← Chapters

ဟွမ်း၏နာကျင်မှု

Vol. 22 Ch. 330

ဟွမ်း၏နာကျင်မှု

Vol. 22 Ch. 330

အခန်း ၃၃၀

ဟွမ်း၏နာကျင်မှု

ယွီလျန်မြို့တော်သည် ကျင့်ကြံသူပေါင်းစုံဝင်ထွက်သွားလာနေသော်လည်း သန့်ရှင်းစင်ကြယ်လှ၏။

ရှုပ်ထွေးညစ်ပတ်နေသည့် တည်နေရာများ ရှိမနေချေ။

ထို့အပြင် ကြာပန်းသဏ္ဌာန် ရေကန်ကြီးတစ်ခုသည် မြို့၏ ဗဟိုချက်တွင် တည်ရှိနေပြီး ယွီလျန်မြို့တော်အတွင်းသို့ ဝင်ရောက်သည်နှင့် ထင်ထင်ရှားရှား‌တွေ့ရှိရလေသည်။

ထို့အပြင် မြို့တော်၏ အဆောက်အဦးများသည် သန့်ရှင်းသေသပ်သည့် လက်ရာအဖြစ် ချီးကျုး၍ရပေမည်။

“မဟုတ်သေးဘူး...၊ တစ်ခုခုတော့လွဲနေတယ်...”

ဟွမ်းသည် မျက်မှောင်ကြုတ်မိသွား၏။

“ဆရာ...၊ လမ်းတိုင်းမှာ..ကျောက်စိမ်းပန်းစံအိမ်ဆိုတဲ့ အိမ်တော်တွေကို တွေ့နေရတယ်...”

လုရှင်းယန်သည် သူသတိထားမိသည့် အရာကို ဆိုလိုက်၏။

“ထူးခြားတဲ့ ပန်းရနံ့တွေလဲ ထွက်ပေါ်နေတယ်...”

ပိုင်ကျန့်ယွီလည်း သူ၏ မှတ်ဉာဏ် များတွင် ထိုသို့ ပန်းရနံ့မျိုး မရဖူးကြောင်းခံစားမိသည်။

“ဒါက ကျောက်စိမ်းပန်းဂိုဏ်းရဲ့ ပိုင်နက်ဆိုတော့...၊ ဂိုဏ်းရဲ့ အိမ်တော်တွေ ရှိတာ မထူးဆန်းပါဘူး...”

ဟွမ်းသည် တွေးတွေးဆဆနှင့် မှတ်ချက်ချလိုက်၏။

တပည့်များလည်း လက်ခံသည့်အလား ခေါင်းညိတ်လိုက်ကြသည်။ ထိုအရာသည် ဖြစ်နိုင်ချေ အရှိဆုံးပင်။ ထို့ကြောင့် ဆက်လက်တွေးတော မနေတော့ချေ။

“ဆရာ...၊ ဟိုအဆောက်အဦးမှာ ဝိညာဉ်ရတနာ ရောင်းတယ်ထင်တယ်...”

လျှိုမင်ယွမ်သည် အလွှာငါးခုနှင့် တည်ဆောက်ထားသည့် အဆောက်အဦးကို ညွှန်ပြလိုက်၏။

၎င်းတွင် ကျင်းလီရတနာအိမ်တော်ဟူသည် ဆိုင်းဘုတ်ကို ချိတ်ဆွဲထားသည်။

ဟွမ်းသည် ဦးဆောင်ကာ တပည့်သုံးဦးနှင့်အတူ ကျင်းလီရတနာအိမ်တော်အတွင်းသို့ ဝင်ရောက်သွားကြ၏။

ကျင်းလီရတနာအိမ်တော်သည် ခမ်းနားလွန်းလှသည်။ ထို့အပြင် အတွင်းပိုင်း အပြင်အဆင်များသည် တန်ဖိုးကြီးရတနာများနှင့် တည်ဆောက်ထားခြင်းဖြစ်၏။

“ဧည့်သည်တော်တို့ ဘာအလိုရှိပါသလဲ...”

ကျင်းလီရတနာအိမ်တော်အတွင်းမှ အစေခံ မိန်းကလေးသည် ချိုသာသည့် အသံနှင့် နှုတ်ဆက်လိုက်သည်။

“ယာဉ်ပျံငယ် လိုချင်တယ်...”

ဟွမ်းသည် ကွေ့ဝှိုက်မနေတော့ပဲ လိုရင်းသာ မေးလိုက်၏။

“ဒီဘက်ကို ကြွကြပါရှင့်...”

