← Chapters

အခန်း (၂၂၂)

Vol. 23 Ch. 222

အခန်း (၂၂၂)

Vol. 23 Ch. 222

ရှီကျွင့်ကျဲမှာ ကျန်းကျန်းကို ဘေးစောင်းကြည့်နေ၍ သူ့၏မျက်နှာ၌ နွေးထွေးသည့် အပြုံးတစ်ခု ရှိခဲ့သည်။

ကျန်းကျန်း သူက သူမကို စိုက်ကြည့်နေသည်ကို တွေ့မြင်သော် လှည့်၍ သူ့၏ပခုံးကို ရိုက်လိုက်သည်။

“ရှင် ကျွန်မရဲ့ ငါးမျှားချိတ်ကိုထပ်ကြည့်နေရင် ကျွန်မရဲ့ မျှားချိတ်က ဗိုက်ထဲရောက်သွားလိမ့်မယ်နော်”

ရှီကျွင့်ကျဲ အသိပြန်ဝင်လာ၍ ငါးမျှားတံကို အလျင်အမြန် ဆွဲတင်လိုက်သည်။ ငါးမျှားကြိုးတစ်လျှောက်၌ သုံး၊ လေးပေါင်ခန့်ရှိသည့် ငါးနက်ကြီးတစ်ကောင်က ရေထဲမှ ခုန်တက်လာခဲ့သည်။

ရှီချန်ပေါ်မှာ အဝေးကနေ ထိုမြင်ကွင်းကို တွေ့မြင်သည်နှင့် လီမူဝူ၏ လက်မောင်းကို စိတ်လှုပ်ရှားစွာ ရိုက်လိုက်သည်။

“ကြည့်စမ်း၊ ငါ့သားလည်း ငါးမျှားတတ်တယ်”

လီမူဝူက အေးစက်စက် နှာမှုတ်လိုက်သည်။

“ငါ့သမီးက အဲဒီမှာ သင်မပေးခဲ့ရင် သူဖမ်းနိုင်မယ်ထင်လား”

ရှီချန်ပေါ်က ပြုံးပြီးပြောလိုက်သည်။

“ဒါဆို ငါ့သားက မျက်စိကောင်းတာပဲ”

ကျန်းကျန်း၏ အာရုံခံစားမှုများက သာမန်လူများထက် ပိုမိုထက်မြက်သည်။ သူမအနေဖြင့် ပတ်ဝန်းကျင်ကို အချိန်တိုင်း သတိထား၍ ကြည့်နေရန် မလိုပေ။

မဒမ်လီနှင့် အခြားသူများ ရောက်ရှိလာသည်ကို တွေ့မြင်သော် သူမက ရှီကျွင့်ကျဲ၏ ပခုံးပေါ်က လက်ကို အလိုအလျောက် ဖယ်ရှား၍ မဒမ်လီကို လက်ဝှေ့ယမ်းပြလိုက်သည် ။

“အဘွား၊ အဘွားတို့ ကြည့်ပါဦး၊ သမီးတို့ ငါးတွေ အများကြီး ထပ်ဖမ်းမိထားပြီ”

ရှီချန်ပေါ်က လူငယ်နှစ်ယောက်မှ ငါးများအပြည့်ပါသည့် ပုံးတစ်ပုံးကို ပြင်ဆင်နေသည်ကို မြင်လျှင် သွားရောက်ကြည့်ရှုခဲ့လေသည်။

ငါးများကိုမြင်ပြီးနောက်တွင်တော့ သူ့လက်များက ယားယံလာ၍ ရှီကျွင့်ကျဲ၏ လက်ထဲမှ ငါးမျှားတံကို လှမ်းဆွဲယူလိုက်ပြီး လီမူဝူကို စိန်ခေါ်လိုက်သည်။

“အပြင်မှာ ငါးနည်းနည်းပဲ ရှိတယ်၊ ဒီရေကန်မှာ ငါးမျှားကြရအောင်၊ ဘယ်လိုလဲ”

လီမူဝူက ငါးမျှားတံကို ဆွဲယူ၍ ငါးစာတစ်ပိုင်းယူကာ ပုံစံဝိုင်းထိုင်ခုံပေါ်၌ ထိုင်လိုက်သည်။

“ဒါက ငါ့အိမ်က ငါးမျှားတံ၊ နောက်ပြီး ဒီတစ်ချောင်းပဲ ရှိတာ၊ မင်း ပြိုင်ပွဲလုပ်ချင်ရင် မင်းရဲ့ငါးမျှားတံကို အိမ်ပြန်ပြီး သွားယူလာခဲ့”

