အခန်း (၆၇)
Vol. 6 Ch. 67
လင်းချောင် စုန့်ကျင်းနှင့် လွန်ခဲ့သည့် ရက်အနည်းငယ်က တွေ့ခဲ့၏။ သူမက အခု လက်ရှိ ပထမနှစ် အထက်တန်း ကျောင်းသားများနှင့် အလုပ်သင်ဆင်းနေခြင်းဖြစ်သည်။ သို့သော် လင်းချောင်ကတော့ အလုပ်များ ရှုပ်နေသောကြောင့် သူမနှင့် သိပ်မတွေ့ဖြစ်ခဲ့ပေ။ သူတို့က အနည်းငယ်သာ တွေ့ဆုံခဲ့ရသောကြောင့် စုန့်ကျင်းက လင်းချောင်၏ သဘောထားကို သတိထားမိသွားသဖြင့် အရင်ကလောက် ဖော်ဖော်ရွေရွေ မနေတော့ပေ။
အခု ကျိဇယ်က စိုးရိမ်တကြီးနှင့် သူမအကြောင်း ပြောလာတော့ လင်းချောင်က အကြီးတစ်ယောက်အနေနှင့် မေးခွန်းတစ်ခု မေးလိုက်ရာ မထင်မှတ်ဘဲ ကျိဇယ် အကျပ်ရိုက်သွားခဲ့သည်။
လင်းချောင်၏ တည်ငြိမ်သည့် “အင်း” ဆိုသည့် အသံကိုကြားပြီးနောက် ကျိဇယ် အတော်လေးစိတ်ရှုပ်ထွေးသွား၏။
သူ စီးပွားရေးလုပ်နေသည်ကို သူ့အမေ လုံးဝ သိလို့မရပေ။ မဟုတ်လျှင် ဒီအတိုင်းအတာနှင့်ဆိုပါက သူ့အမေက ဖျက်ဆီးရန် နည်းလမ်းရှာမည်ဆိုသည်မှာ သေချာသည်။ ကံကောင်းစွာနှင့် သူ့အဖေက ပြောင်းရွှေ့သွားပြီဖြစ်ပြီး သူ့အမေလည်း လိုက်ပါသွားတော့ စစ်တပ်ထဲ၌ သူမ၏ သြဇာအာဏာက နည်းပါးသွား၏။ ဒါကြောင့် သူ နှစ်စဉ်ပေးသော ခွင့်ယူထားသည်ကို သူမက မသိရှိထားခြင်းပင်။ အခု စုန့်ကျင်းက စစ်တပ်ထဲရောက်နေပြီဖြစ်ပြီး သူ့ထံမှလည်း အကူအညီများ မကြာခဏ တောင်းနေတော့ တစ်နေ့နေ့ကျလျှင် သူ့ကိစ္စ ပေါ်သွားမည် မဟုတ်လား။
သို့သော် ယဲ့မင်ရှူးရှေ့ ပေါ်သွားသည်က တစ်မျိုး၊ လင်းချောင်ရှေ့ ပေါ်သွားသည်က တစ်မျိုးဖြစ်သည်။
ကျိိဇယ် သူ့ဦးလေးထံမှ အကူအညီတောင်းခဲ့သည့်အတွက် လင်းချောင် ဒီကိစ္စ သိသွားလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။
“ကျွန်တော့်ဦးလေးရော ဘယ်မှာလဲ။”
“သူ အရေးကြီးကိစ္စရှိလို့ အိမ်မှာမရှိဘူး။”
ကျိသော်က အိမ်ဟောင်းကို အသိပေးရန် လင်းချောင်ကို မပြောထားခဲ့သည့်အတွက် သူမက ကျိဇယ်ကိုလည်း မပြောပြခဲ့ပေ။ သူမက အရင်ကိစ္စကို ထပ်မေးလိုက်ပြန်၏။
သူမက သူများကိစ္စများတွင် ဝင်ပါရသည်ကို မကြိုက်သော်လည်း ကျိဇယ်ကတော့ အနည်းငယ် စိုးရိမ်နေပုံရ၏။ ကျိသော် မရှိသည့်အတွက် အကြီးတစ်ယောက်အနေနှင့် အကြံဉာဏ်ပေးနိုင်မည်ဟု သူမ တွေးမိလိုက်သည်။
