← Chapters

အခန်း (၆၄)

Vol. 6 Ch. 64

အခန်း (၆၄)

Vol. 6 Ch. 64

ဆရာကျောက်က ပြုံးပြီး တံခါးဘက်ကို ကြည့်လိုက်သည်။

"ကဲ၊ရှောင်လင်း ဝင်ခဲ့။ သူတို့က ငါ့စကားကို နားမထောင်ချင်ဘူး ထင်တယ်။"

လင်းချောင် တခြားရွေးချယ်စရာမရှိဘဲ ဝင်လာခဲ့ရသည်။ သူမ စင်မြင့်ပေါ်ရောက်သည်နှင့် ကျောင်းသားများအားလုံး ဆူညံသွားတော့သည်။

"ဆရာမလင်းလား။ ဆရာမလင်းပဲ!"

"ဆရာမလင်းက ကျွန်တော်တို့ကို ဆက်သင်ပေးတော့မှာလား။"

တချို့က တီးတိုးပြောနေကြပြီး တချို့ကတော့ သိသိသာသာမဖြစ်ချင်လို့ ဘေးနားက လူများကို အမြန်ဆွဲနေကြသည်။

ဆရာကျောက်က အားလုံးကို မြင်နေရတော့ အနည်းငယ် ကူကယ်ရာမဲ့သလို ခံစားရသော်လည်း မပျော်သည်တော့ မဟုတ်ပေ။

"မင်းတို့အားလုံး ငါ့ကိုမြင်တာထက် မင်းတို့ဆရာမလင်းက်ို မြင်ရတာ ပိုပျော်ပုံရတယ်။"

အောက်ဘက်မှ ရှက်ရယ် ရယ်သံများ ထွက်ပေါ်လာသော်လည်း သူတို့၏မျက်လုံးများကတော့ တကယ်ပဲ တောက်ပနေသည်။

"မင်းက ပိုပြီး နာမည်ကြီးတာပေါ့။"

ဆရာကျောက်က လင်းချောင်ကို စိတ်မကောင်းစွာ ပြောလိုက်သည်။

"ဒီကျောင်းသားတွေကို မင်းကိုပဲ အပ်ထားခဲ့တော့မယ်။"

"ဟုတ်ကဲ့ပါ။"

လင်းချောင် ခေါင်းညိတ်လိုက်ပြီး တစ်ခုခု ပြောရန်လုပ်တုန်းမှာပဲ ကျောင်းသားများက ကြားဖြတ်ပြောလိုက်ကြသည်။ ပထမဆုံးအကြိမ်၏ လှောင်ပြောင်သံများနှင့်မတူဘဲ ဒီတစ်ခါမှာတော့ လက်ခုပ်သံများ ပေါက်ကွဲထွက်လာခဲ့သည်။ အထူးသဖြင့် ကျွင်းဇီနှင့် အခြား ပြဿနာရှာတတ်သူများဆိုလျှင် လက်ခုပ်တီးရလွန်းသဖြင့် လက်များပင် နီရဲနေခဲ့လေပြီ။

မနက်ပိုင်း စာအုပ်များဝေပြီး စာသင်ခန်းရှင်းပြီးသည်နှင့် ကျွင်းဇီက လေပွေလုံးလိုအလျင်နှင့် အိမ်ကို အလျင်အမြန် ပြေးသွားခဲ့သည်။

သူက လျိုကွေ့ယင်းကို တိုက်မိပြီး သူမ လက်ထဲက ဖုန်မှုန့်ခံအပြား ပြုတ်ကျသွားခဲ့သည်။

"ဘာလို့ ဒီလောက်မြန်မြန် ပြေးနေရတာလဲ။ ဒဏ်ရာရမှာ မကြောက်ဘူးလား။"

ကျွင်းဇီက သူ့ကျောင်းအိတ်ကို ပစ်ချပြီး ပြောလိုက်သည်။

"ဆရာမလင်းက ကျွန်တော်တို့ကို ဆက်သင်ပေးတော့မှာ။"

"ဘာ?"

