နွေးထွေးစွာကြိုဆိုခြင်း
Vol. 22 Ch. 328
ကျုံးလုဟယ်သည် ဒေါသတကြီးပြောဆိုကာ တစ်ထောင်တိတိရှိသည့် လှေ့ကားထစ်များအပေါ် စတင်တက်လိုက်တော့၏။
အခြားဂိုဏ်းချုပ်များသည်လည်း အလွန်ဒေါသထွက်နေရပြီ..။
သို့သော် ထိုလှေကားမှ မတက်လျှင် ဟွမ်းရှန့်နန်းတော်သို့ ရောက်ရှိ နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ကြိုးစားကာ တက်ရောက်လိုက်ကြ၏။
လှေကားထစ်များသည် များပြားကာ ရှည်လျားလွန်းသည်။ လှေကားထစ်များ၏ မောက်မာမှုကြောင့် သူတို့၏ ဒေါသများ အထွတ်ထိပ်သို့ ရောက်ရှိလာ၏။
သူတို့၏ ခွန်အားများနှင့် မုခ်ဝသို့ ရောက်ရှိရန် အတော်ပင် အချိန်ယူရပေ၏။
ထိုအဖြစ်အပျက်များကို ဟွမ်းသည် လင်းရှန်းတောင်ပေါ်မှ ပြုံးရွင်သည့် မျက်နှာထားနှင့် ကြည့်ရှု့နေသည်။
အတော်ပင် စိတ်ကျေနပ်စရာကောင်းလှ၏။ သူ၏ လုပ်ရပ်မှန်ကန်သည်ဟု တွေးလိုက်မိသည်။
ဟွမ်းရှန့်နန်းတော်သို့ လာရောက် ပြသနာရှာပါက လှေကားထစ် စမ်းသပ်ချက်ကို ဦးစွာရင်ဆိုင်ရပေမည်။
“နောက်ထပ် တစ်ထောင်လောက် ထပ်တိုးလိုက်သင့်လား...”
ဟွမ်းသည် လောဘကြီးသည့် အသွင် ဖြစ်ပေါ်လာ၏။ သို့သော် ထိုသို့ လုပ်လိုက်ပါက တပည့်များပင် ထိုင်ငိုပေတော့မည်။
ဟွမ်းသည် တည်တည်ငြိမ်ငြိမ်နှင့်ပင် မုခ်ဝရှေ့တွင် စားပွဲတစ်လုံးချထားကာ အကြမ်းရည် သောက်နေလေသည်။
သူ့ထံ လာရောက်လည်ပတ်သူများကို ဧည့်ခံရပေမည်။
ထိုသူများသည် သူ၏ တောင်တန်းကို ပိုင်ဆိုင်ကြောင်း ထောက်ခံပေးရမည့်သူများပင်။
ပြင်းထန်သည့် အသက်ရှုသံများနှင့် အတူ လင်းရှန်တောင်သည် အသက်ဝင်လာ၏။
ကျုံးလုဟယ်တို့သည် ကြိုးစားအားထုတ်ကာ တက်ရောက်ပြီးနောက်တွင် တောင်ထိပ်ပေါ်သို့ ရောက်ရှိလာသည်။
ထိုအချိန်တွင် သက်တောင့်သက်သာနှင့် ကြိုဆိုနေသည့် လူငယ်တစ်ဦးကို တွေ့လိုက်၏။
“မင်း...၊ မင်း..က ဒီနေရာကို အပိုင်စီးထားတဲ့ကျင့်ကြံသူလား...”
ကျုံးလုဟယ်သည် ဒေါသတကြီးလေသံနှင့်မေးလိုက်၏။
သူတို့ သေလောက်အောင် များပြားသည့် လှေကားထစ်များကို ဖြတ်ကျော်လာရသော်လည်း ထိုလူငယ်သည် ငြိမ်းချမ်းမှုများနှင့် ကြိုဆိုနေသည်။
“ဒီနေရာက...၊ ကျုပ်ရဲ့ အပိုင်ဖြစ်သွားပြီ...”
