← Chapters

အခန်း ၂၂၀

Vol. 22 Ch. 220

အခန်း ၂၂၀

Vol. 22 Ch. 220

“ကျွန်မရဲ့ သား ကျွင့်ကျဲကတော့ အရမ်းကို တိတ်ဆိတ်လွန်းတယ်၊ သူက အရင်တုန်းကတော့ မနက် ခုနှစ်နာရီလောက်မှာ သူ့အဖေနဲ့ ပြေးလေ့ရှိတယ်ဆိုတာကို ကျွန်မ သိထားခဲ့တာလေ၊ အခုတော့ သူ့အဖေ ဘယ်နှစ်ခါပဲ ခေါ်ခေါ် သူ မသွားတော့ပြန်ဘူးတဲ့”

သူမက ကျန်းကျန်းကို ကြည့်၍ ပျော်ရွှင်သည့် မျက်နှာရှိဖြင့် ဆက်ပြောခဲ့သည်။

“ကျန်းကျန်းနဲ့ ကျွင့်ကျဲက အတန်းဖော်တွေဖြစ်ပြီး ပြင်သစ်စာပေ အဓိကယူထားတဲ့သူတွေလည်း ဖြစ်ကြတယ်ဆိုတော့ နောက်ပိုင်းမှာ အတူတူ အပြေးထွက်ဖို့ ပြောလို့ရတယ်လေ၊ ကျွင့်ကျဲ၊ မင်း ကျန်းကျန်းကို ကျောင်းမှာလည်း ဂရုစိုက်ပေးရမယ်နော်”

သူမ ထိုစကားကို ပြောပြီးသည်နှင့် ကြက်နှင့် ဘဲများကို ကိုင်တွယ်ပြီးကာစဖြစ်သည့် လီမင်ရှီနှင့် လီမင်ပေတို့ အိမ်ထဲသို့ ဝင်လာခဲ့ကြကာ ဧသည့်သည်များကို တွေ့လျှင်နှုတ်ဆက်ခဲ့ကြသည်။

လီမင်ရှီက နောက်ဆုံးတွင် ထိုင်နေသည့် ရှီကျွင့်ကျဲကို တစ်ချက်ကြည့်လိုက်ပြီး အံ့သြစွာဖြင့် ပြောလာခဲ့လေသည်။

“ဟေး၊ ဒါ မနက်တိုင်း ကျန်းကျန်းနဲ့ အတူတူ ပြေးတဲ့ ဘေးအိမ်က ကောင်လေး မဟုတ်လား”

လူအများက ချက်ချင်း တိတ်ဆိတ်သွားသည်ကို မြင်သော် လီမင်ရှီတစ်ယောက် အနည်းငယ် ရှုပ်ထွေးသွားခဲ့ရသည်။

လီမင်ရှီသည် ခြံဝင်းတွင် လာရောက်နေထိုင်စဉ်အချိန်အတွင်း ကျန်းကျန်း မနက်တိုင်း အပြေးထွက်တတ်လေ့ရှိသည်ကို သိခဲ့သည်။

သူ၏ မိဘများနှင့် အဘွားသည်က ကျန်းကျန်းနှင့် ခြံဝင်းတစ်ခုထဲတွင် နေထိုင်ကြသောကြောင့် မိသားစုရှိ လူတိုင်းကဤအကြောင်းကို သိထားလောက်သည်ဟု လီမင်ရှီ ထင်ခဲ့၍ ထိုအကြောင်းကို ပြောလိုက်ခြင်းသာ ဖြစ်ပေသည်။

ထို့ကြောင့် ဤအချိန်၌ လူတိုင်းက စကားမပြောသည်ကို မြင်ခဲ့ရလျှင် သူ့အနေနဲ့ မည်သည့်အရာများ ဖြစ်နေသည်ကို နားမလည်ခဲ့ပေ။ သူက အသာပြုံးလျက် ထပ်ပြောလိုက်လေသည်။

“အရမ်းကို စောစောစီးစီးပြေးနေခဲ့ကြတာပဲ၊ မနက် ငါးနာရီခွဲမှာကတည်းက ပြေးနေကြပြီ၊ ဒီအချိန်က ငါတို့တွေ တပ်ထဲက လူတွေပဲ ရှိနေတတ်တယ်ထင်ခဲ့တာ “

လီမူဝူ:...

ရှီချန်ပေါ်:....

