အခန်း (၂၄၁)
Vol. 25 Ch. 241
သူမ၏ စကားကြောင့် အသားမုန့်လုံး၏ ထင်ရှားသည့် မယုံသင်္ကာ မျက်လုံးများကို မြင်သောအခါ ကျန်းကျန်းက မြောက်ဘက်သို့ လက်ညှိုးထိုးပြလိုက်သည် ။
“မယုံရင် မင်းရဲ့ စတုတ္တဦးလေးနဲ့ ဒေါ်လေးကို မေးကြည့်လိုက်”
လီမင်ပေက လီမူဝူ၏ မျက်လုံးများ သူရှိရာဘက်သို့ စောင်းကြည့်နေသည်ကို မြင်သည်နှင့် ချက်ချင်းဆိုသလို လက်ကိုဝှေ့ယမ်း၍ ခေါင်းခါပြလိုက်သည် ။
“ငါ့ကို မမေးနဲ့၊ ငါ ဘာမှမသိဘူး၊ သူတို့တွေ ချိန်းတွေ့နေမှန်းကို သိလိုက်တဲ့အချိန်ကျတော့ လက်တွေက အတူတူ တွဲထားပြီးသားဖြစ်နေပြီ”
မိသားစုတစ်ခုလုံးက ဝမ်ရှင်းဝမ့် ဘက်သို့ ပြန်လှည့်လိုက်ကြပြန်သည် ။ ဝမ်ရှင်းဝမ့်က ရှုပ်ထွေးနေ၍ နားမလည်သော်လည်း စင်ပေါ်သို့ ရောက်လျှင် မချိုးဖောက်ရသည့် စည်းမျဉ်းအတိုင်း ခေါင်းကို မြဲမြံစွာငြိမ့်လိုက်သည် ။
“ဟုတ်တယ်၊ ရှီကျွင့်ကျဲက ကျွန်မတို့ ကျန်းကျန်းနောက်ကို နေ့တိုင်း လိုက်နေတာ”
ဤစကားက ပါးနပ်လွန်းသည်ဟု သူမ ခံစားရပုံပေါ်သည် ။ ယုံကြည်ရန်အတွက် သက်သေပြရမည်ဟူ၍ တွေးတောပြီးနောက် ဝမ်ရှင်းဝမ့်က ထပ်ပေါင်း၍ ပြောလိုက်သည် ။
“ညနေဘက် ကျောင်းဆင်းပြီးတဲ့အချိန်တိုင်း ရှီကျွင့်ကျဲက ကျွန်မတို့ရဲ့အဆောင်အောက်မှာ ကျန်းကျန်း အတွက် ရေနွေးဓာတ်ဘူး ယူလာဖို့ စောင့်နေတတ်တယ်၊
သူရောက်လာပြီးဆိုရင် တစ်ဆောင်လုံးက ဆူညံသွားတာ မင်းတို့မသိလောက်ဘူး၊ အဆောင်မှာရှိနေတဲ့ ကောင်မလေးတွေက ပြတင်းပေါက်ကနေ တစ်ယောက်ချင်းစီစောင့်မျှော်ပြီး သူ့ကို လှမ်းကြည့်နေကြတာလေ၊ တစ်ခါတလေ မြင့ကွင်းကောင်းတဲ့နေရာကိုရဖို့တောင်မှ ရန်ဖြစ်ကြသေးတယ်”
ကျန်းကျန်းကို ကြည့်၍ အသားမုန့်လုံးက ကောက်ချက်ချလိုက်သည် ။
“ဒါဆို အန်တီလေးတို့ကျောင်းက မိန်းကလေးတွေအားလုံးက မျက်နှာကိုကြည့်ကြတာပေါ့”
ကျန်းကျန်းက ပြုံးလိုက်ပြီး အသားမုန့်လုံးကို သနားသကဲ့သို့ ကြည့်လိုက်လေသည် ။
“မင်း အခု အရမ်းစိတ်ပျက်မိသွားသလို ခံစားရလား”
အသားမုန့်လုံးက သူ၏ ကိုယ်ပိုင်မျက်နှာကို ထိကိုင်လိုက်၍ ပထမဆုံး အကြိမ်အနေဖြင့် အနည်းငယ် စိတ်မလုံခြုံသကဲ့သို့ ခံစာလိုက်းရသည်
