အခန်း (၂၁၃)
Vol. 22 Ch. 213
လီမူဝူ၏မျက်နှာတွင် ဂုဏ်ယူခြင်းအပြည့်ရှိနေခဲ့ပြီး ပြောလိုက်လေသည်။
“ငါတင်မဟုတ်ဘူး ငါတို့တစ်မိသားစုလုံးတောင် ငါ့သမီးလိုမျိုး မလုပ်နိုင်ဘူး”
လီမူဝူ သူ့၏အနားမှလူအုပ်ကြီးအား တစ်ချက်ပြန်ကြည့်လိုက်ပြန်သည်။ ထို့နောက် စကားနည်းသည့်လီမူဝူမှာ စကားအနည်းငယ်ထပ် မပြောဘဲမနေနိုင်ပေ။
“ ငါ့သမီးက ဘယ်ကျောင်းမှာတက်တာလဲဆို မင်းတို့သိကြလား?’
လူအုပ်ကြီး ခေါင်းခါနေကြသည်ကိုကြည့်ပြီး လီမူဝူက ခေါင်းမော့ရင်ကော့ကာ ပြောလိုက်လေ၏။
“တော်ဝင်မြို့တော်တက္ကသိုလ်လေ၊ ငါတို့ဟေးခရိုင်ရဲ့ပထမနေရာကနေ ရောက်လာခဲ့တာကွ!”
သူ့ဘေးမှ သက်လတ်ပိုင်းအရွယ်အမျိုးသားက မတိုင်မီက ကောင်မလေးအား အသိအမှတ်ပြုလိုက်ရင်းဖြင့် ပြောလာသည်။
“တိုက်ဆိုင်လိုက်တာ ငါ့သားလည်း၊ တော်ဝင်တက္ကသိုလ်ကပဲ ၊ သူလည်းငါတို့တော်ဝင်မြို့တော် ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ ထိပ်ဆုံးကျောင်းသားပဲ”
လီမူဝူ ထိုစကားကြားသည့်အချိန်တွင် လက်မခံနိုင်ဖြစ်သွားသည်။
“မင်းရဲ့သားက ငါးဘယ်လိုမျှားရမလဲသိလို့လား?”
ရှီချန်ပေါ်တစ်ယောကာ ခဏမျှကြောင်အသွားပြီး မသိစိတ်မှလှည့်ပတ်ကြည့်လိုက်သည့်အခိုက်တွင် အချိန်ကိုက်ပင် သူ၏သားဖြစ်သူက ကျောင်းလွယ်အိတ်လွယ်ကာ လမ်းချိုးလေးမှ လျှောက်လာနေသည်ကိုတွေ့လိုက်ရသဖြင့် အလျှင်အမြန်ပင်လက်ဝေ့ယမ်းပြလိုက်သည်။
“ကျွင့်ကျဲ၊ ပြန်လာပြီလား၊ ဒီကို လာပြီး အဖေ့အတွက် ငါးလာဖမ်းပေးစမ်းပါဦး”
ရှီကျွင့်ကျဲသည်ကား ယနေ့တွင် ကျန်းကျန်းနှင့်အတူပြန်လာခြင်းပင် ဖြစ်လေ၏။
သို့သော် လီမင်ပေနှင့်ဝမ်ရှင့်းဝမ့်တို့ကပါ ဘတ်စ်ကားပေါ်တွင်ရှိနေသည်ကြောင့် သူမနှင့်အတူ ပေါ်ပေါ်တင်တင်အတူတွဲ၍မထိုင်ရဲခဲ့ပေ။
ရှီကျွင့်ကျဲက အနားသို့ လျှောက်လာကာ ခေါ်လိုက်သည်။
“အဖေ!”
