အခန်း (၂၂၇)
Vol. 23 Ch. 227
“ဒီကိစ္စမှာ ဘာများစိတ်မသက်မသာ ဖြစ်စရာရှိလဲ”
လီမင်ပေက နားမလည်စွာ မေးလိုက်သည်။
“သူတို့အိမ်က ဘေးချင်းကပ်လျက်ပဲ၊ အနာဂတ်မှာ သူတို့နှစ်ယောက် လက်ထပ်ရင် အစိုးရက မရောင်းခင် ထည့်ထားတဲ့ တံတိုင်းကို ဖြိုလိုက်ရင် ပိုကောင်းမယ်လို့ ကျွန်တော်ထင်တာပဲလေ၊
ဘာပဲဖြစ်ဖြစ် ဒီအိမ်က ကျန်းကျန်းပိုင်တာပဲမလား၊ ဖွင့်လိုက်ရင် အိမ်က ပိုကျယ်လာလိမ့်မယ်၊ နောက်ဘက်မှာလည်း ဥယျာဉ်က ဘယ်လောက်တောင်လာလိုက်ကြီးမလဲဆိုတာ စဉ်းစားကြည့်ပါဦး”
မဒမ်လီတစ်ယောက် လီမင်ပေကို အံ့အားသင့်စွာ ကြည့်၍ ချက်ချင်း မတ်တပ်ရပ်လိုက်လေ၏။
လီမင်ပေကတော့ ဤသည်ကိုမြင်လျှင် ခြေတစ်လှမ်း နောက်ဆုတ်၍ အားပျော့စွာ မေးလိုက်သည်။
“ကျွန်တော် ထပ်မှားပြီး ပြောမိပြန်ပြီလား”
မဒမ်လီက မတ်တပ်ရပ်၍ ခြေသုံးလှမ်းတည်းဖြင့် လီမင်ပေထံသို့ လျှောက်သွားကာ သူ့၏နောက်ကျောကို ဖျတ်ခနဲ ရိုက်ချလိုက်လေသည်။
လီမင်ပေ တုန်ရင်သွားရသည်။ လီမင်ပေက မည်သည့်နေရာက မှားသွားမှန်းမသိဘဲ မျက်နှာငယ်လေးဖြင့် ရှိနေစဥ် မဒမ်လီ၏ ရယ်သံကို ကြားလိုက်ရသည်။
“အိုး .. မင်ပေ၊ မင်း နှစ်ပေါင်းများစွာ ကြာပြီးလို့ နောက်ဆုံးတော့ ထက်မြက်လာပြီပဲ၊ ငါ ဒါကို ဘာလို့ မစဉ်းစားမိတာလဲ မင်းပြောကြည့်စမ်း၊ ရှီကျွင့်ကျဲက ဟိုဘက်မိသားမှာ တစ်ဦးတည်းသောသားပဲ၊ ဒါကလည်း ကျန်းကျန်းရဲ့အိမ်ပဲ၊ သူတို့ လက်ထပ်ပြီးသွားရင် ကြားထဲကတံတိုင်းကို ဖြိုလိုက်တာနဲ့ မိသားစုတွေ အတူနေနိုင်ဖို့ ဖြစ်လာလိမ့်မယ်”
သူမ စဉ်းစားလေလေ ပိုမို ပျော်ရွှင်လာလေလေဖြစ်ပြီး ကျယ်လောင်စွာ ရယ်မောမိလုနီးပါးဖြစ်နေခဲ့သည်။
“ဒီလိုပြောမယ်ဆိုရင် တကယ်တော့ သူတို့နှစ်ယောက်က ချစ်သွားကြတာ တကယ်ကို ကောင်းမွန်လွန်းတာပဲ၊
ကျန်းကျန်း အနာဂတ်မှာ လက်ထပ်ရင်တောင် အပြင်မှာ သွားပြီး မနေရတော့ဘူး၊ ငါက သူမ ကလေးမွေးဖွားပြီးချိန်မှာလည်း ပြုစုပေးနိုင်သေးတယ်၊ ကလေးတွေ ဘာတွေကိုလည် ဂရုစိုက်လို့ရနိုင်တာပဲ”
လီမင်ရှီက သူ့ကို ကြောင်တောင်တောင် ကြည့်၍ ဝင်ပြောလာသည်။
