တစ်ယောက်ပြီး တစ်ယောက် ပေါ်ပေါက်လာခြင်း
Vol. 157 Ch. 2230
ရီဖူရှင်း ခေါင်းညိတ်လိုက်သည်ကို မြင်သောအခါ လူတိုင်း၏ မျက်လုံးများထဲတွင် အလင်းတန်းတို့ ဖြတ်ပြေးသွားပြီး သူတို့၏ နှလုံးသားထဲ၌ တုန်ယင်မှုကို ခံစားလိုက်ကြရပေသည်။
ထို့နောက် တစ်စုံတစ်ယောက်က သူ့ကို တိုက်ရိုက်မေးလာခဲ့သည်။ "ရန်ဟောင်ရီ ခင်ဗျား အဲဒါကို ဘယ်လိုလုပ်ခဲ့လဲဆိုတာ မေးလို့ရနိုင်မလား။ သတိထားရမယ့် အချက်တစ်ခုခုများ ရှိရင် မျှဝေပေးလို့ရမလား။"
ရီဖူရှင်းက ခေါင်းကိုယမ်းကာ ပြန်ဖြေလိုက်သည်။ "အင်ပါယာကြယ်ငါးခုက ပေါ်ထွက်လာပြီးပြီဆိုတော့ လူတိုင်းပဲ လျှို့ဝှက်ချက်တချို့ကို ရှာတွေ့ပြီးဖြစ်လိမ့်မယ်ဆိုတာ သေချာပါတယ်။ ကောင်းကင်မှာ အင်ပါယာကြယ်ကို ရှာတွေ့ဖို့ဆိုတာ တစ်စုံတစ်ယောက်ရဲ့ အာရုံခံစားမှုပေါ်မူတည်တယ်။ မဟာအင်ပါယာရဲ့ တည်ရှိမှုကို အာရုံခံနိုင်သရွေ့ အင်ပါယာကြယ်ရဲ့ တည်နေရာကို သိနိုင်မှာပဲ။ အဲဒီနောက် ခင်ဗျားတို့ အင်ပါယာကြယ်နဲ့ ဆက်သွယ်ဖို့အတွက် ခင်ဗျားတို့ရဲ့ စိတ်အာရုံကို အသုံးပြုနိုင်ပြီး အင်ပါယာကြယ်ကနေ စွမ်းအားတွေ ထွက်ပေါ်လာအောင် လုပ်နိုင်ရင် ခင်ဗျားတို့ ကောင်းချီးပေးမှုကို ခံရလိမ့်မယ်။"
ရီဖူရှင်း၏ စကားများကို ကြားပြီးနောက် လူတိုင်းက တီးတိုးပြောဆိုလာကြသည်။ သူတို့အားလုံးက ထိုအကြောင်းကို သိကြလျှင်ပင် လူအနည်းငယ်သာ ထိုသို့ လုပ်ဆောင်နိုင်စွမ်း ရှိကြပေသည်။ သို့သော် ရီဖူရှင်းက ရှင်းပြလာသောအခါ သူသည် ရိုးစင်းလွယ်ကူသော တစ်စုံတစ်ခုကဲ့သို့ပင် ထင်မှတ်ရပေသည်။
"ကျုပ် ခုနက အာရုံခံမိခဲ့တဲ့ အင်ပါယာကြယ်က ဂီတသံစဥ်ကြယ်ပဲ။ တေးသွားကျင့်ကြံခြင်းမှာ အထူးပြုတဲ့ ဘယ်သူမဆို ခင်ဗျားတို့ရဲ့ ဂီတလမ်းစဥ်ကို ထုတ်လွှတ်ပြီး အဲဒီအင်ပါယာကြယ်နဲ့ သဟဇာတဖြစ်မလားလို့ စမ်းကြည့်နိုင်တယ်။ အဲဒီနောက် ခင်ဗျားတို့ အင်ပါယာကြယ်နဲ့ စတင်ဆက်သွယ်နိုင်ပြီ။" ရီဖူရှင်းက ဆက်ပြောလိုက်သည်။ သူက သိမ်မွေ့ကာ ရည်မွန်သည့် အသံနှင့် သူ သိသမျှ အရာအားလုံးကို မျှဝေလိုက်ပုံရပေသည်။ သူက အခြားကျင့်ကြံသူများထံမှ တစ်ခုခုကို ဖုံးကွယ်ထားသည့်ပုံမပေါ်ပေ။