အစေခံမိန်းကလေးသည် ဟွမ်းတို့ဆရာတပည့်လေးဦးကို သုံးလွှာမြောက်အထိ ခေါ်ဆောင်သွားလေသည်။

ထို့နောက် အစေခံမိန်းကလေးသည် အခန်းတစ်ခုတွင်းသို့ ဝင်ရောက်ကာ ရွေးချယ်စေ၏။

“ဧည့်သည်တော်တို့..ရှင့်...၊ ယာဉ်ပျံငယ်တွေက ဒီခန်းမထဲမှာ ရှိပါတယ်...”

ထို့နောက် သူမသည် ထွက်ခွာသွားသည်။

ဟွမ်းသည် ခန်းမအတွင်းသို့ ရောက်ရှိချိန်တွင် လှပလွန်းသည့် မိန်းမပျိုလေးတစ်ဦးကို ထပ်မံတွေ့ရှိလိုက်ရပြန်၏။

သူမ၏ အသွင်သည် အသက်နှစ်ဆယ်ကျော်ခန့်ဟုသာ ထင်ရဖွယ်ရှိပြီး သိမ်မွှေ့သည့် အပြုအမူများနှင့် ပြည့်နှက်နေသည်။

“ကျွန်မနာမည်...၊ ဟွားယွီလင်ပါ...၊ ဧည့်သည်တော်တို့ စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်...”

ဟွားယွီလင်သည် ဤနေရာ၏ တာဝန်ရှိသူဖြစ်ဟန်ရသည်။ ဟွမ်းသည် အသိမှတ်ပြုဟန် ခေါင်းညိတ်လိုက်ပြီးနောက် လိုရင်းကို ပြောလိုက်၏။

“အလျင်မြန်ဆုံးနဲ့...၊ ကျယ်ကျယ်ဝန်းဝန်းရှိနဲ့ ယာဉ်ပျံကို လိုချင်တယ်...”

“ခဏစောင့်ပေးပါရှင့်...”

ဟွားယွီလင်၏ အပြုံးသည် အလွန်ပင် ပီပြင်သွားကာ စိတ်အားထက်သန်သည့် လေသံနှင့် ဆိုလိုက်၏။

ဤလူငယ်များသည် ချမ်းသာသည့်အသွင်ပင်။ အမူအယာများသည်လည်း တည်ငြိမ်သေသပ်ကာ အထက်တန်းကျသည့် လူငယ်များဟု မှတ်ချက်ချမိသွားသည်။

‘ကျိန်းသေပေါက် လူချမ်းသာတွေ..’

ထို့နောက် သူမသည် အလျင်အမြန်နှင့် သိုလှောင်ခန်းတွင်းသို့ ဝင်ရောက်သွားပြီး နောက် ယာဉ်ပျံများကို ရှာဖွေလိုက်သည်။

အချိန်အနည်းငယ်ကြာပြီးနောက်တွင် ဟွားယွီလင်သည် ယာဉ်ပျံငယ်တစ်ခုကို သယ်ဆောင်လာကာ ပြသလိုက်၏။

၎င်းယာဉ်ပျံသည် လက်တစ်ဖဝါးလောက်အရွယ်သာရှိပြီး နက်မှောင်သည့် ပုံပန်းသွင်ပြင်ဆောင်နေသည်။

လုရှင်းယန်တို့သည် စိတ်ဝင်စားသွားကြ၏။

ထိုအချိန်တွင် ဟွားယွီလင်သည် ၎င်း၏ အကြောင်းကို အသေးစိတ်ရှင်းပြလိုက်သည်။

“ဒီယာဉ်ပျံငယ်လေးက လျှပ်စီးနယ်မြေမှာ ပထမတန်းစားယာဉ်ပျံအမျိုးအစားထဲမှာ ပါဝင်တယ်..”

“ယာဉ်ပျံတစ်ခုလုံးကို အာကာသသံနက်လို့ ခေါ်တဲ့ ရှားပါး သထ္တုအမျိုးအစားနဲ့ ပြုလုပ်ထားတယ်..”

ဟွားယွီလင်သည် ရှင်းပြနေရင်း ယာဉ်ပျံငယ်လေးကို သူမ၏ လက်ကလေးနှင့် တတောက်တောက် ခေါက်ပြလိုက်၏။ ထို့နောက် ဆက်လက်‌ရှင်းပြလိုက်သည်။

“ခိုင်ခံမှုအတွက် ကျွန်မတို့ ရတနာအိမ်တော်က အာမခံပေးတယ်...”

