အခန်း (၂၃၇)
Vol. 24 Ch. 237
ကျန်းကျန်း ရှီကျွင့်ကျဲကို ပြန်ကြည့်လိုက်သည့်အချိန်တွင် သူ၏ မျက်နှာ၌ မျှော်လင့်ချက်များ နည်းနည်းဖြင့် သူမကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။
“ကောင်းပြီ”
ကျန်းကျန်းက လင်းရှို့လန်ကို ပြုံးပြ၍ ပြောလိုက်သည်။
“ဒါဆို ကျေးဇူးပြုပြီး အန်တီလင်းကိုပဲ ကျွန်မကို ဂရုစိုက်ပေးဖို့ တောင်းဆိုပါရစေ”
“ အဓိပ္ပာယ်မရှိတာပဲ”
လင်းရှို့လန်က ပြုံး၍ ပြောလိုက်လေ၏။
“မင်းက အန်တီ့ရဲ့ အနာဂတ်ချွေးမ၊ အန်တီက မင်းကို ဂရုမစိုက်ရင် ဘယ်သူ့ကို ဂရုစိုက်ရမှာလဲ၊ ပြောရမယ်ဆိုရင်…”
လင်းရှို့လန်က ပြုံး၍ ရှီကျွင့်ကျဲကို တစ်ချက်ကြည့်လိုက်သည်။
“မင်းကို ကောင်းကောင်း ဂရုမစိုက်နိုင်ရင် ရှီကျွင့်ကျဲက သဘောတူမှာ မဟုတ်ဘူး”
ရှီကျွင့်ကျဲက စားပွဲအောက်မှ ကျန်းကျန်း၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
“စိတ်မပူပါနဲ့၊ အဲဒီနေ့ကျရင် ကိုယ် မင်းရဲ့ ဘေးကနေ မခွာဘူး၊ မင်း မနေတတ်ရင် ကိုယ် မင်းကို စောစောပြန်ထွက်ပြီး ခေါ်လာပေးမယ်”
အဖွားရှီ၏ မွေးနေ့ပွဲကို တက်ရောက်ရမည်ဖြစ်သည့်အတွက် မွေးနေ့လက်ဆောင်သည်ကလည်း သဘာဝကျစွာဖြင့်ပြင်ဆင်ရပေမည်။
ကံကောင်းစွာဖြင့်ပင် ကျန်းကျန်းက အဖွားရှီ၏ နှစ်သက်မှုများကို ကြိုတင်သိထားပြီးသားဖြစ်နေခဲ့သည်။ သူမက ကြိုတင်ပြင်ဆင်ထားသည့် ဗလာစာလိပ်များကို ချထားပြီး ပြင်ဆင်လိုက်လေ၏။
သူမက “လိပ်၊ ကြိုးကြာနှင့် ပျိုနီပန်း” ပန်းချီကားတစ်ချပ်ကို ဆွဲရန် ပြင်ဆင်ခားသည်။
အေးခဲသွားသည့် ပျိုနီပန်းများသည်လည်း တစ်နေ့ပြီးတစ်နေ့ ပြန်လည်ကောင်းမွန်လာခဲ့သည်။
ခုနစ်ရက်အတွင်း၌ပင် နွမ်းနယ်သွားသည့် ပန်းဖူးတချို့က ပုံမှန်အတိုင်း ပြန်ဖြစ်လာခဲ့ပြီး မည်းနက်နေသည့် ဖူးပွင့်များသည်ကား ကြွေကျသွားခဲ့သော်လည်း ပန်းဖူးအသစ်များ ပြန်လည် ထွက်ပေါ်လာခဲ့ပြီး ယခင်ကထက် များသည်ဟု ထင်ရသည်။
ကျန်းကျန်းက မွေးနေ့လက်ဆောင်အတွက် ပန်းချီဆွဲရန် ခုနစ်ရက်တိတိအချိန်ယူခဲ့ပြီး ထိုနေ့၌ ဝတ်စားရန် အဝတ်အစားများ ပြင်ဆင်သည့်အခိုက်တွင် လီမင်တုန်နှင့် လီမင်နန်တို့၏ မိသားစုများ ရောက်ရှိလာကြပေပြီ။
