← Chapters

အခန်း (၂၂၅)

Vol. 23 Ch. 225

အခန်း (၂၂၅)

Vol. 23 Ch. 225

ထိုစားဖိုးမှူး၏ အကြောင်းကိုပြောရပါလျှင် ရှီချန်ပေါ်သည်ကား တရုတ်ပြည်၌ ရှိစဉ်ကပင် ဤပုဂ္ဂိုလ်၏ နာမည်ကို အခါများစွာ ကြားဖူးခဲ့ဖူးပေသည်။

ထို့ကြောင့် ပြင်သစ်၌ သူတို့မိသားစုနေထိုင်ရန်အတွက် ဝယ်ယူထားသည့် အိမ်က ကြီးမားလွန်းပြီး ပထမထပ်၌ အခန်းလွတ်နှစ်ခန်း ရှိနေသည်ဟု တွေးမိသောကြောင့် ရှီချန်ပေါ် ထိုပုဂ္ဂိုလ်နှင့် သူ၏ မိသားစုကို သူတို့မိသားစုအိမ်တွင် ခိုလှုံခွင့်ပေးခဲ့သည်။

ထိုစားဖိုမှူးသည်လည်း ပြန်လည်ပေးဆပ်ခြင်း မပြုဘဲ မနေနိုင်ခဲ့ပါချေ။

ထိုသူက ရှီကျွင့်ကျဲမှ ဟင်းချက်ပြုတ်ရခြင်းအလုပ်ကို စိတ်ဝင်စားသည်ကို မြင်သောအချိန်တွင် သူ့အား ဂရုတစိုက်နှင့် သုံးနှစ်တိတိ ဂရုတစိုက် သင်ကြားပေးခဲ့သည်။

နောက်ပိုင်းတွင်တော့ ရှီချန်ပေါ်မှာ သံသမာအဖြစ် နေထိုင်ရန် သက်တမ်းစေ့၍ တရုတ်ပြည်သို့ ပြန်လာဖို့ ဖြစ်လာခဲ့ရသည်။

ထို့ကြောင့် သူတို့နိုင်ငံဆီသို့ ပြန်လာခဲ့ရပြီးနောက် သူတို့မိသားစု မထွက်ခွာမီတွင် ရှီချန်ပေါ်က ထိုစားဖိုမှူးကို တရုတ်အစားအစာရောင်းချသည့် စားသောက်ဆိုင်တစ်ခုကို ဖွင့်လှစ်နိုင်ရန် ကူညီပေးခဲ့သည်။

သို့သော် တရုတ်ပြည်၌ အရေးအခင်းကာလမှာ ဆယ်နှစ်ခန့်အထိပင် ကြာမြင့်ခဲ့လေသည်။

ဤသို့သောကိစ္စကြောင့် သူတို့နှစ်ဦးက အချင်းချင်း ဆက်သွယ်ရန်အတွက်ပင် အရာရာကို ကြောက်ရွံ့ခဲ့ကြရသည်။

ဤမျှ များစွာသော နှစ်များကြာပြီးနောက်တွင်တော့ သူတို့ကြားတွင် ဆက်သွယ်ရန် နည်းလမ်းမရှိခဲ့တော့ပေ။

ရှီကျွင့်ကျဲ၏ ဟင်းချက်ကျွမ်းကျင်မှုအကြောင်းကို ပြန်ပြောရလျှင် သူ၏လက်ရာသည်ကား ထိပ်တန်းအဆင့်၌ ရှိသော်လည်း သူ၏ စိတ်နေသဘောထားကြောင့် ဟင်းချက်ပြုတ်ခဲလှသည်။

ယေဘုယျအားဖြင့် တရုတ်နှစ်သစ်ကူး၊ မိဘများ၏ မွေးနေ့များ၊ သို့မဟုတ် အဘိုးအဘွားများ၏ မွေးနေ့များ၌သာ သူကိုယ်တိုင် ဟင်းပွဲတစ်ပွဲ ချက်ပြုတ်လေ့ရှိသည်။

