← Chapters

အခန်း (၂၂၁)

Vol. 23 Ch. 221

အခန်း (၂၂၁)

Vol. 23 Ch. 221

ရှီကျွင့်ကျဲက လီမင်ပေနောက်မှ အပြေးအလွှား လိုက်ပါလာခဲ့သည်။ သူ့ကို တွေ့မြင်သည်နှင့် ကျန်းကျန်းက ရယ်မော၍မေးလိုက်မိသည်။

“ရှင်လည်း ထွက်လာတာလား”

“ဟုတ်တယ်”

ရှီကျွင့်ကျဲက ပြန်ဖြေရင်း မတိုင်မီက လူကြီးနှစ်ယောက်၏ မျက်နှာအမူအရာများကို ပြန်လည် ဆင်ခြင်မိကာ ကျန်းကျန်းကို တောင်းပန်သည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။

“မင်းကို ဒုက္ခပေးသလို ဖြစ်သွားတယ် ထင်တယ်”

“ဒီလောက်က ဘာဒုက္ခရှိတာလဲ”

ကျန်းကျန်းက တအံ့တဩ ရယ်ပြီး ပြန်ဖြေလိုက်သည်။

“အပြင်ထွက်ပြီး ပြေးတာ၊ ပြင်သစ်စာ အတူတူ လေ့ကျင့်တာလောက်ပဲလေ၊ ဒါက ကျောင်းသားချင်း ပုံမှန်ဆက်ဆံရေးပဲဟာ”

ကျန်းကျန်းမှ ဤသို့ ပြောလာသည်ကို ကြားသော် ရှီကျွင့်ကျဲ အနည်းငယ် စိတ်ပျက်သွားခဲ့သော်လည်း ဤခံစားချက်ကြောင့် ကျန်းကျန်းအား ဒုက္ခမပေးမိသဖြင့် ဝမ်းမြောက်သည့်စိတ်နှင့်သာ ချက်ချင်း အစားထိုးသွားခဲ့သည်။

ရှီကျွင့်ကျဲ ကျန်းကျန်းကို မျက်လုံးများအတွင်း နူးညံ့မှုအပြည့်နှင့် ကြည့်၍ ပြောလိုက်လေ၏။

“မင်း အဆင်ပြေရင်ရပါပြီ”

ကျန်းကျန်းက ရှီကျွင့်ကျဲကို ပြုံးပြီးကြည့်ရင်း သူ့လက်ထဲက ပိုက်ကို ခါလိုက်ပြီး ပြန်ပြောလိုက်သည်။

“ကျွန်မ နောက်ဆုံး ပုစွန်ဟင်းချက်မလို့၊ ရေကန်ဘက်ကိုသွားပြီး ကျွန်မနဲ့ အတူတူ ပုစွန်ဖမ်းချင်လား”

“ကောင်းပြီလေ”

ရှီကျွင့်ကျဲက ချက်ချင်းပြုံး၍ ကျန်းကျန်းလက်ထဲမှ ပိုက်အိတ်နှင့် ငါးမျှားတံကို အမြန်ယူလိုက်ပြီး ရယ်မောရင်း ကျန်းကျန်းနောက်မှ ဥယျာဉ်ထဲသို့ လိုက်ပါသွားသည် ။

“မင်းတို့ ရေကန်ထဲမှာ ငါးတွေ၊ ပုစွန်တွေ အများကြီး ရှိလား”

“ရှိပါတယ်၊ မျိုးစိတ်တွေ အများကြီး ရှိတယ်”

ကျန်းကျန်းက လီမူဝူ အပြင်ဘက်မှ ရေကန်၌ ငါးရက်ခန့် ငါးမျှားသော် တစ်ကောင်မှ မမိခဲ့သည့်အကြောင်း ပြန်လည်ဆင်ခြင်မိကာ အနည်းငယ် စနောက်သည့် လေသံနှင့် ပြောကြားလိုက်သည်။

“တကယ်တော့ ကျွန်မရဲ့အဖေက အိမ်က ရေကန်မှာ ငါးမျှားမယ်ဆိုရင်တော့ ပိုဖမ်းနိုင်မယ် ထင်တယ်”

