← Chapters

အခန်း (၂၃၂)

Vol. 24 Ch. 232

အခန်း (၂၃၂)

Vol. 24 Ch. 232

ရှီကျင့်ကျဲက ကျန်းမိသားစုရှိလူများက သူ၏အကြောင်းကို ဆွေးနွေးတော့သည်မဟုတ်မှန်း ကြားလိုက်ရပြီးနောက် နောက်ဆုံး သက်ပြင်းချလိုက်မိသည်။

ထိုနောက် အသံကျယ်ကျယ်ဖြင့် မအော်ခင် ခြေလှမ်းအနည်းငယ်ခန့် နောက်သိုးဆုတ်လိုက်သေးသည်။

“အဘွားလီနဲ့ အန်တီလီတို့ အိမ်မှာ ရှိလား”

ရင်းနှီးသည့် အသံကို ကြားသောအခါ လီမူဝူက ပြင်းပြင်းထန်ထန် လျှောက်လာ၍ တံခါးဖွင့်လိုက်သည်။

“မင်းရဲ့ ဦးလေး လီမူဝူကတော့ အိမ်မှာရှိတယ်”

“မင်္ဂလာပါ ဦးလေး လီ”

ရှီကျင့်ကျဲက ချက်ချင်း ပြုံး၍ ခေါ်လိုက်သည်။

“ဦးလေး ဒီနေ့ အပြင်မသွားဘူးလား၊ ကျွန်တော် ထွက်လာတုန်းက သူတို့အားလုံး ဦးလေးဝမ်ရဲ့ အိမ်ကို စစ်တုရင် ကစားဖို့ သွားကြတာ တွေ့ခဲ့တယ်”

လီမူဝူသည် သူ့အတွက် နေရာပေး၍ ဝင်ခိုင်းလိုက်သည်။

“မင်းအဖေက မသွားဘူးဆိုရင် ငါတစ်ယောက်တည်းလည်း သွားဖို့ စိတ်မဝင်စားဘူး”

လီမူဝူသည် ရှီချန်ပေါ်ထံမှ စစ်တုရင်ကို သင်ယူခဲ့သော်လည်း တစ်ဝက်တစ်ပျက်သာ တတ်ကျွမ်းသည်။

ပုံမှန်အားဖြင့် ရှီချန်ပေါ်မှလွဲ၍ သူနှင့် ကစားလိုသည့် ကစားသမားသစ် နှစ်ဦးသာ ရှိသည်။ လမ်းကြားထဲမှ ပွဲများစည်ကား ဆရာကြီးများ၏ တိုက်ပွဲနှယ်၊ လီမူဝူ၌ ဘေးမှ ကြည့်ရှုသူအဖြစ်သာ ပါဝင်ခွင့်သာ ရှိ၏။

“မင်းအဖေ တကယ် အလုပ်ပြန်ဝင်သွားတာလား”

လီမူဝူသည် ရှီချန်ပေါ်ကို မတွေ့ရသည်မှာ တစ်လခွဲခန့် ကြာမြင့်ပြီဖြစ်ကြောင်း သတိရမိသည်။

သူနှင့်လည်း ပုံမှန် ရန်မဖြစ်တော့ချေ။ ရုတ်တရက် လီမူဝူသည် စိတ်ပျက်အားငယ်ခြင်းများ ဖြစ်ပေါ်လာသည်ဟု ခံစားရသည်။

“နှစ်ပတ်လောက်ရှိနေပြီ”

ရှီကျွင့်ကျဲက ပြုံးလိုက်သော်လည်း ထိုအကြောင်းကို များစွာ မပြောဆိုပေ။

ရှီချန်ပေါ်သကားည် မူလက နိုင်ငံရေးလှုပ်ရှားမှုကြောင့် အငြိမ်းစားယူရန် အတင်းအကျပ် ခိုင်းစေခံခဲ့ရပြီး အသက်မပြည့်မီကပင် ဖျားနာမှုကြောင့် အငြိမ်းစားယူခဲ့ရခြင်းဖြစ်သည်။