လျိုကွေ့ယင်းက မတုံ့ပြန်နိုင်သေးပေ။ ကျွင်းဇီက ထပ်ပြောလိုက်သည်။

"ဆရာမလင်းက ကျွန်တော်တို့ကို ဆက်သင်ပေးတော့မှာ။ သူမက ကျွန်တော်တို့ရဲ့ အတန်းပိုင်ဆရာမအသစ်ပဲ!"

"ဆရာမလင်းက မင်းတို့ကို ဆက်သင်ပေးတော့မှာလား။ ကောင်းလိုက်တာ၊ တကယ်ကောင်းတယ်။"

လျိုကွေ့ယင်း နောက်ဆုံးတော့ နားလည်သွားခဲ့ပြီး ဖုန်မှုန့်ခံအပြားကိုတောင် ကောက်ဖို့ စိတ်မဝင်စားတော့ပေ။

ကျွင်းဇီက ဒါကိုမြင်တော့ သူ့အမေ စိတ်ကောင်းဝင်နေတုန်း စစ်တပ်ကို စောစီးစွာ ဝင်ရောက်ဖို့ပြင်ထားသည့် သူ၏အစီအစဉ်ကို ပြောပြချင်ခဲ့သည်။ သို့သော် စကားလုံးများက သူ့နှုတ်ခမ်းဖျားရောက်တော့မှ ဘာကြောင့်မှန်းမသိ တုံ့ဆိုင်းသွားခဲ့သည်။ သူ့အမေက သီချင်းတိုးတိုးလေးညည်းနေသည်ကို မြင်တော့ သူမ၏ စိတ်ကောင်းဝင်နေခြင်းကို မပျက်စီးသွားစေချင်သောကြောင့် ရွှေ့ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။

ကျွင်းဇီဘက်တွင် ပျော်စရာများ ဖြစ်နေချိန် လင်းချောင်လည်း သတင်းကောင်းလေး ရရှိခဲ့၏။ လအစတွင် သူမက အဝတ်အထည်အသစ်ရော အဟောင်းပါပါသည့် အထုပ်ကြီးတစ်ထုပ်ကို လျိုယွိလန်နှင့် ကလေးများထံ ပို့ပေးခဲ့သည်။ လျိုယွိလန်က ထိုအရာကို လက်ခံရရှိပြီး မောင်လေး၊ ညီမလေးများက အဝတ်အစားများကို အလွန်ကြိုက်သည်ဟု စာပြန်ရေးခဲ့သည်။ နောက်ပြီး လင်းချောင်က်ို အနာဂတ်တွင် ဒီလောက် အများကြီး မသုံးဖို့နှင့် အဝတ်ဟောင်းများကတောင် လုံလောက်နေပြီဟု ပြောခဲ့သည်။ ဦးလေးယန်တောင် အလုပ်အတွက် ဝတ်ရန် နှမြောနေသည်ဟုပြောသည်။

ပြီးတော့ လင်းဝေ့က နောက်ထပ်စာတစ်စောင် အိမ်ကို ပို့ခဲ့သည်။

ဒီတစ်ခါတော့ တခြားနေရာမှ ပို့လိုက်ခြင်းဖြစ်ပြီး လင်းမိသားစု မောင်နှံတင်မက လျိုယွိလန်လည်း စာရခဲ့သည်။ တစ်ယွမ်ပါ ပူးတွဲပါလာပြီး အခွင့်အရေးရလျှင် ကောယန်ကို ပေးပေးရန် ပြောထားသည်။

လျိုယွိလန်က လင်းဝေ့ထံမှ စာရသဖြင့် သိသိသာသာ အံ့အားသင့်သွားပြီး လင်းချောင်ကတော့ ပိုလို့ပင် အံ့အားသင့်ခဲ့သည်။

လင်းဝေ့၏ လုပ်ပုံကိုင်ပုံက သူ့မိဘများနှင့် အတော်လေး ကွာခြား၏။ လင်းချောင် သူ့ကို ဆက်သွယ်ရန် မလွယ်ဘူးဆိုသည်ကို သိသော်လည်း သူမအကြောင်း ဘယ်တော့မှ မမေးမြန်းခဲ့ပေ။ လင်းချောင် သူ့အတွက် စိတ်ပူလိမ့်မည်ဆိုသည်က်ို သိသည့်အတွက် လျိုယွိလန်ကို လင်းမိသားစုအား စောင့်ကြည့်ခိုင်းခဲ့ပြီး ကောယန်အတွက် ပိုက်ဆံကိုပါ ပို့ပေးခဲ့သေးသည်။

