အခန်း (၂၂၆)
Vol. 23 Ch. 226
ကျန်းကျန်းအနေဖြင့် သူမ၏ အရင်ဘဝ၌လည်း ငါးချိုချဉ်နှပ်ကို အကြိမ်ရေများစွာ စားသုံးခဲ့ဖူးသည်။
သို့သော် ကောင်းစွာ ပြုလုပ်မထားခြင်းကြောင့် ဖြစ်နိုင်ပေလိမ့်မည်။ ပြင်းထန်သော ချိုချိုချဥ်ချဉ်အရသာ၌ ငါးကြင်း၌ မြေနံ့တို့က ပြင်းထန်စွာ ရောယှက်နေခဲ့မှုများ ဖြစ်ပေါ်စေခဲ့လေ့ရှိသည်။
သိုးသော် ရှီကျွင့်ကျဲကမူ ငါးချိုချဉ်နှပ်ကို ပြုလုပ်စဉ်အချိန်၌ ပထမဆုံးအနေဖြင့် ငါး၏အနံ့ဆိုးများကို ဦးစွာဖယ်ရှားခဲ့လေသည်။
ထို့နောက် ငါးကို ကြော်နေစဉ်ကလည်း ဆီအပူချိန်က ငါးအတွက် သင့်လျော်သော အပူချိန်ဖြစ်ခဲ့သည်။
၎င်းသည်ကား ငါး၏ လတ်ဆတ်မှုနှင့် နူးညံ့မှုကို ထိန်းသိမ်းထားနိုင်ရုံသာမက ဆီကိုလည်း ငါး၌ မကျန်ရှိစေခဲ့အောင် စွမ်းဆောင်နိာင်လဲ့သည်ပင်။
ဤချိုမြိန်၍၊ ချဉ်သော အရသာ အနည်းငယ်ရှိကာ၊ နူးညံ့သော ဟင်းပွဲသည်ကား စားပွဲပေါ်ရှိ အမျိုးသမီးများအားလုံး၏ ချီးကျူးမှုကို ရရှိခဲ့ပေသည်
မဒမ်လီသည် စကားကို များစွာ မပြောခဲ့သော်လည်း ဟင်းပွဲကိုတော့ အကြိမ်ပေါင်းများစွာ ချီးကျူးစကားဆိုခဲ့သည်။
ငါး၏ရနံ့ကိုရလာခဲ့ပါက အက်ဆစ်များပြန်တက်လာကာ အာခံတွင်းသို့ညရေများရွှဲနေခဲ့ပြီး အော့အန်ချင်နေတတ်သော ရှဲ့ယန်နန် နှင့် ဝမ်ရှင်းဝမ့်တို့ပင် မရပ်မနား စားသုံးခဲ့ကြသည်။
ကိုယ်ဝန်ဆောင်စဉ်ကာလ၏ ပျို့အန်ခြင်း လက္ခဏာကိုပင် မပြောပါနှင့်၊ ၎င်းဟင်းလျာက အစာစားချင်စိတ်ကိုလည်း ဖွင့်ပေးခဲ့ပြီး ပုံမှန်ထက်ပင် ထမင်းတစ်ပန်းကန် ပိုစားခဲ့ကြသည်။
တစ်နာရီကျော်ကြာအေခင် အစာစားပြီးနောက်တွင် လီမူဝူတစ်ယောက် သူ၏ ဖောင်းကားနေေသာဗိုက်ကို ဖုံးအုပ်ထားလျက် အလွန်ပင် ကျေနပ်နေခဲ့သည်။
သူသည်ကား ကျန်းကျန်းမှ လူတိုင်းအတွက် ပြင်ဆင်ပေးထားသည့် နွေးထွေးသော လက်ကိုင်ပဝါကို ယူကာ သူ၏ လက်များနှင့် ပါးစပ်ကို သုတ်လိုက်ပြီး သိတ်ကျေနပ်စွာဖြင့် ရှီချန်ပေါ်ကို ကြည့်လျက်ပြောလာခဲ့သည်။
“ဘယ်လိုလဲ၊ ငါ့ရဲ့သမီး ချက်တဲ့ဟင်းလျာတွေက အရသာရှိတယ်မလား”
ရှီချန်ပေါ်တစ်ယောက် သူ့ကို အနည်းငယ် ထူးဆန်းစွာ ကြည့်လျက် အမှန်တရားကို ပြောပြလျှင် ထိုသူရူးသွပ်သွားမည်လားဟု တွေးတောမိသည်။
