← Chapters

အခန်း (၂၃၀)

Vol. 23 Ch. 230

အခန်း (၂၃၀)

Vol. 23 Ch. 230

ရှီကျွင့်ကျဲ လွန်ခဲ့သည့် နှစ်ရက်က ဖြစ်ပျက်ခဲ့သည်များကို ပြန်စဉ်းစားကြည့်သော် အိပ်မက်တစ်ခုနှယ်ပင်ဖြစ်ခဲ့သည်ဟု ခံစားရသည်။

မနေ့ကအထိ သူ့အနေနဲ့ စိတ်မကောင်းဖြစ်၍စွာဖြင့် ကျန်းကျန်း၏နောက်ဘက်မှာ ခပ်ခွာခွာနေခဲ့ရကာ ကားပေါ်သို့ တစ်ဦးပြီး တစ်ဦး အကွာအဝေးခွာ၍ လိုက်ခဲ့သည်။

နှုတ်ဆက်ရန်ပင် မရဲ၍ တမင်တကာ ဝေးဝေး၌ ထိုင်ခဲ့ရသည်။

ထို့ကြောင့် သူမကို တိတ်တိတ်ဆိတ်ဆိတ်သာ ကြည့်နေနိုင်ခဲ့သည်။

ဤနေ့တွင်မူ လက်ချင်းတွဲ၍ အတူ လမ်းလျှောက်နိုင်ခဲ့ပြီ။ ပျော်ရွှင်မှုသည်ကား အလွန်မြန်ဆန် ရောက်လာသကဲ့သို့ပင်။ မည်သည့်အတွက်ကြောင့် မပျော်ရွှင်ဘဲ နေနိုင်ဦးမည်နည်း။

ကျန်းကျန်းက ကလပ်ဝင်ရန်အတွက် တိတ်တဆိတ် စဉ်းစားနေခဲ့သည်။ ပြီးခဲ့သည့် စာသင်နှစ်က စာများက အလွန်များသည့်အတွက် အတန်း၏ သတင်းစာထုတ်ဝေခြင်းတွင်ပင် မပါဝင်နိုင်ခဲ့ပေ။

ဖြစ်နိုင်လျှင် သူမသည်လည်း သင့်တော်သည့် ကလပ်တစ်ခုကို ရှာလိုသည်။

မည်သည်ပင်ဖြစ်စေ၊ ကောလိပ်ဘဝသည်ကား သင်ယူခြင်းသက်သက် မဟုတ်ပေ။ ဤခေတ်ကာလ၌ပင် အရောင်များ စုံစုံလင်လင် ဖြစ်သင့်သည်။

ကျန်းကျန်း ခဏခန့် စဉ်းစားပြီးမှ ပြောသည် ။

“ဒါဆို ကျွန်မလည်း ကျောင်းသားသမဂ္ဂကို ဝင်မယ်၊ ဝါဒဖြန့်ချိရေးဌာန ဒါမှမဟုတ် စာပေနဲ့ အနုပညာဌာန ဘယ်ဟာဖြစ်ဖြစ် ရတယ်”

“အနုပညာလား”

ရှီကျွန့်ကျဲတစ်ယောက် စိတ်ဝင်တစားဖြင့် သူမကို ကြည့်၍ မေးလိုက်မိသည်။

“မင်း ဘာတွေတတ်တာလဲ”

“မပြောပါ ဘူး”

ကျန်းကျန်း၏ ရှားရှားပါးပါး ကလေးဆန်မှုက ယခုအချိန်တွင် ထွက်ပေါ်လာခဲ့သည်။ သူမက ရှီကျွင့်ကျဲကို မျက်နှာရှုံ့မဲ့ပြ၍ ရယ်ရယ်မောမောနှင့် ပြန်ပြောလိုက်လေ၏။

“ကျွန်မမှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိတယ်၊ ရှင် ဖြည်းဖြည်းချင်း ရှာဖွေနိုင်ပါတယ်”

*

ကစားကွင်းကို နှစ်ပတ်ပတ်၍ လမ်းလျှောက်ပြီးသည့်နောက် ရှီကျွင့်ကျဲက ကျန်းကျန်းကို အဆောင်သို့ ပြန်လည်ပို့ပေးခဲ့သည်။

