အခန်း (၂၁၅)
Vol. 22 Ch. 215
လီမူဝမ်းက ဝိုင်ခွက်အားကိုင်ပြီး မစ္စလီ၊ လီမူဝူတို့နှင့် ခွက်ချင်းတိုက်ကာ တစ်ကျိုက်တည်းသောက်ပစ်လိုက်သည်။
ထို့နောက် တူကိုကိုင်ကာ ငါးအသားကို ဖဲ့ယူ၍စားလိုက်လေသည်။
“အခုထိ အရသာကတူညီနေတုန်းပဲ!”
လီမူဝမ်းမှာ အရက်အများကြီးသောက်မိသွား၍လားမသိ၊ သူ၏ကလေးဘဝကိုပြန်လည်အမှတ်ရနေသည်။
“အမေ ငယ်ငယ်ကလုပ်ပေးခဲ့တဲ့ ငါးခူနဲ့ခရမ်းချဥ်သီးချက်အနံ့ပဲ”
မဒမ်လီသည် ကဏန်းကိုလက်တွင်ကိုင်ရင်း လီမူဝမ်းအားကြည့်ကာ ပြောဆိုလိုက်သည်။
“ကြိုက်ရင်များများစားလေ၊ အဲဒါတွေက ကျန်းကျန်းကျောင်းကပြန်လာပြီးတဲ့အချိန်က ရေကန်ထဲကနေ ဖမ်းမိလာတာ”
လီမူဝမ်းလည်း ထိုစကားကြားသည့်အချိန်တွင် ပျော်ရွှင်သွားခဲ့ပြီး ကျန်းကျန်းအား ချစ်မြတ်နိုးသည့်အမူအရာဖြင့်ကြည့်လိုက်သည်။
“ ကျန်းကျန်းမှာ ဒီလိုအရည်အချင်းမျိုးရှိမယ်လို့ မထင်ခဲ့ဘူး ၊ အရင်က မင်းအမဲလိုက်တော်တယ်ဆိုတာကို သိထားပြီးသားပေမယ့် ငါးဖမ်းတာမှာလည်း တော်မယ်မထင်မိခဲ့ ဘူး”
ကျန်းကျန်း ဘဲကင်ကို လှမ်းယူရင်း လီမူဝမ်းကိုပြုံးပြကာ ပြောလိုက်သည်။
“အကြီးဆုံးဦးလေး ၊ ဦးလေးလည်းသမီးတို့ မိသားစုအကြောင်းသိနေတာပဲ၊ သမီး ကလေးဘဝတုန်းက လုပ်စရာများများစားစားမရှိခဲ့ဘူးလေ ၊ အဲဒီတော့ တောင်ပေါ်မှာလျှောက်ပြေးလိုက် မြစ်ဘက်ဆင်းဆော့လိုက်ပဲ လုပ်နေခဲ့တာပေါ့”
“တကယ်ပဲ”
လီမူဝမ်း ရယ်လိုက်သည်။
“ငါသာ မင်းအဖွားဆီက မကြားထားဘူးဆိုရင် မင်းကိုကြည့်ရုံနဲ့ တောပျော်လေးလို့ ခန့်မန်းမိမှာတောင်မဟုတ်ဘူး၊ ဒါနဲ့ တော်ဝင်တက္ကသိုလ်မှာ အဆင်ပြေရဲ့လား?”
