အခန်း (၂၁၄)
Vol. 22 Ch. 214
ခြံထဲတွင် စားပွဲတစ်လုံးနှင့်ခုံလေးလုံးရှိသည်။ မစ္စလီက လီမူဝမ်း စိတ်ကြိုက်အထူးပြုလုပ်ပေးထားသည့်နေရာတွင် ထိုင်နေခဲ့လေသည်။
သူမသည် ထိုထိုင်ခုံပေါ်တွင် အနောက်ဘက်သို့ လှန်ကာလှဲနိုင်ပြီး အရှေ့အနောက်လည်းလှုပ်လို့ရသည်။ နွေရာသီတွင် ခြံထဲ၌အေးမြမှုကိုခံစားနိုင်ဖို့အကောင်းဆုံးဖြစ်သည်။
ဝမ်ရှင်းဝမ့်က အစောင့်များကို ပစ္စည်းများသွားထားရန် မီးဖိုချောင်သို့ခေါ်ဆောင်သွားခဲ့သည်။ ကျန်းကျန်းက ယခုအချိန်တွင် ငါးခူအားအိုးထဲတွင်ထည့်ကာ စတူးချက်နေခဲ့သည်။
သူမက အကြီးဆုံးဦးလေး ဘဲကင်နှင့်ကဏန်းများယူလာသည်ကိုကြားသည့်အချိန်တွင် သူမ အလျှင်အမြန်လက်သွားဆေးကာ ကောက်ကိုင်ကြည့်လိုက်သည်။
ဘဲကင်ကို လှီးဖြတ်ထားပြီးသားဖြစ်ပြီး ဘူးထဲတွ င်သပ်သပ်ရပ်ရပ်ထုတ်ပိုးထားခဲ့သည်။ အပူချိန် အနည်းငယ်ရှိနေတုန်းဖြစ်ကာ အချည်ရည်တစ်ဘူး၊ ကြာရွက်ကိတ်မုန့်တစ်ဘူး၊ ကြက်သွန်နှင့်သခွားသီးကိုပါးပါးလှီးထားခဲ့ကာ ဘူးထဲတွင် သပ်သပ်ရပ်ရပ်ထည့်ထားခဲ့လေသည်။
ကျန်းကျန်း လှီးဖြတ်ထားသည့် ဘဲကင်များကို ပန်းကန်ထဲသို့ ထည့်လိုက်ရန်ပြင်ဆင်ခဲ့သည်။ အောက်ဘက်မှတွင် အရည်ရွှမ်းနူးညံ့ပြီး အပေါ်တွင်ကြွပ်ကြွပ်ရွရွရှိသည့် ဘဲသားကို ဘဲကင်နှစ်ပန်းကန်အဖြစ် ပြင်ဆင်လိုက်သည်။
ထို့နောက် ကျန်းကျန်းလက်ဆေးကာ ကဏန်းဘူးအား ထပ်မံဖွင့်လိုက်ပြန်သည်။
သူမ ဘူးကိုဖွင့်လိုက်သည်နှင့် အထဲတွင် လက်မများကိုချည်နှောင်ထားသည့် အမွှေးထူကဏန်းတစ်ဒါဇင်ခန့်အားတွေ့လိုက်ရသောကြောင့် ကျန်းကျန်း၏မျက်လုံးများက ချက်ချင်းပင် တောက်ပသွားသည်။
သူမ အလေးဆုံးအကောင်မှ စတင်ကာ တစ်ကောင်ကိုယူကြည့်လိုက်သည်။ လက်ထဲမှ တိုင်းတာကြည့်သည့် အလေးချိန်ဖြင့်ပင် ထိုကဏန်းမှာအတော်လေးအသားပြည့်သည်ကိုသိလိုက်နိုင်ပေသည်။