"သာ့ဝေ့က အလုပ်ရပြီ၊ အပြင်မှာ အဆင်ပြေနေတယ်လို့ ပြောတယ်။ မင်းနဲ့ ယန်ဇီတို့ စိတ်အေးရအောင် ငါ့ကို ပြောခိုင်းတာ။"

လင်းဝေ့က ဒုက္ခခံနိုင်ပြီး ပိုက်ဆံစုတတ်သူဖြစ်သည်။ တကယ်လို့သာ အပြင်တွင် အဆင်ပြေနေမည်ဆိုလျှင် ဘာလို့ ဒီလောက်ကြာသည်အထိ တစ်ဒေါ်လာသာ စုမိမည်လဲ။ လင်းမိသားစု ဇနီးမောင်နှံတွင် ပိုက်ဆံရှိလျှင်တောင် သိပ်များများစားစား ရှိမည် မဟုတ်ပေ။ သူက သူ့ကိုယ်ပိုင်သုံးစွဲမှုမှ စုဆောင်းပြီး သူတို့ကို စိတ်အေးအောင် လုပ်ပေးခြင်းသာ ဖြစ်နိုင်၏။

လင်းချောင်တွင် ကူညီနိုင်သည့်လမ်းမရှိပေ။ လင်းဝေ့က စာပြန်ရေးဖို့ သတ္တိရှိသည့်အတွက် သူထားခဲ့သည့် လိပ်စာက အတုဖြစ်မည်ဆိုသည်မှာ သေချာ၏။ သူက အပြင်လောကတွင် သူ့နည်းသူ့ဟန်နှင့် ရပ်တည်ရန် ဆုံးဖြတ်ထားပုံရသည်။

ကျန်နေသည့်စာကတော့ ခေါင်းဆောင်ရုံးမှ ပြန်လာသည့် စာပင်။ သတင်းစာဖတ်ပြီးပြီဖြစ်သည့်အတွက် သူ့အကြောင်းအရာကိုတော့ လင်းချောင် ခန့်မှန်းပြီးသား ဖြစ်နေခဲ့ပြီ။ သ်ို့သော် လက်မှတ်ကတော့ ခိုင်မာပြီး အားကောင်းကာ တခြားလက်ရေးများနှင့်မတူဘဲ ခမ်းနားသည့်ဟန်ရှိသည်။

သတင်းစာဟောင်းတစ်စောင်နှင့် ယှဉ်ကြည့်လိုက်တော့ ခေါင်းဆောင်၏ ကိုယ်တိုင်ရေးလက်ရေးမှန်း သိလိုက်ရသည်။ ဒါက သိမ်းဆည်းစုဆောင်းထားစရာ ကောင်းနေ၏။ လင်းချောင်က နောက်တစ်ခါ အိမ်ဟောင်းကို သွားသည့်အချိန် အဘိုးကြီးတို့စုံတွဲနှင့် ပျော်ရွှင်မှုကို ဝေမျှရန် ဆုံးဖြတ်လိုက်သည်။

သူမ စာများကို သိမ်းပြီးသည်နှင့် ကျိသော် ပြန်ရောက်လာ၏။

ဒီအချိန်မှာလား။ လင်းချောင် သူမနာရီကို ကြည့်လိုက်တော့ သူ၏ပုံမှန် အလုပ်ဆင်းချိန်ထက် နာရီဝက်လောက် စောနေသေးသည်။

ကျိသော်က ဒီအချိန်၊ အထူးသဖြင့် မနက်ပိုင်းဆိုလျှင် ပြန်လာခဲသည်။ သူမ ထပ်မစဉ်းစားခင်မှာပဲ သူက အပေါ်ထပ်ကို တက်လာပြီး ပြောလိုက်သည်။

"ကိုယ် အပြင်သွားဖို့ လိုနေတယ်။"