အိမ်ကို အချိန်အတော်ကြာကတည်းက ရှင်းလင်းထားပြီးဖြစ်ပေသည်။ အိပ်ရာခင်းများသည်လည်း အသင့်လုပ်ထားပြီးသားဖြစ်၍ စားပွဲ၊ အဝတ်ဗီဒို အစရှိသည်တို့လည်း ပြင်ဆင်ပြီးသား ရှိနေခဲ့သည်။
လီမင်နန်၏ ကလေးနှစ်ဦးက သိပ်မကြီးသေးသော်လည်း သူတို့ နောက်ဆုံးလာစဉ်ကဲ့သို့ပင် အရှေ့အခန်းထဲ၌သာ အိပ်ကြသည်။
ဖက်ထုပ်နှင့် ဘီစကစ်က ကုတင်ပေါ်၌ အတူတူအိပ်ပြီး ကောင်လေးညီအစ်ကိုများက ကုတင်ပေါ်၌ ပျော်ရွှင်စွာ ခုန်ပေါက်နေခဲ့ကြသည်။
လီမင်တုန်အတွက်ပြောရလျှင်တော့ အတော်လေး ဒုက္ခရောက်ရပေသည်။ အသားမုန့်လုံးက ကျန်းကျန်းထက် နှစ်နှစ်သာ ငယ်ပြီး ယခုအချိန်တွင် ကြီးကောင်ဝင်နေခဲ့ပြီ။
သူ၏ ကျောပေါ်မှ လေးလံသည့် ကျောင်းလွယ်အိတ်ကို ကြည့်လိုက်သည်နှင့် ဤသည်မှာ နောက်နှစ် တက္ကသိုလ်ဝင်တန်း ဖြေမည့် ကျောင်းသားဖြစ်သည်မှာ သိသာသည်။
သကြားမုန့်လုံးက မိန်းကလေးဖြစ်သည့်အတွက် သူ၏ မိဘများနှင့် အခန်းအတူတူနေရန် မသင့်တော်ချေ။
ထို့ကြောင့် ကျန်းကျန်းက သကြားမုန့်လုံးကို သူမ၏ ကိုယ်ပိုင်အခန်း၌သာ ထားလိုက်သည်။
အသားမုန့်လုံးကို အခန်းတစ်ခန်းတည်း၌ တစ်ယောက်တည်း အိပ်ခိုင်းပြီး ပဲမုန့်လုံးကိုမူ မင်တုန်နှင့် သူ၏ ဇနီးနှင့်အတူတူ အိပ်ခိုင်းလိုက်သည်။
အသားမုန့်လုံးနှင့် ကျန်းကျန်းတို့က အတူ ကြီးပြင်းလာကြသည်။ အသားမုန့်လုံးက ငယ်စဥ်ကစားစဉ်က အန်တီလေးဟု ခေါ်ခဲ့သော်လည်း ချစ်ခြင်းမေတ္တာအရမူ သူတို့နှစ်ဦးက မောင်နှမအရင်းများကဲ့သို့ပင် ရင်းနှီးခဲ့ကြသည်။
အသားမုန့်လုံးက တံခါးကို တွန်းဖွင့်လိုက်သည့်အချိန်တွင် ကျန်းကျန်း သူ့အတွက် ပြင်ဆင်ထားသည့် အခန်းထဲ၌ စားပွဲခုံနှင့် မီးအိမ်ကို ဂရုတစိုက် ပြင်ဆင်ထားရုံသာမက စာအုပ်စင်တစ်ခုပါရှိပြီး စာအုပ်များသည် တစ်တန်းစီ တင်ထားသည်ကို တွေ့လိုက်ရသည်။
အသားမုန့်လုံးက သူ၏ ကျောင်းအိတ်ကိုပင် မချနိုင်ခဲ့ဘဲ စာအုပ်စင်ဆီသို့ လျှောက်သွားက် ကြည့်လိုက်သည့်အချိန်တွင် ထိုစာအုပ်စင်ပေါ်၌ မြို့တော်၏ နောက်ဆုံးပေါ် လေ့ကျင့်ခန်းစာအုပ်များ အကုန်ရှိနေသည်ကို တွေ့လိုက်ရသည်။
ဘာသာရပ်များအားလုံးက စုံလင်စွာ အမျိုးအစား စုံလင်စွာရှိသည်။ အဖုံးများ မတူသည့်အတွက် ကျန်းကျန်းက အကုန်လုံးကို ဝယ်ထားခြင်းဖြစ်ကာ၊ အစုံငါးစုံပင် ရှိနေခဲ့သည်။