“အဖွား၊ အဖွား အရမ်းအဝေးကြီးအထိ စဉ်းစားနေပြီ၊ ကျန်းကျန်း ကျောင်းပြီးဖို့က သုံးနှစ်တောင် လိုသေးတယ်လေ၊ သူတို့ အိမ်ထောင်ပြုဖို့က အချိန်တွေ အစောကြီး ရှိနေပါသေးတယ်”
“ဘယ်လောက်စောနေသေးလို့လဲ၊ သုံးလေးနှစ်ဆိုတာက မျက်စိတစ်မှိတ်အတွင်း ကုန်သွားမှာ၊ ဘယ်လောက်မြန်လိုက်သလဲ”
မဒမ်လီက ဆေးတံကို ကိုင်လိုက်၍ မီးညှိကာ ခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီး ခဏတာ စဉ်းစားလိုက်သည်။
“ကျန်းကျန်းအတွက် လက်ဖွဲ့ပစ္စည်းတွေကို ကြိုတင် စဉ်းစားထားရမယ်”
သူမ စဉ်းစားလေလေ ဤကိစ္စကို ထပ်မံအချိန်မဆိုင်းသင့်ဟု ပိုမိုထင်မြင်မိလာလေလေဖြစ်ပေသည်။
သူမက ဆေးတံဖြင့် မြောက်ဘက်ကို ညွှန်ပြ၍ ပြောလာခဲ့သည်။
“ပေရှားဒေသကို သွားရလောက်သေးတယ်၊ မင်းအမေကို ခေါ်လာခဲ့၊ မင်းအမေနဲ့ငါ ဒီကိစ္စကို သေချာဆွေးနွေးရမယ်”
လီမင်ရှီက သူမကို ကြောင်တောင်တောင် ကြည့်လိုက်၍ ပြန်ပြောလိုက်လေ၏။
“အဖွား၊ အဖွားကျွန်တော့်အမေကို ကြောက်အောင် ခြောက်လှန့်မိသွားမှာကို မကြောက်ဘူးလား”
“မင်း ဘာမှမသိပါဘူး”
မဒမ်လီက သူ့ကို မျက်နှာမဲ့ကာ ကြည့်၍ ပြောလာခဲ့သည်။
“ငါ သူမကို ရှင်းပြရမယ်၊ ညဘက်ကျရင် မင်းအဖေက အရက်မူးပြီး ငိုတာတို့ ဆီးသွားတာတို့ လုပ်လာရင် သူမ ဘယ်လိုချော့ရမလဲ သိရအောင်ပြောထားရဦးမှာပေါ့”
လီမင်ပေ၏ မျက်နှာကအနည်းငယ်ရှုပ်ထွေးနေခဲ့ပြီး ဝမ်စုဖန်းကို သွားရှာခဲ့လေ၏။
ထိုအခိုက်တွင် လီမင်ရှီက စားပွဲကို လျှင်မြန်စွာ သန့်ရှင်းလိိက်ပြီး မီးဖိုချောင်ထဲသို့ ပန်းကန်ဆေးရန် သွားခဲ့သည်။
ပန်းကန်များ ဆေးပြီးသွားသည့်နောက်တွင်တော့ လီမင်ရှီက ထမင်းစားထားသည့် ခန်းမထဲ၌ စားပွဲကို သန့်ရှင်းရမည်၊ ကြမ်းပြင်ကိုလည်း တံမြက်စည်းလှဲရမည်ကို ပြန်လည် သတိရ၍ ပစ္စည်းများယူကာ ဧည့်ခန်းမကြီးသို့ ပြန်သွားခဲ့ပြန်သည်။
ဧည့်ခန်းမကြီး၌ မဒမ်လီက ရှီကျွင့်ကျဲနှင့် ကျန်းကျန်းတို့၏ ဆက်ဆံရေးအကြောင်းကို ဝမ်စုဖန်းထံသို့ ပြောပြနေခဲ့ပြီ။
ဝမ်စုဖန်းက ထိုအကြောင်းများကို ကြားပြီးနောက်စိတ်လှုပ်ရှားမှုများ ရောထွေးနေခဲ့သည်။
