← Chapters

အခန်း (၂၃၅)

Vol. 24 Ch. 235

အခန်း (၂၃၅)

Vol. 24 Ch. 235

လင်းရှို့လန်တစ်ယောက် မကြာသေးမီက သူမ၏သားဖြစ်သူ၏ လက်ရာကို မကြာခဏ မြည်းစမ်းခွင့်ရခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကျန်းကျန်းသည်ကား အစားအသောက်ကို လုံးဝမတွန်းလှန်နိုင်သည့်အတွက် ရှီကျွင့်ကျဲမှ အချိန်အတိုင်းအတာတစ်ခုအတွင်း ဟင်းပွဲငယ်အနည်းငယ်ကို ချက်ပြုတ်လေ့ရှိပြီး ကျန်းကျန်းနှင့်အတူ ချိန်းတွေ့ရန်သွားသည့်အချိန်တွင် ယူဆောင်သွားလေ့ရှိသည်။

ပုံမှန်အားဖြင့် ရှီကျွင့်ကျဲမှာ ဤအချိန်အတွင်း ဟင်းပွဲများကို ပို၍ ချက်ပြုတ်လာတတ်လေ့ရှိသည်။

သူမ၏သားဖြစ်သူ၏ အချက်အပြုတ်သည်က သူမကို မည်သည့်အခါမျှ မငြီးငွေ့စေပေ။

၎င်းအပြင် မိသားစုနှစ်ခုသည်လည်း အလွန်ရင်းနှီးကြပြီဖြစ်သည်။ ထို့ကြောင့် လင်းရှို့လန်က ယဉ်ကျေးနေခဲ့ခြင်းမရှိတော့ဘဲ ချက်ချင်းပင်သဘောတူလိုက်သည်။

ကျန်းကျန်းလည်း အသာပြုံး၍ အင်္ကျီလက်ကို လိပ်တင်ကာ ရှီကျွင်းကျဲကို တစ်ချက်ကြည့်လိုက်သည်။

“ရှင် ကျွန်မကို အရင်စောင့်နေလိုက်ဦး၊ ကျွန်မ ပျိုနီပန်းတွေအတွက် အာဟာရဓာတ်ဖျော်ရည် နည်းနည်းလောက် ရောစပ်လိုက်ဦးမယ်၊ ပြီးရင် ပန်းပင်တွေကို ရေလောင်းပြီးမှ ကျွန်မတို့ ချက်ကြမယ်”

“ကျွန်မတို့” ဆိုသည့် စကားလုံးကို ကြားသည့်အချိန်တွင် ရှီကျွင့်ကျဲတစ်ယောက် အနည်းငယ် ထူးဆန်းနေသလို ခံစားရသည်။

ဤကဲ့သို့စကားသည်ကား အဘယ်ကြောင့် နားထောင်ရန်အတွက် ဤမျှကောင်းရသည်နည်း။

ကျန်းကျန်းက အပြင်သို့ထွက်သွားပြီး အဝါရောင်အရည်လေး အနည်းပါသည့် ပုံးတစ်ဝက်လောက်ကို သယ်ဆောင်ကာ အချိန်အတော်ကြာမှ ပြန်လာခဲ့သည်။ ကျန်းကျန်းက အကူအညီပေးချင်နေသည့် ရှီကျွင်းကျဲ၏ လက်ကို တားလိုက်ပြီး ပြောလာခဲ့သည်။

“ ကျွန်မ ကိုယ်တိုင်လုပ်ရမယ် ၊ ဒါတွေက အတိုင်းအတာကိုသိမှဖြစ်မှာ”

ကျန်းကျန်းက “အာဟာရဓာတ်ဖျော်ရည်” တစ်ဇွန်းတစ်ဝက်စီကို ပျိုနီပန်းအိုးတစ်အိုးစီတိုင်းကို လောင်းချလိုက်သည်၊ နောက်ဆုံးပန်းအိုးကို လောင်းချပြီးသည့်အချိန်တွင် “အာဟာရဓာတ်ဖျော်ရည်” သည်လည်း ကုန်သွားခဲ့ပေပြီ။

ကျန်းကျန်းမှ ပုံးကို ပြန်ထားပြီး လက်ဆေးရန် လုပ်သည့်အချိန်တွင် လင်းရှို့လန်မှ စိုးရိမ်တကြီးဖြင့် ပျိုနိပန်းအိုးရှေ့တွင် ထိုင်၍ ကြည့်နေခဲ့သည်။