လတ်လတ်ဆတ်ဆတ်ကဏန်းများကို ဟင်းခတ်အမယ်များ အများကြီးထည့်ရန်မလိုအပ်ပေ။ သူတို့အားပေါင်းရန်သာလိုကာ ထိုမျှနှင့်ပင် အလွန်အရသာရှိလေသည်။
ကျန်းကျန်း ကဏန်းများကို ရေဘုံပိုင်အောက်သို့ယူကာ တိုက်ချွတ်ပြီး ဗိုက်ဖွင့်၍ ပေါင်းအိုးထဲသို့ထည့်လိုက်သည်။
လီမိသားစုအိမ်တွင် ပေါင်းအိုးကြီးတစ်အိုး ရှိပြီး နှစ်ထပ်ပါဝင်ကာ ပထမထပ်တွင်ပင် ဘူးထဲမှ ကဏန်းရှစ်ကောင်အား ထား၍ရနိုင်သည်။
ကျန်းကျန်း အိုးထဲမှ ငါးခူအား ခုနှစ်မိနစ်၊ရှစ်မိနစ်ကြာအောင် ချက်ထားလိုက်သည်။
ထို့နောက် ထိုအိုးအထဲသို့ခရမ်းသီးထည့်လိုက်ပြီး တောက်ထပ် အချည်ရည်တစ်ပန်းကန်လုပ်ရန်အတွက် ကြက်သွန်နှင့်ဂျင်းတို့အား ပါးပါးလှီးလိုက်သည်။
ဝမ်ရှင်းဝမ့်နှင့်ရှဲ့ယန်နန်တို့နှစ်ယောက်လုံးတွင် ကိုယ်ဝန်ရှိနေသည့်အတွက် ကျန်းကျန်းက သူမအိမ်တွင်ရှိစဉ် မီးဖိုချောင်တာဝန်ကိုလွှဲယူကာ ကူညီပေးခဲ့သည်။
ယခုအချိန်တွင် ဥယျာဉ်ထဲရှိဟင်းသီးဟင်းရွက်များမှာ အလွန်လတ်ဆတ်လှသည်။
သူမ သခွားသီးနှင့်တည်သီးများကို ခူးယူကာ ရေဆေးလိုက်ပြီး တိုက်ရိုက်စား၍ရအောင် ပန်ကန်သို့ ထည့်လိုက်သည်။ သို့သော် ယနေ့တွင် သူမ၏ အကြီးဆုံးအဒေါ်လည်း ရှိနေသည်ကိုတွေးမိကာ ထပ်မံ ခူးယူရန် အိုးအကြီးတစ်အိုးကို ယူလိုက်ပြန်သည်။
ရှီယန်နန်က နိုင်ငံခြားတည်သီးများကို အစိပ်လေးများလှီးကာ သကြားနှစ်စွန်းဖြူးပေးနေခဲ့သည်။
ကျန်းကျန်းက သခွားသီးနှင့်ဂေါ်ဖီများကို ပါးပါးလှီးပြီးနောက် အသားထည့်ကာ ရောကြော်လိုက်ပြန်သည်။ ထို့နောက် အိုးထဲသို့ ဂျုံခေါက်ဆွဲကိုအပေါ်တွင်တင်ကာ ငရုတ်ဆီအနှစ်ဆမ်းပြီး ရောနယ်လိုက်သည့်အချိန်တွင် စားရန်အဆင်သင့်ဖြစ်လို့နေခဲ့သည်။