ထို့ကြောင့် ရှီမိသားစုနှင့် လီမိသားစု၏ သက်ကြီးရွယ်အိုများက သူတို့၏ မွေးနေ့များကို အများဆုံး မျှော်လင့်ကြသည်။

ရှီချန်ပေါ်နှင့် လင်းရှို့လန်တို့သည်ကား စားပွဲဝိုင်း၌ ဧည့်သည်နေရာများတွင် ထိုင်လျက်ရှိသည်။

သူတို့ဇနီးမောင်နှံမှာ စားပွဲပေါ်ရှိ ဟင်းပွဲများကို မြင်တွေ့ရသောအခါ သူတို့နှစ်ဦးသည် တိတ်ဆိတ်စွာပင် အချင်းချင်း ကြည့်ရှုလိုက်ကြသည်။

ရှီကျွင့်ကျဲသည်ကား ဟင်းချက်ပြုတ်ရာ၌ ထူးဆန်းသော အလေ့အကျင့်များစွာ ရှိသည်။

ဥပမာအားဖြင့် သူက ပုစွန်ခေါင်းနှင့် ပတ်သက်လာခဲ့လျှင် အလယ်၌ ကျန်ရှိသော စက်ဝိုင်းပုံစံလေးမှာ ကွန်ပါဖြင့် ဆွဲထားသည်နှင့်ပင် ဆင်တူတတ်သည်။

သို့မဟုတ် ကြွပ်ကြွပ်ကြော်ထားသော ချိုးသားနှင့် ဆင်တူသည်။

ရှီကျွင့်ကျဲက အဆင်ပြေစေရန်အတွက် ၎င်းတို့ကို လှီးဖြတ်ထားတတ်သော်လည်း ပုံသဏ္ဍာန်၏ ပြည့်စုံမှုကို ထိန်းသိမ်းရန်အတွက် သူလှီးဖြတ်ပြီးနောက်တွင်လည်း တစ်ဖဲ့ချင်းစီကို အကာင်လိုက်ပုံစံပေါ်နေစေရန်အတွက် ပြန်လည်စီစဥ်ထားလေ့ရှိလေသည်။

ဆိုရပါက သူတို့အနေဖြင့် သေသေချာချာဂရုစိုက်စွာ မကြည့်ပါက လှီးဖြတ်ထားသည့် မည်သည့်လက္ခဏာကိုမျှ အခြေခံအားဖြင့် တွေ့မြင်နိုင်မည် မဟုတ်ပါပေ။

လက်ရှိတွင် မိသားစုနှစ်စုက စားပွဲဝိုင်းပတ်လည်၌ ထိုင်နေခဲ့ကြသည်။

လီမူဝူက သူတို့၏ အိမ်အတွင်းမှ ဝိုင်အမျိုးမျိုးကို ထုတ်ယူလာခဲ့သည်။

သူသည်ကား ဝိုင်အိုးကြီးတစ်လုံးကို စိန်ခေါ်သကဲ့သို့ ဟန်ပန်အသွင်အပြင်ဖြင့် ရိုက်ဖွင့်လျက် ရှီချန်ပေါ်ကို မထီမဲ့မြင်အမူအရာဖြင့် ကြည့်ရှုလိုက်သည်။

“ဒါက ပေရှားဒေသမှာ ငါ ပေါင်းထားတဲ့ ဝိုင်ပဲ၊ ငါတို့ရဲ့ ရေအားလျှပ်စစ်ဓာတ်အားစက်ရုံမှာရှိတဲ့ဝိုင်စက်ရုံက ပေါင်းခံထားတဲ့ ဝိုင်သန့်သန့်နော်၊ အပူချိန် ၆၂ ဒီဂရီအပြည့်နှင့် ထားထားတယ်၊

နောက်ပြီး အထဲမှာ သမင်ချို၊ မှိုနက်စတဲ့ ဆေးဖက်ဝင် ပစ္စည်းတွေလည်း အများကြီး ထည့်သွင်းပြီးပါဝင်တယ်၊ မင်းး သောက်ရဲလား”