ကျန်းကျန်း အဆောင်တွင် စာဖတ်နေခဲ့ပြီး သိပ်မကြာခင်၌ ရှီကျွင့်ကျဲက သူမကို အောက်ထပ်မှ လှမ်းခေါ်လာခဲ့ပြန်သည်။ ပြတင်းပေါက်မှလှမ်းကြည့်လိုက်လျှင် ရှီကျွင့်ကျဲ၏လက်ထဲရှိ ရင်းနှီးနေသည့် ရေနွေးဘူးနှစ်ဘူးကို မြင်လိုက်သည်နှင့် ကျန်းကျန်း ရေနွေးဓာတ်ဘူးအလွတ်နှစ်ဘူးကို ယူကာ အမြန်ဆင်းသွားခဲ့သည်။

သူမ ရေနွေးများကို ယူလာပြီးသည်နှင့် ကွားရှောင်ချင်းက သူမ၏ အနားသို့စိတ်လှုပ်ရှားစွာဖြင့် တိုးကပ်လာ၍ ပြောလိုက်လေသည်။

“ ကျန်းကျန်းရေ၊ နင်နဲ့ နင့်ရည်းစား ထမင်းစားဆောင်မှာ ထမင်းစားနေတာကို ငါတွေ့လိုက်တယ်”

ကျန်းကျန်းက ပြုံးလိုက်ကာ ရေနွေးဘူးကို သူမ၏ကုတင်အောက်တွင် ဦးစွာ ထားလိုက်လေသည်။

ပြီး၍ ကွားရှောင်ချင်းဘက်သို့ လှည့်ကာ သူမ၏မျက်နှာကို ဆွဲလိမ်ရင်းပြောလိုက်လေသည်။

“နင်ကတော့ နေရာတိုင်းမှာ မပါမဖြစ်ပဲ”

“ပြင်သစ်မေဂျာကို သင်နေတဲ့သူက နင့်ရည်းစားဖြစ်ကြောင်းကို အခု ဝန်ခံပြီလား”

ကွားရှောင်ချင်းက ကျန်းကျန်းကို မျက်စိတစ်ဖက်မှိတ်ပြ၍ ပြောလိုက်သည်။

“သူက တော်တော်လေးကို ရဲတင်းတာပဲ၊ ထမင်းစားဆောင်ထဲမှာတေင် နင့်ရဲ့လက်ကောက်ဝတ်ကို ဆွဲထားရဲတယ်”

မတိုင်ခင် အချိန်မျာတုန်းက ရှီကျွင့်ကျဲက ကျန်းကျန်းအတွက် နေ့စဥ်နေ့တိုင်း ရေနွေးယူပေးရန် အတင်းအကျပ် လုပ်ခဲ့သော်လည်း ထိုကဲ့သို့ ချစ်သူရည်းစားဖြစ်ကြောင်းကို တရားဝင်ဖြင့်ဟဝန်ခံခြင်းများ မပြုလုပ်ရသေးခင်၌ အခန်းဖော်များမှ မေးလာခဲ့လျှင် ကျန်းကျန်းက သူတို့နှစ်ဦးမှာ သူငယ်ချင်းဟုသာ ပြောခဲ့ကာ ရှီကျင့်ကျဲကို မည်သည့်အခါမျှ အမည်တပ်၍ မပြောခဲ့ပေ။

ကျန်းကျန်းက ဖန်ခွက်ကို နောက်တစ်ကြိမ် ထပ်ဆေးလိုက်ပြီး လက်ဖက်ရည်ပူတစ်ခွက် ထပ်မံဖျော်စပ်လိုက်ပြန်သည်။

သူမ ပြန်လာသောအချိန်တွင်လည်း ကွားရှောင်ချင်းမှ မေးခွန်းများစွာကို မေးမြန်းနေဆဲဖြစ်သဖြင့် ကျန်းကျန်းက သူမကို မည်သို့မျှ မတတ်နိုင်သကဲ့သို့ ကူကယ်ရာမဲ့စွာ ကြည့်၍ ပြောလိုက်ရလေသည်။

“ဟုတ်တယ်၊ သူက အခု ငါ့ရဲ့ရည်းစားဖြစ်နေပြီ၊ နင် ဘယ်ကနေ ဒီလောက်တောင် စပ်စုချင်စိတ်တွေ ဖြစ်နေမှန်း ငါ မသိတော့ဘူး”

ကွားရှောင်ချင်းက မျက်နှာကို လက်ဖြင့်အုပ်၍ ရယ်မောရင်း ပြောလိုက်လေသည်။

“အဓိကကတော့ နင်နဲ့ နင့်ရည်းစားတို့ နှစ်ယောက်စလုံးက အရမ်းချောတာကိုး၊ အဲဒီမှာ ထိုင်ပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်နေတာက အိုး... ငါ့သာ နင်တို့ကိုမသိရင် ငါ့မျက်နှာက နီရဲပြီး နှလုံးသားက ထုံကျင်နေလောက်မယ်လို့ထင်တာပဲ”