လီမူဝမ်း အပတ်စဥ်တိုင်းထမင်းလာစားသော်လည်း သူက တူ၊တူမများ၏ ကျောင်းစဖွင့်သည့်အချိန်တွင် သင်ခန်းစာများအကြောင်းကို မေးမြန်းလာခဲ့လေသည်။
ရွှယ့်အိုက်ဟွားကလည်း ခေါင်းမော့ကာ ကျန်းကျန်းအား အနည်းငယ်စိတ်ဝင်စားစွာကြည့်လိုက်သည်။
သူမ ခင်ပွန်းသည်၏ညီငယ်များအနေဖြင့် သူမ ကြည့်နိုင်သည့်တစ်ခုထဲသောအရာမှာ လီမူဝူ၏မိသားစုဖြစ်သည်။
အဘယ့်ကြောင့်ဆိုရသော် လီမူဝူ၏မိသားစုတွင် သားလေးယောက်၊သမီးတစ်ယောက်ရှိနေခဲ့ကာ အကုန်လုံးမှာ အလားအလာရှိပြီး တက္ကသိုလ်ကျောင်းသားများဖြစ်နေသောကြောင့်ပင်။
ကျန်းကျန်းက ရေစိုအဝတ်အား ယူလိုက်ပြီး သူမ၏လက်နှင့်ပါးစပ်တို့ကိုသုတ်ကာ ပြုံးရင်းပျော်ရွှင်စွာဖြင့် ပြောလိုက်စည်။
“အရမ်းကောင်းတယ် ၊ ကျောင်းစတက်တဲ့အချိန်တုန်းက သမီးတစ်ပြိုင်ထဲ မေဂျာတွေအများကြီးလျှောက်ခဲ့တယ်လေ၊ သတင်းစာမေဂျာရယ် ၊ပြင်သစ်မေဂျာရယ်၊ စီးပွားရေးမေဂျာရယ်”
ကျန်းကျန်း မေဂျာနှစ်ခုထပ်ယူလိုက်ကြောင်းကို အိမ်ပြန်လာချိန်တုန်းကပြောပြခဲ့သော်လည်း မဒမ်လီနှင့်တစ်ခြားသူများက ထိုအကြောင်းများကို နားမလည်ကြသောကြောင့် သူတို့အား မပင်ပန်းကြောင်းပြောသည့်အတွက် သူတို့သည်လည်းအလေးအနက်မထားခဲ့ကြပေ။
ပရော်ဖက်ရှင်နယ်တစ်ယောက်က အသံမကောင်းသည့်အချိန်ကို ထည့်သွင်းစဉ်းစား၍မရပေ။ သို့သော် ယခုတော့ သူမက အထူးပညာသင်ဆုအား ရယူနိုင်ခဲ့သည့်အတွက် ထပ်ပြီးဖုံးကွယ်မထားသင့်တော့ပေ။
လုံလောက်ပေသည်။ ကျန်းကျန်းမှ မေဂျာသုံးခုယူထားသည်ဟု ပြောလာသည်ကို ကြားလိုက်ရသည့်အခ ခိုက်တွင် လီမူဝမ်းနှင့်ရွှယ်အိုက်ဟွားတို့ ကမျက်မှောင်ကြုတ်သွားကြသည်။
“မေဂျာသုံးခုလုံးက ကောင်းပေမယ့် သုံးခုလုံးကို ဘယ်လိုအချိန်ညှိမှာလဲ? လောဘမကြီးနဲ့လေ”
“မေဂျာသုံးခုလုံးမှာ တူတဲ့အတန်းတွေရှိတယ် ၊ အဓိက,က စီးပွားရေးနဲ့ပြင်သစ်မေဂျာ သင်ခန်းစာရဲ့တစ်စိတ်တစ်ပိုင်းက ကိုယ်တိုင်သင်ယူမှုနဲ့ပဲ သွားတာလေ၊ နားမလည်ရင် တစ်ပတ်နှစ်ခါလောက် ပါမောက္ခကို မေးလို့ရတယ် ၊ ကံကောင်းချင်တော့ အရမ်းမလွတ်တော့ဘူးပေါ့”
ကျန်းကျန်းပြုံးကာပြောလိုက်သည်။
သို့သော် သူမ၏မျက်နှာလေးတွင် ဂုဏ်ယူမှုအနည်းငယ်ရှိနေခဲ့သည်။ မဒမ်လီ သူမအားကြည့်၍ မေးလိုက်သည်။
“နောက်ဆုံးနှစ်ဝက်စာမေးပွဲက ဘယ်လိုနေလဲ? အရင်ဆုံးပြန်ပြီး စမ်းသပ်ဖို့ လုပ်ထားသေးလား?”
ကျန်းကျန်း ချက်ချင်းပြန်ဖြေလိုက်သည်။
“သတင်းစာမေဂျာက ပထမရတယ်၊ ပြင်သစ်မေဂျာက ဒုတိယရပြီး၊ စီးပွားရေးမေဂျာက တတိယရတယ်၊ နောက်ပြီး သမီးရဲ့အဆင့်တွေကကောင်းလို့ဆိုပြီး ကျောင်းက သမီးကိုအထူးပညာသင်ဆု ပေးလိုက်တယ်”
“အထူးပညာသင်ဆု?”
မဒမ်လီတစ်ယောက် မျက်လုံးများပြူးကျယ်သွားပြီး စိတ်လှုပ်ရှားစွာမေးလိုက်သည်။
“အဲဒာ ပထမထက် ပိုကောင်းလား?”
“ဒါပေါ့!”
ကျန်းကျန်း လက်သုံးချောင်းထောင်ကာ ပြောလိုက်လေ၏။
“တစ်ကျောင်းလုံးမှာ သုံးယောက်ပဲရှိတာ”
“ဘုရားရေ! သူမက တကယ့်ကို ငါ့မြေးမလေးပဲဟေ့!”