ထိုမငြိမ်မသက်ဖြစ်သော အချိန်ကာလများ၌ ငြိမ်းချမ်းစွာ အငြိမ်းစားယူနိုင်ပြီး များစွာ မပတ်သက်မိသည်က ကံကောင်းခြင်းပင်။

ထို့ကြောင့် ရှီချန်ပေါ်သည်သည်း ဖျားနာမှုနှင့် အငိမ်းစားယူခဲ့ရခြင်းကို အင်မတန် ကံကောင်းသည်ဟု သဘောထားခဲ့သည်။

သူကအချိန်ဖြုန်းရန်အတွက် အများအားဖြင့် ငါးဖမ်းခြင်း၊ စစ်တုရင် ကစားခြင်းများကို လုပ်ဆောင်ကာ အေးအေးဆေးဆေး နေထိုင်ခဲ့သည်။

ယခုမူ လှုပ်ရှားမှုများ ငြိမ်သက်သွားပြီး နိုင်ငံတော်မှလည်း ပြုပြင်ပြောင်းလဲရေးနှင့် ပွင့်လင်းရေးကို ကြေညာခဲ့သည့်အတွက် ကဏ္ဍအစုံစုံကို အားသွန်ခွန်စိုက် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရမည်။

ဤအချိန်၌ အရည်အချင်းရှိသူများ ရှားပါးနေသည်ကို တွေ့မြင်နိုင်ပေသည်။

ရှီချန်ပေါ်ကဲ့သို့ အရွယ်ကောင်းနေသေးသူများကို အရင်ဆုံး ပြန်ခေါ်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၌ ဆက်လက် တာဝန်ထမ်းဆောင်စေခဲ့သည်။

ဟုန်ရန်ဒေသ၌ ရှီချန်ပေါ်ကဲ့သို့သော ပုဂ္ဂိုလ်များ များစွာ ရှိသည်။ လီမူဝူနှင့် ပုံမှန် ကစားသောသူများလည်း ရုတ်တရက် တစ်ဝက်ခန့် လျော့နည်းသွားသည်။

လီမူဝူ တစ်ဦးတည်းသာ စိတ်ပျက်အားငယ်နေခဲ့ရသည်။ နေ့တိုင်း လည်ပင်းရှည်လျားစွာထား၍ သူ့ကို အလုပ်ခေါ်လိုသည့် ကောက်ပဲသီးနှံ ဂိုဒေါင်များ ရှိ၊ မရှိကို ရှာဖွေကြည့်ရှုနေခဲ့ရသည်။

လီမူဝူအနေဖြင့် ရှီချန်ပေါ် အလုပ်ပြန်ဝင်သွားသည်ကို သိရှိသော်လည်း ရှီကျွင့်ကျဲကို မေးမြန်းခြင်း မပြုဘဲ မနေနိုင်ခဲ့ချေ။

မျှော်လင့်ထားသည့် အဖြေကို ကြားရသည့်အခါ လီမူဝူသည် အနည်းငယ် စိတ်ပျက်အားငယ်သွားသည်။ သူက ရှီကျွင့်ကျဲကို မျက်လုံးလှန်ကြည့်၍

“ စိတ်အနှောင့်အယှက်ဖြစ်စရာပဲ”

ကျန်းကျန်းက လီမူဝူ၏ ပုံစံကို ကြည့်ရှု၍ ညနေပိုင်းတွင် ဆေးဖက်ဝင် အစားအစာများ သူ့အတွက် ချက်ပြုတ်ပေးရမည်ဟု စိတ်ထဲ၌ တွေးလိုက်သည်။ ဤလက္ခဏာသည် သွေးဆုံးခါနီး လက္ခဏာဖြစ်နေသည်မှာ ထင်ရှားသည်။

