← Chapters

အခန်း (၂၃၁)

Vol. 24 Ch. 231

အခန်း (၂၃၁)

Vol. 24 Ch. 231

ဆောင်းရာသီကိုရောက်ရှိပြီးနောက်မှာ ဆောင်းရာသီကျောင်းပိတ်ရက်ကလည်း မျက်စိတစ်မှိတ်အတွင်း ရောက်လာခဲ့ပြီ။

ကျန်းကျန်းလည်း အိမ်ကို ပြန်ရောက်လျှင် ရောက်ချင်း အိမ်နောက်ဖေးရှိ ခြံလွတ်ကို စိတ်အားထက်သန်စွာ ရှင်းလင်းလိုက်သည်။

လီမင်နန်နှင့် လီမင်တုန်တို့သည်လည်း ကျောင်းပိတ်ပြီဆိုသည်နှင့် သူတို့၏ ဇနီးနှင့် ကလေးများကို မြို့တော်ကို ခေါ်လာ၍ ပြန်လည်ဆုံဆည်းကြတော့မည်။

လီမင်နန်စုံတွဲက နွေရာသီတုန်းက ဘီစကစ်နှင့် ဖက်ထုပ်တို့ကို ဤသို့ ခေါ်ယူလာခဲ့ဖူးသည်။ မင်တုန်တို့ကမူ ဝေးလံခြင်းကြောင့် မြို့တော်သို့ တစ်ခါမျှ မရောက်ခဲ့ကြသေးပေ။

အစီအစဉ်အတိုင်း လီမင်တုန်နှင့် ကွေ့ဟွားတို့က သူတို့၏ ကလေးများကို ပင်းချန်ကိုခေါ်သွား၍ လီမင်နန်မိသားစုနှင့် တွေ့ဆုံပြီးမှ ရထားဖြင့် မြို့တော် ကို သွားကြလိမ့်မည်။

လီမင်နန်က သူ၏မိသားစု မည်သည့်နေရာ၌ နေသည်ကို သိပြီးဖြစ်သည်။

ကလေးများသည်လည်း လူကြီးများဖြစ်နေပြီဖြစ်သဖြင့် ပစ္စည်းများ သယ်ရန် ကူညီနိုင်ခြင်းကြောင့် မည်သည့်အချိန်ရောက်မည်ဟူသည်ကို ကြေးနန်းပို့ရန် မလိုတော့ပေ။

သို့သော် ကျောင်းပိတ်လျှင် လာမည်ဟု သဘောတူထားသဖြင့် မနက်စောစောကတည်းက အိမ်ကို သန့်ရှင်းရေးလုပ်ထားခဲ့ကြသည်။

အရင်တုန်းက အပူပေးပိုက်များ တပ်ဆင်ထားခြင်းကြောင့် ရာသီဥတုအေးသည်နှင့် အပူပေးစနစ် စတင်လည်ပတ်ခဲ့သည်။ အိမ်ထဲ၌ နွေးထွေးနေရုံသာမက အရင်ကဲ့သို့ မီးဖိုချောင်က ညစ်ပတ်နေခြင်းမျိုးလည်း မရှိတော့ပေ။

စိတ်လည်း အတော်သက်သာလှပေသည်။

ပြတင်းပေါက်ကြီးမှတဆင့် အပြင်ဘက်ရှိ တိုက်ခတ်နေသည့် လေမုန်တိုင်းကို ကြည့်နေရင်း အိမ်ထဲရှိ အဖြူအမည်းရုပ်မြင်သံကြားတွင်လည်း ရုပ်ရှင်အဟောင်းများပြသနေသည်ကို ဖွင့်ထားခဲ့နေသည်။

ထိုအချိန်၌ မဒမ်လီက လိမ္မော်သီးများ ခူးနေရင်းဖြင့် ဝမ်စုဖန်းကို ပြောလိုက်သည်။

“ကြည့်ပါဦး၊ အခုဘဝက ဘယ်လောက်တောင် ကောင်းလာပြီလဲ၊ စားဖို့ဝတ်ဖို့လည်း စိတ်ပူစရာ မလိုတော့ဘူး၊ ငါငယ်ငယ်တုန်းကဆိုရင် ဒီလိုနေ့ရက်မျိုးကို စဉ်းစားတောင် မစဉ်းစားရဲခဲ့ဘူး”

