အခန်း (၂၄၂)
Vol. 25 Ch. 242
“ဒါက ရှီကျွင့်ကျဲ ချက်ထားတာလေ၊ အစ်ကိုတို့တွေ သိမှာမဟုတ်လောက်ဘူး၊ သူက ကျွမ်းကျင်တဲ့ ချက်ပြတ်သူပဲ ၊ ပြောရရင် သူချက်ပြုတာထားတဲ့ ဟင်းပွဲတွေက နိုင်ငံတော်ညစာစားပွဲထက်တောင် ပိုကောင်းသေးတယ်”
လီမင်ပေ၏ ချီကျူးစကားများကို နားထောင်ပြီးနောက် လီမင်နန်က ရယ်မောလိုက်သည်။
“မင်းပြောနေတဲ့ပုံက မင်းကပဲ နိုင်ငံတော်ညစာစားပွဲမှာ စားသောက်ဖူးသလိုမျိုးပဲ”
လီမင်ပေက မကျေမနပ်စွာ ခေါင်းထောင်သည်။
“မစားဖူးရင်တောင်မှ အဲဒါလောက်မကောင်းဘူးလို့ စိတ်ကူးကြည့်လို့ရတယ်”
“ဒီဟင်းအိုးကို တကယ်ကြီး ကျွန်တော့်ရဲ့အနာဂတ်ဦးလေးက ချက်ထားတာလား”
အသားမုန့်လုံး၏ တူများသည်ကား လေထဲ၌ တန်းလန်းဖြစ်နေသည်။ သူ့မျက်နှာသည်လည်း တော်တော်ကြီး ရှုပ်ထွေးနေခဲ့လေသည်။
“အခု တော်မြို့တော်မှာ ဇနီးမယားယူဖို့က ဒီလောက်တောင် ခက်ခဲနေပြီလား၊ ရုပ်ရည်ကောင်းမွန်ချောမောရုံတင်မကဘူး၊ ချက်ပြုတ်တာလည်း ကောင်းရဦးမယ်”
ကျန်းကျန်း၏ ဝိုင်းစက်သည့်မျက်လုံးကြီးများက အပြုံးကြောင်း ကွေးညွတ်သွားခဲ့သည်။
“ဒါကြောင့် အသားမုန့်လုံး ၊ မင်းတို့က တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ကြိုးစားပြီး စာကျက်ရမယ်၊ မဟုတ်ရင် ကောလိပ်မှာ မင်းကို စိတ်ဝင်စားမယ့် မိန်းကလေးတွေ ရှိမှာမဟုတ်ဘူး”
“ဟေး၊ ကျွန်တော်က ဒါကို အရင်ဆောင်းဦးကတည်းက ကြားနေရတာနော်”
အသားမုန့်လုံးက စိတ်ပူပန်စွာဖြင့် ဝက်သားဟင်း တစ်လုပ်ကို ပါးစပ်ထဲသို့ထိုးထည့်လိုက်သည်။
“ဒါပေမယ့် အမေက ပြောတယ်၊ ကျွန်တော့်ရဲ့ အာလူးကြော်တွေက လက်ချောင်းတွေထက်တောင် ပိုထူတယ်တဲ့၊ ကျွန်တော့်လက်တွေကလည်း ခြေချောင်းတွေလို တုံးတယ်တဲ့၊ ဘာမှ မလုပ်တတ်ဘူးတဲ့”
“ဒါဆိုရင် မင်းတော့ သွားပြီ”
လီမင်ပေက တပါးသူ၏ ကံဆိုးမှုအပေါ် ဆိုးဆိုးဝါးဝါး ပျော်ရွှင်စွာ ပြောသည်။
“မြို့တော်မှာ မိန်းကလေးတွေရဲ့ နောက်ကိုလိုက်ရတာ ခက်ခဲလွန်းတယ်၊ မင်းမှာ အရည်အချင်းမရှိရင် မင်းနဲ့ သင့်တော်တဲ့သူ မရှိနိုင်ဘူး”
“ကျွန်တော် ပင်းချန်တက္ကသိုလ်ကို သွားဖို့ ဆုံးဖြတ်လိုက်ပြီ”