ဝမ်စုဖန်းက လီမူဝူကို လစ်လျူရှု၍ ရှီကျွင့်ကျဲကို ပြုံးရယ်လျက် ထိုင်ခိုင်းလိုက်သည်။

“ဘာလို့ တစ်ယောက်တည်း ရောက်လာတာလဲ၊ မင်းအမေ ဘာလို့ လာမကစားတာလဲ”

“အမေက ပန်းခြံထဲမှာ သူစိုက်ထားတဲ့ ပန်းပင်တွေကို ပြန်ပြီး ရှင်းလင်းနေတာ”

‌

ရှီကျွင့်ကျဲက ပြုံးလျက် ဆောရီငါးကို ဘေးသို့ ချထားလိုက်သည်။

“အဖေ့ရဲ့ ဆောရီငါးအသစ်လေ၊ အသားတွေက အတော်လေးထူတယ်၊ အမေက အဘွားနဲ့ အန်တီကို မြည်းစမ်းကြည့်ဖို့ တစ်ပုံး ယူသွားခိုင်းလိုက်တာ”

“ဒီကလေးကတော့၊ ငါတို့အိမ် ရပ်ကွက်ထဲမှာ နေတာလေ၊ မင်းနဲ့ ကျန်းကျန်းက ချစ်သူတွေပါ၊ ဘာလို့ ဒီလောက် ယဉ်ကျေးနေတာလဲ”

ဝမ်စုဖန်းက ရှီကျွင့်ကျဲအတွက် လက်ဖက်ရည် တစ်ခွက် ဖျော်ပေး၍ ဘေးစားပွဲပေါ်၌ ထင်းရှူးစေ့၊ ပန်းသီးစသည့် သရေစာတချို့ကို တင်ပေးလိုက့သည်။

ရှီကျွင့်ကျဲလည်း အလျင်အမြန် ထ၍ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ဝမ်စုဖန်း ထိုင်ပြီးမှသာ သူလည်း လိုက်ပါ ထိုင်ခဲ့သည်။

“ကျန်းကျန်းနဲ့ ကျွန်တော်တို့က ချစ်သူတွေ ဖြစ်နေလို့ပဲ ပိုပြီး ယဥ်ကျေးသင့်တာပေါ့၊ အဘွား၊ ဦးလေးနဲ့ အဒေါ်တို့ကို ကျွန်တော့်အကြောင်း ပိုပြီး လေ့လာခွင့်ပေးရမှာပေါ့၊ ဟုတ်တယ်မလား”

ဝမ်စုဖန်းသည်လည်း ချက်ချင်း ရယ်မော၍ မဒမ်လီအား ပြောဆိုသည်။

“အမေ၊ ကြည့်စမ်းပါဦး၊ ကျွင့်ကျဲရဲ့ ပါးစပ်က ဘယ်လောက်ချိုလဲဆိုတာ”

မဒမ်လီက ရှီကျွင့်ကျဲကို ကြည့်ရှု၍ သူ့၏စိတ်နှလုံးအောက်ခြေမှပင် နှစ်သက်နေခဲ့သည်။

လွန်ခဲ့သော လအနည်းငယ်အတွင်း၌ ရှီကျွင့်ကျဲသည်ကား လီမိသားစုအိမ်သို့ များစွာ ရောက်ရှိလာခဲ့ပြီး အဖွားအိုနှင့် စကားပြောဆိုခြင်း၊ ဥယျာဉ်အတွင်း ပေါင်းသင်ခြင်းနှင့် ရေကန်ရှင်းလင်းခြင်းများကို ကူညီပေးခြင်း၊ သို့မဟုတ် သူ၏ အနာဂတ်ချွေးမအတွက် ဟင်းလျာ အစုံအလင် ချက်ပြုတ်ပေးခြင်း စသည့်တို့ကို လုပ်ဆောင်ပေးခဲ့သည်။

