အခန်း (၂၁၇)
Vol. 22 Ch. 217
ကျန်းကျန်း ရှီကျွင့်ကျဲအား စျေးသို့ခေါ်သွားခဲ့လေ၏။
သူမက အနီးအနားရှိ ဟင်းသီးဟင်းရွက်များ ရောင်းချသည့်နေရာများအားလုံးကို သူမ၏ အသိစိတ်ဖြင့် ကြည့်ရှုခဲ့သည့်အတွက် ကြက်၊ ဘဲ၊ ဝက်များရှိသည့်နေရာကိုလည်း ရှင်းရှင်းလင်းလင်းမြင်နိုင်ခဲ့သည်။
ကျန်းကျန်းတစ်ယောက် လွန်ခဲ့သည့်တစ်ခေါက်တုန်းက ရှီကျွင့်ကျဲမှ ဘဲနှစ်ကောင်ကိုလည်း ပေးခဲ့ဖူးသည်ကို သတိရမိသောကြောင့် ဘဲကင်စားရန် ရုတ်တရက်အကြံရခဲ့သည်။
ဟိုးအစပိုင်း၌ ဥယျာဉ်ထဲတွင် မီးဖိုတစ်ခုကို တည်ဆောက်ခဲ့သည်။ ထိုအချိန်က ရာသီဥတုပူပြင်းပြီး သူမသည်လည်း သမားတော်ကျန်းနှင့်အတူ ဆေးဖက်ဝင်ဟင်းလျာများချက်ပြုတ်နည်းကိုသင်ယူနေခဲ့ရသည်။
ထို့အတွက် ရှီကျွင့်ကျဲ၏ ထိုဘဲနှစ်ကောင်မှာ စွပ်ပြုတ်ဘဝရောက်သွားပြီး ဆောက်ထားသည့် မီးဖိုကိုမသုံးခဲ့ရပေ။
စျေးသို့ရောက်သည့်အချိန်တွင် ကျန်းကျန်း အပြင်ဘက်ရှိ ဈေးသည်များနှင့် ဈေးဆိုင်များတွင် မရပ်ခဲ့ဘဲ ရှီကျွင့်ကျဲအား ကြက်၊ ငှက်ရောင်းသည့်နေရာသို့ တန်းတန်းမတ်မတ် ခေါ်သွားခဲ့သည်။
ခဏအကြာတွင် လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးက ဘဲဖြူများကို လှောင်အိမ်ဖြင့်ရောင်းချနေပြီး သူဘေးတွင် ကြက်သုံးကောင်ကို ကြိုးဖြင့်ချည်ထားသည်ကို တွေ့လိုက်ရတော့သည်။
ကြက်လာဝယ်သည်က ချောမောသည့် လူငယ်စုံတွဲတစ်တွဲဖြစ်သော်လည်း လူလတ်ပိုင်းအရွယ်အမျိုးသားမှာ အလွန်ရိုးသားခဲ့ပြီး ဈေးပိုမတောင်းခဲ့ပေ။
ကျန်းကျန်း ဘဲဖြူသုံးကောင်နှင့် ကြက်နှစ်ကောင်ကို ဝယ်ယူခဲ့သည်။ ၎င်းတို့ကို စျေးဆိုင်ပိုင်ရှင်မှ ပေးထားသည့် ကြိမ်ခြင်းတောင်းတစ်ခုထဲသို့ ထည့်လိုက်သည်။
ရှီကျွင့်ကျဲက လက်ကိုင်နှစ်ဖက်ပါသည့်ကြိမ်ခြင်းတောင်းကိုကြည့်ပြီး ချက်ချင်းပင် တစ်ဖက်မှ လှမ်းယူကာ ပြောလာခဲ့လေသည်။
“ကိုယ်ကူသယ်ပေးမယ်”
မနက်စာစားပြီးနောက် ဟုန်ရန်၏ မြစ်ကမ်းဘေးမှာ ထပ်မံ အသက်ဝင်လာခဲ့ပြနာသည်။ လီမူဝူတစ်ယောက် ငါးမျှားတံနှင့်ခြင်းတောင်းကို ကိုင်၍ ပုံမှန်အတိုင်းပင် ထွက်လာခဲ့သည်။
