← Chapters

တည်နေရာအဖြစ်သတ်မှတ်ခြင်း

Vol. 22 Ch. 322

တည်နေရာအဖြစ်သတ်မှတ်ခြင်း

Vol. 22 Ch. 322

ဟွမ်းနှင့် တပည့်များသည် ယာဉ်ပျံငယ်ပေါ်တွင် ရောက်ရှိနေကာ ကွာဝေးလှသည့် နယ်မြေများကို ဖြတ်သန်းနေ၏။

ကျန်းချီချီနှင့် ဂိုဏ်းချုပ်နှစ်ဦးသည် ဟွမ်းကို ပိုင်ရှင်မဲ့ တောင်တန်းသို့ လိုက်လံပို့ဆောင်ပေးလေသည်။

သူတို့သည် လျှပ်စီးမြို့တော်တွင် နေထိုင်စရာမလိုတော့ချေ။ ထို့အပြင် ဟွမ်းနှင့် ရင်းနှီးမှုကို ရယူလို၏။ ထို့ကြောင့် ကိုယ်တိုင်ကိုယ်ကျ ပို့ဆောင်ပေးကြခြင်းပင်။

“အစ်မကြီး...၊ ဒီကုန်းမြေရဲ့ ရှု့ခင်းတွေက ကမ္ဘာငယ်ထက် အများကြီးပိုလှတယ်နော်...”

ကျောက်ဝမ်အာသည် ယွဲ့ဝူယောင်ကို ဆွဲခေါ်ကာ သူမတို့ ဖြတ်သန်းနေသည့် ရှု့ခင်းများကို ခံစားနေကြသည်။

ယွဲ့ဝူယောင်သည် ကျောက်ဝမ်အာ၏ ဆွဲခေါ်သွားမှုနောက် လိုက်ပါသွား၏။

ယာဉ်ပျံငယ်၏ အရှိန်ကြောင့် သူမ၏ ခရမ်းနုရောင် ဆံနွယ်များသည် လေယူရာသို့ မြောလွင့်နေသည်။

ထို့နောက် သူမသည် အရောင်အသွေးစုံလင်လှသည့် ကောင်းကင်ထက် မျှော်ကြည့်လိုက်၏။

သူမသည် အတွေးများနှင့် နစ်မြောသွားဟန်ပင်။

ဤဘုံသည် သူမမိခင်၏ ဇာတိဖြစ်သည်။ သို့သော် မိခင်ဖြစ်သူ၊ ဖခင်ဖြစ်သူတို့နှင့် တိုတောင်းလှသည့် အချိန်ပိုင်းမျှသာ ဆုံတွေ့ခဲ့ရ၏။

ထို့အပြင် သူတို့နှင့် ဆုံတွေ့ခဲ့စဉ်ကလည်း စိတ်ဝိညာဉ်အပိုင်းအစမျှသာ..။

သို့သော် သူမဖခင်၏ ကြင်နာသည့် အကြည့်နှင့် သူမမိခင်၏ နွေးထွေးစွာ ထွေးပွေ့မှုကို ယခုထက်တိုင် သတိရနေဆဲပင်။

သူမသည် ထိုအကြောင်းများကို တွေးမိကာ ဝမ်းနည်းမှုကို ခံစားမိသွားသည်။ သို့သော် သူမသည် မည်သူမျှသတိမထားမိစေရန် သူမ၏ အမူအယာကို ထိန်းချုပ်ထားလိုက်၏။

သို့သော် ထိုအခိုက်အတန့်သည် ဟွမ်း၏ အမြင်အာရုံမှ မလွတ်မြောက်ခဲ့ပေ။

သို့သော် ဟွမ်းသည် သူမ၏ ခံစားချက်များကို မစွက်ဖက်ခဲ့ပေ။ သူနှစ်သိမ့်ပေးလျင် သူမ၏ သိမ်ငယ်စိတ်တိုးပွားလာနိုင်သည်။

‘ဟွမ်း...၊ ဝူယောင်က အတိတ်မှာ ဘာတွေဖြစ်ခဲ့တာလဲ...’

ကျန်းချီချီသည် အသံလှိုင်းထုတ်ဖော်ကာ မေးမြန်းလိုက်သည်။ သူမသည် ယွဲ့ဝူယောင်ကို တပည့်တစ်ဦးအဖြစ်သက်မှတ်ထားပြီးဖြစ်၏။

ထို့ကြောင့် သူမ၏ အကြောင်းအရာများကို စိတ်ဝင်စားနေသည်။ သို့သော် သူမအနေနှင့် ယွဲ့ဝူယောင်ကို ချည်းကပ်ရ ခက်ခဲနေ၏။

‘သူမ..ပြောလိုတဲ့ ဆန္ဒရှိရင် ထုတ်ပြီးပြောပါလိမ့်မယ်...’

