အခန်း (၂၃၄)
Vol. 24 Ch. 234
စာအုပ်စင်၏ဘေး၌ ပြတင်းပေါက်ဘေးတွင် စားပွဲနှင့် ကုလားထိုင်တစ်စုံ ရှိပြီး၊ စာအုပ်ပုံလေးတစ်ခုကို တင်ထားသည်။
အပေါ်ဆုံးစာအုပ်၌ စာရွပ်ညှပ်တစ်ခု ရှိနေသည့်အတွက် ဤသည်ကား ကျန်းကျန်း မကြာသေးမီက ဖတ်နေသည့် စာအုပ်ဖြစ်လိမ့်မည်။
စားပွဲဘေး၌ ကုချင်းစားပွဲတစ်ခု ရှိပြီး အပေါ်၌ ကုချင်းတစ်လုံး တင်ထားသည်။ နှစ်ပေါင်းများစွာ ရှိနေပုံရပြီး အပေါ်က အလှဆင်ထားသည့် အပိတ်ကြိုးများသာ အသစ်လုပ်ထားသည် ဖြစ်လိမ့်မည်။
နံရံတစ်ဖက်၌ကား နီလာရောင်ပြကွက်တစ်ခုရှိပြီး စားပွဲခုံနှင့် မျက်နှာချင်းဆိုင်၌ ကလောင်၊ မှင်၊ စာရွက်နှင့် မှင်ကျောက်တို့ တင်ထားသည်။
လင်းရှို့လန်တစ်ယောက် စားပွဲခုံပေါ်မှ ဗလာစာရွက်ကို ကြည့်၍ ခေါင်းလှည့်ကာ ကျန်းကျန်းကို ပြုံး၍မေးသည်၊
“မင်းက စာရေးတာကို ကြိုက်လား၊ ပန်းချီဆွဲတာကို ကြိုက်လား။”
ကျန်းကျန်းသည် နှိမ့်ချစွာ ပြုံး၍ ပြန်ဖြေသည်။
“နည်းနည်းစီတော့ လုပ်တတ်ပါတယ်”
မဒမ်လီသည်ကား သူမ၏ မြေးမလေးကို အများဆုံး ကြွားဝါချင်သူဖြစ်၍ ကျန်းကျန်း၏ အရည်အချင်းကို နည်းနည်းဂုသာ ထင်မြင်ခိုင်းမည်လော သူမသည် ချက်ချင်း မတ်တပ်ရပ်၍ နောက်နံရံမှ ပန်းချီကားကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
“အလယ်က ပန်းချီကားနဲ့ စာတွေက သူမဆရာရဲ့ လက်ရာတွေလေ၊ ဟိုဘက်နံရံက ပန်းချီကားကတော့ ကျန်းကျန်းဆွဲထားတာ”
လင်းရှို့လန် လှည့်ကြည့်လိုက်သည့်အခါ တရုတ်ပန်းချီဆရာကြီး စုဝေ့ရန်၏ လက်ရာများစွာကို နံရံ၌ ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရ၍ အလွန်အမင်းပင် အံ့အားသင့်သွားခဲ့ရသည်။
စုဝေ့ရန်သည်ကား လွတ်လပ်ရေးမရမီကတည်းက နာမည်ကြီးပြီးသား ပန်းချီဆရာကြီးတစ်ဦးပေဖြစ်သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ပြီးနောက်ပိုင်း ခေါင်းဆောင်ကြီးများ၏ ရုံးခန်းများ၌ ချိတ်ဆွဲထားသည့် ရှုခင်းပန်းချီကားများသည်ကား စုဝေ့ရန်၏ လက်ရာများဟု လက်ညိုးထိုးမလွဲ ပြောနိုင်ကြသည်။
အရေးအခင်းလှုပ်ရှားမှုကာလအတွင်း စုဝေ့ရန်က ဆယ်နှစ်ကြာအောင် ပျောက်ကွယ်သွားခဲ့ပြီး ပြန်ပေါ်လာသည့်အချိန်တွင်တော့ သူ၏လက်ရာများသည်ကား အမှန်ပင် နောက်ထပ်အဆင့်မြင့်လာခဲ့ရသည်။