သူသည်ကား မြစ်ကမ်းစပ်မှ မကြာခဏထိုင်နေကျ နေရာသို့သွားကာ ငါးမျှားဖို့ရန်အလျင်စလို မလုပ်ခဲ့ပေ။
ထိုအစား သူက ရှီချန်ပေါ်၏ ပုံရိပ်ရှိ မရှိကို ငါးမျှားနေသည့် လူအုပ်ကြီးထဲ ဦးစွာ ပတ်ပတ်လည်လိုက်ရှာခဲ့သည်။
ရှီချန်ပေါ်မှာ ယနေ့တွင် အနည်းငယ်နောက်ကျမှသာ အိမ်မှ ထွက်ခွာလာခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် လင်းရှို့လန်က ယမန်နေ့မနက်က သူဝယ်ယူခဲ့သော အသားခိုများကို စိတ်အားထက်သန်စွာ သွားရောက်ကြည့်ရှုသော်လည်း ရေတွက်ပြီးနောက်တွင် ခိုဆယ်ကောင်သာရှိကြောင်းကို သူမ တွေ့ရှိခဲ့ရသောကြောင့်ပင်ဖြစ်လေ၏။
သူမက စုစုပေါင်း ခိုဆယ့်ငါးကောင်ကို ဝယ်ခဲ့ပြီး ယခုအချိန်တွင် ခိုအများအပြား ပျာက်ဆုံးသွားခဲ့သည်။
လင်းရှို့လန်က အမွှေးတောင်ဖြင့် ပြုလုပ်ထားသည့် ဝစီဖြင့် မှုတ်၍ အရပ်အနား မရှိ လိုက်ရှာနေချိန်တွင် ရှီကျွင့်ကျဲက ခွက်ထဲရှိ ကျန်ရှိနေသေးသည့် နောက်ဆုံးသော နို့တစ်ကျိုက်ကို သောက်လိုက်ပြီး ပါးစပ်ကို လက်ကိုင်ပုဝါဖြင့် သုတ်လိုက်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“ခိုကို ကျွန်တော် ယူသွားခဲ့တာ”
လျို့ရှို့လန်တစ်ယောကာ အိမ်တွင်ရှိသည့် ခိုများက ပျောက်ဆုံးသွားခြင်း မဟုတ်ကြောင်းကို ကြားလိုက်သောကြောင့် စိတ်သက်သာရာ ရသွားခဲ့သည်။
ထိုအချိန်မှသာ အမွှေးအတောင်ဖြင့် လုပ်ထားသည့် ဝစီကို ပန်းအိုးတင် စားပွဲပေါ်သို့ထည့်လိုက်လေသည်။
သူမက ရှီကျွင့်ကျဲ၏ ဘေးတစ်ဖက်တွင် ထိုင်ကာ သူ့ကို စူးစမ်းလိုစွာကြည့်၍ မေးလိုက်သည်။
“မင်း ခိုတွေကို ဘာလုပ်ဖို့ယူသွားတာလဲ”
ရှီကျွင့်ကျဲက သူ၏လက်ကိုင်ပုဝါကို ချလိုက်ပြီး မတ်တပ်ရပ်လိုက်ကာ လင်းရှို့လန်ကို တည်တည်ငြိမ်ငြိမ်နဲ့ကြည့်၍ ပြန်ဖြေခဲ့လေ၏။
“အဲဒါက လက်ဆောင်တစ်ခုအဖြစ်ပေးလိုက်တာ”
“အဲဒါကို ပေးလိုက်တာလား”
လင်းရှို့လန်က ထူးမခြားနားစွာဖြင့် ပြန်ပြေောလာခဲ့သည်။
“အဆင်ပြေပါတယ်၊ ငါလည်း စာပို့ခိုတချို့ကို ထပ်ဝယ်ဖို့တွေးနေတာပဲ”