ကျန်းကျန်းတွင် မြန်ဆန်သည့်ခြေနှင့်လက်များရှိသည်။ သူမက သမားတော်ကျန်းနှင့် နွေရာသီအားလပ်ရက်တွင် နေ့တိုင်းချက်ပြုတ်လေ့ရှိသည်ကြောင့် တစ်နာရီမပြည့်မီတွင် စားပွဲအပြည့်ဟင်းလျာများကို ချက်ပြုတ်တည်ခင်းပြီးသွားလေသည်။
ယခုအချိန်တွင် ညအပူချိန်က အနည်းငယ်အေးနေသည်ကြောင့် မဒမ်လီက ရိုးရှင်းစွာပင် စားပွဲကြီးအား အရှေ့ဟောခန်းသို့သယ်ရန် လီမင်ရှီနှင့်လီမင်ပေတို့ကို ညွှန်ကြားလိုက်ပြီးထိုနေရာသို့ ထိုင်ခုံများကို ရွှေ့လိုက်စေသည်။
ကျန်းကျန်းကလည်း ဂျင်း၊ ရှာလကာရည်တစ်ပန်းကန်နှင့် ကဏန်းပေါင်းအိုးကြီးတစ်အိုးကို တွဲဖက်ပေးထားပြီး၊ ဆန်ဝိုင်တစ်အိုးကိုလည်း ထုတ်ယူကာ အနည်းငယ်ပူနွေးစေရန်အပူပေးထားလိုက်သည်။
လီမင်ရှီ၊လီမင်ပေ ရှဲ့ယန်နန်နှင့် ဝမ်ရှင်းဝမ့်တို့က စားပွဲပေါ်သို့ ဟင်းလျာများကို ကူချပေးခဲ့ကြသည်။ မဒမ်လီသည် သူမ၏ သားနှစ်ယောက်နှင့်ချွေးမတို့နှင့်အတူ အရင်ထိုင်လိုက်လေသည်။
လီမူဝမ်း လက်ကို ဆေးကြော ကာ မဒမ်လီအတွက် ကဏန်းအခွံခွာပေးပြီး သူမဆီသို့ ပေးလိုက်သည်။
“အမေ စားကြည့်ပါအုံး လတ်ဆတ်ရဲ့လား?”
လီမူဝမ်း၏ လက်ထဲမှကဏန်းသည်ကား ကဏန်းဥများဖြင့် ပြည့်နေခဲ့သည်။
မဒမ်လီအကြောင်းကိုပြောရလျှင် သူမက အအစားသောက်ကို အလွန်မက်မောကာ ရှာဖွေစားသောက်တတ်သည့် မြေးမလေးကိုမွေးမြူထားခဲ့အြီး သူမသည်လည်း မြေးမလေးထံမှ အ၀ားကောင်းများကို နှစ်ခြိုက်တတ်သည့်အကျင့်များ ရှိလာခဲ့သည်။
မစ္စလီ ဂဏန်းကို ရှာလကာရည်ထဲသိာ့ပသ် မနှစ်တော့ဘဲ ပါးစပ်ကို ဖွင့်လိုက်ပြီး ကဏန်းဥများပြည့်နေသည့် ဂဏန်းကို တစ်ကိုက်ကိုက်လိုက်သည်။
ဂဏန်းက အသားနှင့်အဆီများအပြင် ဥများလည်းပြည့်နေခဲ့ကာ မဒမ်လီမှာ တစ်ကိုက်ကိုက်ပြီးနောက် ခေါင်းငြိမ့်၍ မပြောဘဲမနေနိုင်တော့ချေ။
“အရသာရှိတယ် မွှေးလည်းမွှေးတယ်!”
