နယ်မြေစွမ်းအင်နှစ်ခုပေါင်းစည်းခြင်း
Vol. 22 Ch. 323
ကလေးမလေးအရွှယ် လင်းရှု့သည် ဟွမ်း၏ ဝိညာဉ်ပင်လယ် အတွင်းမှ ထွက်ပေါ်လာ၏။ သူမ၏ အမူအယာသည် အိပ်မှုန်စုတ်ဖွားနှင့်ဖြစ်နေပြီး အကြောဆန့်ကာ သန်းဝေလိုက်သည်။
သူမ၏ အိပ်ချင်မူးတူး မျက်ဝန်းလေးများကို ပေကလပ် ပေကလပ်ပြုလုပ်ကာ ဟွမ်းကို မေးခွန်းထုတ်လိုသည့် အကြည့်နှင့် ကြည့်လိုက်၏။
ထိုအကြည့်တွင် ‘ကျွန်မ အိပ်နေတာ ဘာကြောင့် နှောက်ယှက်ရတာလဲ...၊ ဖြေရှင်းချက် ကောင်းကောင်းမပေးနိုင်ရင် ခွင့်မလွှတ်ဘူး..’ ဟူသည့် အဓိပ္ပါယ်များ သက်ရောက်နေသည်။
ဟွမ်း “...”
‘အဲ့ဒီအကြည့်က ဘာသဘောတုန်း..’
ဟွမ်းသည် လင်းရှု့၏ အကြည့်ကို လျစ်လျုရှု့ပြီးနောက် တောင်တန်းကြီးကို ညွှန်ပြကာ ဆိုလိုက်၏။
“ဒီတောင်တန်းကို လင်းရှန် နယ်မြေနဲ့ ချိတ်ဆက်နိုင်လား...”
ယခင်က ရွှေရောင်သစ်ပင်ငယ်ရှိနေသောကြောင့် လင်းရှန်နယ်မြေအတွက် မြေလွှာတွင် ပေါင်းစည်းထား၍ ရပေသည်။
သို့သော် လင်းရှု့သည် ရွှေရောင်သစ်ပင်ငယ်နှင့် ပေါင်းစည်းသွားခဲ့သောကြောင့် သူမကို သစ်ပင်စိုက်သည့် သဏ္ဌာန်နှင့် မြေလွှာတွင် ပေါင်းစည်ထား၍ မရနိုင်တော့ချေ။
ထိုသို့ စိုက်ပျိုးရန် သူမသည် ရွှေရောင်သစ်ပင်သဏ္ဌာန်မဟုတ်တော့ပေ။
ထိုအရာအတွက် ဟွမ်းသည် အနည်းငယ် စဉ်းစားရကြပ်သွားခဲ့သည်။
လင်းရှန်နယ်မြေတွင် အဆောက်အဦးများနှင့် နန်းတော်တစ်ခုအတွက် ပြီးပြည့်စုံနေပြီ ဖြစ်၏။ သို့သော် လင်းထျန်းဘုံတွင် မည်သို့ နေရာချရမည်ကို မသိရှိချေ။
ထို့ကြောင့် လင်းရှု့ထံ အကြံတောင်းလိုက်ခြင်းပင်။
လင်းရှု့သည် ဟွမ်း၏ စကားကို လေးနက်သည့် အသွင်နှင့် နားလည်အောင်ကြိုးစားနေ၏။ သူမသည် ဟွမ်း၏ ရှေ့တွင် ခေါက်တုံ့ခေါက်ပြန် လျှောက်ကာ ကြိုးစားပမ်းစား တွေးတောနေသည်။
ခဏအကြာတွင် သူမ၏ မျက်ဝန်းများသည် ဝင်းလက်သွား၏။
ဟွမ်းသည် သူမ၏ အမူအယာကို အဆက်မပြတ် စောင့်ကြည့်နေသောကြောင့် သူမ၏ အပြောင်းအလဲကို ခံစားမိသွားသည်။
လင်းရှု့သည် ရုတ်ချည်းဆိုသလို သူမ၏ သေးငယ်သည့် လက်ဖဝါးနှစ်ဖက်ကို ထိကပ်လိုက်၏။ ထို့ကြောင့် သူမ၏ လက်သည် ရွှေကြာဖူးအသွင် ဖြစ်ပေါ်လာသည်။
ထိုအချိန်တွင် သူမ၏ ခန္ဓာကိုယ် ပတ်ပတ်လည်မှ ရွှေရောင်အလင်းတန်းများထွက်ပေါ်လာပြီး သူမ၏ ခန္ဓာကိုယ်ကို ရစ်ပတ်နေ၏။
ဟွမ်းသည် လင်းရှု့၏ အနီးအနားတွင် ရှိနေသောကြောင့် ရွှေရောင်အလင်းတန်းများ သူ၏ ခန္ဓာကိုယ်တွင်း ဖြတ်သန်းသွားသည်ကို ခံစားမိသွားသည်။
“နွေးထွေးတဲ့ ခံစားချက်...”
