← Chapters

အခန်း (၂၃၃)

Vol. 24 Ch. 233

အခန်း (၂၃၃)

Vol. 24 Ch. 233

ပျိုနီပန်း၏ အသိစိတ်သည်က ကျန်းကျန်း၏ စိတ်ထဲသို့ ရောက်ရှိလာခဲ့ သည်။ ကျန်းကျန်း အံ့အားသင့်စွာ ခေါင်းလှည့်ကြညာ့လိုက်မိပြီ ပျိုနီပန်းဘေး၌ ထားရှိသည့် သာမိုမီတာကို ကြည့်လိုက်သည်။

ဤသည်မှာ လင်းရှို့လန်က သုတေသနဌာနမှ အထူးဝယ်ယူခဲ့ခြင်းဖြစ်၍ အလွန် တိကျသည်။

“၂၁.၅ ဒီဂရီ၊ ဒီအပူချိန်က ကောင်းပါတယ်၊ ဘာလို့ အေးနေတယ်လို့ ခံစားရတာလဲ”

ကျန်းကျန်း ထူးဆန်းစွာဖြင့် ခေါင်းကိုစောင်းလိုက်မိသည်၊ သူမ နားမလည်နိုင်ခဲ့ချေ။

“အေးနေတာလား”

ပန်းခန်းမအတွင်း အလွန်ပူပြင်းသည့်အတွက် လင်းရှို့လန်က ရှပ်အင်္ကျီကိုသာ ဝတ်ဆင်ထားခဲ့သည်။

သူမသည်လည်း ပန်းတင်စင်ဘေးရှိ စာရွက်ကို ချက်ချင်း ရှာတွေ့လိုက်သည်။ ထိုစာရွက်ပေါ်၌ ဂရုစိုက်ရမည့် အချက်များ စာရေးထားသည်ကို တွေ့ရသည်။

အပေါ်မှအောက်သို့ အလျင်အမြန် ဖတ်ရှုလိုက်ရာ လင်းရှို့လန်သည် သူမ ကြည့်လိုသည့် စာကြောင်းကို ချက်ချင်း ရှာတွေ့သည်။

“ပန်းပွင့်ဖူးပြန့်တဲ့ အချိန်မှာ နေ့ဘက် အပူချိန် ၂၀ နဲ့ ၂၂ ဒီဂရီကြား၊ ညဘက် ၁၆ နဲ့ ၁၈ ဒီဂရီကြား ထားရမယ်...”

သူမက ကျန်းကျန်းကို တစ်ချက် ကြည့်လိုက်ပြီး အလျင်အမြန် ပြောဆိုသည်။

“မှန်ပါတယ်၊ ဒီရက်တွေမှာ အပူချိန်က ဒီအတိုင်းပါပဲ၊ ညဘက်ဆိုရင် အိပ်ရာမဝင်ခင် အပူပေးစက်ကို ချိန်ညှိပြီး အပူချိန်ပြောင်းလဲမှုက တစ်ဒီဂရီတောင် မကျော်ပါဘူး”

ကျန်းကျန်း၏ မျက်လုံးများက သူ့အနီးဆုံး ပျိုနီပန်းအိုးတစ်အိုးပေါ်သို့ ကျရောက်သွားပြီး သူမ၏ အသိစိတ်ကို ဘိန်းပန်းနှင့် တိုက်ရိုက် ပေါင်းစပ်လိုက်သည်။

တစ်မိနစ်ခန့် ကြာသည့်အခါ ကျန်းကျန်းသည် သူ့လက်များကို လွှတ်လိုက်ပြီး ထရပ်လိုက်သည်။

“မနေ့ညက ဒီပန်းက သုံးနာရီလောက် ရေခဲတွေနှင့် ထိထားခဲ့တယ်”