"ရန်ဟောင်ရီ ခင်ဗျားပြောတာက ဒီအင်ပါယာကြယ်ကို တစ်ယောက်ထက်ပိုပြီး နားလည်နိုင်တယ်လို့လား။" သူတို့ထဲမှ တစ်ယောက်က ရီဖူရှင်း ပြောသည့် စကားလုံးများက မည်သည့်အရာကို ဆိုလိုကြောင်း သတိပြုမိလိုက်ပြီး အံ့အားသင့်သွားခဲ့ပေသည်။ ထိုသည်က သူတို့အားလုံး အင်ပါယာကြယ်ကို နားလည်နိုင်ရန် အခွင့်အရေးရှိသည်ဟု ဆိုလိုခြင်း ဖြစ်ပေလိမ့်မည်။
"ဟုတ်တယ်။" ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ "ကျုပ် အစောက ရခဲ့တဲ့ ခံစားမှုအရ အဲဒီလို ဖြစ်နိုင်တယ်။ အင်ပါယာကြယ်ရဲ့ တည်ရှိမှုက ကျင့်ကြံသူတွေကို သန့်စင်ပေးနိုင်ပြီး ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေတယ်။ လူတိုင်းလည်း အခု အင်ပါယာကြယ် ဘယ်မှာရှိလဲဆိုတာ အကြမ်းဖျင်း မြင်မယ်လို့ ကျုပ် ယုံကြည်တယ်။ ဒါကြောင့် ခင်ဗျားတို့ အားလုံး ကြိုးစားကြည့်နိုင်တယ်။"
သူတို့ထဲမှ တစ်ယောက်က အတွေးနက်နေပုံရသည်။ "ဒီလိုဆိုရင် ခင်ဗျား အင်ပါယာကြယ်နဲ့ ဆက်သွယ်တဲ့အခါ ကျုပ်တို့ရဲ့ စိတ်အာရုံတွေကိုလည်း အဲဒီအင်ပါယာကြယ်ဆီ ထုတ်လွှတ်ပြီး စမ်းကြည့်နိုင်တယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား။"
"ကျုပ် အရင်က အဲဒီလို မကြိုးစားကြည့်ဖူးဘူး။ ဒါပေမယ့် ခင်ဗျား တကယ်ပဲ အင်ပါယာကြယ်နဲ့ အရင်ဆုံးဆက်သွယ်ဖို့ကို တခြားသူအပေါ် မှီခိုမယ်ဆိုရင် သူ ဆက်သွယ်ပြီးသွားတဲ့ နောက်မှ ကြိုးစားကြည့်ပါ။ မဟုတ်ရင် ခင်ဗျား အဲဒီအင်ပါယာကြယ်ရဲ့ စွမ်းအားတွေနဲ့ တိုက်ခိုက်ခံရနိုင်တာမျိုး မဖြစ်နိုင်ဘူးလား။ အဲဒီစွမ်းအားတွေက ခင်ဗျားကို ဝါးမြိုသွားတာတောင် ဖြစ်နိုင်တယ်။" ရီဖူရှင်းက မှတ်ချက်ချလိုက်သည်။ လူအများက လေးနက်စွာနှင့် ဖြစ်နိုင်ချေကို တစိမ့်စိမ့်တွေးဆနေ၏။ ကြည့်ရသည်မှာ ထိုကဲ့သို့ ဖြစ်နိုင်ပုံရသည်။