“ကျန်းကျန်း ဒီကလေးမလေးက နောက်ဆုံးတော့ ချစ်သူရပြီပဲ၊ ကျွန်မ အရင်က အမြဲ စိတ်ပူနေခဲ့ရတာ၊ အမေ မသိလောက်ဘူး၊ ကျွန်မတို့ရကလေးမလေးရဲ့ အရည်အချင်းနဲ့ဆိုရင် ဘယ်လိုယောက်ျားမျိုးကိုမှ သူမကြိုက်မှာလဲလို့ တွေးနေခဲ့တာလေ၊
ကံကောင်းချင်တော့ ကျွန်မတို့ ရှာစရာမလိုဘဲ သူမကိုယ်တိုင် တစ်ယောက်ခေါ်လာခဲ့တယ်၊ ကျွန်မသု ရှာမယ်ဆိုရင် ဒီလောက် ရုပ်ချောတဲ့သူမျိုးကို ရှာနိုင်မှာ မဟုတ်ဘူး”
ဝမ်စုဖန်း ပျော်ပျော်ရွှင်ရွှင် ပြောပြီးနောက် အနည်းငယ် စိတ်ပူသွားခဲ့ပြန်သည်။
“ကျွန်မ ကျန်းကျန်းကိုပဲ စိတ်ပူနေတာ၊ သူ့အဖေက သက်တောင့်သက်သာ မဖြစ်မှာ အသေအချာပဲ၊ အမေသိတဲ့အတိုင်း သူက ပုံမှန်ဆိုရင် စကားတစ်ခွန်းမှ မပြောဘူးမလား၊
ဒါပေမဲ့ သူ့ရင်ထဲမှာ ကျန်းကျန်းကို အမြဲတမ်း ချစ်မြတ်နိုးခဲ့တယ်၊ စနေနေ့တိုင်း မနက်စောစောကတည်းက တီးတိုးပြောပြီး ကျန်းကျန်း ကြိုက်တဲ့ ဟင်းတွေ မြန်မြန်ဝယ်ခိုင်းတယ်၊ သူ့သမီး ဗိုက်ဆာမှာ စိုးလို့တဲ့လေ”
“သူက ကျန်းကျန်းကို တကယ်ကို အရိုးထဲကနေ ချစ်ခင်တာ၊ ဒီနေ့ မနက်က ကျန်းကျန်းနဲ့ ရှီကျွင့်ကျဲ ပြေးထွက်သွားတာကို ကြားတော့ သူဘယ်လောက်တောင် မျက်နှာမည်းသွားလဲ ကြည့်ပါဦး၊
ကျန်းကျန်းရဲ့ ချစ်သူက သူပဲဆိုရင်တော့ သူပေါက်ကွဲတော့မှာ အသေအချာပဲ”
“အဲဒီလောက်တော့ မဆိုးလောက်ပါဘူး”
မဒမ်လီက ဆေးတံကို တစ်ချက်ဖွာလိုက်ကာ အနည်းငယ် စိတ်ပူနေသော်လည်း ပြောလိုက်သေးသည်။
“ဒါပေမယ့် ကျန်းကျန်းက အမြဲတမ်း ကိုယ်ပိုင်ဆုံးဖြတ်ချက်ကြီးတယ်၊ ပြီးတော့ ဒါက မကောင်းတဲ့ ကိစ္စလည်း မဟုတ်ဘူး၊ မင်း သူမကို တားလို့မရလောက်ဘူး၊
ဒီတော့ သူမရဲ့အဖေကို အရင်ဖုံးကွယ်ထားလိုက်ရအောင်၊ ဘာပဲဖြစ်ဖြစ် သူက အရက်မူးနေရင် နေ့လည်က ဘာတွေဖြစ်ခဲ့လဲ သေချာမှတ်မိမှာ မဟုတ်ဘူး”
“နည်းနည်းပါးပါး မှတ်မိသွားရင် ဘယ်လိုလုပ်မလဲ”
ဝမ်စုဖန်းက မဒမ်လီကို စိုးရိမ်တကြီး ကြည့်လိုက်သည်။
မဒမ်လီက ဆေးတံ ချလိုက်၍ အသံသည် အလွန် ခိုင်မာနေခဲ်သည်။