သို့သော် ကျိဇယ်ကတော့ ဘယ်လိုဖြေရမည်လဲ။
“ကျွန်တော့်အမေက ကျွန်တော်နဲ့အဒေါ်တို့ရဲ့ စီးပွားရေးလုပ်ငန်းအကြောင်း သိသွားမှာကို ကြောက်နေတာ” ဟုပြောရမည်လား။ မပြောနိုင်ပေ။
“ဘာမှမဟုတ်ပါဘူး။ ကျွန်တော် မကြာသေးခင်ကမှ စွမ်းဆောင်ရည်တွေ နိမ့်ကျနေလို့ပါ၊ အမေ သိသွားပြီး ရစ်နေတာကို မလိုချင်လို့ပါ” ဟုသာ ဝိုးတဝါး ပြန်ဖြေလိုက်နိုင်တော့သည်။
ကျိသော်က တကယ်ကို ယုံကြည်ရသည့် ဦးလေးတစ်ယောက်ဖြစ်ပြီး သူ့တူ၏ အလုပ်စွမ်းဆောင်ရည် ညံ့ဖျင်းသည်ကို မိသားစုထံမှ ဖုံးကွယ်ပေးနေသည်။ သို့သော် ယဲ့မင်ရှူးက ကျိဇယ်ကို စုန့်ကျင်းအား ဂရုစိုက်ပေးရန် ပြောသည်က သူတို့ကို တွဲပေးရန် ကြိုးစားနေခြင်း ဖြစ်နိုင်၏။
ဘာလို့လဲဆိုတော့ သူမက စုန့်ကျင်းကို စိတ်ကျေနပ်သဘောကျကြောင်း နေ့တိုင်းလိုလို ထုတ်ဖော်ပြနေသောကြောင့်ပင်။ သို့သော် ကျိဇယ်ကတော့ သူမကို ကင်းလှည့်နေသူတစ်ယောက်လို သတ်မှတ်ပြီး ခြေလှမ်းတိုင်းတွင် သတိထားနေ၏။
လင်းချောင်က ကျိဇယ် အမှန်အတိုင်း မပြောဘူးဆိုသည်ကို ချက်ချင်းသိ၏။ သူနှင့် မရင်းနှီးသည့် အဒေါ်တစ်ယောက်အနေနှင့် ဘာအကြံပေးချက်မှ မပေးချင်သည်က ပုံမှန်ပင်။ သူမက “ဪ” ဟုသာ ပြောပြီး ထပ်မမေးတော့ပေ။
သူမ မမေးခဲ့ပေမဲ့ ကျိဇယ်ကတော့ အပြစ်ရှိသလို ခံစားရပြီး စကားလမ်းကြောင်းကို အမြန်ပြောင်းလိုက်သည်။
“အဒေါ်၊ အရင်ကိစ္စကို ဖြေရှင်းပြီးပြီလား။”
“အရင်ကိစ္စ။ ဖွဲ့စည်းပုံဆိုင်ရာ ကိစ္စလား။”
“ဟုတ်တယ်၊ အဒေါ်နဲ့ ဦးလေး ပြောနေတာ ကြားလို့ မေးကြည့်တာ။”
“အခုထိတော့ ဘာမှမလှုပ်ရှားသေးဘူး၊ ဒီလိုဆိုတော့ အဆင်ပြေမယ်ထင်တယ်။”
“ဒါဆို အဆင်ပြေမှာပါ။ ကျွန်တော့်ဦးလေးက ယုံကြည်ရတယ်၊ သူ့သူငယ်ချင်းတွေလည်း အတူတူပဲ ဖြစ်မှာပါ။ မစိုးရိမ်ပါနဲ့ အဒေါ်။”
သူမကို နှစ်သိမ့်ဖို့ ကြိုးစားနေသည်လား၊ ဒါမှမဟုတ် အရင်အကြောင်းအရာကို ရှောင်ပြီး စကားပြောနေခြင်းလား။
ထိုအရာက သူမကို နှစ်သိမ့်ရန် ကြိုးစားခြင်း ဒါမှမဟုတ် အရင်အကြောင်းအရာကို ရှောင်ပြီး စကားစမြည် ပြောနေခြင်းဖြစ်နေသလား။
