← Chapters

အခန်း (၂၃၆)

Vol. 24 Ch. 236

အခန်း (၂၃၆)

Vol. 24 Ch. 236

ကျန်းကျန်းတစ်ယောက် အနမ်းခံနေရသည့်အတွက် အသက်ရှူကျပ်လာခဲ့ရပြီး နောက်ဆုံးအပိုင်းအခြားကိုရောက်မှသာ ရှီကျွင့်ကျဲ၏ လက်မောင်းများထဲမှ လွတ်မြောက်သွားခဲ့ရသည်။

သူမက နံရံကိုမှီနေခဲ့ရကာ ခြေထောက်များသည်လည်း အားပျော့နေသကဲ့သို့ ခံစားရသည်။

ထို့နောက် ပါးစပ်ကို လက်ဖျံဖြင့်ဖုံးအုပ်ထားပြီး မျက်လုံးများက အနည်းငယ်ဝေဝါးလျက် ရှိနေသေးသည့် ရှီကျွင့်ကျဲကို ကြည့်ကာ သူမ၏ နှလုံးသားထဲ၌ နည်းနည်းလောက် ငိုကြွေးမိချင်သွားခဲ့ရသည်။

ထိုသူသည်ကား ပုံမှန်အားဖြင့် နူးညံ့၍ ချစ်စရာကောင်းသည့် နို့ခွေလေးနှယ် ဖြစ်နေခဲ့သော်လည်း နက်ရှိုင်းစွာ နမ်းလာသည့်အချိန်တွင်မူကား ဝံပုလွေခွေးလေးအဖြစ် ပြောင်းလဲသွားပြီး ခုခံ၍ပင် မရနိုင်တော့ချေ။

ရှီကျွင့်ကျဲက အသက်ပြင်းပြင်း အနည်းငယ်ရှူပြီး နောက်ဆုံးတွင်တော့ သတိပြန်ဝင်လာခဲ့သည်။

သူက ကျန်းကျန်းတစ်ယောက် နံရံကို မှီ၍ အရည်လဲ့နေသည့်မျက်လုံးများဖြင့် ကြည့်နေသည်ကို တွေ့သည့်အခိုက်တွင် သူ၏ နှလုံးသားက ရေအိုင်လေးတစ်ခုနှယ် ပျော့ပြောင်းသွားခဲ့သည်။

သူ သူမကိုသာ တစ်ချိန်လုံး ပွေ့ဖက်ထားချင်စိတ် ပေါက်နေခဲ့ရသည်။

“နံရံကို မှီမထားနဲ့လေ၊ နံရံက အရမ်းအေးတယ်။”

ရှီကျွင့်ကျဲက လက်လှမ်း၍ ကျန်းကျန်းကို သူ၏ ရင်ခွင်ထဲ ဆွဲသွင်းကာ သူမ၏ နောက်ကျောကို ခပ်ဖွဖွပုတ်ပေးလိုက်သည်။

“ရှင်က အရမ်းကြာအောင် နမ်းနေတာလေ”

ကျန်းကျန်းက သူ့ကို စွပ်စွဲသည့် မျက်လုံးများဖြင့် ကြည့်၍ ပြောလိုက်သည်။

“ကျွန်မ အသက်ရှူကျပ်လုနီးပါး ဖြစ်နေပြီ”

ရှီကျွင့်ကျဲက ကျန်းကျန်း၏ အနည်း ငယ်ခန့် ရောင်ရဲနေသည့် နီရဲရဲနှုတ်ခမ်းများကို ညင်သာစွာ ပွတ်သပ်ပြီး နှုတ်ခမ်းပေါ်သို့ ညင်သာစွာ တစ်ချက်နမ်းလိုက်သည်။

“မင်းပြောသလိုပဲ၊ တချို့အရာတွေကို စောစောစီးစီး အကျင့်လုပ်ထားတာ ပိုကောင်းတယ်။”

“ဒီတော့ ရှင်စွဲလန်းနေပြီပေါ့၊ ဟုတ်လား”

ကျန်းကျန်းက လက်ကိုဆန့်တန်း၍ ရှီကျွင့်ကျဲ၏ မျက်နှာကို တွန်းဖယ်လိုက်သည်။ သို့သော်လည်း ထိတွေ့မိသည့် ချောမွေ့သောခံစားမှုကြောင့် သူ့ကိုမျက်နှာကို ပို၍ ညှစ်မိစေခဲ့ပြန်သည်။