“အမေ၊ အမေ့ကို မပြောပါနဲ့၊ ကျွန်မ ငယ်ငယ်တုန်းကတောင် ဒီလိုမျိုး နေထိုင်ရမဲ့နေ့ရက်ကို ရောက်လာလိမ့်မယ်လို့ စဉ်းတောင် မစဉ်းစားရဲခဲ့ပါဘူး”

ဝမ်စုဖန်းက မဒမ်လီကို မျက်မှန်ဖြင့် ကြည့်၍ပြောလိုက်သည်။

“အမေ၊ ကျွန်မတို့ လီမိသားစုက ဘာလို့ဒီလောက် ကံကောင်းနေတာလဲ၊ ပြောရရင် ကျန်းကျန်းသာ မရှိရင် ကျွန်မတို့ လီမိသားစု ဒီလိုကောင်းမွန်တဲ့ အချိန်တွေ ရရှိမှာ မဟုတ်လောက်ဘူး”

“အဲဒီလောက်ဆိုးတာတော့ မဟုတ်ပါဘူး၊ အနည်းဆုံး လီမင်နန်နဲ့ လီမင်ပေတို့က တက္ကသိုလ်ဝင်ခွင့်ရဖို့ မဖြစ်နိုင်ဘူး၊ ကျန်းကျန်းက သူတို့ကို ပြန်လည်လေ့လာဖို့နဲ့ မေးခွန်းတွေလုပ်ဖို့ မခေါ်သွားရင် ဒီလိုကောင်းမွန်တဲ့ ကျောင်းကို ဝင်ခွင့်ရမှာ မဟုတ်ဘူး”

မဒမ်လီက လိမ္မော်သီးတစ်ခြမ်းကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။ လိမ္မော်ရည်ချိုချိုတို့က ပါးစပ်အပြည့် အေးမြချိုမြိန်မှုကို ပေးစွမ်းလိုက်သည်။

မဒမ်လီက ပျော်ရွှင်စွာ သက်ပြင်းချရင်း ဆက်ပြောလိုက်လေသည်။

“ဒီလိမ္မော်သီးကို ကျန်းကျန်း ဝယ်လာတာ၊ သူမက ဘယ်အသီးကိုပဲ ဝယ်ဝယ် ကောင်းကောင်းလေး စားရတာပဲ”

ကျန်းကျန်း၏ စွမ်းရည်ကို သတိရ၍ ဝမ်စုဖန်းက ညင်သာစွာ ရယ်လိုက်သည်။

“သူမသာ ခြံထဲမှာ တစ်နှစ်ပတ်လုံး သီးတဲ့ လိမ္မော်ပင်ရှိလာအောင် မစိုက်ရင် သူမက ကျန်းကျန်းဖြစ်လာမှာ မဟုတ်ဘူး”

ဤစကားကို ပြောပြီး ဝမ်စုဖန်းက မဒမ်လီကို စိုးရိမ်တကြီး ကြည့်၍မေးလိုက်သည်။

“အမေ၊ အမေပြောတာ ကျန်းကျန်းမှာ စကားပြောနိုင်တဲ့ စွမ်းရည်ရှိတယ်ဆိုတာ၊ နောင်ကျ ရှီမိသားစုက ကလေးကို အဲလိုမျိုး စွမ်းရည်ရှိနေတာကိုသိရင် လိုချင်ပါဦးမလား”

မဒမ်လီက လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။

“အဲဒါတွေကို မင်း စိတ်ပူစရာ မလိုဘူး၊ ကျန်းကျန်းက သူမရဲ့အကြောင်းကို သူမ ကောင်းကောင်းသိတယ်၊ သူမ ပြောသင့်တယ်လို့ ထင်ရင် ပြောလိမ့်မယ်၊ မင်း စိတ်မပူနဲ့”

“ကျွန်မ စိတ်ပူတာက သူတို့က သူမကို တမျိုးထင်မှာကိုပဲ၊ ကျွန်မတို့ရဲ့ ကျန်းကျန်းကို မကောင်းဆိုးရွားလို သဘောထားမှာလား ဒါမှမဟုတ် တစ်ခုခုလားဆိုပြီး ဆိုးဆိုးရွားရွား ဆက်ဆံမှာကို ကြောက်မိတယာ “

ဝမ်စုဖန်းက အရင်နှစ်အနည်းငယ်က ဤကဲ့သို့သော ကိစ္စများနှင့်ပတ်သက်၍ လူများ၏ တားမြစ်ချက်များကို ပြန်လည်သတိရမိသည်။