ပန်းချီကားများအတွင်းရှိစိတ်ဝိဥာဥ်များက သဘာဝကျသည့်အပြင် အရင်ကထက်လည်း ပိုမိုလွတ်လပ်ပေါ့ပါးသည့်သဘောများကို ဆောင်လာခဲ့သည်။
ယနေ့အချိန်ကာလတွင်မူ စုဝေ့ရန်မှာ ပန်းချီများကို ဆက်လက်ရေးဆွဲနေသေးသော်လည်း ထိုပန်းချီကားများကို သူ၏ဆွေမျိုးမိတ်ဆွေများကို အနည်းငယ်ဆီသို့သာ ပို့ပေးတတ်တော့သည်။
၎င်းသို့အကြောင်းတရားများမှလွဲလျှင်တခြားသူများသည်ကား ငွေများစွာ ပေးပြီးဝယ်မည်ဆိုလျှင်ပင် သူ၏ပန်းချီကားတစ်ချပ်ကို တောင်း၍မရနိုင်တော့ပါချေ။
လွန်ခဲ့သည့်ရက်အနည်းငယ်က ရာထူးရာထူးကြီးမားသည့် လူတစ်ဦးသည် သူ၏အခွင့်အာဏာကို အသုံးပြု၍ ဖိအားပေးရန် ကြိုးစားခဲ့သော်လည်း စုဝေ့ရန်သည်က ထိုသူကို ရက်ရက်စက်စက်ပင် ကန်ထုတ်ခဲ့သည်ဟု ပြောသံကို ကြားခဲ့ကြရသည်။
ထို့အပြင် ထိုသိာ့ အာဏာကို အလွဲသုံးစားပြုလုပ်ဖို့ ကြိုးစားခဲ့သည့်လူကို အထက်မှလူများကလည်း သတိပေးစကားပြောခဲ့သည်ဟု ကြားခဲ့ကြရသည်။
ဤဆယ်နှစ်စုကာလသောအချိန်အတွင်း အတက်အကျများ ကြုံခဲ့ရပြီးနောက် နိုင်ငံတော်သည်ကား ဤသို့သော ပုဂ္ဂိုလ်များကို အမျိုးသားရတနာများအဖြစ် သတ်မှတ်ခဲ့သည်။
ဤအချိန်မျိုးတွင် အခြေအနေကို ရှင်းရှင်းလင်းလင်းမမြင်သည့် မျက်စိအမြင်ကျဥ်းသူများသည်ကား ၎င်းတို့၏အခြေအနေကို မမြင်နိုင်ဟုသာ ပြောရမည်ပင်။
ရှီချန်ပေါ်၏ ရာထူးသည်ကား သိပ်ပြီးနိမ့်ပါးခြင်း မရှိပါချေ။ ၎င်းအတွက် လင်းရှို့လန်သည်လည်း ဤအတွင်းဘက်က သတင်းများကို များစွာ သိထားခဲ့သည်။
“သူ့ရဲ့ ပန်းချီတစ်ချပ်တောင် ရှာရခက်တယ်”
အလွန်အမင်းလူသိများကျော်ကြားလှသည့် စုဝမ်ရန်၏ လက်ရာကို ကျန်းကျန်း၏ အခန်းထဲ၌ ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရသောကြောင်း သူမ အံ့ဩတကြီး ကြည့်၍ မေးလိုက်သည်။
“ကျန်းကျန်း ၊စုဝေ့ရန်က မင်းရဲ့ဆရာလား”
“ဟေး၊ မင်း လောင်စုကို သိနေတာလား။း”
ကျန်းကျန်း စကားမပြောမီ၌ပင် မဒမ်လီက ကြားဖြတ်ပြောလိုက်သည်။
“ငါတို့တွေက မသိဘဲ ရှုပ်ထွေးနေကြတာပဲ၊ မင်းတို့ အချင်းချင်း သိနေပြီးသားဆိုရင် နောက်တစ်ခါ သူ ငါတို့ရဲ့အိမ်ကို ရောက်ပြီးလာတဲ့အချိန် မင်းကို လာခဲ့ဖို့ ပြောထားရမယ်”
လင်းရှို့လန်က ပြုံး၍ အသာငြင်းဆိုခဲ့သည်။