“စကားမပြောနဲ့တော့၊ မြန်မြန်ချက်ရအောင်၊ ခဏနေရင် သူတို့ရောက်လာတော့မှာ၊ အစားအစာ မပြီးသေးလို့ သူတို့မေးလာရင် ရှင် မဖြေနိုင်မှာ စိုးရတယ်”

အနာဂတ် ယောက္ခမအိုကြီး၏ မည်းမှောင်နေသည့် မျက်နှာကို သတိရသည့်အချိန် ရှီကျွင့်ကျဲတစ်ယောက် တုန်ရီသွားခဲ့ရပြီး ကျန်းကျန်း၏ ခါးကို မလွှတ်ချင်လွှတ်ချင် လွှတ်လိုက်ရသည်။

“မင်း ဘာစားချင်လဲ”

ကျန်းကျန်း၏ ခြေထောက်များသည်ကား ရှီကျွင့်ကျဲ၏ အနမ်းကြောင့် အားပျော့နေဆဲဖြစ်ပြီး ထိုင်ခုံတစ်ခုကို ရှာ၍ ထိုင်လိုက်ကာ စင်ဘက်ကို လက်ညှိုးထိုးပြသည်။

“မနက်က ကြက်သားဟင်းချိုတစ်အိုး လုပ်ထားတယ်၊ မနက်တုန်းက ရှင်ပို့လိုက်တဲ့ ငါးရှဉ့်လည်းရှိတယ်၊ ကျန်တာတွေက ဂေါ်ဖီထုပ်၊ အာလူး၊ တို့ဟူး စတဲ့ အိမ်မှာစိုက်ပျိုးထားတဲ့ ဟင်းသီးဟင့းရွက်တွေပဲ၊

ကျွန်မတို့မိသားစုက ပုံမှန်အားဖြင့် ဆောင်းရာသီမှာ ဒီလို ရိုးရိုးရှင်းရှင်း ဟင်းပွဲတွေပဲ စားကြတယ်”

ရှီကျွင့်ကျဲသည်လည်း ကျန်းကျန်း၏ အိမ်၌ ဆယ်ရက်တစ်ခါ၊ တစ်လတစ်ခါ သူ၏ အချက်အပြုတ်ပညာကို ထုတ်ပြလေ့ရှိသည့်အတွက် ကျန်းကျန်းအိမ်၏ မီးဖိုချောင်ကို သူ၏လက်ဖဝါးနှယ် သိကျွမ်းနေခဲ့သည်။

ထိုသို့ ရင်းနှီးကျွမ်းဝင်သည့် ရှီကျွင့်ကျဲက အသားဝက်ပေါင်ခြောက်၊ ပုစွန်ခြောက်နှင့် မှို အစရှိသည့် ဟင်းသီးဟင်းရွက်များကို ဗီဒိုထဲမှ ထုတ်၍ လှီးဖြတ်ကာ စိမ်ထားလိုက်သည်ကို ကျန်းကျန်း တွေ့လိုက်ရသည်။

ကျန်းကျန်း အနားယူပြီးသည့်နောက်တွင် သူမသည်လည်း ကူညီရန် ထလာခဲ့သည်။ သူတို့နှစ်ဦး ဟင်းသီးဟင်းရွက်များကို ဆေးကြော၊ လှီးဖြတ်ပြီး ဆားထည့်၍စိမ်ထားကာ ကြော်လှော်ချက်ပြုတ်ခဲ့ကြသည်။ အလွန်ကို ညီညွတ်စွာ ပူးပေါင်းလုပ်ဆောင်နေခဲ့ကြသည်။

ရှဲ့ယန်နန်၏ ကိုယ်ဝန်ကတည်ငြိမ်သွားသည့်နောက်တွင် သူနှင့် မင်ရှီတို့နှစ်ဦးက မီးပုံးကြော်လေးနှင့်အတူ သူတို့၏ အိမ်လေးဆီသို့ ပြန်ပြောင်းသွားကြသည်။

မည်သည့် အကြောင်းကြောင့်ပင် ဖြစ်စေ အိမ်သည်ကား အလွန်ကြာမြင့်စွာ ဗလာကျင်းနေသည်ပင်။

မဒမ်လီက သူတို့ကို ဆောင်းရာသီ၏ ဆယ်နှစ်မြောက်လရောက်လျှင် ခြံဝင်းထဲ ပြန်လာနေရန် ပြောထားခဲ့သည်။ မိသားစုသည်လည်း ပြန်လည်ဆုံစည်းကြရလိမ့်မည်ပင်။

