အခန်း (၂၃၈)
Vol. 24 Ch. 238
ခုနစ်နှစ်သားအရွယ်၌ အသားမုန့်လုံးက သစ်ပင်တစ်ပင်ကို ဖက်၍ စတင်တက်ခဲ့သည်။
သို့သော် နှစ်မီတာအထိ တက်လိုက်သည်၌ တစ်မီတာ ပြုတ်ကျခဲ့သည်။
သူ့၏ အခြေအနေကို ကြည့်၍ ကျန်းကျန်းတစ်ယောက် ခေါင်းပေါ်မှ နေလုံးမှတဆင့် အချိန်များကို တွက်ချက်ကြည့်ကာကာ ဘေးမှ သက်ပြင်းချနေခဲ့သည်။
သူမက သက်ပြင်းတချချဖြင့် သူ့ကို ကန်တင်ပစ်လိုက်ချင်စိတ် ပေါက်နေခဲ့၏။
လောက်လေးဖြင့် ပစ်တတ်ရန် သင်စဉ်အခါတွက် ကျန်းကျန်းက ပစ်မှတ်ကို မည်သို့ ချိန်ရမည်၊ မည်သို့ အားစိုက်ထုတ်ရမည်ကို သင်ပေးခဲ့သည်။
သို့သော်လည်း သင်ပြီးမှ ဤကလေးက မည်မျှပင်နီးနေပါစေ မထိနိုင်သည်ကို သိခဲ့ရ၏။
တကယ်တမ်းတွင့ သူ့အဒေါ်၏ မည်သူနှင့်မျှ မတူသည့် လှပ၍ စွယ်စုံသုံး လောက်လေးသည်ကား များစွာသော ကြိုးစားအားထုတ်မှုများဖြင့် ပြုလုပ်ထားခြင်းသာဖြစ်ကာ သူ၏အတွေးများကတော့ (အမှားကြီးပင်)။
မြစ်ထဲသို့ ဆင်းသည်နှင့်ပတ်သက်၍လည်း မြစ်ဘေးတွင် ကြီးပြင်းလာသော ကလေးဆိုလျှင် မည်သည့် ပြဿနာမျှ မရှိပေ။
ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်၌ မြစ်ထဲသို့ ပစ်ချလိုက်လျှင် ရေအနည်းငယ် မြိုချပြီးနောက် အလိုလို ပေါ်လာလိမ့်မည်။
သို့သော်လည်း အသားမုန့်လုံးက မြစ်ကြီးအတွင်း၌ ရေကူးတတ်ရန် သင်ယူသည့်အခါ သူ့အဒေါ်၏ ခုနစ်၊ ရှစ်မိနစ်ခန့် ကြာအောင် ရေအောက်တွင် နေနိုင်သည့် အရိုင်းဆန်သော အစွမ်းမျိုးသည်ကား သာမန်လူများ လုပ်နိုင်သည် မဟုတ်သည်ကို သိခဲ့ရ၏။
ဤသို့ ချစ်စရာကောင်းသည့် သူ့အဒေါ်က ဤသို့ စွမ်းရည်မျိုး မည်သို့ သင်ယူခဲ့သနည်း။ ပေရှားဒေသက လူကြီးလူကောင်းများက မည်သူမျှ သူမကို မမီကြပေ။
သူ့အဒေါ်ဖြစ်သူ၏ စွမ်းရည်များကို တွေးမိသည့်အခါတွင် အသားမုန့်လုံးက ကုလားထိုင်၌ ထိုင်နေသော ကျန်းကျန်းကို ကြည့်၍ နားမလည်နိုင်စွာ မေးလိုက်သည်။