မစ္စလီ ချက်ချင်းပင် သူမ၏ ခွက်ကိုမြှောက်လိုက်သည်။
“လာကြ ငါတို့ရဲ့မိန်းကလေးက ချန်ပီယံလေးဖြစ်လာတဲ့အတွက်တစ်ခါလောက် ခွက်တိုက်ကြမယ်””
လီမူဝူက မဒမ်လီနှင့် ပထမဆုံးပူပေါင်းပြီး သူ့ဝိုင်ခွက်ကိုမြှောက်လိုက်သည်။
“မနက်ဖြန် ငါးသွားမျှားရင်း ပြောစရာရပြီ ၊ ဒီနေ့ ကျွန်တော် သူတို့ကို ကျန်းကျန်းက ကျွန်တော်တို့ ဟေးစီရင်စုရဲ့ဝင်ခွင့်စာမေးပွဲမှာ ပထမနေရာရတယ်ပြောခဲ့တာ၊ ဒါပေမယ့် ဘေးအိမ်က လူအိုကြီးရှီက ပြောတယ် ၊
သူ့သားကလဲ တော်ဝင်မြို့တော်ဝင်ခွင့်စာမေးပွဲမှာ ပထမရခဲ့တယ်တဲ့၊ ဒါကြောင့် ဒီတစ်ကြိမ်မှာ ကျွန်တော့်သမီးက အထူးပညာသင်ဆုကိုရခဲ့တယ်ဆိုတော့ သူမက သူ့သားကိုအနိုင်ပိုင်းပစ်လိုက်တာပဲ”
**
“ဘေးအိမ်က...လောင်ရှီလား...”
ကျန်းကျန်းတစ်ယောက် မျက်နှာပေါ်တွင် အနက်ရောင်လိုင်းများဖြင့် ရှီကျွင့်ကျဲအိမ် ရှိနေသည့် အိမ်ဘက်ခြမ်းသို့ မသိစိတ်မှလှည့်ကြည့်လိုက်မိသည်။
လီမူဝူက သူ့ပေါင်ကိုရိုက်လိုက်ရင်း အားပါးတရ ဆက်ပြေနေခဲ့သည်။
“အဲဒါက သူ့မိသားစုရဲ့အိမ်လေ၊ ဒီနေ့ ငါ သူ့သားကိုတွေ့ခဲ့တယ် သူကအတော်လေး ရုပ်ရည်ချောမောပြီး နွေးထွေးတယ် ၊ သူက အဖေ့ကို အန်ကယ်လီလို့ခေါ်လို့ အံ့ဩသွားရသေးတယ်”
ကျန်းကျန်း၏ ထူးဆန်းနေသည့်အမူအရာအားကြည့်ပြီး လီမူဝူ သခွားသီးကိုယူကာ တစ်ကိုက်ကိုက်လိုက်၍ ဆက်ပြောလိုက်သည်။
“သမီးတို့ နှစ်ယောက်လုံးက ပြင်သစ်ဘာသာမေဂျာကို သင်နေကြတာမလား ၊ မင်း အဲဒီကလေးကို သိလား? သူရော ပညာသင်ဆု ရရှိခဲ့သေးလား?”
“သမီး သူ့ကိုသိတယ်!”
ကျန်းကျန်းပြန်ဖြေလိုက်သည်။
“သူက ပညာသင်ဆု ပထမရတယ် ၊ဒါပေမယ့် ပြင်သစ်မေဂျာမှာ သူပထမရထားတာ”
လီမူဝူ ထိုအကြောင်းကို ကြားပြီးနောက် အနည်းငယ်စိုးရိမ်သွားရသည်။
“ဒါဆို မနက်ဖြန်ဘယ်လိုလုပ်ရမလဲ?”
လီမိသားစုတွင် ညစာကို ပျော်ရွှင်စွာစားသောက်နေကြချိန် ဘေးအိမ်မှ ရှီကျွင့်ကျဲသည်ကတော့ ပင်အပ်များကို ဖင်ခုထိုင်ထားရသကဲ့သို့ ဖင်တကြွကြွဖြစ်နေခဲ့သည်။
အိမ်သို့ ပြန်ရောက်သည့်အချိန်ကတည်းက ရှီချန်ပေါ်က ရှီကျွင့်ကျဲအား အလွန်စိတ်ဝင်တစားပုံဖြင့် စိုက်ကြည့်နေခဲ့သည်။
ညစာစားပြီးနောက် ရှီကျွင့်ကျဲမှ ပန်းကန်များကိုကူဆေးပေးလိုက်ပြီး သူနေသည့် အိမ်ခန်းလေးထဲသို့ထွက်ပြေးလွတ်မြောက်ရန် မစောင့်နိုင်တော့ပေ။ သို့သော် သူ့၏ အမြှီးကို မဖယ်ထုတ်နိုင်သေးပါချေ။
“အဖေ!”