ယခု မိသားစု၌ လူနည်းသည့်အတွက် ရှီကျွင့်ကျဲနှင့် ကျန်းကျန်းတို့က အလွန်ရှုပ်ထွေးသည့် ဟင်းပွဲများစွာကို မချက်ကြတော့ချေ။

သို့သော် ဂေါ်ဖီထုပ်၊ တို့ဟူး၊ အာလူးကဲ့သို့သော အစားအစာများသည်ပင် ရှီကျွင့်ကျဲ၏ လက်ထဲ၌ အရသာရှိသည့် ဟင်းပွဲများ ဖြစ်လာနိုင်သည်သာ။

ဟင်းပွဲတစ်ပွဲချင်းစီက နူးညံ့၍ ချိုမြိန်နေခဲ့သည်။ ပါးစပ်ထဲ အငွေ့ပျံသွားသည့် တို့ဟူးက ကျန်းကျန်းကို သူမ၏ ဘဝအား အချိန်အတော်ကြာ သံသယဝင်စေခဲ့သည်။

သူမသည်ကား နှစ်ပေါင်းများစွာ တို့ဟူးကို စားခဲ့သည်မှာ အလဟဿပင်ဟု အမြဲခံစားခဲ့ရသည်။

ဝမ်စီတို့ဟူးဟင်းချိုပွဲအား အသေးစားခွက်လေးတစ်ခွက်နှင့် စ်းသောက်ပြီးသည့်နောက် ကျန်းကျန်းက ဗလာဖြစ်နေသည့်ပန်းကန်လုံးနှင့် ထိုင်ခုံပေါ် ထိုင်လိုက်ပြီး ရှီကျွင့်ကျဲ၏ ရှည်လျားသည့် ခြေထောက်များက သူမ၏ ရှေ့၌ ရွေ့လျားနေသည်ကို ကြည့်နေခဲ့သည်။

“ရှင့်ရဲ့ အိပ်မက်ကို မပြောင်းဘူးလား? ဥပမာ၊ စားဖိုမှူး ဒါမှမဟုတ် တစ်ခုခု လုပ်ချင်တာမျိုးပေါ့”

ရှီကျွင့်ကျဲက ဝမ်စီတို့ဟူးတစ်ပန်းကန်ကို စားပွဲပေါ်ငို့ တင်လိုက်ပြီး ခန္ဓာကိုယ်ကို လှည့်ကာ ခါးကို အနည်းငယ်ကိုင်းညွတ်၍ ကျန်းကျန်း၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။

“ဟုတ်တယ်၊ ကိုယ့်ရဲ့ အိပ်မက်က မင်းအတွက် တစ်သက်တာ ကိုယ်ပိုင်စားဖိုမှူး ဖြစ်ဖို့ပဲလေ”

“ရှီကျွင့်ကျဲ၊ ရှင်တကယ်ပဲ အသားအရေထူလာပြီနော်”

ကျန်းကျန်းက ရှီကျွင့်ကျဲ၏ မျက်နှာကို ဆွဲညှစ်ရန် လက်ကိုဆန့်လိုက်စဉ် မဒမ်လီနှင့် တခြားသူများ မီးဖိုချောင်ဆီ လျှောက်လာသည်ကို အသိစိတ်ထဲမှ ရုတ်တရက် တွေ့လိုက်ရသည်။

ကျန်းကျန်းက ရှီကျွင့်ကျဲကို အလျင်အမြန် တွန်းဖယ်လိုက်ပြီး ဗလာဖြစ်နေသည့် ပန်းကန်လုံးကို ဘေးသို့ ဖယ်ထားလိုက်သည်။

“သူတို့တွေ မကြာခင် နေ့လည်စာ စားဖို့ လာတော့မယ် ထင်တယ်။”

ရှီကျွင့်ကျဲက အဘယ်ကြောင့်မှန်းမသိ၊ ကျန်းကျန်း ရှက်နေသည်ဟု ထင်လိုက်မိပြီး သူက ချက်ချင်းပြုံး၍ သူမကို ဆွဲဖို့လုပ်လိုက်လိုက်သည်။