“အန်တီလေး ၊ ကျွန်တော် အန်တီလေးကို မကောင်းပြောနေတာမျိုး မဟုတ်ပါဘူး၊ အန်တီလေးလိုမျိုး ဆံပင်ဖျားကနေ ခြေသည်းခွံအထိ ယောကျ်ားလေးတစ်ယောက်ထက် ပိုပြီးရင့်မာကြံ့ခိုင်နေတဲ့ မိန်းကလေးတစ်ယောက်ကို ဘယ်လို ယောကျ်ားမျိုးကများ စွဲလမ်းနေတာလဲ။”
ကျန်းကျန်းက ဂုဏ်ယူစွာ မေးစေ့ကို မော့လိုက်သည်။
“သူ ရောက်လာတဲ့အချိန်ကျရင် မင် မြင်ရင် သိလိမ့်မယ်”
ကျန်းကျန်း၏ စကားများကြောင့် အသားမုန့်လုံး၏ စိတ်အတွင်း၌ ကြောင်လေးတစ်ကောင်ဆီမှ ခြစ်ခြစ်ခံလိုက်ရသကဲ့သို့ ယားယံနေခဲ့သည်။
“ပြောပါဦး၊ အဲဒီလူက အန်တီလေးနဲ့ ထိုက်တန်ရဲ့လားဆိုတာ ကျွန်တော် သီချင်တယ်”
“သူက ငါ့ရဲ့ အတန်းဖော်ပဲ”
ကျန်းကျန်းက ပထမဆုံး ထိုစကားကိုပြောလိုက်သည့်အချိန်တွင် အသားမုန့်လုံးက ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။
“အန်တီလေးလိုမျိုး တော်ဝင်မြို့တော်ရဲ့ တော်ဝငရတက္ကသိုလ်မှာ စာသင်ခွင့်ရထားတယ်ဆိုတော့ သူက စာတော်မယ်နဲ့ တူတယ်”
“သူက ပြင်သစ်စမေဂျာကို အထူးပြုအဖြစ်ယူခားတာ၊ သူက ပြီးခဲ့တဲ့ စာသင်နှစ်တုန်းက ပြင်သစ်မေဂျာရဲ့စာမေးပွဲမှာ ပထမရပြီး ငါက ဒုတိယရခဲ့တယ်”
ကျန်းကျန်းက ထပ်ပေါင်း၍ပြောလိုက်သည်။
“ငါ့ကို ကျော်ပြီး စာမေးပွဲမှာ အဆင်းပိုကောင်းတယ်ဆိုတော့ အဋ်ဒီကလေးက ခေါင်းကောင်းတယ်ဆိုတာ အသေအချာပဲ”
အသားမုန့်လုံးက အံ့သြသွား၏။
သူ့၏ အလွန်အမင်းတော်ကာ ထူးချွန်လွန်းသည့် အဒေါ်သည်ကား ကလေးဘဝမှ အခုအချိန်အထိ ပထမနေရာ၌သာ ရှိခဲ့ဖူးခဲ့သူဖြစ်ပေ၏။ သူမသည်ကား ဒုတိယရခဲ့ဖူးသည်ဟု တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးပေ။
အသားမုန့်လုံး၏ စိတ်အတွင်း၌ သူ့၏ လေးစားရသည့် အနေအထားကို ထိန်းသိမ်းထားရန်အတွက် ကျန်းကျန်းက အားပါးတရ ထပ်ပြောလိုက်သည်။
“အို၊ ပြောဖို့ မေ့သွားတယ်၊ ငါက ဘာသာရပ် သုံးခုကို တစ်ပြိုင်တည်း သင်ယူခဲ့တာ၊ သတင်းစာမေဂျာ အထူးပြုမှာ ငါပထမရတယ်၊ နောက်ပြီး ဘာသာရပ် သုံးခုစလုံးက အဆင့် ကောင်းတာကြောင့် အထူးပညာသင်ဆုကို ရရှိထားခဲ့တယ်။”