“ကောင်းပြီ မင်းစောင့်နေလိုက်”

ရှီချန်ပေါ်က လက်လှမ်း၍ လင်းရှို့လန်ထံမှ သော့ကို တောင်းလိုက်သည်။ ထို့နောက် အပြင်သို့ အမြန်ပြေးထွက်သွားရင်း စိန်ခေါ်ရန်လည်း မမေ့ချေ ။

“မင်းကို ဆယ်မိနစ်လောက် အရင်ပေးထားလိုက်မယ်၊ မင်း အရင်ဆုံး ဖြည်းဖြည်းချင်း ငါးမျှားထားလိုက်”

ဖခင်နှစ်ဦးလုံး ထပ်မံ၍ တိုက်ခိုက်တော့မည်ကို တွေ့မြင်သော် ကျန်းကျန်းက ငါးအပြည့်ပါသည့် ပုံးကို ချက်ချင်း သယ်၍ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

ရှီကျွင့်ကျဲမှာ ကျန်းကျန်းမှ ဂရုမစိုက်ဘဲ သယ်သွားသည်ကိုမြင်လျှင် ပေ ၂၀ ကျော်ခန့် အဝေးမှပြေးထွက်၍ သူမနောက်သို့ လိုက်ပါရတော့သည်။

ဆယ်ပေါင်ခန့် အလေးချိန်ရှိသည့် ငါးပုံးကို မကြည့်နှင့်။ ကျန်းကျန်းက ၎င်းကို ပေါ့ပေါ့ပါးပါးပင် သယ်ဆောင်သွားခဲ့သည်။

ရှီကျွင့်ကျဲတစ်ယောက် ဥယျာဉ်ထဲမှ အိမ်တံခါးဝ ရောက်မှသာ ကျန်းကျန်းကို မှီနိုင်ခဲ့သည်။ သူက အရှေ့သို့ တိုး၍ ပုံး၏ လက်ကိုင်ကို ဖမ်းဆွဲလိုက်သော် ကျန်းကျန်း၏ ဖြူဖွေးနူးညံ့သည့် လက်ဖဝါးလေးနှင့် တစ်စင်တီမီတာခန့် ကွာဝေးလောက်အောင် နီးကပ်နေခဲ့လေသည်။

ကျန်းကျန်းက သူ့၏လက်ကို ငုံ့ကြည့်၍ ပြုံးလိုက်ကာ ခေါင်းကို ပြန်မော့လိုက်သည်။

“တကယ်တော့ ဒါက လုံးဝမလေးပါဘူး”

ရှီကျွင့်ကျဲက ပြုံးလိုက်မိပြီး ခေါင်းခါလိုက်လေသည်။ သူ့၏ အသံမှာ အနည်းငယ် စိတ်ပျက်နေပုံပေါ်သည်။

“လီမင်ကျန်း၊ မင်း ကိုယ့်ကို ကြွားဝါခွင့် မပေးချင်တာတော့ မဟုတ်ဘူးလား”

အမြန်ပြေးလာသည့်အတွက် ရှီကျွင့်ကျဲ၏ ပါးပြင်များက နီရဲနေသည်။ နံနက်တိုင်းပြေးသည့်အချိန်များတွင် သူမက ချွေးမထွက်တတ်သော်လည်း သူ့နဖူး၌ အမြဲတစေ ချွေးစက်များ ရှိနေတတ်သည်။

ကျန်းကျန်းက အနည်းငယ်လောက်စိုးရိမ်တကြီးနှင့် မျှော်လင့်စွာကြည့်နေသည့် ရှီကျွင့်ကျဲ၏ မျက်နှာကို ကြည့်၍ ရုတ်တရက် ပြုံး၍ လက်လွှတ်ပေးလိုက်သည်။

“ကျွန်မက သာမာန်မိန်းကလေးတစ်ယောက်နဲ့ သိပ်မတူဘူးမလား”

“မတူဘူး”

ရှီကျွင့်ကျဲက ပုံးကို သယ်ဆောင်လာရင်း သူ့လက်ထဲမှ အလေးချိန်ကြောင့် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။ ပြီးနောက် သူမကို စိတ်ပျက်အားငယ်စွာ ကြည့်၍ ပြောလိုက်မိလေ၏။

“ဒါပေမဲ့ ဒီလိုကိစ္စမျိုးကို နောက်ဆို ကိုယ့်ကိုပဲ လုပ်ခိုင်းလို့ရတယ်”

