အခန်း (၂၃၉)
Vol. 24 Ch. 239
ဆယ်နှစ်သမီးလေးသည်ကား အလိမ္မာဆုံး အရွယ်ပင်ဖြစ်ချေသည်။
တက္ကသိုလ်ကောင်းတစ်ခု တက်ရောက်နိုင်ခဲ့သည့် သူမ၏ လှပသည့် အန်တီလေးကို အခုအထိ လေးစားနေတုန်းပင်။
ကျန်းကျန်းက သူမ၏ သေးငယ်သည့် ပုံစံလေးကို မြင်သည့်အခါ မနေနိုင်ဘဲ သွား၍ သူ့၏ ဖောင်းဖောင်းကစ်ကစ် မျက်နှာလေးကို ညှစ်လိုက်သည်။
“သကြားမုန့်လုံးက တကယ်ကို လိမ္မာလွန်းတယ်”
“မင်းက ငယ်ငယ်ကထက် အများကြီး ပိုလိမ္မာလာတာပဲ”
ကွေ့ဟွားက ပြုံး၍ ကျန်းကျန်းကို စကားပြောရင်း ခေါင်းဘီးဖြင့် သကြားမုန့်လုံး၏ ဆံပင်ကို ဖြီးသင်လိုက်ပေးသည်။
“သကြားမုန့်လုံး မွေးတုန်းက မင်းရဲ့ ဖွေးဖွေးဝိုင်းဝိုင်း မျက်နှာလေးနဲ့ တူတယ်လေ၊ အဲဒီတုန်းက မင်းရဲ့ အစ်ကိုကြီးကလည်း ပြောဖူးတယ်၊ သူ့အဒေါ်နဲ့ တူရင် ကိစ္စမရှိဘူး၊ ဒါပေမဲ့ သူ့အဒေါ်လိုမျိုး ရွေးချယ်မှု တွေ မလုပ်ရင်ရပြီတဲ့”
ကျန်းကျန်းက ကုလားထိုင်ပေါ် လှဲလျောင်းလိုက်ကာ ကွေ့ဟွားမှ သကြားမုန့်လုံး၏ ဆံပင်ကို ပေါ့ပေါ့ပါးပါး ကျစ်ဆံမြီး ကျစ်ပေးနေသည်ကို ကြည့်နေသည်။
“ဘာလို့ ဒီလို ပြောရတာလဲ၊ ကျွန်မ ရဲ့တူမရှေ့မှာ ကျွန်မကို ချက်ချင်း မကောင်းပြောလိုက်တာပဲလား၊ ကျွန်မ ငယ်ငယ်က ဘယ်လောက်တောင် လိမ္မာခဲ့လိုက်သလဲ”
ကွေ့ဟွားက ပြုံး၍ သူမကို မျက်စောင်းထိုးလိုက်သည်။
“တော်တော်လေး လိမ္မာတယ်၊ မင်းထက် ပိုလိမ္မာတဲ့ ကလေးမျိုးကို ရှာမတွေ့ဘူး”
သကြားမုန့်လုံး၏ ကျစ်ဆံမြီးများကို ဖြီးပြီးနောက် ကွေ့ဟွားက ကျန်းကျန်း၏အနီးသို့ လျှောက်လာကလာ၍ ကျန်းကျန်း၏ ပိုနီတေးစည်းထားသော ဆံပင်ကို ဖြည်လိုက်သည်။
“မင်းရဲ့ အသက်က ဘယ်လောက်ရှိနေပြီလဲ၊ ဆံပင်ကျစ်တာက အရမ်းလွယ်တယ်လေ၊ ငါ မင်းကို ကောင်းကောင်း ဖြီးပေးမယ်”
ကျန်းကျန်း ကလေးဘဝတုန်းက ကွေ့ဟွားက သူမ၏ဆံပင်များကို အမှန်တကယ် ဖြီးပေးခဲ့ဖူးသည်။ ကွေ့ဟွားက ကျွမ်းကျင်၍ အလွန်ပင် တတ်ကျွမ်းပေသည်။
သူမကသာ ဆံပင်ကျစ်ဆံမြီးကျစ်ပေးထားလျှင် နှစ်ပတ်ခန့် မတူအောင် ထားနိုင်ခဲ့သည်။ ကျန်းကျန်းက ချက်ချင်းပင် ထိုင်ခုံပုတစ်လုံးကိာ ရှာ၍ ထိုင်လိုက်သည်။
ကွေ့ဟွားက သူ့ဆံပင်ကို အရင် ဆုံးဖြောင့်စင်းအောင် စည်းပေးပြီးမှသာ ကျစ်ဆံမြီးကို ကျစ်ပေးလိုက်သည်။
ကျန်းကျန်း၏ ဆံပင်က နက်မှောင်၍ ချောမွတ်၍ ပြောင်လက်နေခဲ့သည်။