အသားမုန့်လုံးက ချက်ချင်းပင် ကျန်းကျန်းအား ဒူးထောက်လိုက်သည်။
“ချစ်လှစွာသော အန်တီလေး၊ ကျွန်တော်တို့ တစ်နှစ်လောက် မတွေ့ရတာလေ၊ ဒါပေမဲ့ အန်တီလေးက အခုထိ လူမဆန်အောင် တော်တုန်းပဲ”
“ဟေဟ၊ ဒီလိုသာ မဟုတ်ရင် ငါက ဘယ်လိုလုပ်ပြီး မင်းရဲ့ အန်တီလေးဖြစ်နိုင်မှာလဲ”
ကျန်းကျန်းက ထင်းရှူးစေ့များအား လက်ဖြင့် တစ်ဆုပ်ကို ဆုပ်ကိုင်၍ ကျွတ်ကျွတ်မြည်အောင် ညှစ်ဖွင့်လိုက်သည့်အချိန်တွင် အသားမုန့်လုံးမှာ တစ်ကိုယ်လုံးပင် တုန်ယင်သွား၍ ဂရုတစိုက် မေးလိုက်သည်။
“အန်တီလေး ၊ ဒါဆို ကျွန်တော့်ရဲ့ ဦးလေးငယ်လေးရဲ့ ခန္ဓာကိုယ် အခြေအနေက ဘယ်လိုလဲ၊ သူ့ရဲ့ကိုယ်က အရိုက်ခံရဖို့အတွက် အဆင်ပြေနိုင်လား”
ကျန်းကျန်းက အသားမုန့်လုံး၏ အကြည့်အတိုင်း လိုက်ကြည့်မိကာ ထင်းရှူးစေ့များကို ကိုင်ထားသော သူမ၏ လက်ပေါ် ရောက်သွား၏။
သူမက ထင်းရှူးစေ့များကို ပါးစပ်အတွင်း ပစ်ထည့်၍ နောက်တစ်စေ့ကို ထပာမံကာ ခွဲလိုက်ပြန်သည်။
“အရမ်း ကောင်းတယ်၊ သူ့ရဲ့ခန္ဓာကိုယ်က ကြွက်သားတွေနဲ့ပြားမားမနေဘူး၊ ဒါပေမဲ့ ကိုင်ကြည့်လိုက်ရင် အသားတွေက တင်းရင်းပြီး ကြွက်သားတွေကို ခံစားနိုင်တယ်၊ သူက မနက်တိုင်း ထပြီး ပြေးတယ်၊ ဘတ်စကတ်ဘော ကစားတာနှင့် ရေကူးတာကိုလည်း အရမ်းတော်တယ်”
“အန်တီလေး သူ့ကို တကယ် ထိကြည့်ခဲ့တာလား”
အသားမုန့်လုံး၏ အသံသည်ကား တုန်ယင်နေ၍ အနည်းငယ် ပျံ့လွင့်နေခဲ့သည်။
“အန်တီလေး နည်နးည်းလောက် လျှော့လျှော့ပေါ့ပေါ့လုပ်ပါလား၊ အန်တီလေးတို့ အခုထိ မင်္ဂလာမဆောင်ရသေးဘူး မဟုတ်လား”
ကျန်းကျန်းက ထင်းရှူးစေ့တစ်စေ့ကို လှမ်းပစ်လိုက်၍ အသားမုန့်လုံး၏ နဖူးကို အတိအကျ ထိမှမ်သွားခဲ့သည်။
“မင် ဘာတွေ စဉ်းစားနေတာလဲ၊ ညစ်ပတ်လိုက်တာ”
ထိုနေ့က မီးဖိုထဲ၌ နမ်းခဲ့သည်ကို တွေးမိသည့်အခါတွင် ကျန်းကျန်း၏ စိတ်အတွင်း၌လည်း အနည်းငယ် လှုပ်ရှားနေခဲ့၏။