ဟွားယွီလင်သည် အရောင်းသမ ပီသပေ၏။ သူမ၏ ရှင်းပြချက်များနှင့်ပင် ဝယ်သူများ မတုန့်မဆိုင်း ဝယ်ယူသွားရန်လုံလောက်သည်။

နယ်မြေဘုရင်၏ တိုက်ခိုက်မှုကိုပင် ကြံကြံခိုင်နိုင်သည်ဟု ဆို၏။

ထို့အပြင် ဤသို့ယာဉ်ပျံသည် တစ်စင်းထဲသာရှိပြီး ထပ်မံ ရရှိရန်မလွယ်ကူ ဟုဆိုကာ ဆွဲဆောင်လိုက်ပြန်သည်။

လုရှင်းယန်တို့သည် ပို၍ သဘောကျလာပေတော့၏။ သူတို့သည် ယာဉ်ပျံနှင့် ဆိုလျှင် သက်တောင့်သက်သာနှင့် ခရီးများ သွားလာနိုင်ပေတော့မည်။

ထို့နောက် ဟွားယွီလင်သည် အနက်ရောင်ယာဉ်ပျံငယ်အတွင် စွမ်းအင် အချို့ စီးဆင်းစေလိုက်သည်။

ထိုအချိန်တွင် ၎င်းသည် လှုပ်ရှားသက်ဝင်လာပြီး တ‌ဖြည်းဖြည်းနှင့် ကြီးမားလာ၏။

ထို့နောက် ခန်းမတစ်လုံး ပြည့်လုနီးပါးအထိ ကျယ်ပြန့်သွားလေသည်။

“ဒါက..၊ ခန်းမအနေအထားက နည်းနည်းကျဉ်းနေလို့...၊ အပြင်ဘက်မှာဆိုရင် အယောက်ရေ တစ်ရာလောက်အထိဆံ့တယ်...”

ဟွားယွီလင်သည် ရှင်းပြလိုက်ပြန်၏။ သို့သော် ထိုအရာသည် သူမ လိမ်ညာနေခြင်းမဟုတ်ပေ။

ထိုသို့ ယာဉ်ပျံငယ်များသည် လိုအပ်သလို ကြီးမားအောင် ပြုလုပ်နိုင်စွမ်းရှိသည်။

ထို့နောက် သူမသည် ယာဉ်ပျံ၏ အတွင်းပိုင်း အနေအထားများကို အသေးစိတ် ရှင်းပြပြောဆိုလိုက်၏။

၎င်း၏ ဗဟိုချက်သည် လင်းထျန်းဘုံမှ စွမ်းအင်များကို စုဆောင်းနိုင်သည့် အမြူတေတစ်ခုပါရှိသည်။ ၎င်းအတွက်ကြောင့် ကောင်းကင်သလင်းကျောက်များကုန်ကျမှုကို လျော့ချပေးနိုင်၏။

ဟွမ်းသည် အတော်လေးသဘောကျနေသည်။ ထိုယာဉ်ပျံငယ်သည် အတော်လေး အဆင်ပြေလှ၏။

“ကျုပ်ဝယ်မယ်...”

ဟွမ်းသည် ဝယ်ယူရန် ဆုံးဖြတ်ချက်ချလိုက်၏။

“ဧည့်သည်တော်တို့ ဆုံးဖြတ်ချက်က တကယ်ပဲ မှန်ကန်ပါတယ်...”

ဟွားယွီလင်သည် ချိုသာသည့် အပြုံးလေးနှင့် ဆိုလိုက်၏။ ထို့နောက်သူမသည် ယာဉ်ပျံငယ်၏ ဈေးနှုန်းကို ထုတ်ပြောလိုက်သည်။

“ဒီယာဉ်ပျံငယ်လေးက ဧည့်သည်တော်တို့အတွက် အထူးလျော့ဈေးနဲ့ ကောင်းကင်သလင်းကျောက် ဆယ်သန်းပဲ ကျသင့်ပါတယ်ရှင့်...”

“…”

“ဧည့်သည်တော်တို့...”

“ဧည့်သည်တော်တို့...”

ဟွားယွီလင်သည် အနည်းငယ်အံ့ဩသွား၏။ သူမ၏ ရှေ့ရှိ လူငယ်လေးယောက်သည် ကျောက်ရုပ်အလား တုပ်တုပ်မျှပင် မလှုပ်တော့ချေ။

သူမသည် ဆက်တိုက်ခေါ်ကာ လက်အမူအယာများ ပြသနေသော်လည်း တုန့်ပြန်မှု မရှိတော့ချေ။

‘အသက်ပျောက်ကုန်ကြတာလား..’