ကျန်းကျန်းအတွက်ကတော့ သူမက ထမင်းပွဲ၌ ဝိုင်နှစ်ခွက်ကို သောက်သုံးခဲ့ရာ သူမ၏ ပါးပြင်များက အနည်းငယ် နီရဲလျက် မျက်ဝန်းများသည်လည်း စိုစွတ်နေခဲ့သည်။
သူမသည် လက်ကိုင်ပဝါသေးသေးလေးကို ကိုင်လျက် ရှီကျွင့်ကျဲကို ပြုံးလျက် ကြည့်နေခဲ့သည်။
လီမူဝူက သူမ၏ ဟင်းချက်ပြုတ်ခြင်းလက်ရာကို ချီးကျူးလာခဲ့သည်ကို ကြားရသောအခါတွင် သူမက ရှီကျွင့်ကျဲ၏ နာမည်ကို လျင်မြန်စွာ ကူညီပြင်ဆင်ပေးလိုက်လေသည်။
“အဖေ၊ ဒီထမင်းစား စားပွဲပေါ်က ဟင်းပွဲတွေထဲမှာ ဘဲကင်ကလွဲရင် ကျန်တာတွေအားလုံးက ကျွင့်ကျဲရဲ့ လက်ရာတွေပါ”
ရှီကျွင့်ကျဲက ကျန်းကျန်းဆီကို ပြုံးလျက် ကြည့်လာခဲ့ပြီး သူ၏ လေသံသည်လည်း အလွန်နူးညံ့သိမ်မွေ့နေခဲ့လေသည်။
“ကျန်းကျန်းကလည်း အများကြီး ကူညီပေးခဲ့ပါတယ်”
“ကျွင့်...ကျဲ...”
လီမူဝူ၏ ဦးခေါင်းက ဝိုင်ခွက်ပေါင်းများစွာ သောက်သုံးထားသည့်အတွက် ကောင်းစွာလည်ပတ်နိုင်ခြင်းမရှိပေ။
သူသည် တုံ့ဆိုင်းစွာဖြင့် ရှီကျွင့်ကျဲကို လှည့်ကြည့်လိုက်ပြီး မဒမ်လီကို မျက်နှာသေဖြင့် ကြည့်လျက် လှမ်းမေးလာခဲ့လေသည်။
“အမေ၊ ကျွန်တော် ထင်တာမှန်တယ်လို့ထင်လား၊ ကျွန်တော် အရမ်းသောက်မိသွားတာများလား ၊ ဘာလို့ တစ်ခုခု လွဲမှားနေတယ်လို့ ခံစားနေရတာလဲ”
မဒမ်လီမှာ သူမ၏မြေးမလေးဖြစ်သူ၏ ရှီကျွင့်ကျဲကို မက်မက်မောမောအကြည့်ဖြင့် ပြုံးလျက် ကြည့်နေသော မျက်နှာကို မြင်သောအခါတွင် အနည်းငယ် ရှုပ်ထွေးသွားခဲ့ရသည်။
မနက်ပိုင်းတွင် တွေ့ဆုံစဉ်က သူတို့နှစ်ဦး၏ကြားထဲမှ လေထုသည်ကား ယဉ်ကျေးသိမ်မွေ့မှုများရှိနေခဲ့ကြသည်ဟု ထင်ရသည်။
သို့ရာတွင် အဘယ်ကြောင့် ဤနေ့လည်၌ ချက်ချင်းပသ် ကျွင့်ကျဲဟု ချစ်ခင်တွယ်တာစွာ ခေါ်ဆိုနေပါသနည်း။
အဘယ်ကြောင့် ဟင်းတစ်နပ် ချက်ပြုတ်ခြင်း၏ ကျွမ်းကျင်မှုကိုပြသပြီးသည်နှင့် ကွာခြားသွားပါသနည်း။
သို့ရာတွင် ဧည့်သည်များ ရှေ့၌ မဒမ်လီက ကျန်းကျန်းကို တိုက်ရိုက် မမေးလိုပါချေ။
သူမက ရှီချန်ပေါ်နှင့် လင်းရှို့လန်တို့ကို ခဏတာလေုက် လက်ဖက်ရည် သောက်စေပြီးနောက် တံခါးပြင်ပအထိ လိုက်ပို့ပေးခဲ့သည်။