လီမင်ရှီတစ်ယောက် သူ့ကို စိုက်ကြည့်နေသည့် လူတိုင်း၏ မျက်လုံးများကို၊ အထူးသဖြင့် မီးတောက်နေသည့် ဖခင်၏ မျက်လုံးများကို မြင်သောအခါ ချက်ချင်း ရှက်ရွံ့စွာ နှစ်လှမ်းနောက်ဆုတ်လိုက်သည်။

“ကျွန်တော် မှတ်မိသွားပြီ၊ ကျန်းကျန်းက ကျွန်တော့်ကို ရှင်းခိုင်းတဲ့ အသားတွေကို လုပ်လို့ မပြီးသေးဘူး၊ နောက်ပြီးတော့ ဘာလဲ ၊ ကျွန်တော် သွားလုပ်လိုက်ဦးမယ်...”

ကျန်းကျန်းက အနည်းငယ် ပြုံးလျက် မတ်တပ်ရပ်ပီး ပြောလိုက်သည်။

“ဘဲတွေကို အကုန် ကိုင်တွယ်ပိုင်းဖြတ်ပြီးပြီဆိုတော့ မြန်မြန် သွားကင်ရမယ်၊ မီးဖိုက မနက်စောစောကတည်းက မီးမွှေးထားတာ”

ကျန်းကျန်း ရှီကျွင့်ကျဲကို ကူကယ်ရာမဲ့စွာဖြင့် ကြည့်လိုက်ပြီး ထွက်ပြေးသွားခဲ့သည်။ ရှီကျွင့်ကျဲကတော့ သူ့ခေါင်းကိုက်သွားခဲ့ရပြီး သူ၏ ကံဆိုးခြင်းကို ပျော်ရွှင်နေသည့် မိဘများကို တစ်ချက်ကြည့်လိုက်သည်။

ထို့နောက် အလွန် ရှုပ်ထွေးသည့် အမူအရာရှိနေသည့် လီမူဝူကိုလည်း ကြည့်လိုက်ပြီး မည်သည့်စကားကို ပြောသင့်မှန်း မသိတော့ပေ။

ဖခင်ဖြစ်သူ၏ သမီးကို မခွဲနိုင် မခွာနိုင် ဖြစ်နေခြင်းနှင့် နှိုင်းယှဉ်လျှင် မဒမ်လီနှင့် ဝမ်စုဖန်းတို့ကတေား များစွာ ပိုပျော်ရွှင်ကြသည်။

ပေရှားဒေသသို့ ပြန်ကြည့်မည်ဆိုလျှင် ကျန်းကျန်းအရွယ်မျှရှိသော ကလေးများသည်ကား လွန်ခဲ့သည့်ကြာမြင့်လှသော အချိန်များကတည်းက လက်ထပ်ပြီးဖြစ်ကြသည်။

သို့သော် လီမိသားစုမှာ တခြားသူများထက် နောက်ကျမှ လက်ထပ်ကြသည်။ ကျန်းကျန်း၏အလှည့်သို့ ရောက်လာသောအချိန်တွင် သူမသည်ကား တစ်နေ့လုံး ကျောင်းသွား၊ စာအုပ်ဖတ်နေသည်ကိုသာ တွေ့မြင်နေခဲ့ရသည်။

မဒမ်လီတစ်ယောက် သူမထံတွင် ထိုကိစ္စများအတွက် စိတ်ကူးမရှိသည်ကို အမှန်ပင် စိုးရိမ်ခဲ့သည်။

တစ်ဖက်လူက အနာဂတ် မြေးလေး ဖြစ်လာနိုင်သည့်အတွက် မဒမ်လီ၏ ရှီကျွင့်ကျဲအပေါ် ကြည့်သည့် မျက်လုံးများသည်လည်း များစွာ ပိုမိုပြင်းထန်လာသည်။

ဤကဲ့သို့ ရုပ်ရည်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အရေးမကြီးပေ။ မဒမ်လီသည်ကား သက်ကြီးရွယ်အိုတစ်ဦးဖြစ်လာသည်အထိ နေခဲ့ရပြီး ဤမျှ ချောမောသည့် ကောင်လေးကို မတွေ့ဖူးသေးပေ။

ကြည့်ရသည်မှာ ပြုစုပျိုးထောင်မှုလည်း ကောင်းမွန်သည်။ စိတ်ဓာတ်နှင့် ပတ်သက်၍ကား ကြည့်ရုံဖြင့် ပြော၍မရဘဲ အချိန်ကြာမြင့်စွာ ပေါင်းသင်းမှ သိနိုင်မည်ဖြစ်သည်။

သို့သော် ယခင် ပေရှားဒေသရှိ ကျန်းကျန်းနှင့် အသက်တူသည့် ကောင်လေးများကို စဉ်းစားမိသောအခါ မဒမ်လီက ရှီကျွင့်ကျဲကို ပို၍ သဘောကျသည်။