လင်းရှို့လန်တစ်ယောက် ကျန်းကျန်းက ပန်းများ ရေခဲနှင့်ထိခဲ့ကြောင်းနှင့် ရက်စွဲနှင့်အချိန် တိကျစွာ မည်သို့သိရှိသည်ကို မသိသော်လည်း ဤမနက်တွင် ပန်းများ စတင်ညှိုးနွမ်းလာသည်မှာ အမှန်ပင်ဖြစ်သည်။

သူမသည် မနေ့က ဖြစ်ခဲ့သည့် အရာများကို သေသေချာချာ ပြန်လည်စဉ်းစားလိုက်သည်။

“မနေ့က နေ့လယ်ပိုင်းမှာ ပန်းခန်းမကို လာကြည့်တော့ ဘိန်းပန်းအိုး ရှစ်အိုးလုံး အကောင်းပကတိပဲ၊ ဒါပေမဲ့ ကျွင့်ကျဲရဲ့ ဝမ်းကွဲညီမနဲ့ သူ့အမေ နေ့လယ်ပိုင်း ရောက်လာပြီးနောက်ပိုင်း ငါ ထပ်လာမကြည့်ဖြစ်တော့ဘူး၊ ဒါပေမဲ့ ငါ သူတို့ကို ပန်းခန်းမကို မခေါ်သွားခဲ့ပါဘူး”

သူမ၏ ယောက်မအကြောင်းကို သတိရသည့်အခြိန်တွင် လင်းရှို့လန်၏ မျက်နှာအမူအရာသည် သိသိသာသာ မကောင်းမွန်လှသော်လည်း သူမ၏ အနာဂတ်ချွေးမရှေ့တွင် အိမ်၏အတွင်းပိုင်းရှိ မကောင်းသည့် အကြောင်းအရာများကို များစွာ မပြောဆိုခဲ့ပေ။

ယခင်ဘဝက အိမ်တွင်းတိုက်ပွဲများကို များစွာ ကြည့်ရှုဖူးသည့် ကျန်းကျန်းကတော့ ရုတ်တရက် ဇာတ်လမ်းများစွာကို စိတ်ကူးဖြင့် ဖန်တီးလိုက်သည်။

သူမက လင်းရှို့လန်ကို မျက်လုံးများတောက်ပစွာ ကြည့်ရှု၍ မေးလိုက်သည်။

“သူတို့က အန်တီနဲ့ ပုံမှန်ဆိုရင် ဆက်ဆံရေး အဆင်ပြေကြလား”

လင်းရှို့လန် ခေါင်းခါလိုက်သည်။

“ကျွင့်ကျဲရဲ့အဒေါ်က ငယ်ငယ်ကတည်းက အန်တီနဲ့ ဆက်ဆံရေး သိပ်မကောင်းခဲ့ဘူး၊ အန်တီ ရှီချန်ပေါ်နဲ့ လက်ထပ်တုန်းက သူမက ငိုယိုပြီး အနှောင့်အယှက်ပေးခဲ့သေးတယ်၊

နောက်ပိုင်း ရှီချန်ပေါ်ကို သဘောကျနေတဲ့ ကောင်မလေးတစ်ယောက်ကိုတောင် ခေါ်ပြီး အိမ်ကို လာရှုပ်ခဲ့ကြသေးတယ်”

လင်းရှို့လန်သည် အနည်းငယ် ဒေါသထွက်နေဆဲပင်။

“နောက်ပိုင်းတော့ အန်တီတို့လည်း ပြင်သစ်ကို သွားခဲ့ကြပြီး နှစ်ပေါင်းများစွာ အဆက်အသွယ် မလုပ်ခဲ့ကြဘူး၊ ငါတို့ ပြန်လာတော့ တရုတ်ပြည်တွင်ရဲ့ နိုင်ငံရေးအခြေအနေက မကောင်းခဲ့ဘူး၊