ကျန်းကျန်းမှ ပန်းများကို ကောင်းမွန်စွာ စိုက်ပျိုးနိုင်သည်ကို သူမ သိထားခဲ့သည်။ ထို့အတူ အာဟာရဓာတ်ရည်ကို တစ်ကြိမ်မျှ လောင်းရုံဖြင့် ပန်းများက ကြီးထွားလာမည်မဟုတ်သည်ကိုလည်း သူမသိထားသည်။

သို့သော်လည်း လင်းရှို့လန်သည်ကား ဤပန်းများအတွက် အလွန်ပင် စိုးရိမ်နေသည့်အတွက် ပျိုနီပန်းများ၏ ပြောင်းလဲမှုများကို စောင့်မကြည့်ဘဲ မနေနိုင်တော့ပေ။

ဆယ်မိနစ်မျှကြာသည့်အချိန်တွင် အာဟာရဓာတ်ရည်က အာနိသင်ပြလာပုံရသည်။ ပန်းဖူးများသည်ကား နွမ်းနေဆဲပင်ဖြစ်သော်လည်း စွမ်းအင်အပြည့်နှင့် ပို၍ပင် အားကောင်းလာပုံရသည်ဟု ထင်မြင်ရချေသည်။

လင်းရှို့လန် သက်ပြင်းချလိုက်မိသည်။

အချိန် (၁၁) နာရီ ရှိပြီဖြစ်သည်ကို တွေ့သည့်အတွက် ကျန်းကျန်းက သူမ၏အင်္ကျီကို ကောက်ယူဝတ်ဆင်ပြီး ရှီကျွင့်ကျဲနှင့်အတူ မီးဖိုချောင်သို့ ဝင်သွားခဲ့သည်။

ဝမ်စုဖန်းက သူ၏သမီးဖြစ်သူ ကျန်းကျန်းမှ ကောင်လေး၏လက်ကို ဆွဲ၍ ထွက်သွားသည်ကို မြင်သည့်အချိန်တွင် နောက်မှ လိုက်သွားချင်သော်လည်း မသင့်တော်လှသည့်အကြောင်းကို သိရှိနေခဲ့ရသည်။

သူမ၏သမီးဖြစ်သူမှ အမှန်ပင် မည်သူမျှ မမြင်နိုင်သည့်နေရာသို့ ခေါ်သွားမိမည်ကို ကြောက်နေခဲ့သည်။ သူ၏သမီးတွင် မည်သည်နေရာက မှားနေသနည်း။

သို့သော် အနာဂတ်သမက်လောင်း၏မိသားစုသည်လည်း ဤနေရာ၌ ရှိနေသည့်အတွက် မိခင်တစ်ဦးအနေနှင့် သမီးဖြစ်သည်၏အခြေအနေကို မည်သည့်နည်းနှင့်မျှ မဖြိုခွဲနိုင်ပါချေ။

ဝမ်စုဖန်းတစ်ယောက် ထင်းရှူးစေ့တစ်ထုပ်ယူလာကာ လင်းရှို့လန်ကို ပေးလိုက်၍ စကားဆက်ပြောရုံသာတတ်နိုင်ခဲ့သည်။

“ဒါတွေက ကျွန်မတို့ဇာတိက ထင်းရှူးစေ့တွေလေ၊ ကျွန်မကိုယ်တိုင်လှော်ထားတာတွေချည်းပဲ၊ မြည်းစမ်းကြည့်ပါဦး၊ ဒါတွေက အရမ်းစားလို့ကောင်းတယ်”

တစ်ဖက်၌ မိဘနှစ်ပါးက ပျော်ပျော်ရွှင်ရွှင် စကားပြောနေကြချိန်၌ ကျန်တစ်ဖက်၌ကား ကျန်းကျန်းက ရှီကျွင့်ကျဲလက်ကို ဆွဲ၍ အတော်လေး မြန်မြန်ပြေးသွားခဲ့သည်။

ကျန်းကျန်းက ရှီကျွင့်ကျဲကို မီးဖိုချောင်ထဲသို့ခေါ်သွင်းလိုက်ပြီး တံခါးပိတ်လိုက်သည်ကိုမြင်လျှင် ရှီကျွင့်ကျဲသည် ရုတ်တရက် ပြုံးလိုက်လေသည်။

“ကျန်းကျန်း၊ မင်းလည်း ဒီလိုတွေးထားတာလား၊ ဒါမှမဟုတ် ကိုယ့်ကပဲ မက်း ဘာလုပ်ချင်လဲဆိုတာ မှားပြီး နားလည်ထားတာလား”