ကျန်းကျန်း၏ အပေါ်ထပ်ကုတင်၌ အိပ်သည့် ရှူကျားကျားက ခေါင်းထိုးထွက်လာ၍ ကွားရှောင်ချင်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“နင် ကျန်းကျန်းကို မနာလိုရင် နင်လည်း ရည်းစားတစ်ယောက် ရှာလို့ရတာပဲ၊ ကျန်းကျန်းတို့ချစ်သူရည်းစားတြေကို မြင်ပြီး မျက်နှာနီရဲပြီး ရင်ခုန်နေတာ ဘာလုပ်လို့ရမှာတဲ့လဲ”

“အိုး၊ နင် မသိပါဘူး”

ကွားရှောင်ချင်းက ခြေထောက်ကို ဆောင့်နင်း၍ ပြောလိုက်သည်။

“ဘာပဲဖြစ်ဖြစ် ငါ့ရည်းစားနဲ့ရှိတာထက် သူတို့ကို မြင်ရတာ ပိုပြီးစိတ်လှုပ်ရှားစရာကောင်းတယ်၊ ငါ ဒီညနေ ညစာစားတုန်းက ငါ့ရဲ့ပါးစပ်ကို ပိတ်တောင် မပိတ်ဘူးဆိုတာ နင် မသိလောက်ဘူး”

ကျန်းကျန်းက သူမ၏မျက်နှာပေါ်ရှိ အမူအရာများကို မည်းမှောင်နေသည့် အမူအရာဖြင့် ကြည့်လိုက်လေသည်။ ဤကောင်မလေးက သူမကို စံပြဒရာမာတစ်ခုကဲ့သို့ ကြည့်နေသည်ပင်။ ခေတ်သစ်မှလူများကဲ့သို့ ဖရဲသီးစားကာ ခဏတာ ပျော်စရာများ ရှာနေခြင်းဖြစ်သည်။

ကွားရှောင်ချင်းက အလွန်စိတ်လှုပ်ရှားနေသည်ကို တွေ့သောအခါ ဝေ့ယွီကျင်း အနည်းငယ် စိတ်ပူလာခဲ့ရသည်။

သူမက သူမ၏ မျက်မှန်ကို နှာခေါင်းပေါ် တွန်းတင်၍ သူ၏လက်ထဲရှိ စာအုပ်ကိုချကာ ကျန်းကျန်းကို အလေးအနက်ဖြင့် ကြည့်၍ မေးလိုက်လေသည်။

“နင်နဲ့ နင့်ရည်းစားတို့ ထမင်းစားဆောင်ထဲမှာ လက်ချင်းတွဲထားခဲ့ကြတာလား”

“ဟမ်”

ကျန်းကျန်းက ခဏတာ ကြောင်သွားပြီးမှ တအံ့တဩဖြင့် ပြုံးလိုက်မိသည်။

“မဟုတ်ပါဘူး၊ သူက ကျွန်မနဲ့ စကားပြောတုန်းက လက်ကို နည်းနည်း ဆွဲလိုက်တာပါ”

“မင်းတို့ လူငယ်တွေက ဘယ်လောက် အခြေအနေဆိုးလဲဆိုတာ မသိလောက်ဘူး၊ အရင်တုန်းက ဒီလိုလုပ်ရပ်တွေကို မြင်ရင် လူကြားထဲကနေ ခရီးသွားလမ်းပေါ်အထိကိုတောင် ဆွဲထုတ်ကြတာ”

ဝေ့ယွီကျင်းက ကျန်းကျန်းကို စိုးရိမ်တကြီး ကြည့်၍ပြောလိုက်သည်။

“ ရှောင်ချင်းတောင် မြင်ပြီးပြီဆိုတော့ တခြားလူတွေလည်း မြင်ပြီးလောက်ပြီ၊ သူတို့သာ ဆရာ့ကို ပြောလိုက်ရင် ဘာလိုဖြစ်လာနိုင်မလဲမသိနိုင်ဘူး”

“အစ်မ၊ အစ်မက အတွေးလွန်နေပြီ”

ဝေ့ယွီကျင်းက စေတနာကောင်းမှန်းကို ကျန်းကျန်းက သိသည်။

သူမက သူ အခက်အခဲ မကြုံတွေ့ရစေရန် စိုးရိမ်၍ ပြောလာခြင်းသာပေဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ဤကဲ့သို့ မကောင်းဆိုးဝါးလေတိုက်ခတ်သည်မှာ နှစ်နှစ်သုံးနှစ်သာ ရှိသေးသည်ပင်။

