အခန်း (၂၁၈)
Vol. 22 Ch. 218
ကျွင့်ကျဲသည်ကား ရှီချန်ပေါ်နှင့်အတူ ထိုကဲ့သို့သော လှုပ်ရှားမှုများတွင် မကြာခဏ ပါဝင်လေ့ရှိသည့်အတွက်ကြောင့် ကောင်းမွန်သည့် ၀တ်စုံကို ပြောင်းလဲခဲ့ပြီး သူ့တစ်ကိုယ်လုံးက ပေါ့ပေါ့ပါးပါးဖြစ်ကာ လွတ်လပ်သည့် အသွင်အပြင်ကို ပြသနေခဲ့သည်။
သားအမိနှစ်ယောက် အဆင်သင့်ဖြစ်သည့်အချိန်တွင် ရှီချန်ပေါ်က သူတို့ကို တံခါးအပြင်ဘက်သို့ ခေါ်သွားခဲ့သည်။
ရှီကျွင့်ကျဲတစ်ယောက် အဖေဖြစ်သူက အဘယ်ကြောင့် ကားမမောင်းရသနည်းဆိုသည်ကို တွေးတောနေချိန်တွင် ရှီချန်ပေါ်မှ ဘေးအိမ်၏တံခါးကို ခေါက်တဲ့သည်ကို တွေ့လိုက်ရလေသည်။
“လောင်လီရေ ၊ ငါတို့ လာပြီ ”
ရှီကျွင့်ကျဲ : “...”
ကျန်းကျန်း ဟင်းသီးဟင်းရွက်ဈေးမှ ပြန်လာပြီးနောက်တွင် လီမင်ရှီ နှင့် လီမင်ပေတို့ထံသို့ သူမဝယ်ယူလာခဲ့သော ကြက်နှင့် ဘဲများကို လှမ်းပေးကာ သပ်ရပ်စွာ ခုတ်ထစ်ပေးရန် တောင်းဆိုလိုက်သည်။
ရှီကျွင့်ကျဲ ပို့ပေးလိုက်ည့် ခိုများအတွက်တော့ ယနေ့တော့ မစားနိုင်တော့လောက်ဟု တွေးတောမိခဲ့သည့်အတွက် ကျန်းကျန်း လှောင်အိမ်ကို ဖွင့်ပြီး ပင်မဝင်းထဲမှာ ထည့်ထားလိုက်သည်။
ထို့နောက် ခိုများ
စားသောက်နိုင်ရန်အတွက် ကောက်ညှင်းဆန်လက်တစ်ဆုပ်စာ ပုံးထဲသို့ ထည့်ပေးလိုက်သည်။
ကျန်းကျန်း၏ သဘာဝလွန်ထိန်းချုပ်မှုများကြောင့် ခိုများက ခြံဝင်းထဲမှ ပျံထွက်မည်ကို သူမ မကြောက်ပေ။
ကျန်းကျန်းက မနက်အစောကြီး ပြေးခဲ့ပြီး ကြက်အရှင်များကို ပြန်ဝယ်လာရသည့်အတွက် သူမ၏တစ်ကိုယ်လုံး က အနံ့မကောင်းတော့ဟု ခံစားနေခဲ့ရသည်။
ထို့ကြောင့် အနောက်ဘက်အခန်းဆီကို ပြန်သွားခဲ့ပြီး တံခါးအပါအဝင်ပြတင်းပေါက်များကိုပါ ပိတ်လိုက်ကာ နေရာလွတ်ထဲသို့ ဝင်သွားခဲ့သည်။
ပြီးနောက် ရေပူစမ်းများဖြင့် ဖြည့်ထားသည့် ရေချိုးကန်ထဲသို့ ဆင်းကာ လှဲလျောင်းလိုက်လေ၏။
သူမ ရေချိုးကန်ထဲတွင် မျက်လုံးမှိတ်ကာ ၁၀မိနစ်ခန့် တစ်မှေး,မှေးလိုက်သည်။ ထို့နောက် ကျန်းကျန်းမျက်လုံးဖွင့်လိုက်ပြီး စင်ပေါ်မှ သူမနိုင်ငံခြားဈေးဝယ်စင်တာမှ ဝယ်လာသည့် ခေါင်းလျှော်ရည်ကိုယူကာ သူမ၏ဆံပင်ရှည်များတွင် ပွတ်သတ်လိုက်ပြီး ရေချိုးဆပ်ပြာဖြင့်ခန္ဓာကိုယ်အနှံ့တိုက်ကာ ရေပန်းကိုဖွင့်လိုက်လေသည်။