ရှီချန်ပေါ်က ရှီကျွင့်ကျဲသည် သူ့အိမ်ထက် လီမိသားစုအိမ်၌ ပို၍ အလုပ်ကြိုးစားသည်ဟု မျက်လုံးလှန်၍ ချဉ်ပြုံးပြုံးနှင့် ပြောဆိုသည်ကို မြင်ရသည့်အခါ သူလည်း ဝမ်းသာရသည်။

ကျန်းကျန်းသည်ကား မဒမ်လီ၏ နှလုံးသားပေါ်၌ တန်ဖိုးထားရသည့် မြေးမလေးပင်။ သူ၏သမီးနှင့် မည်သူ ရင်းနှီးသည်ကို မြင်သည့်အခါ နာကျင်ရသော လီမူဝူ၏ နာကျင်မှုနှင့်မူ ကွာခြားသည်။ မဒမ်လီ၏ အတွေးသည်ကား :

“ငါ့မြေးမလေး ကြိုက်တယ်ဆိုရင် ဘယ်သူမဆို ဖြစ်တယ်၊ ငါ့မြေးမလေး မကြိုက်ဘူးဆိုရင် ကောင်းကင်ဘုံက ကောင်းကင်တမန်တွေဆိုလည်း ငါစိတ်မဝင်စားဘူး”

ထို့ကြောင့် ကျန်းကျန်း၏ အကူအညီဖြင့် ရှီကျွင့်ကျဲတစ်ယောက် မဒမ်လီနှင့် ဝမ်စုဖန်းတို့၏ မျက်နှာသာကို အလျင်အမြန် ရရှိခဲ့သည်။

မဒမ်လီနှင့် စကားပြောဆိုပြီးနောက် ရှီကျွင့်ကျဲက ထွက်ခွာရန် ပြင်ဆင်ခဲ့သည်။

သို့ဆိုသော်လည်း သူထွက်ခွာတော့မည်ဟု ပြောဆိုနေသော်လည်း သူ၏ ခြေထောက်များက မလှုပ်ရှားသေးဘဲ ကျန်းကျန်းကိုသာ မလွှတ်တမ်း ကြည့်နေခဲ့သည်။ ထိုပုံစံကို မြင်သည်နှင့် မဒမ်လီလည်း ထိုလူငယ်စုံတွဲတို့က ချိန်းတွေ့လိုပြန်ပြီဆိုသည်ကို သိလိုက်သည်။

မဒမ်လီသည် ရေတစ်ငုံ သောက်လိုက်ပြီး ကျန်းကျန်းက သူ့အား မျက်စိမှိတ်ပြသည်ကို မြင်သည်နှင့် ပြောဆိုလိုက်သည်။

“ကျန်းကျန်း၊ ရှီကျွင့်ကျဲရဲ့ အိမ်ကို သွားကြည့်ပါဦး၊ မင်းရဲ့အန်တီလင်းရှို့လန်ရဲ့ ပန်းတွေက ပြန်ညှိုးနွမ်းနေပြန်ပြီလား၊ သူမကို သွားရှာကြည့်ပါဦး”

“ကောင်းပါပြီ”

ကျန်းကျန်းက ကုလားထိုင်ပေါ်မှ ချက်ချင်း ခုန်ဆင်း၍ ပျော်ရွှင်စွာ ရှီကျွင့်ကျဲ၏ လက်ကို ဆွဲပြီး ထွက်ခွာသွားခဲ့သည်။

မဒမ်လီက သူ့လည်ပင်းကို ဆန့်၍ ထိုနှစ်ဦး လက်ချင်းတွဲလျက် တစ်ဦးကိုတစ်ဦး ရယ်မောရင်း ပြေးထွက်သွားသည်ကို မြင်ရသည့်အချိန်တွင် မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။

“ငယ်ရွယ်နုပျိုတာက ကောင်းလိုက်တာ၊ ငါတို့အိမ်က ကျန်းကျန်း ဘယ်လောက်ပျော်နေလဲဆိုတာ ကြည့်လိုက်ပါဦး”