ရှီချန်ပေါ်က ဝိုင်ပိတ်စကို ဆွဲထုတ်လိုက်သည်နှင့် ဝိုင်၏ ပြင်းထန်သော ရနံ့သည်က ပတ်ဝန်းကျင်တစ်ခုလုံးသို့ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။

သူက သူ၏ နှာခေါင်းကို ရှုံ့ကာ ရှူရှိုက်ကြည့်သောအချိန်တွင် ဝိုင်ရနံ့ပြင်းပြင်းကြား၌ ကြညာ့လိုက်ရာ သမင်ချို တစ်ချောင်းလုံး၊ မှိုနက် တစ်ပန်းကန်လုံးကြီး၊နှင့် မရင်းနှီးသော ဆေးဖက်ဝင်ပစ္စည်း များစွာကို တွေ့မြင်လိုက်ရသည်။

ထို့ကြောင့် သူ မနေနိုင်တော့ဘဲ လီမူဝူကို မေးလိုက်သည်။

“ဒါကို သောက်ရင် နှာခေါင်းသွေးလျှံဘူးလား”

လီမူဝူသည်က သူ့ကို တစ်ချက်မျှ ကြည့်ပြီး ယုံကြည်မှုရှိရှိ ပြောလိုက်သည်။

“ ငါက ဒီလောက်ကျန်းမာနေတာ ၊ ဒါမျိုးကို မသောက်ဘူး”

“ဒါဆို ဘာလို့စိမ်ထားတာလဲ”

ရှီချန်ပေါ်က ဝိုင်အိုးကိုပတ်ထားသည့်ပိတ်စကို တိတ်ဆိတ်စွာ ပြန်ပိတ်လိုက်သည် ။

သူ၏ မျက်နှာတွင် နာကျင်မှုများဖြင့်ပြည့်နေကာ ပြောလိုက်လေသည်။

“အဲဒီဝိုင်က နှစ်ရာချီနေပြီ”

လီမူဝူက သူ့ကို ရွှင်မြူးစွာ ကြည့်လျက်ပြောလိုက်သည်။

“ငါ့ဝိုင်အိုးက မကျေနပ်မှုအမျိုးမျိုးအတွက် ကျေအေးစေဖို့အတွက်ပဲ၊ မင်း ငါ့အိမ်ကိုလာပြီး ငါ့အတွက်လက်မခံနိုင်တာကိုလုပ်ရင် ဒီဝိုင်ကို သောက်ခိုင်းမယ်”

ရှီချန်ပေါ်က သူ့ကို စကားမပြောနိုင်တော့ဘဲဘဲ စိုက်ကြည့်လိုက်လေသည်။

“မင်းကတော့ အရမ်းကိုသတိထားတာပဲ”

မဒမ်လီက ပြုံးလျက်နှင့်ပင် လက်ဝှေ့ယမ်းလိုက်သည်။

“သူ့ရဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေကို နားမထောင်ပါနဲ့၊ အဲဒီဝိုင်က ဒီအဖွားကြီးပုံမှန်သောက်တဲ့ ဝိုင်ပါ၊ ဒါပေမယ့် အရမ်းတော့ မသောက်ရဲဘူး၊ တစ်နေ့ကို တစ်အောင်စ၊ နှစ်အောင်စလောက်ပါပဲ”

ရှီချန်ပေါ်က သူ၏ လက်ကို လျင်မြန်စွာ လွှတ်ပေးလိုက်လေသည်။

မကြာခင်တွင်ပင် လီမူဝူက လှပသော ဇွန်းရှည်လေးတစ်ချောင်းကို ထုတ်ယူလာခဲ့ကာ မဒမ်လီ၏ ရှေ့မှ အိတ်ဆောင်ဝိုင်ခွက်လေးထဲသို့ ဝိုင်အနည်းငယ်ကို လောင်းထည့်ပေးလိုက်သည်။