ဟွမ်းသည် ကျန်းချီချီကို ချွေးသိပ်လိုက်၏။ သူ့အနေနှင့် ထုတ်ပြောရန် မခက်ခဲပေ။ သို့သော် ထိုအရာသည် ယွဲ့ဝူယောင်၏ ခါးသက်သည့် အတိတ်ဖြစ်သည်။

ထိုအကြောင်းအရင်းများကြောင့် ကျန်းချီချီသည် ယွဲ့ဝူယောင်ကို ပို၍ သနားသွားမည်ကို မလိုလားပေ။

ထို့ကြောင့် ယွဲ့ဝူယောင်ကိုသာ ကိုယ်တိုင်မေးစေသည်။ သို့သော် သူသည် ယွဲ့ဝူယောင်အတွက် အနည်းငယ်စိုးရိမ် သွား၏။

သူမသည် တစ်သီးတစ်သန့်တည်းနေကာ သူမ၏ ဂျုနီယာများ အပေါ်မှလွဲ၍ ရင်းနှီးရန် ခက်ခဲလာသည်။

ကျန်းချီချီသည် နားလည်ဟန်နှင့် ခေါင်းညိတ်လိုက်၏။ သူမသည် အလောတကြီးနိုင်သွားသည်ကို သတိထားမိသွားသည်။

ထို့ကြောင့် အားတုံ့အားနာ အပြုံးကို ထုတ်ဖော်လိုက်၏။ သူမတို့နှစ်ဦးကြားရှိ လေထုသည် ကို့ရို့ကားယား ဖြစ်သွားလေသည်။

ထိုအချိန်တွင် ယန်ကျီးဝေ့၏ အသံထွက်ပေါ်လာသည်။

“ရောင်းရင်း...ရှေ့ကတောင်တန်းက ပိုင်ရှင်မဲ့ နေရာတစ်ခုပဲ...”

ဟွမ်းသည် ယန်ကျီးဝေ့၏ စကားကြောင့် ထိုတောင်တန်းကို စစ်ဆေးလိုက်၏။

တပည့်ငါးယောက်သည် ထိုတောင်တန်းကြောင့် မှင်သက်သွားကြလေသည်။

၎င်းသည် ဤအနီးတစ်ဝှိုက်တွင် မြင့်မားလွန်းသည် တောင်တန်းကြီးတစ်ခုဖြစ်ပြီး နယ်မြေတစ်ခုလုံးကို အထက်စီးမှ ကြည့်ရှု့နေသည့်အလားပင်။

ထို့အပြင် အခြားတောင်တန်းများနှင့် နှိုင်းယှဉ်လျင် မည်သို့မျှ မသက်ဆိုင်သည့်အလား မားမားမတ်မတ် တည်ရှိနေသည်။

၎င်းသည် ဤနယ်မြေတစ်ခုလုံးကို လွှမ်းမိုးထားသည့် အလားပင်။

ဟွမ်းသည် ထိုသို့နေရာမျိုးတွင် မည်သည်ဂိုဏ်းမျှ နေရာမယူခြင်းကို သံသရဝင်သွား၏။

ဤသို့နေရာမျိုးသည် ထိပ်သီးဂိုဏ်းများ အကြိတ်အနှယ် လုယက်ကြမည်မှာ ကျိန်းသေပင်။

“ဒီတောင်တန်းကို ထိပ်သီးဂိုဏ်းတွေ နေရာမယူကြတာက အားလုံးရဲ့ အလယ်ဗဟိုမှာ ရှိနေလို့ပဲ...”