"စီဝေ့ကြယ်ကမ္ဘာက ရှေးဟောင်းမဟာအင်ပါယာရဲ့ စွမ်းအားတချို့ကို အင်ပါယာကြယ်ပေါ်မှာ ချန်ထားခဲ့တာ ဖြစ်နိုင်တာကြောင့် အင်ပါယာကြယ်နဲ့ ဆက်သွယ်ဖို့ ကြိုးစားတဲ့အခါ အဲဒီကျန်ရစ်ခဲ့တဲ့ စွမ်းအားနဲ့ လိုက်လျောညီထွေ ဖြစ်ဖို့ ကြိုးစားရလိမ့်မယ်။ တကယ်လို့ နှစ်ဖက်လုံးက သဟဇာတဖြစ်မနေရင် အဲဒီစွမ်းအားတွေရဲ့ ဝါးမြိုခံရနိုင်တဲ့ အလားအလာက အရမ်းမြင့်လိမ့်မယ်လို့ ကျုပ် ထင်မိတယ်။ ဒါကြောင့် လူတိုင်းပဲ အဲဒီနည်းလမ်းကို သုံးမယ်ဆိုရင် သေချာဂရုစိုက်ကြမယ်လို့ မျှော်လင့်ပါတယ်။" ရီဖူရှင်းက ဆက်ပြောလိုက်သည်။
သူ ပြောသည်ကို ကြားပြီးနောက် လူတိုင်း၏ အမူအရာက ယခင်ကထက် ပိုမို လေးနက်လာပေသည်။ အဆုံးမှာတော့ သူတို့၏ ကိုယ်ပိုင် ခွန်အားပေါ်၌သာ မူတည်နေသည်မဟုတ်ပါလား။
သို့သော် ၎င်းက လွယ်ကူမည့်ပုံမပေါ်ပေ။ ယခင်က ရီဖူရှင်းသည် မျက်မမြင်ထျယ်ကို အင်ပါယာကြယ်၏ စွမ်းအား ရရှိရန် ကူညီပေးနိုင်ခဲ့ပေသည်။
"ရန်ဟောင်ရီက ကူညီပေးဖို့ ဆန္ဒရှိတယ်ဆိုရင် အရာအားလုံးက ပိုပြီး လွယ်ကူသွားမှာ မဟုတ်ဘူးလား။ အစောပိုင်းက မင်းရဲ့ မိတ်ဆွေဆီမှာ ဖြစ်ခဲ့သလိုမျိုးလေ။" မနီးမဝေး၌ ရပ်နေသည့် ရန်ဟောင်တစ်ပါးက ပြောလိုက်သည်။ လူအများ၏ မျက်လုံးများထဲမှ အကြည့်များက စိတ်လှုပ်ရှားမှုများနှင့် လောင်ကျွမ်းနေပေသည်။ ထိုသည်မှာ အမှန်တကယ်ကို လူအများ တွေးနေကြသည့် အကြောင်းပင် ဖြစ်သည်။
"အဲဒီယူဆမယ်ဆိုရင်တော့ အဲဒီလို ပြောလို့ရပါတယ်။ ဒါပေမယ့် ကျုပ် ပြောခဲ့သလိုပဲ ခင်ဗျားတို့ရဲ့ စွမ်းရည်က အင်ပါယာကြယ်နဲ့ လိုက်ဖက်ညီပြီး ကျင့်ကြံနိုင်မလားဆိုတာကတော့ တကယ်ကို တစ်စုံတစ်ယောက်ရဲ့ ခွန်အားနဲ့ စူးစမ်းလေ့လာ နားလည်သဘောပေါက်နိုင်မှုအပေါ် မူတည်နေတုန်းပဲ။ မဟုတ်ရင် ခင်ဗျားတို့ ဘာတစ်ခုကိုမှ အာရုံခံနိုင်လိမ့်မှာ မဟုတ်ဘူး။" ရီဖူရှင်းက ဆက်ပြောလိုက်သည်။
"ဒီလိုဆိုရင် ရန်ဟောင်ရီက ကျုပ်တို့ အားလုံး အဲဒီအင်ပါယာကြယ်နှစ်ခုရဲ့ တည်နေရာကို အာရုံခံနိုင်ဖို့ ရန်ဟောင်ရီက ကူညီဖို့ ဆန္ဒရှိလားဆိုတာ မေးလို့ရမလား။" နောက်တစ်ယောက်က မေးလိုက်သည်။