ဝမ်စုဖန်းသည် မဒမ်လီအား သတိပေးလိုက်သည်။

“အမေ၊ သူတို့ လက်ချင်းတွဲထားတယ်”

မဒမ်လီသည် ခဏတာ ရပ်နားပြီးနောက် သူ့နှုတ်ခမ်းများကို စူလိုက်သည်။

“ငါ မြင်တယ်၊ ဒါပေမဲ့ အဲဒါ ကျန်းကျန်းက သူများရဲ့ လက်ကို သွားကိုင်တာ၊ ငါတို့ မနစ်နာဘူး”

ဝမ်စုဖန်း:”....”

မည်သို့ပင်ဆိုစေ၊ လင်းရှို့လန်၏ ပန်းများကို ကြည့်ရှုရန်ဟူသော အမည်ဖြင့် ထွက်လာခြင်းဖြစ်၍ ထိုနှစ်ဦးသည်ကား လင်းမိသားစု၏ ဖန်လုံအိမ်သို့ အရင်ဆုံး ရောက်ရှိလာခဲ့သည်။

ဤနေရာသည် မူလက နန်းတော်၏ ပန်းခန်းမဖြစ်သည်။ ရှီမိသားစု ပြောင်းရွှေ့လာပြီးနောက် လင်းရှို့လန်က ဤနေရာကို ပြန်လည်ရှင်းလင်း၍ ပန်းများ ဆက်လက်စိုက်ပျိုးခဲ့သည်။

လင်းရှို့လန်သည်ကား ပန်းများကို ချစ်မြတ်နိုးသူတစ်ဦးဖြစ်ပေသည်။ ပန်းခန်းမအတွင်း၌ အိုးပေါင်း ရာနှင့်ချီ၍ ရှိပြီး ပန်းအမျိုးအစားများစွာ ရှိသည်။ ထိုအထဲ၌ နူးညံ့၍ နာမည်ကျော်ကြားသည့် ပန်းတချို့လည်း ပါဝင်သည်။

ရှီကျွင့်ကျဲ ဖန်လုံအိမ်တံခါးကို ဖွင့်လိုက်သည်နှင့် ကျန်းကျန်းက အထဲသို့ ဝင်ရောက်ကာ နှုတ်ဆက်လိုက်သည်။

“အန်တီလင်း”

လင်းရှို့လန်လည်း သူမကို မြင်သည်နှင့် ရယ်မော၍ လက်အိတ်များကို ချွတ်၍ ချွေးစိုနေသော ဆံပင်များကို နားနောက်သို့ ပစ်တင်ပြီး ကျန်းကျန်းကို လက်လှမ်းပြသည်–

“အိမ်မှာ ဘာတွေကစားနေတာလဲ၊ မင်စကို နှစ်ရက်လောက် မတွေ့ရသေးဘူး”

ကျန်းကျန်းသည် ပြုံးလျက် ပြောလိုက်သည်။

“လွန်ခဲ့တဲ့နှစ်ရက်လောက်က စာအုပ်ဆိုင်ကနေ စာအုပ်နည်းနည်းလောက် ဝယ်ခဲ့ပြီး အိမ်မှာ ဖတ်နေတာ”

သူမသည် လင်းရှို့လန်ထံသို့ လျှောက်သွားပြီး မြေပြင်ပေါ်၌ ညှိုးနွမ်းနေသော ပျိုနီပန်းဖူးများရှိနေသည့် ပန်းအိုးတစ်အိုးကို မြင်ရသည့်အခါ အံ့အားသင့်စွာ မေးလိုက်သည်.