လင်းချောင် စကားလုံးများ ပျောက်ဆုံးသွားသလို ခံစားလာရပြီး တစ်ဖက်လူကလည်း အနေခက်သလို ဖြစ်နေသည်က်ို သူ သတိထားမိပုံရ၏။
"တခြားကိစ္စ မရှိတော့ဘူးဆိုရင် ဖုန်းချလိုက်ရမလား။"
သို့ပေမဲ့ သူ့စကားများကတော့ လင်းချောင်ကို တစ်ခုခု သတိရသွားစေ၏။
"မင်းဦးလေးမှာ စူးကျန့် လို့ခေါ်တဲ့ သူငယ်ချင်းတစ်ယောက် ရှိတယ်။ မင်း သူ့ကို သိလား။"
"ဟုတ်ကဲ့၊ သိပါတယ်။ ငယ်ငယ်တုန်းက ဦးလေးက သူ့ဆီ ကျွန်တော့်ကို ခေါ်သွားဖူးတယ်။"
တကယ်တော့ သူက အတင်းလိုက်သွားခြင်းနှင့် ပိုတူနေ၏။
"သူ့ဖုန်းနံပါတ်ကို ရနိုင်မလား။ ဒါမှမဟုတ် သူ ဘယ်အဖွဲ့မှာ ရှိနေလဲဆိုတာတော့ အနည်းဆုံး ပြောပြပေးပါ။"
လင်းချောင် ပြောလိုက်၏။
"သူ့ကိုတစ်ခုခု ပြောစရာရှိနေလို့ပါ။"
"အဒေါ်၊ ခဏလေးနော်။"
ကျိဇယ် ဖုန်းချလိုက်ပြီး ခဏအကြာမှ ပြန်ခေါ်လိုက်၏။
"ရပြီ။ အဒေါ်၊ ဖောင်တိန်နဲ့ စာရွက်ယူလိုက်။"
လျိုကွေ့ရင်းက အိမ်တွင် ရှိနေပြီး လင်းချောင်ကို စာရွက်နှင့်ဖောင်တိန် ရှာပေးလိုက်သည်။ လင်းချောင်က နံပါတ်ကို အမြန်ချရေးလိုက်၏။
သူမ ဘယ်လောက်အထိ အလေးအနက်ထားနေသည်ကိုမြင်တော့ ကျိဇယ်က ကျိသော် ပြန်လာသည်ကို မစောင့်တော့ဘဲ နံပါတ်ကို တိုက်ရိုက်တောင်းလိုက်ပြီး ဒီကိစ္စက အရေးတကြီးဖြစ်နေပြီဟု ခန့်မှန်းမိလိုက်သည်။
"ဘာတွေဖြစ်နေတာလဲ။"
"ကျွန်မတို့ အတန်းက ကျောင်းသားတစ်ယောက် အိမ်ကနေ ထွက်ပြေးသွားတာ။"
လင်းချောင် မဖုံးကွယ်ထားတော့ပေ။
"သုံးရက်ရှိပြီ၊ အခုထိ ရှာမတွေ့သေးဘူး"
"အဒေါ်က စူးကျန့်ကို ရှာခိုင်းချင်တာလား။"
"မေးကြည့်ရုံပါ။ ကျောင်းသားက သူ့ရဲ့ အိမ်ထောင်စုစာရင်းနဲ့ ရိက္ခာကတ်ကို ယူသွားတာဆိုတော့ ယန်ဒူကနေ ထွက်သွားမှာ မဟုတ်ဘူး။ အဆင်ပြေရင်တော့ သူက လိုက်စုံစမ်းပေးနိုင်တာပေါ့။"
စူးကျန့်ကသာ ရဲတပ်ဖွဲ့တွင် မရှိခဲ့လျှင် သူမ ဘာမှမေးမည်မဟုတ်။ သို့သော် သူရှိနေသည့်အတွက် ကျောင်းတွင် တစ်နေကုန် နေသော ဆရာမတစ်ယောက်ဖြစ်သည့် သူမ၏ အချက်အလက်များထက် သူ၏ အချက်အလက်များက ပိုယုံကြည်စိတ်ချရလောက်သည်။
မမျှော်လင့်ထားဘဲ ကျိဇယ်က ခဏရပ်သွားလိုက်၏။
