← Chapters

ပြသနာရှာရမယ်

Vol. 22 Ch. 327

ပြသနာရှာရမယ်

Vol. 22 Ch. 327

နာရီအတော် ကြာပြီးနောက်တွင် တည်ဆောက်ထားသည်မှာ မကြာသေးသည့် လင်းရှန်တောင်၏ လှေကားတစ်ထောင်သည် စည်ကားနေ၏။

ထိုလှေကား ထစ်များပေါ်တွင် ဒါဇင်ခန့်ရှိသည့် လူငယ်လေးများသည် နွမ်းနယ်နေသည့် အသွင်နှင့် တောင်ပေါ်သို့ တက်ရောက်နေကြသည်။

အသေအချာကြည့်ပါက ဟွမ်းရှန့်နန်းတော်မှ တပည့်များပင်။

သူတို့၏ ဆရာဖြစ်သူသည် ပျော်ရွင်စရာဖန်တီးပေးထားခြင်းဖြစ်သည်။

ထိုအရာက လှေကားတစ်ထောင်ကို သုံးရက်တိတိ အတက်အဆင်းပြုလုပ်ရမည်ဟုပင်။

လွန်ခဲ့သည့် နာရီအနည်းငယ်က အူလှိုက်သဲလိုက် ရယ်မောနေသည့် မျက်နှာများသည် အပြုံးတစ်စတစ်လေတောင်မရှိတော့ချေ။

နေ့ဝက်မျှသာ အတက်အဆင်းပြုလုပ်ရသေးသော်လည်း အားအင်နုံးချိလာကြသည်။ နောက်ထပ် နှစ်ရက်ခွဲမျှ အတက်အဆင်းပြုလုပ်ရမည်ကို တွေးမိကာ တုန်ယင်နေကြ၏။

ခန္ဓာကိုယ်အနှံ့တွင်လည်း ရေချိုးထားသည့်အလား ချွေးများရွှဲရွှဲစိုနေသည်။ မျက်နှာထက်တွင်စိုရွှဲနေသည့် အရာများသည် မျက်ရည်လား၊ ချွေးလားဆိုသည်တော့မသဲကွဲချေ။

သူတို့သည် အော်ငိုချင်နေသော်လည်း မငိုရဲပေ။ သူတို့ အပြစ်နှင့် သူတို့သာ..။

‘တပည့်တွေကတော့ ဟုတ်ပါပြီ..၊ ကျွန်မက ဘာလို့ ပါလာရတာတုန်း..’

၎င်းစက်ကွင်းမှ ဟွမ်းရှန်နန်းတော်၏ အကြီးအကဲဖြစ်သူ ဝမ်မုန့်ယွင်ပင် မလွတ်မြောက်ချေ။

သို့သော် မည်သူမျှ မလွန်ဆန်ရဲကြချေ။

သုံးရက်မျှ ကြာပြီးနောက်တွင် အားလုံး၏ စွမ်းအင်များကုန်ခမ်းကာ မေ့မြောသွားလေသည်။

ထို့ကြောင့် ဟွမ်းသည် အားလုံးကို ဟွမ်းရှန့်နန်းတော်အတွင်းသို့ သယ်ဆောင်လာခဲ့၏။

“ရှောင်ဟွမ်း...၊ ဒါက သူတို့အတွက် မများလွန်းဘူးလား...”

ထျန်းဟုန်သည် ဝမ်မုန့်ယွင် အပါအဝင် မေ့မြောနေသည့် လူငယ်များအတွက် စိတ်မကောင်းဖြစ်ကာ ဆိုလိုက်၏။

“ဒါက သူတို့ကောင်းဖို့ အတွက်ပဲ...”

ဟွမ်းသည် ထျန်းဟုန်ကို လေးလေးနက်နက် ရှင်းပြလိုက်၏။

ထိုအရာသည် သူတို့ အတွက် အပြစ်ပေးသည်ဟုသာ ဆိုခဲ့သော်လည်း လေ့ကျင့်ပေးခြင်းတစ်မျိုးလည်း ဖြစ်ပေသည်။

သူတို့သည် သုံးရက်ကြာသည်အထိ အတက်အဆင်းပြုရမည်ဟု ဆိုသောကြောင့် တသွေမတိမ်းလိုက်နာခဲ့ကာ မခိုကပ်ခဲ့ကြပေ။

လင်းရှန်တောင်မှ ကျင့်ကြံသူများ၏ စွမ်းအင်များကို ဖိနှိပ်ခံထားရသောကြောင့် သူတို့၏ စွမ်းအားကို အသုံးပြု၍ မရခဲ့ချေ။