လင်းရှို့လန်က ဤကိစ္စကို ဂရုမစိုက်သော်လည်း ရှိချန်ပေါ်ကမူ အတွင်းထဲတွင် ကိစ္စ တစ်ခုခုရှိနေနိုင်သည်ဟု အမြဲခံစားမိနေခဲ့သောကြောင့် ရှီကျွင့်ကျဲကို အချိန်အတော်ကြာ လိုက်ကြည့်နေခဲ့သည်။
သို့သော်လည်း ရှီကျွင့်ကျဲက သူ့ကို စကားတစ်ခွန်းမှ မပြောခဲ့ပါချေ။
ရှီချန်ပေါ်၏ ပုံရိပ်ကို အဝေးကမြင်လိုက်ရချိန်၌ လီမူဝူတစ်ယောက် စိတ်လှုပ်ရှားစွာ လက်ပြလိုက်ချေသည်။
ရှီချန်ပေါ်က ငါးမျှားတံကို လီမူဝူဘေးတွင် ချထားကာ ငါးစာခွဲထုတ်နေရင်းဖြင့် လီမူဝူဒ၏စူးစူးစိုက်စိုက်ကြည့်မှုကို သတိထားမိ၍ မေးလိုက်လေ၏။
“ဒီနေ့ဘာလို့ ဒီလောက်ပျော်နေတာလဲ”
လီမူဝူက ကျန်းကျန်း၏ အတန်းတွင်းအဆင့်များနှင့် ပညာသင်ဆုများအကြောင်းကို တိုက်ရိုက်ပြောပြရန်က မျက်နှာပြောင်လွန်းသည်ဟု ခံစားမိသည်။
ထို့ကြောင့် အနည်းငယ်မျှ အရိပ်အယောင်ပြဖို့ အရင်ဆုံးတွေးကာ ခေါင်းကို လေးလေးနက်နက် ခါရမ်းလိုက်ပြီး ဟန်ဆောင်ကာ ဖြည်းညှင်းစွာ ပြောခဲ့လေသည်။
“ဒီနေ့ မနက်က ငါ့ရဲ့သမီးလေး ခြံထဲမှာ ပြင်သစ်စာဖတ်နေတာကို မြင်နေခဲ့ရတဲ့အတွက်ကြောင့်ပဲလေ၊ သူမက သင်ယူဖို့အတွက် သိနေခဲ့တဲ့အတွက် ငါအရမ်း ဝမ်းသာနေခဲ့တာ”
“ပြင်သစ်ဘာသာ?”
ရှီချန်ပေါ် သူ့ကို အံ့အားသင့်စွာ ကြည့်ပြီး ပြောလိုက်သည်။
“မင်းရဲ့ သမီးက သတင်းစာမေဂျာ အဓိကမဟုတ်ဘူးလား?”
ရှီချန်ပေါ် ထိုအကြောင်းအရာကို အမှန်တကယ်စိတ်ဝင်စားနေသည်ကို မြင်လိုက်ရလျှင် လီမူဝူက ကြွားဝါလိုစွာဖြင့် ပြောလိုက်သည်။
“ငါ့သမီးက ဂျာနယ်လစ်ပဲမဟုတ်ဘူး၊ မေဂျာသုံးခုတောင် ယူထားတာ..ပြင်သစ်နဲ့ စီးပွားရေးမေဂျာ ဂန္တဝင်... ဂန္တဝင်..”
လီမူဝူက ယမန်နေ့ညက ကျန်းကျန်း ပြောခဲ့သည့် ပရော်ဖက်ရှင်နယ်ဟူသော နာမည်ကို အလွတ်ကျက်ထားခဲ့ပြီး ယနေ့မနက်အထိ မှတ်မိနေသေးသည်။
“ပရော်ဖက်ရှင်နယ် စီးပွားရေးမေဂျာ?”
ရှီချန်ပေါ် အစမ်းသဘောဖြင့် ထောက်ပေးကာ မေးလိုက်သည်။
“ဟုတ်တယ်၊ ပရော်ဖက်ရှင်နယ်စီးပွားရေးမေဂျာ”
လီမူဝူ ပြုံးကာ ခေါင်းညိတ်ပြလိုက်ပြီး:
“ငါ့ရဲ့ မှတ်ဥာဏ်ကို ကြည့်ပါဦး၊ ငါ အဲဒါကို သိသိကြီးနှင်တောင် စကား မပြောနိုင်တော့ဘူး”
“ပြင်သစ်မေဂျာဆိုရင်...”
