← Chapters

စောင့်ကြည့်ရေးမစ်ရှင်

Vol. 23 Ch. 345

စောင့်ကြည့်ရေးမစ်ရှင်

Vol. 23 Ch. 345

ပစ္စည်းများကို ထာဝရတိုင်းပြည်မှ သယ်ယူ ပို့ဆောင် ခဲ့သည်။

ပစ္စည်းအချို့မှာ ထာဝရတိုင်းပြည်မှ ဂိမ်းမာများ တူးဖော်ထားသော သတ္တုရိုင်းများ ဖြစ်ပြီး ၎င်းတို့တွင် အဒါမန်တိုင်း ကျောက်တုံးများ တစ်စိတ်တစ်ပိုင်း ပါဝင်သည်။ ကျန်အစိတ်အပိုင်းများမှာ ဆာမေးလ်ကို အနိုင်တိုက်ခြင်း အတွက် ဆောင်းတောင်ကုန်းမြို့၏ ပစ္စည်း ဆုလာဘ်မှ ထုလုပ်ရေး သတ္တုရိုင်းများ ဖြစ်ကြသည်။

လူပုများ၊ ဟေးလ်နှင့် ဘုရင်တို့သည် ရေနွေးငွေ့ နည်းပညာနှင့် လက်နက်များ ထုလုပ်ခြင်းကို သင်ကြားပေးရန် တာဝန်ယူ ခဲ့ကြသည်။

ရေနွေးငွေ့ အင်ဂျင်နီယာ ပညာမှာ ဗစ်တိုးရီးယားမြို့တွင် မဖွံ့ဖြိုးသေး သော်လည်း ဟေးလ်မှာ အလုပ်များ နေခဲ့ပြီး အထူးသဖြင့် ကနဦး ဖွံ့ဖြိုးတိုးတက်ရေး အဆင့်တွင် ဖြစ်သည်။

ပန်းပဲဆိုင်မှာ ၁၀၀% ထုတ်လုပ်မှု ရှိနေပြီး ထုနှက်သံများ ဆိုင် တစ်ခုလုံးတွင် ပြည့်နှက် နေခဲ့သည်။ လက်နက်များ ထုလုပ်ခြင်းနှင့် ပတ်သက်၍မူ မြေအောက်လောကနှင့် မြေပေါ်လောက နှစ်ခုစလုံးတွင် မာနာ လိုအပ်ခဲ့သည်။

ဟေးလ်မှာ ရေနွေးငွေ့ အင်ဂျင်နီယာ တစ်ဦး ဖြစ်သော်လည်း သူ ပန်ပဲ ထုလုပ်ခြင်းတွင်လည်း ကျွမ်းကျင်ခဲ့သည်။ ဤထူးခြားသော အခြေအနေများ အပြင် အချိန်ပို လုပ်ခအတွက် ဟေးလ်မှာ ဇွဲလုံ့လ ရှိရှိဖြင့် အလုပ်လုပ် နေခဲ့သည်။

ဟေးလ်သည် ပစ္စည်းကိရိယာများ ထုလုပ်ခြင်းကို တာဝန်ယူခဲ့ပြီး ဘုရင်မှာမူ ထုလုပ်ခြင်း အပြင် သူ၏ အဓိက,ကျွမ်းကျင်မှု ဖြစ်သော ပစ္စည်းကိရိယာ တိုးတက် ကောင်းမွန်အောင် ပြုလုပ်ခြင်းကို တာဝန် ယူခဲ့သည်။

ပစ္စည်းကိရိယာ တိုးတက် ကောင်းမွန်အောင် ပြုလုပ်ခြင်း ပုံစံမှာ ထာဝရတိုင်းပြည်နှင့် တူညီခဲ့သော်လည်း ဘုရင်၏ စိတ်နေ စိတ်ထားမှာ ဆင်းဘလောက် မတင်းမာခဲ့ပေ။ ရံဖန်ရံခါ ဂိမ်းမာများသည် ဘုရင်၏ "တောင်းပန်ပါတယ်၊ ခင်ဗျားရဲ့ လက်နက် တိုးတက်ကောင်းမွန်အောင် ပြုလုပ်မှု မအောင်မြင်ခဲ့ပါဘူး။ ဒါက ကြေမွပျက်စီး သွားပါပြီ။"ဟု ပြောသည်ကို ကြားနိုင်ခဲ့သည်။