ထို့နောက် ဝိုင်အိုးကို ပြန်လည် ရွှေ့ပြောင်းလိုက်လေ၏။

လီမိသားစုဟောင်း၌ ဝိုင်အိုးများ များစွာရှိပြီး လီမူဝမ်းကလည်း ပွဲတော်များအတွင်း၌ ၎င်းတို့ကို ယူဆောင်လာလေ့ရှိသည်။

ပုံမှန်အားဖြင့် လီမူဝူက အိမ်၌ ပြောင်းဖူးချက်ချက်ထားသည့်ဝိုင်ကို သောက်သုံးရသည်ကိုသာ နှစ်သက်လေ့ရှိသည်။

ထို့ကြောင့် သူ့ကမော့ထိုင်းတစ်ပုလင်းကို ယူဆောင်ပြီး သူတို့အမျိုးသားနှစ်ဦးအတွက် တစ်ခွက်စီ လောင်းထည့်လိုက်လေသည်။

လီမင်ရှီကလည်း လက်ရှိတွင် အိမ်၌ အားလပ်ရက်ဖြစ်သည့်အတွက် သူတို့နှင့်အတူ တစ်ခွက် လောင်းထည့်ခဲ့သည်။

လင်းရှို့လန်ကတော့ အရက်ဖြူကို မသောက်သုံးပါချေ။ ထို့ကြောင့် ဝမ်စုဖန်းကလည်း သောက်ခိုင်းရန် ရှက်ရွံ့နေသည့်အတွက် ကျန်းကျန်းက ဘေးနားရှိ ဗီရိုမှ ဝိုင်တစ်ပုလင်းကို ထုတ်ယူလိုက်သည်။

“အရင်တုန်းက ခြံထဲက စပျစ်နွယ်ပင်တွေကို အသက်ရှင်မှာ မဟုတ်ဘူးလို့ ထင်ထားတာ၊ ဒါပေမယ့် ခြောက်လလောက် ပြုစုပြီးတဲ့နောက်မှာ စပျစ်သီးတွေ အများကြီး သီးလာခဲ့တယ်လေ၊

အသီးတွေက ကြီးလည်းကြီးပြီး ချိုလည်းချိုတယ်၊ ဒါတွေက အဲဒီ စပြစ်သီးတွေကနေ ကျွန်မကိုယ်တိုင် ဝိုင်နည်းနည်းလုပ်ခဲ့တာပါ၊

နိုင်ငံခြားက လာတဲ့ ဝိုင်တွေလောက်တော့ အရသာ မကောင်းနိုင်လောက်ပေမယ့် ကျွန်မ သန့်ရှင်းပြီး လတ်ဆတ်အောင် လုပ်ထားပါတယ်”

ကျန်းကျန်းက ပြုံးလိုက်လျက် လင်းရှို့လန်နှင့် ဝမ်စုဖန်းတို့အတွက် တစ်ခွက်စီ လောင်းပေးလိုက်သည်။

လီမင်ပေသည်လည်း ထိုဝိုင်မှထွက်လာသည့် ချိုမြိန်သော ရနံ့နှင့် ဝိုင်နံ့သင်းသင်းလေးကို ရှူရှိုက်မိပြီး သောက်လိုစိတ် ဖြစ်ပေါ်လာသည်။

မည်သို့ပင်ဆိုစေကာမူ ဤအရာသည်ကား မူးယစ်ခြင်းကို မဖြစ်စေပါချေ။ ထို့ကြောင့် ကျန်းကျန်းသည်လည်း လီမင်ပေ၊ ရှီကျွင့်ကျဲ နှင့် သူမကိုယ်သူမအတွက် တစ်ခွက်စီ လောင်းပေးလိုက်လေသည်။

ရှဲ့ယန်နန် နှင့် ဝမ်ရှင်းဝမ့်တို့ကတော့ ကိုယ်ဝန်ရှိနေသည့်အတွက် စပျစ်သီးသီးသန့်ဖျော်ရည်ကိုသာ သောက်သုံးခဲ့ကြသည်။