ဒါကြောင့် ကျွင့်ကျဲရဲ့ ဦးလေးက ပြင်းပြင်းထန်ထန် ဖိနှိပ်ခံခဲ့ရပြီး သူတို့တစ်မိသားစုလုံး ပေရှားဒေသကို သွားခဲ့ကြရတယ်၊ ပြန်လည်ပြင်ဆင်နိုင်ခဲ့ဖို့က မနှစ်ကမှ စီစဉ်ခဲ့ကြတာ”

သူမ၏ ယောက်နှင့် ဆက်ဆံရေးကို စဉ်းစားပြီး လင်းရှို့လန်က နိဂုံးချုပ်လိုက်သည်။

“သူမက မျက်နှာပြရုံပါပဲ၊ ဘာပဲဖြစ်ဖြစ်၊ တစ်လတစ်ခါ အဖွားရဲ့အိမ် ပြန်သွားမှပဲ တွေ့ကြတာ၊ အဖွားရှေ့မှာတော့ ငြိမ်းချမ်းတဲ့ပုံစံ လုပ်ပြကြတာပေါ့”

“ဒါဆို ဘာလို့ သူတို့က ရုတ်တရက် ရောက်လာတာလဲ၊ အဖွားရဲ့ မွေးနေ့မှာ အန်တီ ပျိုနီပန်းတွေ ပို့မယ်ဆိုတာ သူတို့ သိလို့လား”

ကျန်းကျန်းသည် မေးမြန်းခြင်း မပြုဘဲ မနေနိုင်တော့ချေ။

“လွန်ခဲ့တဲ့တစ်ခါ ပန်းဖူးတွေ ပွင့်နေတာတွေ့တော့ အဖွားရဲ့မွေးနေ့မှာ ပန်းရှစ်အိုး ပို့မယ်လို့ ညစာစားရင်း ပြောခဲ့တယ်၊ သူမကို ပျော်စေချင်လို့လေ”

လင်းရှို့လန်တစ်ယောက် ထိုယောက်မဖြစ်သူ ရုတ်တရက် လာရောက်လည်ပတ်ခြင်းကို ပြန်လည်အမှတ်ရပြီး စကားများကိုမချန်လှစ်နေတော့ဘဲ တီးတိုးပြောဆိုခဲ့သည်။

“မနေ့က သူတို့သားအမိတွေက ဈေးဝယ်ရင်း အနားယူမယ်လို့ ပြောပြီး ခဏစောင့်နေခဲ့တယ်၊ ကျွင့်ကျဲရဲ့ ညီမဝမ်းကွဲက အန်တီတို့ရဲ့အိမ်မှာပဲ တည်းမယ်လို့ တင်းခံနေခဲ့သေးတယ်၊

သူမက မနက်စောစော ကျင်းရှန်တောင်ပေါ်က နေထွက်တာကို ကြည့်ဖို့ အန်တီတို့အိမ်ကနေ သွားရင် နီးတယ်လို့ ပြောခဲ့တယ်လေ၊ အန်တီတို့က အိမ်ရဲ့ အဓိက အဆောင်မှာ နေတာဖြစ်ပြီး ကျွင့်ကျဲရဲ့ အိမ်ခန်းကတော့ ဒုတိယဝင်ပေါက်မှာရှိတာ၊ သူတို့လည်း တည်းဖို့ နေရာရှိနေလို့ အန်တီလည်း နောက်ဘက်က ပန်းထိုးဆောင်မှာ စီစဉ်ပေးလိုက်တယ်၊ အဲဒီနေရာက အန်တီ ပုံမှန် ဥယျာဉ်ထဲမှာ နားတဲ့နေရာဖြစ်ပြီး အိပ်ယာတွေလည်း ရှိတယ်၊ အန်တီက အဲဒီအိမ်ကို နေ့တိုင်း သန့်ရှင်းရေးလုပ်ပေးထားတာဆိုတော့ တိုက်ရိုက် နေလို့ရတယ်”

လင်းရှို့လန်၏ အချက်အလက်များကိုနားထောင်ရင်း ကျန်းကျန်းက ပန်းများကို ပြန်လည်ထိတွေ့လိုက်ရာ ထိုပျိုနီပန်းများသည်ကား အလွန်နာကျင်နေရသကဲ့သို့ ငိုကြွေးကြသည်။

“လေတိုက်နေတယ်၊ အေးတယ်...”