ယန်းကျီးဝေ့သည် ဟွမ်း၏ အမူအယာကို နားလည်သည့် အသွင်နှင့် ပြောလိုက်၏။

ဟွမ်းသည် သဘောပေါက်သွားလေပြီ..။

အကယ်ဤသာ ဂိုဏ်းတစ်ခုခုက ဤနေရာကို သိမ်းယူလိုက်လျှင် နယ်မြေကျုးကျော်မှုဟု ယူဆနိုင်ပေမည်။

ထိုသို့ ဆိုလျှင် အခြားထိပ်သီးဂိုဏ်းများသည် လက်ခံမည်မဟုတ်ချေ။ တိုက်ပွဲများဖြစ်လာမည်မှာ ကျိန်းသေပင်။

သာမန်မြင့်မားရုံမျှသာ တည်ရှိနေသည့် တောင်တန်းတစ်ခုအတွက် စွမ်းအင်ကုန်ခမ်းရမည်မှာ မတန်ပေ။

ထို့ကြောင့် သူတို့သည် ဤတောင်တန်းကို မည်သူမျှ အပိုင်မစီးနိုင်ခြင်းပင်။

“ရောင်းရင်း...၊ ဒီနေရာမှာ အခြေချဖို့ စိတ်ကူးရင်...၊ အခြားထိပ်သီးဂိုဏ်းတွေ သိသွားတာနဲ့...ရောင်းရင်းတို့က တိုက်ပွဲတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်...”

ဟွားရှီးယင်သည် ဝင်ရောက်သတိပေးလိုက်၏။ သို့သော် သူမ၏ လေသံသည် သာမန်သတိပေးသည့် အလားပင်။

ဟွမ်းသည် ထိုအရာကို တွေးမိ၏။ သို့သော် သူသည် နောက်ဆုတ်ရန် မလိုအပ်ချေ။ ထို့နောက် အတည်ပြုလိုသောကြောင့် မေးလိုက်သည်။

“ခင်ဗျားတို့ရော ပါဝင်လား...”

ဟွမ်း၏ စကားကြောင့် ဂိုဏ်းချုပ်နှစ်ဦးသည် အနည်းငယ်တုန်လှုပ်သွား၏။

သူတို့ကိုပါ ဖြေရှင်းလိုဟန်ရသည်။ ယန်ကျီးဝေ့သည့် ခေါင်းခါယမ်းသည့် လေသံနှင့် ဆိုလိုက်၏။

“ကျုပ်တို့ ရူးနှမ်းနေရင်တောင်...၊ ရောင်းရင်းနဲ့ ရန်သူလုပ်ဖို့ စိတ်ကူးမရှိပါဘူး...”

သူတို့သည် ဟွမ်း၏ ခွန်အားကို ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။ လျှပ်စီးမျိုးနွယ်၏ လမ်းစဉ်နောက် မလိုက်လိုပေ။

ထို့အပြင် သူတို့ထံတွင် ဟွမ်းကို တောင်းဆိုနိုင်သည့် လျှပ်စီးမျိုးနွယ်ကဲ့သို့ ပုဂ္ဂိုလ်မျိုး မရှိချေ။

ဟွမ်းသည် နားလည်သည့် အသွင်နှင့် ခေါင်းညိတ်လိုက်၏။ ဂိုဏ်းချုပ်နှစ်ဦးထံမှ အတည်ပြုချက်ကို ကြားလိုခြင်းဖြစ်သည်။

ထို့နောက် ဟွမ်းသည် တစ်လှမ်းချင်းလျှောက်လှမ်းသွားပြီးနောက် ထိုတောင်တန်းကို ကြည့်ရှု့ကာ လေးနက်သည့်လေသံနှင့် ထုတ်ဖော် ပြောဆိုလိုက်၏။

“ဒီတောင်တန်းက ဟွမ်းရှန့်နန်းတော်ရဲ့ တည်နေရာပဲ...”

ဤနေရာသည် ဟွမ်းရှန့်နန်းတော်အတွက် သင့်လျော်လှ၏။ သူသည် ဆုံးဖြတ်ပြီးသွားလေပြီ...။

ထို့အတွက်နှင့် သူ့ကို လာရောက် တိုက်ခိုက်ချင်သည်လော..၊ အချိန်မရွေး အဖော်ပြုပေးမည်...။

ဟွမ်း၏ အသွင်ကြောင့် ဟွားရှီးယင်သည် တောက်ပသည့် အပြုံးကို ထုတ်ဖော်လိုက်၏။ သူမသည် ပို၍ စိတ်လှုပ်ရှားလာဟန်ရှိသည်။

“ဟွမ်း...”