ရှီကျွင့်ကျဲမှာ သူ့ဖခင်မှ သူ့အား မျက်နှာမငယ်စေရန် မနေ့က ငါးမျှားခိုင်းခဲ့သည်ကို ပြန်လည်မှတ်မိသွားပြီး ရွံရှာသည့် လေသံနှင့် ရုတ်တရက် ပြောလိုက်သည်။

“ကိုယ်အဖေကလည်း ကိုယ့်ကို ငါးမျှားဖိိ့အတွက် ကောင်းကောင်းလေ့ကျင့်ပြီး တစ်နေ့ကျရင် မင်းကို ကျော်ဖြတ်နိုင်အောင် ကြိုးစားဖို့ မှာလိုက်တယ်”

ကျန်းကျန်းက ရှီကျွင့်ကျဲအား မျက်လုံးများ ပုတ်ခတ်ပုတ်ခတ်ဖြင့် ပြန်ကြည့်၍ပြောလိုက်လေသည်။

“ဒီကိစ္စက မလွယ်ဘူး ထင်တယ်နော်”

ရှီကျွင့်ကျဲသည် ကျန်းကျန်း၏ တက်ကြွသည့် အမူအရာကြောင့် စိတ်လှုပ်ရှားသွားပြီး ခဏတာ ကြောင်အသွားခဲ့သည်။

သူက ငါးမျှားတံကို သယ်ဆောင်ရင်း ဘယ်ခြေက ညာခြေကို မတော်တဆ ခလုတ်တိုက်မိလုနီးပါး ဖြစ်သွားခဲ့ရသည်။

ရှီကျွင့်ကျဲ၏ မျက်နှာနီရဲနေသည်ကို တွေ့မြင်သော် ကျန်းကျန်းက ချက်ချင်း ခေါင်းလှည့်၍ မမြင်ချင်ယောင် ဆောင်လိုက်သည်။

နှစ်ယောက်သား တစ်ယောက်ပြီးတစ်ယောက် ဥယျာဉ်ထဲသို့ ရောက်ရှိလာပြီး ရှီကျွင့်ကျဲက ထိုနေရာ၏ သက်ဝင်လှုပ်ရှားမှုကြောင့် ချက်ချင်း စွဲဆောင်ခံလိုက်ရသည်။

ဥယျာဉ်ထဲ၌ ကျဉ်းမြောင်းသည့် ကျောက်တုံးလမ်းလေးသာ ရှိ၍ ပတ်ပတ်လည်က မြက်စိမ်းများသည် တစ်ဝက်ခန့်သာ ညှပ်ထားပုံရသော်လည်း နိမ့်၍ စိမ်းစိမ်းစိုစိုများ ဖြစ်နေခဲ့သည်။

ဖိနပ်စီးထားသော်လည်း မြက်ပင်များ၏ နူးညံ့မှုကို ခံစားရ၍ ကော်ဇောတစ်ဝက်ကဲ့သို့ ဖြစ်နေခဲ့သည်။

ဥယျာဉ်ကို ရေကန်ဖြင့် နှစ်ပိုင်း ပိုင်းခြားထား၍ တစ်ဖက်တွင် ပန်းခင်းကြီးများ ပွင့်နေသည်။

ပန်းအမျိုးအစား တစ်ဒါဇင်ကျော်က မတူညီသည့် ထောင့်များ၌ ပွင့်နေကြလေသည်။ နောက်တစ်ဖက်တွင်မူ မဒမ်လီနှင့် ဝမ်စုဖန်းတို့ စီမံခန့်ခွဲသည့် ဟင်းသီးဟင်းရွက်ခြံရှိသည်။

ထိုဥယျာဥ်ထဲ၌ အနီရောင်ခရမ်းချဉ်သီးများ၊ သခွားသီးစိမ်းများ၊ ဟင်းသီးဟင်းရွက်တန်းများ၊ ခရမ်းရောင် ခရမ်းသီးများနှင့် နုနုထွေးထွေး ပြောင်းဖူးများရှိနေခဲ့ကာ တစ်ဖက်ခြမ်းထက် ပိုမို၍ အသက်ဝင်နေပုံရသည်။