ထိုအချိန်တွင် သူသညခ နွေးထွေးသည့် စွမ်းအင်စီးကြောင်းများကို ခံစားမိသွား၏။
ရွှေရောင်အလင်းတန်းများသည် တဖြည်းဖြည်းနှင့် စုဝေးလာပြီး သူမ၏ ကြာဖူးသဏ္ဌာန် လက်ဖဝါးနှစ်ဖက်ကြားသို့ စီးဝင်လာ၏။
ထို့နောက်သူမ၏ လက်ဖက်နှစ်ဖက်ကို ဖြည်းညှင်းစွာ ထိကပ်နေမှုကို ဖယ်ခွာလိုက်သည်။
သူမလက်၏အသွင်သည် ကြာဖူးတစ်ခုမှ ပွင့်လန်းလာသည့် ကြာပန်းငယ်တစ်ခုအသွင်ဖြစ်ပေါ်သွား၏။
“ဒါက...၊ လင်းရှန်နယ်မြေလား...”
ဟွမ်းသည် အံ့ဩစွာ ရေရွတ်မိသွားသည်။
လင်းရှု့၏ လက်ဖဝါးနှစ်ခုအလယ်တွင် သေးငယ်သည့် အသွင်နှင့် လင်းရှန်းနယ်မြေ ပေါ်ထွက်လာသောကြောင့်ပင်။
လင်းရှု့သည် လင်းရှန်နယ်မြေကို ‘ဘယ်နေရာမှာ သိမ်းထားသနည်း..’ ဆိုသည့် မေးခွန်းကို ဟွမ်းသည် အမြဲတစေ မေးမြန်းချင်ခဲ့၏။
သို့သော် လင်းရှု့သည် သူ၏ စကားများကို နားလည်ချင်မှသာ နားလည်တက်သည်။ သူမ နားလည်ချင်လျင်လည်း ရှည်ရှည်ဝေးဝေး ပြောစရာမလို..၊ အလိုက်တသိလုပ်ပေးတက်၏။
ထို့အပြင် သူမ ပြောသည့် တစ်ခွန်းတည်းသောစကားမှာ ‘ဖေဖေ’ဟုပင်။
ထိုအချက်ကိုပင် သံသရဝင်သွား၏။ ထိုကလေးမလေးသည် ‘သူမ မလုပ်ချင်သည့် အရာများကို တမင်တကာ နားမလည်ချင်ယောင် ဆောင်နေသလား’ ဟုပင်။
ထို့နောက် လင်းရှု့သည် သူမ၏ လက်ဖဝါးထက်ရှိ နယ်မြေငယ်ကို ဟွမ်းထံ ပေးအပ်လိုက်၏။
ဟွမ်းသည် လက်တစ်ဖဝါးမျှသာ ရှိနေသည့် လင်းရှန်နယ်မြေကို ယူဆောင်ထားလိုက်ပြီးနောက် လင်းရှု့ကို ကြည့်လိုက်သည်။ သူမ အဘယ်သို့ ပြုလုပ်ချင်နေသည်ကို နားမလည်နိုင်သေးပေ။
ထို့နောက် လင်းရှု့သည် လေကို တဝကြီးရှုသွင်းလိုက်၏။
ဟွမ်း၏ နှုတ်ခမ်းများ တဆက်ဆက်တုန်ယင်သွားသည်။ ထိုမြင်ကွင်းမျိုး ရင်းနှီးနေခဲ့၏။
သူထင်သည့် အရာမှားပေ။ လင်းရှု့သည် တောင်တန်းပေါ်သို့ တံတွေး ထွေးလိုက်၏။
“ထွီ...”
ဟွမ်း “...”