မူလကမူ ကြမ်းတမ်းသည့် ယောကျ်ားကြီးများရှိနေသည့် အုပ်စုကြားတွင် သူ၏ရုပ်ရည်က မည်သည့်နေရာကမှ မမှားဟု ခံစားနေခဲ့ရသော်လည်း ရှီကျွင့်ကျဲနှင့် တွေ့ပြီးကတည်းက အသားမုန့်လုံးက သူသည်ကား တစ်ဖက်လူနှင့် နှိုင်းယှဥ်ပါက ပုံပန်းသဏ္ဍာန်နှင့် အရပ်အမောင်းတို့အားလုံးတွင် အနည်းငယ် ကွာခြားနေသည်ဟု ခံစားလာရသည် ။
သူ၏အသံကလည်း တစ်ဖက်လူလောက် မကောင်းသကဲ့သို့ သူ၏ ဦးနှောက်သည်လည်း တစ်ဖက်လူထက် မကောင်းပါချေ။
အသားမုန့်လုံးက အထက်တန်း သုံးနှစ်တွင် အများဆုံး ထိပ်ဆုံး ငါးနေရာကိုသာ ထိန်းသိမ်းထားနိုင်ခဲ့ပြီး ပထမနေရာကို ရရှိရန်အတွက်တော့ အနည်းငယ် ခက်ခဲနေခဲ့သည် ။
သို့သော် ရှီကျွင့်ကျဲသည်ကား ကောလိပ်တွင်ပင် ပထမနေရာကို ရရှိနိုင်ခဲ့သည် ။ အလွန်အံ့သြစရာကောင်းလောက်အောင် ထူးချွန်ထက်မြက်လွန်းသည်ပင် ။
ကျန်းကျန်း၏ ဝင့်ကြွားသည့် အကြည့်ကို မြင်သောအချိန်တွင် အသားမုန့်လုံးက မနေသာဘဲ ထပ်ပြောလိုက်ခေေသည် ။
“ကျွန်တော့်ရဲ့ ဦးလေးငယ်က အရာရာတိုင်း အကုန်လုံးကောင်းမွန်နေတာပဲ၊ ဒါပေမဲ့ သူ့ရဲ့မျက်လုံးတွေကတော့ သိပ်ပြီးမကောင်းလှဘူး၊ မဟုတ်ရင် ဘာလို့ အန်တီလေးလိုမိန်းကလေးမျိုးကို ချစ်မိသွားမှာတဲလဲ။”
ကျန်းကျန်းက ထင်းရှူးစေ့ အနည်းငယ်ကို ကောက်ယူ၍ ပစ်တော့မည့် အချိန်တွင် အသားမုန့်လုံးက ပြုံး၍ ကွေ့ဟွား နောက်တွင် ပုန်းလိုက်သည် ။
“စတာပါ စတာပါ၊ အဲဒီထင်းရှူးစေ့တွေက ကျွန်တော် ကိုယ်တိုင် သစ်ပင်ပေါ်ကိုတက်ပြီး အန်တီလေးအတွက် ခူးလာတဲ့ ထင်းရှူးသီးတွေနော့၊ ဒါကြောင့် မဖြုန်းတီးပါနဲ။”
ကျန်းကျန်းက ထင်းရှူးစေ့ အနည်းငယ်ကို “ကြွပ်” ခနဲ ခွဲလိုက်၍ ထင်းရှူးစေ့ခွံများကို အမှိုက်ပုံးထဲ ပစ်ထည့်ရင်း အသားမုန့်လုံးကို ပြုံးပြလိုက်သည် ။
“မင်းအလှည့်ကိုရောက်မှ ငါ့အတွက် ဘယ်လို တူမလေးမျိုးကို ရှာတွေ့လာခဲ့မလဲဆိုတာကို စောင့်ကြည့်နေမယ်”
မှောင်စပြုလာသည်ကို မြင်သောကြောင့် ဝမ်စုဖန်းက ကွေ့ဟွားနှင့် ကျန်းကျန်းကို မီးဖိုချောင်သို့ ညစာ ချက်ပြုတ်ရန် လျင်မြန်စွာ ခေါ်သွားသည် ။
လီမင်ပေက ဘေးနားမှ ရှီကျွင့်ကျဲ အိမ်မှ ဖုန်းကိုငှား၍ လီမင်ရှီဆီကို ဖုန်းဆက်လိုက်လေသည် ။ သူက တစ်ဖက်လူကို လီမင်တုန်နှင့် လီမင်နနတို့ နှစ်ဦးစလုံး ရောက်နေပြီဖြစ်သောကြောင့် ညနေ အလုပ်ဆင်းပါလျှင် စောစောပြန်လာရန် ပြောလိုက်သည် ။