ကျန်းကျန်း၏ ပါးပြင်နှစ်ဖက်သည်ကား အနည်းငယ်နီရဲနေခဲ့ပြီး ပါးပြင်ကို ပွတ်သပ်ရင်း ရှီကျွင့်ကျဲကို စိုက်ကြည့်လိုက်သည်။

“ရှင်က အတွေးလွန်နေတာပဲ၊ ကျွန်မက အဝတ်အစား နည်းနည်းလောက်ပဲ ဝတ်ထားတော့ နည်းနည်းအေးလို့ပါ”

“ဒါပေမဲ့ အခုတော့ တကယ်ပဲ ရှင့်ကို ရုတ်တရက် တစ်ခုခု လုပ်ချင်လာပြီ”

ရှီကျွင့်ကျဲသည်လည်း ကျန်းကျန်း၏ ခါးကို လက်ဖြင့်ဖက်၍ သူ၏အနီးသို့ အားကုန်ဆွဲကာပွေ့ဖက်လိုက်သည်။

ကျန်းကျန်းတစ်ယောက် မသိစိတ်ဖြင့် ရှီကျွင်းကျဲ၏ လက်နှစ်ဖက်ကို ဖမ်းကိုင်လိုက်မိပြီး ရှီကျွင်းကျဲသည်ကား အပြင်ပန်းတွင် ပိန်ပါးသွယ်လျပုံ ပေါ်သော်လည်း သူ၏ခန္ဓာကိုယ်မှ အသားများသည်ကား ကြွက်သားများဖြင့် ပြည့်နေကာ အလွန်သန်မာကြောင်း သဘောပေါက်လိုက်ရသည်။

သူမက သူ၏လက်မောင်းကို စူးစူးစမ်းစမ်း ညှစ်ကြည့်လိုက်ပြီး၊ လက်ဆန့်၍ ရှီကျွင်းကျဲ၏ ရင်ဘတ်ကိုပါ ဖိကြည့်လိုက်ရာ ဆွယ်တာအင်္ကျီအောက်မှ သူ၏ ခန္ဓာကိုယ်မှ ကြွက်သားများ၏ ပုံစံကို ခံစားမိလိုက်သည်။

ရှီကျွင့်ကျဲတစ်ယောက် သူ့ကိုယ်သူ အတင်စအကြပ်ဖိအားပေး၍ တည်ဆောက်ထားသည့် အရှိန်အဝါများသည်ကား ကျန်းကျန်း၏ လက်ထဲ၌ သုံးလေးချက်နှင့်ပင် ပျက်ပြယ်သွားခဲ့ရသည်။

သူ၏ မျက်နှာများကနီရဲလာခဲ့ပြီကျန်းကျန်းကို ကြည့်ကာ သူ၏လက်မောင်းများက တဖြည်းဖြည်း တင်းကျပ်လာကာ သူမ၏ခန္ဓာကိုယ်ကိုသာ သူ၏ကိုယ်နှင့် ထိကပ်သည်အထိ တင်းတင်းကျပ်ကျပ် ဖိကပ်လိုက်မိသည်။

သူတို့၏ ချစ်သူသက်တမ်းသည်ကား လအနည်းငယ်ခန့်ရှိနေခဲ့ပေပြီ။ ဤအချိန်ကာလကြားထဲတွင် နှစ်ဦးသား လက်တွဲရုံမျှသာရှိခဲ့ဖူးပြီး ကျန်းကျန်းမှ ရှီကျွင်းကျဲ၏ မျက်နှာကို ထိခြင်းသည်ကား ရံဖန်ရံခါ ပြုတတ်သည့် အပြုအမူတစ်ခုသာဖြစ်ခဲ့သည်။

ကျန်းကျန်းကို ရင်ခွင်ထဲသို့ဆွဲသွင်း၍ ပွေ့ဖက်ထားရဲခြင်းကား ရှီကျွင်းကျဲ၏ ဤတစ်ကြိမ်တည်းသာသတ္တိမွေး၍ လုပ်ရဲသည့် အပြုအမူတစ်ခုပင်ဖြစ်ပေသည်။

ရှီကျွင့်ကျဲမှ ကျန်းကျန်းကို သူ၏ရင်ခွင်ပေါ်၌ ဖိကပ်ထားသည့်အချိန်တွင် ကျန်းကျန်းမှ သူမ၏လက်နှစ်ဖက်ကို ဆန့်တန်း၍ ရှီကျွင်းကျဲ၏ ခါးကို ပွေ့ဖက်လိုက်ရင်း တစ်ဖက်လူ၏သည့် ခန္ဓာကိုယ်လေးက အနည်းငယ်တုန်နေသည်ကို ခံစားလိုက်ရသည်။