"အဲဒါမှန်တယ်။ ခင်ဗျားက ဒီအင်ပါယာကြယ်တွေရဲ့ စွမ်းအားကို ဆက်ခံပြီးပြီဆိုတော့ ကျုပ်တို့လည်း ဒီရှားပါးတဲ့ အခွင့်အလမ်းကို ဖမ်းဆုပ်နိုင်ဖို့ ကူညီပေးနိုင်မလား။" နောက်တစ်ယောက်ကလည်း ဝင်ပြောလိုက်သည်။ ကြည့်ရသည်မှာ သူတို့အားလုံးက ဤအင်ပါယာကြယ်များ၏ စွမ်းအားကို ရယူရန် ရီဖူရှင်းအား ဖြတ်လမ်းအဖြစ် အသုံးပြုနိုင်ရန် မျှော်လင့်နေကြသည်။
"ကောင်းပြီ။ အဲဒါက ဖြစ်တော့ဖြစ်နိုင်ပါတယ်။" ရီဖူရှင်းက ခပ်ရေးရေး ပြုံးလိုက်ရင်း နောက်ဆုံး စကားပြောလာသည့်ကို ပြောလိုက်သည်။ "ဒါပေမယ့် ကျုပ်က ခင်ဗျားတို့ တစ်ယောက်နဲ့မှ မရင်းနှီးတာကြောင့် အဲဒီလိုလုပ်ခဲ့ရင် ကျုပ်အတွက် ဘာအကျိုးရှိမှာလဲ။ ဒီအင်ပါယာကြယ်တွေရဲ့ စွမ်းအားက အရမ်းအဖိုးတန်တယ်လေ။ ဒါကြောင့် ကျုပ်နဲ့ ရင်းနှီးတဲ့ တစ်စုံတစ်ယောက်ကိုပဲ ပေးချင်တာ သဘာဝပဲလေ။ ခင်ဗျားတို့အားလုံး ဒါကို နားလည်မယ်လို့ ထင်ပါတယ်။"
"ရန်ဟောင်ရီ ဒါဆို ခင်ဗျား ဘာကိုလိုချင်လဲ။" သူတို့ထဲမှ တစ်ယောက်က မေးလိုက်သည်။
"တုန်းဟွာနယ်မြေသခင်အိမ်တော်ကို ဒုနယ်မြေသခင် နင်ဟွာကို သတ်ပေးနိုင်မယ့် တစ်စုံတစ်ယောက်ကို လိုချင်တယ်။ အဲဒီလိုဆိုရင် ကျုပ် ဘယ် အင်ပါယာကြယ်ကိုပဲ အာရုံခံနိုင်ပါစေ အဲဒီလူကို ကူညီပေးမယ်။" ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။
ထိုစကားများကို ကြားသည့်အခါ အဝေးရှိ နင်ဟွာ၏ မျက်ဆံများက အနည်းငယ် ကျုံ့သွားခဲ့သည်။ သူ၏ မျက်လုံးများက အေးစက်နေပြီး အဝေး၌ရှိသည့် ရီဖူရှင်းအား စူးစူးရဲရဲ ကြည့်နေခဲ့သည်။ သတ်ဖြတ်လိုသည့် အတွေးများက သူ့ခန္ဓာကိုယ်တလျှောက် ပျံ့နှံ့လာသည်။
သူနှင့် ရီဖူရှင်းတို့သည် အချင်းချင်း သတ်ဖြတ်ချင်နေကြသော်လည်း အချို့သော အကြောင်းရင်းများက သူတို့ကို ထိုသို့ တိုက်ရိုက်ပြုလုပ်ခြင်းမှ တားဆီးထားပေသည်။ ထို့ကြောင့် ယခု ရီဖူရှင်းက နင်ဟွာအား သတ်ဖြတ်ရန်အတွက် အခြားတစ်စုံတစ်ယောက်ကို အစားထိုး အသုံးချနိုင်ရန် မျှော်လင့်နေသည်။