နတ်များနှင့် က၍ မြေခွေးများ မွေးမြူသည့်သူများပင် ရိုးရိုးသားသား မနေရဲခဲ့ကြပေ။

မဒမ်လီက လိမ္မော်သီးတစ်လုံးစားပြီးသည်နှင့် နောက်တစ်လုံးကို ကောက်ကိုင်လိုက်သည်။

“သူက အဲဒီလိုလူဆိုရင် ကျန်းကျန်းက နောင်ကျ သူ့ကို လက်ထပ်မှာ မဟုတ်ဘူး၊ စိတ်မပူနဲ့၊ ကျန်းကျန်းရဲ့ စိတ်က ပိုပြီး ကြည်လင်တယ်၊ သူမက ကောင်းမွန်တဲ့လူကို မြင်နိုင်တယ်”

“ဘာလဲ! ကျန်းကျန်းက ဘယ်သူ့ကို လက်ထပ်တော့မှာလဲ”

လီမူဝူက မှောင်မည်းနေသည့် မျက်နှာဖြင့် ကုလားကာကို ဖွင့်၍ ဝင်လာသည်။

“ရှီမိသားစုက အဲဒီကောင်လေးက ကျွန်တော့်သမီးအပျိုလေးကို ပြန်ပေးဆွဲဖို့ ကြိုးစားနေတာလား”

ဝမ်စုဖန်းက သူမ၏နှလုံးခုန်နှုန်းမြန်လာခြင်းကြောင့် ကြောက်လန့်သွား၍ ရင်ဘတ်ကို လက်ဖြင့်အုပ်ကာ သူ့ကို အပြစ်တင်သကဲ့သို့ ကြည့်လိုက်သည်။

“ကောင်းပြီ၊ ဒေသတကြီး ခုန်ပေါက်မနေနဲ့၊ ဘာဖြစ်နေတာလဲ ၊ မင်းဆီမှာတစ်ခုခုပြောစရာရှိရင် ကောင်းကောင်းပြောလေ”

“ကျွန်တော့်ကို ပိုပြီးရှင်းလင်းအောင် ပြောပြဦး၊ ကျွန်တော့်ရဲ့သမီးကို ဘေးအိမ်က ခိုးယူပြီး ချွေးမလုပ်တော့မှာတဲ့လား”

လီမူဝူက ပို၍ပင် ထိုင်မနေနိုင်တော့ပေ။

“အဲဒီကလေးက ဘာကောင်းတယ်လို့ ထင်ရလို့လဲ”

“သူရဲ့ မျက်နှာကောင်းတယ်လေ”

ကျန်းကျန်းက တံခါးဖွင့်၍ ဝင်လာပြီး လီမူဝူ၏ ကြီးမားသည့် မျက်နှာမည်းကြီးကို ပြုံး၍ ကြည့်လိုက်သည်။

“သူက ပုံမှန်မဟုတ်လောက်အောင် ချောတာ၊ သူ့ကို မြင်ရင် သမီးပျော်တယ်”

လီမူဝူက သူ၏ ကိုယ်လုံးပြည့်၍ အရပ်ရှည်လာပြီဖြစ်သည့် သမီးကို ကြည့်လိုက်သောအခါ သူ၏ဗိုက်ထဲရှိ ဒေါသများသည်က ချက်ချင်း ပျောက်ကွယ်သွားသည်။

“ကောင်းပြီ၊ ဒါဆိုရင်လည်း ချက်ချင်း လက်ထပ်လို့ မရသေးဘူးနော်၊ မင်းသိတယ်မလား၊ နောင်ကျ သူ့ထက် ပိုချောတဲ့သူနဲ့ တွေ့ရင် ဘယ်လိုလုပ်မလဲ”

ဘူးတစ်ခုကိုကိုင်ဆောင်၍ တံခါးဝသို့ ရောက်လာသည့် ရှီကျင့်ကျဲ :

“....”