"အဒေါ်၊ အဲ့ဒီကျောင်းသားရဲ့ ဓာတ်ပုံ ရှိလား။"
လင်းချောင် ချက်ချင်း နားလည်သွား၏။
"မင်းက လိုက်ရှာဖို့ ကူညီချင်လို့လား။"
ကျိဇယ်က ဒေသခံတစ်ယောက်ဖြစ်ပြီး သူ့တွင် ကွန်ရက်ကြီးတစ်ခုလည်း ရှိသည်ကို သူမ မှတ်မိထားသည်။
တကယ်ပဲ ကျိဇယ်က "ဟုတ်ကဲ့" ဟုပြန်ဖြေလိုက်၏။
"ကျွန်တော့်မှာ အသိ နည်းနည်းပါးပါး ရှိတယ်..." သူက အစက "ရောင်းသူအသ်ိများ" ဟုပြောချင်သော်လည်း "သူငယ်ချင်းများ" ဟုသာ ပြောင်းပြောလိုက်သည်။
"သူတို့က လမ်းတွေထဲမှာ၊ လမ်းကြားတွေထဲမှာ လျှောက်သွားနေကြတာ၊ လူအများကြီးနဲ့လည်း တွေ့တယ်။ ဓာတ်ပုံနဲ့ လမ်းညွှန်ချက်လောက် အကြမ်းဖျင်းရှိထားရင် ကျွန်တော် မေးမြန်းကြည့်ဖို့အတွက် ကူညီပေးနိုင်တယ်။"
သဲထဲက ပဲရှာနေရသည်ထက် ရှာဖွေနိုင်မည့် နောက်တစ်နည်း ရလာသည်က ပိုကောင်း၏။ လင်းချောင်ခဏလောက် စဥ်းစားပြီး ပြန်ဖြေလိုက်၏။
"သူယာယီအလုပ်ရှာနိုင်မဲ့နေရာတွေကို အာရုံစိုက်ပြီးရှာပါ။"
ချီဟွိုင်ဝမ်က သူ့ပစ္စည်းများယူရန် ပြန်လာခဲ့ခြင်းဖြစ်ပြီး ခဏတာအပြင်ဘက်တွင် နေရန်စီစဉ်ထားပုံရ၏။ သူ့တွင် ပိုက်ဆံသိပ်မရှိတော့သည့်အတွက် စားသောက်နေထိုင်နိုင်ရန် အလုပ်ရှာဖို့ လိုအပ်သည်။
သူတို့စကားဆက်ပြောပြီး ဓာတ်ပုံလာယူရန်အတွက် ကျိဇယ်နှင့် အချိန်သတ်မှတ်ချိန်းဆိုလိုက်ကြ၏။ ထို့နောက် လင်းချောင်ဖုန်းချလိုက်၏။
"ကျွင်းဇီရဲ့ အတန်းဖော်ကို ရှာတွေ့ပြီလား။"
လျိုကွေ့ယင်းက မေးလိုက်၏။
"သူက နေ့တိုင်း သက်ပြင်းချပြီး အဲ့ဒါပဲ ပြောနေတာ။"
"မတွေ့သေးပါဘူး၊ ဒါပေမဲ့ သူသိပ် ဝေးဝေး ရောက်သွားမှာတော့ မဟုတ်ဘူး။"
လျိုကွေ့ယင်းက သက်ပြင်းချရင်း ပြောလိုက်၏။
"ဒီကလေးက ဘာလို့ သူ့အဖေကို အဲ့ဒီလောက် ဒေါသထွက်နေရတာလဲ။ ကမ္ဘာပေါ်မှာ ကိုယ့်ကလေးကို မချစ်တဲ့မိဘဆိုတာ မရှိဘူးလေ။ သူ့အဖေက သူ့ကို ဒုက္ခပေးမှာ မဟုတ်ပါဘူး။"
ဒါက အခြေအနေကို နားမလည်သူများ၏ ပုံမှန်အတွေးမျိုးသာဖြစ်သည်။ သူတို့က စကားနားမထောင်သည့် ရန်လိုတတ်သောကလေးဟုသာ မြင်ကြ၏။ အခြေအနေက ရှုပ်ထွေးလွန်းသည့်အတွက် လင်းချောင် မရှင်းပြနိုင်။ ဒါကြောင့် သူမက ပြုံးပြပြီး ကျေးဇူးတင်စကားပြောလိုက်ကာ မေးလိုက်၏။