ဤနေရာရှိ တစ်စုံတစ်ယောက်က နင်ဟွာကို သတ်ဖြတ်ရန် ဆန္ဒရှိလျှင် ထိုသူသည် တုန်းဟွာနယ်မြေ၏ နယ်မြေသခင်အိမ်တော်အား ဆန့်ကျင်ရဲသူ ဖြစ်ရပေလိမ့်မည်။ ထို့ကြောင့် ထိုပုဂ္ဂိုလ်က ဤနေရာ၌ လှုပ်ရှားခဲ့လျှင်ပင် သူက တုန်းဟွာနယ်မြေသခင်အိမ်တော်၏ ကမ္ဘာ့ရန် ဖြစ်လာပေလိမ့်မည်။
သို့ဆိုလျှင် နင်ဟွာက ဤနေရာ၌ သေရုံမျှမက တုန်းဟွာနယ်မြေသခင်အိမ်တော်သည်လည်း နောက်ထပ် အစွမ်းထက်သော ရန်သူအသစ်များစွာ ရှိလာပေလိမ့်မည်။
"ဘာလို့ ဒီလောက် ပြဿနာများနေရတာလဲ။ ဒီအတိုင်း သူ့ကို တိုက်ခိုက်လိုက်ရုံပဲလေ။ အဲဒါ ပိုမလွယ်ဘူးလား။" အဝေးရှိ နင်ဟွာက အေးစက်သော အသံနှင့် ပြောလိုက်သည်။
"အဲဒီလိုလုပ်ချင်တဲ့ ဘယ်သူ့ကိုမဆို နင်ဟွာကို ရင်ဆိုင်တဲ့နည်းလမ်းအတိုင်း လုပ်ရလိမ့်မယ်။" ရီဖူရှင်းက တုံ့ပြန်လိုက်သည်။ သူ့စကားများ၏ ဆိုလိုရင်းက ရှင်းလင်းပေသည်။ သူ့ကို သတ်ရန် ကြိုးစားသည့် မည်သူမဆို ထိုသူက သတ်ဖြတ်ရမည့်သူစာရင်း၌ ပါဝင်သွားပေလိမ့်မည်။
"ပြီးတော့ ကျုပ် ဒီမှာရှိတဲ့ တခြားလူတွေဆီက ကြားမိတာ စီဝေ့မဟာအင်ပါယာ လက်အောက်မှာ မဟာအင်ပါယာရှစ်ယောက်ရှိတာဆို။ အင်ပါယာကြယ်ရှစ်ခုလို့ တွက်ကြည့်မယ်ဆိုရင် အခု အင်ပါယာကြယ်သုံးခုက ပေါ်မလာသေးဘူးလို့ ပြောလို့ရတယ်။ စီဝေ့မဟာအင်ပါယာရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်မယ့် အခွင့်အရေးရှိမယ်ဆိုရင် နောက်ဆုံး အင်ပါယာကြယ်သုံးခုကို ရှာမကြည့်ချင်ကြဘူးလား။" ရီဖူရှင်းက လူတိုင်း မည်သည့်အရာကို တွေးနေသည်အား တိတိကျကျ ဖော်ပြလိုက်သည်။
အင်ပါယာကြယ်ရှစ်ခု၌ ငါးခုကို ရှာဖွေတွေ့ရှိပြီး ဖြစ်သည့်အတွက် သူတို့က ကျန်နေသည့် သုံးခုကို သူတို့အတွက် ရှာဖွေချင်နေသည်မှာ သေချာပေသည်။ သူတို့က စီဝေ့မဟာအင်ပါယာ ချန်ရစ်ခဲ့သည့် အရာများကို အမှန်တကယ် ရယူလိုပြီး ကျန်သည့်အရာများက အရေးမပါပေ။