“အသားမုန့်လုံး ဒီနှစ်သစ်လက်ဆောင်ကို မင်းကြိုက်လား။”
အသားမုန့်လုံးက လေ့ကျင့်ခန်းစာအုပ်တစ်အုပ်ကို လှန်ကြည့်နေသည်ကို မြင်သည့်အချိန်တွင် ကျန်းကျန်းတစ်ယောက် မရယ်ဘဲ မနေနိုင်တော့ချေ။
“အန်တီလေး၊ ကျွန်တော်ကအသက် ဘယ်လောက်ကြီးနေပြီလဲ၊ ကျွန်တော့်ကို ငယ်နာမည်နဲ့ မခေါ်ပါနဲ့လား”
အသားမုန့်လုံးက ခေါင်းမော့၍ ကျန်းကျန်းကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။
“ငါက မင်းကို မင်းရဲ့ ဒီနာမည်ပြောင်ကို ခေါ်ဖို့ပေးခဲ့တာလေ”
ကျန်းကျန်းက သူ၏ ဘေးမှ ကုလားထိုင်ပေါ်၌ ဝင်ထိုင်လိုက်သည်။
“ငါ့ရဲ့ရှေ့မှာ ငါပေးခဲ့တဲ့ နာမည်ပြောင်ကို မကြိုက်ဘူးဆိုတာက ကောင်းတဲ့အကြံ မဟုတ်ဘူးမဟုတ်လား”
ဤကိစ္စကို ပြောသည့်အခိုက်တွင် အသားပေါင်မုန့်က ပို၍ပင် ကူကယ်ရာမဲ့ဖြစ်သွားခဲ့ရသည်။
“အဲဒီတုန်းက အန်တီလေးက အသက် ဘယ်လောက်ပဲ ရှိနေသေးလို့လဲ၊ အန်တီလေးရဲ့စိတ်ထဲမှာ အစားအသောက်တွေအကြောင်းတွေကိုပဲ ဒီလောက်ပြည့်နေတာလေ၊ ဒါကြောင့် ကျွန်တော့်ကို အသားမုန့်လုံးလို့ နာမည်ပေးလိုက်တာ...”
ခဏရပ်ပြီး အသားပေါင်မုန့်က ထပ်ဖြည့်ပြောလိုက်သည်။
“ကောင်းပြီ၊ တကယ်တော့ အသားမုန့်လုံးလို့ ခေါ်တာက သိပာတော့လည်းမဆိုးပါဘူး၊ အနည်းဆုံးတော့ အသားမာ ဒါမှမဟုတ် ဆန်ခေါက်ဆွဲလို့ မခေါ်တာကပဲ ကောင်းတယ်။”
“အဲဒါ မဖြစ်နိုင်ဘူး၊ မင်းရဲ့အန်တီလေး ငါကြိုက်တတ်တဲ့အရသာက ဘယ်လောက်ကောင်းလိုက်သလဲ”
ကျန်းကျန်းက သူ့ကို ပျော်ရွှင်စွာ ကြည့်၍ မေးလိုက်သည်။
“မင်းကို ပေးတဲ့ နာမည်သာ မကောင်းရင် ပေရှားဒေသမှာ ငါ့ရဲ့ဂုဏ်သတင်း ပျက်စီးနေလိမ့်မယ်”
“ဟုတ်တယ်၊ အခုထိ ပေရှားဒေသမှာ အန်တီလေးရဲ့ဒဏ္ဍာရီတွေ ရှိနေသေးတာပဲ”
အသားမုန့်လုံးက လေ့ကျင့်ခန်းစာအုပ်ကို ချပြီး ကျောင်းအိတ်ထဲမှ သင်ရိုးညွှန်းတမ်းစာအုပ်ကို ထုတ်လိုက်သည်။
ကျန်းကျန်းက ဤသည်ကို ကြားသည့်အခါ စိတ်လှုပ်ရှားသွားသည်။
သူမ ပေရှားဒေသသို့ သွားလျှင် ပုံမှန်အားဖြင့် အလျင်အမြန်ပင် သွားကာ၊ အလျင်အမြန်ပင် ပြန်လာလေ့ရှိသည်။
သူမက လီမင်ကျုံးနှင့် ခဏနေသည်မှလွဲ၍ မည်သည့်နေရာသို့မှ မသွားသည့်အတွက် အိမ်နီးနားချင်းများက သူမအကြောင်းကို မည်သည်ကို ပြောကြသည်ကို သူမ မသိခဲ့ချေ။