လီမူဝူက ရှီကျွင့်ကျဲကို ရန်လိုစွာ ကြည့်နေသည်ကို မြင်သောအခါ မဒမ်လီက ကူညီ၍ ကိစ္စများကို ပြေလည်အောင် လုပ်ပေးသည်။

“တကယ်တော့ မနက်ခင်းမှာ ပြေးထွက်တာ ကောင်းပါတယ်၊ ကျန်းမာရေးအတွက်လည်း ကောင်းတယ်၊ ငါတို့ရဲ့ မူဝူကို ကြည့်ပါဦး။ သူ့ဘဝမှာ အရာရာကို ခွန်အားနဲ့ လုပ်ခဲ့တာ၊

ကလေးဘဝကတည်းက နေ့တိုင်း တောင်ပေါ်တက်ပြီး ကိုယ်လက်လှုပ်ရှားမှု မလုပ်ခဲ့တာ မဟုတ်ဘူး”

မဒမ်လီက လီမူဝူကို စိုက်ကြည့်ကာ ပြုံး၍ ပြောသည်။

“နောင်ဆို မနက်နိုးလာရင် ပြေးကြလေ၊ တစ်နေ့လုံး မစားမသောက် အိပ်မနေနဲ့၊ တခြားသူလည်း ကျွင့်ကျဲဆီက ပိုသင်ယူသင့်တယ်”

လီမင်ပေတစ်ယောက် အခန်းထဲသို့ ဝင်လာပြီး နှစ်မိနစ်ပင် မပြည့်သေးမီ ထိုင်ချလိုက်လေသည်။

သူက အခြေအနေကို မသိမီ သူ၏ ဦးခေါင်းနောက်ဘက်ကို ကုတ်၍ ဘေးနားရှိ ရှီကျွင့်ကျဲကို အချိန်အတော်ကြာ ကြည့်လိုက်မှ သတိပြန်ဝင်လာပြီး ပြောလေသည်။

“မင်းပဲကိုး ၊ ငါ ကျောင်းကနေ ကားနဲ့ အိမ်ပြန်တိုင်း မင်းကို မြင်နေရတယ်”

ရှီကျွင့်ကျဲက ပြုံး၍ ပြောသည်။

“ကျွန်တော်လည်း တက္ကသိုလ်မှာပဲလေ၊ လမ်းကြုံတာပါ”

“တိုက်ဆိုင်လိုက်တာ”

လီမင်ပေက ပျော်ရွှင်စွာ ပြုံးသည်။

“ကောင်းပြီ၊ ငါ့နာမည် လီမင်ပေပါ၊ မင်း နာမည် ဘယ်လိုခေါ်လဲ”

ရှီကျွင့်ကျဲက စပိန်ဘာသာဌာနတွင် ပြင်သစ်ဘာသာကို အဓိကယူထားသူ ဖြစ်၍ ပြောပြလိုက်သည်။

“ရှီကျွင့်ကျဲ...စပိန်ဘာသာဌာနက ပြင်သစ်မေဂျာကပါ...”

လီမင်ပေက အနည်းငယ် မျက်မှောင်ကြုတ်၍ တစ်ခုခုကို စဉ်းစားနေခဲ့သည်။

“ဒီနာမည်က ရင်းနှီးသလိုပဲ”

လီမင်ပေသည် ခဏတာလောက် ကြိုးစား စဉ်းစားပြီးနောက် ရုတ်တရက် သူ၏ မျက်လုံးများ လင်းလက်သွားခဲ့လေသည်။

“ဒါဆို မနှစ်တုန်းက ငါ့ညီမကပြောတ... ငါတို့ အိမ်က ကျန်းကျန်းက မင်း ချောတယ်လို့ ပြောခဲ့တာပဲ၊

ကျန်းကျန်းက လူတွေအားလုံးထဲမှာ ပြင်သစ်စာပေ အဓိကယူထားတဲ့ မင်းနာမည်ကိုပဲ မှတ်မိနေတာလေ၊ အဲဒီတုန်းက ငါ့ ညီမလေးကြောင့် တကယ် သိချင်သွားပြီး မင်းကိုတကယ် ဘယ်လောက် ချောလဲဆိုတာ လိုက်ကြည့်ဖို့ ဆွဲခေါ်ချင်ခဲ့တာတယ်၊ ဒါပေမဲ့ နောက်တော့ စာမေးပွဲ ပြင်ဆင်ရမှာဖြစ်လို့ မတွေ့ဖြစ်လိုက်ဘူး”