ကျန်းကျန်းက သူ့၏ မဝံ့မရဲပုံစံကို ကြည့်လိုက်မိသည်။ ၎င်းကို ဝန်ခံခြင်းဟု သတ်မှတ်မည်လား မသေချာပေ။

ရှီကျွင့်ကျဲ၏ ယခင်က လုပ်ရပ်များက သူ သူမကို ကြိုက်နေသည်ကို ဖော်ပြနေသော်လည်း ရှီကျွင့်ကျဲမှာ ရှက်ရွံ့နေသည်လား သို့မဟုတ် အခြားစိုးရိမ်စရာများ ရှိ၍လား မသိ၊ တရားဝင် ဝန်မခံသေးပေ။

နောက်ပိုင်းမျိုးဆက်များ၌ ပြောဆိုကြသည့် ပရောပရည်ကာလကဲ့သို့ပင် ရှိနေသေးသည်။

သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် စိတ်ထဲက ခံစားချက်များကို ဂရုတစိုက် စမ်းသပ်နေကြသည်။ သို့သော်လည်း ပိုမို၍ အဆင့်တက်ရန် မည်သည့်အခါမျှ မရဲခဲ့ကြပေ။

လေအေးတစ်ချက် တိုက်ခတ်သွား၍ ဥယျာဉ်ထဲမှ ပန်းနံ့သင်းသင်းများကပါ သယ်ဆောင်ခံလာခဲ့ရသည်။ ကျန်းကျန်းက ရုတ်တရက် ခေါင်းမော့၍ ရှီကျွင့်ကျဲကို ကြည့်လိုက်သည် ။

“ဒါပေမဲ့ ဘယ်လိုနာမည်မှ မရှိတဲ့သူက ကျွန်မက ဘယ်လိုလုပ်ပြီး အမြဲတမ်း ကူညီခိုင်းနေနိုင်မှာလဲ”

ရှီကျွင့်ကျဲက ခဏတာ ကြောင်သွား၍ မတုန့်ပြန်နိုင်ခင် သူ့ရှေ့မှ လှပချိုသာသည့် မိန်းကလေးက သူ့ကို ဝိုင်းစက်သည့်မျက်လုံးလေးများနှင့် စိုက်ကြည့်ကာ ပြောလာသည်ကို တွေ့မြင်လိုက်ရသည်။ သူမ၏ လေသံ၌ အနည်းငယ် ခိုင်မာမှုရှိနေခဲ့သည်။

“ရှီကျွင့်ကျဲ၊ ကျွန်မ ရှင့်ကိုအရမ်းကြိုက်တယ်၊ ရှင် ကျွန်မနဲ့ တွဲချင်လား”

ရှီကျွင့်ကျဲ ကျန်းကျန်းအား အံ့အားသင့်စွာ ကြည့်လိုက်မိသည်။ သူ့အနေဖြင့် သူ၏နားကိုပင် သူ မယုံနိုင်ခဲ့ပေ။

သို့ဖြစ်လျှင် သူမလည်း သူ့ကို ကြိုက်သည်ဟု ဆိုနိုင်သည်လား။

ရှီကျွင့်ကျဲ၏ နားရွက်ဖျားများ ချက်ချင်းပင် နီရဲလာသည်။ သူက ပုံးကို ချလိုက်ပြီး ကျန်းကျန်း၏ ဆံပင်ကို ညင်သာစွာ ထိလိုက်သည်။

ထိို့နောက် သူ့မျက်နှာ၌ နူးညံ့သည့် အပြုံးတစ်ခုနှင့်ပြောလိုက်လေသည်။

“ဒီစကားကို ကိုယ်က အရင်ဆုံး ပြောခဲ့သင့်တာပါ”

စိတ်ထဲက အတွေးများကို ဖိနှိပ်ရင်း ရှီကျွင့်ကျဲက သူ၏အတွေးများကို လျင်မြန်စွာ စီစဉ်လိုက်သည်။

ထို့နောက် ဒူးတစ်ဖက်ထောက်ကာ ကျန်းကျန်းကို ကြည့်၍ ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

“ကိုယ် မင်းကို ပထမဆုံး မြင်ဖူးတာက ကျောင်းစတက်တဲ့ ပထမဆုံးနေ့ပဲ၊မင်းက အနီရောင် သိုးမွေးကုတ်အင်္ကျီလေး ဝတ်ထားပြီး ကိုယ့်ရဲ့မျက်လုံးထဲကို ရောက်လာခဲ့တယ်၊

အဲဒီအချိန်မှာပဲ ကိုယ်က မင်းနဲ့တွေ့ဖို့အတွက် ဒီကမ္ဘာကြီးကို ရောက်လာတာကို သိလိုက်ရတယ်၊