ကျန်းကျန်းသည် သူမ၏လက်ကို ရုပ်လိုက်ပြီး သက်ပြင်းချလိုက်သည်။

“သူမက ပန်းအိုးတွေကို အပြင်ဘက်ကို ရွှေ့လိုက်တာ အရမ်းဖြစ်နိုင်တယ်၊ ပျိုနီပန်းတွေ အအေးမိရုံတင်မကဘဲ ညလေဒဏ်ကိုပါ ခံခဲ့ရလို့ ပန်းအဖူးတွေ မည်းသွားတာ”

“ဒါကို ဘယ်လိုလုပ်ရမလဲ”

လင်းရှို့လန်သည်ကာ့ အနည်းငယ် စိုးရိမ်ပူပန်လာရသည်။ မည်သို့ပင်ဖြစ်စေ၊ အဘွားရှီ၏ အသက် ၈၀ ပြည့် မွေးနေ့ဖြစ်ပြီး ဧည့်သည်များစွာ လာရောက်ကြမည်။

သူမက အဘွားရှီ၏ရှေ့၌ ပျိုနီပန်း ရှစ်အိုး ပေးပို့မည်ဟု ပြောဆိုခဲ့သည်။ ခုမူ ကတိကို ဖျက်သသည့်သူတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံရနိုင်နေပြီ။ သူမက ကျန်းကျန်း၏ စဉ်းစားခန်းဝင်နေသည့် ပုံစံကို ကြည့်ရှု၍ ချက်ချင်း သူမ၏ လက်ကို ဆွဲကိုင်လိုက်သည်။

“ကျန်းကျန်း၊ အန်တီကို ကူပြီး စဉ်းစားပေးပါဦး၊ ဒီပန်းတွေကို ကယ်ဖို့ နည်းလမ်းရှိသေးလား”

“ရှိပါတယ်”

ကျန်းကျန်းသည် ခေါင်းညိတ်လိုက်ရာ လင်းရှို့လန် ချက်ချင်း သက်ပြင်းချလိုက်သည်။

သူမ၏ မျက်နှာသည် ပျော်ရွှင်၍ စိတ်လှုပ်ရှားနေသကဲ့သို့ တချိန်တည်းတွင် ပြိုလဲလုနီးပါး ပုံပေါ်နေသည့်အတွက် ကျန်းကျန်းက သူမကို ထိုင်ခိုင်းပြီး ဘေး၌ ချိတ်ဆွဲထားသည့် မျက်နှာသုတ်ပုဝါကို ကမ်းပေးလိုက်သည်။

သူမ၏ ချွေးများကို သုတ်ပေးရင်း ပြောဆိုသည်။

“ဒါပေမဲ့ နည်းလမ်းက ပိုရှုပ်ထွေးတယ်၊ လုံခြုံမှုအတွက် ဒီပန်းအိုးတွေကို ကျွန်မရဲ့အခန်းကို ရွှေ့ပြီး ကျွန်မကိုယ်တိုင် ဂရုစိုက်လိုက်ပါ့မယ်၊ အဘွားရှီရဲ့ မွေးနေ့ကိုရောက်ရင် တကယ့်ကို နိုင်ငံရဲ့ အလှဆုံးဖြစ်တဲ့ ပျိုနီပန်း ရှစ်အိုးကိုရလာလိမ့်မယ်၊ အန်တီ စိတ်ချပါ”

တကယ်တမ်းတွင် ကျန်းကျန်း၏ စွမ်းရည်အရ ဤပျိုနီပန်း ရှစ်အိုးကို ညဘက်လေတိုက်ခြင်းကို ခံရသည့်ဒဏ်ကို မဆိုထားနှင့်၊ နှင်းထဲ၌ အေးခဲပြီး အမြစ်အနည်းငယ်သာ ကျန်တော့လျှင်တောင် ကျန်းကျန်းသည် မိနစ်ပိုင်းအတွင်း၌ပင် ခမ်းနားသည့် ပျိုနီပန်းများအဖြစ် ပွင့်စေနိုင်သည်။