"အာ—။"

ဘုရင်မှာ ဆင်းဘထက် များစွာ နူးညံ့သိမ်မွေ့ သော်လည်း လက်နက် တိုးတက် ကောင်းမွန်အောင် ပြုလုပ်မှု မအောင်မြင်ခြင်းများ အကြောင်း ဂိမ်းမာများအား ပြောကြားရာတွင် သူ ဘယ်တော့မှ ရှက်ရွံ့ခြင်း မရှိခဲ့ပေ။ လီလိုက သူ့ကို ထိုသို့ ပြုလုပ်ရန် အမိန့်ပေးခဲ့သည်။

လီလိုသည် ရဲတိုက်တွင် ရပ်နေပြီး ဘုရင်က ကျိုးပဲ့နေသော ပစ္စည်းကိရိယာ အချို့ကို မီးဖိုထဲသို့ ပစ်ထည့်နေသည်ကို ကြည့်ရှု နေခဲ့သည်။ ပစ္စည်း ကိရိယာများကို အရည်ကျိုပြီးနောက် စံနှုန်းမီ ပစ္စည်းကိရိယာများ အဖြစ် ပြန်ထုလုပ်မည် ဖြစ်သည်။

ဘော့စ်အကြီးသည် ပြတင်းပေါက် ဘောင်ပေါ်တွင် လှဲလျောင်းနေကာ စပ်စုစွာ မေးလိုက်သည်။ "လေဒီလီလို၊ ဘာလို့ ကောင်းမွန်တဲ့ လက်နက်တွေကို ဖျက်ဆီးပြီးမှ အသစ်တွေ ဖန်တီးခွင့် ပြုရတာလဲ။ ကျွန်တော်တို့ ဒီအချိန်ကို လက်နက်တွေ ဖန်တီးပြီး တိုးတက် ကောင်းမွန်အောင် လုပ်ဖို့ မသုံးသင့်ဘူးလား၊ ဒါမှ မြို့သားတွေ လေဒီလီလိုကို ကောင်းကင်ဘုံ နိုင်ငံ သိမ်းပိုက်ရာမှာ ကူညီနိုင်မှာပေါ့။"

"ဒါက ရှားလော့ခ်ရဲ့ တောင်းဆိုချက်ပဲ။ သူက မြို့သားတွေ ဒီလို အဖြစ်အပျက်မျိုးတွေကို ပိုနှစ်သက်တယ်လို့ ပြောတယ်။" လီလိုက ခန်းဆီးများကို ချလိုက်ကာ အခန်းထဲသို့ လျှောက်ဝင်သွားပြီး "မြို့သား ဘယ်လောက်များများ အပြည့်အစုံ လက်နက် တပ်ဆင်ထား ပြီးပြီလဲ။"ဟု မေးလိုက်သည်။

"ကျွန်တော့်ရဲ့ စာရင်းအင်းတွေအရ မြို့သား ၉၂၆ ဦးမှာ အနည်းဆုံး ပစ္စည်းကိရိယာ တစ်မျိုးစီ ရှိနေပါပြီ။ ပစ္စည်းကိရိယာ နှစ်မျိုးစီ ရှိတဲ့ မြို့သား ၃၂၀ ဦး ရှိပြီး ပစ္စည်းကိရိယာ အစုံအလင် ရှိတဲ့ မြို့သား ၁၀၀ အောက်ပဲ ရှိပါသေးတယ်။ အရေအတွက် တွေက မတည်ငြိမ်နေပါဘူး၊ ဘာလို့လဲဆိုတော့ သူတို့ ပင့်ကူဂူကို စူးစမ်းရှာဖွေပြီး သေဆုံးကြလိမ့်မယ်လေ။ သေဆုံးမှု တစ်ခုချင်းစီတိုင်းမှာ သူတို့ ပစ္စည်း ကိရိယာ ပျက်စီးမှု ရှိလာပါလိမ့်မယ်။"

ဒုတိယ ‌ဘော့စ်သည် သူ၏ မျက်မှန်ကို ချိန်ညှိလိုက်စဉ် သူ၏ အမွှေးထူပြီး ဝသော လက်ဖဝါးများက ဗစ်တိုးရီးယားမြို့နှင့် ပတ်သက်သော အချက်အလက် အားလုံး ပါဝင်သော ထူထဲသော စာအုပ် တစ်အုပ်ကို လှန်လှော နေခဲ့သည်။