သူမက ကျန်းကျန်း၏ ဆံပင်များကိုအလျင်အမြန် ကျစ်ဆံမြီး ကျစ်လိုက်လေသည်။ ကျန်းကျန်းက မှန်အတွင်း ကြည့်၍ ကွေ့ဟွား၏ လက်မောင်းကို ဖက်ကာပြုံး၍ပြောလိုက်လေသည်။
“အကြီးဆုံးယောက်မ ကျစ်ပေးတဲ့ ကျစ်ဆံမြီးက အလှဆုံးပဲ”
“မင်းရဲ့ ပါးစပ်လေးက အခုထိ ချိုနေတုန်းပဲ”
ကွေ့ဟွားက ကျန်းကျန်း၏ မျက်နှာလေးကို ညှစ်လိုက်သည်။
“မင်း ကလေးဘဝကတည်းက ငါ့ကို မင်းအတွက် ကျစ်ဆံမြီး ကျစ်ပေးဖို့ တောင်းဆိုခဲ့တာလေ”
ကျန်းကျန်းက ပြုံး၍ သကြားမုန့်လုံးကို လှည့်ပြောလိုက်သည်။
“သကြားမုန့်လုံး အိပ်ရာဝင်ပြီး ခဏလောက် အိပ်လိုက်လေ၊ နိုးလာတဲ့အချိန်ကျမှ ညစာစားဖို့အတွက် မင်းရဲ့ အဖွားအခန်းကို သွားပြီး စကားပြောကြမယ်”
ပေရှားဒေသမှ ပင်းချန်ကို သွားခဲ့ရပြီး ထိုမှတဆင့် မြို့တော်အထိ သွားခဲ့ရသည်ကြောင့် ဤကောင်မလေးသည်လည်း အတော်ပင် ပင်ပန်းနေခဲ့သည်။
ထို့ကြောင့် ရေချိုးပြီးနောက် အနည်းငယ် ပင်ပန်းနေသောကြောင့် အိပ်ယာဝင်ခိုင်းသည့်စကားကိုကြားလျှင် သမ်းဝေမိသွားခဲ့ရသည်။
သူမ နွေးထွေးသော စောင်ခြုံအတွင်း ဝင်လိုက်ကာ ခေါင်းအုံးပေါ်သို့ ခေါင်းတင်လိုက်သည်နှင့် သကြားမုန့်လုံးလေးက ချက်ချင်းပင် အိပ်ပျော်သွားခဲ့တော့သည်။
ကျန်းကျန်းက ကုလားကာချ၍ ပြတင်းပေါက်များကိုလည်း ဆွဲပိတ်လိုက်လေသည်။ ထို့နောက် ကွေ့ဟွားကို တံခါးဆီသို့ ဖြည်းဖြည်းချင်း ပို့လိုက်ပြီး ကွေ့ဟွားကလည်း အိမ်မကြီးအတွင်း ပြန်သွားခဲ့လေသည်။
ပဲမုန့်လုံးက အသားမုန့်လုံးထက် နှစ်နှစ်သာ ငယ်၍ သူ့၏ စိတ်နေစိတ်ထားကလည်း များစွာ ကွာခြားသည်။
အိမ်အတွင်း၌ အချိန်များများယူကာ စကားမပြောဘဲ ဘီစကစ်နှင့် ဖက်ထုပ်တို့နှင့်အတူ ဥယျာဉ်အတွင်း သွားကစားနေခဲ့ကြသည်။
ဆောင်းရာသီ၌ ပန်းများလည်း ညှိုးခြောက်ကုန်ပြီဖြစ်ကာ အရွက်များလည်း ကြွေကျကုန်ပြီဖြစ်၍ ရှုခင်းကတော့ ပြောစရာမရှိတော့ပေ။
ဥယျာဉ်အတွင်းမှ ရေကန်သာလျှင် အပြင်ဘက်မှ ဟုန်ရန်၏ ရေစီးရေလာနှင့် ချိတ်ဆက်ထားသည်။
သို့သော်လည်း ရာသီဥတုက များစွာ အေးသောကြောင့် ဟုန်ရန်၏ ရေများသည်ပင် ရေခဲနေလေပြီ။ ဥယျာဉ်အတွင်းမှ ရေကန်လေးဆိုလျှင် ပိုဆိုးနေသည်က ပျောစရာမလိုတော့ပါချေ။