ထို့နောက် သူ့ဘေးနားရှိ လူကိုလည်းနှုတ်ဆက်လိုက်သည်။
“မင်္ဂလာပါ ဦးလေး”
“အိုး ဒါက မင်းရဲ့သားလား ၊ သူက အရမ်းချောသားပဲ”
လီမူဝူတစ်ယောက်အတွက်တော့ သူ၏မရှိမဲ့ရှိမဲ့စကားများထဲမှ ထိုစကားသည်သာ လူတစ်ဦး၏ရုပ်ရည်ကိုချီးမွမ်းသည့်စကားဖြစ်နေခဲ့သည်။
သို့သော် ရှီကျွင့်ကျဲ၏မျက်နှာအားထပ်ကြည့်လိုက်မိလျှင် လီမူဝူမှာ ထိုစကားနှင့်မလုံလောက်ဟုခံစားလိုက်ရပြန်သည်။ သူ စဉ်းစားပြီးနောက် ထပ်ပြောလိုက်လေသည်။
“ငါ့သမီးလောက်နီးပါးပဲ”
ရှီချန်ပေါ်ပြုံးကာ ရှီကျွင့်ကျဲ၏ပုခုံးအားပုတ်လိုက်ပြီး ပြောလာခဲ့သည်။
“ဒါငါ့သားလေ တော်ဝင်တက္ကသိုလ်ရဲ့ပြင်သစ်ဌာန ပြင်သစ်မေဂျာက”
သူက လီမူဝူအားညွှန်ပြပြီး ရှီကျွင့်ကျဲကိုပြောလိုက်သည်။
“ဒါ ငါတို့ဘေးအိမ်က အန်ကယ်လီတဲ့၊ ကျေးလက်ဒေသကပြောင်းလာတာလေ၊ သူ့သမီးကလည်း တော်ဝင်တက္ကသိုလ်ကပဲတဲ့”
ထိုစကားကြားပြီးနောက် ရှီကျွင့်ကျဲ၏ မျက်လုံးများတောက်ပလာသည်။ ထိူသူမှာ လီမင်ကျန်း၏အဖေဖြစ်ရမည်ပင်။
သူက ချက်ချင်းပင် အပြုံးကြီး ပြုံးကာ ဝမ်းမြောက်ပျော်ရွှင်နေသည့် ဟန်ဖြင်် နှုတ်ဆက်လိုက်သည်။
“မင်္ဂလာပါ အန်ကယ်လီ ၊ကျွန်တော်က ရှီကျွင့်ကျဲပါ”
“အာ! အမ်း!”
လီမူဝူတစ်ယောက် သူ့ရှေ့မှ ယဉ်ကျေးလှသည့်လူငယ်လေးအကြည့်ကာ မည်သည့်စကားကို ပြန်ပြောရမလဲ မသိတော့ပေ။
သူသာ ပေရှားတွင်ဆိုပါက အပြင်သို့ထွက်တိုင်း သူ့အားဒုတိယဦးလေးဟုသာ ခေါ်ကြသည်။ ယခုအကြိမ်က အန်ကယ်ဟူသည့်လေးနက်သည့်ခေါင်းစဉ်အား ပထမဆုံးကြားဖူးခြင်းဖြစ်လေသည်။
ရှီချန်ပေါ်က သူ့သားမှာ တစ်ဖက်လူအပေါ် ဖခင်ဖြစ်သူအပေါ်ထက် ပိုပြီး စိတ်အားထက်သန်စွာ ပြုံးပြနေသည်ကိုကြည့်ကာ အနည်းငယ်ပဟေဋိဖြစ်လို့သွားခဲ့သည်။
“ကျွင့်ကျဲ
ရှီကျွင့်ကျဲမှ လီမူဝူ၏ရှေ့တွင် သူ၏စိတ်သဘောထားအား ပြသတော့မည်ဖြစ်ပါသော်လည်း စကားတစ်ခွန်းပြောပြီးနောက် သူ့အဖေမှ ဖျက်ဆီးပစ်လိုက်မည်ဟု မထင်ထားမိခဲ့ချေ။
(T/ n_ ကြားထဲမှာစာကျန်ခဲ့မယ်လို့ထင်တယ် ရှာမရတော့လို့)