"ဖုန်းနောက်တစ်ကြိမ်လောက် ထပ်ခေါ်လို့ရမလား။"
"ခေါ်ပါ၊ ခေါ်ပါ၊ ကလေးကိုရှာဖို့က အရေးကြီးတာပဲ။"
ရှာဖွေရေးကိစ္စဖြစ်သည်ဆိုသည်ကို ကြားတော့ စူးကျန့်က မတွန့်ဆုတ်ခဲ့ပေ။ သူက ချီဟွိုင်ဝမ်၏ ဓာတ်ပုံ၊ လျန်မိသားစု၏ ဖုန်းနံပါတ်နှင့် လင်းချောင်၏ ကျောင်းဖုန်းနံပါတ်ကိုပါ တောင်းလိုက်သည်။
"ကျွန်တော်လည်း အကူအညီဖြစ်မဖြစ်ဆိုတာ စောင့်ကြည့်ပေးပါ့မယ်။"
မထင်မှတ်ထားဘဲ သတင်းပေးလာသူကတော့ ကျိဇယ်ပင်။
"မင်းပြောတာ ရှာတွေ့ပြီဆိုတဲ့သဘောလား။ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာလေ။"
ပုံမှန်ဆိုလျှင် အေးအေးဆေးဆေးနေတတ်သော လင်းချောင်က အတည်ပြုမေးမြန်းလိုက်၏။
"ဟုတ်တယ်၊ လွန်ခဲ့တဲ့ရက်အနည်းငယ်ကမှ အလုပ်စဝင်တဲ့တစ်ယောက်ကို ကျွန်တော်တို့ တွေ့ထားတယ်။ သူက စကားသိပ်မပြောဘူး၊ သူ့အဝတ်အစားတွေက ဆင်းရဲတဲ့မိသားစုက ဆိုတဲ့ပုံပေါ်တယ်။ ဒါပေမဲ့ သူက လုပ်ခသိပ်မတောင်းဘဲ ကြိုးကြိုးစားစားလုပ်တယ်။ ကန်ထရိုက်တာက သူ့ကို လူကြီးလို့ထင်ပြီး ဈေးပေါပေါနဲ့အလုပ်ခိုင်းလို့ရလို့ ခန့်ထားလိုက်တာ။"
ယာယီအလုပ်ရှာသည့်ကိစ္စနှင့် ပတ်သက်၍ စူစကျန့်က နေရာတိုင်းတွင် ဆပ်ပြာရည်သွားရောင်းနေသည့် ကျိဇယ်၏ အရောင်းဝန်ထမ်းများကို မယှဥ်နိုင်ခဲ့ပေ။ ဒီလူများကလည်း ယာယီအလုပ်သမားများဖြစ်သောကြောင့် ကျိဇယ်က အလုပ်မခန့်ခင်ကတည်းက ယန်ဒူတစ်လျှောက် နေထိုင်စားသောက်ရန်အတွက် ဒီလိုမြေအောက်ကွန်ရက်နှင့် သတင်းအချက်အလက်များအပေါ် မှီခိုနေခဲ့ရသည်။
"သွားကြည့်လိုက်မယ်လေ။ လိပ်စာပေးပါ။"
လင်းချောင်က မျက်စိနှင့်မမြင်ရသေးဘဲ အတည်ပြုလို့မရသောကြောင့် ဒုကျောင်းအုပ်ကြီးချီကို အသိမပေးသေးရန် ဆုံးဖြတ်လိုက်သည်။
ကျိဇယ်က သူမလာမည်ဆိုသည်ကိုကြားတော့ ပြောလိုက်၏။
"ပေ့ချန်မှာ ဆင်းလိုက်ပါ၊ ကျွန်တော် လာကြိုပါ့မယ်။"
လင်းချောင်ဘတ်စ်ကားမှတ်တိုင်တွင် ဆင်းလိုက်တော့ ကျိဇယ်က စောင့်နေနှင့်ပြီဖြစ်သည်။ သူက သူ့ယူနီဖောင်းကို မဝတ်ထားဘဲ ဦးထုပ်ကို နဖူးအထိဆောင်းထားသောကြောင့် မျက်နှာတစ်ဝက်က ဖုံးအုပ်နေခဲ့၏။ သူသာစက်ဘီးပေါ်မှ လင်းချောင်ကို လှမ်းမခေါ်ခဲ့လျှင် လင်းချောင်တောင် သူ့ကို မှတ်မိမည်မဟုတ်ပေ။