“အန်တီ၊ အန်တီက တကယ်ပဲ နောက်ပြောင်နေတာပဲ၊ ကျွန်မက ပန်းချီဆရာကြီးစုကို သိနိုင်လောက်အောင် လုပ်ဆောင်နိုင်တဲ့ မျက်နှာမျိုးမရှိပါဘူး”
သူမ၏မျက်လုံးများသည်ကား မဒမ်လီ ပြောသည့် ကျန်းကျန်း ကိုယ်တိုင်ဆွဲထားသည့် ရှုခင်းပန်းချီကားပေါ်သို့ ကျရောက်သွားခဲ့ပြီးနောက်တွင် ရိုးရှင်းသည့် လိုင်းများနှင့် ခန့်ညားပြီး အရှိန်အဝါရှိသည့် ရှုခင်းပန်းချီကားတစ်ချပ်ကို ပုံဖော်ထားသည်ကို တွေ့လိုက်ရသည်။
လင်းရှို့လန်သည်လည်း ပြင်သစ်၌ နေထိုင်ခဲ့ရချိန်တုန်းက ပန်းချီပညာရပ်ကို သင်ယူခဲ့ဖူးပြီး တရုတ်ပန်းချီအကြောင်းကိုလရ်း နည်းနည်း ပါးပါးခန့် နားလည်ထားသည်။
ထို့ကြောင့် ပန်းချီကား၏ အရှိန်အဝါ၊ ပုံစံချမှု၊ အရောင်အသွေးအသုံးပြုမှုတို့ကို ကြည့်ရုံဖြင့်ပင် ကျန်းကျန်းထံတွင် တရုတ်ပန်းချီပညာ၌ အခြေခံကောင်းများ ရှိနေသည်ကို သိထားနိုင်သည်။
မဒမ်လီသည်ကား နံရံပေါ်မှ ပန်းချီကားနှင့် မကျေနပ်သေးပါချေ။
“ဒီပန်းချီက အရမ်းရိုးတယ်လို့ပဲ ထင်တယ်၊ ပန်းတွေ၊ မြက်တွေကို ပန်းချီဆွဲသလောက် မလှဘူး၊ မင်းမသိလောက်ဘူးနော်၊
ကျန်းကျန်း သူ့ရဲ့စတုတ္ထအစ်ကိုအတွက် ဆွဲပေးတဲ့ ပန်းချီကာက အရမ်းလှတယ်၊ သူမက ငါတို့သစ်တောဒေသမှာ ပန်းချီသင်တဲ့ဆရာဆီက သင်ယူထားတာလေ၊
နောက်ပိုင်း ငါတို့မြို့တော်ကို ရောက်လာတော့ ကျောင်းတွင်းက ရှုခင်းတွေ၊ ရေပြင်တွေ ပန်းချီဆွဲတာကို သဘောကျပြီး ကျန်းကျန်းလည်း ပန်းတွေ၊ မြက်တွေ သိပ်မဆွဲတော့ဘူး”
လင်းရှို့လန်တစ်ယောက် ပန်းချီကားကို ကြည့်လေ၊ ပို၍ပင် သဘောကျလေဖြစ်ပြီး ကျန်းကျန်းကို ဆွဲခေါ်၍ ရယ်မောလျက် ပြောလိုက်လေသည်။
“တကယ်ကို နာမည်ကြီးဆရာနဲ့ ဆရာကြီးတွေဆီကနေ သင်ယူထားခဲ့ရတာပဲ၊ ဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်ထိကောင်းတဲ့ ပန်းချီကို ဆွဲနိုင်တယ်၊ ကြည့်ရတာ ကျွန်မရဲ့သား ကျွင့်ကျဲက ကျန်းကျန်းလိုမျိုးရတနာလေးနဲ့ မတန်ဘူးလို့တောင် ထင်မြင်နေပါပြီ”
အနာဂတ် ဇနီးလောင်း၏ ရိုက်နှက်ချမှုကို ခံရသည့်အပြင် မိမိ၏အမေမှပင် ဓားနှင့်ထိုးသည်ကို ခံရသည့်အချိန်တွင် ရှီကျွင့်ကျဲ၏ မျက်နှာသည်ကား မည်းမှောင်သွားခဲ့ရသည်။
သူက လင်းရှို့လန်၏ လက်ကို တွန်းဖယ်၍ ၎င်းတို့နှစ်ဦးကြားရှိ နေရာယူလိုက်ပြီး ကျန်းကျန်းကို သူ၏ ဘက်စုံတော်မှုကို ပြသရန် ကြိုးစားခဲ့သည်။