သို့သော် သူတို့တွင် ရှိရှိသမျှ ခန္ဓာကိုယ်ခွန်အားလေးနှင့် ကြိုးစား၍ အတက်အဆင်း ပြုခဲ့ကြသည်။

ထိုအရာက သူတို့၏ ရှိရင်းစွဲ စွမ်းအင်များကို ပိုမို ကျစ်လစ်လာစေ၏။

ထို့အပြင် သူတို့၏ ဖိနှိပ်ခံထားရသည့် စွမ်းအင်များသည် ပွင့်ထွက်သွားသည့်အလား စွမ်းအင်စုပ်ယူနှုန်းသည် ယခင်ကထက် ပိုမို မြန်ဆန်လာသည်။

ဖိအားများလေ တိုးတက်ရေးအတွက် အထောက်အကူဖြစ်လေပင်။

ထျန်းဟုန်သည် နားလည်သွားသည့် အသွင်နှင့် ခေါင်းညိတ်လိုက်၏။ ထို့နောက် ဟွမ်းကို ကြည့်ကာ ဆိုလိုက်သည်။

“ရှောင်ဟွမ်း...၊ မင်းအရင်ကထက်ပိုပြီး နွေးထွေးလာပြီ..”

သို့သော် ဟွမ်းသည် ထျန်းဟုန်၏ စကားကို မည်သို့မျှ ပြန်လည် မတုန့်ပြန်ပေ။

ထျန်းဟုန်သည် ကြိုးစားကျင့်ကြံခြင်းထက် တပည့်များကိုသာ သင်ကြားပေးမည်ဟု ဆိုခဲ့သည်။ သူသည် လင်းထျန်းဘုံရောက်ပြီးချိန်မှ အကြောင်းအရာ အတော်များများကို သဘောပေါက်လာခဲ့ရ၏။

ထို့ကြောင့် သူ့တွင် ယခင်ကကဲ့သို့ ဧကရာဇ်ဟန်ပန်မျိုး မရှိတော့ချေ။

ထို့နောက် သူတို့နှစ်ဦး၏ စိတ်ထဲတိတ်တဆိတ်နှင့် ခန့်ညားသည့် သူတစ်ဦးကို တွေးမိသွားကြသည်။

တစ်ပတ်ကျော်ခန့် ကြာပြီးနောက်တွင် ဆယ်ဂဏန်းခန့်ရှိသည့် ပုံရိပ်များသည် လင်းရှန်တောင်တန်းထက်သို့ ရောက်ရှိလာကြ၏။

“ဘယ်လို...”

သူတို့ အားလုံး၏ ပထမအမြင်သည် အံ့ဩမှင်သက်ခြင်းများစွာ ပေါ်ထွက်နေ၏။

“ပိုင်ရှင်မဲ့ တောင်တန်းက ဘယ်လိုဖြစ်သွားတာလဲ...”

ထိုပုံရိပ်များထဲတွင် ယန်ကျီးဝေ့နှင့် ဟွားရှီးယင်လည်း ပါဝင်နေ၏။

လင်းရှန်တောင်တန်းသို့ ထိပ်သီးဂိုဏ်းလေးခုမှ ဂိုဏ်းချုပ်များနှင့် အလယ်လတ်ဂိုဏ်းများမှ ဂိုဏ်းချုပ်များ ရောက်ရှိနေကြသည်။

သူတို့သည် ပျောက်ကွယ်နေသည့် လင်းရှန်တောင်ကြောင့် အံ့ဩမှင်သက်နေရ၏။

“ဂိုဏ်းချုပ်ကျုံး...၊ ဟွမ်းရှန့်နန်းတော်လို့ ရေးထွင်းထားတဲ့ မုခ်ဝတစ်ခုကို တွေ့တယ်...”

ထိပ်သီးဂိုဏ်းတစ်ခုဖြစ်သည့် ရှုးယင်ဂိုဏ်းချုပ် ယင်ထျယ်ဟုန်သည် ကျုံးမန်ဂိုဏ်းချုပ် ကျုံးလုဟယ်ကို ပြောဆိုလိုက်၏။

သူတို့သည် လင်းရှန်တောင်တန်းကို စေ့စေ့စပ်စပ် လေ့လာပြီးနောက်တွင် ရှည်လျားသည့် လှေကားထစ်များ၏ အထက်တွင် မုခ်ဝတစ်ခုကို တွေ့လိုက်ရသည်။

“ဘယ်ကောင်ပဲ ဖြစ်ဖြစ် ဒီကိစ္စကို ဒီအတိုင်းလွှတ်ထားလို့မရဘူး...”