“ဒီဘက်ကိုလှည့်ပါဦး၊ မင်းရဲ့ မျက်နှာနီမြန်းနေပြီလားဆိုတာကို ကိုယ်တွေ့ချင်လို့”

ထိုအခိုက်တွင် မီးဖိုချောင်တံခါးက ရုတ်တရက် ပွင့်လာခဲ့လေသည်။

ရှီကျွင့်ကျဲက သူ၏ လက်ကို ဆန့်တန်းကာ လေထဲ၌ တစ်ဝက်ခန့် ထုတ်ထားခဲ့ပြီး ကျန်းကျန်း၏အဖွား၊ မိဘများ၊ ယောက်ဖနှင့် အခြားဆွေမျိုးများ၏ အကြည့်များကို ရင်ဆိုင်လိုက်ရသည်။

ရှီကျွင့်ကျဲက သူ၏ လက်ကို အေးဆေးတည်ငြိမ်စွာ ဆန့်တန်းလိုက်ပြီး ကျန်းကျန်းကို ပြောလိုက်လေသည်။

“ကိုယ့်ကို တူတွေ ပေးပါဦး၊ ကိုယ် စားပွဲပေါ် တင်လိုက်မယ်”

ကျန်းကျန်းက တူတစ်ထပ်ကို အမြန်ဆွဲယူပြီး ရေပင် မရေတွက်ဘဲ ရှီကျွင့်ကျဲ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။ ထို့နောက် ဗီဒိုထဲမှ ပန်းကန်လုံးအသေးများ တစ်ထပ်ယူပြီး ထမင်းစားပွဲဆီသို့ လျှောက်သွားကာ လူတိုင်းကို ဝေပေးလိုက်လေသည်။

ရာသီဥတုက ပို၍ ပို၍ အေးလာသည့်အတွက် မီးဖိုချောင်မှ ပင်မတိုက်ဝင်းအထိ အကွာအဝေးကလည်း ဝေးကွာသည့်အကွာအဝေးတစ်ခုအဖြစာ ရှိသည်။

အစားအသောက်များနှင့် လျှောက်သွားလျှင် နေရာသို့ မရောက်ခင် ဟင်းပွဲများ အေးသွားလိမ့်မည်ဟု ခန့်မှန်းရသည်။ ကံကောင်းစွာဖြင့် မီးဖိုချောင်က အလုံအလောက် ကြီးသည်။

ယခင်နန်းတော်၏ သတ်မှတ်ချက်အရ မီးဖိုချောင်ထဲ၌ လူ ၂၀-၃၀ ခန့်နေထိုင်သည်မှာ ပြဿနာမရှိချေ။

ကျန်းကျန်းက အတွင်းဘက်အဆုံးတစ်ခုကို ရှင်းလင်းပြီး ထမင်းစားပွဲနှင့် ကုလားထိုင်များ ချထားသည့်အတွက် အေးသည့်အချွန်တွင် မိသားစုက မီးဖိုချောင်၌ တိုက်ရိုက် စား၍ရနေခဲ့ပေပြီ။

ပန်းကန်များကို ဆေးကြောရန်အတွက် အသင့်ပြုလုပ်ထားသည့် ရေနွေးလည်း ရှိသည့်အတွက် ယခင်ကထက် များစွာ ပို၍ အဆင်ပြေသည်။

လင်းရှို့လန်က ရှီကျွင့်ကျဲ၏ နှာခေါင်း၌ ချွေးနည်းနည်းထွက်နေသည်နှင့် နားရွက်များက နည်းနည်းလောက် နီနေသည်ကို မျက်စိရှင်စွာဖြင့် မြင်တွေ့ခဲ့၍ ဤကောင်လေးက တကယ်တမ်း တူများကို ကိုင်ချင်ခဲ့ခြင်း မဟုတ်သည်ကို သိလိုက်လေသည်။

ဝမ်စီတို့ဟူးဟင်းချိုကို တစ်ငုံသောက်ပြီးသည့်နောက် လင်းရှို့လန်က ပြုံး၍ ပြောလိုက်သည်။

“ဒီဟင်းပွဲကို နောက်ဆုံးစားတာက တရုတ်နှစ်သစ်ကူးတုန်းကပဲ၊ ကျန်းကျန်းရဲ့ မျကငနှာနှက့် တောင်းဆိုချက်တွေကြောင့် မဟုတ်ရင် ဒီစွပ်ပြုတ်ဟင်းချိုကို သောက်ဖို့ တစ်လကျော်လောက် ကြာဦးမယ် ထင်တယ်”