မင်းကို ဘယ်အချိန်ကစပြီး ချစ်မိသွားလဲဆိုတာကိုတော့ ကိုယ်မသိဘူး၊ ဒါပေမယ့် တစ်နေ့ကျတော့ ကိုယ့်ရဲ့ မသိစိတ်ကနေ မင်းရဲ့နောက်ကို အမြဲလိုက်နေမိတယ်ဆိုတာကို သတိပြုမိ လိုက်ရတယ်၊

မင်းနဲ့တွေ့မှပဲ ကိုယ်က အချစ်ရဲ့ကျေးကျွန် ဖြစ်သွားပြီဆိုတာကို သိလိုက်ရတယ်၊

ဒါပေမယ့် မင်းက အရမ်းလှပပြီး ချစ်စရာကောင်းလွန်းတယ်၊ ဘာကိုပဲလုပ်လုပ် အမြဲတမ်းစိတ်အားထက်သန်နေတယ်၊ ကိုယ်က မင်းကြိုက်တဲ့ပုံစံ မဟုတ်မှာကို စိုးရိမ်နေခဲ့တာ၊

ကိုယ် ပေးတဲ့အချစ်က မင်းမျှော်လင့်သလောက် ပြီးပြည့်စုံတာမျိုး မဖြစ်နိုင်မှာကိုလည်း ကြောက်တယ်၊ ဒါပေမဲ့ ဒီအတွက်ကြောင့် ကိုယ် မင်းကို လိုက်တာကို လက်လျှော့မှာ မဟုတ်ဘူး၊

မင်းသာ ငါ့ကို အခွင့်အရေးပေးပြီး မင်းရဲ့ချစ်သူ ဖြစ်ခွင့်ပြုမယ်ဆိုရင် ငါ အတတ်နိုင်ဆုံး ကြိုးစားပြီး မင်းမျှော်လင့်ထားတဲ့ အချစ်ကို ပေးပါ့မယ်”

ရှီကျွင်းကျဲ၏ ဝန်ခံစကားကို နားထောင်ရင်းဖြင့် သူတစ်ပါးကို ချစ်ကြိုက်ကြောင်း အစပြုဝန်ခံရန်အတွက် ရှက်ရွံ့ခြင်းမရှိသည့် ကျန်းကျန်းတစ်ယောကင ရုတ်တရက် ပါးပြင်များ ပူနွေးလာခဲ့သည်။

ထိုပါးပြင်ကို မထိဘဲ နေစေကာမူ ကျန်းကျန်းတစ်ယောက် သူ၏ပါးပြင်များ နီမြန်းနေသည်ကို မြင်ယောင်နိုင်သည်။

သူမ၏ လှပသည့်မျက်လုံးများကို တဖြတ်ဖြတ်ခတ်ရင်းဖြင့် ကျန်းကျန်းတစ်ယောက် ပထမဆုံးအကြိမ် ရှက်သွေးဖြာလာရသည်။

သူမ အတတ်နိုင်ဆုံး ရှက်စိတ်ကို ထိန်းချုပ်၍ သူမ၏ မသက်မသာဖြစ်နေသည့် စိတ်ကို စနောက်လိုမှုနှင့် ဖုံးကွယ်လိုက်သည်။

“ပြင်သစ်မှာ ကြီးပြင်းလာတာဆိုတာကို ထည့်ပြောနေစရာတောင်မလိုဘူးပဲ၊ ဝန်ခံစကားကတောင် လက်ထပ်ခွင့်တောင်းသလိုဖြစ်နေတယ်၊ ကျွန်မနည်းနည်း ရှက်လာပြီ”

ရှီကျွင့်ကျဲကတော့ ကျန်းကျန်း၏စကားများက သူ၏ဝန်ခံစကား၏ လေထုကို ဖျက်ဆီးသည်ဟု မခံစားရပါချေ။ သူသည် ကျန်းကျန်းကို နူးညံ့စွာ ကြည့်၍ လေးနက်စွာ မေးမြန်းလိုက်သည်။

“ဒါဆို မစ်စ်လီမင်ကျန်းက ကိုယ့်ကို မင်းရဲ့ ချစ်သူဖြစ်ခွင့်ပေးမယ့် အခွင့်အရေး ပေးဖို့ ဆန္ဒရှိပါသလား”