"အင်း၊ အရမ်း ကောင်းတယ်။"

"လေဒီလီလို၊ ကျွန်တော် နားမလည်ပါဘူး။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ရက်အနည်းငယ် အတွင်း သေဆုံး ထိခိုက်မှု ၁၀,၀၀၀ ကျော် ရှိခဲ့ပြီး မြို့သား တစ်ဦးချင်းစီ တစ်နေ့ကို အနည်းဆုံး နှစ်ကြိမ်ကနေ အများဆုံး ဆယ်ကြိမ်ကျော်အထိ သေဆုံးခဲ့ကြပါတယ်။ လေဒီရဲ့ ဝန်ထုပ်ဝန်ပိုးက အရမ်း ကြီးမားနေပါပြီ။ ကျွန်တော်တို့ သူတို့ကို ထိန်းချုပ်ပြီး မလိုအပ်တဲ့ သေဆုံးထိခိုက်မှုတွေကို လျှော့ချ သင့်ပါတယ်။ လေဒီ ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်ရပါမယ်။" ဒုတိယ‌ဘော့စ်က သူမ၏ ကျန်းမာရေး အတွက် သိသိသာသာ စိုးရိမ်နေသည့် လေသံဖြင့် ဆိုလိုက်သည်။

"ဒီဝန်ထုပ်ဝန်ပိုးက မပြောပလောက်ပါဘူး။ သူတို့ အလဟဿ သေဆုံးနေကြတာ မဟုတ်ဘူးလေ၊ သူတို့ရဲ့ တိုက်ခိုက်ရေး စွမ်းရည်တွေကို မြှင့်တင်နေကြတာပဲ။ ငါ့ရဲ့ သစ္စာရှိ မသေမျိုး စစ်သည်တော်တွေ အနေနဲ့ ဒါက အမြန်ဆုံး လေ့ကျင့်ရေး နည်းလမ်းပဲ။"

လီလိုသည် ဟမ်းစတား သုံးကောင်ကို ထွက်ခွာသွားရန် လက်ဝှေ့ယမ်း ပြလိုက်သည်။ ဟမ်းစတား သုံးကောင် ထွက်ခွာ သွားမှသာ လီလို သူမ၏ ပင်ပန်းနွမ်းနယ်မှုကို ပြသခဲ့သည်။

ကောင်းကင်ဘုံ နိုင်ငံကို သိမ်းပိုက် အောင်နိုင်ရေး အတွက် အားလုံး ပေးဆပ်ရ တန်ပေသည်။

...

ဗစ်တိုးရီးယားမြို့ လျင်မြန်သော အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုး တိုးတက်နေစဉ် ထာဝရတိုင်းပြည်မှ ဂိမ်းမာများသည် ဇာတ်လမ်းပိုင်း မစ်ရှင် အသစ် တစ်ခု လက်ခံရရှိ ခဲ့ကြသည်။

[မစ်ရှင် ခေါင်းစဉ်: အိုဂါခံတပ်အား စောင့်ကြည့်ရေး

မစ်ရှင် ဖော်ပြချက်: အန်ဒရူး ချန်ထားခဲ့သော အိုဂါတပ်ဖွဲ့များ၏ အကြွင်းအကျန်များက ပြန်လည် စုစည်း နေကြပြီး သူတို့ ငါတို့၏ ရှင်သန် ရပ်တည်မှုကို ခြိမ်းခြောက် နိုင်လောက်အောင် အားကောင်း လာခဲ့ကြပြီ။ ငါတို့ အစွမ်းထက် အိုဂါ မျိုးနွယ်စုများကို အနိုင်တိုက်ရန် ဘာရွန်နီကိုလပ်စ်နှင့် မဟာမိတ်ဖွဲ့ နေကြသည်။ ထာဝရတိုင်းပြည် မြို့သားများသည် ဘယ်တော့မှ ကျေးကျွန်များ ဖြစ်လာမည် မဟုတ်။