“တကယ်တော့ ကိုယ်လည်း ပန်းချီဆွဲနိုင်ပါတယ်နောက်ပြီး တယောနှင့် စန္ဒရားကိုလည်း တီးနိုင်သေးတယ်”
ရှီကျွင့်ကျဲတစ်ယောက် ခဏရပ်ပြီး မျက်နှာနီရဲစွာဖြင့် ထပ်မံဖြည့်ပြောသည်။
“ပြီးတော့ ကိုယ့်ထက် အရပ်ရှည်တဲ့ ကောင်လေးတွေ တကယ် ရှာဖို့ မလွယ်ဘူးလို့ ထင်တယ်”
ရှီကျွင့်ကျဲ၏ အတည်ပေါက် ပြောဆိုနေသည့်ပုံစံနှင့် နည်းနည်းလောက် ရှက်ရွံ့နေသည်ကို မြင်သည့်အချိန်တွင် ကျန်းကျန်း၏ ရင်ထဲ၌ ရုတ်တရက် ရေပွက်များထလာသကဲ့သို့ လို ပျော်ရွှင်သွားခဲ့ရသည်။
သူမ မနေနိုင်တော့ဘဲ လက်လှမ်း၍ ရှီကျွင့်ကျဲ၏ မျက်နှာကို ဖျစ်ညှစ်လိုက်ချေသည်။ ထို့အတူသူမ၏ မျက်နှာ၌ ရှိနေသောအပြုံးများသည်လည်း မရပ်နိုင်လေညက်အောင် ဖြစ်နေခဲ့သည်။
ရှီကျွင့်ကျဲသည်ကား ကျန်းကျန်းကို ကြည့်၍ ပြုံးလိုက်မိကာ ထိုသို့ပြုံးလိုက်သည့်အချိန်တွင် တောက်ပသည့်အပြုံးတစ်ခု ထွက်ပေါ်လာပြီး အနည်းငယ်ခန့် ရူးကြောင်ကြောင်နိုင်ပုံရသည်။
မဒမ်လီတစ်ယောက် နှစ်ကြိမ်မျှ ချောင်းဆိုးလိုက်မိပြီး ထိုလူငယ်စုံတွဲကိုဆက်လက်၍ မကြည့်နေနိုင်တော့ဘဲခေါင်းကို လှည့်လိုက်ကာ အနည်းငယ်လောက်လည်း ရှက်ရွံ့နေပုံရသည်။
သူမ၏ မြေးမလေးသည်ကား သူ၏အမေရှေ့၌ပင် ဤမျှလောက် တောက်ပတက်ကြွနေကာပြီး သားဖြစ်သူကို အခွင့်အရေး ယူနိုင်နေသည်မဟုတ်ပါလော။
လင်းရှို့လန်သည်ကား မိမိသား၏ တုံးအအအပြုံးကို ကြည့်၍ ရုတ်တရက် သူမ၏လက်များ အနည်းငယ်ခန့် ယားယံလာသလို ခံစားရသည်။
ရှီကျွင့်ကျဲသည်ကား ငယ်ရွယ်စဉ်တုန်းကကလွန်ပင်ချိုချိုသာသာနှင့် ချစ်စဖွယ် ပြုံးတတ်ခဲ့သည်။ သို့သော်လည်း မူလတန်းကျောင်းသို့ရောက်သည့်အချိန်တွင် သူ၏ဆရာများနှင့် အတန်းဖော်များ သူ၏မျက်နှာကို ဖျစ်ညှစ်ရသည်ကို နှစ်သက်ကြသည့်အတွက် ဤကလေးသည် ပြုံးပြခြင်းကို ရပ်တန့်လိုက်လေသည်။
ကျန်းကျန်းမှ လက်တစ်ဖက်တည်းမှနေ၍ လက်နှစ်ဖက်အထိ မြှောက်၍ ဖြစ်ညှစ်နေခဲ့သည်ကို မြင်သည့်အချိန်တွင် လင်းရှို့လန်မှာ ရုတ်တရက် အလွန်ပင်ပျော်ရွှင်သွားခဲ့ရသည်။
ဤသည်က အမှန်ပင် တစ်ခုခုဖြစ်သည်။ သူမ၏သားဖြစ်သူ၏ မျက်နှာသည်ကား ဖျစ်ညှစ်ခံရသည့်အတွက် နည်းနည်းလောက် နီရဲနေသော်လည်း သူသည်က ပျော်ရွှင်နေဆဲဖြစ်ပြီး ရွှေခဲနှင့်ကဲ့သို့အရာကို ကောက်ရလိုက်သည့်ပုံရသည်။
“ချောင်း... ချောင်း...”