သို့သော်လည်း သူ့တူရှေ့၌ ဤကိစ္စမျိုးကို အမှန်အတိုင်း ပြော၍ မရနိုင်သောကြောင့် ကျန်းကျန်းက သူ့ကိုယ်သူ ဆင်ခြေပေးလိုက်လေသည်။
“မတော်တဆ ချော်လဲပြီး သူ့ကို ထိမိသွားတာ”
“အန်တီလေး လိမ်နေတာ”
အသားမုန့်လုံးက မပြောဘဲ မနေနိုင်၍ စောဒကတက်လိုက်သည်။
“ အန်တီလေးက တစ်နှစ်သမီးအရွယ် လမ်းလျှောက်တတ်တဲ့အချိန်ကတည်းက တစ်ခါမှ မချော်လဲဖူးဘူး၊ ဒီတော့ ဖြစ်နိုင်တာက အန်တီလေးက တစ်ယောက်ယောက်ရဲ့ လက်ထဲကို တမင်တကာ ပြုတ်ကျခဲ့တာ မဟုတ်လား”
ကျန်းကျန်းက ချက်ချင်း နောက်ထပ် ထင်းရှူးစေ့တစ်စေ့ကို လှမ်းယူလိုက်သည်ကိုမြင်လျှင် အသားမုန့်လုံးက နဖူးကို လက်ဖြင့် အုပ်၍ အော််စာလိုက်သည်။
“ဟေး ဟေး ဟေး.. လူကြီးလူကောင်းတစ်ယောက်က ဒီလိုမျိုး ကိုယ်ထိလက်ရောက် မလုပ်တတ်ဘူး ၊ အန်တီလေးက ကျွန်တော် ပြောတာ မှန်နေတဲ့အတွက်ကြောင့် ဒေါသထွက်နေတာလား”
“ငါက မိန်းကလေးဆိုတာ မင်းမသိဘူးလား။”
ထင်းရှူးစေ့တစ်စေ့က နောက်တစ်ကြိမ်ပစ်လွှတ်ခံလိုက်ရပြီး နံရံကို ထိမှမ်ပြီးနောက် အသားမုန့်လုံး၏ ကျောဘက်ကို တဲ့တဲ့ထိမှန်နေခဲ့သည်။
ဤသည်က အသားမုန့်လုံး၏ နောက်ကျောဘက်ကို ဆောင့်ကန်လိုက်သကဲ့သို့ ဖြစ်သွားခဲ့ရကာ ပထမဆုံး အကြိမ်ကထက် ပို၍အားကောင်းနေခဲ့သည်။
အသားမုန့်လုံးက လက်တစ်ဖက်ဖြင့် နဖူးကို အုပ်၊ နောက်တစ်ဖက်ဖြင့် နောက်ကျောဘက်ကို အုပ်၍ ကျန်းကျန်းကို ဒူးထောက်လုနီးပါး ဖြစ်သွားခဲ့လေသည်။
“ထင်းရှူးစေ့ကို ဒီလိုမျိုး ပစ်လိုက်ရင် တစ်ပတ်လှည့်သွားတာလား၊ အန်တီ လေး ကျွန်တော့်ကို ဒီလိုမျိုး မနှိပ်စက်ရဘူး”
“အမှန်အတိုင်း ပြောတာဆိုပြီး ပြောဦးမှာလား”
ကျန်းကျန်းက သူ့ကို မျက်စောင်းထိုး၍ ထင်းရှူးစေ့များကိုသာ ဆက်စားနေခဲ့သည်။
အသားမုန့်လုံးက သူ့၏ ခေါင်းအနောက်ဘက်ကို ပွတ်သပ်၍ ကျန်းကျန်း၏ ဘေးနားသို့ သွားခဲ့သည်။ ထို့နောက် သူ၏ရင်ဘတ်ကို ထပ်မံပွတ်သပ်ရင်း ပြောလာလေ၏။
“ဒီဆော့ ပြောပါဦး၊ အန်ကယ်လေးရဲ့အခြေအနေက ဘယ်လိုလဲ”