သို့သော် ဟွမ်းသည် အံ့အားသင့်သွား၏။ သူ၏ လက်တွင် ရှိနေသည့် လင်းရှန်နယ်မြေသည် စတင်လှုပ်ရှားလာသည်။
သူမ၏ အပြုအမူပြီးဆုံးသွားသည်နှင့် တပြိုင်နက် လင်းရှန်နယ်မြေ၏ စွမ်းအင်စီးကြောင်းများသည် တောင်တန်းပေါ်သို့ စီးဝင်လာသည်။
ထို့နောက် လင်းရှန်နယ်မြေသည် ဟွမ်း၏ လက်မှရုန်းထွက်ကာ ကောင်းကင်ပေါ်သို့ ပျံသန်းသွား၏။
ထိုသို့ပျံသန်းရင်း ကောင်းကင်ထက်မှ နယ်မြေ၏ စွမ်းအင်များကို တောင်တန်းပေါ်သို့ လွှမ်းမိုးနေသည်။
ထိုအချိန်တွင် လင်းရှု့သည် တင်ပလ္လင်ခွေထိုင်လိုက်ကာ သူမ၏ လက်ဖဝါးနှစ်ဖက်ကို ထပ်မံထိကပ်ရန် ကြိုးစားလိုက်၏။
သူမ၏ လက်တစ်ဖက်တွင် လင်းရှန်နယ်မြေစွမ်းအင်များ ပေါ်ထွက်နေပြီး အခြားတစ်ဖက်တွင် လင်းထျန်းဘုံမှနယ်မြေစွမ်းအင်များ ပေါ်ထွက်လာသည်။
၎င်းစွမ်းအင်နှစ်ခုကို သူမသည် ပေါင်းစည်းနေဟန်ရှိ၏။
ဟွမ်းသည် စိတ်ဝင်တစားနှင့် ကြည့်ရှု့နေသည်။ လင်းရှု့သည် ရူးကြောင်ကြောင်နိုင်သော်လည်း သူတွေးထားသည်ထက်ပင် ပို၍ လုပ်နိုင်စွမ်းများစွာ ရှိနေ၏။
သူမ၏ အပြုအမူသည် လင်းရှန်နယ်မြေနှင့် ဤတောင်တန်းကို ပေါင်းစည်းနေခြင်းပင်။
လင်းရှန်နယ်မြေသည် တဖြည်းဖြည်းနှင့် ကြီးမားလာပြီး ပုံရိပ်ယောင် အလင်းများအသွင်သို့ ပြောင်းလဲလာ၏။
ထိုအချိန်တွင် လင်းရှု့သည် မာန်ဟုန်သွင်းလိုက်သည်။
“ယာ့...”
သူမသည် မာန်သွင်းလိုက်ပြီးသည်နှင့် တစ်ပြိုင်နက် ထိဆက်လုဆဲ ဖြစ်နေသည့် လက်နှစ်ဖက်ကို ပူးကပ်လိုက်၏။ သို့သော် စွမ်းအင်နှစ်ခု၏ တွန်းကန်မှုကြောင့် သူမ၏ လက်နှစ်ဖက်လုံး မထိစပ်နိုင်သေးချေ။
နယ်မြေစွမ်းအင်နှစ်ခုသည် ရင်းနှီးဟန်မရသေးချေ။ ငြင်းဆန်မှု အချို့ပေါ်ထွက်နေသည်။
သို့သော် လင်းရှု့သည် သူမ၏သေးငယ်သည့် လက်နှစ်ဖက်ကို အတင်းအကြပ် ဖိချလိုက်၏။
“ရွှီး...”
စွမ်းအင်နှစ်ခု၏ ပွတ်တိုက်သံ အချို့ပေါ်ထွက်လာကာ ရုန်းကန်နေဟန်ရှိသည်။
သို့သော် လင်းရှု့သည် ထိုစွမ်းအင်နှစ်ခု ထိစပ်သွားသည်နှင့် တပြိုင်နက် သူမထံမှ ရွှေရောင်အလင်းတန်း ၎င်းတို့အပေါ် လွှမ်းခြုံကာ ဖိနှိပ်လိုက်တော့၏။
ထိုစွမ်းအင်နှစ်ခုသည် ရွှေရောင်အလန်းတန်းကို ဆန့်ကျင်ရန်ကြိုးစားလိုက်သော်လည်း မလွန်ဆန်နိုင်သည့် အသွင်နှင့် စွမ်းအင်နှစ်ခုသည် စတင်ပေါင်းစည်းလာကြသည်။
လင်းရှု့သည် ရွေရောင်အလင်းတန်းကို မရုတ်သိမ်းသေးချေ။
နယ်မြေစွမ်းအင်နှစ်ခု၏ ပေါင်းစည်းမှုသည် အပြည့်အဝ မပြီးဆုံးမချင်း စောင့်ကြပ်နေမည့်အသွင်ပင်။
နယ်မြေစွမ်းအင် ပေါင်းစည်းစည်းခြင်းသည် အချိန်ယူရ၏။ နှစ်နာရီခန့်မျှ ပေါင်းစည်းသွားချိန်တွင် စွမ်းအင်နှစ်ခုသည် တစ်ထပ်တည်းကျလာသည်။
ထိုအချိန်တွင် ကောင်းကင်ထက်မှ ပုံရိပ်ယောင်အသွင် ဖြစ်ပေါ်နေသည့် လင်းရှန်နယ်မြေသည် တောင်တန်းပေါ်သို့ ဖြည်းညှင်းစွာ ကျဆင်းလာ၏။
“ဝုန်း...”