ကျန်းကျန်းက ရေခဲအလွှာ၏ အထူကို သူ့၏ သတိဖြင့် မြင်ပြီးသား ဖြစ်၍ ဤကလေးများ၏ လှုပ်ရှားမှုကိုလည်း ခံနိုင်ရည်ရှိသောကြောင့် သူတို့ကို ဂရုမစိုက်ဘဲ လွှတ်ထားပေးခဲ့သည်။
မဒမ်လီက ကွေ့ဟွား ပြန်လာသည်ကို မြင်သည့်အခါ လှမ်းမေးလိုက်လေသည်။
“သကြားမုန့်လုံး ဘယ်မှာလဲ”
ကွေ့ဟွားက ပြုံး၍ ထိုင်ခုံပေါ် ထိုင်လိုက်သည်။
“အိပ်ပျော်နေပြီ၊ ဒီရက်ပိုင်း သူမလည်း သိပ်ပြီး အိပ်ရေးမဝခဲ့ဘူးလေ၊ ဒါကြောင့် ရေချိုးပြီး ခေါင်းအုံးကို ထိလိုက်တာနဲ့ အိပ်ပျော်သွားတာ”
“မိန်းကလေးတွေက အလိမ္မာဆုံးပဲ”
မဒမ်လီက ပြုံးရင်း ခေါင်းညိတ်လိုက်၍ ကွေ့ဟွားကို မေးလိုက်သည်။
“မင်းရဲ့ မိဘတွေကရော အခြေအနေ ဘယ်လိုလဲ၊ ခန္ဓာကိုယ်နဲ့ အရိုးအဆစ်တွေ အဆင်ပြေရဲ့လား”
ကွေ့ဟွားက ခေါင်းခါလိုက်သည်။
“အမေရဲ့ ခန္ဓာကိုယ်က အဆင်ပြေတယ်၊ ဒါပေမဲ့ အဖေက သိပ်ပြီးမမာကျောလှဘူး၊ ဒီနှစ်တွေ အတွင်းမှာ ပင်ပန်းခဲ့ရပြီး အဆုံးမှာ အနားရတာနဲ့ ရုတ်တရက် ခံနိုင်ရည်မရှိတော့ဘူးလေ”
ဤသည်ကို ကြားသည့်အခါ မဒမ်လီက ခေါင်းခါလိုက်သည်။
“တောင်ပေါ်မှာ နေရတာ ခက်တယ်၊ ဆောင်းရာသီမှာ လေကလည်း အရမ်းတိုက်တယ်၊ နွေရာသီမှာတောင် အေးနေတာ၊ သူတို့တွေကို စောစောစီးစီး တောင်အောက်ကို ပြောင်းတာ ပိုကောင်းတယ်”
“ပြောင်းသွားပါပြီ၊ အခု အန်းပေမှာလေ၊ ကျွန်မတို့နဲ့အတူ နေပါတယ်”
ကွေ့ဟွားက ပြောသည်။
“ကျွန်မရဲ့ မောင်နှစ်ယောက်ကသာ ကိစ္စတွေရှိနေတာပဲ၊ သူတို့တွေက ထွက်သွားတာနဲ့ ပျောက်ကွယ်သွားတယ်။”
မဒမ်လီက ဤသည်ကို ကြားသည့်အခါ အံ့သြသွား၍ ချက်ချင်း မေးလိုက်သည်။
“ဘာတွေ ဖြစ်နေတာလဲ”
ကွေ့ဟွားက သက်ပြင်းချလိုက်သည်။
“ဒါက အမေ ရွှေတုံးတွေကို ဝှက်ထားတာနဲ့ စတာပါပဲ”
လွန်ခဲ့သည့် နှစ်ပေါင်း များစွာက လီမင်တုန်နှင့် ကွေ့ဟွားတို့ မင်္ဂလာဆောင်မည့် အချိန်တွင် ကွေ့ဟွား၏ အမေကို ပန်းချီကား တစ်ချပ်ဆွဲခိုင်းခဲ့ကြသည် ။
ထိုစဉ်အချိန်တုန်းက ကွေ့ဟွားက သူမ၏ မိဘများမှာ ပေရှားဒေသ၌ ဖမ်းမိ၍ အဓမ္မ လုပ်အားပေးရန် သစ်တောခြံသို့ ပို့ခံရသည့် အကြောင်းကို ပြောပြခဲ့ဖူးသည် ။
သူမ၏ အမေဖြစ်သူလျိုချွမ်ဟွားသည်ကား အသက်အန္တရာယ်ကို စွန့်စားကာ သန်းခေါင်ယံ၌ မှောင်မိုက်မှုကို အခွင့်ကောင်းယူ၍ အိမ်ထဲမှ ပစ္စည်းများကို ပြန်လည်ခိုးယူခဲ့သူတစ်ဦးဖြစ်ခဲ့ဖူးသည်။