“သူက အိပ်မက်မက်နေတယ်လို့ပဲ ပြောလိုက်၊ ဘာမှမဟုတ်ဘူး၊ ဘာပဲဖြစ်ဖြစ် ရှီမိသားစုက ကောင်လေးက အနာဂတ်မှာ အိမ်ကို အမြဲလာရမှာပဲ၊ သူက ဖြည်းဖြည်းချင်း အကျင့်ရသွားမှာပါ”
ဝမ်စုဖန်းက မဒမ်လီကို မည်သည့်အခြေအနေတွင်မဆို ယုံကြည်သည့်အတွက် ချက်ချင်း ခေါင်းညိတ်၍ သဘောတူလိုက်သည်။
“အမေ့ရဲ့ အကြံက ပြဿနာမရှိဘူး”
မဒမ်လီက ကြမ်းပြင်ကို လှဲကျင်းနေသည့် လီမင်ပေကို ကြည့်၍ လှမ်းခေါ်လိုက်သည်။
“မင်း ကျောင်းမှာရှိနေတုန်း ပေါ့ပေါ့ပါးပါးပဲ နေမနေနဲ့၊ မင်းရဲ့ညီမနဲ့ ရှီမိသားစုက ကောင်လေးကို သေသေချာချာစောင့်ကြည့်ထား၊
မင်းက လူတွေနဲ့ ဆက်ဆံရေးကောင်းလို့ရတယ်၊ ဒါပေမဲ့ သူတို့တွေကို လက်ခြင်း မဆွဲမခိုင်းနဲ့၊ မင်းညီမရဲ့လက်ကို မဆွဲခိုင်းရဘူးဆိုတာ သိတယ်မလား”
“သိပါတယ်”
မင်ပေက သူ့ရင်ဘတ်ကို ပုတ်၍ ပြောလိုက်သည်။
“စိတ်မပူပါနဲ့၊ ကျွန်တော် သူ့ကို ကျွန်တော့်ရဲ့ ညီမလက်ကို မကိုင်ခိုင်းဘူး သေချာပေါက် ပြောထားလိုက်မယ်”
ကျောင်းသို့ပြန်ရမည့် ညနေအချိန်၌ ရှီကျွင့်ကျဲက ကားမှတ်တိုင်၌ စောစောစီးစီး ရပ်စောင့်နေသည်။
လီမင်ပေ၊ ဝမ်ရှင်းဝမ့်နှင့် ကျန်းကျန်းတို့ လမ်းကြားထဲမှ ထွက်လာသည်နှင့် ရှီကျွင့်ကျဲက စူးရှလွန်းသည့်မျက်လုံးထက်ထက်ဖြင့် မြင်၍ ချက်ချင်း ပြေးထွက်လာပြီးနှုတ်ဆက်လိုက်သည်။
“ကျန်းကျန်း...”
“ဟေးဟေးဟေး”
လီမင်ပေက သူ့၏လက်မောင်းများကို ဆန့်တန်း၍ ကျန်းကျန်းရှေ့၌ ကာလိုက်သည်။
“လက်ချင်း မတွဲရဘူးနော်”
ရှီကျွင်းကျဲက လီမင်ပေကို ကြည့်၍ သူ့လက်ထဲမှ စက္ကူအိတ်ကို လီမင်ပေဆီကို လှမ်းပေးလိုက်သည်။
“နေ့လည်ပိုင်းတုန်းက ဝက်နံရိုးကြော်လေးတွေ လုပ်ထားတယ်၊ အစ်ကိုမင်ပေနဲ့ အစ်မတို့ ပူတုန်းလေးကားပေါ်မှာ စားလိုက်ကြနော်”
လီမင်ပေက စက္ကူအိတ်ထဲမှ အနံ့ကို ရှူလိုက်မိလျှင် အရှက်မရှိ တံတွေးမျိုချလိုက်မိသည်။ သူက ကျန်းကျန်းကို ပြန်လှည့်ကြည့်၍ အနည်းငယ် ရှက်ရွံ့စွာမေးလိုက်သည်။
“ငါ ယူလို့ရလား”
ကျန်းကျန်းက သူ့ကို ကြည့်သောအချိန်တွင် သူမ၏မျက်လုံးထဲမှ ပျင်းရိမှုများက စီးကျလာတော့မည်နှယ် ဖြစ်နေခဲ့သည်။
သူမက ခေါင်းညိတ်၍ တည်တည်ငြိမ်ငြိမ် ပြောလိုက်လေသည်။