အသားမုန့်လုံးက လီမင်နန်ကို မျှော်လင့်တကြီး ကြည့်သည်။
“တတိယဦးလေးရောဘယ်လိုထင်လဲ”
လီမင်နန်က ပြုံး၍ သူ့ကို တစ်ချက်ကြည့်လိုက်သည်။
“ငါတို့ ပင်းချန်က မိန်းကလေးတွေကလည်း အလွယ်တကူ လိုက်လို့ရတာမျိုး မဟုတ်ဘူးနော်”
အသားမုန့်လုံးတစ်ယောက် မျှော်လင့်ချက်မဲ့စွာ ကြည့်လာခဲ့သည်။
“ရပီ၊ အဖေ၊ ကျွန်တော်တို့ အန်းပေကို ပြန်ပြီး အဖေ့အတွက် ချွေးမရှာကြမလား”
လီမင်တုန်က သူ့ကိုကြည့်ကာ ဒေါသတကြီး ရယ်မောလိုက်လေသည်။
“မင်းစိတ်ထဲမှာ ဇနီးတစ်ယောက်ရှာတာကလွဲလို့ တခြားအလေးအနက်ထားတာ ဘာမှ မရှိတော့ဘူးလား၊ ငါ မင်းကို ပြောပြမယ်၊
နောက်နှစ် တော်မြို့တော်က တက္ကသိုလ်ကိုသာ မင်းမဝင်နိုင်ရင် ငါ မင်းကို ဘယ်လိုဆက်ဆံမလဲဆိုတာကို ကြည့်ထားလိုက်”
အသားမုန့်လုံးက ရုတ်တရက် ညှိုးငယ်သွားခဲ့ပြီး ခေါင်းငုံ့၍ ထမင်းသုံးပန်းကန်လောက်စားပြီးမှ စိတ်ပြန်လည်လာခဲ့သည်။
“ခုနလေးတင် စဉ်းစားမိတာ၊ တော်ဝင်မြို့တော်က တက္ကသိုလ်လည်း ကောင်းပါတယ်၊ အနည်းဆုံးတော့ အငယ်ဆုံးဦးလေးချက်တာတွေကို စားခွင့်ရမှာပဲ”
ထို့နောက် ထရပ်လိုက်သည်။
“အဖွား၊ အဘိုး၊ အဘွား၊ ဖြည်းဖြည်းစားကြပါဦး၊ ကျွန်တော် အခန်းထဲကို ပြန်ပြီး စာဖတ်ချင်လို့”
“သွားလေ”
မဒမ်လီက သူ့ကိုပြုံး၍ ကြည့်လိုက်သည်။
“ဒီရက်ပိုင်း ရထားပေါ်မှာ ကောင်းကောင်းမနားခဲ့ရသေးဘူးမလား၊ သိပ်ပြီး နောက်ကျအောင် စာမဖတ်နဲ့”
“ကောင်းပါပြီ”
အသားမုန့်လုံးက ပြန်လည်တုံ့ပြန်လိုက်၍ လူအားလုံးကို နှုတ်ဆက်ပြီး ထွက်သွားခဲ့သည်။
အသားမုန့်လုံး သူ့အခန်းထဲ ပြန်ရောက်ပြီး စာအုပ်ကို ဖွင့်လိုက်သည်နှင့် ကျန်းကျန်းနှင့်စနောက်နေစဥ်က ရှိနေခဲ့သော ပြုံးရွှင်နေသည့်မျက်နှာထားများက ပျောက်ကွယ်သွားပြီး သူ့၏မျက်နှာသည်ကား အလွန်ပင် အလေးအနက်ထားသည့်ပုံမျိုးဖြစ်သွားကာ စာအုပ်ထဲသို့ လျင်မြန်စွာ နစ်မြောသွားခဲ့တော့သည်။
ကျန်းကျန်းက အသားမုန့်လုံး၏နောက်သို့ လိုက်ပါကြည့်နေသည့် သူမ၏အသိစိတ်များကို ပြန်ရုပ်သိမ်းပြီး လီမင်တုန်ဆီသို့ အပြုံးတစ်ခုနှင့် မေးလိုက်သည်။
“အသားမုန့်လုံးက စာကို အလေးအနက်ထားပြီး မကျက်ဘူးလား”