ကြက်များကလည်း အတန်းလိုက်ရှိကာ မြက်ခင်းပေါ်၌ လှုပ်ယမ်းရင်း ဆိတ်နေကြသည်။ ကြက်ခြံက ဥယျာဉ်၏ အလှအပကို မပျက်စီးစေရန်အဆွက် ဥယျာဉ်အစွန်နား၌ သစ်သားအိမ်ငယ်လေးတစ်ခု ဆောက်လုပ်ထားသည်။

ထိုအိမ်သည်ကား ဥရောပ ဒဏ္ဍာရီများထဲမှ နတ်သမီးလေးများ နေထိုင်သည့်အိမ်နှင့်ပင် ဆင်တူနေခါ့သည်။

ဥယျာဉ်ထဲမှ စိမ်းစိမ်းစိုစို မြင်ကွင်းကို ကြည့်ရင်း ရှီကျွင့်ကျဲသည် မချီးမွမ်းဘဲ မနေနိုင်ဘဲ ပြောလိုက်မိလေသည်။

“မင်းတို့ရဲ့ ဥယျာဉ်က တကယ်ကို ထူးခြားတာပဲ”

“တချို့လူတွေကတော့ ရှုပ်ပွနေတယ်လို့ ပြောကြတယ်”

ကျန်းကျန်းက ပေါ့ပေါ့ပါးပါး ပြုံးပြီး :

“ဒါပေမယ့် အထဲမှာ ဘာတစ်ခုမှ အလကားဖြုန်းတီးသလို ဖြစ်သွားတာမျိုး မရှိဘူး”

ကျန်းကျန်းက ပန်းခင်းကြီးကို လက်ညှိုးထိုးပြပြီး ဆက်ပြောလိုက်လေ၏။

“ပန်းအများစုက တကယ်ကို အသုံးဝင်တယ်၊ ပန်းနှင့် ဆန်ကိတ် ဒါမှမဟုတ် ပန်းယို လုပ်လို့ရတယ်”

ပြီးနောက် ပုံစံအမျိုးမျိုးနှင့် သစ်ခွတန်းများကို လက်ညှိုးထိုးပြပြီးပြောကြားလိုက်သည်။

“ဒါတွေက စားလို့မရပေမယ့် တခြားတန်ဖိုးတွေ ရှိတယ်”

ရှီကျွင့်ကျဲသည် ရှင်းရှင်းလင်းလင်း ပြုံးပြီး ပြောလိုက်တယ်။

“သစ်ခွက ရှေးခေတ်ကတည်းက မြင့်မြတ်တဲ့ စိတ်ဓာတ်ရဲ့ သင်္ကေတ ဖြစ်ပြီး လူအများကြီး ကြိုက်ကြတယ်”

ရေကန်အလယ်မှ တဲငယ်လေးဆီသို့ သွားသော် ပုံးတစ်ပုံးနှင့် ငါးစာထည့်သည့် သေတ္တာသေးသေးလေး ရှိသည်။ လူများ ဤနေရာ၌ မကြာခဏ ငါးမျှားလေ့ရှိပုံရသည်။ ကျန်းကျန်းသည် ရှီကျွင့်ကျဲ၏ လက်ထဲမှ ငါးမျှားတံကိုယူ၍ အထူးပြင်ဆင်ထားသည့် ငါးစာအနည်းငယ် တပ်ဆင်လိုက်သည်။

ပြီးနောက် လူတစ်ယောက် လက်ဖဝါးထက် အနည်းငယ်ရှည်သည့် ငါးမြစ်ချင်း ခုနစ်၊ ရှစ်ကောင်ကို အမြန်ဖမ်းလိုက်သည်။