သူမ အိမ်ခန်းထဲသို့ ပြန်ရောက်သောအချိန်တွင် လီမူဝူမှာ အရက်များမူးဝေနေသည့်အတွက် ခုတင်ပေါ်တွင် အိပ်မောကျလျက်ရှိနေခဲ့ပြီ။
လီမင်ရှီနှင့် တခြားသူများကတော့ ဧည့်ခန်းမကြီး၌ ပန်းကန်များကို ဆေးကြောနေခဲ့ကြသည်။
မဒမ်လီ ဝင်ရောက်သည့်အချိန်တွင် ကျန်းကျန်းကို အခန်းထဲ၌ မတွေ့၍ လီမင်ပေကိုမေးလိုက်လေသည်။
“ပေါင်ပေ့ ဘယ်မှာလဲ”
လီမင်ပေက ပန်းကန်များ အားလုံးကို စု၍ အပြင်သို့ ထုတ်ရန် ပြင်ဆင်နေရင်းပြန်ဖြေလာခဲ့သည်။
“ဝိုင်သောက်တာ နည်းနည်းများသွားလို့တဲ့၊ သူမရဲ့ အိမ်ခန်းထဲကိုပြန်ပြီး မျက်နှာသစ်ပြီး ခဏမှေးချင်တယ်လို့ ကျန်းကျန်းက ပြောတယ်”
“ဪ”
မဒမ်လီ ခေါင်းညိတ်၍မေးလိုက်သည်။
“ဒါဆို မင်းတို့ညီအစ်ကိုနှစ်ယောက်ထဲက ဘယ်သူက ငါနဲ့ စကားပြောမလဲ”
သူ၏စကားဆုံးသည်နှင့် လီမင်ရှီမှာ အပြစ်ရှိသကဲ့သို့ ချက်ချင်း ခေါင်းငုံ့လိုက်သော်လည်း လီမင်ပေကမူ မည်သည်ကိုမျှ နားမလည်သည့် မျက်နှာဖြင့် ခေါင်းကို မိုက်မဲစွာ မော့ကြည့်လာခဲ့သည်။
“အဖွား ဘာတွေပြောချင်နေတာလဲ၊ နေလည်ခင်း မအိပ်ဘဲ စကားပြောချင်သေးတာလား”
မဒမ်လီတစ်ယောက် ကုလားထိုင်တစ်လုံးကို ရှာ၍ ထိုင်ကာ သက်ပြင်းချလိုက်သည်။
“မနက်က ကလေးကိစ္စအတွက်၊ လူငယ်တွေအချင်းချင်း သူ့ဖာသာသူ ဆုံးဖြတ်ပြီး လွတ်လွတ်လပ်လပ် တိုးတက်ပါစေလို့ ငါပြောခဲ့ပေမယ့် ဒီတိုးတက်မှုက အရမ်းမြန်တော့ ငါ ဘယ်လိုစိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုမှ မလုပ်ရသေးဘူး၊
ငါက ဘာကိုပြောနေသေးတယ်လို့ မင်းတို့ထင်နေတာလဲ၊ အခု ငါ့ရဲ့နှလုံးခုန်သံတွေ အရမ်းမြန်နေပြီ၊
မင်းတို့ရဲ့အဖေက အရက်သောက်ပြီး မူးနေလို့ ဘာမှမသိသေးဘူး၊ ဒါပေမဲ့ သူသာ နိုးလာရင် သေချာပေါက် မပျော်မရွှင်ဖြစ်နေမှာပဲ”
“မဟုတ်သေးပါဘူး၊ ဘယ်လို တိုးတက်မှုလဲ”
လီမင်ပေတစ်ယောက် မဒမ်လီကို စိုက်ကြည့်၍ စားပွဲအောက်သို့ ဝင်တော့မည့်ပုံဖြစ်နေသည့် မင်ရှီကို လှမ်းကြည့်လိုက်မိသော်လည်း မည်သည်ကိုမျှ သဘောမပေါက်သေးပါချေ။
မဒမ်လီတစ်ယောက် သူ့ကို ကြည့်ကာစကားပင် မပြောနိုင်တော့လောက်အောင် ဖြစ်သွားရသည်။ သူမက စိတ်ပျက်စွာ ကြည့်၍ သူ၏ခေါင်းကိုသာ လက်ဖြင့် ထိုးလိုစိတ်တို့ ပေါက်နေမိရသည်။