ရေနွေးများကအထဲမှဖြာထွက်လာပြီး သူမတစ်ကိုယ်လုံးကို သန့်ရှင်းသွားစေသည်။
ရေချိုးပြီးနောက် ကျန်းကျန်းအပြင်ထွက်ရန် အလျင်မလိုပေ။ သူမ တဘတ်ဖြင့်သူမကိုယ်ကိုပတ်ကာ နေရာလွတ် အပူချိန်ကို ၃၀ဒီဂရီထားလိုက်သည်။ ထို့နောက် နူးညံ့သည့်လေညှင်းများ တိုက်ခတ်လာပြီး သူမ၏ဆံနွယ်ရှည်များကို ခဏတာအတွင်း ခြောက်သွေ့သွားစေသည်။
အော်တိုဘာလလယ်၏ ရာသီဥတုက အနည်းငယ်အေးသည်။ ကျန်းကျန်း ဆွယ်တာအပွတစ်ထည်ကို ရှာဖွေသွားပြီး ထိုဆွယ်တာကိုဝတ်ကာ အောက်တွင် ဂျင်းဘောင်းဘီကိုဝတ်ဆင်လိုက်သည်။
ယနေ့ခေတ် တီဗီစီးရီးတစ်ခုကြောင့် အောက်ဘက်တွင် ခေါင်းလောင်းပုံစံဂျင်းဘောင်းဘီများမှာ လူငယ်တွေကြားခေတ်စားလာခဲ့သော်လည်း ကျန်းကျန်းအနေဖြင့် ထိုပုံစံကိုသိပ်မကြိုက်ပေ။
ထို့ကြောင့် သူမက နေရာအနည်းငယ်သို့သွားကာ အသားပါးသည့်သာမန်ဂျင်းကိုဝယ်ပြီး ဘောင်းဘီချုပ်သည့် အထည်ဆိုင်သို့သွားခဲ့သည်။ ဝတ်ပြီးနောက် သူမ၏ ခြေထောက်များသည် ပိန်ပါးကာသွယ်လှနေရုံတင်မကဘဲ သပ်သပ်ရပ်လဲရှိလေသည်။
ကျန်းကျန်းသည် ခြံထဲသို့ အသိစိတ်ဖြင့်ကြည့်လိုက်ရာ မင်ရှီနှင့်မင်ပေတို့မှာ ဘဲမွှေးများနုတ်၍မပြီးသေးကြောင်းမြင်လိုက်ရသည်။
ထို့ကြောင့် သူမအလျင်မလိုဘဲ ခေါင်းဘီးဖြင့် သူမဆံပင်များကို မှန်ရှေ့ဖြီးသင်နေခဲ့သည်။
သူမ တံခါးဖွင့်ကာ ထွက်လာသည်နှင့် ခြံတံခါးအပြင်မှ အသံတစ်ချို့ကို ကြားလိုက်ရသည်။
“လောင်လီရေ ငါတို့လာတယ်”
ကျန်းကျန်း တစ်ခဏလောက်အံ့အားသင့်သွားရကာ လီမူဝူ အခန်းထဲမှ ထွက်လာကာ ကျယ်ကျယ်အော်၍ တစ်ဖက်လူကို အိမ်ထဲသို့ဝင်ခိုင်းသည်ကိုမြင်လိုက်ရသည်။
“လာကြလေ”
ကျန်းကျန်း တံခါးဆီသို့ သူမ၏အသိကို စိတ်လွှတ်ပြီးကြည့်လိုက်ရာ တံခါးဝတွင် သဘောထားကြီးသည့်အသွင်အပြင်နှင့် စုံတွဲတစ်တွဲရပ်နေပြီး သူတို့၏ နောက်တွင် ရှီကျွင့်ကျဲတစ်ယောက် လက်ဆောင်ထုတ်များကိုင်ထားရင်း တုန်လှုပ်ခြောက်ခြားပြီး ပြိုလဲလုနီးပါး ရှိနေသည့်အမူအရာဖြင့် ရပ်နေသည်ကိုမြင်လိုက်ရသည်။
လီမူဝူ သူတို့ကိုအထဲသို့ ခေါ်လိုက်သည်။
ရှီကျွင့်ကျဲသည်ကား သူ့အနေဖြင့် ချစ်ကြိုက်ရန် အတွေး မရှိလျှင်ပင် သူ့တွင်ပြေးလေ့ကျင့်ခြင်းနှင့် ရေချိုးခြင်းအလေ့အထရှိသည့် အတွက် ဝမ်းသာမိပေမယ့် အဝတ်အစားများမှာ အလွန်ပေါ့ပေါ့ပါးပါးဖြစ်နေခဲ့သည်။