လီမူဝမ်းက အမေဖြစ်သူမှ အရသာရှိရှိစားနေသည်ကိုကြည့်ကာ အမြန်ပြောလိုက်လေသည်။
“ကျွန်တော် အိမ်မှာရှိနေတုန်းလေး အမေ ကျွန်တော်နဲ့အတူ နှစ်ရက်လောက်လိုက်နေပါလား၊ ကျွန်တော်အမေ့ကိုခေါ်သွားမယ်လေ အမေအရင်က ကျွန်တော့်အိမ်မှာ မနေဖူးသေးဘူးမလား”
ရွှယ်အိုက်ဟွားကလည်း ထိုစကားများကြားသည့်အချိန်တွင် သူမ၏အမူအရာမပြောင်းသွားဘဲ ခေါင်းငြိမ့်ကာ ထောက်ခံလိုက်သည်။
“အိမ်မှာ ချက်ပြုတ်ဖို့နဲ့သန့်ရှင်းရေးလုပ်ဖို့ လူတွေရှိတယ် အမေလိုက်ခဲ့ပြီး အေးအေးဆေးဆေနေရုံပါပဲ”
မဒမ်လီ ပူနွေးနေသည့် အဝါရောင်ဝိုင်ကို တစ်ငုံသောက်ကာ အပြုံးဖြင့်လက်ဝှေ့ရမ်းပြလိုက်သည်။
“အမေ မင်းတို့သားသမီးဝတ္တရား ကျေချင်တယ်ဆိုတာကို သိပါတယ်၊ ဒါပေမယ့် မင်းတို့ရဲ့အမေက မူဝူတို့နဲ့နေရတာကို နေသားကျနေပြီလေ၊ ဒီတော့ နေရာအပြောင်းအလဲကို အမေတို့ နေသားကျမှာမဟုတ်ဘူး”
ရွှယ်အိုက်ဟွားက လီမူဝမ်း၏မလွှဲရှောင်သာလက်ခံလိုက်ရသည့်အတွက် ပျောက်ဆုံးသွားသည့် အမူအရာကိုကြည့်ရင်း ပြုံးရုံသာပြုံးကာ မည်သည့်စကားမှ မပြောခဲ့ပေ။
တကယ်တမ်းတွင် ရွှယ်အိုက်ဟွားသည်လည်း တွန့်တိုတတ်သူမဟုတ်ပါချေ။ သို့သော် သူမက တစ်သက်လုံး သန့်သန့်ရှင်းရှင်းသာ နေလာလေ့ရှိသည်။
သူမ၏ မိသားစုတွင် လူများလာသည့်အချိန်တွင် ထိတ်လန့်သွားလိမ့်မည်။ မဒမ်လီ ပထမဆုံးတော်ဝင်မြို့တော်သို့ရောက်သည့်အချိန်တုန်းက ခြံဝင်းအား မသန့်ရှင်းရသေးသည့်အတွက် လီမူဝမ်း၏အိမ်တွင်ရက်အနည်းငယ်နေခဲ့သည်။
ထိုရက်အနည်းငယ်တွင် မဒမ်လီက အလွန်စိတ်မသက်မသာရောက်သည်ဟုခံစားရသည်။
ရွှယ်အိုက်ဟွားက သားသမီးဝတ္တရားမကျေပွန်သည် မဟုတ်ကြောင်းကို သူမ သိသော်လည်း ၎င်းသည်က ယောက္ခမနှင့်ချွေးမကြားတွင် နှစ်အတော်ကြာမှ ပထမဆုံးအကြိမ်တွေ့ဆုံခြင်းဖြစ်ပြီး သူတို့အချင်းချင်း အလွန်ယဉ်ကျေးကာအကွာအဝေးခြားနေခဲ့သည်။
ကံကောင်းစွာ ရက်အနည်းငယ်ကြာအောင် နေထိုင်ခဲ့ပြီးနောက်တွင် မဒမ်လီက သူမ၏ဒုတိယသားမိသားစုရှိသည့် ခြံဝင်းဆီသို့ စိတ်သက်သာရာရစွာ ပြောင်းရွေ့ခဲ့သည်။