သူ့မျက်နှာက ချက်ချင်းပင် အိုးဖင်ကဲ့သို့မည်းမှောင်သွားခဲ့လေသည်။ ထိုရင်းနှီးသည့်အမူအရာကိုကြည့်ကာ ရှီချန်ပေါ်သက်ပြင်းတစ်ချက်ချလိုက်သည်။
“ အင်.. ဒါက ငါ့ရဲ့သားလေ၊ သူက ငယ်ငယ်ထဲကရည်မွန်တဲ့ကလေးလေ”
လီမူဝူသည် ကြည့်ကောင်းလှသည်လူငယ်လေး၏ချဉ်းကပ်ခံနေရသည်ကြောင့် မသက်မသာဖြစ်နေခဲ့သည်။ ရှီမိသားစုမှ အဖေနှင့်သားမှာ တစ်ယောက်နှင့်တစ်ယောက်ကြည့်နေသည်ကို မြင်ပြီး သက်ပြင်းအသာချလိုက်သည်။
“ဒါဆို လောင်ရှီ၊ မင်းရဲ့သားကငါးမျှားတတ်တယ်လို့မင်းပြောတယ်မလား? ငါတို့ကြည့်လို့ရအောင် သူ့ကိုလက်တွေ့ပြခိုင်းလိုက်လေ”
ကျန်းကျန်းမှ ယခုလေးတင် ထိုလူအုပ်အားမည်သို့မည်ပုံ ကိုင်လှုပ်ခဲ့ကြောင်းတွေးကာ လီမူဝူမှာ ဂုဏ်ယူမဆုံးဖြစ်လို့နေခဲ့သည်။
ရှီကျွင့်ကျဲသည်လည်း လီမူဝူအကြည့်နောက်လိုက်ပြီး ရှီချန်ပေါ်ဆီမှ ငါးမျှားတံကိုယူကာ အစာချိတ်လိုက်ပြီး ငါးမျှားချိတ်အား ရေထဲချလိုက်သည်။
သို့သော် ရှီကျွင့်ကျဲတစ်ယောက် မည်သည်ဆက်လုပ်ရမည် မသိ၍ ရေကိုသာ အကြောင်သားစိုက်ကြည့်နေသည်။
ရှိကျွင့်ကျဲသည်ကား ငယ်စဉ်ကတည်းက အလွန်စည်းကမ်းရှိသူတစ်ဦးဖြစ်ခဲ့သည်။ ငယ်စဉ်က နိုင်ငံရပ်ခြား၌ရှိစဉ်ကပင်ဖြစ်စေ၊ ဆယ်ကျော်သက်အရွယ် တော်ဝင်မြို့တော်သို့ ပြန်လာသည်အခါ၌ဖြစ်စေ ရှိကျွင့်ကျဲမှာ သူမည်သည်ကိုလုပာကိုင်သည်ဖြစ်စေ၊ အစီအစဉ်တကျလုပ်ကာ စည်းကမ်းများကိုတင်းတင်းကြပ်ကြပ်လိုက်နာလေ့ရှိသည်။
ငါးဖမ်းခြင်းကဲ့သို့ အပန်းဖြေချိန်မှာ သူ၏အချိန်ဇယားတွင် မပါဝင်ခဲ့ပေ။
ထို့အပြင် ရှီကျွင့်ကျဲက ထိုအရာအားလေးလေးနက်နက် စဉ်းစားပြီးနောက် နှစ်များတစ်လျှောက်အတွင်း သူအနေဖြင့် လီမင်ကျန်းတစ်ဦးကိုသာလျှင် ခြွင်းချက်အဖြစ်ထားထားပုံရသည်။
သူသဘောကျသည့် မိန်းကလေးအကြောင်းတွေးမိသည့်အချိန်တွက်ရှီကျွင့်ကျဲ၏ နှုတ်ခမ်းထောင့်လေးများက ကွေးတက်လာပြီး အပြုံးလေးတစ်ခုဖြစ်တည်လာသည်။
လီမူဝူ၏ မျက်လုံးများက သူ၏အပြုံးအား လျပ်တပြတ်မြင်လိုက်ရကာ ရေထဲသို့ သံသယဖြင့်ကြည့်လိုက်သည်။
“ငါးဖမ်းမိတာလား?”
“တီတီ....”