ရှီကျွင့်ကျဲ ရုတ်တရက်နောင်တရလာသည်။ ကျန်းကျန်း၏အိမ်တွင် ဧည့်သည်တစ်ယောက်အနေဖြင့် သူသည်ကား ကိုယ်တိုင်းဖြင့်ချုပ်ထားသည့် အဖြူရောင်အနောက်တိုင်းဝတ်စုံဖြင့်ရောက်လာသင့်သည်။
သို့သော် သူ၏မွေးဖခင်ဖြစ်သူကိုယ်တိုင်က သူ၏အစီအစဉ်များကိုဖျက်ဆီးပြီး တိတ်တဆိတ် ပါးကိုဖြတ်ရိုက်လိုက်လိမ့်မည်ဟု မထင်ထားခဲ့ချေ။
မူလက ရှီကျွင့်ကျဲ၏အကြံမှာ သူဘွဲ့ရပြီးနောက် အလုပ်လုပ်နေသည့်အချိန်တွင် ကျန်းကျန်းအိမ်သို့ ကိုယ်တိုင်းဖြင့်ချုပ်ထားသည့်အနောက်တိုင်းဝတ်စုံပြည့်၊ တောက်ပနေသည့် လယ်သာဖိနပ်နှင့် လက်ဆောင်များကို သေချာပြင်ဆင်ကာ သွားရန်တွေးထားခဲ့သည်။
သို့သော် ယခုတွင်တော့ သူသည်ကား သာမန်ပေါ့ပေါ့ပါးပါးဝတ်စုံကိုသ် ဝတ်ဆင်ထားခဲ့သည်။ ထို့အပြင် ခေါင်းလျှော်လာသည့်အတွက် ဆံပင်များမှာလည်း အနည်းငယ်ဖွာလန်ကျဲနေခဲ့သည်။
သူ တွေးထားသည်နှင့်အလွန်ကွာခြားနေသည့်အတွက် အလွန်စိတ်ပျက်လက်ပျက်ဖြစ်နေရကာ သူ့မိဘများ၏ နောက်မှလိုက်လာရသည်။
ရှီကျွင့်ကျဲ အတွင်းဘက်ခြံဝင်ထဲမှထွက်လာသည့် ကျန်းကျန်းမှ သူ့အားပြုံးပြလာသည့်ကိုမြင်သည့်အခိုက်တွင် သူ့၏နှလုံးသားထဲမှမျက်ရည်မကျဘဲငိုကြွေးနေမိရသည်။
လင်းရှို့လန်တစ်ယောက် လီမူဝူတို့အချင်းချင်းနှုတ်ဆက်လိုက်ကြပြီးနောက် ခြံဝင်းရှေ့တွင်ရပ်နေသည့် ပိန်းပါးသည့် မိန်းကလေးကို ရုတ်တရက်မြင်လိုက်ရသည့်အခါ သူမ၏ မျက်လုံးများတောက်ပလာခဲ့သည်။
ဤနှစ်များအတွင်း လင်းရှို့လန်သည်ကညး တော်ဝင်မ်ြု့တော်တွင်ဖြစ်စေ ပြင်သစ်တွင်ဖြစ်စေ ထူးချွန်ထက်မြက်သည့်ပုံစံဖြင့်မိန်းကလေးအများအပြားကိုတွေ့ခဲ့ဖူးသည်။
သို့သော် ယခုကဲ့သို့ ရှိရင်းစွဲအလှမျိုးရှိသည့် မိန်းကလေးကိုတွေ့ဖူးသည်မှာ ပထမဆုံးပင်။
လင်းရှို့လန်မှာ အလှအပကိုနှစ်သက်သည့်လူမျိုးဖြစ်ပြီး သူမ၏ပင်ကိုယ်စိတ်ရင်းမှာ အလွန်ကြင်နာတတ်သည်။
ထို့ကြောင့် သူမ ယခုလိုလှပသည့်မိန်းကလေးကိုမြင်လိုက်ရသည့်အခိုက်တွင် သူမ၏ စိတ်ထဲမှ အလိုလိုချီးမွမ်းစကားများ တစ်သီတစ်တန်းကြီးထွက်လာကာ သူမ လီမူဝူကို မမေးဘဲမနေနိုင်ပေ။
“မစ္စတာလီ ဒါလေးက ဘယ်သူလေးလဲ? ရှင့်သမီးလေးလား? သူမကအရမ်းလှတာပဲ!”