ရှီချန်ပေါ်က ဂုဏ်ယူစွာပြုံးပြီး ပြောလိုက်သည်။
“ငါ့သားက ပြင်သစ်မေဂျာမှာ ပထမနေရာကို ရခဲ့တယ်”
သူ့ဘေးနားမှ ငါးဖမ်းသမားက ချက်ချင်းပဲ ခေါင်းကိုလှည့်ကြည့်လာကာ ပြုံးပြီးပြောလာသည်။
“တော်ဝင်တက္ကသိုလ်လိုနေရာမျိုးမှာတောင် လောင်ရှီရဲ့ သားက ပထမနေရာကို ရလိုက်နိုင်တာက အံ့သြစရာပဲ၊ မင်းအိမ်ပြန်ရောက်ရင် မင်းရဲ့ သားအတွက် ဂုဏ်ပြုပွဲလုပ်ပေးသင့်တယ်”
“အဲဒီကလေးရဲ့ ဒေါသကို မင်းမသိလောက်ဘူး၊ သူက အဲဒီလိုမျိုးရှုပ်ပွနေတဲ့ လှုပ်ရှားမှုတွေကို မလုပ်ချင်ဘူးလေ”
ရှီချန်ပေါ်က ဂုဏ်ယူစွာ ပြန်ပြောလာသည် ။
ရှီချန်ပေါ်က လူများနှင့် ပျော်ရွှင်စွာ စကားစပြောလာခဲ့ပြီး သူ့သမီးကို ကြွားဝါဖို့ရန်အတွက် နေရာမရှိဖြစ်လာသည်ကို မြင်လျှင် လီမူဝူက အလျင်စလိုဖြစ်သွားခဲ့ရသည်။
“ကောင်းပြီ၊ ငါ့သမီးလည်း ဂျာနယ်လစ်မေဂျာရဲ့ စာမေးပွဲမှာ ပထမနေရာရခဲ့တယ်လေ”
လူတိုင်း၏ အံ့အားသင့်နေသော မျက်လုံးများကို မြင်လိုက်ရလျှင် လီမူဝူက တမင်သက်သက်ကြွားဝါကာ ရောင်းထုတ်ခြင်းဖြစ်နေမည်ကိုပင် ဂရုမစိုက်တော့ဘဲ သူ့ဗိုက်ထဲမှ စကားလုံးများအားလုံးကိုအသက် တစ်ရှူရှိုက်စာအချိန်အတွင်း ပြောလာခဲ့သည်။
“သူမက အထူးပညာသင်ဆုလည်း ရခဲ့သေးတယ်”
“ဒီတော့ ကျွင့်ကျဲပြောတဲ့ အထူးပညာသင်ဆုကို လက်ခံရရှိတဲ့သူက မင်းရဲ့သမီးဖြစ်နေတာပဲ”
ရှီကျွင့်ကျဲ ရုတ်တရက် ရယ်မောလိုက်ပြီး ဆက်ပြောလာခဲ့သည်။
“မနေ့ညက ငါ့ရဲ့သား ကျွင့်ကျဲက ဒါကိုပြောခဲ့သေးတယ်...”
သူ၏ စကားများက တစ်ဝက်တစ်ပျက်လောက်ကို ရောက်ချိန်တွင် ရှီချန်ပေါ်တစ်ယောက် တစ်စုံတစ်ခုကို တွေးတောလိုက်မိကာ ရပ်တန့်သွားခဲ့ရသည် ။
ကျွင့်ကျဲက ယမန်နေ့က နေ့ခင်းဘက်အချိန်မှာ လီမိသားစုမှ မိန်းကလေးကို မသိသကဲ့သို့ ပြုမူနေခဲ့တယ်။
သူတို့နှစ်ယောက်က မေဂျာတစ်ခုထဲမှာ အတူရှိနေတယ်ဆိုတာက သိသာထင်ရှားပြီး သူမက ပညာသင်ဆုရခဲ့တာကိုတောင်မှ သူ သိနေတဲ့အတွက် သူမကို မသိဖို့ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။
ဒီကောင်လေးက သူ့ကို လှည့်စားနေပြန်ပြီ ။
ယခုအချိန်တွင်တော့ ရှီချန်ပေါ်မှာ ငါးမျှားချင်စိတ်ပင်မရှိတော့ချေ။ သူက ငါးမျှားတံကို ဘေးဖယ်ထားကာ လီမူဝူနှင့် ပိုနီးကပ်စေရန် ခုံတန်းလျားကို ရွှေ့လိုက်ပြီး အသာမေးလိုက်သည်။
“လောင်လီ၊ မင်းသမီးရဲ့ အရည်အချင်းတွေက မယုံနိုင်လောက်အောင်များလွန်းတာပဲ၊ မင်း သူ့ကို ဂုဏ်ပြုပွဲ မလုပ်လို့မရဘူး၊ ပြောရမယ်ဆိုရင် ငါတို့က တစ်ယောက်နဲ့တစ်ယောက် နီးနီးနားနားရှိနေတာ၊ ငါ အခုထိ မင်းအိမ်ကို မရောက်ဖူးသေးဘူးလေ”
ပေရှားမှာ နေစဥ်အတွင်း အိမ်နီးချင်းများအကြားတွင် ညစာစားရန်အတွက် အချင်းချင်း အလည်လာလေ့ရှိသောကြောင့် လီမူဝူက မငြင်းဆန်ခဲ့ပါချေ။
“ဒါဆို ဒီနေ့ နေ့လည်ဘက်လောက် ထမင်းစားဖို့အတွက် ငါ့အိမ်ကို လာခဲ့ကြလေ၊ မင်းရဲ့ဇနီးသည်နဲ့ သားသမီးတွေကိုပါ အတူ ခေါ်လာခဲ့၊ အတူတူ ပျော်ပျော်ပါးပါး စားကြရအောင်!”