"ကြာပြီလား စောင့်နေရတာ။"
လင်းချောင်က လျှောက်သွားရင်းပြောလိုက်၏။
"လမ်းပြင်နေတာရှိတော့ အသွားအလာနည်းနည်းကျပ်နေတယ်။"
"သိပ်မကြာပါဘူး။ သွားရင်းနဲ့ပဲ စကားပြောကြတာပေါ့။"
ကျိဇယ်က ထိုသို့ပြောပြီး လင်းချောင်ကို ဆိုဒါပုလင်းတစ်လုံး ကမ်းပေးလိုက်၏။
ဖန်ပုလင်းလေးဖြစ်ပြီး လိမ္မော်ရောင်ရှိကာ အပေါ်တွင် လိမ္မော်သီးအဖတ်သေးသေးလေးများလည်း ပါနေခဲ့သည်။ အိမ်တွင်မရနိုင်သည့် လတ်ဆတ်သည့်အရာတစ်မျိုးပင်။
လင်းချောင်က သူ့ကိုကျေးဇူးတင်လိုက်ပြီး ကျိသော်အကြောင်း တွေးမိလိုက်သည်။
သူသာဆိုလျှင် သောက်စရာဝယ်ပေးရန်ပင် မတွေးမိလောက်သောကြောင့် သူ့တူက ပိုသာနေ၏။
လင်းချောင်က စက်ဘီးနောက်ခုံတွင် ထိုင်လိုက်ပြီး ကျိဇယ်က နင်းထွက်သွားလိုက်သည်။
"ဒီနေရာက ဆောက်လုပ်ရေး လုပ်ငန်းခွင်အောက်မှာရှိပြီး ရှုပ်ထွေးနေတယ်။ လမ်းပြမပါဘဲနဲ့ဆို ရှာရခက်တယ်။"
သို့သော် ရှာရခက်သည်ထက် သူက ဒီနေရာသည် ရှုပ်ထွေးနေသည့်အတွက် သူမအတွက် ဘေးကင်းမည်မဟုတ်ဟု တွေးမိပုံရ၏။
လင်းချောင်က ဒေသခံမဟုတ်သည့်အတွက် အချို့နေရာများကို လမ်းညွှန်မပါဘဲ ရှာရခက်နေတတ်သည်။ အထူးသဖြင့် အသစ်ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ကိုင်နေသော ရပ်ကွက်ဟောင်းများတွင်ဖြစ်၏။ သူမက တစ်ဝက်တစ်ပျက်ဖြိုချထားသည့် အဆောက်အအုံများနှင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ဖြေလိုက်၏။
"ဒီလိုနေရာမျိုးကို ရှာတွေ့ဖို့ဆို မင်းမှာ မိတ်ဆွေအပေါင်းအသင်းတွေ အတော်များမှရမယ်။"
ကျ်ိဇယ်က ခဏတာ စကားမပြောနိုင်ဖြစ်သွားခဲ့ပြီး စက်ဘီးလေးက ယိမ်းထိုးသွားခဲ့၏။ သို့သော်လည်း သူက အမြန်ပြန်ထိန်းလိုက်ပြီး ပြောလိုက်သည်။
"ဒါက တိုက်ဆိုင်မှုတစ်ခုပါပဲ။ ကျွန်တော့်သူငယ်ချင်းက အနီးအနားမှာ ပရောဂျက်တစ်ခုရှိနေတယ်ဆိုတာ သိလို့ ကူညီပေးလိုက်တာပါ။"
ကံကောင်းစွာနှင့် လင်းချောင်က အသေးစိတ်သိချင်နေခြင်း မရှိဘဲ သူမစိတ်ထဲတွင် သူမ၏ ကျောင်းသားအကြောင်းကိုသာ တွေးနေခဲ့သည်။ မကြာခင်မှာပဲ သူတို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်နေရာကို ရောက်လာခဲ့၏။
ထိုခေတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် စည်းကမ်းတင်းကျပ်မှု မရှိသလို ခြံစည်းရိုးများ၊ ဘေးကင်းရေး သတိပေးချက်များလည်း မရှိဘဲ လုပ်သားများတွင် အကာအကွယ်ပစ္စည်းများလည်း မရှိပေ။
လင်းချောင် မျက်မှောင်ကြုတ်ပြီး ရှာဖွေရင်း အသားညိုမဲနေသော အမျိုးသား၊ အမျိုးသမီးများထဲတွင် နေပူဒဏ်ကြောင့် အသားသိပ်မညိုသေးသော ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရ၏။
သူက ထွက်သွားတုန်းကထက် ပိုပိန်ကျသွားပြီး လေထဲ ယိမ်းနေသော ဝါးလုံးတစ်ချောင်းလို ဖြစ်နေခဲ့သည်။ ပျော်ပျော်ရွှင်ရွှင်ရှိနေကြသည့် ယာယီအလုပ်သမားများကြား သူက ထင်ထင်ရှားရှား ပေါ်လွင်နေခဲ့၏။ သူက ဂရုမစိုက်သည့်ပုံနှင့် တိတ်တဆိတ်နေရင်း အုတ်ခဲများကို လက်တွန်းလှည်းထဲထည့်ကာ အလုပ်လုပ်ရင်း တစ်ဝက်တစ်ပျက်ဆောက်ထားသည့် အဆောက်အအုံထံ တွန်းသွားလိုက်၊ ပြန်ချလိုက်၊ နောက်တစ်ခါ ထပ်ခပ်လိုက်၊ ပြန်လာလိုက်လုပ်နေ၏။
ဆောင်းဦးအစ၏ နေရောင်က ပူပြင်းနေပြီး ချွေးများက သူ့နဖူးပေါ်မှ စီးကျနေသည့်တိုင် သူက ခါချပြီး မရမက လုပ်နေခဲ့၏။ ဘာစကားမှလည်းမပြောဘဲ ဆန္ဒပြနေသလိုပင်။
"ဒါက အဒေါ်ရှာနေတဲ့ ကျောင်းသားလား။"
ကျိဇယ်က စက်ဘီးကို လမ်းဘေးချရပ်ပြီး လင်းချောင်ကို တိုးတိုးလေး မေးလိုက်၏။
"ဟုတ်တယ်။"
လင်းချောင်က စက်ဘီးပေါ်ကဆင်းပြီး ဆိုဒါပုလင်းကို ကျိဇယ်ထံပြန်ပေးလိုက်၏။
"စောင့်နေပေးပါ၊သူ့ဆီ စကားသွားပြောလိုက်ဦးမယ်။"
ကျိဇယ်က ခေါင်းညိတ်လိုက်ပြီး လင်းချောင်က ကြမ်းပြင်ပေါ်မှ အပျက်အစီးများကို ရှောင်ရှားရင်း "ချီဟွိုင်ဝမ်" ဟုလှမ်းခေါ်လိုက်သည်။
ရင်းနှီးပြီး ကြည်လင်ပြတ်သားသည့်အသံကြောင့် ကောင်လေး၏ ကျောက ချက်ချင်း တောင့်တင်းသွားခဲ့၏။ သို့သော်လည်း သူက မကြားလိုက်သည့်အတိုင်း အလုပ်ကိုသာ ဆက်လုပ်နေခဲ့ပြီး ဘာမှလည်း ပြန်မဖြေသလို၊ လှည့်လည်းမကြည့်ခဲ့ပေ။
သူ့သဘောထားကိုမြင်တော့ လင်းချောင်က သူ့ကိုသွားဆွဲခေါ်လျှင်တောင် မသိဟန်ဆောင်လိမ့်မည်ဟု တွေးမိလိုက်သည်။ ဒါကြောင့် သူမက ဘာစကားမှ ထပ်မပြောဘဲ သူ့ကိုသွားကူညီလိုက်၏။