ကျုံးမန်ဂိုဏ်းချုပ် ကျုံးလုဟယ်သည် ဒေါသလေသံနှင့်ဆိုလိုက်၏။

“ဂိုဏ်းချုပ်ကျုံး...၊ ဂိုဏ်းချုပ်ယင်...၊ အလောတကြီးမပြုမှုသင့်ဘူး...”

နတ်မီးလျှံဂိုဏ်းချုပ် ယန်ကျီးဝေ့သည် ဖြောင်းဖျ ပြောဆိုလိုက်၏။ သူလည်း အံ့ဩမှင်သက်ရသည်။

လွန်ခဲ့သည့် တစ်ပတ်ကမှ မိုးထိအောင် မြင့်မားနေသည့် တောင်တန်းကြီးသည် ယခုတွင် တစ်ဝက်ခန့် ပိုင်းဖြတ်ခံထားရ၏။ ထို့အပြင် မုခ်ဝတစ်ခုကိုပင် ခန့်ညားထည်ဝါအောင် တည်ဆောက်ထားသည်။

မည်သို့ ဖြစ်ပျက်သွားသည်ကို တွေးမတက်အောင် ဖြစ်နေရ၏။

“ဂိုဏ်းချုပ်ယန်...၊ တောင်တန်းတစ်ခုလုံး ပိုင်းဖြတ်ပြီး နေရာယူသိမ်း

ပိုက်ထားတာလေ...၊ ဒါကို ကျုပ်တို့က အသာတကြည် ခွင့်ပြုရမှာလား...၊ ကောင်းကင်ကျားနယ်မြေက ကောင်တွေဆိုရင် လုံးဝ ခွင့်မလွှတ်နိုင်ဘူး...”

ရှုးယင်ဂိုဏ်းချုပ် ယင်ထျယ်ဟုန်သည် မာဆက်ဆက်လေသံနှင့် ဆိုလိုက်၏။ သူတို့ကိုယ်တိုင်ပင် သိမ်းပိုက်ခွင့် မရသည့် တောင်တန်းဖြစ်သည်။

ထို့ကြောင့် အခြားသူ ကျုးကျော်ဝင်ရောက်ခြင်းကို လက်မခံနိုင်ချေ။

ထို့အပြင် ဤတောင်တန်းသည် လျှပ်စီးနယ်မြေနှင့် ကောင်းကင်ကျားနယ်မြေကို ချိတ်ဆက်ထားသည့် တည်နေရာဖြစ်သည်။

ကောင်းကင်ကျားနယ်မြေမှ ဂိုဏ်းများနှင့် မတည့်ကြပေ။

ထို့ကြောင့် ဤတောင်တန်းကို ကောင်းကင်ကျားနယ်မြေမှ ဂိုဏ်းများယူဆောင်သွားမည်ကို မလိုလားပေ။

“အဲ့ဒီသူက ကောင်းကင်ကျားနယ်မြေက မဟုတ်ပါဘူး...”

ယန်ကျီးဝေ့သည် အခိုင်အမာဆိုလိုက်၏။ ဟွားရှီးယင်၏ အမူအယာသည်ငြိမ်နေသည်။

သို့သော် ဂိုဏ်းချုပ်နှစ်ဦး၏ မျက်ဝန်းများ မှေးကျင်းသွားရ၏။

ကျုံးလုဟယ်သည် ထူးဆန်းသည့် လေသံနှင့် မေးလိုက်သည်။

“ကောင်းကင်ကျားနယ်မြေက မဟုတ်ဘူးလို့ ဂိုဏ်းချုပ်ယန်က ဘယ်လိုသိတာလဲ...၊ အဲ့ဒီသူနဲ့ ရင်းနှီးတာလား...”

“ကျုပ်နဲ့ အနည်းငယ် သိထားတယ်...”

ယန်ကျီးဝေ့သည် ဟွမ်း၏ လျှပ်စီးမျိုးနွယ်သို့ လည်ပတ်ခဲ့သည့် ခရီးစဉ် အကြောင်းတစ်ချို့ကို ရှင်းပြလိုက်၏။

“ဘယ်လို...၊ ကမ္ဘာငယ်က ကျင့်ကြံသူက အဲ့ဒီလောက် အစွမ်းထက်တာ ဖြစ်နိုင်ရဲ့လား...”