“စာကျက်တာကတော့ အဆင်ပြေတယ်၊ သူက ဒုက္ခခံနိုင်တယ်၊ မနက် ၅ နာရီတိုင်း ထပြီး စာကျက်တတ်တယ်၊
ဒါပေမယ့် ပုစ္ဆာတွေလုပ်တဲ့အခါ နည်းနည်းလောက်ရှုပ်ထွေးတတ်တယ်၊ သူက သတိမေ့တတ်တဲ့အတွက်ကြောင့် စာမေးပွဲတွေမှာ ပထမနေရာ မရတတ်ဘူး”
မင်တုန်က ပြောလာသည်။
“ဒါပေမယ့် ငါတို့အိမ်က အဲဒီဘက်မှာရှိနေတာလေ၊ မင်းလည်း အဲဒီဘက်က ကျောင်းတွေရဲ့ အဆင့်ကို သိတယ်၊ အဲဒီမှာက တော်ဝင်မြို့တော်လောက် မခက်ခဲဘူး၊
ငါ ကောလိပ်တက်တုန်းကလည်း အခုလောက် မခက်ခဲခဲ့ဘူး၊ ဒါကြောင့် ဒီရက်ပိုင်း မင်းမှာ အချိန်ရရင် သူ့ရဲ့စာလေ့လာမှုတွေကို ပြန်ပြီး ကူညီပေးစေချင်တယ်”
သူမ၏တူဖြစ်သူမှာ ထိုကဲ့သို့ အရေးကြီးသည့်ကာလဖြစ်နေခြင်းကြောင့် ကျန်းကျန်းက တစ်ခွန်းတည်းဖြင့် သဘောတူလိုက်သည်။
သူမအနေဖြင့် မနက်ဖြန်မနက် စာရွက်လိပ်တစ်ခု ထုတ်ပေး၍ အသားမုန့်လုံး၏ အခြေခံအဆင့်ကို အရင်စစ်ဆေးရန် စီစဉ်ထားခဲ့သည်။ ထိုသို့မှသာ သူလိုအပ်နေသည့်နေရာများအပေါ်တွင် ရည်ရွယ်၍ စာများကို ဖြည့်ပေးနိုင်ပေလိမ့်မည်။
ကျန်းကျန်းက သူမ လုပ်ချင်သည်ဟု ပြောခဲ့လျှင် အမြန်ပင် လုပ်တတ်သည့်သူမျိုးဖြစ်၍ ညစာစားပြီးသည်နှင့် အခန်းထဲသို့ ပြန်ဝင်သွားပြီး မီးထွန်းကာ ၁၂ နာရီအထိ မအိပ်ဘဲ မေးခွန်းစာရွက်အစုံတစ်ခုကို ရေးဆွဲခဲ့သည်။
အသားမုန့်လုံး၏ခြံဝင်းကို သူမ၏အသိစိတ်ဖြင့် လှည့်ပတ်ကြည့်လိုက်သောအချိန်တွင် မီးက လင်းနေသေးသည်ကို တွေ့ရသည်။
ပြတင်းပေါက်မှတဆင့် အသားမုန့်လုံး စာကျက်နေသည့်ပုံရိပ်ကို မြင်နေရသေးသည်။ ကျန်းကျန်းက အင်္ကျီအထူဝတ်ပြီး မီးဖိုခန်းထဲသို့ သွားကာ ယမန်နေ့ညက ကျန်နေသေးသည့် အမဲသားဟင်းနှင့် ဘန်းမုန့်များကို နွှေး၍ အသားမုန့်လုံးဆီသို့ ယူသွားပေးသည်။
“အသားမုန့်လုံး၊ မင်း မအိပ်သေးဘူးလား”
ကျန်းကျန်းက တံခါးခေါက်၍ ညင်သာစွာ မေးလိုက်သည်။
အသားမုန့်လုံးက ကျန်းကျန်း၏အသဲကြောင့်မျက်လုံးပို ပွတ်သပ်၍ ထရပ်လိုက်သည်။
တံခါးဖွင့်ပြီးနောက်တွင် ကျန်းကျန်းယူဆောင်လာသည့် ညစာကို မြင်သောအခါ ချက်ချင်း ပြုံးလိုက်မိလေသည်။
“အန်တီလေးအကောင်းဆုံးဆိုတာ ကျွန်တော်သိသားပဲ၊ ကျွန်တော် ဗိုက်ဆာတာကိုတောင် သိပြီး ချက်ပြုတ်ပေးလာတယ်”