“မင်းတို့ရဲ့ ညီမနဲ့ ရှီမိသားစုက ကောင်လေးတို့ ချစ်ကြိုက်နေကြတာ မင်း မတွေ့ဘူးလား”
လီမင်ပေတစ်ယောကင ထိတ်လန့်သွားရကာ အလျှင်အမြန် ပြောလိုက်လေသည်။
“မဟုတ်သေးဘူး၊ ဘယ်တုန်းက ဖြစ်တာလဲ၊ မနေ့ကကျွန်တော်တို့ပြန်လာတော့ သူတို့နှစ်ယောက်က တစ်ယောက်က အရှေ့မှာ တစ်ယောက်က အနောက်မှာ ထိုင်နေကြတာလေ၊ ဘယ်လိုမှ ရည်းစားတွေနှင့် မတူပါဘူး”
မဒမ်လီ ပို၍ပင် စိတ်မချမ်းသာ ဖြစ်သွားသည်။
“ဘယ်တုန်းက ဖြစ်တာဖြစ်ရမှာလဲ၊ ဒီနေ့မှ ဖြစ်တာမဟုတ်ဘူးလား”
သူမ လီမင်ပေကို ဒေါသတကြီး ကြည့်၍ ပြောလိုက်သည်။
“ငါမေးမယ်၊ မင်းတို့တွေ ချက်ပြုတ်နေတုန်းမှာ သူတို့နှစ်ယောက် ဘာတွေပြောနေကြလဲ၊ ဒီလောက် မြန်မြန်ပြီး ဆက်ဆံရေး တိုးတက်သွားတာလား၊ မင်းတို့တွေ မင်းတို့ရဲ့ညီမကို ဂရုမစိုက်ကြဘူးလား၊ အခုကြည့်လိုက်ဦး၊ မင်းတို့ရဲ့ညီမက ရှီကျွင့်ကျဲကို မြင်တာနဲ့ ခွေးပေါက်လေးလို ပျော်ရွှင်နေတာလေ”
“သူတို့ ဘာမှမပြောပါဘူး”
လီမင်ပေကမှာ ပန်းကန်များကို ဆေးကြောရန်အတွက်ပင် စိတ်မဝင်စားတော့ဘဲ ယနေ့ ဖြစ်ခဲ့သည်များကို ပြန်စဉ်းစားကြည့်ရန် ကြိုးစားခဲ့သည်။
“ရှီကျွင့်ကျဲနဲ့ ကျွန်တော် မနက်က အပြင်ကို အတူ ထွက်လာခဲ့တာ၊ ကျွန်တော်က ခိုတွေကို သွားသတ်တယ်၊ သူက ဥယျာဉ်ထဲကို ငွားပြီး ကျန်းကျန်းကို သွားရှာတယ်၊
ဥယျာဉ်ထဲကနေ ငါးတွေနဲ့ ပြန်လာတော့ သူတို့က ကျွန်တော်တို့ကို အကုန်မောင်းထုတ်ပြီး အိမ်ပြန်နားခိုင်းလိုက်တယ်”
“ဒါဆို မင်းတို့အားလုံး အိမ်ပြန်နားကြတာလား”
မဒမ်လီတစ်ယောက် လီမင်ပေကို စကားမပြောဘဲ စိုက်ကြည့်နေခဲ့ပြီးမှ တစ်ဖက်မှ ခေါင်းကို မမြင်ရတော့သည့် လီမင်ရှီကို စူးစူးဝါးဝါး ကြည့်လိုက်သည်။
“မင်း ငါ့ကို ထကြည့်ပြီးပြောစမ်း၊ မင်းတို့အားလုံး အသက်သုံးဆယ်ကျော်ပြီ၊ ဘာလို့ စားပွဲအောက်ကို ဝင်မလို့လုပ်နေတာလဲ”
လီမင်ရှီက ရှက်ရွံ့စွာ ခေါင်းပြူလာ၍ ရှက်ရွံ့စွာပြုံးလိုက်သည်။
“အောက်ထဲမှာ အရိုးလေးတွေ ကျန်နေသေးလို့၊ ကျွန်တော် ဝင်ကောက်နေတာပါ”
မဒမ်လီ မယုံမည် စိုး၍ သူကအမှိုက်ပုံးကိုပင် ပြလိုက်သေးသည်။