“ဘယ်နေရာမှာမဆို ကောင်းတယ်”
ကျန်းကျန်းက ချိုမြိန်သော အပြုံးဖြင့် နိဂုံးချုပ်လိုက်သည် ။
“သူ့ကို ကြည့်လိုက်တာနဲ့ ငါသဘောကျတယ်”
သူ့၏ခန္ဓာကိုယ်ပေါ်မှ ကြက်သီးမွေးညှင်းများကို ပွတ်သပ်ရင်း အသားမုန့်လုံးက ထိတ်လန့်တကြား မျက်နှာဖြင့် ကျန်းကျန်းကို ကြည့်လာခဲ့သည်။
“အန်တီလေးက ချစ်မိသွားတဲ့အချိန်ကိုရောက်ရင် ဒီလိုမျိုး ရယ်မောတတ်လာလိမ့်မယ်လို့ မထင်ထားဘူး၊ အို.. အန်တီလေးက တစ်သက်လုံး တစ်ယောက်တည်း နေလိမ့်မယ်လို့ ကျွန်တော် ထင်ခဲ့တာ”
ကျန်းကျန်းက သူ့ကို မယုံကြည်စွာ ကြည့်လိုက်သည်။
“ငါက ပန်းလေးတစ်ပွင့်လို လှပနေတာလေ၊ ဘာလို့ တစ်ယောက်တည်း နေရမှာလဲ”
သူမ၏ ပခုံးပေါ် ကျနေသော ဆံပင်တချို့ကို ပွတ်သပ်ရင်း ကျန်းကျန်းက ရှီကျွင့်ကျဲ၏မျက်နှာကို သတိရသွားခဲ့ကာ ချက်ချင်းပင် ပြုံးလိုက်ရင်း အသားမုန့်လုံးဆီကို မျက်လုံးလှန်ပြလိုက်သည်။
“ငါ့လို လှပပြီး တော်ထက်လွန်းတဲ့ မိန်းကလေးက ဘာလို့ ယောကျ်ားမယူရမှာလဲ၊ သဘာဝကျကျနှင့် အကောင်းဆုံး ယောကျ်ားကို ရှာရမှာပေါ့”
သူမ၏ မျက်လုံးများက အသားမုန့်လုံးဆီသို့ ရောက်သွားသည့်အခါတွင်တော့ ထိုမျက်ဝန်းများအတွင်းမှ ချိုမြိန်မှုများက ချက်ချင်း ပျောက်ပွယ်သွားခဲ့၍ မျက်နှာကိုမဲ့လိုက်လေသည်။
“မင်းလိုလူမျိုးဆိုရင်တော့ တစ်သက်လုံး ဇနီးတစ်ယောက် ရှာမတွေ့ဘဲနေမှာကို သတိထား”
ကျန်းကျန်းက သူမ၏ အိမ်အတွင်းသို့ ပြန်ဝင်သွားသည့်အချိန်တွင် သကြားမုန့်လုံးက ရေချိုးပြီးနေခဲ့ပြီ။
သူမက ရေချိုးကန်အတွင်းမှ ရေများကို ခပ်ထုတ်နေခဲ့၏။
ကျန်းကျန်းက မျက်နှာသုတ်ပုဝါယူ၍ သူမ၏ စိုရွဲနေသေးသော ဆံပင်များကို ရစ်ပတ်ပေးလိုက်သည်။
ထို့နောက် သူမ တူမလေး၏ နူးညံ့ချောမွတ်နေသော မျက်နှာလေးကို ကိုင်ကြည့်လိုက်သည်။
“အပြင်ဘက်မှာ လေတွေ တိုက်နေတယ်၊ မင်းရဲ့ ဆံပင်တွေ မခြောက်မချင်း အပြင်ကို မထွက်ရဘူး၊ အခု ကုတင်ပေါ်ကို တက်ပြီး စောင်ခြုံပြီး နွေးနွေးထွေးထွေး သွားနေလိုက်၊ ဒီမှာတော့ ငါပဲ သိမ်းဆည်းလိုက်ပါမယ်”