သူ့အသံက ခပ်တိုးတိုးဖြစ်နေသော်လည်း သူ၏မျက်နှာအမူအရာကတော့ ငြိမ်သက်နေဆဲပင်။ သို့သော် ဘာကြောင့်မှန်းမသိ လင်းချောင် သူပထမဆုံးအကြိမ် ကားပေါ်မှ ဆင်းလာသည့်အချိန်ကို သတိရမိသွားသည်။ သူ၏လုပ်ဆောင်ချက်များက ပြတ်သားသလို သူ၏စကားပြောကလည်း ပြတ်သားသည်။ သူ၏ အရှိန်အဝါနှင့် စိတ်ခံစားမှုများအားလုံးက ပထမဆုံးတစ်ချက်ကြည့်လိုက်လျှင် အပြစ်အနာအဆာကင်းသည့် ငြိမ်သက်မှုတစ်ခုလိုပင်။

သူမ၏ရင်ထဲ တင်းကြပ်သွား၏။

"ဘာဖြစ်လို့လဲ။"

"ဘာမှမဟုတ်ပါဘူး။"

ကျိသော်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။ သူမ၏အသံက ပုံမှန်ထက် တိုးနေသည်ကို သတိထားမိတော့ သူက သူမကို ကြည့်ပြီးပြောလိုက်သည်။

"အသိတစ်ယောက်ရဲ့ မိသားစုကိစ္စပါ။"

ဒါက ရုံးကိစ္စလည်း မဟုတ်သလို ကျိမိသားစုကိစ္စလည်း မဟုတ်ဘူးဆိုတော့ လင်းချောင် စိတ်အေးသွား၏။ သို့သော် အသိတစ်ယောက်၏ မိသားစုကိစ္စသက်သက်ဆိုလျှင် ဘာလို့ သူက ဒီလောက်အထိ အလေးအနက်ဖြစ်နေရသည်လဲ။ သူ၏အခြေအနေက အတော်အဆင်မပြေနေသည့်အတွက် လင်းချောင်က အဘိုးကျိ ဆေးရုံတက်ရသည်ဟု သူကြားစတုန်းအခြေအနေကို ပြန်သတိရမိသွားသည်။

လင်းချောင် သိချင်သော်လည်း ထပ်မမေးတော့ပေ။ မမေးသင့်သည့်ကိစ္စများကို သူမ ဘယ်တော့မှမေးမည်မဟုတ်။

ကျိသော်ကတော့ သူမ မေးလိမ့်မည်ဟု ထင်ထားသည်။ ဗီရိုဖွင့်ပြီး အဝတ်အစားလဲဖို့ ယူနေရင်း ဘယ်လိုရှင်းပြရမလဲ၊ ရှင်းပြရမလားဆိုပြီး တုံ့ဆိုင်းနေခဲ့သေး၏။

အဝတ်အစားများ ထုတ်ယူပြီးနောက် လင်းချောင်က သူ့ကို အထုပ်ထုပ်ရန် အိတ်တစ်လုံး ပေးလိုက်သည်။

"တခြား ဘာတွေ ယူဖို့လိုသေးလဲ။ ပိုက်ဆံ အလုံအလောက်ရော ရှိရဲ့လား။"

တည်ငြိမ်ပြီး ပြတ်သားသည်။ အခြေအနေတစ်ခုနှင့် ရင်ဆိုင်ရတိုင်း သူမ လုပ်ခဲ့ဖူးသလိုမျိုးပင်။ ဒါက သူ သူမကို လေးစားသည့်အချက်ဖြစ်သည်။ စကားလုံးများကို ဘယ်တော့မှ မဖြုန်းတီးပေ။ ဒါပေမဲ့ ဒီနေ့တော့ သူမကို ကြည့်ရင်း သူ့နှလုံးသားထဲမှ ဘာကြောင့်မှန်းမသိ နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။