ကျန်းကျန်းက ပြုံး၍ ရှီကျွင့်ကျဲကို တစ်ချက်ကြည့်လိုက်သည်။

“သူက ဒီစွပ်ပြုတ်ဟင်းချိုနဲ့ ကျွန်မရဲ့ အစားမက်တဲ့ စိတ်တွေကို မြူဆွယ်ဖို့ ကြိုးစားနေတာ ဖြစ်မှာ၊ နောက်တစ်ခါ အန်တီသောက်ချင်ရင် သူ့ကို ထပ်မေးပေးမယ်လေ”

ရှီကျွင့်ကျဲက ကျန်းကျန်းအတွက် ဟင်းချိုတစ်ပန်းကန် ထည့်ပေးပြီး သူမ၏ လက်ဘေး၌ ချပေးလိုက်သည်။

“မင်း တောင်းဆိုစရာမလိုပါဘူး၊ မင်းလိုချင်တဲ့အခါတိုင်း ကိုယ်လုပ်ပေးဖို့ ဆန္ဒရှိတယ်”

လင်းရှို့လန်က ဘန်းမုန့်ကို တစ်ကိုက်စားရင်း လည်ချောင်းထဲ၌ ဆို့နင်သွားပြီး သူမ၏သားဖြစ်သူ၏ ထုံထိုင်းမှုက မခံမရပ်နိုင်လောက်အောင် ဖြစ်နေသည်ဟု ခံစားလိုက်ရသည်။

ဟင်းချိုသောက်ပြီးသည့်နောက် လင်းရှို့လန်က ကျန်းကျန်းကို မျက်နှာ၌ အထင်ကြီးလေးစားသည့် အမူအရာဖြင့် ကြည့်၍ ပြောလိုက်သည်။

“ ဒီသကားကို အရင်ကတည်း အစ်မတို့ကို လာပြောချင်ခဲ့တာ၊ ဒါပေမဲ့ သင့်တော်လား မသင့်တော်လား မသိခဲ့ဘူးလေ၊ ဒါပေမဲ့ အခုတော့ အစ်မတို့မိသားစုလည်း စုံစုံလင်လင်ရှိနေတုန်းမှာ မေးကြည့်ချင်လို့၊

ကျွင့်ကျဲအဖွားရဲ့ မွေးနေ့ကို ရောက်ရင် ကျန်းကျန်းကိုလည်း ကျွင့်ကျဲနှင့်အတူ လိုက်သွားပြီး ကျွင့်ကျဲ ရဲ့ ညီအစ်ကိုဝမ်းကွဲတွေနဲ့ ညီအစ်မဝမ်းကွဲတွေကို တွေ့ဆုံဖို့ ခွင့်ပြုနိုင်မလား”

ပေရှားဒေသ၏ ထုံးစံအရ ပုံမှန်အားဖြင့် လက်ထပ်ပြီးမှသာ ဆွေမျိုးများကို တွေ့ဆုံလေ့ရှိသည်။

ကျန်းကျန်းနှင့် ရှီကျွင့်ကျဲတို့ကမူ လက်ထပ်ရန် အလှမ်းဝေးနေသေးသည်မှာ ထင်ရှားသည်။

သို့သော် ကလေးနှစ်ဦး၏ ဆက်ဆံရေးကို ကြည့်လျှင် ဘွဲ့ရသည်နှင့် လက်ထပ်သည်မှာလည်း သဘာဝကျသည့် ကိစ္စများပင်။

ထို့ပြင် အဖွားရှီ၏ အသက် ၈၀ ပြည့် မွေးနေ့နှင့် တိုက်ဆိုင်နေသည့်အတွက် ကြိုတင်တွေ့ဆုံသည်မှာလည်း ကိစ္စမရှိချေ။

ဝမ်စုဖန်းက ဤကဲ့သို့ ကြီးမားသည့် ကိစ္စများကို သူမဘာသာ ဆုံးဖြတ်ရန် မရဲချေ။ မဒမ်လီသည်လည်း အချိန်ကြာမြင့်စွာ တွေဝေမနေချေ။ သူမက ကျန်းကျန်းကို ချစ်ခင်စွာ ကြည့်၍ ညင်သာစွာ မေးလိုက်သည်။

“ကျန်းကျန်း၊ မင်း ဘယ်လိုထင်လဲ။”

*

All Chapters