ရုတ်တရက် တပ်မတော်ပုံပါသည့် ကားတစ်စီးက ရေကန်ဘေးန်းဆီသို့မောင်းနှင်လာခဲ့သည်။
ရင်းနှီးနေသည့်လိုင်စင်နံပါတ်ပြားအားမြင်လျှင် လီမူဝူက ရှီကျွင့်ကျဲ ငါးဖမ်းနေသည်ကိုထပ်မကြည့်တော့ဘဲ ချက်ချင်းငါးမျှားတံကို ကောက်ကိုင်လိုက်သည်။
“အစ်ကိုကြီးရောက်လာပြီလား”
လီမူဝမ်းသည်လည်း ကားပေါ်မှနေ၍ လီမူဝူနှင့် အခြားရင်းနှီးနေသည့်မျက်နှာများကိုမြင်လိုက်သည်။
သို့နှင့် လီမူဝမ်းက ကားကို ရပ်ခိုင်းလိုက်ကာ ကားထဲမှ ထွက်လာခဲ့ပြီး အနားရှိလူများကို နှုတ်ဆက်လိုက်လေသည်။
ဤအနီးတစ်ဝိုက်တွင် နေထိုင်သူများက သာမန်လူမိသားစုများးမဟုတ်ကြချေ။ လီမူဝူ၏မိသားစုမှလွဲ၍ ကျန်လူများမှာ အငြိမ်းစားယူထားသည့် အဆင့်မြင့်အရာရှိများဖြစ်သည်။
သူတို့က ပျော်ပျော်ရွှင်ရွှင်ဖြင့် သာမန်အရပ်သားများကဲ့သို့ ငါးမျှားကာကစားနေသည်ကိုပဲ မကြည့်သင့်ပေ။ သူတို့၏ အနောက်ဘက်တွင် အားအင်များက အနည်းငယ်ရှိနေတတ်လေသည်။
ယခုတွင် လီမူဝမ်း၏ စစ်တပ်ထဲမှအဆင့်အတန်းသည်လည်း အလွန်မြင့်မားနေပြီဖြစ်သည်။ ထိုလူများမှာ အငြိမ်းစားယူထားကြပြီး စစ်တပ်မှမဟုတ်ကြသော်လည်း သူတို့၏အဆက်အသွယ်များကရှိနေဆဲပင်။ ထို့ကြောင့် သူတို့သည်လည်စ လီမူဝမ်းအကြောင်းကို အနည်းအကျဥ်းလောက်တော့ သိထားကြလေသည် ။
လီမူဝမ်းဆင်းသွားပြီးနောက်တွင် ကားက လီမိသားစု၏ အိမ်ပေါက်ဝတွင်ရပ်တန့်လိုက်ပြီး ရွှယ်ဝမ်ဟွားက ကားပေါ်မှ ဆင်းလာကာ လက်ကိုင်အိတ်ကိုကိုင်ရင်း လီမူဝမ်းအား အပြုံးလေးဖြင့်စောင့်နေခဲ့သည်။
လီမူဝမ်းအနေဖြင့် တစ်ဖက်လူများအားသေသေချာချာမသိသည်ကြောင့် နှုတ်ဆက်ပြီးနောက်တွက် လီမူဝူနှင့်အတူ အိမ်သို့ ပြန်လာခဲ့သည်။
လီမူဝမ်းက လီမူဝူတစ်ယောက် ငါးမျှားတံအား ပျော်ပျော်ရွှင်ရွှင်ကိုင်ထားပုံကိုကြည့်ရင်း အပြုံးနှင့်မေးလိုက်လေသည်။
“ဒီငါးနှစ်ကောင်က မင်း တစ်လလုံးမျှားမယ်ဆိုရင်တောင်ထိုက်တန်တဲ့ရလဒ်ပဲ”
လီမူဝူသည် လီမူဝမ်းအား အမူအရာဖြင့် ပြောလိုက်သည်။
“ကျွန်တော်က တစ်ကောင်မှဖမ်းမမိခဲ့ပါဘူး၊ ဒီငါးနှစ်ကောင်က ကျန်းကျန်းဖမ်းမိလာတာ ငါးကြင်းဆိုလည်း ဒီလိုအကြီးကြီးပဲ၊ ငါးခူဆိုလည်း ဒီမှာကြည့်၊ အရှည်ကြီးပါဆို သူပြောသွားတာတော့ ဒီညခရမ်းသီးနဲ့ချက်စားမယ်တဲ့”
လီမူဝမ်းမှာ ထိုသို့သောဟင်းလျာမျိုးကို ပေရှားတွင် စားခဲ့ဖူးသည်ကိုပြန်အမှတ်ရမိသွားသည်။
အတိအကျပင် ယခုလိုလတွင် ခုနနှစ်ရှစ်နှစ်အရွယ် လီမူဝူလေးအား နှစ်ပေါင်ခွဲခန့်ရှိသည့်ငါးခူတစ်ကောင်ဖမ်းရန် မြောင်းငယ်တစ်ခုသို့သူခေါ်ဆောင်သွားဖူးသည်။