ယင်ထျယ်ဟုန်သည် မယုံနိုင်သည့် လေသံနှင့် မေးခွန်းထုတ်လိုက်၏။

“ခင်ဗျားမဖြစ်နိုင်တာတွေ မပြောနဲ့...”

ကျုံးလုဟယ်သည် လက်မခံလိုသည့် လေသံနှင့် ဆိုလိုက်သည်။

မည်သို့ဖြစ်နိုင်မည်နည်း။ ကမ္ဘာငယ်မှ တက်ရောက်လာသူများသည် လင်းထျန်းဘုံတွင် နေရာရလျင်တောင် ဂိုဏ်းတပည့်နှင့် အစေခံတပည့်များသာ ဖြစ်နိုင်၏။

အစွမ်းထက်၍ ကျော်ကြားလာသူမျိုး မမြင်ဖူးချေ။

“ဒါက..”

ယန်ကျီးဝေ့သည် ထပ်မံဖြောင်းဖျရန်ကြိုးစားလိုက်ချိန်တွင် ဟွားရှီးယင်သည် တားဆီးလိုက်၏။ လူ့သဘာဝသည် သူများပြောဆိုရုံနှင့် မယုံကြည်တက်ကြပေ။

ကိုယ်တိုင်ကြုံတွေ့မှသာ ယုံတက်ကြသည်။ ထို့ကြောင့် ဟွားရှီးယင်သည် ထိုနှစ်ဦးကို လွှတ်ထားရန် အချက်ပြလိုက်၏။

ယန်ကျီးဝေ့သည် နားလည်သည့် အသွင်နှင့် ခေါင်းညိတ်ပြလိုက်လေသည်။

တစ်ဖက်သူသည် နယ်မြေသခင်များစွာကိုပင် တစ်ချက်တည်းနှင့် ရိုက်နှက်ခဲ့သူဖြစ်၏။ ထိုနှစ်ဦးအတွက်တော့ မတွေးရဲစရာပင်။

ထို့နောက် ဂိုဏ်းချုပ်နှစ်ဦးသည် ခက်ထန်သည့် အသွင်နှင့် လင်းရှန်တောင်တန်းပေါ်သို့ အလျှင်အမြန် ဝင်ရောက်သွား၏။

“ဘုန်း...”

“ဘာဖြစ်တာတုန်းဟ...”

ထိုနှစ်ဦးသည် အလွန်အမင်း စွံ့အသွားရသည်။ သူတို့သည် လင်းရှန်တောင်တန်း၏ နယ်နိမိအတွင်းရောက်ရှိသွားသည်နှင့်တပြိုင်နက် ကောင်းကင်ထက်မှ ပြုတ်ကျသွားကြသည်။

“ဒါဘာလဲ...”

သူတို့သည် နယ်မြေသခင်များ ဖြစ်ကြ၏။ သို့သော် ဆန်းကြယ်သည့် စွမ်းအင်တစ်မျိုး၏ ဖိနှိပ်မှုကို ချက်ချင်းဆိုသလို ခံစားလိုက်ရသည်။

သူတို့သည် ထပ်မံပျံသန်းရန် ကြိုးစားလိုက်သော်လည်း သူတို့၏ စွမ်းအင်များသည် ဖိနှိပ်ထားခံရဆဲပင်။

မည်သို့မျှ တွန်းလှန်၍ မရချေ။

ယန်ကျီးဝေ့နှင့် ဟွားရှီးယင်သည် ထိုနှစ်ဦး၏ အဖြစ်အပျက်ကြောင့် သတိကပ်ကာ ကောင်းကင်ထက်မှ ဆင်းသက်လိုက်သည်။

ထို့နောက် သူတို့သည် လင်းရှန်တောင်ခြေသို့ ရောက်ရှိသွားသည်နှင့် တပြိုင်နက် အလားတူ စွမ်းအင်ဖိနှိပ်ခံလိုက်ရလေ၏။

‘ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတာပဲ..’

ယန်ကျီးဝေ့သည် တိတ်တဆိတ် မှတ်ချက်ပေးလိုက်၏။ ထို့နောက် ဂိုဏ်းချုပ်နှစ်ဦးကို အသိပေးလိုက်သည်။

“ဂိုဏ်းချုပ်တို့...၊ ကျုပ်တို့ လှေကား အတိုင်း တက်ရမယ်ထင်တယ်...”

“ဘာကွ...၊ တော်တော်ကြီးကျယ်တဲ့ကောင်...၊ ငါဘယ်လို ဆုံးမပြ မလဲဆိုတာကြည့်ထား...”

All Chapters