မစ်ရှင် ရည်မှန်းချက်: နီကိုလပ်စ်၏ လက်အောက်ငယ်သားများ နောက်သို့ လိုက်၍ အိုဂါ ခံတပ်အား စောင့်ကြည့်ပါ။ ငါတို့ ထောက်လှမ်းရေး အချက်အလက်များ စုဆောင်း ရမည်။ မရှိသော ထောက်လှမ်းရေး အဖွဲ့အစည်းမှာ မည်သည့် အကူအညီမျှ ပေးအပ်နိုင်ခြင်း မရှိပေ။

မစ်ရှင်ဆုလာဘ်: ထာဝရတိုင်းပြည် ဂုဏ်သတင်း ရမှတ် ၃၀၀၊ ကြေးဒင်္ဂါး ၅၀၀နှင့် အခြား ဖြစ်နိုင်ခြေ ရှိသော ပစ္စည်းကိရိယာများ။]

ဂုဏ်သတင်း ရမှတ်များနှင့် ဒင်္ဂါးများမှာ ပထမနှင့် ဒုတိယ ဘီတာ ဂိမ်းမာများ အတွက် မဆွဲဆောင် နိုင်သော်လည်း တတိယဘီတာ ဂိမ်းမာများမှာ ဆုလာဘ်များနှင့် ဖြစ်နိုင်ခြေ ရှိသော ပစ္စည်းကိရိယာ များကို လိုအပ် နေခဲ့ကြသည်။

ပထမနှင့် ဒုတိယ ဘီတာဂိမ်းမာများ၏ အသိအရ ဤသို့သော ထိုးဖောက် ဝင်ရောက်ရေး မစ်ရှင်မျိုး၊ အမ်ပီစီများနှင့် တိုက်ခိုက်ခြင်း ပါဝင်သော မစ်ရှင်မျိုးမှာ ဂိမ်းမာများ အသက်ရှင် ကျန်ရစ်ခဲ့ပါက သူတို့ကို သတ်ဖြတ်ပြီးနောက် ပစ္စည်းကိရိယာများ ရရှိနိုင်ခြေ မြင့်မားခဲ့သည်။

ဤသည်မှာ ထူးဆန်းသော ကြုံတွေ့မှု မစ်ရှင် တစ်ခု မဟုတ်သောကြောင့် မစ်ရှင်ကို ဆောင်းတောင်ကုန်းမြို့ ဒန်ဂျင်အရှင် ခန်းမဆောင်တွင် လက်ခံနိုင်ခဲ့သည်။

အဓိက အစည်းအရုံးကြီးများမှာ ဤအခွင့်အရေးကို လက်လွတ်ခံမည် မဟုတ်ပေ။ အတိတ်က တိုက်ပွဲ စစ်ဆင်ရေး ဇာတ်လမ်းများမှာ ကောင်းမွန်သော လုယက်ပစ္စည်းများ ရရှိစေခဲ့ပြီး ထူးချွန်သော ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့သော ဂိမ်းမာများမှာ ဂုဏ်သိက္ခာ မြင့်မားခဲ့ကြောင်း ပြသခဲ့သည်။ ဥပမာအားဖြင့် ယခင် ဆာမေးလ်နှင့် ကြုံတွေ့ ဆုံဆည်းမှုတွင် ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့မှ ပထမ ဘီတာ ဂိမ်းမာများသည် ဆာမေးလ်ကို တိုက်ခိုက်ခဲ့ကြပြီး အာရုံစိုက်မှု နှင့် ဂုဏ်သတင်း ရမှတ်များ နှစ်မျိုးလုံး ရရှိခဲ့ကြသည်။

ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့၏ ဥက္ကဋ္ဌ အဖြစ်နှင့် ကောလာဟလ အမျိုးမျိုးကို ရှင်သန် ကျော်ဖြတ်ပြီးနောက် အာသာ၏ ဂုဏ်သိက္ခာမှာ မထိခိုက်ခဲ့ပေ။ မစ်ရှင်ကို ရှာဖွေ တွေ့ ရှိပြီးနောက် သူ အစည်းအရုံးဝင် များကို ဆောင်းတောင်ကုန်းမြို့ ဒန်ဂျင်အရှင် ခန်းမဆောင်သို့ ခေါ်ဆောင်သွားကာ အိုဂါ မျိုးနွယ်စုများကို ကင်းထောက်ရန် မစ်ရှင် အတွက် မှတ်ပုံတင်ခဲ့သည်။