အသီးအရွက်စိုက်ခင်းတွင်လည်း ခရမ်းသီးအများအပြားဖြစ်ထွန်းလေသည်။ မစ္စလီမှာ ငါးခူနှင့်ခရမ်းသီးကိုအတူတကွအိုးထဲထည့်ကာချက်ပြုတ်ပေးခဲ့သည်။
နှစ်များစွာကြာပြီးနောက် ထိုအရသာအားမမှတ်မိတော့သော်လည်း စားခဲ့ရသည့်ခံစားချက်ကိုတော့ မှတ်မိနေဆဲပင်ဖြစ်သည်။
ယခုတွင် သူ၏ဘဝက ပိုမိုကောင်းမွန်လာသော်လည်း သူ၏ မွေးရပ်မြေ၌စားခဲ့ရသည့်ဟင်းလျာများကိုမူ ထပ်မမြင်ရတော့ပေ။
မွေးရပ်မြေမှ အချက်အပြုတ်မျိုးစုံသည်လည်း တော်ဝင်မြို့တော်လိုနေရာမျိုး၏ စားပွဲပေါ်တွင်မတင်ကြပေ။
အထူးသဖြင့် ရွယ်ဝမ်ဟွားသည်ကား မျက်နှာကို အလွန်ဂရုစိုက်သောကြောင့် လှပကာ ဂုဏ်ယူလောက်သည့် အရာကိုသာ ပိုပြီးအလေးပေးခဲ့သည်။
လီမူဝမ်း ရှုပ်ထွေးနေသည့် ခံစားချက်များကို ချုပ်ထိန်းလိုက်ပြီး သူ၏ မျက်နှာမှာ ယခင်က အချိန်များကို အနည်းငယ်ပြန်လည်တွေးတော အရသာခံသည့်ပုံ ပေါ်လာခဲ့သည်။
“ငါ အဲဒီဟင်းကို မစားရတာနှစ်အတော်ကြာခဲ့ပြီ ဒီဟင်းကို အခုမှ ထပ်စားရတော့မှာပဲ”
အပေါက်ဝသို့လျှောက်လာရင်း လီမူဝူက သူ၏မရီးဖြစ်သူကိုနှုတ်ဆက်လိုက်သည်။ ရွှယ်အိုက်ဟွားလည်း အပြုံးဖြင့်ခေါင်းငြိမ့်ပြကာ ပြောလာလေ၏။
“ကလေးတွေ ပြန်လာပြီလား?”
“ကျွန်တော်တို့နှင့်အတူ အခုပဲ အိမ်ရောက်တာ အစ်ကိုကြီးနဲ့ လမ်းလျှောက်ပြီး ပြန်လာခဲ့တယ်လေ”
လီမူဝူ တံခါးမှဝင်လာရင်းပြောလိုက်သည်။
ယခုတွင် အဖွားလင်းက တော်ဝင်မြို့တော်တွင်ရှိနေပြီဖြစ်ရာ လီမူဝမ်းအနေဖြင့် အလုပ်နှင့်မအားမလပ် မဖြစ်နေသရွေ့ အိမ်သို့ အပတ်တိုင်းသူတစ်ယောက်ထဲဖြစ်စေ၊ တစ်ခါတစ်လေ ရွှယ်အိုက်ဟွားနှင့်ဖြစ်စေ ရောက်လာတတ်သည်။
အစောင့်နှစ်ယောက်မှာ တစ်ယောက်က ရွမ်ယိုထိုက်ကျောင်းမှ ဘဲကင်နှစ်ကောင်ကိုသယ်လာပြီး နောက်တစ်ယောက်မှာ အမွှေးထူကဏန်းတစ်ဘူး သယ်၍လိုက်လာခဲ့လေသည်။
မဒမ်လီက ခြံထဲတွင်ထိုင်ကာ ရေဒီယိုနားထောင်နေခဲ့သည်။
လီမူဝမ်းနှင့် ရွှယ်ဝမ်ဟွားတို့ လူတစ်စုအားမြင်သည့်အချိန်တွက် သူမက ချက်ချင်းပင် ပြုံးကာလက်ဝေ့ယမ်းပြရင်း ပြောလာခဲ့သည်။
“ရောက်လာကြပြီလား? ငါကမင်းတို့ မနက်ဖြန်မှရောက်မယ်ထင်တာ ၊ မူဝူ.. မြန်မြန် မီးဖိုချောင်ကိုသွားပြီး ကျန်းကျန်းကို ဟင်းနှစ်မျိုးပိုချက်ဖို့ပြောလိုက်”
လီမူဝမ်း ပြုံးကာ ပြောလိုက်သည်။
“အလုပ်မရှုပ်ပါနဲ့ ကျွန်တော် ဘဲကင်နှစ်ကောင်နဲ့ကဏန်းတွေ ဝယ်လာတယ် ၊ အသီးအရွက်နှစ်မျိုးပဲကြော်ခိုင်းလိုက်တော့လေ”