လင်းချောင်၏ လက်များက သဘာဝအတိုင်းလှပပြီး လနှင့်ချီပြီး ကြမ်းတမ်းသည့်အလုပ်များကို မလုပ်ရတော့သည့်အတွက် အသားမာများပျောက်သွားပြီး လက်သည်းများကလည်း ကျန်းမာသည့်အရောင်တောက်နေခဲ့သည်။ သို့သော် ထိုသို့ ကောင်းကောင်းထိန်းသိမ်းထားသောကြောင့် သူမ၏ လက်ချောင်းလေးများနှင့် ကြမ်းတမ်းသည့်အုတ်များ၏ ကွဲပြားမှုက ထင်ရှားနေခဲ့၏။
ချီဟွိုင်ဝမ်၏ မျက်ခုံးများက ချက်ချင်းတွန့်ကွေးသွားပြီး သူမကို လှမ်းကြည့်ကာ တစ်ခုခုပြောချင်နေပုံပေါ်နေခဲ့၏။
သို့သော် လင်းချောင်ကတော့ သူ့ကိုမကြည့်ဘဲ လက်တွန်းလှည်းထဲကို အုတ်ခဲများထည့်ပြီး တွန်းရန်လက်လှမ်းလိုက်၏။
စာအုပ်များကိုစစ်သည့်၊ စိတ်ဝင်စားစရာကောင်းသော စမ်းသပ်မှုပေါင်းများစွာကို ဦးဆောင်ခဲ့သည့် ဒီလက်များက အခုတော့ သူ့ကို အုတ်သယ်ပေးရန် ကူညီနေသည်...။
ကောင်လေးက နှုတ်ခမ်းများကို တင်းတင်းစေ့ထားပြီး သူမကို အလျင်အမြန်တားရန် ပြင်လိုက်ပေမဲ့ တစ်စုံတစ်ယောက်က ပိုမြန်နေ၏။
"အဒေါ်၊ ကျွန်တော်လုပ်လိုက်ပါ့မယ်။"
ကျိဇယ်က ချီဟွိုင်ဝမ်အပေါ် သဘောထားကောင်းကောင်းမရှိပေ။
"စိတ်မပူပါနဲ့၊ မင်းရဲ့အလုပ်အားလုံးကို ငါလုပ်ပေးပါ့မယ်။ မင်းရဲ့ဝင်ငွေကိုလည်း မထိခိုက်စေရပါဘူး။ သွား၊ သူမနဲ့ ခဏလောက် စကားသွားပြောလိုက်။ သူမ မင်းကိုရှာနေတာ ရက်တွေကြာပြီ။"
သူပြန်ဖြေသည်ကို မစောင့်ဘဲ ကျိဇယ်က လက်တွန်းလှည်းကိုတွန်းပြီး ထွက်သွားတော့သည်။
သူတို့မိသားစုထဲတွင် အမျိုးသမီးများက ဒီလိုကြမ်းတမ်းသည့်အလုပ်မျိုးကို မလုပ်ရပေ။ သူ့ဦးလေးသာ သူ့အဒေါ်က အလုပ်လုပ်နေပြီး သူကကြည့်နေသည်ကို သိလျှင် သူဒုက္ခရောက်မှာ သေချာ၏။
ကျိဇယ်ကတော့ လက်တွန်းလှည်းကို အတော်ကျွမ်းကျင်စွာ တွန်းနေခဲ့သည်။ လင်းချောင်က လက်များကို ဖုန်သုတ်လိုက်ပြီး မေးလိုက်၏။
"အခု စကားပြောလို့ရပြီလား။"
သူမ၏ အကြည့်က ထိုနေ့ စင်္ကြံလမ်းထဲက အကြည့်အတိုင်းပင် - ဒေါသလည်းမရှိသလို အပြစ်တင်ခြင်းလည်းမရှိပေ။ သို့သော် သူကတော့ သူမစကားကို နားမထောင်ဘဲ ဒီလောက်အဝေးကြီးအထိ ထွက်ပြေးခဲ့မိသည်...။