ဟွမ်း၏ လေသံတွင် ဖိအားအချို့ ဖော်ထုတ်ကာ ဆိုလိုက်၏။
ကျုံးလုဟယ်နှင့် ယင်ထျယ်ဟုန်တို့သည် မျက်မှောင်ကြုတ်သွားကြသည်။ ထိုအသံသည် သာမန်မျှသာ ဖြစ်သော်လည်း သူတို့၏ စိတ်ဝိညာဉ်ကို တုန်ခါသွားစေ၏။
ဟွားရှီးယင်နှင့် ယန်ကျီးဝေ့သည် ဘေးသို့ ရှောင်ဖယ်လိုက်ကြကာ စိတ်ဝင်တစား ကြည့်ရှု့လိုက်ကြ၏။ သူမတို့၏ တာဝန်အရ သတိပေးခဲ့ပြီးဖြစ်သည်။
သို့သော် ထိုနှစ်ဦးသည် လျစ်လျုကာ တုန့်ပြန်နေ၏။
“ဒီတောင်တန်းကို မင်း သိမ်းပိုက်ချင်တိုင်း သိမ်းပိုက်လို့မရဘူး...”
“ပြသနာရှိလို့လား...”
ဟွမ်းသည် ဂရုမထားဟန်နှင့် ဆိုလိုက်၏။
“မင်းမှာ အရည်အချင်း ရှိဖို့လိုတယ်...”
ကျုံးလုဟယ်၏ ခန္ဓာကိုယ်မှ စွမ်းအင်များ တဟုန်ထိုး ထွက်ပေါ်လာကာ ဟွမ်းကို ဖိနှိပ်ရန် ကြိုးစားလိုက်သည်။
ယင်ထျယ်ဟုန်လည်း အလားတူပင်။ ယန်ကျီးဝေ့၏ စကားကို ယုံကြည်နိုင်စွမ်းမရှိချေ။ မယုံကြည်ခြင်းထက် မဖြစ်နိုင်သည့်အရာဟု သတ်မှတ်ထားခြင်းပင်။
ထို့ကြောင့် သူတို့သည် ဤသို့နှင့် အလွယ်တကူ ခွင့်မပြုနိုင်ချေ။ သူတို့သည် လှေကားထစ်များကြောင့်ပင် ဒေါသထွက်ရပြီး ဖြစ်သည်။
ထိုလူငယ်၏ မောက်မာသည့် လေသံကြောင့် သည်းမခံနိုင်တော့ပေ။
အလယ်လတ်ဂိုဏ်းချုပ်များသည်လည်း ဝိုင်းဝန်း ဖိအားပေးလိုက်ကြသည်။
သို့သော် သူတို့၏ ရှေ့မှ လူငယ်သည် အကြမ်းရည်သောက်၊ မပျက်ပေ။
‘ငါတို့ အရှိန်အဝါက မသက်ရောက်ဘူးလား...’
ဂိုဏ်းချုပ်များသည် မျက်မှောင်ကြုတ်ကုန်၏။ ထို့နောက် သူတို့၏ အရှိန်အဝါများကို တဆုံး မြင့်တင်လိုက်ကြသည်။
“ခင်ဗျားတို့မှာ တစ်ခြား ပြောစရာရှိသေးလား...”
ဟွမ်းသည် အကြမ်းရည်ခွက်ကို ချရင်း ဆိုလိုက်၏။
“မင်း...မောက်မာလွန်းတယ်...”
ဂိုဏ်းချုပ်များသည် စိတ်မထိန်းနိုင်တော့ပဲ စတင်တိုက်ခိုက်ရန် ပြင်လိုက်ကြသည်။
“ခင်ဗျားတို့ နောက်ထပ်စကားပြောဖို့ အချိနည်းနည်းယူရတော့မယ်ထင်...”
ဟွမ်းသည် ထိုသို့ဆိုရင်း သူ၏ လက်ကို ဝှေ့ယမ်းလိုက်၏။
ဂိုဏ်းချုပ်များသည် ဘာကိုဆိုလိုမှန်းနားမလည်ပေ။ ထိုကြောင့် လျစ်လျုရှု့ကာ တိုက်ခိုက်လိုက်၏။
သို့သော် မမြင်နိုင်သည့် စွမ်းအင်လှိုင်းတစ်ချို့ပေါ်ထွက်လာပြီး ဂိုဏ်းချုပ်များ၏ ခန္ဓာကိုယ်များကို ထိမှန်သွားသည်။
“ဘာလဲဟ...”
ဂိုဏ်းချုပ်များသည် ကြောင်အသွားပြီးနောက် ငယ်သံပါအောင် ဟစ်အော်လိုက်ရ၏။
“အား...”