အမှန်ပင်။ ဆရာတပည့်လေးဦးသည် အသက်ပျောက်လုနီးနီးပင်ဖြစ်သွားရ၏။ ထိုသို့ ဈေးနှုန်းမျိုး ယုံပင်မယုံနိုင်ချေ။

ဟွမ်းသည် အသိဝင်လာပြီးနောက် ခက်ခဲသည့် လေသံနှင့် မေးခွန်းထုတ်လိုက်၏။

“ဘယ်လောက်...ဘယ်လောက်..”

“ကောင်းကင်သလင်းကျောက် ဆယ်သန်းထဲပါရှင့်...”

ဟွားယွီလင်သည် ‘သူတို့ မကြားလိုက်’ဟု ယူဆသောကြောင့် ထပ်မံပြောကြားလိုက်သည်။

ဟွမ်းသည် အသက်ဝအောင် မနည်းပင် ရှုသွင်းလိုက်ရ၏။ သူ၏ ရင်ဘက်တွင် အောင့်သက်သက် ခံစားချက်ကို ခံစားမိသည်။

ရန်သူများသည် သူ့အား ထိခိုက်နာကျင်အောင် မလုပ်နိုင်ကြသော်လည်း ကောင်းကင်သလင်းကျောက်ကြောင့် ခန္ဓာကိုယ်အနှံ့ရိုက်နှက်ခံထားရသည့်အလား နာကျင်နေရ၏။

ထိုသို့ ပမာဏမျိုး အိမ်မက်ပင် မမက်ဖူးချေ။

သူသည် ကျန်းချီချီထံမှ ရရှိခဲ့သည် ကောင်းကင်သလင်းကျောက်တစ်သိန်းကြောင့် ကြွယ်ဝနေသည်ဟု ထင်ခဲ့၏။ သို့သော် ငမွဲအဆင့်တွင်သာရှိနေသေးသည်။

ယာဉ်ပျံငယ်တစ်စင်းအတွက် ဤ‌မျှ ပေးရမည်ဟု မထင်ထားမိချေ။ ထို့နောက် သူ၏ စိတ်ကို တင်းကာ ဟွားယွီလင်ကို ထပ်မံမေးမြန်းလိုက်၏။

“နည်းနည်း ဈေးပေါတဲ့ယာဉ်ပျံမျိုးရှိသေးလား...၊ ကောင်းကင်သလင်းကျောက်တစ်သိန်း တန်လောက်...”

ဟွားယွီလင် “...”

‘ကောင်းကင်သလင်းကျောက်တစ်သိန်းနဲ့ ယာဉ်ပျံရဲ့ ခြေနင်းခုံတောင် ဝယ်နိုင်မှာ မဟုတ်ဘူး...’

ဟွားယွီလင်၏ အပြုံးများသည် တဖြည်းဖြည်း ပါးလွှာလာ၏။

သူမသည် ဤယာဉ်ပျံအကြောင်း အမြုပ်ထွက်မတက်ရှင်းပြခဲ့ရသူများမှာ ကောင်းကင်သလင်းကျောက် တစ်သိန်းသာရှိသည့် ငမွဲအုပ်စု ဖြစ်နေလေသည်။

သူမသည် ငိုချင်လာ၏။ သို့သော် ဧည့်သည်များ ဖြစ်နေခြင်းကြောင့် အမူအယာပျက်ယွင်း၍ မဖြစ်ပေ။

“အဆင့်နိမ့်ဆုံးယာဉ်ပျံဆိုရင်တောင် ကောင်းကင်သလင်းကျောက် တစ်သိန်းလောက်ကျမယ်...”

သူမသည် အတက်နိုင်ဆုံးပြုံးကာ ပြောလိုက်၏။

“ဒီမှာ နတ်ဘုရားအဆင့် လက်နက်တွေ ပြန်ပြီးရောင်းလို့ရလား...”

ဟွမ်းသည် သူတွင်ရှိသည့် နောက်ဆုံး အသက်ကယ်ဆေးဖြစ်သည်။ သူလိုအပ်ချိန်တိုင်းတွင် ထိုအရာများသည် အကူအညီပေးတက်၏။

ဟွားယွီလင်သည် ခေါင်းခါယမ်းကာဆိုလိုက်၏။

“အဲ့ဒီလို အဆင့်နိမ့်လက်နက်တွေကို မဝယ်ဘူး...”

ဟွမ်း “...”

‘ချီချီက ငါ့ကို လိမ်ခဲ့တာလား...’

All Chapters