မဒမ်လီ မင်ပေကို ကြည့်၍ သက်ပြင်းချလိုက်မိသည်။ ထိုသူသည်ကား အမျိုးသားတက္ကသိုလ်သို့ ဝင်ခွင့်ရသော်လည်း အဘယ်ကြောင့် အမြင်မှန်မရှိဘဲ အမှန်တရားကို ဖွင့်ချလိုက်ပါသနည်း။

လီမင်ပေ စကားဆက်ပြောတော့မည်ကို မြင်လျှင် မဒမ်လီက မနေနိုင်တော့ဘဲ သူ့ကို လှမ်းခေါ်လိုက်သည်။

“ဒီမှာ ငတုံးလို ထိုင်မနေနဲ့တော့၊ ကျန်းကျန်းက ဘဲကင်တော့မှာ မလား၊ မင်း ညီမအတွက် ထင်းသွားထည့်ပေးလိုက်”

“ဟုတ်”

မင်ပေက မတ်တပ်ရပ်၍ ရှီကျွင့်ကျဲကို နှုတ်ဆက်ဖို့ မမေ့ပေ။

“မင်း ညနေပိုင်း ကျောင်းက ဘယ်အချိန်ပြန်တာလဲ၊ အတူတူ သွားကြရအောင်၊ ကားထဲမှာ စကားပြောကြတာပေါ့”

ရှီကျွင့်ကျဲကတော့ လီမူဝူကိုပင် ကြည့်စရာမလိုတော့ချေ။ လီမင်ပေ၏ စကားကြောင့် ဤတစ်ကြိမ်တွင် ပြေး၍ မလွတ်နိုင်သည်ကို သိနေခဲ့သည်။

ထို့ကြောင့် သူ ဤနေရာတွင် ငြိမ်ငြိမ် မထိုင်နိုင်တော့ဘဲ အခွင့်ကောင်းယူ၍ မတ်တပ်ရပ်လိုက်သည်။

“အဘွား၊ ကျွန်တော် သွားကူလိုက်ရမလား”

ရှီကျွင့်ကျဲတစ်ယောက် အိမ်ထဲတွင် ဆင်းရဲဒုက္ခခံနေရသည်ကို မြင်သည့်အတွက် မဒမ်လီက ခေါင်းညိတ်လိုက်သည်။

“သွားကစားနေလိုက်၊ မင်း ဝင်ကူနေစရာမလိုဘူး၊ မိသားစုထဲမှာ လူတွေ အများကြီးရှိတယ်၊မင်း လုပာနေစရာ မလိုပါဘူး”

ရှီကျွင့်ကျဲက ပြန်ဖြေ၍ လီမင်ပေ၏နောက်သို့ လိုက်ကာ အဓိကခန်းမထဲမှ အလျင်အမြန် ထွက်ခွာသွားသည်။ စင်္ကြန်တစ်လျှောက် ၉ွားကာ နောက်ဖေးမီးဖိုချောင်သို့ ရောက်သည့်အချိန်မှသာ သူ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။

ကလေးများ ထွက်သွားပြီးနောက် လင်းရှို့လန်က ရယ်မောလိုက်သည်။

“အန်တီလီရေ၊ ကျွန်မ ပြောပြမယ်၊ ကျွန်မရဲ့ သားလေးက ကလေးဘဝကတည်းက စိတ်ဓာတ်အေးဆေးတယ်၊ ဘာပဲဖြစ်ဖြစ် အေးအေးဆေးဆေးပဲ နေတတ်တယ်၊ ဒီနေ့လိုမျိုး စိတ်လှုပ်ရှားနေတဲ့ ပုံစံမျိုးကို ကျွန်မ တစ်ခါမှ မမြင်ဖူးဘူး”

မဒမ်လီက ပြုံးလျက် ပြောလာသည်။

“ကလေးတွေ အားလုံး ကြီးပြင်းလာကြပြီ၊ အခုခေတ်ကာလက အချစ်ရေးကို လွတ်လပ်ပိုင်ခွင့်ပေးထားကြပြီလေ၊

သူတို့ကို လွတ်လွတ်လပ်လပ် နေခွင့်ပေးလိုက်ပါ၊ ငါတို့ အများကြီး စိုးရိမ်စရာ မလိုဘူး”

လီမူဝူကတော့ ဤအကြောင်းကို ကြားသော် ချက်ချင်းပင် ဒေါသထွက်သွားခဲ့သည်။

“ကျန်းကျန်းက ဘယ်လောက်အသက်ရှိသေးလို့လဲ”