အတိတ်ကအကြောင်းအရာများကို ယခု ပြန်တွေးကြည့်လျှင် အိပ်မက်ဆိုးကဲ့သို့ပင် ဖြစ်နေသေးသည်။

ကျန်းကျန်းက ဝေယွီကျင်းကို စိတ်သက်သာရာရစေမည့် အပြုံးဖြင့် ပြုံးပြ၍ပြောလိုက်သည်။

“အခုအချိန်မှာ မူဝါဒတွေ ပြောင်းသွားပြီ၊ ပတ်ဝန်းကျင်က ပိုကောင်းလာပြီလေ၊ အရင်လိုမျိုး အဖြစ်အပျက်တွေ ထပ်ဖြစ်တော့မှာ မဟုတ်ဘူး၊

ဒါ့အပြင် ရှီကျွင့်ကျဲနဲ့ ကျွန်မက အတညာတကျချစ်ကြတဲ့ စုံတွဲတွေပါ၊ ဖောက်ပြားတာမျိုးတွေမဟုတ်ပါဘူး၊ ဒါကြောင့် ကျောင်းမှာတော့ဘာမှကြောက်စရာမရှိဘူးလို့ ပြောလို့ရပါတယ် “

ယနေ့ခေတ်ကာလ၌ လူမှုပတ်ဝန်းကျင် ပွင့်လင်းလာခဲ့ပြီဖြစ်ကာ ဤသို့ တိုးတက်လာသည့်အထဲမှာ တက္ကသိုလ်များ၌ အမြန်ဆုံးပင်ဖြစ်လိမ့်မည်။

တစ်ချက်မှာတော့ အိုင်ဒီယာအသစ်များနှင့် မူဝါဒအသစ်များကို ပထမဆုံး ရရှိနိုင်ခြင်းပင်ဖြစ်ကာ နောက်တစ်ချက်မှာတော့ ဤနှစ်များစွာအတွင်း ဒုက္ခပေးခံရပြီးသည့်နောက် ကျောင်းများသည်ကား လျှို့ဝှက်သတင်းပို့သည့်သူများကို အမုန်းဆုံးပင်ဖြစ်နေခဲ့ပေပြီ။

ကျောင်းဝန်ထဲမှ ဆရာများသည်ကား တွေ့ဆုံချိန်များအတွင်း အသိပညာများကို လက်ဆင့်ကမ်းရန် သူတို့ အစွမ်းကုန် ကြိုးစားခဲ့ကြသည်။

အတန်းထဲ၌ သင်ကြားမှု အချို့ မလုံလောက်လျှင် ညဘက်၌ အဆောင်သို့ တိုက်ရိုက်သွား၍ ကုတင်ပေါ်၌ ထိုင်ကာ နှစ်နာရီ သုံးနာရီခန့် စကားပြောနိုင်သည်။

ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုး၌ မှောင်မိုက်သည့် အတွေးအခေါ်များက နေရာမရနိုင်ပေ။

ကျန်းကျန်း၏ ရဲရင့်သည့်ပုံစံကြောင့် ကူးစက်ခံရသည်လော မသိသော်လည်း ဝေယွီကျင်းက သက်ပြင်းချလိုက်လိုက်မိကာ စိတ်သက်သာရာရခဲ့သော်လည်း ထပ်မံသတိပေးရန် မမေ့သေးပါချေ။

။

“ကောင်းပြီ၊ နင်တို့တွေ လက်ချင်းတွဲတဲ့အခါ နောက်ကွယ်မှာ လူတွေရှိနေတယ်လေ၊ ပြီးတော့ အခု ထမင်း၀ားဆောင်မှာ လူဘယ်နှယောက်တောင်ရှိလဲ၊ နင် ရှက်သလိုမခံစားရဘူးလား”

ကျန်းကျန်းက ချက်ချင်း ရယ်မောလိုက်၍ မျက်နှာကိုအုပ်ရင်း ဝေ့ယွီကျင်းကို ကြည့်လိုက်သည်။

“မရှက်ဖို့က မဖြစ်နိုင်ဘူးလေ၊ သေချာပေါက် မျက်နှပူတာပေါ့”