ဝမ်စုဖန်းတစ်ယောက်ကတော့ ဘေးနာမှကြည့်နေရင်းဖြင့် သည်းမခံနိုင်တော့ပါချေ။
သူမ ခဏမျှ ပြင်းပြင်းထန်ထန် ချောင်းဆိုးပြီးမှသာ ကျန်းကျန်းမှာအခန်း၌ ကြည့်ရှုသူ သုံးဦးရှိနေသည်ကို သတိရသွားခဲ့ကာ လက်ကို တိတ်တဆိတ် ပြန်ရုပ်သိမ်းလိုက်ရသည်။
သူမအနေဖြင့် ရှီကျွင့်ကျဲ၏ မျက်နှာ၌ လက်ရာနီနီလေးများကိုပင် မြင်နေရသည့်အတွက် ချက်ချင်းပင် အပြစ်ရှိသကဲ့သို့ ခံစားမိသွားရပြီး သူ၏ မျက်နှာကို နှစ်ချက် ပွတ်သပ်လိုက်မိကာ သူမ၏ အပြစ်ရှိခြင်းကို ဖုံးကွယ်ရန် ကြိုးစားခဲ့သည်။
ဝမ်စုဖန်း၌ ဆက်လက်ကြည့်ရန်ပင် မျက်နှာမရှိတော့ပေ။ သူမက ထိရုံနှင့်ပင် မလုံလောက်သေးသည်လော။
ကျန်းကျန်း၏အဖေပြောသည်က အလွန် မှန်ပေသည်။ သူတို့၏သမီးသည်ကား အလွန်ပင် အသားထူထဲလှသည်။
လင်းရှို့လန်တစ်ယောက် ရယ်မောမိတော့မလို ဖြစ်သွားခဲ့ပြီး မိမိ၏ခမည်းခမက်ဖြစ်သူ၏ ရှက်ရွံ့မှုကို ကြည့်၍ ဆက်လက်နှစ်သိမ့်လိုက်သည်။
“ကိစ္စမရှိပါဘူး၊ လူငယ်တွေရဲ့ ချစ်ခြင်းမေတ္တာက ဒီလိုပဲ၊ ကျွန်မတို့ ပြင်သစ်မှာတုန်းကဆိုရင် လူငယ်တွေ ချစ်ကြိုက်ကြရင် ဘယ်လောက်တောင် အဆန်းတကြယ်လုပ်တတ်လဲဆိုတာ အစ်မ မသိနိုင်လောက်ဘူး၊ သူတို့က လမ်းပေါ်မှာတောင် နမ်းဖို့အတွက် မစောင့်နိုင်ဖြစ်နေခဲ့ကြတာ”
ဝမ်စုဖန်းတစ်ယောက် တုန်ရီသွားရပြီး လျှင်မြန်စွာပင် ပြောလိုက်ရသည်။
“ကျေးဇူးပြုပြီး ဆက်မပြောပါနဲ့တော့၊ ကျွန်မရဲ့သမီးသာ ဒီလိုမျိုး လုပ်ရပ်မျိုးကို သိရှိပြီး တတ်သွားရင် ဘယ်လိုလုပ်ရမလဲ၊ ကျွန်မသမီးရဲ့ မျက်လုံးတွေက ရှင့်သားရဲ့ နှုတ်ခမ်းတွေဆီကို ဝဲလည်နေပြီဆိုတာ မမြင်ဘူးလား”
ကံကောင်းစွာဖြင့် ကျန်းကျန်းသည်ကား အလှအပကြောင့် မေ့လျော့မနေခဲ့ပါချေ။
သူမသည်ကား သူမ၏မျက်နှာကို သန္နိဋ္ဌာန်ပြင်းပြင်းနှင့် တစ်ဖက်သို့ လှည့်ကာ မတူညီသည့် မျက်နှာအမူအရာသုံးမျိုးကို ကြည့်၍ နှစ်ကြိမ်ခန့် ရှက်ရွံ့စွာ ရယ်မောလိုက်သည်။
“ဒီတော့ အခုရွှေ့ပြောင်းလို့ပြီးသွားပြီဆိုတော့ အန်တီက ထမင်းကို ဒီမှာပဲ စားလိုက်မလား၊ ကျွန်မနှင်ကျွင့်ကျဲတို့ လုပ်လိုက်ပါ့မယ်”