စီဝေ့မဟာအင်ပါယာက ဤကျင့်ကြံခြင်းလေဟာနယ််အတွင်း၌ ကျင့်ကြံခဲ့သည်။ သူ့လက်အောက်မှ မဟာအင်ပါယာရှစ်ယောက် ချန်ရစ်ခဲ့သော မဟာလမ်းစဥ်များကသည်ပင် အလွန် အစွမ်းထက်နေပြီး ဖြစ်သည်။ စီဝေ့မဟာအင်ပါယာကိုယ်တိုင် ချန်ရစ်ခဲ့သော အရာများက မည်မျှ အစွမ်းထက်လိမ့်မည်နည်း။ သေချာပေါက် ၎င်းတို့က နှိုင်းယှဥ်၍ မရနိုင်အောင် ဖြစ်ပါသည်လား။
"ခင်ဗျားတို့အားလုံး ကျုပ် အစောပိုင်းက ကမ်းလှမ်းတဲ့ ဆုံးဖြတ်ချက်ကို သေချာစဥ်းစားကြည့်နိုင်တယ်။ အဲဒီနောက်မှာ ကျုပ်တို့ ပူးပေါင်းပြီး ဒီကြယ်ကောင်းကင်မှာ စီဝေ့မဟာအင်ပါယာ ချန်ရစ်ခဲ့တဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ကြမယ်။" ရီဖူရှင်းက ဆက်ပြောလိုက်သည်။ အများစုက ရီဖူရှင်းကို စိုက်ကြည့်နေကြပြီး မတူညီသော အတွေးများက သူတို့ စိတ်ထဲ၌ ဖြတ်ပြေးနေခဲ့သည်။
"ဒါဆိုလည်း ကျုပ်တို့ လုပ်ကြတာပေါ့။" သူတို့ထဲမှ တစ်ယောက်က ပြောလိုက်သည်။ ထိုသူမှာ ထူးချွန်ထက်မြက်သော အရှိန်အဝါတို့ကို ပိုင်ဆိုင်ထား၏။ ကျန်သည့်သူများက မည်သည့်ကန့်ကွက်ချက်မှ မပြုလုပ်သည့်အတွက် အခြားတစ်ယောက်က ပြောလိုက်သည်။ "ဒီလိုဆိုရင် ရန်ဟောင်ရီ တခြားအင်ပါယာကြယ်တွေနဲ့ ဆက်သွယ်နိုင်တယ်ဆိုမှတော့ ဘာလို့ ဆက်မကြိုးစားကြည့်ရတာလဲ။"
"လူတိုင်းပဲ နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။" ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ သည်နေရာမှာ ရှိနေသမျှ လူတိုင်းက သူတို့၏ နေရာ၌ အတော်ဆုံးများ ဖြစ်ကြပြီး သူတို့ စိတ်ထားများက သာမန်လူတို့၏ အထက်တွင် ရှိနေကြသည်။ ထို့ပြင် သူတို့အားလုံး ဤနေရာသို့ ရောက်လာကြသည်မှာ စီဝေ့မဟာအင်ပါယာ ချန်ရစ်ခဲ့သော အရာကို နားလည်သဘောပေါက်ရန် ကြိုးစားနေကြသည်။
လူတိုင်း ဤနေရာ၌ လုပ်ချင်သည့် တစ်ခုတည်းသောအရာမှာ စီဝေ့မဟာအင်ပါယာ၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ရန်သာ ဖြစ်သည်။
ရီဖူရှင်းက ကြယ်ကောင်းကင်အောက်၌ ရပ်ကာ မော့ကြည့်လိုက်သည်။ သူက မျက်လုံးများကို ပိတ်ကာ ကျယ်ပြောသော ကောင်းကင်တစ်ခွင်သို့ သူ၏ စိတ်အာရုံကို ဖြန့်ကျက်လိုက်သည်။ ထိုနေရာ၌ အင်ပါယာကြယ်သုံးခုသာလျှင် ကျန်တော့သည့်အတွက်ကြောင့် ၎င်းတို့က ရှာဖွေရန် ခက်ခဲနေသည်။