“စတုတ္ထအကိုအတွက်ပဲလေ ယူလိုက်ပါ”
လီမင်ပေက ချက်ချင်းပင် အနောက်သို့လှည့်၍ စက္ကူအိတ်ကို ယူလိုက်သည်။ ထို့နောက် ဝမ်ရှင်းဝမ့်ကို ပြ၍မေးလိုက်လေသည်။
“မင်းရော အနံ့ရတော့ စားချင်လာပြီလား”
ကျန်းကျန်းက လမ်းပိတ်နေသည့် လီမင်ပေကို ကျော်၍ ရှီကျွင်းကျဲထံငို့ လျှောက်သွားသည်။ ထို့နောက် သူ့လက်ထဲမှ အိတ်ကြီးအတွင်းမှ ထမင်းဘူးများကို ကြည့်၍ မေးလိုက်သည်။
“ဘာတွေ ယူလာတာလဲ”
ရှီကျွင့်ကျဲက ပြုံးပြီး သူ့ကို ပြောပြလိုက်သည်။
“နေ့လည်က အိမ်ကိုပြန်ရောက်တော့ အမေက ကျန်တဲ့ ခိုငါးကောင်ကို ကြော်ခိုင်းလိုက်တယ်၊ ကိုယ် သုံးကောင်ယူလာခဲ့တယ်၊ ဒါ့အပြင် အိမ်မှာ သူများတွေလက်ဆောင်ပေးထားတဲ့ ဆိတ်ဆံမွေး ကဏန်းအသစ်တွေ ရှိတယ်၊ ကဏန်းလေးလုံးကို အစားလုံးအဖြစ်ပေါင်းပြီး ယူလာတယ်၊
နောက်ထပ်က မနေ့က နေ့လည်က မင်း ချိုချဉ်ဟင်းတွေကို မကြိုက်တာ တွေ့လို့ ဝက်ချိုချဉ်နံရိုး လုပ်လာတယ၊ ပြီးတော့ ဆီလျှော့ထားတဲ့ သစ်အယ်သီးနှင့် ဂေါ်ဖီထုပ်လည်း လုပ်လာတယ်၊ ဒီဆောင်းဦးမှ ရတဲ့ သစ်အယ်သီးတွေက ကြီးရုံတင်မကဘူး ချိုပြီးတော့ အရသာလည်း ကောင်းတယ်”
နောက်ဆုံး၌ ရှီကျွင့်ကျဲက အပေါ်ဆုံးမှ သိပ်မကြီးသည့် အပူထိန်းဘူးကို ညွှန်ပြ၍ ပြောလာသည်။
“ခရုဟင်းချိုလဲ ပါသေးတယ်၊ ဒါက အစာကြေစေပြီး အစာအိမ်ကို ကောင်းစေရုံသာမက မျက်နှာကိုလည်း လှပစေတယ်၊ မင်းအတွက် အထူး ချက်လာခဲ့တာ”
ကျန်းကျန်းတစ်ယောက် နားထောင်ရုံနှင့် တံတွေးများ စီးကျလာတော့မည်နှယ် ဖြစ်နေရသည်။ တစ်ခုပြီးတစ်ခုပြောလာသော ထမင်းဘူးများကို ကြည့်၍ ကျန်းကျန်းတစ်ယောက် စိတ်လှုပ်ရှား၍ စိုးရိမ်လာသည်။
“ရှင် ဒီလောက်များတဲ့ ဟင်းတွေ ချက်ထားတာ၊ နေ့လည်ခင်းမှာ အနားမယူဘူးလား”
“အများကြီး မပင်ပန်းပါဘူး”
ရှီကျွင့်ကျဲက ကျန်းကျန်းကို ကြည့်၍ နွေးထွေးစွာ ပြုံးလိုက်သည်။
“ပြီးတော့ မင်း ကိုယ်ချက်ထားတဲ့ ဟင်းတွေကို စားသောက်နေတာကို မြင်ရတာကြိုက်တယ်”
ကျန်းကျန်းက သူ့ကို မော့ကြည့်ပြီး သူမ၏မျက်နှာလေးက နီရဲလာခဲ့သည်။
“ဒါဆို ခဏနေရင် ညစာအတူစားကြတာပေါ့”
**