“ကောင်းပြီ!”
ရှီချန်ပေါ်က ချက်ချင်းပင် မတ်တပ်ထရပ်ပြီး ပြောလာသည်။
“ဒါဆို ငါ အိမ်ပြန်ပြီး ငါ့ရဲ့ဇနီးသည်ကိုပြောလိုက်မယ်၊ သူမကို အကြီးအကဲတွေအတွက်ပါ လက်ဆောင်တွေပြင်ဆင်ခိုင်းမယ်”
“ဒီလောက်ထိ ဒုက္ခရောက်အောင် လုပ်နေစရာ မလိုပါဘူး၊ ငါတို့က ထမင်းအတူစားရုံပဲလေ”
ရှီချန်ပေါ်မှ အလျင်အမြန်ထွက်ခွာသွားသည်ကိုမြင်လိုက်ရလျှင် လီမူဝူတစ်ယောက် အနည်းငယ် စိတ်မသက်မသာဖြစ်ပြီး ခေါင်းကုတ်လိုက်မိသည်။
“မင်းဘာလို့ ဒီလောက်တောင်ယဉ်ကျေးနေရတာလဲ”
ရှီချန်ပေါ်သည်ကား အိမ်ထဲသို့ အမြန်ဝင်ကာ ငါးမျှားတံနှင့် ပုံးကို ဘေးသို့ ထားလိုက်လေ၏။
ပြီးနောက် ပန်းပင်များကို ရေလောင်းနေသော လင်းရှို့လန်ကို ဆွဲခေါ်ကာ ချက်ချင်း ပြောလိုက်သည်။
“မင်း လိုအပ်တာတွေ ထုပ်ပိုးထားလိုက်ဦး၊ နေ့လည်စာစားဖို့အတွက် လီမိသားစုရဲ့အိမ်ကို သွားကြမယ်”
ခင်ပွန်းဖြစ်သူက ဘေးအိမ်ရှိလူများနဲ့ ငါးမျှားလေ့ရှိသည်ကို သူမ သိထားသော်လည်း လင်းရှို့လန်မှာ ခင်ပွန်းဖြစ်သူ တစ်စုံတစ်ယောက်၏ အိမ်တွင် စားဖို့ ချက်ချင်းပြောသည့်အချိန်တွင် မမေးဘဲ မနေနိုင်ခဲ့ချေ။
“ဘာအကြောင်းကိစ္စရှိနေလို့လဲ၊ ဘယ်လိုလက်ဆောင်မျိုး ပြင်ဆင်ရမလဲ?”
ရှီချန်ပေါ်က စကားမပြောမီ အနည်းငယ် တုံ့ဆိုင်းနေခဲ့သေသည်။
“ပိုကောင်းတာလေး ပြင်ထားပေး၊ ဘေးအိမ်က ကောင်မလေးက တော်ဝင်တက္ကသိုလ်မှာ အထူးပညာသင်ဆုကို ရရှိထားခဲ့တာ”
ဘေးအိမ်တွင် မိန်းကလေးတစ်ယောက်ရှိနေသည်ကို ကြားလိုက်ရသည်နှင့် လင်းရှို့လန်က ချက်ချင်းဆိုသလိုပဲ သူမ၏ စွမ်းအင်ကို ပြန်လည်ရရှိခဲ့လေသည်။
သူမက ပန်းပင်များကို ရေလောင်းပြီး အားဆေးများထည့်ကျွေးတာကို ရပ်တန့်လိုက်လေသည်။
ထို့နောက် ပင်မအခန်းသို့ အမြန်ပြန်ကာ အဝတ်အစားပြင်ဆင်ရန်အတွက်ပင် နာရီဝက်ကျော်ခန့် အချိန်ယူခဲ့သည်။ ထို့နောက် လက်ဆောင်ကောင်းတစ်ခုကို ထပ်မံ ရွေးချယ်ပြန်သည်။
လင်းရှို့လန်က သူမ၏ မျက်ခုံးနှင့်မျက်နှာ မိတ်ကပ်များကို အသုံးချကာ ပြင်ဆင်နေခဲ့သည်။
ထိုအခိုက်တွင် ရှီချန်ပေါ်က မိသားစုထမင်းစားပွဲကို သီးသန့်သွားစားရမည်ဖြစ်ကြောင်း ရှီကျွင့်ကျဲကိုပြောရန်အတွက် သူ၏အိမ်ခန်းဆီသို့ သွားခဲ့လေသည်။