ရှီကျွင့်ကျဲတစ်ယောက် သူ့ နောက်လိုက်ကာ အခန်းထဲလိုက်ဝင်လာသည့် ရှီချန်ပေါ်အား စိတ်ဆိုးစွာခေါ်လိုက်သည်။
“အဖေ ဘာဖြစ်ချင်နေတာလဲ?”
ရှီချန်ပေါ်က ခရမ်းရောင်လက်ဖက်ရည်အိုးကို ကိုင်ထားရင်း ရှီကျွင့်ကျဲအား ပျော်ရွှင်စွာကြည့်လာသည်။
“ငါက ငါ့သား ဘာလို့ဒေါသဖြစ်သွားတာဆိုတာ လဲသိချင်ရုံပါပဲကွ? သူက သူ သေချာမသိတဲ့ လူတစ်ယောက်ကို တောက်တောက်ပပပြုံးပြတာမျိုးကို ငါ ပထမဆုံးမြင်ဖူးတာလေ”
“ဘာမှားလို့လဲ? ကျွန်တော်က အချိန်တိုင်း ဒီလိုမှမဟုတ်တာ”
ရှီကျွင့်ကျဲ စားပွဲတွင်ထိုင်ကာ ကျောင်းလွယ်အိတ်ထဲမှ သူစာရင်းသွင်းထားသည့် စာစောင်များကို အမူအယာမဲ့ ထုတ်ယူလိုက်ပြီး စားပွဲပေါ်မှ မီးအိမ်ကိုဖွင့်ကာ အလေးအနက်စာလေ့လာနေပုံပေါ်လေသည်။
ရှီချန်ပေါ်က ခုံပေါ်မှီကာ လက်ဖက်ရည်ခွက်အား မြှောက်ပြီး တစ်ငုံသောက်လိုက်ပြီး ရှီကျွင့်ကျဲကို ကြည့်၍ နှာခေါင်းရှုံ့လိုက်သည်။
“ငါ့ရှေ့မှာ လာဟန်ဆောင်နေတယ်ပေါ့? မင်းက မင်းအဖေကို လျှော့တွက်ထားတာပဲ”
ရှီချန်ပေါ် ခါးကျောဆန့်ကာ လက်ထဲလက်ဖက်ရည်ခွက်ကို ကိုင်ထားရင်း သူ့ဘေးနားရှိ လက်ဖက်ရည်စားပွဲသို့လျှောက်သွားကာ ခုံတွင်ထိုင်လိုက်ပြန်သည်။
ထို့နောက် အိုးထဲမှ ရေကိုကျင်းကာ သူ့ဘေးရှိစည်ထဲမှ ရေကိုအိုးထဲသို့ဖြည့်လိုက်သည်။
ထို့နောက် ပလပ်ကြိုးတပ်ပြီးလျှင် လက်ဖက်ရည်ဗန်းပေါ်သို့ တင်ထားသည့် လက်ဖက်ရည်အိုးနှင့်ခွက်တို့ကို လက်ထဲတွင်ထိတွေ့နေခဲ့ပြန်သည်။
ရေနွေးဆူသည့်အချိန်တွင် ရှီချန်ပေါ် လက်ဖက်ရည်အိုးကို အမြန်ဆေးလိုက်သည်။ ပထမနှင့်ဒုတိယလက်ဖက်ရည်တို့ဖြင့် လက်ဖက်ရည်အိုးလေးကို ဆေးရန်အသုံးပြုကြပြီး တတိယမြောက်လက်ဖက်ရည်ကိုသာ ရှီချန်ပေါ်မှ ဖြေးညင်းစွာလောင်းထည့်လိုက်သည်။
ရှီချန်ပေါ် တစ်ငုံသောက်ပြီးနောက် ခုံပေါ်တွင် အပြင်းအထန်စာကြိုးစားနေပုံရသည့် ရှီကျွင့်ကျဲကိုကြည့်ရင်း ပျင်းလာခဲ့သည်။
“တစ်ပတ်လုံးစာသင်ပြီးလို့ အိမ်ပြန်လာတာတောင် ခဏလောက်လေးနားမနေနိုင်ဘူးလား? ဒီကိုလာပြီးငါနဲ့စကားလာပြောစမ်းပါ”
ရှီကျွင့်ကျဲ ရပ်တန့်လိုက်ကာ စာအုပ်အား အကူအညီမဲ့စွာပိတ်လိုက်ပြီး ခုံမှထ၍ ရှီချန်ပေါ်နှင့်ဆန့်ကျင်ဘက်တွင်ထိုင်လိုက်သည်။
သူက သူ့အတွက် လက်ဖက်ရည်တစ်ခွက်ထည့်ကာပြောလိုက်လေသည်။
“ကျွန်တော်နဲ့ ဘာအကြောင်းပြောချင်လို့လဲ”
ရှီချန်ပေါ် ချက်ချင်း သဘောတကျဖြစ်သွားပြီး သူ့သားအားအတင်းပြောချင်သကဲ့သို့ မျက်စိတစ်ဖက်မှတ်ပြကာ ပြောလာသည်။
“မင်း ဘေးအိမ်က အန်ကယ်လီနဲ့ပတ်သက်ပြီးဘာလို့ အရမ်းတက်ကြွနေတာလဲ?”