ကျန်းချီချီသည် စိုးရိမ်စိတ် ဝင်ရောက်လာ၏။ ဟွမ်းသည် လျှပ်စီးမျိုးနွယ်ကို တစ်ဦးတည်း ဖြိုခွဲနိုင်သည်ကို သိရှိသော်လည်း လျှပ်စီးမျိုးနွယ် တန်းတူနီးပါး အစွမ်းထက်သည့် ဂိုဏ်းများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

သူမ မစိုးရိမ်ပဲ မနေနိုင်ချေ။

ထို့နောက် ဟွမ်းသည် ၎င်းတောင်တန်းပေါ်သို့ သက်ဆင်းသွား၏။

တောင်တန်းကြီးသည် အလွန်တိတ်ဆိတ်လှသည်။ ထိုအပြင့် ထူးခြားသည် ငြိမ်းအေးမှုကို ပေးစွမ်းနေ၏။

လုရှင်းယန်တို့သည် မြန်ဆန်သည့် အရှိန်နှင့် ထိုတောင်တန်းကြီးကို လှည့်ပတ် ကြည့်ရှု့ စစ်ဆေးလိုက်ကြသည်။

“ရောင်းရင်း...၊ ဟွမ်းရှန့်နန်းတော် ဖွင့်ပွဲမှာ ကျုပ်တို့ ဖိတ်ကြားချက်ပို့ပေးပါ...”

ယန်ကျီးဝေ့နှင့် ဟွားရှီးယင်သည် သံပြိုင်ပြောလိုက်ကြ၏။ သူတို့သည် ဤတောင်တန်းသို့ ပို့ဆောင်ပေးခဲ့ပြီး ဖြစ်သည်။

သူတို့၏ ကိစ္စများ ပြီးဆုံးပြီဖြစ်သည့်အတွက် ဂိုဏ်းသို့ ပြန်ကြရန် နှုတ်ဆက်လိုက်၏။

“ခင်ဗျားတို့ရဲ့ ကြင်နာမှုကို မှတ်သားထားပါတယ်..”

ဟွမ်းသည် အသိမှတ်ပြုဟန်နှင့် ဆိုလိုက်၏။ ထိုသူများသည် မည်သို့ရည်ရွယ်ချက် ရှိပါစေ သူ့အတွက် အကူအညီတစ်ခုပေးခဲ့ခြင်းပင်။

သူ့အား တိုက်ရိုက်ရန်ရှာခြင်းမဟုတ်သ၍ ဂရုစိုက်မည်မဟုတ်ပေ။

ထို့နောက် ဂိုဏ်းချုပ်နှစ်ဦးသည် ထွက်ခွာသွားတော့၏။

“ကျွန်မလဲ ဂိုဏ်းကို ပြန်ရဦးမယ်...”

ကျန်းချီချီ တွန့်ဆုတ်နေသည့် လေသံနှင့် ဆိုလိုက်၏။ သူမသည် မပြန်လိုသည့်အလားပင်။ သို့သော် လျှပ်စီးမျိုးနွယ်၏ ပြောင်းလဲမှုများကို တင်ပြရပေဦးမည်။

“ဂရုစိုက်ပါ...”

ဟွမ်းသည် ညင်သာစွာဆိုလိုက်၏။ သူမထံမှ များစွာသည့် အကူအညီများကို ရရှိခဲ့သည်။ သို့သော် အပေါ်ယံဆန်သည့် ကျေးဇူးတင်ကြောင်း ထပ်မံပြောဆိုတော့မည် မဟုတ်ပေ။

ထို့နောက် ကျန်းချီချီသည် ထွက်ခွာသွားတော့၏။

“ဆရာ...၊ ဒီတောင်တန်းက လင်းရှန်နယ်မြေထက်ကို ကြီးမားတယ်...”

ပိုင်ကျန့်ယွီတို့သည် အပြေးအလွှား ရောက်ရှိလာကာ ပြောပြလေသည်။

သူတို့သည် တောင်တန်းတစ်ခုလုံးအား လှည့်လည်ခဲ့ပြီး နောက်တွင် ၎င်း၏ ကျယ်ဝန်းမှုကို အံဩရသည်။ သူတို့သည် အဝေးမှ ကြည့်ရှု့ခဲ့စဉ်က ဤမျှ ကျယ်ပြောမည်ဟု မထင်ထားခဲ့ပေ။

ဟွမ်းသည် သူ၏ စိတ်ဝိညာဉ်ကို တောင်တန်းအား လွှမ်းခြုံလိုက်ကာ အခြေအနေကို စစ်ဆေးလိုက်သည်။

“ဒီတောင်တန်းကို ဘယ်လို စီမံရမလဲ...”

ဟွမ်းသည် အလေးအနက် တွေးတောလိုက်၏။ ထိုစဉ်တွင် လင်းရှု့ကို သတိရသွားလေသည်။

“လင်းရှု့...”

ဟွမ်းသည် သူမကို ခေါ်ထုတ်လိုက်၏။

All Chapters