ဘာကြောင့်မှန်း ပြောရခက်သော်လည်း ဖြစ်နိုင်ခြေအရှိဆုံး အကြောင်းရင်းကတော့ သူ့စိတ်ထဲတွင် တစ်ခုခုကို အလေးထားနေပြီဖြစ်သောကြောင့် ဘယ်လိုအရာသေးသေးလေးတစ်ခုကမဆို သူမကို အလွယ်တကူ စိတ်တိုစေနိုင်၏။ ကျိသော် ဒီစိတ်ခံစားမှုကို အတင်းအကျပ် ဖိနှိပ်လိုက်ပြီး ပြောလ်ိုက်သည်။

"လက်ရှည်တစ်စုံပဲ ယူသွားမယ်။ အိမ်မှာ ငွေသား ဘယ်လောက်ရှိလဲ။ သုံးလို့ရနိုင်တဲ့ပိုက်ဆံ အကုန်ပေးလိုက်ပါ။"

လက်ရှည်ဝတ်သည်ဆိုတာက ထိုနေရာသည် သိပ်မပူဘူးဆိုသည့် အဓိပ္ပာယ်ပင်။ ဝေးသည့်နေရာတစ်ခုကို သွားရမှာဖြစ်နိုင်သည်။

လင်းချောင် ချက်ချင်း နေရာအတော်များများကို စဉ်းစားမိပြီး ပိုက်ဆံသေတ္တာကို ယူရန် ဗီရိုရှိရာ သွားလိုက်သည်။

"မနေ့က ရှင်ပေးခဲ့တဲ့ ငွေတွေကို ဘဏ်မှာမအပ်ရသေးဘူး။ အရင်ပမာဏနဲ့ ပေါင်းရင် ကိုးရာကျော် ရှိတယ်"

ထိုသူ၏ လုပ်ငန်းက ချဲ့ထွင်လာပုံရသည်။ မကြာသေးမီကာလအတွင်း နေ့စဉ်ဝင်ငွေက တစ်နေ့ကို ဆယ်ဂဏန်းလောက်ထိ ဝင်နေသည်။ သို့သော် ကိုးရာကျော်နေသည့်တိုင် ထိုသူက မျက်မှောင်ကြုတ်နေသေးပြီး နည်းလွန်းသည်ဟု ထင်နေသလိုပင်။ သို့သော် သူက ငွေအကုန်လုံးကို ယူပြီး ပြောလိုက်၏။

"မကြာခင် ပြန်လာခဲ့ပါမယ်။"

သူက ပိုက်ဆံများကို လုံခြုံအောင်ထားပြီး အဝတ်များကို အိတ်ထဲထည့်၊ ဇစ်ပိတ်ပြီး အောက်ထပ်ဆင်းရန် အသင့်ပြင်လိုက်သည်။

သူ ထွက်သွားတော့မည်ဆိုသည်ကို မြင်တော့ လင်းချောင်က သူ့နောက်ကို အမြန်လိုက်ဆင်းလာခဲ့သည်။ သူက သူမတွင် ပြောစရာရှိသည်ဟု အထင်နှင့် ရပ်လိုက်၏။

"အဖေနဲ့ အမေက..."

သူမက စကားစ၍မေးလိုက်သည်။

"ကိုယ်လုပ်စရာရှိလို့ ခဏပြန်မလာနိုင်သေးဘူးလို့ ပြောလိုက်ပါ။"

ကျိသော်က သူမ၏စကားကို တိုက်ရိုက် ကြားဖြတ်ပြောလိုက်သည်။

လင်းချောင် ထပ်မေးချင်သော်လည်း သူ၏တည်ငြိမ်သည့်မျက်လုံးများကို မြင်တော့ သူမက သူမနှောင့်ယှက်သည်ကို နားထောင်ရန် သူ့တွင် အချိန်မရှိဘူးဟု ခန့်မှန်းမိသွားပြီး ရိုးရှင်းစွာပြောလိုက်သည်။

"ခရီးတစ်လျှောက် ဘေးကင်းပါစေ။"

ကျိသော်က ဘာမှ ထပ်မပြောဘဲ သူမကို နက်နက်နဲနဲ ကြည့်လိုက်ပြီး ထွက်သွားရန် လှည့်လိုက်သည်။ ခြံတံခါးနားရောက်တော့ သူ ရပ်လိုက်ပြန်ပြီး ပြောလိုက်၏။