မဒမ်လီက သူ့ကို လှမ်းကြည့်၍ သူ့၏ လှည့်ကွက်ငယ်များကို ဖော်ထုတ်ရန် အလုပ်ရှုပ်မခံတော့ဘဲ ပြောလိုက်သည်။
“အဲဒီ အသုံးမဝင်တဲ့ ကိစ္စတွေကို မလုပ်နဲ့တော့၊ တကယ့်အရေးကြီးတဲ့ကိစ္စကို ပြောစမ်းပါ”
လီမင်ရှီလည်း ဖုံးကွယ်၍ မရတော့သည်ကို တွေ့သောကြောင့် ပုန်းကွယ်မည့်အတွေးကို စွန့်လွှတ်၍ ပြောလိုက်သည်။
“ယန်နန်က မီးဖိုချောင်ထဲမှာ အော့အန်ချင်စိတ်ကိုဖြစ်စေတက်တဲ့ အနံ့ရလို့ ကျွန်တော်လည်း သူမနဲ့ အလျင်စလို ပြန်လိုက်သွားခဲ့တာ၊
အဖွား ကျွန်တော်ကတော့ ဒီကိစ္စကို မင်ပေကို မေးရမယ်လို့ ထင်တယ်၊ သူ့ရဲ့ဇနီးနဲ့ ကျန်းကျန်းက ကျောင်းမှာ အဆောင်ရဲ့ အပေါ် အောက်နေကြတာလေ၊ မင်ပေလည်း နေ့တိုင်း တက္ကသိုလ်ကို သွားရတာဆိုတော့ သူက ကျွန်တော့်ထက် ပိုသိမှာပါ”
မဒမ်လီ၏ မျက်လုံးများက သူ့ထံသို့ ရောက်လာသောအချိန်တွင် မင်ပေ ရုတ်တရက် အံ့ဩသွားသည်။
“ကျွန်တော် တကယ်မသိပါဘူး၊ ရှင်းဝမ့်က ကျန်းကျန်းအကြောင်းကို အရင်က ပြောဖူးတယ်၊ ကျန်းကျန်းက ရှီကျွင့်ကျဲကို ရုပ်ချောတယ်လို့ ပြောဖူးပေမယ့် အဲဒီနောက်ပိုင်း သူတို့အတူရှိတာကို မတွေ့ရတော့ဘူး”
ခဏရပ်ပြီး လီမင်ပေက နောက်ထပ်တစ်ကြောင်း ထပ်ပြောလိုကသည်။
“ရှင်းဝမ့်နဲ့ ကျန်းကျန်းက ဌာနမတူဘူးလေ၊ အတန်းတွေလဲ ကွာတော့ တစ်ခါတလေ တစ်ရက်လုံးတောင် မတွေ့ကြဘူး”
ဤတုံးအသောမြေးမိုက်ကို ကြည့်၍ မဒမ်လီလည်း မည်သည်ကိုမျှ မမေးနိုင်တော့သည်ကို သိလိုက်သည်။
ထို့ကြောင့် နေရာ၌ပင် ထိုင်၍ သက်ပြင်းချနေမိတော့သည်။ အိမ်မှ အဘွားအိုက စိတ်မပျော်သည်ကို မြင်သောကြောင့် လီမင်ရှီလည်း အဆူခံရမည်ကိုပင် ဂရုမစိုက်တော့ဘဲ သူ့လက်ထဲမှ ပစ္စည်းများကို ဘေးတွင်ချထား၍ မဒမ်လီဘေး၌ ထိုင်လိုက်သည်။
ထို့နောက် သတိထား၍ မေးလိုက်လေသည်။
“အဖွား၊ အဖွားက ရှီကျွင့်ကျဲကို မုန်းလို့လား”
“အဆင်ပြေပါတယ်...”
မဒမ်လီ၏ မျက်နှာသည်ကား နည်းနည်းလောက်ရှုပ်ထွေးနေခဲ့သည်။
“ငါက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု မလုပ်ရသေးလို့ပါ၊ ငါဘယ်လောက်တောင် စိတ်ပူနေလဲဆိုတာ မင်းမသိဘူး၊ မင်းတို့ညီမက မနက်ဖြန် လက်ထပ်တော့မလို ခံစားရတယ်၊ ဒါကြောင့် စိတ်မသက်မသာ ဖြစ်နေတာပဲ”
*