သူမ၏ ဆံပင်ရှည်များကို လက်ဖြင့်ပတ်ရင်း ကျန်းကျန်းက ပျော်ရွှင်စွာ တွေးတောလိုက်သည်။
“သူတို့က ငါ့ကို ဉာဏ်ကောင်းပြီး လှပတယ်လို့ ချီးကျူးနေတာလား၊ ဒါမှမဟုတ် ပန်းတစ်ပွင့်လိုမျိိုး .. ဆိုတာမျိုးတွေလား”
“အဲဒါ မမှန်ဘူး”
အသားမုန့် လုံးက အေးတိအေးစက်ပြောလိုက်သည်။
“ဒါပေမဲ့ အန်တီလေးရဲ့ နှိုင်းယှဉ်လို့မရတဲ့ သတ္တိကို ချီးကျူးတဲ့သူတွေ ရှိတယ်”
ကျန်းကျန်း၏ လက်ချောင်းများ ရပ်တန့်သွားသည်။ ဤကဲ့သို့သော စကားလုံးများဖြင့် မိမိကိုယ်ကို ချီးကျူးသည်မှာ နည်းနည်း ထူးဆန်းသည်ဟု သူမ အမြဲခံစားခဲ့ရသည်။
အသားမုန့်လုံး၏ မျက်နှာက အပြုံးကို ထိန်းမရတော့ချေ။
“အန်တီလေးက အရမ်းသတ္တိရှိတယ်၊ အန်တီလေးက လက်ဗလာနဲ့ ကီလို၄၀၀လေးတဲ့ ဝက်ဝံကို မနိုင်တယ်၊ ရေကူးတာလည်း အရမ်းတော်တယ်၊ ရေထဲကို ခုန်ချလိုက်တာနှင့် ငါးတွေက ကြောက်လန့်နေပြီး ကမ်းပေါ်ကို သူ့ဘာသာသူ ပြေးတက်သွားတာ...”
ကျန်းကျန်း၏ မျက်နှာသည်ကား ချက်ချင်းစိမ်းသွားခဲ့ရသည်။
“တကယ်ပဲ လက်ဖက်ရည်သောက်ရင်းနှင့် ပြောစရာအကြောင်းတွေဖြစ်နေတာပဲ၊ ငါ ပေရှားဒေသက ထွက်လာတုန်းက လူတိုင်းက ငါ့ကို အမျိုးသမီးချန်ပီယံလို့ ချီးကျူးကြတယ်၊ ဒီလောက်ကြာအောင် ငါ့ကို အမျိုးသမီး ချန်ပီယံအဖြစ်ကနေ အဲဒီလိုပုံရိပ်မျိုးဖြစ်အောင်လုပ်လိုက်တာ ဘယ်သူလုပ်တာလဲ”
“ဘယ်သူစီစဉ်လဲတော့ မသိဘူး၊ ဒါပေမဲ့ အန်တီလေးကို မမြင်ဖူးတဲ့သူ အများကြီးက အန်တီလေးအတွက် ပုံရိပ်အသစ်တွေ အများကြီး ဖန်တီးခဲ့ကြတယ်။”
အသားမုန့်လုံး၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့သည်။
“ကျွန်တော်တို့လို အန်တီလေးနဲ့ ရင်းနှီးသူတွေကတော့ သေချာပေါက်မယုံဘူးပေါ့၊ ဒါပေမယ့် တချို့က နည်းနည်း သံသယဝင်လာကြတယ်၊ တချို့က ဦးနှောက်မှာ သွေဖည်မှုတွေ အများကြီး ရှိနိုင်တယ်လို့ ကျွန်တော်ထင်တယ်
ဒါပေမဲ့ အန်တီလေးရဲ့ တောင်တက်၊ တောင်ဆင်း ကျွမ်းကျင်မှုအရဆိုရင် သူတို့ရဲ့ပါးစပ်ထဲကအမျိုးသမီး ချန်ပီယံဆိုတာက ကောင်းပါတယ်။”
“မင်း အတော်လေး ဒုက္ခခံပြီးတွေးထားတာပဲ”
ကျန်းကျန်း၏ သွယ်လျသည့် လက်ချောင်းများက အသားမုန့် လုံး၏ နဖူးထက်၌ နည်းနည်းလောက်ပို၍ ဖိလိုက်သည် ။