"ကားလိုအပ်ရင် ရှောင်ဖန်းကိုရှာလိုက်။"

"ဟုတ်ကဲ့။"

လင်းချောင်က သူ့ကို တံခါးဝအထိ လိုက်ပို့ပြီး ကားထဲဝင်သွားသည်ကို ကြည့်နေခဲ့သည်။

ကျိသော်က သူ့နဖူးကို ဖိလိုက်ပြီး ဘာမှ မကျန်ခဲ့ရအောင် အကုန်လုံးကိုအမြန် ပြန်စစ်ဆေးလိုက်သည်။ ပြီးတော့ ရှောင်ဖန်းကို ညွှန်ကြားလိုက်သည်။

"ဘူတာကိုသွားမယ်။"

သူ့အတွေးများကို အဆုံးသတ်လိုက်ပြီးနောက် မရည်ရွယ်ဘဲ နောက်လှည့်ကြည့်လိုက်ရာ ကားက ကွေ့ပြီးသွားပြီဖြစ်သောကြောင့် ခြံသေးသေးလေးရော လူကိုပါ မမြင်ရတော့ပေ။

နောက်တစ်နေ့မနက် လင်းချောင်နိုးလာတော့ သူမဘေးနားက ခေါင်းအုံးက သပ်သပ်ရပ်ရပ် ရှိနေပြီး အိပ်ခဲ့သည့် လက္ခဏာ မတွေ့ရပေ။ အောက်ထပ်ရှိ မီးဖိုချောင်တွင်လည်း သူမအတွက် ဘာအစားအစာမှ ရှိမနေပေ။ သူမက သွားတိုက်တံနဲ့ သွားတိုက်ဆေးကို ကိုင်ပြီး နှစ်စက္ကန့်လောက် ရပ်နေခဲ့မိသည်။

အလေ့အကျင့်များက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လဲ၊ အထူးသဖြင့် နေ့စဉ်ဘဝတွင် ထိုးဖောက်ဝင်ရောက်နေပြီဖြစ်သည့် အလေ့အကျင့်များက ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုသည်ကို သူမ နားလည်သွားခဲ့သည်။

သို့သော် သူမ အလုပ်သွားရမည်ဖြစ်သောကြောင့် အများကြီး စဉ်းစားရန် အချိန်မရှိနေပေ။ သူမက မြန်မြန်ဆန်ဆန်ပဲ သန့်ရှင်းရေးလုပ်၊ ထမင်းစားခန်းတွင် မနက်စာစားပြီး သူမ၏ပစ္စည်းများကိုယူကာ ကျောင်းသို့သွားခဲ့သည်။

ဒုတိယနှစ် အထက်တန်းကို ရောက်လာပြီးနောက် တစ်တန်းလုံးကို စာသင်ဆောင်၏ အပေါ်ဆုံးထပ်သို့ ရွှေ့ခဲ့သည်။ ရုံးခန်းများလည်း အတူတူပင်။

လင်းချောင်က ပြတင်းပေါက်နားတွင် နေရာကောင်းတစ်ခု ရခဲ့သည်။ မနက်စောစော ချစ်ကြိုးသွယ်နေခြင်းနှင့် ဆေးလိပ်သောက်ခြင်းတို့ကို ဖမ်းမိနိုင်မည့် နေရာကောင်းဖြစ်သည်။ တကယ်တော့ မြင်ကွင်းက အတော်ကောင်း၏။ အနီးအနားရှိ အမိုးအောက်တွင် ပျံလွှားငှက်သိုက်တစ်ခုရှိပြီး ငှက်လေးများ၏ အော်မြည်သံများကို မကြာခဏ ကြားရသည်။

"ဒီတစ်ခါတော့ ဓာတုဗေဒကိုပဲ အာရုံစိုက်မနေနဲ့။ မင်းအတန်းရဲ့ သင်္ချာရမှတ်တွေ ကိုလည်းကြည့်ပါဦး။"