ကျန်းကျန်းက သူမ၏အသိစိတ်နှင့် တံခါးဝ၌ ရပ်နေသည့် ရှီကျင့်ကျဲကို မြင်လိုက်ရ၍ သူမကိုယ်သူမ မယုံကြည်သည့် အမူအရာဖြင့် သူ၏မျက်နှာကို ထိလိုက်သည်။ ပြီး၍ အမြန်ထပ်ပြောလိုက်မိလေသည်။

“အိုး၊ အဖေ၊ တကယ်တော့ မျက်နှာက တစ်စိတ်တစ်ပိုင်းလောက်ပါပဲ၊ အဓိကကတော့ သမီးက လူကို ကြိုက်တာ”

လီမူဝူ မယုံမကြည်ည်ကို ကြောက်ပုံရသည်၊ ကျန်းကျန်းက ခေါင်းငြိမ့်၍ လေးလေးနက်နက် ပြောလိုက်သည်။

“သမီး သူ့ကို တကယ်ကို ကြိုက်တယ်”

လီမူဝူက သူ၏သမီးကို စိတ်ပျက်အားငယ်စွာ ကြည့်လိုက်၍ ခေါင်းလှည့်ကာ ဝမ်စုဖန်းကို ဒေါသတကြီး ကြည့်လိုက်သည်။

“မင်း မင်းရဲ့သမီး ကောင်းကောင်းပြောထားဦး၊ မိန်းကလေးဆိုတာက ထိန်းသိမ်းရမယ်၊ ဘာလို့ ဒီလောက်တောင် မရှက်မကြောက်နှင့် ဘယ်သူ့ကို ကြိုက်တယ်ဆိုတာကို ဂရုမစိုက်ပဲ ပြောနေရတာလဲ၊ သူမကို ရယ်စရာဖြစ်အောင်လုပ်နေတာလား”

ဝမ်စုဖန်းက သူ့ကို စကားမပြောဘဲ စိုက်ကြည့်လိုက်သည်။

“ဘာလို့ လာကြည့်နေတာလဲ? မင်းရဲ့သမီးက ကလေးဘဝကတည်းက ယောက်ျားလေးတွေထက် ပိုရဲခဲ့တာ၊ မင်း မသိဘူးလား၊ မင်းရဲ့သမီးအပြင် နောက်ထပ် ရယ်မောရဲတဲ့သူရှိလာရင် အဲဒါ ကျန်းကျန်းပဲ၊ တခြားသူသာ ငါတို့ကို လှောင်ရယ်ရင် သူမနဲ့ အဆင်ပြေနေဦးမှာတဲ့လား”

မဒမ်လီက ကုလားထိုင်ပေါ်၌ ခြေထောက်ချိတ်ထိုင်၍ ပန်းသီးကို ကိုက်စားနေသည်။

ဤကဲ့သို့ အသက်ကြီးမှ သွားများ ကောင်းနေခြင်းက သူမအတွက် ခက်ခဲစေသည်။

ဆိုရလျှင် အားလပ်သည့်အချိန်၌ ပန်းသီးနှင့် ဖရဲစေ့များကို ကိုက်စားရသည်ကို ကြိုက်သည်။

စားရသည်မှာလည်း အရသာရှိလွန်းနေခဲ့သည်။ မဒမ်လီက တဂျွတ်ဂျွတ်နှင့် ပန်းသီးကို တစ်ကိုက်ကိုက်၍ သူ၏မြေးမလေးကို ကြည့်လိုက်ကာ အလွန်ပင် ဂုဏ်ယူမိသည်။

“တကယ်တော့ ငါတို့ လီမိသားစု ကျန်းကျန်းက ငါ့ကို တူတာပဲ၊ အရင်တုန်းက ငါ ကျန်းကျန်းလောက် အရွယ်ရှိတုန်းကလည်း အရမ်းရဲတယ်?

ငါ့ကို ဆွဲဆောင်ခဲ့ပြီး မင်္ဂလာဆောင်ပေးဖို့ ပွဲစားကို ငါတို့အိမ်ကို ဖိတ်ခေါ်ခဲ့တာတွေ ရှိခဲ့ဖူးတယ်၊ ဒါပေမယ့် ငါက ဘယ်သူ့ကိုမှ မကြိုက်ဘူးလေ၊

မင်းရဲ့အဖေကိုပဲ ချစ်မိသွားတာ၊ ဒါကြောင့် ငါ မင်းအဖေရဲ့အိမ်တံခါးဝကို တိုက်ရိုက်သွားပြီး မင်းအဖေကို ပြောလိုက်တယ်၊ ‘ရှင် ကျွန်မကိုကြိုက်ရင် ကျွန်မရဲ့အိမ်ကို လာပြီး လက်ထပ်ခွင့်တောင်းပါ’ဆိုပြီးတော့၊