မဒမ်လီက သူမ ဘဝတစ်လျှောက်လုံး လီမူဝူ၊ဝမ်စုဖန်းတို့နှင့် အတူနေထိုင်ခဲ့ပြီး သူတို့၏စိတ်နေစိတ်ထား၊ ကိုယ်ရေကိုယ်သွေးနှင့် နေထိုင်မှုအလေ့အထများမှာ သဟဇာတဖြစ်နေခဲ့ပြီးဖြစ်သည်။
မဒမ်လီ၏နှလုံးသားထဲတွင် ဝမ်စုဖန်းမှာ သူမ၏သမီးရင်းချာကဲ့သို့ ဖြစ်တည်မှုနှင့်ညီမျှသည်ဟုဆိုရန်မှာ ချဲ့ကားနေခြင်းမဟုတ်ပေ။
လီမူဝမ်းက ထိုစကားများကို တစ်ကြိမ်ထက်မကပြောခဲ့သည်။ သို့သော် မဒမ်လီ၏မယိမ်းယိုင်သည့်သဘောထားကိုကြည့်ရင်း ကူကယ်ရာမဲ့စွာပြုံးရုံသာ တတ်နိုင်ခဲ့လေသည်။
ရွှယ်အိုက်ဟွားက တပ်မတော်တွင် စစ်ဘက်ဆိုင်ရာ ဆရာဝန်တစ်ဦးဖြစ်ခဲ့ဖူးသည်။ ယခုအချိန်တွင် သူမက အငြိမ်စားယူသွားသော်လည်း သူမ၏နှစ်ပေါင်းများစွာအလေ့အကျင့်များကြောင့် ကျန်းမာရေးစောင့်ရှောက်မှုကို အလွန်အာရုံစိုက်လေသည်။
သူမက ကဏန်းကဲ့သို့အအေးစာများကိုမစားပေ။ ရှုပ်ပွနေသည့် ငါးခူနှင့်ခရမ်းသီးပြုတ်အိုးကိုကြည့်ပြီး ၎င်းဘက်ကိုလည်း သူမ မလှုပ်ရှားခဲ့ချေ။
ဘဲကင်မှာ ဆီများပြီး အအေးသုပ်မှာလည်း အလွန်အေးသည်။
ကံကောင်းထောက်မစွာ ကျန်းကျန်းက အနီရောင်စွန်ပလွန်သီး၊ကြာစေ့နှင့်ပဲနီတို့ဖြ င့်ယာဂုတစ်အိုးချက်ထားခဲ့သည်။ ရွှယ်အိုက်ဟွားက ယာဂုတစ်ပန်းကန်ကိုသောက်ပြီး အသီးအရွက်မွှေကြော် အနည်းစားပြီးနောက်ဆုံးတွင် သူမဗိုက်ပြည့်သွားသည်။
ရှဲ့ယန်နန်နှင့် ဝမ်ရှင်းဝမ့်တို့က ကိုယ်ဝန်ရှိနေ၍ ကျန်းကျန်း သူတို့အား ကဏန်းမစားခိုင်းပေ။
တခြားဟင်းများမှာတော့ သူတို့နှင့်အဆင်ပြေပေသည်။ ဝမ်ရှင်းတစ်ယောက်ကတော့ တော်ဝင်မြို့တော်တွင် အချိန်အတော်ကြာနေလာခဲ့ပြီးမှ ဘဲကင်ကို ယခုမှသာ ပထမဆုံးစားခဲ့ရခြင်းဖြစ်လေသည်။
ရှဲ့ယန်နန်က သူမလက်ထဲတွင် ကြာရွက်ကိုကိုင်ကာ ဝမ်ရှင်းဝမ့်အား ထိုအပေါ်တွင် ဘဲကင်ကိုမည်သို့ထားရမည်ကို ညင်သာစွာသင်ကြားပေးနေခဲ့သည်။
ရှဲ့ယန်နန် ဘဲကင်ကိုထုတ်ပိုးပေးလိုက်ပြီးနောက် ဝမ်ရှင်းဝမ် ၎င်းကို တစ်ကိုက်ကိုက်လိုက်သည်။