ကျန်းကျန်းက စားပွဲပေါ်၌ အစားအသောက်များကို တင်လိုက်ပြီး သူမ၏အင်္ကျီရင်ဘတ်ထဲမှ စာရွက်ဖြူအထပ်လိုက်ကို အပြုံးတစ်ခုနှင့် ထုတ်ပေးလိုက်သည်။
“မင်းအတွက် ပိုကောင်းတာ ရှိသေးတယ်”
“ဘာလဲ”
အသားမုန့်လုံးက ပါးစပ်ထဲမှ ဘန်းမုန့်ကို ဝါးနေရင်း မသဲမကွဲမေးလာသည်။
သူ လက်လှမ်း၍ယူလိုက်သောအချိန်တွင် “သင်္ချာ” ဟူသည့် စာလုံးကို မြင်လိုက်ရပြီး သူ့၏ပါးစပ်ထဲမှ ဘန်းမုန့်က ကြောက်လန့်တကြားဖြင့် လည်ချောင်းထဲ၌ ပိတ်မိသွားခဲ့တော့သည်။
သူ မမျိုချနိုင်ခဲ့ဘဲ မျှော်လင့်ချက်မဲ့စွာဖြင့် လည်ချောင်းဆို့နင်စွာ ချောင်းတဟွတ်ဟွတ်ဆိုးလိုက်ရသည်။
ကျန်းကျန်းက လက်ဆန့်၍ သူ့ကို ဘန်းမုန့်များလျောကျသွားစေရန်ကူညီပေးခဲ့သည်။ ထို့နောက် သူ့အတွက် စာရွက်များကိုပင် ကြင်နာစွာ လှန်ပေးလာသည်။
“ဘာသာစကား၊ ရူပဗေဒ၊ ဓာတုဗေဒ စတာတွေလည်း ရှိသေးတယ်။ မင်း သေချာလုပ်ထားလိုက်၊ ငါ မနက်ဖြန် မနက်လည်ခင်း ထတဲ့အခါ မင်းရဲ့အဖြေလွှာစာရွက်တွေကို စစ်ပေးမယ်”
အသားမုန့်လုံးက နံရံပေါ်မှ နာရီကို ကြည့်လိုက်သောအခါ ၁၂ နာရီခွဲနေပြီဖြစ်ကြောင်းတွေ့လိုက်ရသည်။
ထို့နောက် သူ့လက်ထဲမှ စာလိပ်အထူကြီးများကို ကြည့်လိုက်သောအခါ အသားမုန့်လုံး အနည်းငယ်ခန့်ရှုပ်ထွေးသွားရလေသည်။
“အန်တီလေးက နေ့လည်ထိ အိပ်မှာလား၊ ဒါဆို မနက်ဖန် နေ့လည်ခင်း မတိုင်ခင် ဒီမေးခွန်းတွေ အများကြီး ကိုအပြီးလုပ်ထားရမှာလား”
“ငါ ပေးတဲ့ စာမေးပွဲကြောင့် စိတ်လှုပ်ရှားနေတာလား”
ကျန်းကျန်းက အပြုံးတစ်ခုရှိနေသည့်မျက်နှာဖြင့် သူ့ကို ကြည့်သည်။
“မပူပါနဲ့၊ ဒီလို စာမေးပွဲမျိုးတွေက နောက်ပိုင်းကျရင် မကြာခဏ ထွက်လာမှာ၊ ဒါနဲ့ မင်းအဖေ ပြောတာက မင်း အရင်ျုန်းက ပေါ့ဆလို့ စာမေးပွဲမှာ မကြာခဏ အမှားအယွင်းရှိခဲ့တယ်တဲ့၊ ငါ့ဆီက အဖြေလွှာစာရွက်မှာ ဒီလိုပြဿနာမျိုး ဖြစ်ခဲ့ရင် မေးခွန်းတစ်ခု မှားတာနဲ့ သစ်ပင်ပေါ်မှာ တက်ပြီးပြီး ထိုင်ထအကြိမ်တစ်ရာ လုပ်ရမယ်”
အသားမုန့်လုံး၏ ပါးစပ်ထဲမှ ဘန်းမုန့်များ ပြုတ်ကျပြီး အမဲသားဟင်းပန်းကန်ထဲသို့ ကျသွားလေသည်။ ကျန်းကျန်းက ထရပ်ပြီး သူ့၏ပခုံးကို ပုတ်ပေးသည်။