ဒါကြောင့် မင်းအဖေက ရောက်လာခဲ့တာ”

လီမူဝူက မဒမ်လီကို မျက်နှာမည်းမှောင်စွာဖြင့် ကြည့်လိုက်သည်။

“အမေ၊ အမေမှာ ဒီလိုသမိုင်းကြောင်းရှိသေးတာလား၊ ကျွန်တော် အရင်က ဘာလို့ မကြားဖူးတာလဲ”

မဒမ်လီက သူ့ကို မျက်လုံးဖြူလှန်ပြရင်းဖြင့် ကြည့်လိုက်သည်။

“အဲဒီနှစ်တွေတုန်းက ငါ စားဖို့တောင် မလုံလောက်ဘူး၊ ဘယ်မှာများ ဒီလိုကိစ္စအဟောင်းတွေအကြောင်းကို ပြောဖို့ စိတ်ရှိမှာလဲ၊ ကျန်းကျန်း ဒီလိုမျိုးဖြစ်တာ ကောင်းတယ်လို့ ငါထင်တယ်၊

ဘဝဆိုတာ တစ်သက်တာပါပဲ၊ ကောင်းတဲ့လူတွေက ကိုယ့်ဘာသာ သိကြတယ်၊ ဘာစကားမျိုးတွေ ပြောရင် ဘယ်လိုစိတ်ထားလဲဆိုတာ သိနိုင်တာပဲ”

“အမေ၊ အမေ သူတွုကို သေသေချာချာမသိသေးဘူးမလား”

ဝမ်စုဖန်းက ပြုံး၍ လီမူဝူကို မျက်စိမှေးကြည့်လိုက်ပြီး တမင်တကာ နှုတ်ခမ်းကို မဲ့လိုက်သည်။

“ကျန်းကျန်းက အကောင်းဆုံးပဲ၊ တခြားလူတွေက နတ်ဘုရားတွေရဲ့ မျိုးဆက်ကို ရှာတွေ့ချင်ရင်တောင် အဲဒီမျိုးဆက်တွေက ကျန်းကျန်းကိုမှီမှာမဟုတာဘူး”

လီမူဝူက အမူအရာဆိုးရွားစွာဖြင့် အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

“ ငါ့သမီးက နတ်သမီးထက် မဆိုးပါဘူး”

သူတို့က စကား ပို၍ပြောလေလေ အကြောင်းအရာက ပို၍ ဝေးလေလေ ဖြစ်လာသည်ကို မြင်သောအခါ ကျန်းကျန်းက အမြန် ချောင်းနှစ်ချက် ဆိုးလိုက်သည်။

“သမီးတို့ အဓိပ္ပါယ်ရှိတဲ့ ကိစ္စတစ်ခုခုကိုပဲ ဆွေးနွေးကြမလား၊ ဥပမာ နောက်နေ့ နေ့လယ်စာ ဘာစားမလဲဆိုတာမျိုးပေါ့၊ သမီး မီးဖိုချောင်ထဲကိုသွားပြီး ပြင်ဆင်လိုက်မယ်လေ”

“အလုပ်ရှုပ်မခဲပါနဲ့”

ဝမ်စုဖန်းက သူမကို အမြန်ဆွဲ၍ မဒမ်လီ၏ဘေးကို ပို့လိုက်သည်။

“နင် နောက်ဆုံးတော့ နင့်အဘွားနဲ့ စကားပြောဖို့ ရက်နည်းနည်း အားလပ်ချိန်ရပြီ၊ ငါ နေ့လယ်စာ လုပ်ပေးမယ်၊ ဘာစားချင်လဲဆိုတာ မင်းရဲ့အမေကိုသာ ပြောလိုက်”

ကျန်းကျန်းက ထွေထွေထူးထူး စားချင်သည်များ မရှိပေ။ ဝမ်စုဖန်းကိုလည်း သိပ်အလုပ်ရှုပ်စေချင်သည်များ မဟုတ်။

ထို့ကြောင့် အပြင်ဘက်ရှိ တိမ်ထူထပ်သည့် ကောင်းကင်ကို ကြည့်ရင်း ကျန်းကျန်းက ပြောလိုက်သည်။

“အသားစွပ်ပြုတ်ဟင်းချိုနည်းနည်း လုပ်ရအောင်၊ စားရတာ နွေးနေရင်ပိုကောင်းမယ်”

**

All Chapters