တက္ကသိုလ်နှင့် အမျိုးသားတက္ကသိုလ်မှ ပိတ်ရက် သုံးရက်ရရှိခဲ့လေသည်။
ကျန်းကျန်းက လီမင်ပေ၊ ဝမ်ရှင်းဝမ့်တို့နှင့် ညှိနှိုင်းကာ သောကြာနေ့ နေ့လည် အတန်းချိန်ပြီးသည့်နောက်တွင် အိမ်သို့ပြန်ကြရန် စီစဥ်ထားခဲ့လေသည်။
သူတို့ မောင်နှမသုံးယောက် တစ်နာရီကျော်ရထားစီးကာ ဟုန်ယန်န်သို့ရောက်ရှိလာကြပြီးနောက်တွင် လီမူဝူတစ်ယောက် ရေကန်ဘေး၌ထိုင်ကာ ငါးမျှားနေသည်ကိုတွေ့လိုက်ရသည်။
ကျန်းကျန်းတစ်ယောက် အဖေဖြစ်သူ၏ဘေးနားမှ ခြင်းအလွတ်ကိုကြည့်ကာ ကူကယ်ရာမဲ့စွာ ခေါင်းကိုခါယမ်းလိုက်ပြီး လီမူဝူ၏ လက်ထဲမှငါးမျှားတံကိုယူလိုက်လေသည်။
ထို့နောက် ငါးစာချိတ်လိုက်ပြီး ရေကန်ထဲငို့ ပစ်လိုက်သည်။ မိနစ်အနည်းငယ်အကြာတွင် ငါးမျှားတံမှာ လှုပ်ခါလာခဲ့ပြီး ငါးကြီးတစ်ကောင်ကလည်း ငါးမျှားချိတ်နှင့်အတူပေါ်လာခဲ့သည်။
ကျန်းကျန်း ပြန်ဆွဲလိုက်သည်နှင့် သုံးကီလိုထက် လေးသောငါးကြင်းကြီးတစ်ကောင်က ရေထဲမှ ပါလာခဲ့လေ၏။
လီမူဝူက ပိုက်ကွန်ခြင်းအား အမြန်ကောက်ကိုင်လိုက်ပြီး ငါးကြင်းကို ထည့်လိုက်သည်။
ကျန်းကျန်းက ချိတ်အား သုံးကြိမ်နှစ်ကြိမ်ချွတ်ကာ ငါးစာထပ်ချိတ်လိုက်ပြန်သည်။ နောက်ထပ် မိနစ်အနည်းငယ်အကြာတွင် ငါးကီလို၊ခြောက်ကီလိုခန့် အလေးချိန်ရှိသည့် ငါးခူကြီးတစ်ကောင်ကို ထပ်မံဖမ်းမိသွားခဲ့ပြန်သည်။
ကျန်းကျန်းက ငါးမျှားချိတ်အား လီမူဝူ့ထံသိာ့ ပြန်ပေးကာ ခြင်းအလေးကြီးကိုဆွဲကာ လီမင်ပေအား ပေးလိုက်ရင်း ပြောလိုက်သည်။
“အိမ်ပြန်ကြရအောင်၊ ဒီည ငါးခူနဲ့ခရမ်းသီးချက်စားကြမယ်”
ကျန်းကျန်း၏ ချောမောပြီးသပ်ရပ်သည့်နောက်ကျောပြင်အား ကြည့်ရင်း လီမူဝူနှင့်အတူ ငါးမျှားနေကြသည့်လူအနည်းငယ်မှာ အံ့ဩသင့်သွားကြသည် ။
“ညီအစ်ကိုလီ၊ မင်းသမီးရဲ့ ငါးမျှားတဲ့အရည်အချင်းကတော့ မင်းထက်သာတယ်နော်၊ မင်း မင်းရဲ့သမီးဘယ်ချိန်ကတည်းက သင်ပေးခဲ့လိုက်တာလဲ?”
**