ဘဲသား၏ကြွပ်ကြွပ်ရွရွနှင့် မွှေးကြိုင်သည့်အချည်ရည်ကလည်း တော်သင့်သည့် အချိုအရသာနှင့် ပနံသင့်နေပခဲ့ကာ နုတ်နုတ်စင်းထားသည့် အတွင်းမှသခွားသီးနှင့်ကြက်သွန်မိတ်တို့ကလည်း ဘဲကင်၏ဆီများမှုကို ဖြေရှင်းပေးလိုက်သည်။
ဝမ်ရှင်းဝမ့်မှာ တစ်ခုကိုအပြီးသတ်လိုက်ပြီးနောက် နောက်တစ်ခု ထပ်စားရန်မစောင့်နိုင်တော့ပေ။
သမီးယောက်မနှစ်ယောက်က အသံတိုးတိုးဖြင့် စကားပြောရင်းရယ်ရင်း ဘဲကင်ကို နှစ်ခြိုက်စွာစားနေကြသည်ကို ရွှယ်အိုက်ဟွားမှ နွေးထွေးသည့်မျက်လုံးများဖြင့်ကြည့်နေခဲ့သည်။
ခဏအကြာတွင် ရွှယ်အိုက်ဟွားပြုံးနေရင်းဖြင့် သူမလက်ထဲတွင် လက်ဖက်ရည်ပူတစ်ခွက်ကို ကိုင်ထားရင်း ဝမ်စုဖန်းကို လှမ်းပြောလိုက်သည်။
“ယန်နန်နဲ့ရှင်းဝမ့်တို့က ဆက်ဆံရေးကောင်းတဲ့ပုံပဲ”
ဝမ်စုဖန်းက ခေါင်းမော့ကာ သူမ၏ချွေးမနှစ်ယောက်ကိုကြည့်ပြီး ချက်ချင်းပြုံးကာ ပြောလိုက်သည်။
“သူတို့နှစ်ယောက်တင်မဟုတ်ဘူး ကွေ့ဟွားနဲ့ရှောင်းရှီတို့နှင့်လည်း အတူတူပဲ၊ အားလုံးက ဆက်ဆံရေးကောင်းကြတယ်၊ သူတို့တွေ ပေရှားမှာတုန်းက ကလေးတွေက နှစ်ကူးဆိုရင် ပြန်လာကြပြီး ဘယ်အလုပ်မဆိုအလုအယက်ဝင်လုပ်ကြတယ်လေ၊ ဘယ်သူမှ သူတို့ လေးယောက်ကိုတွန်းအားမပေးဘဲနဲ့ ဝင်လုပ်နေခဲ့ကြတာ၊ အကုန်လုံးကရိုးသားတဲ့သူတွေချည်းပဲ”
“ရိုးသားတဲ့သူတွေ....”
ရွှယ်အိုက်ဟွား အထပ်ထပ်အခါခါရေရွတ်ရင်း အနည်းငယ်မိန်းမောနေခဲ့သည်။
သူမ ယခင်က ရိုးသားခြင်း၏ ကောင်းကွက်များကို ဂရုမစိုက်ခဲ့ပေ။ ချွေးမရွေးချယ်သည့်အချိန်တွင် သူမသည်ကား မိသားစု၏ပညာရေး၊ စည်းမျဉ်းစည်းကမ်းများနှင့် အပြုအမူများကိုသာ အမြဲတစေကြည့်ခဲ့သည်။
သူမ ရှာဖွေခဲ့သည့် ချွေးမနှစ်ယောက်က ရွှယ်အိုက်ဟွား၏လိုအပ်ချက်များနှင့်ကိုက်ညီခဲ့သော်လည်း အငယ်ဖြစ်စေ၊ အကြီးဖြစ်စေ အမြဲတူညီစွာသာ ရှိနေခဲ့သည်။
သူတိုးက စည်းမျဉ်းစည်းကမ်းများအတိုင်းသာ ဆက်ဆံခဲ့ကြကာ ၎င်းကိုကျော်လွန်၍ တစ်ယောက်နဲ့တစ်ယောက် အချင်းချင်း ချစ်ခင်မှုမျိုး မရှိကြပေ။
လီမူဝူ၏ မိသားစုကိုကြည့်ရင်း ရွှယ့်အိုက်ဟွားတစ်ယောက် သူမ၏ မိသားစုတွင် မီးစာများကုန်ခမ်းနေကြောင်းခံစားလိုက်မိသည်။