ဟွမ်းသည် လင်းရှန်တောင်မှ စွမ်းအင်များကို ထိန်းချုပ်ကာ ထိုဂိုဏ်းချုပ်များကို လင်းရှန်တောင်တန်းပေါ်မှ ပစ်ချလိုက်ခြင်းပင်။
ဂိုဏ်းချုပ်များသည် အဆုပ်ကွဲမတက် အော်ဟစ်နေရ၏။ သူတို့၏ စွမ်းအင်များကို ကန့်သတ်ခံထားရသောကြောင့် သူတို့၏ ခန္ဓာကိုယ်များကို မထိန်းချုပ်နိုင်ပေ။ လင်းရှန်တောင်ခြေသို့ ကြမ်းတမ်းစွာ ကျဆင်းသွားကြ၏။
“ဘုန်း..”
သူတို့၏ ခန္ဓာကိုယ်များသည် မြေလွှာနှင့် ကြမ်းတမ်းစွာ ရိုက်ခက်မိသွားသည်။
သူတို့၏ ဦးနှောက်သည် မည်သည်မျှ အလုပ်မပေးနိုင်တော့ပဲ ဟာလာဟင်းလင်း ဖြစ်သွားရလေ၏။
ဂိုဏ်းချုပ်များသည် နယ်မြေသခင်နှစ်ဦးနှင့် ကောင်းကင်အလွှာအဆင့်များ ဖြစ်သောကြောင့် ကြီးကြီးမားမား ဒဏ်ရာမရရှိခဲ့ပေ။
သို့သော် သူတို့သည် စိတ်ဒဏ်ရာရသွားလေသည်။
နယ်မြေ၏ ထိပ်သီးကျင့်ကြံသူများသည် တောင်တန်းတစ်ခုပေါ်မှ ခွေးကျကျသွားသည်ဟု သတင်းထွက်ပေါ်သွားပါက အရှက်တကွဲ အကျိုးနည်းပေမည်။
သူတို့သည် မြေပြင်မှ ကုန်းရုန်းထလိုက်ပြီးနောက် မျက်နှာများ ပူလောင်လာသည်ဟု ခံစားမိသွားသည်။
တောင်ခြေတွင် တိတ်ဆိတ်နေ၏။ တစ်ဦးတစ်ယောက်မှ စတင် ပြောဆိုခြင်း မရှိကြပေ။
ထို့နောက် အတွေးများ တူညီနေသည့်အလား ခြေလှမ်းများသည် လင်းရှန်တောင်ပေါ်သို့ ထပ်မံဦးတည်သွားကြ၏။
လင်းရှု့သည် တောင်တန်းနှင့် ပေါင်းစည်းစေပြီးနောက်တွင် ဟွမ်းသည် လင်းရှန်တောင်တန်း၏ စွမ်းအင်များကို ထိန်းချုပ်နိုင်လာသည်။
ဤတောင်တန်း၏ နယ်နိမိတ်တွင်း ရောက်ရှိနေသူများသည် သူ၏ လွှမ်းမိုးမှုမှ မလွတ်မြောက်နိုင်တော့ပေ။
“နန်းတော်သခင်...”
ယန်ကျီးဝေ့နှင့် ဟွားရှီးယင်သည် မှင်သက်နေသည့် လေသံနှင့် ဆိုလိုက်၏။
သူတို့သည် နန်းတော်သခင်တစ်ဦးအဖြစ် စတင်အသိအမှတ်ပြုလာဟန်ရှိသည်။
အသိမှတ် မပြု၍လည်း မရချေ။ ဟွမ်း၏ လုပ်ရပ်များသည် သူတို့အတွက် အံ့ဩမှင်သက်ရစမြဲပင်။
သူတို့သည် တောင်တန်း၏ ဖြစ်ပျက်သွားပုံကို သိချင်စိတ်ပြင်းပျနေ၏။ သို့သော် ထုတ်မေးရန် မဝံ့ရဲဖြစ်နေသည်။
“ခင်ဗျားတို့နှစ်ဦး ထိုင်ပြီး စောင့်ကြပါဦး...”
ဟွမ်းသည် ဂိုဏ်းချုပ်နှစ်ဦးကို ဆိုလိုက်၏။ သူ၏ လေသံသည် နွေးထွေးဟန်ပင်။
သူသည် အခြားဂိုဏ်းချုပ်များ ထပ်မံရောက်ရှိလာမည်ကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။
“နန်းတော်သခင်က..ကျုပ်တို့ တွေးထားတာထက် ပိုပြီး ဆန်းကြယ်နေတယ်...”