ကျန်းကျန်းတစ်ယောက် သူမ၏မျက်နှာကို ဖုံးအုပ်လိုက်မိသည်။ သူ၏၏ရင်ဘတ်အတွင်းနှလုံးခုန်သံကမှာ စည်တီးသကဲ့သို့ ကျယ်လောင်စွာ ကြားနေရပြီပင်။

“ကောင်းပြီ”

ဤခဏတာအတွင်း၌ပင် ရှီကျွင့်ကျဲသည်ကား ကမ္ဘာပေါ်၌ အလှဆုံးသောအသံကို ကြားလိုက်ရသကဲ့သို့ ခံစားလိုက်ရလေသည်။

သူက ကျန်းကျန်းကို ပျော်ရွှင်သည့်အပြုံးနှင့် ကြည့်လိုက်မိသည်။ ကျန်းကျန်းတစ်ယောက် ရှီကျွင့်ကျဲ၏ အပြုံးကိုကြည့်၍ မနေနိုင်ဘဲ သူ၏မျက်နှာကို ထိလိုက်လေသည်။ ထို့နောက် သူမ ပျော်ရွှင်စွာ ပြုံးလိုက်သည်။

“ရှင်က အရမ်းကို ချောတာပဲ။”

အရေပြားချင်း ထိတွေ့ချိန်၌ ရှီကျွင့်ကျဲမှာ ရုတ်တရက် ကမ္ဘာကြီး တိတ်ဆိတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ပတ်ဝန်းကျင်မှ အရာအားလုံးက သူတို့နှင့် ဝေးကွာသွားသကဲ့သို့ပင်။ ရှီကျွင့်ကျဲ သူ၏နှလုံးသားအတွင်း၌ ကျန်းကျန်းကိုသာ မြင်နေရပြီး သူ၏အရေပြားပေါ်က ထိတွေ့မှုနှင့် ကျန်းကျန်းကိုသာ ခံစားနေရသည်။

ရှီကျွင့်ကျဲ မျက်လုံးမှိတ်၍ ကျန်းကျန်း၏ နူးညံ့သည့် လက်ဖဝါးများက သူ၏ မျက်နှာကို ညင်သာစွာ ပွတ်သပ်နေခဲ့သည်ကိုသာ တိတ်ဆိတ်စွာ ခံစားနေခဲ့သည်။

ဤခေတ်ကာလ၌ ကျန်းကျန်း၏ လုပ်ဆောင်ချက်များက ရဲရင့်သည်ဟု ဆိုနိုင်သော်လည်း သူသည်ကား အနောက်တိုင်း လူ့အဖွဲ့အစည်း၏ တိုက်ရိုက်ပုံစံကို ကျင့်သားရပြီးသား ဖြစ်ပေသည်။

ရှီကျွင်းကျဲ၌ ဤကဲ့သို့ ကိစ္စရပ်များအတွက် ပဒေသရာဇ်ဆန်သည့်၊ ရှေးရိုးစွဲသည့် အတွေးအခေါ်များ မရှိပါချေ။

ချစ်သူများအကြား ရင်းနှီးမှုမျိုးကို သူ နှစ်သက်ပေသည်။ သူ ကျန်းကျန်း၏ လက်ဖမိုးကို ဖုံးအုပ်၍ ကျန်းကျန်း၏ ချောမွေ့သည့် အရေပြားကို ထိတွေ့ခံစားလိုက်ရသော် ရှီကျွင့်ကျဲ၏ နှလုံးသားက တုန်ခါသွားရပြန်သည်။

ကျန်းကျန်း ရှီကျွင့်ကျဲ၏ လက်ကို နောက်ပြန်ဆုတ်၍ ဆွဲယူလိုက်သည်။

“ကောင်းပြီ၊ အခု စက္ကူပြတင်းပေါက်ကို ဖောက်ထွင်းပြီးသွားပြီဆိုတော့ ကျွန်မအတွက် ငါးတွေကို မီးဖိုချောင်ကို ပို့ပေးပါဦး၊ နောက်ကျရင် ကျွန်မတို့ နေ့လယ်စာစားချိန် နောက်ကျတော့မှာ ကြောက်တယ်”

“ကောင်းပြီ။”

ရှီကျွင်းကျဲ အပြုံးတစ်ခုဖြင့် သဘောတူလိုက်သည်။ ကျန်းကျန်းက သူ့၏လက်ကို လက်မလွှတ်လိုကြောင်း တွေ့မြင်ရသော် သူက သူမ၏လက်လေးကို ဆုပ်ကိုင်၍ ကျန်လက်တစ်ဖက်နှင့် ပုံးကို ကိုင်ယူလိုက်သည်။

**

All Chapters