မဒမ်လီက ဝိုင်တစ်ငုံ သောက်သုံးလျက် လူတိုင်းကို စားသုံးရန် ပြောဆိုလိုက်သည်။

ကျန်းကျန်းအတွက်ကတော့ မတိုင်ခင်ကမှ ဝမ်းဗိုက်ပြည့်နေသည်ဖြစ်သော်လည်း စားပွဲပေါ်ရှိ အရသာရှိသော အစားအစာများကို ကြည့်ရင်း မစားပဲ မနေနိုင်ခဲ့ပါချေ။

သူမက တူကို ဆန့်တန်းလျက် ဘဲကင်တစ်ဖဲ့ကို ယူဆောင်စားသုံးမိသည်။

လီမူဝူသည်ကား နှိုင်းယှဉ်ချက်အရပြောရလျှင် အမူအရာကြမ်းတမ်းသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပေသည်။

သူသည်က သူ၏ တစ်သက်တာလုံးတွင် ကြမ်းတမ်းသော အစားအစာများကိုသာ စားသုံးခဲ့သည်။

ရှေးယခင်က အသားနှပ်နှင့် ငါးနှပ်များသည်သာ အလွန်အမင်း ထူးကဲကောင်းမွန်သော ဘဝဖြစ်ခဲ့သည်။

သို့သော်လည်း ယခုအခါတွင်မူကား ပန်းချီကားတစ်ချပ်နှင့်တူသည့် ဤသို့သော ဟင်းပွဲမျိုးကို မြင်တွေ့လာခဲ့ရလေပြီ။

သူ့အနေနဲ့ ဤကိစ္စများကို ကြုံတွေ့ရသောအချိန်၌ မည်သည့်တစ်ခုကို ရွေးချယ်ရမည်ကိုပင် မသိပေ။

လီမူဝူ နှင့် ဝမ်စုဖန်းတို့မှ တူများကို မလှုပ်သည်ကို မြင်သောအခါ၌ ကျန်းကျန်းမှ သူတို့နှစ်ဦးလုံးအတွက် ဘဲသားကင်တစ်ဖဲ့စီကို ယူကာ အရွက်နှင့် အစာပလာများဖြင့် လိပ်ပေးလိုက်သည်၊း။

ထိုဇနီးမောင်နှံနှစ်ဦးတို့ ဘဲကင်လိပ်များကို စားသုံးပြီးသောအချိန်တွင် ပန်းကန်ပေါ်ရှိ ဟင်းပွဲများအားလုံးကို စိတ်ဝင်တစာဖြင့် ကြည့်ရှုလာခဲ့ကြလေ၏။

သူတို့နှစ်ဦးက အနီးဆုံးဟင်းပွဲများကို လှမ်းယူကာ စားသောက်ကြည့်လိုက်ကြသည်။

လီမိသားစုဟောင်း၏ ရိုးသားဖြောင့်မတ်မှုကို ပြောရန်ပင် မလိုအပ်ပါချေ။

လီမူဝူသည် မည်သည့်အမှားအယွင်းကိုမှ ပြုလုပ်ခဲ့ခြင်း၊ သို့မဟုတ် မည်သည့်အရာကိုတော့ မစားခဲ့ခြင်းမျိုး မရှိချေ။

သူသည်ကား ဟင်းပွဲအနည်းငယ်ကို စားသုံးပြီးသည်နှင့် အရက်သောက်ခြင်းကိုပင် မေ့လျော့သွားခဲ့တော့သည်။

သူက ဟင်းပွဲများကို တစ်ခုပြီးတစ်ခု ယူဆောင်စားသုံးခဲ့ရာ လက်ရှိတွင် သူ့၏အမူအရာနှင့် ဟန်ပန်များက လီမင်ပေကဲ့သို့ပင် ဆင်တူလှသည်။