သူမက သူတို့ သစ်တောခြံထဲ အမဲလိုက်စဉ်က အနားယူခဲ့ဖူးသည့် တခြားခြံဝင်းငယ် တစ်ခုကို ရှာတွေ့၍ ထိုအိမ်အတွင်းသို့ စောင်ထူထူများကို ခိုးယူဝှက်ထားခဲ့ကာ အိမ်သို့ သယ်လာခဲ့သည်ဟု ပြောပြခဲ့ဖူးသည်။
ထိုစဉ်အချိန်တုန်းက လျိုချွမ်ဟွားမှ ဤသို့ ပြောသောအခါတွင် လူတိုင်းက သူမသည်ကား စောင်များနှင့် ပန်းချီသုံးပစ္စည်းများကို ထည့်ထားသည့် သေတ္တာကိုသာ ယူလာခဲ့သည်ဟု ထင်ခဲ့ကြသည် ။ တခြား မည်သည်ကိုမှ မတွေးမိခဲ့ကြပါချေ။
သို့သော် ဝူ မိသားစုကား ထိုစဉ်က နာမည်ကြီး အရင်းရှင်မိသားစုဖြစ်၍ ငွေကြေးဓန ပေါများလှသည် ။ ခြံဝင်းငယ်လေး၌ပင် အရေးပေါ် သုံးရန် ရွှေတုံးများ၊ ငွေဒင်္ဂါးပြားများနှင့် ငွေစက္ကူများ ထည့်ထားလေ့ရှိသည် ။
လျိုချွန်ဟွားသည်ကား ဝူမိသားစု ခြံဝင်းသို့ အနည်းငယ်မျှသာ ရောက်ဖူးသော်လည်း ငွေကြေးဥစ္စာများကို မည်သည့်နေရာ၌ ဝှက်ထားသည်ကို သိနေခဲ့သည် ။
သူမက နံရံပေါ်ရှိ ဆီပန်းချီကားကို ဖြုတ်လိုက်သောအချိန်တွင် အတွင်း၌ မီးခံသေတ္တာတစ်လုံးကို တွေ့လိုက်ရသည် ။ သူမ ၎င်းကို ဖွင့်ကြည့်လိုက်သောအခါတွင် အတွင်း၌ ရွှေငါးပုတ်သင်ကောင်ကြီး သုံးကောင်နှင့် ငွေစက္ကူ တချို့ကို တွေ့လိုက်ရလေသည် ။
ဤခြံဝင်းသို့ လာသည်မှာ ကြာပြီဖြစ်၍ ငွေစက္ကူများမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ မတည်ထောင်မီကတည်းကဖြစ်ခဲ့ကာ လဲလှယ်ရမည့်အချိန်လည်း ကုန်သွားခဲ့ပြီဖြစ်သည် ။
လျိုချွန်ဟွားသည်ကား ထိုငွေစက္ကူများကို မလိုချင်တော့ဘဲ ရွှေငါးပုတ်သင်ကောင်ကြီး သုံးကောင်ကိုသာ ရင်ခွင်ထဲ ပိုက်၍ သယ်လာခဲ့သည် ။
အိမ်သို့ ပြန်ရောက်သောအခါတွင် မိသားစုများ အိပ်နေစဉ်အချိန်ကိုအခွင့်ကောင်းယူ၍ မည်သူ့ကိုမှ မပြောဘဲ မီးဖိုမှ အုတ်နှစ်ချပ်ကို ခိုးဆွဲထုတ်၍ ရွှေငါးပုတ်သင်ကောင်ကြီးများကို အတွင်း၌ ဝှက်ထားလိုက်သည် ။
ကွေ့ဟွား၏ ဖခင်က ယခင်အချိန်များတွင် သခင်လေး တစ်ဦးဖြစ်သောကြောင့် ပိုက်ဆံအတွက် မည်သည့်အခါမျှ ပူပင်ခဲ့ရသည် မရှိခဲ့ချေ ။
သူက ငွေကြေးကို ဂရုမစိုက်သောကြောင့် လျိုချွမ်ဟွားသည်ကား တခြားခြံဝင်းမှ ရွှေရှာတွေ့လိမ့်မည်ဟု မည်သည့်အခါမျှ မတွေးခဲ့မိ ။
လွန်ခဲ့သည့် နှစ်နှစ်က အရေးအခင်း ကာလ၏အဆုံးသတ်အချိန်၌ မဒမ်လီက ဝမ်စုဖန်းကို သစ်တောခြံသို့ သွား၍ ကွေ့ဟွား၏ မိဘများကို တောင်အောက်တွင် လာနေရန် ခေါ်ခိုင်းခဲ့သည် ။