“ဘာလို့ ရုတ်တရက် ဖက်ချင်တာလဲ”

ကျန်းကျန်းက သူမ၏ခေါင်းကို ရှီကျွင့်ကျဲ၏ ပခုံးပေါ်၌ မှီ၍ မေးလိုက်သည်။

ရှီကျွင့်ကျဲသည် ရုတ်တရက် ရယ်မောလိုက်ပြီး ကျန်းကျန်း၏ မျက်နှာကို စိုငက်ကြည့်ရင်းဖြင့် အလေးအနက်ထား၍ ပြောလိုက်လေသည်။

“မင်းက အရင်ဆုံး ဦးဆောင်ပြီး ချစ်ကြောင်းဝန်ခံခဲ့ပြီး ကိုယ်တို့တွေ လက်တွဲခဲ့ပြီးပြီ၊ ကိုယ်သာ နှေးကွေးနေဦးမယ်ဆိုရင် တစ်နေ့ကျရင် မင်းက ကိုယ့်ကို အရင်ဆုံးပွေ့ဖက်လိမ့်မယ်လို့ ကိုယ်ထင်တယ ဒါကြောင့် ကိုယ်က အရင်လုပ်လိုက်တာ ပိုကောင်းတယ်”

“တကယ်ပဲ”

ကျန်းကျန်းသည် သူမ၏လက်ကို ရှီကျွင်းကျဲ၏ လက်မောင်းပေါ်တွင်တင်ပြီး သူ့ကို ကြည့်လိုက်သည်။

“ဒီတော့ ရှင် ကျွန်မတို့တွေ ချစ်မိကာစအချိန်ကတည်းက ကျွန်မကို ဖက်ချင်နေခဲ့တာလား”

ရှီကျွင့်ကျဲ၏ နားရွက်ဖျားများသည်ကား တစ်ခဏချင်း၌ပင် နီရဲလာပြန်သည်။ သူက ကျန်းကျန်း၏ ခါးကို ဖက်၍ ညင်သာစွာ ပြုံးလိုက်သည်။

“လီမင်ကျန်း၊ မင်းနဲ့အတူရှိပြီးတဲ့နောက် ကိုယ့်ဆီမှာ ဖြစ်ခဲ့တဲ့အကြီးမားဆုံး ပြောင်းလဲမှုက ဘာဖြစ်မလဲဆိုတာ မင်းသိလား”

ကျန်းကျန်း၏ စူးစမ်းလိုစိတ်နှင့် ပြည့်နေသည့် မျက်လုံးများကို ကြည့်ရင်း သူ၏မျက်လုံးများက ကျန်းကျန်း၏ နှုတ်ခမ်းများဆီ၌ ရပ်တန့်သွားသည်။

“အခု ကိုယ့်ရဲ့အသားအရေက ပိုပြီးတော့ ထူလာတယ်”

ကျန်းကျန်းတစ်ယောက် ဤသည် မည်သည့်နေရာဆီသို့ ဦးတည်သွားနေသည်ကို ပြောရန် တုံ့ဆိုင်းနေဆဲ၌ပင် ရုတ်တရက် သူမ၏ နှုတ်ခမ်းများက ပိတ်ဆို့ခံလိုက်ရတော့သည်။

ကျန်းကျန်း၏ နွေးထွေးပြီး တုန်ခါနေသည့် နှုတ်ခမ်းများက သူ၏နှုတ်ခမ်းများနှင့် ဖုံးအုပ်ခံထားရသည်ကို ခံစားလိုက်ရပြီး၊ အရသာကို မခံစားရသေးမီ၌ပင် ထိုနှုတ်ခမ်းများက ရုတ်တရက် ထွက်ခွာသွားခဲ့သည်။

ဤတစ်ကြိမ်တွင်ကား ရှီကျွင့်ကျဲ၏ နားရွက်များ နီရဲလာရုံသာမက သူ၏လည်ပင်းပင် ပူနွေးလာခဲ့တော့သည်။

ကျန်းကျန်း သူ၏နှုတ်ခမ်းများကို စိုက်ကြည့်နေပြီး နည်းနည်းလောက် မကျေနပ်သလို ခံစားရသည်။

“ဒီတော့ အရင်ဆုံး လုပ်ဆောင်ချင်တာ ဒီလောက်ခဏလေးပဲလား”