ယခုလက်ရှိ၌ လီမင်ရှီတွင် စမ်းသပ်မှုများ မည်သည်မှ မရှိသည့်အတွက်၊ ရုံးခန်းထဲတွင် ပစ္စည်းများကိုသာ စုစည်းနေခဲ့ရသည် ။
သို့ကြောင့် အလုပ်ဆင်းသည်နှင့် သူ၏ ဇနီးနှင့် ကလေးများနှင့်အတူ စက်ဘီးစီး၍ ခြံဝင်းသို့ ပြန်လာခဲ့လေသည် ။
ဝမ်စုဖန်းက သူ၏ ချွေးမနှင့် သမီးကို ခေါ်၍ ထမင်းစားပွဲ တစ်ခုလုံးတွင် ဟင်းပွဲများနှင့် ပြည့်လျှံသွားအောင် စီစဉ်ခဲ့သည် ။
ကံကောင်းထောက်မစွာ မီးဖိုချောင်မှ အခန်းက လုံလောက်အောင် ကြီး၍ မိသားစု တစ်ခုလုံး ထိုင်ရသည်မှာ သိပ်မကျပ်ဘဲ တော်တော်လေး စည်ကားခဲ့သည် ။
ဒယ်အိုးထဲ၌ အပူရှိန်တက်နေပြီး မီးဖိုနှစ်လုံးမှာလည်း မပိတ်ဘဲ မီးတောက်များက ဒယ်အိုးကို အပူများဖြင်် ့တောက်လောက်ပေးနေလျက်ရှိသည်။
စားပွဲပေါ်၌ သဘက်ထူထူများ ထပ်၍တင်ထားပြီး ကျန်းကျန်းက ဒယ်အိုးလက်ကိုင်ကို လက်အိတ်ထူထူများဖြင့် စားပွဲပေါ်သို့ တိုက်ရိုက်တင်လိုက်သည်။
ဒယ်အိုးအဖုံးကို လှန်လိုက်သည်နှင့် ကျန်းကျန်းက အတွင်းဖက်၌ ဖုံးအုပ်ထားသည့် ကြာရွက်များကို တူဖြင့်ဖယ်ရှားလိုက်သည်။
ထိုအခိုက်တွင် အသားနံ့များက ဒယ်အိုးထဲမှ ဖွာကနဲ ထွက်လာပြီး အိမ်၏ထောင့်တိုင်းသို့ ပျံ့နှံ့သွားခဲ့လေသည်။
သူ၏ဝမ်းဗိုက်မှ မြည့သံများ တစ်ခုပြီးတစ်ခု ထွက်လာသည်ကိုကြားလျှင် လီမင်တုန်က ဗိုက်ကိုဖိ၍ ရှက်ရွံ့စွာ ရယ်မောကာ ပြောလာခဲ့ချေသည်။
“ဒီရက်ပိုင်း ရထားပေါ်မှာ အသင့်စားအစားအသောက်တွေကိုပဲ စားလာရတာလေ၊ ဒါကြောင့် အခုလိုမျိုး မွှေးကြိုင်တဲ့ ဟင်းတွေဆီက အနံ့တွေ့ရလိုက်ရတော့ ရုတ်တရက် ဗိုက်ထဲမှာ လေဟာနယ်ဖြစ်သွားသလိုမျိုးဆာလာတယ်၊ ရင်ထဲမှာလည်း တလှပ်လှပ်ဖြစ်သွားရတယ်”
လီမင်ပေကတော့ မွှေးကြိုင်သည့်ဟင်းများမှ အနံ့ကို ရလိုက်သည်နှင့် စကားတစ်ခွန်းတောင် မပြောချင်တော့ဘဲ ပန်းကန်လုံးအသေးများကို သွားယူ၍ ဘေး၌ချထားလိုက်သည်။
ကျန်းကျန်းက တစ်လုံးချင်းစီယူ၍ လူတိုင်းကို ဝေငှကာ ထည့်ပေးလိုက်လေသည်။ ကွေ့ဟွားက ပန်းကန်လုံးထဲမှ ဟင်းချိုရည်က အရောင်ရင့်ပြီး သိပ်သည်းသည်ကို မြင်သောအခါ အရင်ဆုံး တစ်ငုံသောက်ကြည့်လိုက်သည်။
ချိုမြိန်သည့်ဟင်းချိုရည်က သိပ်သည်းသော်လည်း အဆီမပါဘဲ အသားနံ့များသည်က ပါးစပ်အပြည့် မွှေးကြိုင်နေခဲ့သည်။