မည်သို့ပင်ဖြစ်စေ လီမင်တုန်၏ မိသားစုသည် အန်းပေဒေသ၌ရှိ၍ အိမ်ကလည်း လွတ်နေသောကြောင့် ကွေ့ဟွားတို့ကို ယုံကြည်စိတ်ချစွာ နေခိုင်း၍ ရသည် ။
သို့သော် လျိုချွမ်ဟွားသည်ကား မိမိ၏ ဘဝတွင် ဤကဲ့သို့ ကြီးမားသည့် ပြောင်းလဲမှုများကို ဖြတ်သန်းခဲ့၍ သစ်တောခြံ၌ ဆယ်စုနှစ်များစွာ နေခဲ့ရသောကြောင့် သတိကြီးသည့် စိတ်ဓာတ်သည်က သူမ၏ အတွင်း၌ စွဲမြဲနေပြီဖြစ်သည် ။
သူမက အရေးအခင်းကာလများ ထပ်ဖြစ်လာမည်ကို စိုးရိမ်၍ တောင်အောက်သို့ ဆင်းမလာခဲ့ချေ ။ နှစ်နှစ်သုံးနှစ်ခန့် ကြာမှသာ သစ်တောခြံမှ ရေဒီယိုကနေ နေ့တိုင်း မူဝါဒအသစ်များ ထုတ်လွှင့်သည်ကို နာစထောင်ခဲ့ရပြီး၊ အရင်းအနီး နည်းပါးသူများပါ တက္ကသိုလ်တက်ခွင့် ရပြီဟူသည်ကို မြင်မှသာ ထိုဆိုးဝါးသည့် နေ့ရက်များက အမှန်တကယ် ပြီးဆုံးသွားပြီဟူသည်ကို တဖြည်းဖြည်း ယုံကြည်လာခဲ့သည် ။
သို့သော် ထိုအချိန်တွင် မဒမ်လီနှင့် လီမူဝူတို့ကား တော်ဝင်မြို့တော်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည် ။ လျိုချွမ်ဟွားက ဝမ်စုဖန်း ပို့ထားခဲ့သည့် လီမင်တုန်၏ စာပို့လိပ်စာကို ရှာဖွေခဲ့၍ လီမင်တုန်ထံသို့ တိုက်ရိုက် စာတစ်စောင် ရေးလိုက်သည် ။
လက်ထပ်ပြီး နှစ်ပေါင်း များစွာကြာမှ ယောက္ခမဖြစ်က သူ့ဆှကို အကူအညီ တောင်းသည်မှာ ဤသည် ပထမဆုံး အကြိမ်ဖြစ်သည် ။
ထို့ကြောင့် လီမင်တုန်လည်း လျင်မြန်စွာ ခွင့်ယူ၍ မီးရထားနှင့် ပေရှားဒေသရှိ သစ်တောခြံသို့ ပြန်သွားခဲ့သည် ။
လျိုချွမ်ဟွားတွင် ဦးလေးများနှင့် ချွေးမရှိနေသော်လည်း သူမ အမှန်တကယ် ယုံကြည်နိုင်သည့် ပြင်ပလူများမှာ လီမိသားစုမှ လူများသာဖြစ်ခဲ့ကာ ထိုသူများက အတွင်းအပြင် စိတ်ရင်းမှန်သည်ဟု ခံစားရသည် ။
“မင်တုန်၊ အန်းပေဒေသမှာ ငါတို့မိသားစုနေဖို့အတွက် လုံလောက်တဲ့ ခြံဝင်းငယ်လေးတစ်လုံး ဝယ်ပေးဖို့ အကူအညီတောင်းချင်တယ်”
ထိုစဉ် လျိုချွမ်ဟွားက သူမ၏ တောင်းဆိုချက်ကို တည်တည်ငြိမ်ငြိမ် ပြောခဲ့သည် ။
“အိမ်ဝယ်ဖို့ ဘယ်က ပိုက်ဆံရမှာလဲ”
ကွေ့ဟွားက အိပ်ရာပေါ်တွင် နှစ်ချက် လောက် လှည့်ပတ်ကြည့်၍ ဘေးတစ်ဖက်သို့ လှည့်ကာ စိတ်ဓာတ်ကျစွာ သက်ပြင်းချလိုက်သည် ။
“ရှာတဲ့ပိုက်ဆံက စားဖို့တောင် မလုံလောက်ဘူးလေ”
*