ရက်အနည်းငယ်အကြာ၌ ကျန်းကျန်းက သူမ၏ဆရာဝမ်မင်ထံမှ ကောလာဟလများ ကြားလိုက်ရသည်။

ထင်ထားသည်များကအမှန်ပင်ဖြစ်ခဲ့လေ၏။

တစ်စုံတစ်ဦးက ကျောင်းကို တိုင်ကြားခဲ့သည်ဟု သိရသည်။

အချို့က လူမြင်ကွင်း၌ လက်ချင်းတွဲ၍ ပြုမူကာ ဆိုးသွမ်းလွန်းသည်ဟု ပြောကြ၍ အချို့ကမူ နှစ်ဦးစလုံး အသားဟင်းများစွာစား၍ ဖြုန်းတီးသည်ဟု တိုင်ကြားခဲ့ကြသည်။

ကျောင်းအုပ်ကြီးသည်ကား အစီရင်ခံစာကို လက်ခံရရှိပြီးနောက် အံ့သြသွားခဲ့ရကာ တစ်ဖက်တွင်လည်း ကျောင်း၌ တခြားသူများကို လျို့ဝှက်တိုင်တမ်းကာ ဒုက္ခပေးတတ်သည့် ဤကဲ့သို့ ကျောင်းသားများ ရှိနေခြင်းကိုလည်း ဒေါသထွက်ခဲ့ကြသည်။

ဝင်ခွင့်ဖြေစဉ်က ကျောင်းသားများစွာက သူတို့၏ ကိုယ်ရေးအချက်အလက်များတွင် ကျွန်တော်၏ဖခင် မည်သူ၊ ကျွန်တော်၏အဘိုး မည်သူ၊ မည်သည့်လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်ဟူသည်ကို ရေးသားခဲ့ကြသည်။

သူတို့က ဤဆက်ဆံရေးကိုသုံး၍ တော်ဝင်တက္ကသိုလ်ကို ဝင်ခွင့်ရရန် ကြိုးစားခဲ့ကြသည်ပင်။

နောက်ပိုင်း၌ အထက်အရာရှိများက ဤကိစ္စကို ကိုယ်တိုင် အတည်ပြုခဲ့ကြသည်။ ဆိုရလျှင် ဤကဲ့သို့သော အချက်အလက်များသည်ကား ဝင်ခွင့်အတွက် အခြေခံအဖြစ် အသုံးမဝင်ရုံသာမက ကျောင်းအတွင်းမှ ဖွဲ့စည်းမှုဆိုင်ရာ ကန့်သတ်ချက်များကိုလည်း ဖြေလျှော့ပေးခဲ့သည်။

ဥပမာအားဖြင့်၊ အရင်းရှင်များ၊ မြေပိုင်ရှင်များ၊ ချမ်းသာသည့် လယ်သမားများ၏ ကလေးများသည်ပင်လျှင် ဝင်ခွင့်အတွက် လုံလောက်သည့် အမှတ်ရလျှင် ကောလိပ်တက်နိုင်သည်။

ဤဖြစ်ရပ်နောက်ပိုင်း၌ ကျောင်းသားများသည်ကား ပို၍ ပွင့်လင်းသည့် လူ့အဖွဲ့အစည်း၏ လမ်းကြောင်းကို မြင်နိုင်မည်ဟု ကျောင်းက ထင်ခဲ့သော်လည်း ခေါင်းမာသည့်လူများ ရှိနေဆဲဟု မျှော်လင့်မထားခဲ့ပေ။

ထို့ကြောင့် အမျိုးမျိုးသော အတွေးအမြင်များနှင့် အစီရင်ခံစာတင်ခဲ့သည့် ကျောင်းသားများက လီမင်ကျန်းနှင့် ရှီကျင့်ကျဲတို့က အတန်းတိုင်း၊ ထမင်းစားခန်းတိုင်း၌ စုံတွဲများအဖြစ်ပြုမူလျက် ရှိနေဆဲဖြစ်၍ လျှို့ဝှက်သတင်းပို့ခဲ့သည့်သူများကိုမူ တစ်ဦးချင်းစီ ခေါ်ယူစစ်ဆေးခဲ့ပြီး အတန်းခေါင်းဆောင်တစ်ဦးပင် ရာထူးမှ ရုပ်သိမ်းခံခဲ့ရသည်။

ကျောင်းက ဤကိစ္စကို လူသိရှင်ကြား မလုပ်ခဲ့သော်လည်း ကျောင်းသားများစွာကမူ ကောလာဟလများကို မှေးမှိန်စွာ ကြားသိခဲ့ကြပေသည်။

ထိုနောက်၌မူ လျှို့ဝှက်စွာ ချစ်သူရှာဖွေနေသည့် လူများစွာက ရဲရင့်လာခဲ့ကြကာ အနည်းဆုံး လက်များကို ဆွဲကိုင်ခြင်းများအတွက် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနားထောင်စရာ မလိုတော့ပေ။

**

All Chapters