သူမက ပန်းကန်ထဲမှ ပင်လယ်ခရုတစ်လုံးကို တွေ့လျှင်ကောက်ကိုင်၍ မည်သည့်အရာဖြစ်သည်ကို မှတ်မိအောင် အချွမ်အကြာကြီး ကြိုးစားခဲ့သော်လည်း ဤသည်ကို သူမ မသိတော့ပေ။
သူမ တစ်ကိုက်စားကြည့်လိုက်သောအခါတွင် ဝါးရသည်မှာ အတော်ပင်ကောင်းမွန်ပြီး ပါးစပ်ထဲတွင် ဝါးစားကြည့်လေလေ ပို၍စားကောင်းလေ ဖြစ်လာခဲ့ရသည်။
ဤအစားအစာက အခြား မည်သည့်အရာနှင့်မျှ မတူပေ။
အလွန်ဂရုတစိုက်ရှိနေခဲ့သည့် ကွေ့ဟွားနှင့်ယှဉ်လျှင် အသားမုန့်လုံးကတော့ တရှူးရှူးတရှဲရှဲ အသံထွက်လျက်ပင် အကိုက်အရေအတွက်များများကို စားကာ ပါးစပ်ထဲသို့ အတင်းထိုးထည့်နေခဲ့သည်။
ကျန်းကျန်းက အကိုက်အနည်းငယ်သာ စားရသေးသည့်အချိန်တွင် သူက ပန်းကန်တစ်ခုလုံးကို ကုန်စင်အောင် စားလိုက်ပေပြီ။
ချက်ပြုတ်ပြီးသား ဗုဒ္ဓနံရံပေါ်မှခုန်ချဟင်း တစ်ဝက်ခန့် ကုန်နေသည်ကို ကြည့်၍ ကျန်းကျန်းက နှမြောတသစွာဖြင့် နောက်ထပ် တစ်ဇွန်း ထပ်ထည့်လိုက်သည်။
“မင်းတို့တွေက လူငယ်တွေဆိုတော့ သန်သန်မာမာရှိတယ်၊ ဒီလို အားပြည့်စေတာမျိုးကို နည်းနည်းပဲ စားကြ။ ကျန်တာ ငါ့တို့ရဲ့အဘွား၊ အဖေနဲ့ အမေတို့အတွက် ချန်ထား”
မဒမ်လီက ပုံမှန်ဆိုလျှင် ထမင်းစားလျှင် ဝိုင်တစ်ခွက် သောက်တတ်သော်လည်း ယနေ့တွင် ဝိုင်သောက်မသည်ကိုတောင် ဂရုမစိုက်ဘဲ ဆက်လက်၍စားနေခဲ့သည်။
ကျန်းကျန်းက ကျန်သည့်ဟင်းများကို သူမအတွက် ချန်ထားမည်ဟု ပြောသည်ကို ကြားသောအခါ ခေါင်းညိတ်၍ သဘောတူသည်။
“ငါလည်း အဲလိုပဲ ထင်တယ်၊ လာပါ ပေါင်ပေ့၊ အဖွားအတွက် နောက်တစ်ပန်းကန် ထပ်ထည့်ပေးပါဦး”
“ရပါပြီ”
မဒမ်လီက ပင်လယ်သခွားသီးနှင့် ငါးဟင်းကို ကြိုက်သည်ကို သိ၍ ကျန်းကျန်းက အထူးတလည် ပို၍ထည့်ပေးသည်။
“သမီးရဲ့အဖွားက ကောင်းမွန်တဲ့ အစားအစာတွေကို ကြိုက်တတ်တယ်၊ ဘာစားရမလဲဆိုတာ သိတယ်”
မဒမ်လီက မျက်လုံးမှေးစဥ်း၍ ပြုံးလိုက်လေသည်။
“ဒါက အတော်လေးစားလို့ကောင်းတယ်၊ ကျန်းကျန်း၊ မင်းလည်း ရှီကျွင့်ကျဲဆီကနေ ဒါကို ဘယ်လိုလုပ်ရမလဲ သင်ထားပါလား၊ နောက်ကျရင် အိမ်မှာ ချက်ကြမယ်”
ကျန်းကျန်းက ဗုဒ္ဓနံရံပေါ်မှခုန်ချဟင်းတစ်ပန်းကန်ကို မဒမ်လီ၏ လက်အနားသို့ ချပေးလိုက်သည်။
“ဒါက ချက်ရတာ သိပ်မခက်ပါဘူး၊ အဓိက,က အထဲက ဟင်းချက် ပစ္စည်းတွေက စုစည်းရတာ မလွယ်ဘူး”
ကျန်းကျန်းက မဒမ်လီကို ဇွန်းဖြင့်ညွှန်ပြကာ ပြောလာခဲ့လေသည်။