သို့သော် ကျန်းကျန်းသည်ကား သူမ၏ စွမ်းရည်ကို ပေါက်ကြားအောင် မပြုလုပ်သင့်ဟုတွေးမိသည်။

ပျိုနီပန်းကို တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာအောင် လုပ်ဆောင်ရန်အတွက် စွမ်းရည်ကို အသုံးပြုလျှင်ပင် သူမ၏ အိမ်သို့ ရွှေ့ပြောင်း၍ လုပ်ဆောင်ရမည်။

သတိထားခြင်းသည်က အမြဲတမ်း မှန်ကန်သည်။

လင်းရှို့လန် အရင်က စိုက်ပျိုးခဲ့သည့် ပန်းများအနက် အချို့သည် ရေဓာတ်ပြတ်လပ်ခြင်း၊ အချို့သည် မြေသြဇာပြတ်လပ်ခြင်း၊ အချို့သည် ရေများလွန်းခြင်းများ ဖြစ်ခဲ့သည်။

ထိုအခြေအနေများတွက် ကျန်းကျန်းမှ ကြည့်ရှုရုံဖြင့် ပြဿနာကို ထောက်ပြနိုင်ခဲ့သည်။ ကျန်းကျန်း၏ လမ်းညွှန်မှုအောက်တွင် လင်းရှို့လန်၏ ပန်းများက ပိုမိုကောင်းမွန်လာခဲ့လေ၏။

ထို့ကြောင့် သူမသည် ကျန်းကျန်းကိုလည်း အလွန်ယုံကြည်သည်။ ကျန်းကျန်းသည် သူမကို ထောက်ပံ့နိုင်သရွေ့ အဆင်ပြေသည်ဟု သူမ ထင်မြင်ပုံရသည်။

လင်းရှို့လန်လည်း မှာယူလုပ်ထားသည့် လေကာမှန်များကို အကုန်ထုတ်၍ ပျိုနီပန်းအိုးတစ်အိုးစီတိုင်းကို အဖုံးတစ်ခုစီ အုပ်ပေးလိုက်သည်။

၎င်းတို့သုံးဦးသည် အိုးများကို နှစ်ကြိမ် သုံးကြိမ်မျှ ရွှေ့ပြောင်းပြီးမှ နောက်ဆုံး၌ ပျိုနီပန်းအိုးအများစုကို ကျန်းကျန်းနေထိုင်ရာအိမ်ခန်းဆီသို့ ရွှေ့ပြောင်း၍ ပြီးစီးသွားခဲ့ရသည်။

ကြာရှည်စွာ မောပန်းပြီးသည့်နောက် ကျန်းကျန်းက လက်ဖက်ရည်တစ်အိုး ဖျော်စပ်ပေးသည်။

လင်းရှို့လန်သည်လည်း ကျန်းကျန်း၏အခန်း၌ မျက်နှာသစ်၊ လက်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။

သူတို့ရောက်ရှိလာသည့် သတင်းကို ကြားသည်နှင့် မဒမ်လီနှင့် ဝမ်စုဖန်းတို့လည်း ရောက်လာခဲ့ကြလေ၏။ အခန်းထဲမှ ပန်းအိုးများအတွင်းမှ နွမ်းနယ်ညှိုးနွမ်းနေသည့်၊ မည်းမှောင်နေသည့် ပန်းဖူးများကို ကြည့်၍ မဒမ်လီက ချက်ချင်း နှစ်သိမ့်ပေးသည်။