ရီဖူရှင်းက တွေးထားသည့်အတိုင်း နောက်ထပ် မဟာအင်ပါယာ၏ ပုံရိပ်ကို ရှာဖွေတွေ့ရှိရန် အချိန်အတော်လေး ကြာသွားခဲ့သည်။ သူသည် အာရုံခံနေရင်းမှ သေးငယ်သည့် ကြယ်အပိုင်းအစတစ်ခုအတွင်း နောက်ထပ် ပုံရိပ်တစ်ခုကို တွေ့သွားခဲ့သည်။
ရီဖူရှင်းက ထိုကြယ်၏ တည်နေရာကို အခြားကြယ်ငါးခု တည်နေရာနှင့် ပေါင်းထည့်ကာ ၎င်းတို့၏ တည်ရှိမှု ပုံစံအနေအထားအား ကြည့်လိုက်သည်။ သူသည် ၎င်းတို့က စီဝေ့မဟာအင်ပါယာ၏ ခန္ဓာကိုယ်မှ မတူညီသော အစိတ်အပိုင်းများမဟုတ်ဘဲ ပြိုင်ဘက်ကင်း ပုံသဏ္ဌာန်တစ်ခုအနေနှင့် ဖြစ်တည်နေသည်ကို သတိပြုမိလိုက်သည်။ သူသည် ထိုအနေအထားက တစ်ခုခုနှင့် ဆက်စပ်မှုရှိနေသလား မသေချာပေ။
"ဒီအင်ပါယာကြယ်ထဲမှာ ဘယ်လိုစွမ်းအားမျိုး ရှိလိမ့်မလဲ။" ရီဖူရှင်းက တွေးလိုက်သည်။ သူက အင်ပါယာကြယ် ရှိနေသည်ဟု ခံစားရသည့် နေရာသို့ ကြီးမားသည့် မဟာလမ်းစဥ်စွမ်းအင်များကို ထုတ်လွှတ်လိုက်သည်။
ရီဖူရှင်းက မဟာလမ်းစဥ် အရှိန်အဝါတို့ကို ထုတ်လွှတ်လိုက်သည်အား မြင်သည့်အခါ အခြားကျင့်ကြံသူများ အားလုံးက သူ့ကို လှည့်ကြည့်လိုက်ကြသည်။ သူက နောက်ထပ် အင်ပါယာကြယ်ကို ရှာတွေ့သွားပြီလား။
"ဟမ်" ထို့နောက် တောက်ပလှသည့် နတ်အလင်းတို့က မတူညီသော နေရာမှ ကျဆင်းလာပေသည်။ သူတို့အားလုံးက ထိုနေရာကို လှည့်ကြည့်လိုက်ကြပြီး နှလုံးသားများက ပြင်းထန်စွာ တုန်ယင်လာကြသည်။ တစ်စုံတစ်ယောက်သည် ရီဖူရှင်း လုပ်ဆောင်၍မပြီးခင် အင်ပါယာကြယ်၏ တည်နေရာအား ရှာဖွေတွေ့ရှိခဲ့ပေသည်။
ဆိုလိုသည်မှာ ရီဖူရှင်း အောင်မြင်စွာ ဆက်သွယ်နိုင်ခဲ့သော အင်ပါယာကြယ်နှင့်ဆိုလျှင် အားလုံး အင်ပါယာကြယ် ခုနစ်ခု ရှာဖွေ တွေ့ရှိပြီးဖြစ်ကာ နောက်ဆုံး အင်ပါယာကြယ်တစ်ခုသာ ကျန်ရစ်တော့သည်။ ထို့နောက် စီဝေ့မဟာအင်ပါယာ လက်အောက်မှ မဟာအင်ပါယာရှစ်ပါး ချန်ရစ်ခဲ့သည်များ ထွက်ပေါ်လာပြီး ဖြစ်သည်။
ရီဖူရှင်းက ဤတစ်ကြိမ်၌ အောင်မြင်လိမ့်ပါမည်လား။
***