ရှီကျွင့်ကျဲမှာ ဘေးကနေ ကြည့်နေရင်း အံ့အားသင့်နေခဲ့ရသည်။ ထို့နောက် ယမန်နေ့က တစ်ဝက်တစ်ပျက် ငါးမျှားခြင်းဖြင့် ငါးတစ်ကောင်မှ မမိ၍ ပင်ပန်းခဲ့ရသည်ကို ပြန်လည်ဆင်ခြင်မိကာ သူ့ဘဝကို သူ သံသယဝင်သွားခဲ့သည်။

“ဒီငါးတွေက ဒီလောက်တောင် ဖမ်းရလွယ်တာလား”

ကျန်းကျန်းက ငါးစာ အခုမှ ထည့်ထားသည့် ငါးမျှားတံကို သူ့အား လှမ်းပေးရင်းပြောကြားလိုက်သည်။

“ငါးမျှားကြည့်လိုက်ပါဦး”

ယခုဆိုလျှင် ကျန်းကျန်းက ငါးမျှားရန်အတွက် သဘာဝလွန်စွမ်းအားများ မလိုအပ်တော့ပေ။ သူမ၏ မွေးရာပါ စွမ်းအားကြောင့် ငါးမျှားသည်ဖြစ်စေ၊ ပုစွန်ဖမ်းသည်ဖြစ်စေ သူများများထက် ပိုမိုလွယ်ကူနေခဲ့သည်။

ရှီကျွင့်ကျဲက ပုံစံငယ် ထိုင်ခုံလေးပေါ်၌ ငါးမျှားတံကို အာရုံစိုက်ကြည့်ရင်း ထိုင်နေသည်ကို ကြည့်ရင်း ကျန်းကျန်းက ပြုံး၍ ခေါင်းခါလိုက်ကည ပုစွန်ပိုက်ကို ရေထဲသို့ ချလိုက်သည်။

ဆယ်မိနစ်ခန့် ကြာသော် အစက လှုပ်ရှားမှုမရှိသည့် ငါးမျှားကြိုးက ရုတ်တရက် တုန်ခါသွား၍ ရေမျက်နှာပြင်၌လည်း လှိုင်းများ ဖြစ်ပေါ်လာသည်။

ရှီကျွင့်ကျဲက စိတ်မရှည်တော့ဘဲ ချက်ချင်းပင် ငါးမျှားတံကို ဆွဲတင်လိုက်သည်။ ရေထဲမှ ငါးတစ်ကောင်ကို ဆွဲထုတ်လိုက်သည်နှင့် ငါးက ပြင်းပြင်းထန်ထန် ရုန်းကန်၍ ငါးမျှားချိတ်မှ ကျွတ်၍ ရေထဲ ပြန်ကျသွားသည်ကို တွေ့မြင်လိုက်ရသည်။

ရှီကျွင့်ကျဲသည် သူ့စိတ်ပျက်မှုကို မဖုံးကွယ်နိုင်ဘဲ သက်ပြင်းချလိုက်သည်။ ကျန်းကျန်းက ပြုံး၍ ခေါင်းခါရင်းပြောကြားလိုက်သည်။

“ရှင်က အရမ်းစိတ်မရှည်တတ်ဘူးပဲ”

သူမက ငါးစာဘူးကို ရှီကျွင့်ကျဲအား ပေးရင်း ငါးများ မည်သည်ကို စားကြိုက်သည်ဆိုသည်နှင့် ငါးမျှားသည့် နိယာမများကို အသေးစိတ် ပြောပြလိုက်သည်။

အခန်းထဲ၌ လီမူဝူက ရှီချန်ပေါ်၏ စကားများကြောင့် အသက်ရှူကျပ်လုနီးပါး ဖြစ်နေရသည်။

လီမူဝူနှင့် ရှီချန်ပေါ်က ပုံမှန်ဆို စကားများလေ့ရှိသော်လည်း သူတို့၏ စကားပြောစွမ်းရည်ကမူ များစွာ ကွာခြားသည်။

ရှီချန်ပေါ်က နှစ်ပေါင်းများစွာ သံတမန်လုပ်ခဲ့သူဖြစ်သည့်အတွက် လီမူဝူ ဆယ်ယောက်ပေါင်းသော်လည်း ရှီချန်ပေါ် တစ်ယောက်မျှ စကားမပြောနိုင်ပါချေ။