လီမူဝူမှာ မစ္စတာလီဆိုသည့်အခေါ်အဝေါ်ကြောင့် အနည်းငယ်ကြောင်အသွားသည်။
“ခဏလေး ၊ အစ်မ ကျွန်တော့်ကို အဲဒီလိုခေါ်စရာမလိုပါဘူး ၊ လောင်ရှီခေါ်သလိုမျိုး လောင်လီလို့ပဲခေါ်ပါ”
ထိုအရာမှာ အလုပ်မဖြစ်ပေ။ လှပသည့်မိန်းကလေးကို ပထမဆုံးတွေ့လိုက်ရသည့် လင်းရှို့လန်၏တုံ့ပြန်မှုမှာ သူမကိုချွေးမအဖြစ် အိမ်သို့ခေါ်သွားရန်ဖြစ်သည်။
ထို့ကြောင့် လောင်လီဟူသည့် ပေါ့ပေါ့ပါးပါးအသုံးအနှုန်းမျိုးကို သူမ မသုံးနိုင်ပေ။
လင်းရှို့လန်အနေဖြင့် သူမ၏ခင်ပွန်းဆီမှ လီမိသားစုအကြောင်းကို ကြားထားပြီးသားဖြစ်၍ သူမက နာမည်ကိုအောက်မှအပေါ်သို့ ပြောင်းလိုက်တော့သည်။
“အစ်ကိုကြီးလီ”
လီမူဝူက ဤတစ်ကြိမ်တော့ စိတ်လျှော့ကာ ဆက်ပြုံးနေသည်။
“ဒါက ကျွန်တော့်သမီးလေ သူမရဲ့ အိမ်နာမည်က ကျန်းကျန်းတဲ့”
လင်းရှို့လန်မှာ သူမ၏ နောက်မှလက်ဆောင်များကို ကိုင်ထားသည့် သူမ၏သားဖြစ်သူကို ဂရုမစိုက်တော့ချေ။
သူမ အရှေ့သို့တိုးကာ ကျန်းကျန်း၏လက်ကလေးအားဆွဲယူလိုက်ပြီး ချစ်ခင်စွာမေးလိုက်သည်။
“သမီးနာမည်က ကျန်းကျန်းနော်? အန်တီ့ရဲ့ခင်ပွန်းဆီက ကြားထားတယ် သမီးလည်း တော်ဝင်တက္ကသိုလ်မှာတက်နေတာဆို?”
“မင်္ဂလာပါ အန်တီနဲ့အန်ကယ် ကျွန်မနာမည်က လီမင်ကျန်းပါ တော်ဝင်တက္ကသိုလ် သတင်းစာမေဂျာကပါ”
ကျန်းကျန်း ပြုံးကာ လင်းရှို့လန်အား အထဲဝင်ရန် ကူညီလိုက်သည်။
လင်းရှို့လန်တစ်ယောက် ပင်မခြံဝင်းထဲသို့ ရောက်သည့်အခါ ခြံဝင်းထဲမှ ခိုများကိုကြည့်ပြီး အံ့အားသင့်သွားခဲ့ရသည်။
သူမ ခိုများကို နှစ်ရက် သုံးရက်လောက်သာဝယ်ခဲ့သော်လည်း အဘယ့်ကြောင့် လီမိသားစုမှ ခိုများသည် သူမ ဝယ်ခဲ့ခိုများနှင့်ဆင်တူနေရသနည်း?