“မင်းရဲ့ညလည်စာကို ပျော်ပျော်စားလိုက်ပါဦး ကောင်လေး၊ မနက်ဖြန်ကစပြီး ဒီလောက်ကောင်းမွန်တဲ့ စားချင်စိတ်မျိုး မရှိလောကာတော့ဘူး”
အသားမုန့်လုံးက ဝမ်းနည်းသည့်မျက်နှာဖြင့် ကျန်းကျန်းကို ကြည့်သည်။
“ဒါဆို အန်တီလေး ပဲမုန့်လုံးကိုလည်း မေးခွန်းစာရွက်အစုံပေးတာ ပိုကောင်းတယ်လို့ မထင်ဘူးလား၊ သူက အထက်တန်းပထမနှစ်ပဲ ရှိသေးပြီး စာမေးပွဲ အမှတ်တွေကဆယ်ဂဏန်းလောက်ပဲ ရနိုင်ခဲ့တယ်၊ သူ ဒီအတိုင်းတက်သွားလို့ မရနိုင်လောက်ဘူး”
ကျန်းကျန်းက သူ့ကို ပြုံးသယောင်မပြုံးသယောင် အမူအရာဖြင့် ကြည့်လိုက်သည်။
“မပူပါနဲ့၊ မင်း လွတ်မြောက်သွားတာနဲ့ သူ့ရဲ့ကောင်းမွန်တဲ့နေ့ရက်တွေ ရောက်လာမှာပါ”
အသားမုန့်လုံးက ဝမ်းနည်းဒေါသထွက်ပြီး စားချင်စိတ်ပြောင်းသွားသည်ကို မြင်သောအခါ ကျန်းကျန်းက ပျော်ရွှင်စွာနှင့် အခန်းထဲမှထွက်ကာသူမ၏ အိမ်ခန်းသို့ ပြန်ဝင်ပြီး အိပ်စက်လိုက်သည်။
အားလပ်ရက်ကတည်းက ကျန်းကျန်းက နောက်ကျမှ အိပ်ခဲခဲ့သည်။ သူမက နောက်နေ့ မနက်၌ နေ့လည်အထိ မအိပ်သော်လည်း ဆယ်နာရီခန့်မှသာ အိပ်ယာမှ ထလာခဲ့သည်။
ကိုယ်လက်လှုပ်ရှားပြီးသည်နှင့် ကျန်းကျန်းက သူမ၏ ကိုယ်ခန္ဓာတစ်ခုလုံး၌ သက်တောင့်သက်သာဖြစ်စွာ ခံစားရသည်။
သူမအသိစိတ်ဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သောအခါ အသားမုန့်လုံးက စားပွဲ၌ စာရေးနေခဲ့သည်။ လီမင်နန်၏သားနှစ်ယောက်ကတော့ အိမ်စာလုပ်နေခဲ့ကြသည်။ သကြားမုန့်လုံးကတော့ မဒမ်လီနှင့်သာ ပဲသီးခူးနေခဲ့လေသည်။
လီမင်ပေတို့ ဇနီးမောင်နှံမှာမူ မုန့်လုံးကို တိုက်တုံးများ ဆောက်ခိုင်းနေသည်။
အပြင်၌ လုပ်စရာ မည်သည်မျှမရှိသည်ကို မြင်သောအခါ ကျန်းကျန်းက အပြင်သို့ မထွက်တော့ဘဲ နေရာလွတ်ထဲသို့ ဝင်သွားလိုက်သည်။
သူမ နေရာလွတ်ထဲ၌ ကြက်သားဟင်းချိုနှင့် ခေါက်ဆွဲတစ်ပန်းကန် ချက်ပြီး စားလိုက်လေသည်။ ထို့နောက် နေရာ၏အပူချိန်ကို ၂၈ ဒီဂရီအထိ ထားလိုက်ပြီး ညအိပ်ဝတ်စုံနှင့် နေရောင်ခြည်ခံ ကုလားထိုင်ပေါ်၌ တစ်ဝက်ခန့်လှဲပြီး စာလုံးများကို ကျက်မှတ်နေခဲ့သည်။
**