“စိတ်မပူပါနဲ့၊ ကျန်းကျန်းက ပန်းပင်တွေအကြောင်းကို အထူးလေ့လာထားတာလေ၊ သူမက ဒီပန်းတွေကို ကုသပေးနိုင်လိမ့်မယ်ဆိုတာ ငါ ယုံကြည်တယ်”

လင်းရှို့လန်လည်း မဒမ်လီ၏ ဤစကားကို ကြားသည့်အခါတွင် မျက်နှာပေါ်မှ အပြုံးသည်က ပို၍ပင် ကျယ်ပြန့်လာခဲ့သည်။

“အန်တီ၊ အန်တီက မသိလောက်သေးဘူး၊ ကျွန်မ မနက် အိပ်ရာနိုးတော့ ပန်းဖူးလေးတွေ မည်းမှောင်နေတာတွေ့တာနဲ့ ကျွန်မရဲ့ ရင်ထဲမှာ ဘယ်လိုမှ နေလို့မရတော့ဘူး၊ ဒါတွေက ကျွန်မ ယောက္ခမရဲ့ မွေးနေ့ကို ဂုဏ်ပြုဖို့အတွက်လေ၊ အခုလိုနီးတဲ့အချိန်မှာလည်း ပျိုနီပန်းအိုး ရှစ်အိုးကို ဘယ်ကနေ ရအောင်ရှာရမလဲဆိုတာလည်း မသိတော့ဘူး”

“ဒါတွေက မွေးနေ့လက်ဆောင်လား၊ မင်းရဲ့ တစ်ကိုယ်လုံးမှာ ချွေးတွေစိုရွှဲနေတာ အံ့ဩစရာမရှိပါဘူး”

မဒမ်လီက လင်းရှို့လန်၏ ဖြူဖျော့နေသည့် နှုတ်ခမ်းများကို ကြည့်၍ ရေနွေးများကို သောက်ရန် အလျင်အမြန် တိုက်တွန်းပြောလိုက်သည်။

လက်ထဲ၌ ကိုင်ထားသည့် ရေနွေးကြမ်းပူပူကြောင့် လင်းရှို့လန်၏ စိတ်ခံစားမှုများသည်လည်း တည်ငြိမ်လာပြီး ကျန်းကျန်းအခန်းကို လှည့်ပတ်ကြည့်လိုက်မိသည်။

ကျန်းကျန်းနှင့် မဒမ်လီ နှစ်ဦးစလုံးသည် ပင်မဝင်း၌ နေကြသော်လည်း လင်းရှို့လန် လာတိုင်း ပင်မခန်းမ သို့မဟုတ် ပင်မဧည့်ခန်း၌သာ ရှိနေခဲ့သည်။ ဤတစ်ကြိမ်သည်ကား သူမ ကျန်းကျန်း၏အခန်းသို့ ရောက်ဖူးသည့် ပထမဆုံးအကြိမ်ပင်။

မကြာသေးမီက ဆောင်းဦးရာသီဖြစ်သည့်အတွက် နေရောင်ခြည်သည်လည်း အရင်ကလို မပြင်းတော့ပေ။ အိမ်ကို ပိုမိုတောက်ပအောင် လုပ်ရန်အတွက် ကျန်းကျန်းက အိမ်ကို ကန့်လန့်ကာကို ခွဲထားသည့် မျက်နှာပြင်များအားလုံးကို ဖယ်ရှားလိုက်သည်။

အခန်းတစ်ဖက်၌ စာအုပ်စင်တစ်ခုရှိပြီး စာအုပ်များ ပြည့်နှက်နေသည်။ စာရွက်၏ အရောင်နှင့် ဟောင်းနွမ်းသည့်ဖြစ်တည်မှုအတိုင်းအတာအရ မကြာခဏ ဖတ်နေကျဖြစ်လိမ့်မည်။

စာအုပ်အချို့ဆိုလျှင် စာမျက်နှာများပင် လျော့ရဲနေသည်ကို တွေ့ရသည်၊ မည်မျှဖတ်ထားသည်ကို မသိနိုင်ပေ။

All Chapters