လင်းရှန်နယ်မြေသည် တောင်တန်းကြီးအတွင်းသို့ နစ်ဝင်သွားသည့် အသွင်ဖြစ်ပေါ်လာသည်။
ထိုအချိန်တွင် တောင်တန်းကြီးသည် တုန်ခါလာပြီး တောင်တန်းကြီး၏ ထိပ်ပိုင်းတွင် လင်းရှန်နယ်မြေသည် မူလကတည်းက ရှိနေသည့် အတိုင်းပေါ်ထွက်လာ၏။
တောင်၏ ထိပ်ပိုင်းသည် ပြောင်းလဲမှုများစွာ ဖြစ်ပေါ်လာပြီး လင်းရှန်နယ်မြေသည် ဝင်ရောက်နေရာယူသွားသည်။
ထျန်းဟုန်အပါအဝင် လင်းရှန်နယ်မြေတွင် ရှိနေသည့် တပည့်များသည် အံ့ဩမှင်သက်ကုန်၏။
ဟွမ်းကိုယ်တိုင်ပင် အံ့ဩဆန်းကျယ်မှုကို ခံစားမိသွားသည်။ သူရပ်တည်နေသည့် နေရာတွင် သူ၏ ခန်းမသည် ပေါ်ထွက်လာ၏။
“လင်းရှန်နယ်မြေကို တောင်တန်းတစ်ခုလုံးနဲ့ ပေါင်းစည်းလိုက်တာလား...”
လင်းရှန်နယ်မြေနှင့် တောင်တန်းကြီးသည် ပြီးပြည့်စုံစွာ ပေါင်းစည်းနိုင်ခဲ့သည်။
သို့သော် လင်းရှု့သည် ထိုမျှနှင့် မရပ်တန့်သေးချေ။ သူမ တံတွေး ထွေးထားသည့် နေရာတွင် ရွှေရောင်စွမ်းအင်အလင်းတန်းများ ပို့လွှတ်လိုက်၏။
ထိုအချိန်တွင် ၎င်းနေရာမှ ရွှေရောင်သစ်ပင်သည် ပေါ်ထွက်လာလေသည်။
သို့သော် ယခင်ကကဲ့သို့ အရွက်နှစ်ရွက်သာရှိခြင်း မဟုတ်တော့ပေ။ ထူးခြားသည့် အကိုင်းအခက်များနှင့် ဝေဝေဆာဆာဖြစ်နေပြီး ပေနှစ်ဆယ်ခန့်အထိ တဖြည်းဖြည်းနှင့် မြင့်မားလာလေသည်။
ထိုသို့ ပေါ်ထွက်လာသည်နှင့် တပြိုင်နက် တောင်တန်းတစ်ခုလုံးသည် ရွှေရောင်အလင်းတန်းများနှင့် လွှမ်းခြုံသွားကာ တည်နေရာတစ်ခုလုံး တောက်ပနေ၏။
အလင်းတန်းများသည် တောင်တန်း၏ ခါးပိုင်းအထိ လွှမ်းခြုံသွားသည်။
ထို့နောက်တွင် ရွှေရောင်အလင်းတန်းများသည် တောင်တန်းနှင့် တစ်သားတည်းဖြစ်တည်သွားသည့် အလား ငြိမ်သက်သွားတော့၏။
ထိုအချိန်တွင် ထူးခြားသည့် ဖြစ်စဉ်ကြောင့် အနီးအနားရှိ ကျင့်ကြံသူများ သတိထားမိကာ ထိုတောင်တန်းအနီးသို့ ပုံရိပ်အချို့ ရောက်ရှိလာသည်။
သို့သော် သူတို့မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် မျက်ဝန်းများ ပြူးကျယ်ကုန်ကြ၏။
“ဒါ ဘယ်နေရာလဲ...”