ကျန်းကျန်း၏ မျက်လုံးများက နည်းနည်းလောက် တုံ့ဆိုင်းနေခဲ့ပြီး ရှီကျွင့်ကျဲ၏ နှုတ်ခမ်းဆီကို လက်လှမ်းထိလိုက်ရင်း ကိုယ်တိုင် ဦးဆောင်သင့် မသင့် စဉ်းစားနေသည်။

မည်သည့်ဖြစ်စေ ဤသို့လှပသည့်မျက်နှာမျိုးနှင့် ဦးဆောင်ခံရသည်မျိုးက နေ့တိုင်းမဖြစ်နိုင်ပံ ရှားပါးလွန်းသည့်အတွက် ဗိုက်တင်းသည်အထိ စားသောက်လိုက်သင့်သည်။

တကယ်တမ်းတွင် ရှီကျွင့်ကျဲသည်လည်း အနည်းငယ်ခန့်တော့ စိတ်လှုပ်ရှားနေခဲ့သည်။ သူက ကျန်းကျန်း၏ စကားကိုကြားလျှင် မယုံနိုင်စွာဖြင့် ပြောလိုက်လေသည်။

“ကိုယ် မင်း ဒေါသထွက်မှာကို စိုးရိမ်လို့”

“ကျွန်မတို့က ချစ်သူတွေမဟုတ်ဘူးလား”

ကျန်းကျန်းက ပြုံး၍ ဆက်ပြောလိုက်သည်။

“နောက်ဆိုရင် ကျွန်မတို့က လက်ထပ်ကြမှာပဲလေ”

ရှီကျွင့်ကျဲ၏ မျက်လုံးများက ကောင်းကင်၌ ချိတ်ဆွဲခံထားရသည့် ကြယ်ပွင့်လေးများနှယ် ချက်ချင်း တောက်ပလာပြီး ခေါင်းကို အလွန်ပြင်ထန်စွာ ညိတ်ပြလိုက်လေသည်။

သူသည်ကား ကျန်းကျန်း၏ အရည်အချင်းများဖြင့် နေ့စဥ်နေ့တိုင်း ရိုက်ချခံနေရသည့်အတွက် သူ့ကိုယ်သူ ယုံကြည်မှု ပျောက်ဆုံးနေလုနီးပါးပင်ဖြစ်နေခဲ့ရသည်။

ယခု ကျန်းကျန်း၏ စကားများသည်ကား သူ၏ အားဆေးတစ်ခွက်နှယ်ဖြစ်နေခဲ့ကာ ချက်ချင်းပင် ရှီကျွင့်ကျဲ၏ ရင်ထဲ၌ စိတ်အေးသွားစေခဲ့သည်။

ရှီကျွင့်ကျဲမှ အလွန် တောက်ပစွာ ပြုံးနေသည်ကို မြင်သည့်အတွက် ကျန်းကျန်းလည်း သူ၏ လည်ပင်းကို ဖက်လိုက်ပြီး ဆက်ပြောခဲ့သည်။

“ဒါကြောင့် အချို့အရာတွေကို စောစောစီးစီး အကျင့်လုပ်ထားတာက ပိုကောင်းတယ်”

ရှီကျွင့်ကျဲတစ်ယောက် စကားပြောရန် ပြင်ဆင်နေစဉ်မှာပင် သူ၏ လည်ပင်းမှ ဆွဲချခံရသည်ကို ရုတ်တရက် ခံစားလိုက်ရပြီး ကျန်းကျန်းက သူနှင့် မျက်နှာချင်းဆိုင်ရန်အတွက် ခြေဖျားထောက်လိုက်လေသည်။

ယခင်နမ်းရှိုက်လိုက်သည့် အနမ်းနှင့် နှိုင်းယှဉ်သည့်အခါ ဤအနမ်းသည်က နည်းနည်းလောက် ပို၍ နက်ရှိုင်းနေခဲ့သည်။

ရှီကျွင့်ကျဲက မသိစိတ်အရ ကျန်းကျန်း၏ သွယ်လျသည့် ခါးလေးကို လက်တစ်ဖက်ဖြင့် ရစ်ကတ်ကာ ပွေ့ဖက်လိုက်ပြီး ကျန်ရှိနေသည့်လက်တစ်ဖက်ကမူ သူမ၏ ခေါင်းကို ထိန်းထားခဲ့ကာ အနမ်းထဲ၌ အလွန်အမင်း နှစ်မြုပ်နေသည့်အတွက် သူ့ကိုယ်သူပင် လွတ်မြောက်အောင် မစွမ်းဆောင်နိုင်တော့ပါချေ။

*

All Chapters