အတန်းသုံး၏ အတန်းပိုင်ဆရာမက လင်းချောင်ကို အစီရင်ခံစာတစ်စောင် ပေးလိုက်သည်။

လင်းချောင် အနည်းငယ် ဝန်ပိသွားသည်။ သင်္ချာရမှတ်များက သူမ မလာခင်က ဓာတုဗေဒရမှတ်များထက်တောင် ပိုဆိုးနေသေး၏။ မကြာခင်မှာ ဘာသာစကားနှင့် ဇီဝဗေဒဘာသာရပ် ဆရာမများလည်း သူမထံ ရောက်လာကြ၏။ မျှော်လင့်ထားသည့်အတိုင်း အတန်းလေးက ဘာသာရပ်အားလုံးတွင် အနိမ့်ဆုံးဖြစ်နေပြီး တကယ်ကို ငရဲလိုစတင်ခြင်းပင်။

အဖွဲ့ခေါင်းဆောင်ကောက သင်ခန်းစာအစီအစဉ်များကို စီစဉ်နေခြင်းဖြစ်ပြီး ရယ်မောခြင်းကို မထိန်းချုပ်ထားနိုင်ခဲ့ပေ။

"မင်း ပြန်လာပြီ မဟုတ်လား။"

"ဟုတ်တယ်၊ ကျွန်မ ပြန်လာပါပြီ။"

လင်းချောင်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

"ဆပ်ပြာရည်လိုအပ်ရင် ပြောပါဦး၊ ပိုက်ဆံနည်းနည်းလောက် ပိုရှာရအောင်ပေါ့။"

သူမ၏စကားများက ရုံးခန်းထဲက လူတိုင်းကို ရယ်မောစေပြီး တစ်ယောက်ကပြောလိုက်သည်။

"မင်းသူငယ်ချင်းရဲ့ ဆပ်ပြာက တော်တော်ကောင်းတယ်။ အခုယန်ဒူမှာလည်း ရောင်းနေပြီလို့ ကြားတယ်။"

ဆပ်ပြာက ယန်ဒူတွင် စတင်နာမည်ရနေပြီဆိုသော်လည်း အတိုင်းအတာကတော့ ကန့်သတ်ချက်ရှိနေဆဲပင်။ သတ်မှတ်ထားသည့် နေရာမရှိဘဲ ရှာဝယ်ရန်ကတော့ မလွယ်သေးပေ။

အတန်းသုံး၏ အတန်းပိုင်ဆရာမနှင့် အဖွဲ့ခေါင်းဆောင်ကောတို့ကဲ့သို့ ဆပ်ပြာလိုအပ်သည့်ဆရာများက လင်းချောင်က်ိုသာ လာရှာရန်အကျင့်ဖြစ်နေသည့်အတွက် သူမက အိမ်တွင် စည်အကြီးကြီး တစ်စည် အမြဲထားလေ့ရှိသည်။

သူတို့ စကားပြောနေတုန်းမှာပဲ ဒုကျောင်းအုပ်ကြီးချီ ဝင်လာခဲ့သည်။ လင်းချောင်က အတန်းလေး၏ ရူပဗေဒကိုလည်း ကြည့်ရန် သူမကို သတိပေးဖို့ လာသည်ဟု ထင်ခဲ့သော်လည်း သူက လူငယ်တစ်ယောက်ကို မိတ်ဆက်ပေးလိုက်သည်။

"ဒါက ဝူဟိုင်ယန်ပါ၊ ကျွန်တော်တို့ရဲ့ ရူပဗေဒ အလုပ်သင်ဆရာအသစ်လေ။"

ဝူဟိုင်ယန်လား။ ရုံးခန်းထဲက ဆရာမအတော်များများလည်း လှည့်ကြည့်လိုက်ကြသည်။

"ဝူဟိုင်ယန်လည်း အလုပ်သင်စနေပြီလား။"

လင်းချောင်လည်း ဒီနာမည်နှင့် ရင်းနှီးသည့်အတွက် အသစ်ရောက်လာသူကို ကြည့်လိုက်သည်။

နှစ်ဆယ့်ခြောက်၊ နှစ်ဆယ့်ခုနစ်နှစ် အရွယ်ဖြစ်ပြီး ၇၇ နှင့် ၇၈ အုပ်စုဖွား ကျောင်းသားများကြား သိပ်မထူးခြားသူဖြစ်သည်။