အခြေခံအားဖြင့် လီမူဝူက ရှီချန်ပေါ်ကို အနိုင်ယူလိုလျှင် သူ့သမီးကို ထုတ်ပြကာ ကြွားဝါမှသာ ရမည်။ ယနေ့တွင်မူ သူ့သမီးကို မထုတ်ပြနိုင်လောက်အောင် စကားများ ပိတ်ဆို့ခံရ၍ အလွန်ဒေါသထွက်နေသည့်အတွက် တစ်ဖက်လူကို ဂရုမစိုက်လိုတော့ချေ။

မဒမ်လီက လီမူဝူ၏ သနားစရာမျက်နှာကို ကြည့်၍ ဒေါသလည်းထွက်၊ ရယ်လည်းရယ်ချင်ပြီး သူ့ကို ပုတ်လိုက်သည်။

“မင်း အသက်ဘယ်လောက် ရှိပြီလဲ၊ မင်း တကယ် ဒေါသထွက်ရင် ကလေးနှစ်ယောက်ကို ငါပဲကြည့်လိုက်မယ်၊သူတို့ဘာသာ ဖြစ်ချင်ရာဖြစ်ပါစေတော့”

မဒမ်လီက ပြုံး၍ ရှီချန်ပေါ်နှင့် လင်းရှို့လန်တို့အား တောင်းပန်လိုက်သည် ။

“သူက သူ့သမီးကို အရမ်းချစ်လို့ပါ၊ အလေးအနက် မထားပါနဲ့”

လင်းရှို့လန်က ပါးစပ်ကို လက်နှင့်အုပ်၍ ပြုံးရင်းပြောလိုက်လေသည်။

“အန်တီ ၊ အန်တီပြောတာကို ကြည့်ပါဦး၊ ကျွန်မတို့က ဘယ်သူတွေလဲ၊ ဒါ့အပြင် ကျွန်မမှာသာ ဒီလိုလှပတဲ့ သမီးလေးရှိရင် လီမိသားစုက လူကြီးတွေလိုပဲ ကမ္ဘာပေါ်က ဆင်းလာတဲ့ ကောင်လေးတွေဆိုရင်တောင် အားလုံးကို ဝေးဝေးနေခိုင်းချင်မှာပဲ”

မဒမ်လီက ပြုံးရင်းသက်ပြင်းရှည်ကြီး ချလိုက်သည်။

“အမှန်အတိုင်းပြောရရင် ကျန်းကျန်းက ငယ်ငယ်ကတည်းက ကျွန်မတို့ လီမိသားစုရဲ့ရတနာလေးလိုပဲ၊ လူတိုင်းက သူမကို ချစ်ခင်ကြတယ်၊

ငါတို့ လီမိသားစုက မျိုးဆက်ပေါင်းများစွာ ယောက်ျားလေးတွေချည်းပဲ ရနိုင်ခဲ့တာလေ၊ ကျွန်မက အစကတည်းက သမီးလေးတစ်ယောက် လိုချင်ခဲ့တာ၊

ဒါပေမယ့် သားလေးယောက်ကို ကြိုးစားမွေးပြီး အချိန်တွေအများကြီး ကုန်သွားခဲ့ရတယ်၊

ကျန်းကျန်းရဲ့ မျိုးဆက်မှာကျတော့ငါ့မှာ မြေး ၁၁ ယောက်ရှိပြီး သူမက တစ်ဦးတည်းသော မြေးမလေးဖြစ်လာခဲ့တယ်၊ ငါ သူမကို မချစ်ဘဲ နေနိုင်မလားလို့ မင်းတို့ ထင်လား”