တွေးကြည့်ပြီးနောက် လင်းရှို့လန် ခြံထောင့်ရှိ လှောင်အိမ်ကိုကြည့်လိုက်ကာ ချက်ချင်းအတည်ပြုနိုင်သွားသည်။ လက်ကိုင်တွင်ချည်ထားသည့်ဖဲပြားမှာ သူမကိုယ်တိုင်ချည်ထားခဲ့ခြင်းသာဖြစ်သည်။
လင်းရှို့လန် သူမ၏နောက်မှတစ်ချိန်လုံး အသံတိတ်ကာ လိုက်လာသည့် သားဖြစ်သူကို ချက်ချင်းလှည့်ကြည့်လိုက်လျှင် မျက်နှာတစ်ပြင်လုံးနီရဲနေသည်ကို တွေ့လိုက်ရသည်။
သူအကောင်းဆုံး ကြိုးစားဖုံးကွယ်ခဲ့သော်လည်း လင်းရှို့လန်က ကျန်းကျန်း၏ပုံစံကို မသိစိတ်အရရှာဖွေပြီး သဲလွန်စကိုဖမ်းမိသွားခဲ့သည်။
လင်းရှို့လန်မှာ သူမ ယခင်က အရံဇာတ်လမ်းသက်သက်ရေးခဲ့မိခြင်း မဟုတ်ကြောင်း ရုတ်တရက် နားလည်သွားသည်။
အမြင်မှန်မရှိခြင်းမဟုတ် ယခုကဲ့သို့လှပသည့်မိန်းကလေးမျိုးကို မတွေ့ခဲ့ဖူးခြင်းသာဖြစ်ပေသည်။
ခိုများက သူတို့၏ အနားသို့တစုံတစ်ယောက်ကပ်လာသည်ကိုမြင်လျှင် တောင်ပံတဖျတ်ဖျတ်ခပ်ကာ ထောင့်ဘက်သို့ပျံသွားကြသည်။
ကျန်းကျန်းက မြေပြင်တစ်ခုလုံးတွင်ခိုများရှိနေသည်ကို တွေ့သည့်အခါ အနည်းငယ်စိတ်ရှုပ်သွားသည်။ သူမ ရှီကျွင့်ကျဲ၏မိသားစုကို အထဲသို့ ခေါ်လာခဲ့သော်လည်း ခိုများကိုအဝေးမှာထားရန်မေ့သွားခဲ့သည်။
ထို့ကြောင့် သူမ ခိုများကိုအမြန်လက်ခုပ်တီးလိုက်သည့်အချိန်တွင် ခိုဆယ်ကောင်က လှောင်အိမ်ထဲသို့အမြန်ဝင်သွားကြပြီး အထဲတွင်လိမ်လိမ်မာမာနေနေကြသည်ကိုတွေ့လိုက်ရချေသည်။
ထိုအခါမှ ကျန်းကျန်း လှောင်အိမ်တံခါးကိုပိတ်ထားလိုက်သည်။
လင်းရှို့လန်မှာ လီမိသားစုမှ ကလေးမလေးက တစ်မနက်ခင်းအတွင်း ခိုများကိုနာခံမှုရှိရန် လေ့ကျင့်ပေးထားသည်ကိုမြင်လျှင် အံ့ဩသွားခဲ့ရသည်။
“အရင်က ခိုမွေးဖူးတာလား?”
“မမွေးဖူးဘူး”
ကျန်းကျန်း အနည်းငယ်ရှက်ရွံ့ကာပြုံးလိုက်သည်။
“ဒါပေမယ့် မွေးရပ်မြေမှာဆိုရင် ငယ်ငယ်က အိမ်နားက တောင်တွေပေါ်မှာ ဌက်တွေနဲ့ ကစားနေကျမို့လို့ ကျွန်မသူတို့နဲ့ရင်းနှီးနေတာပါ”
ထိုခိုများကို ရှီကျွင့်ကျဲယူလာပေးသောကြောင့် သူမက လူကြီးများ အိမ်လာလည်သည့်အချိန်တွင် ကျေးဇူးတင်ကြောင်းဖော်ပြလိုက်သည်။
“ဒါနဲ့ ဒီခိုတွေ ကျွန်မရဲ့အိမ်ကိုပို့ပေးတဲ့အတွက် အန်တီ့ကို ကျေးဇူးမတင်ရသေးဘူး ၊ ဒါပေမယ့် အခု အန်တီတို့လဲ အိမ်ရောက်နေပြီဆိုတော့ ကျွန်မရဲ့လက်ရာကိုမြည်းစမ်းခိုင်းပါရစေ”
“ကောင်းတာပေါ့! ကောင်းတယ်! ကောင်းတယ်!”
လင်းရှို့လန်မှာ ပါးစပ်ပင်မစေ့နိုင်အောင်ပြုံးလို့နေခဲ့သည်။ သူမသည် သူမ၏ နောက်မှ ရှက်ရွံ့နေသည့်သားဖြစ်သူကို လှည့်ကြည့်လိုက်လျှ ပိုလို့တောင် ပျော်ရွှင်စွာရယ်မောလိုက်လေသည်။
ဒီကောင်လေးမှာ ဒီလိုအရည်အချင်းတွေ ရှိနေမယ်လို့မထင်ထားဘူး။
သူက ကောင်မလေးတစ်ယောက်ကိုပိုးပန်းဖို့အတွက် အိမ်က ပစ္စည်းတွေကို ထုတ်ရမယ်ဆိုတာကိုတောင် သိသေးတာပဲ။