သကြားမုန့်လုံးသည်ကား မှတ်မိတတ်သည့် အရွယ်ကတည်းက သူမ၏မိဘများနှင့် အန်းပေ၌ နေခဲ့သည်။ နွေရာသီနှင့် ဆောင်းရာသီ ကျောင်းပိတ်ရက်များ၌တွင်သာ မိဘများနှင့်အတူ ပေရှားဒေသမှ သူ့ဇာတိကို ပြန်လာခဲ့သည်။
ကျန်းကျန်းဟူသော အန်တီလေးနှင့်ပတ်သက်၍ သကြားမုန့်လုံးက ရင်းနှီးသည်။
သို့သော်လည်း တစ်နှစ်လျှင် တစ်ခါခန့်သာ တွေ့ရသည့်အတွက် ပြောဆိုရန်အကြောင်းများ နည်းပါးသည် သော်လည်းကောင်း၊ အသက်ကွာခြားမှု အနည်းငယ်ရှိသည် သော်လည်းကောင်းကြောင့် ရင်းနှီးချစ်ခင်မှု ခံစားချက်က နည်းနေခဲ့သည်။
ကျန်းကျန်းက အပြင်၌ ရေခပ်နေစဉ်အခါ ကွေ့ဟွားက အိမ်မကြီးအတွင်းမှ လှုပ်ရှားမှုကို ကြား၍ အလျင်စလို ရောက်လာသည်။
“ကျန်းကျန်း၊ အဲဒါတွေကို ချထားလိုက်ပါ၊ သမအတွက် ငါပဲ ရှင်းလိုက်ပါမယ်”
များစွာသော နှစ်များ ကြာပြီးနောက်တွင်ပင် ကွေ့ဟွားသည်ကား အိမ်ထောင်မပြုမီကဲ့သို့ပင် လျင်မြန်နေတုန်းပင်ဖြစ်ချေသည်။
သူမက ကျန်းကျန်းကို အိမ်အတွင်းသို့ တွန်းထည့်၍ ညစ်ပတ်သည့် ရေပုံးတစ်ပုံးကို လက်တစ်ဖက်တည်းဖြင့် သယ်သွားခဲ့သည်။
ကျန်းကျန်းက သကြားမုန့်လုံး၏ ဆံပင်ကို အခြောက်ခံပေးပြီးနောက်တွင် ကွေ့ဟွားက ရေချိုးကန်ကိုပါ သန့်ရှင်းအောင် ဆေးကြောပေးခဲ့သည်။
“သကြားမုန့်လုံး၊ အန်တီလေးနဲ့ အခန်းအတူတူ နေတဲ့အခါ အန်တီလေးရဲ့စကားတွေကို နားထောင်ရမယ်နော်၊ ညဘက် အန်တီလေးစာဖတ်နေတဲ့အချိန်တွေမှာ သူမကို မနှောင့်ယှက်ရဘူး၊ မင်းရဲ့ အန်တီလေးစာကျက်တာကို မနှောင့်နှေးစေနဲ့”
ကွေ့ဟွားက လက်ဆေး၍ သကြားမုန့်လုံးကို လာပြောသည်။
“အမေ၊ သမီး သိပါတယ်”
သကြားမုန့်လုံးက နားထောင်စွာ ပြန်ဖြေပြီးနောက် ရှက်ရွံ့စွာနှင့် ကျန်းကျန်းကို ကြည့်လိုက်သည်။
“အန်တီလေး စာဖတ်နေရင် သမီး အိမ်စာလုပ်ပြီး ထိုင်နေလိုက်မယ်၊ အန်တီလေးကို အနှောင့်အယှက် မပေးပါဘူး”
*