“ငါ့အကြောင်းကို နောက်ကွယ်မှာ ပြောဆိုနေဖို့ကု ဆင်ခြေပေးစရာ မလိုဘူး၊ မင်းရဲ့ ဦးလေးငယ်ကို ငါပြောပြပြီး သူက ငါ့အတွက် မင်းကို ဂရုစိုက်ပေးလာမှာကို စောင့်နေလိုက်။”
ဤတစ်ကြိမ်၌မူ အသားပေါင်မုန့်က တကယ်ပင် လန့်သွားသည်။
“မဟုတ်သေးဘူး၊ အန်တီလေး၊ အန်တီလေးက အသက် ဘယ်လောက်ပဲ ရှုနေသေးလို့လဲ၊ လျှို့ဝှက်လက်ထပ်ဖို့တောင် ရဲတင်းနေတာလား၊ ဒါက အရမ်းအလျင်လိုတာ မဟုတ်ဘူးလား”
*
အသားမုန့်လုံး ကလေးဘဝတုန်းက လီမင်တုန်သည်ကား အိမ်၌ မရှိနိုခဲ့ပေ။ ကွေ့ဟွားသည်လည်း နေ့တိုင်း အလုပ်ရှုပ်စွာဖြင့် အနားမရနိုင်ခဲ့ပေ။
ထို့ကြောင့် အသားမုန့်လုံးလေးမှာ ထွက်ခွာခါနီးအချိန်အထိ ကျန်းကျန်း၏နောက် တစ်နေ့လုံး လိုက်နေခဲ့၏။
ကလေးဘဝကပင် စကားမပီကလာ ပီကလာဖြင့် လျှာထူထူဖြင့် အော်ခေါ်နေခဲ့၏။
“ဒူးဒူး ဘီပ်... ဘီပ်... ဘီပ်လေး...”
မဒမ်လီ၊ လီမူဝူနှင့် ဝမ်စုဖန်းတို့ကသာ ကျန်းကျန်း၌ ထူးခြားသော စွမ်းရည်များ ရှိသည်ကို သိခဲ့ကြသည်။
သို့ဆိုသော်လည်း တကယ်တမ်းတွင် လီမိသားစုအတွင်း၌ ကျန်းကျန်း၏ စွမ်းရည်များကို အသားမုန့်လုံးကသာ အသိဆုံးပင် ဖြစ်ချေသည်။
ကျန်းကျန်းသည်ကား အသားမုန့်လုံးကို ပထမဆုံးအကြိမ်ခေါ်သွားသည့်အခါ သူမ၏ စွမ်းရည်များကို မပြမိရန် ဂရုစိုက်ခဲ့သည်။ သို့သော်လည်း သူမ၏ စွမ်းရည်များက တကယ်ကို အံ့မခန်း ဖြစ်ခဲ့၏။
ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်၌ ဆယ်မီတာကျော် မြင့်သည့် ထင်းရှူးပင်များကို လက်ချည်းသက်သက် တက်၍ ထင်းရှူးခွံများ ခူးနိုင်ခဲ့သည်။
ပေရှားဒေသ၏ ထင်းရှူးတောအတွင်း၌ လောက်လေးဖြင့် လှုပ်ရှားသွားလာရင်း ကျောက်စရစ်ခဲလေးဖြင့် ပစ်လိုက်လျှင် မည်သည့်အခါမျှ မမှားခဲ့ပေ။
မြစ်အတွင်း ငါးဖမ်းရန် အလိုအလို့ငှာ များစွာသော အချိန်များအား ရေအောက်တွင် နေနိုင်ခဲ့သည်။
တခြားသူများ ကြောက်လန့်တကြား ဖြစ်နေစဉ်အခါ သူမက ရေထဲမှ ငါးအကြီးကြီး တစ်ကောင်ကို ပိုက်၍ ရယ်မောရင်း ထွက်လာခဲ့တတ်သည်။
ဤကဲ့သို့ တော်လွန်းသည့် အဒေါ်တစ်ဦး ရှိနေသောကြောင့် ငယ်ရွယ်သော အသားမုန့်လုံးမှာ သူကြီးလာလျှင်လည်း အဒေါ်ဖြစ်သူ၏ အရည်အချင်းများ အလိုလို ရလာမည်ဟု ထင်ခဲ့သည်။
သို့သော်လည်း ကြီးလာသည့်အခါမှသာ မျက်နှာကို ဖြတ်ရိုက်ခံခဲ့ရသည်။