လင်းရှို့လန်က ချက်ချင်း ခေါင်းညိတ်ရင်း သဘောတူလိုက်သည်။

“ကျွန်မလည်း အဲဒီတုန်းက ကောင်မလေးတစ်ယောက် လိုချင်ခဲ့တာ၊ သူမကို ချစ်ခင်ပြီး မင်းသမီးလေးလို ဝတ်ဆင်ပေးချင်ခဲ့တယ်၊ ရှီကျွင့်ကျဲကို မွေးလိုက်ပြီးတော့တော့ ဒီအတွေးတွေ ဘယ်တုန်းကမှ မဖြစ်မြောက်ခဲ့ဘူးလို့ ဘယ်သူထင်မလဲ၊

ဒါကြောင့် ဒီလောက်နှစ်ပေါင်းများစွာအတွင်း ရှီကျွင့်ကျဲသာ ချောမောတဲ့ မိန်းကလေးတစ်ယောက်ကို လက်ထပ်ပြီးရငရ သူ့ကို မင်းသမီးလေးလို ဆက်ဆံမယ်လို့ ကျွန်မ တွေးနေခဲ့တာ”

မဒမ်လီက ပြုံးရင်း ပြောလိုက်တယ်။

“အခု ကျွန်မတို့ ဘာပဲပြောနေပါစေ အရေးမပါလှပါဘူး၊ ကလေးတွေရဲ့ စကားကို နားထောင်ရမယ်”

ရေတစ်ငုံသောက်ပြီး မဒမ်လီ ထရပ်လိုက်သည်။

“ဒီနေ့က နေသာတယ်၊ အိမ်ထဲမှာ ပျင်းနေဖို့ သိပ်မကောင်းလှဘူး၊ ငါတို့ရဲ့ ဟင်းသီးဟင်းရွက်ခြံကို သွားကြည့်ရအောင်၊ မင်းတို့တွေ ဘာပဲစားချင်စား စိတ်ကြိုက်ခူးလို့ရတယ်၊ အားလုံးက လတ်လတ်ဆတ်ဆတ်တွေပဲ”

ဤရာသီသည်ကား နေရောင်ခြည် နွေးထွေး၍ အေးလွန်းမနေသည့် အချိန်ဖြစ်ကာ အပြင်ဘက်သည်က အိမ်ထဲတွင်နေရသည်ထက် များစွာ ပိုမိုအဆင်ပြေသည်။

သို့နှင့် လူအများအပြားက စင်္ကြန်လမ်းတစ်လျှောက်မှ ဥယျာဉ်တံခါးဝသို့ ဝင်ရောက်သွားခဲ့ကြသည်။ လင်းရှို့လန်မှာ ပန်းအမျိုးမျိုးကို တွေ့မြင်သည်နှင့် မျက်လုံးများ လင်းလက်သွား၍ လမ်းလျှောက်ဝင်ရောက်ကာ ကြည့်ရှုရန် ပြင်ဆင်နေစဉ် ကြည်လင်လှသည့် ရယ်သံတစ်ခုကို ကြားလိုက်ရလေသည်။

သူမ အသံလာရာဆီသို့ လိုက်ကြည့်လိုက်မိပြီး လူတိုင်းသည်လည်း ရေကန်အလယ်သို့ ကြည့်မိသွားကြသည်။

ရှီကျွင့်ကျဲက ငါးမျှားတံကိုကိုင်၍ ငါးမျှားနေသည်ကို တွေ့မြင်ရကာ ကျန်းကျန်းက သူ့ဘေး၌ ကိုယ်တစ်ဝက်ညွတ်၍ မတ်တပ်ရပ်နေခဲ့သည်။

သူမ၏ လက်တစ်ဖက်က ရှီကျွင့်ကျဲ၏ ပခုံးပေါ် တင်ထား၍ ကျန်လက်တစ်ဖက်က ရေကို လက်ညှိုးထိုးပြရင်း တစ်ခုခု ပြောနေပုံရသည်။

အနည်းငယ်ဝေးသော်လည်း ကျန်းကျန်း၏ အပြုံးမှတဆင့် သူ့မျက်နှာပေါ်မှ စိတ်ပျော်ရွှင်ရွှင်လန်းသည်စိတ်အခြေအနေကို လူတိုင်း စိတ်ကူးဖြင့် မြင်ယောင်နိုင်ကြသည်။

*

All Chapters