“ဒီပန်းက လွန်ခဲ့တဲ့ နှစ်ရက်လောက်က ကောင်းကောင်းမွန်မွန် မရှိခဲ့ဘူးလား”

ရှီကျွင့်ကျဲ၏ အဘွား၏ မွေးနေ့ ရောက်ရှိရန် တစ်လခွဲခန့်သာ လိုအပ်တော့သည်။

အဘွားကြီး၌ အခြားဝါသနာများ မရှိဘဲ ပျိုနီပန်းများကိုသာ နှစ်သက်သည်။ လင်းရှို့လန်သည်လည်း လွန်ခဲ့သော တစ်လက ဖန်လုံအိမ်အတွင်း၌ ပျိုနီပန်းများကို စိုက်ပျိုးရန် ကြိုးစားခဲ့သည်။

ကျန်းကျန်းက တစ်ပတ်လျှင် တစ်ကြိမ် အိမ်သို့ပြန်လာပြီး ရှီမိသားစု၏ ပန်းခန်းမကို လာရောက်ကြည့်ရှုခဲ့ကာ ပျိုနီပန်းများ၏ လိုက်လျောညီထွေဖြစ်မှု အခြေအနေအရ ဖန်လုံအိမ်အတွင်းရှိ အပူချိန်ကို ချိန်ညှိပေးခဲ့တတ်သည်။

ယခု ပန်းဖူးများမှာ ပွင့်ခါနီးအဆင့်သို့ ရောက်ရှိနေပြီဖြစ်၍ ဖန်လုံအိမ်အတွင်း အပူချိန် ရုတ်တရက် ကျဆင်းခြင်း မရှိသရွေ့ ပန်းပွင့်နှုန်းအပေါ် အခြေခံအားဖြင့် မည်သည့် ထိခိုက်မှုမျှ မရှိသင့်ပေ။

လင်းရှို့လန်၏ မျက်နှာတွင်လည်း မှိုင်းမှိုင်းမှုန်မှုန်အမူအရာမျိုး ရှိနေခဲ့သည်။

“ငါလည်း အံ့ဩမိနေရတာ၊ ကျွင့်ကျဲအဘွားရဲ့ မွေးနေ့ကလည်း နီးနေပြီဆိုတော့ သူမရဲ့မွေးနေ့မှာ ပန်းတွေပွင့်မယ်လို့ ထင်ထားတာ၊ ဒါပေမဲ့ အခုတော့ ကယ်နိုင်ပါဦးမလားမသိဘူး”

သူမက ကျန်းကျန်းကို ကြည့်ရှုပြီး ပျိုနီပန်းကို ငုံ့ကြည့်လိုက်ရာ မျက်လုံးများက လင်းလက်လာသည်။ ထို့နောက် သူမ အလျင်အမြန် ထရပ်၍ ကျန်းကျန်းအတွက် နေရာ ရွှေ့ပေးလိုက်သည်။

“ ကျန်းကျန်း၊ မင်းက ပန်းတွေ စိုက်တာ အကောင်းဆုံးပဲ၊ ဒီအကြောင်းကို မင်းအန်တီကို ပြောကြည့်ပါဦး၊

ဘာတွေ မှားနေတာလဲ၊

ငါ ဒီအပင်ကို နာရီအလိုက် ရေလောင်းဖို့၊ မြေသြဇာထည့်ဖို့ ပြင်ဆင်ထားတာ၊ ဘာလို့ ညှိုးနွမ်းသွားတာလဲ”

ကျန်းကျန်းလည်း ဆောင့်ကြောင့်ထိုင်လိုက်ပြီး ပန်းပွင့်ဖတ်များကို လက်ဖြင့်တို့ထိလိုက်သည်။ ပန်းခန်းမအတွင်းရှိ ပန်းဖူးများဖြင့် ပျိုနီပန်းအိုး ရှစ်အိုးလုံးကို သူမ၏ အသိစိတ်ဖြင့် တင်းတင်းကျပ်ကျပ် ဝန်းရံထားလိုက်သည်။

“အေး...အေးတယ်...အရမ်းအေးတယ်...အရမ်းနေလို့မကောင်းဘူး...”

All Chapters