ဝမ်စုဖန်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်း စကားဖြတ်ပြောသည်။

“သူမက မငယ်ပါဘူး၊ ကျွန်မ ကျန်းကျန်းအရွယ်မှာ မင်တုန့်ကို ကိုယ်ဝန်ရှိခဲ့တာ”

“ဒါက မတူဘူးလေ”

လီမူဝူက အလျင်အမြန် ပြောသည်။ အချိန်အတော်ကြာ စဉ်းစားပြီးမှ လီမူဝူက ဆင်ခြေတစ်ခု ရှာတွေ့လိုက်သည်။

“ငါ့ရဲ့ သမီးက စာတော်တယ်လေ၊ အတန်းထဲမှာ ပထမရတယ် ၊ နောက်ပြီး ငါ့သမီးက အထူးပညာသင်ဆုလည်းရထားတယ်”

ရှီချန်ပေါ် ပြောတော့မည့်ဆဲဆဲ လီမူဝူက ထပ်ပြောသည်။

“ငါ့သမီးက ငါးလည်း ဖမ်းတတ်သေးတယ်၊ မင်းတို့ရဲ့သားက တော်ရဲ့လား”

ရှီချန်ပေါ်က တည်ငြိမ်စွာ ကြည့်လျက် ပြောလေသည်။

“ငါ့သား ကြိုက်တဲ့ မိန်းကလေးက ပိုပြီး စွမ်းအားကြီးတယ်”

လီမူဝူ:...ဒီလောက်တောင် အရှက်မရှိတာလား။

ကျန်းကျန်း မူလက ဘဲသုံးကောင်လုံးကို ကင်ရန် စီစဉ်ခဲ့သည်။ တစ်ကောင်ကို ရှီကျွင့်ကျဲအား ပေးမည်ဖြစ်၍၊ တစ်ကောင်ကို သူမကိုယ်တိုင် စားမည်ဖြစ်ပြီး၊ နောက်တစ်ကောင်ကို ကျောင်းသို့ ယူကာ အခန်းဖော်များအား ကျွေးမွေးမည်ဖြစ်သည်။

ယခုမူ ရှီကျွင့်ကျဲတို့ မိသားစု ရောက်ရှိလာပြီဖြစ်သည့်အတွက် များစွာ ကင်ရန် မလိုအပ်တော့ချေ။

လီမင်ရှီနှင့် လီမင်ပေ မရောက်လာခင်တွင် ကျန်းကျန်းက သူမ အရင်ကတည်းက ကြိုတင်ပြင်ဆင် ထားရှိခဲ့သော ဘဲကင်နှစ်ကောင်ကို ယူကာ မီးဖိုထဲ တန်းထည့်ခဲ့သည်။ ကျန်ရှိသည့် တစ်ကောင်ကိုမူ အားဆေးအဖြစ် ဘဲအိုဟင်းချို ချက်ခဲ့သည်။

ဝယ်လာသည့် ကြက်ဖကြီးကိုမူ ကျန်းကျန်းက သူမ၏ဇာတိမှ ပိတ်စိမ်းနှင့် မှိုခြောက်များကို အသုံးပြု၍ မှိုနှင့် ကြက်ပေါင်းဟင်း ချက်ခဲ့သည်။ လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်များက ခြံထဲတွင် အားလုံးရှိပြီးသား ဖြစ်သည်။

ရှဲ့ယန်နန်နှင့် ဝမ်ရှင်းဝမ့်တို့သည်လည်း အသီးအရွက်များ အားလုံးကို ဆေးကြောရန် ကူညီပေးခဲ့ကြသည်။

ကျန်းကျန်းသည် မီးဖိုချောင်ထဲ၌ လှည့်ပတ်ကြည့်လိုက်သော် မနေ့က ဖမ်းထားသည့် ငါးကြင်းက အိုးထဲ၌ ရှိနေသေးသည်ကို တွေ့မြင်ခဲ့သည်။

ငါးကြင်းသားသည် သာမန်သာ ရှိ၍ ဆူးများလည်း များပြားသည်။ ကြီးမားသော်လည်း သိပ်မကောင်းလှချေ။ ကျန်းကျန်း သူမ၏ ယောက်မနှစ်ယောက်အား အိုးထဲမှ ဘဲဟင်းချိုနှင့် ကြက်များ ဆူပွက်နေသည်ကို စောင့်ကြည့်ပေးရန် ပြောကြားပြီး၊ သူကဆော့ ပိုက်အိတ်နှင့် ငါးမျှားတံယူ၍ ဥယျာဉ်ထဲသို့ ပြေးသွားခဲ့သည်။

All Chapters