မှတ်ပုံတင်ခြင်း အတွက် တာဝန်ယူသော ဆောင်းတောင်ကုန်းမြို့ ဝန်ထမ်းမှာ အံ့အားသင့် သွားခဲ့သည်။ သူ ဤမျှ အန္တရာယ်များသော မစ်ရှင် အတွက် မှတ်ပုံတင်ရန် အော်ဟစ် ကြွေးကြော်နေသော သတ္တဝါများစွာ အဘယ်ကြောင့် ရှိနေသည်ကို နားမလည်ခဲ့ပေ။

တန်းစီတန်းမှာ အလွန် ရှည်လျား နေခဲ့ပြီး ခွဲတမ်း ပြည့်သွားသည့်အခါ မှတ်ပုံတင် မထားသော ဂိမ်းမာများမှာ အကြီးအကျယ် ဆူပူကြတော့သည်။

"ကျေးဇူးပြုပြီး ကျွန်တော့်ကို အခွင့်အရေး တစ်ခု ပေးပါ။ ကျွန်တော် ဆောင်းတောင်ကုန်းမြို့ အတွက် တိုက်ခိုက်ချင်ပါတယ်။"

"ကျွန်တော့်ကို သွားခွင့်ပြုပါ။ ကျွန်တော့် စွမ်းရည်တွေက အံ့ဩစရာ ကောင်းပါတယ်။ ကျွန်တော် ထောက်လှမ်းရေး အချက်အလက် အတွက် ကိုယ့်ကိုယ်ကိုယ်တောင် စတေးပစ်မှာပါ။"

"ထာဝရတိုင်းပြည် တစ်ခုလုံးမှာ ကျွန်တော့်ရဲ့ ထောက်လှမ်းရေး အချက်အလက် ရှာဖွေရေး စွမ်းရည်က အားအကောင်းဆုံးပဲ။ ဆောင်းတောင်ကုန်းမြို့ ရှေးဟောင်းနတ်ဘုရားများ ယုံကြည်သူတွေရဲ့ တိုက်ခိုက်ခြင်း ခံခဲ့ရတုန်းက ထောက်လှမ်းရေး အချက်အလက် အများစုကို ကျွန်တော်က စုဆောင်းခဲ့တာပါ။ ဒါက အမှန်တရားပဲ။"

လူတိုင်း မိမိကိုယ်ကို အတွေ့အကြုံ ရင့်ကျက်သည်ဟု အခိုင်အမာ ဆိုကြပြီး ဆောင်းတောင်ကုန်းမြို့ အတွက် စတေးရန် ဆန္ဒ ရှိကြောင်း ပြောကြားခဲ့ကြသည်။

ဆောင်းတောင်ကုန်းမြို့ ဝန်ထမ်းက တုံ့ဆိုင်းနေပြီး "ကျွန်တော် ကျွန်တော့် အထက်အရာရှိကို အသနားခံ ကြည့်ပါ့မယ်။"ဟု ဆိုလိုက်သည်။

ဂိမ်းမာများသည် ရိုင်းစိုင်းသော ကြွေးကြော်သံများဖြင့် ပေါက်ကွဲ ထွက်လာကြသည်။ သူတို့ လျင်မြန်စွာ အစားအစာများ ထုတ်ယူကာ မြေပြင်ပေါ်တွင် ထိုင်ကြပြီး အချို့မှာ အော်ဟစ် ကြွေးကြော် လာကြသည်။

"ပစ္စည်းကိရိယာတွေ ရောင်းတယ်ဟေ့။ ပစ္စည်းကိရိယာတွေ ရောင်းတယ်ဟေ့။"

"မစ်ရှင်နေရာ တစ်ခု ဝယ်ယူလိုပါသည်။ မစ်ရှင်နေရာ တစ်ခု အတွက် ရန်မင်ဘီ ယွမ် သုံးထောင်။ ကျွန်တော် ဘယ်လို လုယက်ပစ္စည်းတွေ ရရှိသည် ဖြစ်စေ အားလုံး ခင်ဗျားတို့ အပိုင်ပါပဲ။"

"ကျွန်တော့် တန်းစီနေရာ ရောင်းရန် ရှိသည်။ ကျွန်တော့် တန်းစီနေရာ ရောင်းရန် ရှိသည်။"