ယန်ကျီးဝေ့သည် မနေနိုင်တော့ပဲ ထုတ်ဖော် ချီးမွန်းလိုက်သည်။
ဟွမ်းသည် ထိုစကားအတွက် မည်သည့် တုန့်ပြန်မှုမျှမပြုချေ။ သူ၏ အမူအယာသည် တည်ငြိမ်နေ၏။ ထို့နောက် ဂိုဏ်ချုပ်နှစ်ဦးကို မေးမြန်းလိုက်သည်။
“လျှပ်စီးနယ်မြေရဲ့ ထိပ်သီးတွေက ဒီရူးကြောင်ကြောင် ကျင့်ကြံသူတွေအပြင် မရှိတော့ဘူးလား...”
ဟွမ်းသည် လာရောက်ပြသနာရှာမည့်သူများကို များစွာ အထင်ကြီးထားမိ၏။ သို့သော် ထိုသူများသည် လူပြက်များနှင့် မထူးမခြားဖြစ်နေသည်။ ထို့ကြောင့် သံသရ ဝင်သွား၏။
ယန်ကျီးဝေ့ “...”
‘မင်း မရောက်လာခင်အချိန်ထိ လျှပ်စီးနယ်မြေမှာ သူတို့ကို မောက်မောက်မာမာဆက်ဆံရဲတဲ့သူမရှိဘူးကွ..’
ယန်ကျီးဝေ့သည် ခွန်းတုန့်ပြန်ရန် စကားလုံးများ ပျောက်ရှသွား၏။
“လျှပ်စီးနယ်မြေမှာဆိုရင်တော့ သူတို့က ထိပ်သီးကျင့်ကြံသူတွေပဲ...”
ဟွားရှီးယင်သည် ရှင်းပြပြောဆိုလိုက်သည်။
“ဒါပေမဲ့ ဒီတောင်တန်းက လျှပ်စီးနယ်မြေရဲ့ ပိုင်နက်လည်းဖြစ်သလို ကောင်းကင်ကျားနယ်မြေရဲ့ ပိုင်နက်လည်း ဖြစ်နေတယ်...”
“ဒါကြောင့် နယ်မြေနှစ်ခုက ဂိုဏ်းတွေက အခြေအတင်ဖြစ်ပြီး ဒီတောင်တန်းကို ဘယ်သူမှ ပိုင်ဆိုင်ခွင့်မရှိဆိုပြီး သဘောတူညီချက်ထုတ်ခဲ့တာလေ...”
“ဒီလိုကိစ္စတွေအတွက်နဲ့ နယ်မြေဘုရင်ကလည်း မစွက်ဖက်ပဲ လွှတ်ထားပေးတယ်...”
“ဒါပေမဲ့ လျှပ်စီးနယ်မြေနဲ့ ကောင်းကင်ကျားနယ်မြေရဲ့ ကျင့်ကြံသူတွေက တင်းမာနေဆဲပဲ...”
ဟွမ်းသည် နေရာအနေအထားကို အနည်းငယ်သဘောပေါက်လာသည်။
သူမ ပြောသည့် တကယ့်ပြသနာရှာသူများသည် ကောင်းကင်ကျားနယ်မြေမှ ကျင့်ကြံသူများကို ဆိုလိုခြင်း ဖြစ်နိုင်၏။
သို့သော် သူ၏ မျက်ဝန်းကို အနည်းငယ်မှေးကျဉ်းကာ မေးလိုက်၏။
“ဒါဆို ကျုပ်ကို အစကတည်းက ဘာလို့ မပြောတာလဲ...”
“ကျွန်မက...၊ ဒီတောင်တန်းကို ရှင်တကယ်ပဲ အခြေချမယ်လို့မထင်လားလို့...”
ဟွားရှီးယင်သည် အားတုံ့အားနာလေသံနှင့် ဆိုလိုက်၏။ သူမသည် လိမ်ညာခြင်းမဟုတ်ပေ။
တကယ်ပင် မထင်မှတ်ထားသည့် အရာဖြစ်ခဲ့၏။ ထို့အပြင် တောင်တန်းကိုပါ ဖျောက်ပစ်ခဲ့သေးသည်။
ဟွမ်း “...”