“အဲဒီကိစ္စလား?”
ရှီကျွင့်ကျဲ ပေါ့ပေါ့ပါးပါးပြုံးလိုက်ပြီး :
“အဖေ့ သူငယ်ချင်းတိုင်းကို ကျွန်တော် ဒီလိုမျိုးဆက်ဆံတာပဲလေ”
“မတူဘူးလေ”
ရှီချန်ပေါ် ပြန်တွေးပြီးသေချာပြောလိုက်သည်။
“မင်းကတစ်ခြားသူတွေကိုဆိုရင် ယဉ်ကျေးတယ်၊ သိသာထင်ရှားတဲ့ခြားနားမှုတွေအရ မင်းရဲ့ပါးစပ်ထောင့်က အများဆုံးမှ ၃၀ဒီဂရီလောက်ပဲ ကွေးတာ ၊
ဒါပေမယ့် လောင်လီနဲ့ကျတော့ မင်းက အရမ်းတက်ကြွနေပြီး ပါးစပ်က နားရွတ်ကိုတောင် တက်ချိတ်တော့မလိုပဲ ၊ဒီအဖေကို အမှန်အတိုင်းပြောစမ်း ၊ မင်း ဘေးအိမ်က လီမိသားစုရဲ့ ကလေးမလေးကိုစိတိဝင်စားနေတာလား?”
ရှီကျွင့်ကျဲ အကြည့်တို့အား အောက်သို့စိုက်လိုက်ကာ လက်ဖက်ရည်တစ်ငုံသောက်လိုက်သည်။
“ဘယ်ကလေးမလေးလဲ?”
“ဟမ်? မင်းမသိဘူးလား?”
ရှီချန်ပေါ် သူ့ကိုကြည့်ကာ အံ့ဩသွားသည်။
“အရပ်ရှည်ရှည်၊ပိန်ပိန်ပါးပါး၊အသားဖြူဖြူနဲ့လေ ၊သူမကိုကြည့်တဲ့အချိန်တိုင်း မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ပြုံးပြတတ်တဲ့ အရမ်းလှတဲ့ကလေးမလေးလေ”
ရှီချန်ပေါ်မှ ကျန်းကျန်း၏ ရုပ်ရည်အကြောင်းကို ချီးမွမ်းနေသည်ကိုကြားလျှင် ရှီကျွင့်ကျဲတစ်ယောက် သူ၏ခံစားချက်မဲ့နေသည့် မျက်နှာကို ထပာမံမထိန်းထားနိုင်တော့ပေ။
သူ့မျက်နှာပေါ်ရှိ အပြုံးက ရပ်တန့်၍မရတော့သည်ကြောင့် ခေါင်းအမြန်ငုံ့ကာ ဖုံးကွယ်ရန်အတွက် လက်ဖက်ရည်ကိုသာ သောက်လိုက်ရသည်။
လက်ဖက်ရည်သုံးခွက်မြောက်ထည့်ပြီးနောက် ရှီကျွင့်ကျဲတစ်ယောက် သူ၏မျက်နှာအမူအရာကို နောက်ဆုံးတွင်ထိန်းနိုင်သွားကာ ရှီချန်ပေါ်အား မျက်နှာသေဖြင့်ကြည့်လိုက်သည်။
“ဟမ်?”
ရှီချန်ပေါ် သူ့အား ဆွံ့အလျှက်ကြည့်လိုက်မိသည်။
“မင်းဆိုတဲ့ကောင်ကတော့ တကယ်ကို ဟန်ဆောင်ကောင်းလွန်းတာပဲ”