"ဘယ်သူ့မှာ အဒါမန်တိုင်း သတ္တုရိုင်း ရှိလဲ။ ကျွန်တော် မာနာအင်ဂျင်နီယာ ပညာ သင်ယူချင်တယ်။"

"သစ်သား ရောင်းရန် ရှိသည်။ မနေ့က အသစ် ခုတ်လှဲထားတာ။ မြန်မြန် လုပ်ကြ၊ အရေအတွက် များများ ဝယ်ယူရင် လျှော့ဈေး ရှိတယ်။"

ဒန်ဂျင်အရှင် ခန်းမဆောင်မှာ ချက်ချင်း ဆိုသလို ဈေး တစ်ခု ဖြစ်သွားခဲ့သည်။

ဒန်ဂျင်အရှင် ခန်းမဆောင်ရှိ ဝန်ထမ်းများသည် အံ့အားသင့် သွားခဲ့ကြသည်။ ဤသတ္တဝါများသည် ထာဝရတိုင်းပြည်မှ ဖြစ်ပြီး သူတို့ ဆောင်းတောင်ကုန်းမြို့ကို နှစ်ကြိမ် ကယ်တင်ခဲ့သောကြောင့် သူတို့ကို ရန်သူဖြစ်အောင် မလုပ်နိုင်ခဲ့ကြပေ။

ဝန်ထမ်းများသည် အဖြစ်အပျက်ကို ဒန်ဂျင်အရှင် နီကိုလပ်စ်ထံ တိုင်ကြားခဲ့ရာ သူ အလွန် စိတ်လှုပ်ရှား သွားခဲ့သည်။ သူက "မဟုတ်ဘူး၊ ငါတို့ အစီအစဉ်အတိုင်း ဆက်သွားကြမယ်။"ဟု ဆိုလိုက်သည်။

ဤသည်မှာ စောင့်ကြည့်ရေး မစ်ရှင် တစ်ခု ဖြစ်ပြီး ခရီးစဉ် တစ်ခု သို့မဟုတ် အိုဂါများကို အစာကျွေးရန် ကြိုးပမ်းမှု တစ်ခု မဟုတ်ခဲ့ပေ။ သတ္တဝါများ အရေအတွက် များပြားလွန်းပါက သူတို့ ချဉ်းကပ်နိုင်ခြင်း မရှိမီ ရှာဖွေ တွေ့ရှိခြင်း ခံရလိမ့်မည်။ သူတို့ ဖမ်းဆီးခြင်း ခံရပြီး ညှဉ်းပန်း နှိပ်စက်ခြင်း ခံရလိမ့်မည်။ ဖြစ်နိုင်သည်မှာ သူတို့ အိုဂါများ အတွက် အစာ ဖြစ်သွားနိုင်ဖွယ် ရှိသည်။ ထိုသို့ ဖြစ်ပွားခဲ့ပါက စောင့်ကြည့်ရေး မစ်ရှင်ကို ကျရှုံးမှု တစ်ခုအဖြစ် သတ်မှတ်နိုင်ဖွယ် ရှိသည်။

ဂိမ်းမာများ ဒန်ဂျင်အရှင် ခန်းမဆောင်ထဲတွင် စခန်းချရန် ရည်ရွယ်ချက် ရှိခဲ့သော်လည်း နွေးထွေးသော ငြင်းပယ်မှု အပြီးတွင် သူတို့ ဝမ်းနည်းစွာ ထွက်ခွာသွားရုံသာ တတ်နိုင်ခဲ့ကြသည်။ ဖိုးဉာဏ်ကျယ် ရောက်ရှိလာပြီး ဆူညံနေသော ဂိမ်းမာများကို ထာဝရတိုင်းပြည်သို့ ပြန်လည် ဦးဆောင် ခေါ်ဆောင်သွားခဲ့သည်။

သူတို့ကို ပြန်လည် ဦးဆောင် ခေါ်သွားသည့် နည်းလမ်းမှာ ရိုးရှင်းခဲ့သည်-

[မစ်ရှင်ခေါင်းစဉ်: ဖိုးဉာဏ်ကျယ် နောက်သို့ လိုက်၍ ဒန်ဂျင်အရှင် ခန်းမဆောင်မှ ထွက်ခွာပါ