သူ့ရုပ်ရည်က သာမန်ဖြစ်သော်လည်း မျက်လုံးများကတော့ တောက်ပပြီး စူးရှသည်။ သူ၏ခြေလှမ်းများကို ကြည့်လိုက်လျှင် ခြေထောက်များ မသန်ဘူးဆိုသည်ကို ရှင်းရှင်းလင်းလင်း မြင်ရ၏။ သို့သော် သူက တည်ငြိမ်ပြီး စိတ်အေးချမ်းသည့်ပုံစံမျိုး ရှိနေကာ ဘာကိုမှ မသက်မသာ မခံစားရသလိုပုံစံဖြစ်နေပြီး ဒုကျောင်းအုပ်ကြီးချီနှင့် အနည်းငယ်ဆင်သည်။

ဒုကျောင်းအုပ်ကြီးချီက သူကိုယ်တိုင် သင်ကြားခဲ့သည့် ဒီကျောင်းသားကို အတော်လေး စိတ်ကျေနပ်ပုံရ၏။ သူထိုင်ရမည့်စားပွဲကို လက်ညှိုးထိုးပြပြီး လင်းချောင်နှင့် အတန်းသုံး၏ အတန်းပိုင်ဆရာမတို့ကို မိတ်ဆက်ပေးလိုက်သည်။ သူကိုယ်တိုင် သူ့(ဝူဟိုင်ယန်)ကို သင်ကြားပေးရန် စီစဉ်ထားပုံရပြီး အတန်းသုံးနှင့်လေးတွင် အလုပ်သင်လုပ်ခိုင်းရန် စီစဉ်ထားသည်။

သူက ယဉ်ကျေးစွာ နှုတ်ဆက်လိုက်ပြီး သူမနာမည်ကို ကြားတော့ လင်းချောင်ကို ထပ်ကြည့်လိုက်သည်။

"မင်းက ခေါင်းဆောင်ကို စာတင်အကြံပြုခဲ့တဲ့ လင်းချောင်လား။"

"သူမပါပဲ။"

လင်းချောင်အကြောင်း ပြောတော့ ဒုကျောင်းအုပ်ကြီးချီက ပြုံးလိုက်သည်။

"မင်းလည်း အဲဒီသတင်းစာကို ဖတ်ခဲ့တာလား။"

"ဆရာကိုယ်တိုင်ပဲ ဘယ်တော့မှ မျက်စိမှိတ်ပြီး မနေသင့်ဘူး၊ နိုင်ငံရေးရာတွေကို အမြဲဂရုစိုက်သင့်တယ်လို့ မပြောခဲ့ဘူးလား။ ကျွန်တော်က နှစ်တွေအကြာကြီး ကျေးလက်မှာရော၊ ကျောင်းမှာပါ သတင်းစာဖတ်တဲ့ အလေ့အကျင့်ကို ထိန်းထားခဲ့တယ်။ သူမရဲ့အကြံပြုစာ မပါဘဲနဲ့တောင် နိုင်ငံက ကောလိပ်ဝင်ခွင့်စာမေးပွဲကို ပြန်စတော့မယ်ဆိုတာ ကျွန်တော် သိထားခဲ့ပါတယ်။"

ဒုကျောင်းအုပ်ကြီးချီက ပိုပြီးတော့ စိတ်ကျေနပ်သွားကာ သူ့ကို အတန်းထဲ ခေါ်သွားလိုက်ပြီး အတန်းသုံးနှင့်လေးမှ ကျောင်းသားများနှင့် မိတ်ဆက်ပေးရန် ပြင်ဆင်နေခဲ့သည်။

ခြေထောက်တစ်ချောင်းက သန်ပြီး တစ်ချောင်းက ထော့နဲ့နေသည့် အမျိုးသား တစ်ယောက် အတန်းထဲကို ဝင်လာတော့ နောက်တန်းမှ အာရုံနည်းနည်း လွင့်နေသည့် ချီဟွိုင်ဝမ်က ချက်ချင်းဆိုသလို မျက်နှာတည်သွားတော့သည်။

All Chapters