ရှီချန်ပေါ်က ဆီပြန်ချက်ထားသည့်ပုစွန်တစ်ကောင်နှင့် ဆွဲယူလိုက်သည်။

သူ ထိုပုစွန်ကို အနီးကပ် မြင်လိုက်ရလာသည်နှင့် ရှီချန်ပေါ်တစ်ယောက် သူ၏ အတွေးများကို အတည်ပြုလိုက်မိလေသည်။

ဧပြီလအတွင်း၌ မစ္စတာလင်း၏ မွေးနေ့တွင် ရှီကျွင့်ကျဲမှ ဤဟင်းပွဲကို ချက်ပြုတ်ခဲ့ဖူးသည်။

အရသာသည်လည်း လုံးလုံးလျားလျား တူညီနေခဲ့ပေသည်။

ရှီချန်ပေါ်က ခေါင်းကို မော့လျက် ရှီကျွင့်ကျဲကို တစ်ချက်မျှ ကြည့်လိုက်သည်။ ထို့နောက်တွင်မူ ဤတစ်ကြိမ်တွင်တော့ သူ၏သားဖြစ်သူသည်ကာ လက်ညစ်ပတ်ခြင်းကိုပင် မကြောက်တော့ဘဲ လီမင်ကျန်းအတွက် ပုစွန်ကို ကြိုးစားပမ်းစား အခွံနွှာပေးနေသည်ကိုသာ တွေ့မြင်လိုက်ရေလေ၏။

ရှီချန်ပေါ် ရုတ်တရက် သူ၏စိတ်ထဲ၌သက်ပြင်းချလိုက်သည်။

“သိပ်တော့ မဆန်းတော့ပါဘူး”

လီမိသားစုကို ကောင်းမွန်သော အထင်အမြင်များ ပေးလိုဟန်ဖြင့် ရှီကျွင့်ကျဲသည် မီးဖိုချောင်ရှိ ပါဝင်ပစ္စည်းများအားလုံးကို ချက်ပြုတ်ပေးထားခဲ့လေသည်။

ကျန်းကျန်းမှ ဆူးများစွာရှိသည်ဟု ယူဆခဲ့သော ငါးကြင်းကိုပင် ငါးချိုချဉ်ဟင်းဖြစ် ပြုလုပ်ခဲ့သည်။

ငါးကြင်းအသားလွှာများကို ကောင်းမွန်စွာ လှီးဖြတ်ပြီးနောက်တွင် ငါးကို အကြော်ဒယ်အိုး၌ ကောင်းမွန်စွာ ကြော်ထားခဲ့သည်။

ထို့အပြင် ငါးကြင်းသည်ကား နဂါးဖြစ်ရန်အတွက် ဂိတ်တံခါးကို ခုန်ကျော်သည့် ပုံသဏ္ဍာန်ဖြင့် ထားရှိခံထားရပြီးမှ ချက်ပြုတ်ထားသော ဟင်းရည်အနှစ်ကို အပေါ်မှ ဆမ်းပေးထားခဲ့သည်။

မီးဖိုချောင်၌ ငါးချိုချဉ်၏ လှပသည့် ပုံစံအနေအထားကို မပျက်စီးအောင် ထားရှိရန်အတွက် ကျန်းကျန်းက ၎င်းကို မြည်းစမ်းရန် မရဲခဲ့ပေ။

မဒမ်လီမှ ပထမဆုံး တူကို ဆန့်ထုတ်လိုက်ပြီ့နောက်တွင်တော့ ကျန်းကျန်းတစ်ယောက် ဝမ်စုဖန်းအတွက် တစ်ဖဲ့ကို အရင်ထည့်ပေးရန် မစောင့်နိုင်တော့ပါချေ။

ထို့နောက်တွင်တော့ သူမကိုယ်သူမအတွက် အရေခွံကြွပ်ကြွပ်ရှိနေသော ငါးအသားတစ်ဖဲ့ကို လှမ်းယူကာ ပါးစပ်ထဲသို့ ထည့်လိုက်တော့သည်။

**

All Chapters