မစ်ရှင်ဖော်ပြချက်: ထာဝရတိုင်းပြည် ဒန်ဂျင်ဖွံ့ဖြိုးတိုးတက်ရေး အတွက် သင်တို့ကို လိုအပ်နေသည်။ ကျေးဇူးပြုပြီး ချက်ချင်း ပြန်လာကာ အလုပ်စတင်ပါ။

မစ်ရှင်ရည်မှန်းချက်: ထာဝရတိုင်းပြည်သို့ ပြန်သွားပါ။

မစ်ရှင်ဆုလာဘ်: ဂိမ်းမာများ၏ ၀.၀၁% ဒဏ္ဍာရီ ပစ္စည်း အစုံအလင် ရရှိမည် ဖြစ်သည်။ နောက်ဆုံး အဓိပ္ပာယ် ဖွင့်ဆိုချက်မှာ ဂိမ်းအရာရှိများ ထံတွင် ရှိနေသည်။ ငွေကြေး တစ်စုံတစ်ရာ ကောက်ခံခြင်း မရှိသောကြောင့် ၎င်းကို တရားမဝင် ရန်ပုံငွေ စုဆောင်းခြင်းဟု မသတ်မှတ်နိုင်ပါ။]

ဂိမ်းမာများ ဤမစ်ရှင်အပေါ် သံသယများ ရှိခဲ့သော်လည်း သူတို့ ဆုလာဘ် ရရှိရန် ၀.၀၁% မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားကာ ဖိုးဉာဏ်ကျယ် နောက်သို့ လိုက်၍ ထာဝရတိုင်းပြည်သို့ ပြန်သွားခဲ့ကြသည်။ ကျန်ရှိနေရန် ရွေးချယ်ခဲ့သူ များမှာလည်း သူတို့ မစ်ရှင် ရရှိရန် အခွင့်အရေး မရှိကြောင်း သိရှိပြီးနောက် ထွက်ခွာ သွားခဲ့ကြသည်။

မှတ်ပုံတင်ထားသော ဂိမ်းမာ ၁၀၀မှာ အဖွဲ့ ၅၀ ဖွဲ့စည်းကာ ဘီးတယ်လ်မွန်များ ပေါ်တွင် စီးနင်းနေသော အတွေ့အကြုံ ရင့်ကျက်သည့် ဆောင်းတောင်ကုန်းမြို့ စစ်သည်တော်များ နောက်သို့ လိုက်၍ အိုဂါ ခံတပ်သို့ ထွက်ခွာ သွားခဲ့ကြသည်။

ရှားလော့ခ်သည် ဂိမ်းမာများ ဆောင်းတောင်ကုန်းမြို့ စစ်ရေး စောင့်ကြည့်ရေး လုပ်ငန်းတွင် အဘယ်ကြောင့် ပါဝင်နေသည် ဟူသော အကြောင်းရင်းကို ရှင်းပြခဲ့သည်။

"စစ်ရေး စောင့်ကြည့်ရေး ဟုတ်လား။ ကျွန်တော့်ကို အဖွဲ့ထဲမှာ နေရာအနည်းငယ် ပေးပါ။ သူတို့က ထူးချွန်တဲ့ ကင်းထောက်တွေ ဖြစ်ပြီး တန်ဖိုး ရှိတဲ့ ထောက်လှမ်းရေး အချက်အလက်တွေ ရရှိအောင် ကူညီပေးပါလိမ့်မယ်။ ခင်ဗျားသာ သူတို့ကို ဦးတည်ရာအရပ် (သွားရမယ့်နေရာ)ကို ပို့ဆောင်ပေးခဲ့ရင် သူတို့က လိုအပ်တဲ့ စောင့်ကြည့်ရေးကို လုပ်ဆောင် ပါလိမ့်မယ်။ စိတ်မပူပါနဲ့။"

နီကိုလပ်စ်သည် ဝမ်းမြောက်ဝမ်းသာ သဘောတူညီခဲ့သည်။ သူ ထာဝရတိုင်းပြည်၏ စွမ်းဆောင်ရည်ကို ဘယ်တော့မှ သံသယ မရှိခဲ့ပေ။

တပ်စုသည် ချက်ချင်း ထွက်ခွာသွားခဲ့ပြီး သူတို့ မကြာမီ ပထမဆုံး အဖြစ်အပျက်နှင့် ကြုံတွေ့ ခဲ့ရသည်။

All Chapters