“ပင်လယ်သခွားသီး၊ ပင်လယ်ခရု၊ ငါးအူချောင်း၊ ငါးအသားချောင်း၊ လိပ်အမြီး၊ ငါးမန်းတောင်၊ ငါးနှုတ်ခမ်းသား… သမင်အရွတ်၊ ဝက်သားဗိုက်သား၊ သိုးတောင်ပံ…
ဒါတွေက ပင်လယ်ထဲက ရတဲ့အစားအစာတွေသက်သက်ပဲရှိသေးတယ်၊ နောက်ထပ် တောင်ပေါ်က ရှာဖွေခဲ့ရတဲ့အရာ ဒါဇင်နဲ့ချီရှိနေသေးတယ်၊ ဒီပစ္စည်းတွေက ဝယ်ဖို့အတွက်တောင် အားထုတ်မှု အများကြီးလိုတယ်”
“ဒါဆို ဒီအိုးက တော်တော်တန်ဖိုးကြီးမားပြီး ချမ်းသာကြွယ်ဝတဲ့သူအတွက်အစားအသောက်ဖြစ်နေတဲ့ပုံပဲ”
မဒမ်လီက မျက်မှောင်ကြုတ်လိုက်သည်။
“တခြားသူတွေရဲ့ အစားအသောက်ကို အလကား စားလို့မရဘူး၊ ပြီးသွားရင် ငါ့ပစ္စည်းထားတဲ့ အခန်းထဲကို ပြန်သွားပြီး ရှီမိသားစုအတွက် ဂျင်ဆင်းတချို့ ယူလာပေးခဲ့၊ မင်းရဲ့ ဒီယောက္ခမမိသားစုအတွက် ဆက်ဆံရေးရှိမှ ဖြစ်မယ်”
ကျန်းကျန်းက ဟင်းချိုရည် တစ်ငုံသောက်၍ ပြောသည်။
“အန်တီလင်းကို အဲဒီကိစ္စအကြောင်း မပြောနဲ့ဦး၊ ဒီအတိုင်းပေးတာက မကောင်းလောက်ဘူး၊ အခုက နှစ်သစ်ကူး အချိန်နီးနေပြီလေ၊ နှစ်သစ်ကူးလက်ဆောင်အဖြစ် ဂျင်ဆင်းကိုထည့်ပေးလိုက်မယ်၊ အဲဒါဆို ပိုပြီး အဆင်ပြေလိမ့်မယ်”
မဒမ်လီက ခေါင်းညိတ်သည်။
သူမ၏ မျက်နှာပေါ်တွင် အံ့ဩလေးစားမှုများနှင့် အပြည့်ဖြစ်နေကာပြောလာခဲ့လေ၏။
“အဖွားရဲ့မြေးမလေးက အရွယ်ရောက်လာပြီ၊ အခုဆိာရင် အဖွားထက်တောင် ပိုပြီးတွေးတတ်နေပြီ”
“ဒါက မကောင်းဘူးလား”
ကျန်းကျန်းက ပြုံး၍ မဒမ်လီအတွက် ဝက်နံရိုးချိုချဉ်တစ်ခြမ်းကို ထည့်ပေးသည်။
“ဒီမှာ အဖွားအကြိုက်ဆုံး ချိုချဉ်အရသာ”
လီမင်တုန်က ပန်းကန်လုံးထဲမှ ဟင်းချိုရည်ကို ကုန်အောင်သောက်ပြီး ကျေနပ်စွာ သက်ပြင်းချသည်။
“ကျန်းကျန်း၊ မင်းရဲ့ အနာဂတ်ခင်ပွန်းသည်ရဲ့ ချက်ပြုတ်စွမ်းရည်က တကယ်ကို ကောင်းတာပဲ”
စကားဆုံးသည်နှင့် လီမင်ပေက ပါးစပ်ထဲ၌ နံရိုးတစ်ခြမ်းကို ထည့်ထားလျက်နှင့်ပင် ခေါင်းထောင်လာခဲ့သည်။
သူက တူဖြင့် အရိုးကိုဆွဲချပြီး အသားကို အကိုက်အနည်းငယ်ဖြင့် မျိုချလိုက်သည်။
“သူမရဲ့ အနာဂတ်ခင်ပွန်းသည်၊ ကျွန်တော်တို့ရဲ့ အနာဂတ်ယောက်ဖက သူမကို မုန့်မျိုးစုံနဲ့ လာဘ်ထိုးတယာလေ၊ ဒါကြောင့် အိမ်မှာ မကြာခဏ အကောင်းစား အစားအသောက်တွေ စားရတယ်။”
လီမင်ပေက ရှီကျွင်းကျဲ၏ နံပါတ်တစ်ပရိသတ် ဖြစ်လာခဲ့ပေပြီ။
**